တေစ္ဆကြီးနေတဲအိမ်

ပုံဘဲဗျ
ကျုပ်ကို ပြုံးပြုံးကြီးလုပ်ပြီးကြည့်နေတယ်။
” ဒီလိုကွ တာတေရ ၊မင်းတို့ရွာကအောင်ချစ်နဲ့ ငါက
သူငယ်ချင်းကွ ”
ကိုအောင်ချစ်အသံကြားရတော့ ကျုပ်ဆတ်ကနဲတောင်တုန်
သွားမိတယ်။
“ဗျာ ကိုမောင်ပုက ကိုအောင်ချစ်နဲ့သူငယ်ချင်းတွေလား”
“အေးလေကွာ ဒီကောင်နဲ့ ငါနဲ့ကဝါသနာတူတွေလေကွာ
တာတေရာ၊ဘာဝါသနာလဲ မင်းသိလား ”
“ဟာ ကျုပ်မသိဘူးဗျ ”
“ဖဲလေကွာ ဖဲ၊ ဖဲ ဟား ၊ ဟား ၊ ဟား ”
“သြော၊် ဟုတ်လား ၊ကိုအောင်ချစ်ကတော့ဖဲဆိုလွှတ်ဝါသနာ
ကြီးတာဗျ ”
“ငါလည်းအောင်ချစ်အတိုင်းဘဲကွ တာတေရ ၊ ငါတို့
နှစ်ယောက် မိန်းမတွေ ဘာတွေယူဖို့စိတ်မဝင်စားဘူးကွ၊
ဖဲပဲချချင်တာ၊ ဖဲသာချနေလို့ကတော့ထမင်းမစားရလည်း
နေနိုင်တဲ့ ကောင်တွေဟေ့”
” အင်း ၊ ကျုပ်ယုံပါတယ်ဗျာ ။ကိုအောင်ချစ်နဲ့ကျုပ်ကတော်
တော်ကို တွဲခဲ့ကြတာဗျ။ကုန်ကုန်ပြောရရင် ကိုအောင်ချစ်သေ
တဲ့အချိန်ထိပေါ့ဗျာ”
ထန်းရည်ဝိုင်းကကျန်တဲ့ လူတွေက တစ်ချို့က ဆေးလိပ်လေး
တွေဖွာလိူ့ ၊ တစ်ချို့ကလည်း ထန်းရည်ထည့်ထားတဲ့ အုန်းမှုတ်
ခွက်ကလေး မော့လို့ ၊တစ်ချို့ကတော့ သောက်လုံးကြီးတဲ့
သူတွေဆိုတော့ မြူအိုးလိုက်မော့လို့ပေါ့ဗျာ။ ဒါပေမဲ့ အားလုံး
က ကျုပ်နဲ့ ကိုမောင်ပု ပြောတာကို နားစွင့်နေတာဗျ။
“ဒါထက်တာတေရဲ့။ ငါသူငယ်ချင်းအောင်ချစ်သေတဲ့
အကြောင်းကို နည်းနည်းတော့ ကြားမိသကွ၊
ပြီးတော့အောင်ချစ်သေတဲ့ အချိန်မှာမင်းကအနားမှာရှိတယ်
လို့ မင်းတို့ရွာက ကိုဆိတ်ဖွားငါကိုပြောဖူးတယ်ကွ”
“သြော် ၊ ကိုမောင်ပုကို ကိုဆိတ်ဖွားပြောတာလား
ဟုတ်တယ်ဗျ ၊ ကိုအောင်ချစ်သေတော့ ကျုပ်တို့
ရွာမြောက်ဘက်က မီးလောင်ကုန်းသင်္ချိုင်း ထဲမှာ ကိုအောင်ချစ်
နဲ့ကျုပ်က မီးလောင်ကုန်းကတရုတ်ကြီးအမိန်းရဲ့ အသုဘမှာဖဲ
ချပြီး ပြန်လာတာဗျ ။ကျုပ်က ကိုအောင်ချစ်နဲ့ အဖော်လိုက်ရ
တာပေါ့ဗျာ။ ည၂ချက်တီးလောက် မှာသေတာဗျ ”
” ဟာ… ည၂ချက်တီး ဟုတ်လား ၊
သင်္ချိုင်းထဲမှာ သေတာ၊ဟင် ဘယ်လိုဖြစ်တာတုန်းကွ ”
ထန်းရည်ဝိုင်းက အားလုံး ဝိုင်းပြီး တစ်ယောက်တစ်ပေါက်
မေးကြတာဗျ။ ပြီးတော့မှ ကိုမောင်ပု ကပြောတယ်။
“သင်္ချိ ုင်းထဲ မှာ အချိန်မတော်ကြီး သေတယ်ဆိုတာတော့
ငါသိတယ် တာတေရ။ ဘယ်လိုဘယ်ပုံသေတယ်ဆိုတာတော့
ငါမသိဘူးကွ ၊ နို့ ဘယ်လိုဖြစ်တာတုံးကွာ ”
ကျုပ်လည်းဒီအကြောင်းကို ပြန်မပြောချင်ပေမဲ့ သူတို့က
သိပ်သိချင်နေတာဆိုတော့လည်း ပြောရတော့မှာပေါ့ဗျာ။
” ပိုးထိတာနေမှာ ပေါ့ မောင်ပုရာ ”
ကိုအုန်း ဆိုတဲ့သူက သူ့ထင်ကြေးကို ဝင်ပြောတယ်။
“ပိုးထိတာ မဟုတ်ဘူးဗျ အသတ်ခံရတာ”
” ဟာ အသတ်ခံရတာ ဟုတ်လား ”
“ဒါဆို ဘယ်သူသတ်တာတယ်ဆိုတာ မင်းသိမှာပေါ့
တာတေရ၊ ရဲကို မင်း မပြောဘူးလား”
ကျုပ်ကသူတို့ကိုခေါင်းခါပြတယ် ။သူတို့ကတော့ ကျုပ်ဘာ
ပြောမှာတုန်းဆိုတာကိုစိတ်ဝင်စားနေကြတာဗျ၊
“သိတာပေါ့ဗျာ ကိုအောင်ချစ်ကို မဖဲဝါသတ်တာ”
“ဟေ”
“မဖဲဝါ ဟုတ်လား”
အားလုံးတအံ့တသြနဲ့ ကျုပ်ကိုကြည့်နေကြတယ်။တချို့က
တော့ ဟုတ်ပါ့မလားဆိုတဲ့ အကြည့်နဲ့ပေါ့ဗျာ ။
” မဖဲဝါ ဆိုတာ သရဲမပဲကွ တာတေရ ”
“ဟုတ်တယ် ကိုမောင်ပုရဲ့ အဲ့ဒီ့မဖဲဝါက ကိုအောင်ချစ်ကိုသတ်
လိုက္တာ”
“ဟေ ဘယ်လိုဖြစ်ရတာတုန်းတာတေရာ”
“အင်း ၊ ဒီလိုဗျ ကိုမောင်ပုရဲ့၊ မီးလောင်ကုန်းက တရုတ်
အသုဘမှာဖဲသွားချဖို့ ကိုအောင်ချစ်က ကျုပ်ကိုအဖော်
်ခေါ်တယ်၊ အဲ့ဒီမှာ မြို့ကတရုတ်တွေ ရောက်နေတာ။
သူဌေးတွေချည်းပဲတဲ့၊အဲ့ဒီလူတွေကိုသူနိုင်အောင်ကစားမယ်
လို့ပြောတယ် ”
“သြော် ၊ သြော် ”
“ကျုပ်ကတော့သတိပေးတာပေါ့ဗျာ။ကိုအောင်ချစ်
မြို့ကလူတွေကိုနိုင်အောင် ယှဉ်ကစားလို့ခင်ဗျားနိုင်ပါ့ မလား
လို့ဆိုတော့ ကိုအောင်ချစ်ကကျုပ်ကို ပြောတယ်ဗျ။
သူမှာဖဲနိုင်အောင် ကစားနိုင်တဲ့နည်းတွေရှိတယ်တဲ့ဗျ ”
“ဟေဟုတ်လား ၊ ဘာနည်းတွေများပါလိမ့် ”
ကိုမောင်ပုကလည်း ဖဲသမားဆိုတော့ ဖဲနိုင်အောင်ကစားနိုင်
တဲ့ နည်းဆိုတာကို စိတ်၀င်စားတာပေါ့ဗျာ။
“မောင်ပုရာ မင်းကတစ်မျိုး ၊ ငြိမ်ငြိမ်နားထောင်စမ်းပါကွ ”
ကိုမောင်ပုရဲ့ သူငယ်ချင်းတွေက သူ့ကိုဝိုင်းအော်ကြတယ်ဗျို့။
” အဲ့ဒီညခုနှစ်နာရီလောက်မှာ ကိုအောင်ချစ်ခေါ်လို့
်လိုက်သွားတယ်။ မီးလောင်ကုန်းသင်္ချိုင်းကိုရောက်တော့
ကိုအောင်ချစ်က ပြောတယ်ဗျ ”
“တာတေခဏနေအုံးကွ၊ ဒီည ငါကစီးပွားဖြစ်ဖဲရိုက်မှာဆိုတော့
ငါ့အစွမ်းတစ်ခုတည်းနဲ့ မဖြစ်ဘူးကွ၊မဖဲဝါရဲ့ အကူအညီ ကို
လည်းတောင်းရအုံးမှာ”
“ဗျာ…မဖဲဝါ ဟုတ်လား ”
“အေးဟုတ်တယ်လေ၊ ဘာလဲမင်းကမဖဲဝါဆိုတော့
လန့်သွားလို့လား”
လို့ပြောပြီး လက်ထဲကအထုပ်ကိုဂူပေါ်တင်ပြီး ဖြည်တယ်။
ကျုပ်သေသေချာချာ မှတ်မိတယ်။ ကိုမောင်ပုရဲ့
သူကြီးဦးသူတော် ဂူပေါ်မှာဖြည်တာ။
” ဘာအထုပ်ကို ဖြည်တာတုံး တာတေရ ”
” ခေါက်ဆွဲ ကြော်ထုပ်ဗျ ။ ကိုအောင်ချစ်က မဖဲဝါကိုကျွေးဖို့
ဆိုပြီး ကျုပ်တို့ရွာက အပိန့် ခေါက်ဆွဲကြော် ဆိုင်ကအကောင်း
စားမှာလာတာဗျ။
” သြော်…သြော် မဖဲဝါကို ခေါက်ဆွဲကျွေးတာကိုး ”
ထန်းရည် ဝိုင်းကလူတစ်ယောက်က ခေါင်းလေး
တညိတ်ညိတ် လုပ်ပြီး၀င်ပြောသဗျ။
“ဟုတ်တယ်ဗျ ။ ကိုအောင်ချစ်ကမဖဲဝါကိုသေသေချာချာ
ပင့်ဖိတ်ပြီး ခေါက်ဆွဲကြော်ကျွေးတာ ပြီးတော့ ဖဲနိုင်အောင်
လုပ်ပေးပါ ထူးထူးခြားခြားနိုင်ရင် နောက်တစ်နေ့မှာ
မဖဲဝါကို ဒီနေရာမှာဘဲ အမဲသားသုံးပိဿာ
ချက်ကျွေးပါ့မယ်လို့ သေသေချာချာ ကတိပြုတာဗျ ”
“နို့နေပါအုံး တာတေရ အောင်ချစ်ကျွေးတဲ့ ခေါက်ဆွဲကြော်
ကို မဖဲဝါစားလို့လား”
ကိုမောင်ပုကကျုပ်ကို ထောက်မေးတယ်ဗျ။
” ဟာ စားပါပြီလားကိုမောင်ပုရာ၊ ကျုပ်သေချာကိုကြည့်နေတာ
ခေါက်ဆွဲကြော်တွေမှပြိုက်ကနဲ ပြိုက်ကနဲ ကုန်သွားတာဗျ”
“ဟေ ဟုတ်လား”
အားလုံးအံ့သြကုန်ကြတာဗျို့။ကျုပ်လည်းဆက်ပြီးပြောရတာ
ပေါ့လေ
“နို့ နေပါဦး တာတေရ ၊ အဲ့ဒီ့ညက အောင်ချစ်ဖဲရောနိုင်လား”
“ဟာ မောင်ပုရာ ခင်ဗျား သူငယ်ချင်း ကိုအောင်ချစ်ကိုနိုင်
လိုက်တာမှဗျာ။တစ်ဝိုင်းလုံး ရှိသမျှ တရုတ်တွေရဲ့
ပိုက်ဆံတွေသူ့ဆီရောက်တာဗျို့ ။
နာရီ လက်စွပ်တွေအကုန်ရောက်တာဗျ။
ရန်ကုန်ကလာတဲ့တရုတ်တွေဆိုတာ ခါးဝတ်ခါးစားပဲ
ကျန်တော့တာဗျ ”
“ဟာဒါဆိုမဖဲဝါကအောင်ချစ်ကို
တကယ်ကူညီလိုက်တာပေါ့ကွ တာတေရ”
” အို ကူညီလိုက်တာမှဗျာ၊ အဲ့ဒီ့ညအိမ်ပြန်တော့ ကျုပ်မှာ
ကိုအောင်ချစ် နိုင်ထားတဲ့ ငွေထုပ်ကြီးကိုထမ်းလိုက်ရတာဗျာ”
“ဟာ…”
ထန်းရည် ဝိုင်းတစ်ခုလုံး စိတ်၀င်စားနေတာဗျို့။ ထန်းရည်
တောင် ထပ်မမော့ကြတော့ဘူး။
အေး ဒီတော့ အောင်ချစ်က မဖဲဝါကို အမဲသားသုံးပိဿာကျွေး
ရောလားကွ ”
ကိုမောင်ပု က သူသူငယ်ချင်းအကြောင်းကို တော်တော်
သိချင်နေပုံပဲဗျ။ ကျုပ်က ဒီနေရာမှာ အလိုလိုသက်ပြင်းချလိုက်
မိတယ်။
“အဲဒီမှာ ပြဿနာစတာပေါ့ဗျာ ”
“ဟေ ဘယ်လိုဖြစ်တာတုန်းကွ ။ သူ့ကို ဒီလောက် သိသိ
သာသာ လုပ်ပေးထားတာပဲကွာ။
သူကတိအတိုင်းကျွေးရမှာပေါ့ကွာ ”
” ကိုအောင်ချစ်က ကျွေးဖို့တော့လုပ်တယ်ဗျ။
မြို့ကိုလူလွှတ်ပြီး အမဲသားဝယ်ခိုင်းတယ်။
ဒါပေမဲ့အမဲသားရမလာဘူးဗျ ”
“ဟာ ”
ကိုမောင်ပုလည်းအံ့သြသွားတယ်ဗျ။
ကိုအုန်းဆိုတဲ့လူကဝင်ပြောတယ်။
” ဝယ်မရရင်လည်း တောင်းပန်ထားပြီးရတဲ့နေ့
ကျွေးရင် ရမှာပေါ့ကွာ ”
” အေးဗျာကိုအောင်ချစ်က အဲ့ဒီလို့မလုပ်ဘူးဗျ ။
ဖဲနှိုင်တာဟာ မဖဲဝါလုပ်ပေးတာ ဟုတ်ချင်မှလည်းဟုတ်မှာပါ
တဲ့လေ ။ သူ့အစွမ်းနဲ့ သူနိုင်တာ ဖြစ်ချင်ဖြစ်မှာပေါ့လို့
ကျုပ်ကို ပြောတယ်။ပြီးတော့ ကိုအောင်ချစ်က ကျုပ်ကိုတောင်
ဆူသေးတာဗျ။ မဖဲဝါကိုဒီလောက်ကြောက်နေရသေးလား
ပေါ့ဗျာ။ အဲ့ဒီ ညဖဲသွားရိုက်တော့ ကိုအောင်ချစ်ရှူံးလိုက်တာမှ
ပက်ပက်စက်စက်ကို ရှူံးတာဗျို့။တစ်လှည့်မှမနိုင်တာ”
” ဟေ ပထမည နိုင်တာတွေ ကုန်ရောလားကွ ”
” ဟာ မကုန်ဘူးဗျ ၊ ကိုမောင်ပုရဲ့ ။ ခင်ဗျားလူကလည်း
လူပါးပဲ။ အကုန်ပြန်ယူလာတာမဟုတ်ဘူးဗျ ”
“ဟား ၊ ဟား ၊ ဟား ၊ ဟား “….
ကျုပ် ပြောလိုက်တာကို သဘောကျပြီး ဝိုင်းရယ်နေတယ်။
ကျုပ်က ဆက်ပြောပြတယ်။
” အဲ့ဒီည မီးလောင်ကုန်းကအပြန်မှာ ကိုအောင်ချစ်
အရက်တော်တော် မူးနေတာဗျ။ လက်ထဲမှာလည်းအရက်
ပုလင်းကြီးကိုင်ပြီး လမ်းလျှောက်သောက်လာတာ၊
မီးလောင်ကုန်းသချိုင်းလည်းရောက်ရော မဖဲဝါကို
စဆဲတော့တာပဲဗျာ ”
” ဟာ ၊ ဆဲတယ် ဟုတ်လား
အောင်ချစ် တော်တော်မှားသွားတာပဲကွာ ”
ကိုမောင်ပုအံ့သြပြီး ပြောတယ်။
” ကျုပ်လည်းသူ့ကိုအမျိုးမျိုးပြောပါတယ်ဗျာ ။
ဘယ်လိုပြောလို့မှကို မရတာ။ လူကလည်းတော်တော်
လေးမူးနေပြီလေဗျာ။ ကျုပ်ကိုတောင် ဟေ့ကောင်
တာတေ မင်းကြောက်ရင် ရှေ့က သွားနှင့်
ဒီကောင်မနဲ့ငါဒီညစရင်းရှင်းမယ်ပြောပြီး ထပ်ဆဲတော့တာ
ဘဲဗျာ။ ကျုပ်လည်းစိတ်ပျက်သွားတာနဲ့ သူအနားကထွက်လာ
ခဲ့တာ ခြေလေးငါးလှမ်းဘဲလှမ်းရသေးတယ်ဗျာ ။
အုန်း အုန်းဆိုတဲ့အသံကြီးကြားလို့ နောက်ကိုလှည့်ကြည့်
လိုက်တော့ကိုအောင်ချစ်လက်ထဲကအရက်ပုလင်းလွတ်ကျ
သွားပြီးရှေ့ကိုဒူးညွတ်ကျသွားတယ်။ သူနောက်မှာဆံပင်ဖား
လျားကြီးချပြီး မားမားကြီးရပ်နေတာမဖဲဝါကြီးဗျ ။

 

အရပ်ကြီးကလည်းဆယ်ပေလောက်ရှိမယ် ထင်တယ်
ကိုမောင်ပုရဲ့ ၊မျက်လုံးကြီးတွေများဗျာ အကြမ်းပန်းကန်
လောက်ရှိမယ်ဗျ ။ နီရဲပြီး အရောင်တွေ တောက်နေတာဗျို့”
” နို့အောင်ချစ် ဘာဖြစ်သွားတုံး”
ကိုမောင်ပုက ကျုပ်ကို မေးတယ် ။
“ဘာဖြစ်ရမှာတုန်း ကိုမောင်ပုရယ် ၊ သွေးတွေအန်တော့ တာ
ပေါ့ဗျာ။ဝေါကနဲ ဝေါကနဲ နှစ်ချက်ထိုးအန်ပြီးမှောက်လျားထိုး
လဲကျသွားတော့တာပေါ့ဗျာ။ မဖဲဝါကြီးလည်းပျောက်သွားရောဗျို့ ”
” အို ဖြစ်မှ ဖြစ်ရလေကွာ ”
ကျုပ်စကားဆုံးတော့ ကိုမောင်ပုလည်းတော်တော်ကို
စိတ်မကောင်းဖြစ်သွားတာဗျ ။ ထန်းရည် ဝိုင်းတစ်ခုလုံး
ငြိမ်ပြီး တွေးနေကျတာဗျ။
” လတ်စသတ်တော့ မဖဲဝါ ဆိုတာ တကယ်ရှိတာပါလား”
လို့ ကိုမောင်ပုက ၀င်ပြောတယ် ။
“ဟာ ၊ ရှိပါပြီလား မောင်ပုရာ၊ ငါ့အဘပြောဖူးတယ်ကွ။
ရွာအနောက်ကကင်္ချိုင်းထဲကနေ ဆံပင်ကြီးဖားလျားချပြီး
ခေါင်းကြီးတစ်လုံးထမ်းသွားတဲ့ မဖဲဝါကြီးကိုသူမြင်
လိုက်ရတယ်ဆိုပဲ ။ ငါအဘကသင်္ချိုင်းဘေးက လှည်းလမ်း
အတိုင်းလှည်းမောင်းလာတာဆိုပဲ၊ နွားတွေဆိုတာ လန့်ပြီး
ပဒပ်ရပ်နေကြတာတဲ့ဟေ့။ ရှေ့မတိုးတော့ဘူးတဲ့ဟေ့ ။
အဲ့ဒါနဲ့အဘကနှင်တံနဲ့ခပ်နာနာထိုးမှ ဆက်သွားကြတာဆိုပဲ”
ကိုထန်းဖူးဆိုတဲ့ လူက ကိုမောင်ပုကို ပြောပြတာဗျ။
စကားဝိုင်းလေးက တော်တော်ကောင်းသွားတာဗျို့။ သူကြား
ဖူးတာ ၊ ကိုယ်ကြားဖူးတာ ပြောကြတာပေါ့ဗျာ။ ထန်းရည်
ဆိုတာလည်း တစ်မြူပြီး တစ်မြူချပေးရတာဗျို့။ အမြည်းကတော့
အမဲ ကြော်ပေါ့ဗျာ။ အဲ ပြောရဦးမယ်ဗျ၊ တာတေဆိုတဲ့
ကျုပ်က အညာသားဆိုပေမယ့် ထန်းရည်တော့ မကြိုက်ဘူးဗျ။
အခုလည်း မိတ်ဖြစ်ဆွေဖြစ် အနေနဲ့ သာ အာစွပ်ရုံကျုပ်
သောက်တာဗျို့။ သောက်ကို မသောက်နိုင်တာ။
အဲ့ဒီ့ညနေ ကတော့ ပခန်းကိုကြီးကျော်တို့ သိပ်ကြိုက်တဲ့
ညနေမျိုး ထင်ပါရဲ့ ဗျာ။လွှတ်ပျော်ဖို့ ကောင်းတာဗျို့။
ကျုပ်ကိုလည်း တော်တော်ခင် သွားကြတာ။
ထီးဂလိုင်ကိုမကြာခဏ အလည်လာဖို့ ထပ်ကာထပ်ကာ
ဖိတ်ခေါ်ကြတယ်။ တာတေ ဆိုတဲ့ ကျုပ်ကလည်း လာလည်
ပါ့မယ်လို့ ကတိက၀တ် တွေပြုရတာပေါ့ဗျာ။ အားလုံးစား
သောက်ပြီးတော့ ရွာထဲကို အုပ်လိုက်ကြီး ပြန်၀င်ကျတာပေါ့
ဗျာ။ အားလုံး လမ်းလျှောက် တာ ကော့လန်ကော့လန်နဲ့ဗျ။
အဲ ပြောရဦးမယ်။ လူဆိုတာ အရက်မူးရင် အရှေ့ကိုစိုက်
သွားတတ်တယ်ဗျ။ ထန်းရည်မူးရင် နောက်ကို လန်ပြီးမူး
တာလေဗျာ။ အမူးလွန်လို့ လဲရင်လည်း အရက်သမား က
ရှေ့ကို မှောက်လျားထိုးလဲတာဗျ။ ထန်းရည် သမားများကျတော့
မူးပြီဆိုရင် နောက်ကို ပက်လက် လန်ပြီး လဲတာဗျိ့။
နောက်နေ့ရောက်တော့
ကိုဘထွန်းနဲ့ ကျုပ်ရွာကို ပြန်ခဲ့ကြတယ်။
ကျုပ်တို့နှစ်ယောက်လှည်းကြုံလိုက်လာတာဗျ။
လှည်းကြုံကလည်းယင်းချောင်းမရောက်ခင်တစ်တိုင်လောက်
အလို(နှစ်မိုင်)ကတောင်ချိုင့်ဆိုတဲ့ ရွာအထိရောက်တာ။
ယင်းချောင်းဟိုဘက်ကို ကျုပ်နဲ့ကိုဘထွန်းကုန်းကြောင်းသွား
ကြမှာဗျ။ ဒီခရီးလောက်ကတော့ ကျုပ်တို့ကသွားနေကြပါဗျာ
တောင်ချိုင့်ကနေထွက်လာတော့ညနေတော်တော်စောင်း
နေပြီ ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့လှည်းကြုံလိုက်လာတဲ့
ကိုချို ဆိုတဲ့လူကသူတို့အိမ်ကို အတင်းဝင်ပါဆိုပြီးဇွတ်
အိမ်လည်ခေါ်နေတာဗျို့။ကျုပ်တို့ နှစ်ယောက်လည်းအားနာ
တာနဲ့ လိုက်ခဲ့ကြတာ။ သူ့အိမ်ရောက်တော့လည်း
ညနေစာ စားပြီးမှ သွားပါလို့ ဇွတ်ဆွဲပြန်ရောဗျို့။ လွှတ်သဘော
ကောင်းတဲ့ ကိုချိုတို့မိသားစုကို အားနာတာနဲ့ ညနေစာစားကြ
ရတာပေါ့ဗျာ။ ဒါကြောင့်ညနေစောင်းမှတောင်ချိုင့်က
ထွက်ဖြစ်တော့တာဗျ ။တောင်ချိုင့်ကထွက်လာတော့
အံ့သြစရာဗျာ။ ကောင်းကင်မှာမိုးသားမည်းမည်းတွေတက်
လာလို့ဗျို့ ။
“ဟာ ကိုဘထွန်းရေ မိုးတွေချက်ချင်းတက်လာပါလားဗျို့ ”
“အေးကွ တာတေရ ၊ ယင်းချောင်းရောက်အောင်
ခပ်သုတ်သုတ်ကလေးလျှောက်ရအောင်ဟေ့ ။
ကိုချိုတို့အိမ်သားတွေ အတင်းဆွဲတာနဲ့ထမင်းစားနေလို့
နောက်ကျသွားတာကွ ”
” ဟာ ကိုဘထွန်းရယ် သူတို့ကလည်း ကျုပ်တို့ နှစ်ယောက်ကို
တွေ့တွေ့ချင်း ကို ခင်တာဗျ။ လွှတ်သဘောကောင်းတဲ့
မိသားစုပါဗျ။ဒီတော့လည်း ထမင်းစားဖို့ကို ဘယ်နှယ့်လုပ်
ငြင်းမလဲ ဗျာ ”
ကျုပ်နဲ့ကိုဘထွန်းတို့ခပ်သုတ်သုတ်လျှောက်ကြတယ်။
ကိုဘထွန်းကကျုပ်ထက်ငါးနှစ်လောက်တော့ကြီးမှာဗျ။
သူကလူကတော့လူဗလံကလေး။ ကျုပ်ထက်
တောင်နည်းနည်းညှက်ချင်သေးတယ် ။ဒါပေမဲ့လူကတော့
လူလျင် လူသွက်ဗျို့။ ယင်းချောင်းမရောက်ခင် မိုးမိမှာစိုးပြီး
ယင်းချောင်းကိုခပ်သုတ်သုတ် လျှောက်သွားနေတာကို
ကျုပ်က သူ့နောက်ကနေ အလျားထိုး လိုက်နေရသဗျို့။
ကျုပ်တို့နှစ်ယောက်လည်းယင်းချောင်းလည်းရောက်ရော
ကောင်းကင်မှာ မိုးတွေမည်းနေပြီဗျ ။ အချိန်ကလည်းမိုးချုပ်
စဖြစ်ပြီ ဗျ ။
“ကဲတာတေ သတိထားကူးဟေ့..မိုးတော့လွတ်သေးကွ ”
ပြောပြောဆိုဆိုနဲ့ ကိုဘထွန်းက ပုဆိုးခါးတောင်းကျိုက်တယ်။
ကျုပ်လည်းကပျာကယာပုဆိုးခါးတောင်းကျိုက်လိုက်တာပေါ့ဗျာ
ကျုပ်တို့နှစ်ယောက်ချောင်းထဲဆင်းခဲ့ကြတယ်။
ယင်းချောင်းက ရေစီးသန်တော့အောက်ကသဲမြေမှာကြာကြာ
ရပ်လို့ရတာမရဘူးဗျ ။ရပ်ရင်သဲကကျွံ၀င်သွားတော့ လူက
ယိုင်ပြီး ဟန်ချက်ပျက်သွားတတ်တယ် ။ဒါကြောင့်အောက်က
နင်းထားတဲ့သဲကျွံဝင်မသွားအောင် ခပ်သုတ်သုတ်လျှောက်
ကြရတာ ။ ကျုပ်တို့နှစ်ယောက်ချောင်းထဲ ခြေလှမ်း
ဆယ့်ငါးလှမ်းလောက်ပဲလျှောက်မိတယ်ဆိုရင်ပဲ
ကျုပ်က ချောင်းအထက်ပိုင်းကိုလှမ်းကြည့်မိတယ် ဗျို့ ။
“ဟာ ကိုဘထွန်း ရေတွေလာပြီ ၊နောက်ပြန်ပြေး
နောက်ပြန်ပြေး ”
တောင်ကျရေဗျို့။ ကျုပ်ကနောက်ပြန်ပြေးတယ် ။
ဘယ်လွတ်မတုံးဗျာ။ တောင်ကျရေပဲ လူမပြောနဲ့ ၊
မြင်းပြေးတောင်မလွတ်ဘူးဗျ ။ ကျုပ်ရော ကိုဘထွန်းရော
ရေလုံးရိုက်ပြီး ပါသွားတယ် ။ ဒါပေမဲ့ ကျုပ်ရော ကိုဘထွန်း
ရောကရေကူးလည်းသန်တယ် ။ သတိလည်းကောင်းတယ်
ဆိုတော့ ကမ်းဟိုဘက်ကိုကူးကြတာပေါ့ဗျာ။
ချောင်းထဲမှာမှောင်သွားပြီဗျ။မိုးချုပ်တာရော၊ မိုးမှောင်တာရော
ပေါင်းပြီး မည်းမှောင်သွားပြီ။
“ဝေါ ၊ ဝေါ ”
ကြောက်စရာကောင်းတဲ့ရေစီးသံကြီးကို ကြားနေရတာ
သွေးပျက်စရာပဲဗျာ။ချောင်းရေကလည်းချက်ချင်းကိုပြင်ကျယ်
ကြီးဖြစ်သွားပြီး ကမ်းကဝေးသွားတော့ ကျုပ်တို့နှစ်ယောက်
တော်တော်ကို ကူးနေရတာပေါ့ဗျာ။
ရေစီးနဲ့မျောလည်းမျောနေကြတာပေါ့ဗျာ။
“အား”
ဟာ ၊ ကိုဘထွန်းအော်သံဗျို့။ ကျုပ် လန့်သွားတယ်။
ဘာမှလည်းမမြင်ရတော့ဘူး ။ မှောင်ပိန်းနေပြီ။
“ကိုဘထွန်းဘာဖြစ်တာတုံး ”
“တာတေရေ ငါ့ ခြေထောက်ကိုသစ်တုံးကြီးတိုက်သွားတာ၊
ကျိုးပြီထင်တယ် ”
ကိုဘထွန်းစကား ဆုံးတယ်ဆိုရင်ပဲ ကျုပ်ကမ်းစပ်
ရောက်သွားတယ်။ခြေထောက်လို့ရသွားပြီ။
” ကိုဘထွန်း ၊ ကိုဘထွန်း ၊ ခင်ဗျား ဘယ်မှာတုန်း ”
အော်မေးတော့…
“ငါဒီမှာကွ တာတေရ .. ကမ်းစပ်ရောက်ပြီ”
“ဝေါ ၊ ဝေါ ၊ ဝေါ ၊ ဂျိန်း၊ ဂျိန်း ”
အို ရွာလိုက်တဲ့မိုးဗျာ ၊ မိုးသံရော ရေစီးသံရော မိုးခြိမ်းသံရော
။ ကျုပ်လည်း ကိုဘထွန်း အသံကိုမှန်းပြီးပြေးသွားရတယ်။
တွေ့ပြီ ၊ တွေ့ပြီ ကိုဘထွန်း က ထနောင်းပင်ရဲ့ပင်စည်ကိုမှီပြီး
ထိုင်နေတယ်။ လျှပ်တစ်ချက်လက်လိုက်တဲ့အချိန်မှာ
သူ့ကိုကျုပ်တွေ့သွားတာဗျ။ သူကလည်းကျုပ်ကိုမြင်သွားတယ်
“တာတေ ၊ လာ လာ ငါ ဒီမှာ ငါ့ခြေထောက်တော့
သစ်တုံးကြီးဝင်ဆောင့်သွားတာကျိုးသွားပြီထင်တယ်ကွ ၊
ငါခေါင်းတွေ လည်းမူးနောက်နေတယ်။ဘာဖြစ်မှန်းမသိဘူး
တာတေ”
ကျုပ် ကိုဘထွန်းကို ချက်ချင်းမထူပေးပြီး ကျုပ်ကိုကျောပိုးခိုင်း
တယ် ။
” ကိုဘထွန်း ဒီနေရာက မကြာမီ ရေမြုပ်တော့မှာ”
ကိုဘထွန်းက လူဗလံလေးဆိုတော့ ကျုပ်အသာလေးကျောပိုး
နိုင်တာပေါ့ဗျာ။
“ဘယ်သွားမှာတုန်း တာတေ ”
“တောင်ချိုင့်ကိုဘဲ ပြန်ရမှာပေါ့ဗျာ”
“မင်း လမ်းသိလို့လား ”
” လမ်းတော့မသိဘူးဗျ ။ ကျုပ်တို့ ချောင်းထဲမှာမျောသွားတာ
လည်း ဘယ်လောက်ဝေးသွားမှန်းမသိဘူး။ ဒါပေမဲ့
လျှပ်လက် တဲ့အရောင်နဲ့ကြည့်ပြီးသွားကြတာပေါ့ဗျာ။
တောင်ချိုင့်မရောက်လည်း ရောက်တဲ့ရွာမှာ ဝင်ပြီးအကူအညီ
တောင်းဖို့ပေါ့ ဗျာ”
ကိုဘထွန်း ကိုကျောပိုးပြီး ခပ်သွက်သွက်လျောက်လာတယ်။
ကိုဘထွန်းကတော့ကျုပ်ရဲ့ကျောပေါ်မှာမှေးနေတယ်ဗျ ။
ဘာမှမပြောတော့ဘူး ။
“ဟာ ၊ ဟိုမှာ ဟိုမှာ ”
ကျုပ်အသံကြားတော့ ကိုဘထွန်းကမေးတယ် ။
” ဟင် ဘာတုံး တာတေ ”
” ဟိုရှေ့မှာ အိမ်ကြီးတစ်လုံးဗျ ။ မီးရောင်တော့မတွေ့ဘူး။
လူတော့ရှိမှာပါ ။ မိုးတွေ လေတွေနဲ့ဆိုတော့ မီးမှုတ်ပြီး
စောစောအိပ်ချင် အိပ်နေကြမှာပေါ့ ဗျာ။အဲဒီမှာဝင်ပြီးမိုးခိုရ
တော့မှာပဲဗျာ ”
မိုးတွေကလည်း ရေတွေသွန်ချသလို ကိုရွာတာဗျ။
တော်တော်ကလေး သွားလိုက်တော့မှ လှည်းလမ်းကြောင်း
တစ်ခုကိုတွေ့တယ် ။လှည်းလမ်းကြောင်းကိုကျော်လိုက်
တော့အိမ်ဝင်းကြီးတစ်ခုထဲကို ရောက်လာတယ်။
လျှပ်စီးတစ်ချက်အလက်မှာ အိမ်ကြီးဆီကိုကြည့်လိုက်တော့
တံခါးကြီးပွင့်နေတယ်ဗျ။ ခပ်ဟဟလေးပွင့်နေတာ လူရှိရှိ
မရှိရှိ ဗျာ မိုးတော့ဝင်ခိုလို့ရပြီ ဆိုပြီးကျုပ် ဝမ်းသာသွားတယ် ။
ကိုဘထွန်းကို ကျောပိုးရင်း အိမ်ကြီးရဲ့ တခါးမကြီးကိုတွန်းဖွင့်
ဝင်လိုက်တယ် ။ အိမ်ကြီးကလည်းမှောင်မည်းနေတာဗျ ။
ဘာမှကိုမမြင်ရဘူး။ ကျုပ်အိမ်ထဲကို ဝင်လိုက်တယ်
တစ်လှမ်း နှစ်လှမ်း ၊ သုံးလှမ်း
“ရပ် ”
ကျုပ်တစ်ကိုယ်လုံးကြက်သီးတွေ ဖြန်းကနဲ ထသွားတယ်ဗျ။
မှောင်ထဲက ထွက်လာတဲ့ အသံကြီးဗျ။ အသံကခပ်သြသြကြီး
ဗျ။ ယောက်ျားကြီးတစ်ယောက်ရဲ့ အသံပဲ ။
“ကိုဘထွန်း ကိုဘထွန်း”
ကျုပ်ကခေါ်လိုက်တာ ကိုဘထွန်းက ပြန်မထူးဘူး
ကျုပ်ပခုံးပေါ်မှာခေါင်းမှီပြီး အိပ်ပျော်နေပြီဗျာ။
“ဘထွန်းမြွှေဆိပ်မိနေပြီ ”
မှောင်ထဲကအသံကြီးထပ်ထွက်လာတယ်။ ဟာကိုဘထွန်း
ပိုးထိထားတာထင်တယ် ။ ကျုပ်အတော်ကိုစိုးရိမ်သွားတယ်။
“ခြေထောက်ကလည်းကျိုးလို့ ဒီအထဲကိုမြန်မြန်ခေါ်ခဲ့။
ဒါထက်နောက်ကျရင်သေတော့မှာ”
“ဗျာ”
“အခုခေါ်ခဲ့ဆိုတာ ဘာလုပ်နေတာတုန်း ”
ကျုပ်လည်းအမှောင်ထဲကိုရမ်းလျှောက်ခဲ့ရတာပေါ့ဗျာ။
ဘာမှလည်းမမြင်ရဘူး။ မှောင်ထဲကပြောနေတာလည်း
ဘယ်သူမှန်းမသိဘူး။ ကျုပ်တစ်ကိုယ်လုံးလည်းရေတွေရွှဲနစ်
ပြီး ခိုက်ခိုက်တုန်နေပြီလေ။ ကြောက်လို့ကြက်သီးထ
တာလည်းပါတာပေါ့ဗျာ။
“ရောက်ပြီ အဲ့ဒီကုတင်ပေါ်တင်လိုက် ”
ကျုပ်လက်နဲ့ လိုက်စမ်းတယ်။ ဟုတ်တယ်ဗျ ။ကုတင်ကြီး
တစ်လုံး ကျုပ်ကိုဘထွန်းကို ကုတင်ပေါ် ခပ်ဖြေးဖြေးချလိုက်
တယ်။ ကိုဘထွန်းကတော့ ငြိမ်နေတာဗျို့။ အိပ်နေလား
သတိလစ်နေလားဆိုတာ ကျုပ်မသိရဘူး။
မှောင်မည်းနေတော့ ကိုဘထွန်းကိုလည်းကျုပ်မြင်ရတာ
မဟုတ်ဘူးဗျ၊ ။
“သွားတော့လေ ဘာလုပ်နေတာလဲ ”
ကျုပ်နောက်ကျောဘက်က အသံကြီးထွက်လာတယ် ။
ကျုပ်လည်းဘာမှ ပြန်မပြောရဲပဲ
အမှောင်ထဲမှာပဲစမ်းပြီးထွက်လာတယ် ။
လျှပ်စီးအလက်မှာပွင့်နေတဲ့ တံခါးပေါက်ကို တွေ့လိုက်လို့
ကျုပ်လျှောက်တတ်တာပေါ့ဗျာ ။ တစ်အိမ်လုံးငြိမ်သွားတယ်။
“ဝေါ ၊ ဝေါ ၊ ဝေါ ဂျိန်း ဂျိန်း ”
အပြင်မှာတော့ မိုးရောလေရောတော်တော်ကြမ်းနေတာဗျို့။
ကျုပ်လည်းချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေပြီ။ ကျုပ်လည်းနံရံ
ကိုမှီပြီး ထိုင်ချလိုက်တယ်။ ခဏနေတော့ ကျုပ်လှစ်ကနဲ
အိပ်ပျော်သွားတယ်။ဘယ်လောက်ကြာအောင် အိပ်ပျော်သွား
မှန်းမသိပါဘူးဗျာ။
“ဟေ့ သူငယ် ၊ ဟေ့ သူငယ်”
ကျုပ်ကိုလူတစ်ယောက်ကလှုပ်နိးူနေတာဗျ။
မှောင်ထဲကထွက်လာတဲ့အသံကြီးကို ကျုပ်ချက်ချင်းသတိ
ရပြီး ဝုန်းကနဲ ထထိုင်လိုက်တယ် ။မိုးကမရွာတော့ဘူး
နေတောင်ပူနေပြီဗျ။ ကျုပ်အဝတ်တွေလည်းခြောက်နေပြီ။
“သတိထား သူငယ် ၊သတိထား ဒီမြက်တောကြီးထဲ ဘာလို့
အိပ်နေတာတုန်း၊ ကျုပ်လှည်းမောင်းလာရင်းတွေ့လို့
လာကြည့်တာကွ ”
“ကိုဘထွန်းရော ကိုဘထွန်း”
ကျုပ်ကိုလူပ်နှိုးတဲ့ အဘိုးကြီးကိုကြည့်ပြီးမေးလိုက်တယ်။
မြက်ရိုင်းတောကြီးထဲ ကျုပ်အိပ်ပျေ ာ်နေတာဗျ။
” ဟိုသူငယ်လား၊ ဟို အုတ်ဂူပေါ်မှာ အိပ်နေတဲ့သူငယ်မို့လား”
“ဗျာ ဘယ်မှာတုံး ၊ ဘယ်ကအုတ်ဂူတုံး”
ဟာဟုတ်ပါရဲ့ဗျာ။ ကိုဘထွန်းက အုတ်ဂူပေါ်မှာဆန့်ဆန့်ကြီး
အိပ်ပျော်နေတာဗျ။
ကျုပ် ချက်ချင်းထပြီး ကိုဘထွန်းကို ပြေးနှိုးလိုက်တာပေါ့ဗျာ။
” ကိုဘထွန်း ကိုဘထွန်း ”
“ဟင် တာတေ ငါတို့ဘယ်ရောက်နေတာတုန်း၊ အားးးကျွတ်
ကျွတ် ငါခြေထောက်မှာ ဘာလုပ်ထားတာတုန်း”
“ဟင် ဒီသူငယ်ကခြေထောက်ကျိုးထားတာလား
ဝါးခြမ်းတွေနဲ့ ညှပ်ပြီး ကျပ်စည်းထားတာပဲ ”
ကျုပ်တို့ကိုနှိုးတဲ့အဘိုကြီးကပြောတယ်
“ဟုတ်တယ် အဘ ညကကျုပ်တို့နှစ်ယောက် ယင်းချောင်းထဲ
ကို ဖြတ်နေတုန်း တောင်ကျရေနဲ့ ပါသွားကြတာ။ ကိုဘထွန်း
က သစ်တုံးနဲ့ စောင့်မိပြီး ခြေကျိုးသွားတာဗျ။ နို့ နေပါဦးအဘရဲ့
ကျုပ်တို့ နှစ်ယောက် ညက အိမ်မဲကြီးထဲမှာပါ။ ကိုဘထွန်းကို
ကျုပ်က ကုတင်ကြီးတစ်လုံးပေါ်တင်ပေးထားတာ။
အဲ့ဒီအိမ်မည်းကြီးထဲက လူကြီးတစ်ယောက်ကဆေးကုပေး
တာဗျ ။ အသံပဲ ကျုပ်ကြားရတာ လူကိုတော့မမြင်ဘူး။
အခုအဲ့ဒီအိမ်ကြီးက ဘယ်မှာတုန်းဗျ ၊ ကျုပ်တို့ကဒီနေရာကို
ဘယ်လိုလုပ် ရောက်နေတာတုန်းဗျ ”
” အိမ်မဲကြီးဟုတ်လား သူငယ် ၊ကျုပ်တို့မမွေးခင်တုန်းက
ဒီနေရာဟာ ဆေးဆရာကြီးတစ်ယောက်နေတဲ့ ခြံဝင်းကြီး
လို့ ပြောသံကြားဖူးတယ်။အဲ့ဒီဆေးဆရာကြီးမိသားစုက
အိမ်မဲကြီး အကြီးကြီးတစ်လုံးနဲ့နေကြတာတဲ့ကွ၊
ဟိုသူငယ်တက်အိပ်နေတဲ့ အုတ်ဂူကြီးကဆေးဆရာကြီးရဲ့ဂူ
ပေါ့ ။ သူသေတော့သူ့မိသားစုက ဒီခြံဝင်းကြီးထဲမှာပဲ
သူကိုဂူသွင်းပြီး သင်္ဂြိုဟ်ထားကြတယ်လို့ပြောကြတယ် ။
အိမ်မဲကြီးဆိုတာကိုအဘတို့ရွာက အသက်ကိုးဆယ်ကျော်ရှိ
တဲ့လူတွေ တောင်မမီလိုက်ကြဘူးကွ ။စကားပဲကျန်နေတာ။
ဒါပေမဲ့ ဒီ အုတ်ဂူကြီးကရှိနေသေးတော့ ဒီအကြောင်းတွေ
ွကလည်းဟုတ်မှာပဲလို့ ယုံကြရတာပေါ့ကွာ”
ကျုပ်လည်းဘာပြန်ပြောရမှန်းတောင်မသိတော့ပဲ
ပါးစပ်အဟောင်းသားဖြစ်သွားတာပေါ့ဗျာ ။
“နို့ အဘနာမည်ကဘယ်သူတုန်းဗျ ။
အဘတို့ရွာက ဝေးသေးလား ”
“ကျုပ်နာမည်က ဦးစံတဲ့ဗျ ။ ရွာကမဝေးတော့ဘူး။
ဒီလှည်းလမ်းအတိုင်းမောင်းလိုက်ရင် နာရီဝက်ဆိုရင်
ရွာရောက်ပြီ ။ ရွာနာမည်ကသမားကုန်းရွာ လို့ခေါ်တယ် ။
ဆေးဆရာကြီးကို အစွဲပြုပြီး ခေါ်တာလို့ပြောတယ် ကွ ။
နို့ မင်းတို့က ဘယ်ကလာကြတာတုံး ”
“ကျုပ်တို့နေတာကထနောင်းကုန်းဗျ ။ထီးဂလိုင်အလှူ
ကိုသွားကြတာပါ။တောင်ချိုင့်မှာညစာကိုဝင်စားပြီး
ထွက်ခဲ့တာအဘရဲ့ ”
” ဟာ တောင်ချိုင့်ကတော်တော်တောင်လှမ်းနေပြီပဲ
မင်းတို့တော်တော်မျောလာတာကွ”
“ဟင် ၊ ဟုတ်လားအဘ”
“အေး ဟုတ်တယ် ။ ကဲ လာကြပါ။
ကျုပ်မှာလှည်းပါပါတယ်။ ချောင်းရေလည်း ကျနေပါပြီ။
ကျုပ်ရွာအရောက်ပို့ပေးပါ့မယ်။ဟိုသူငယ်ကခြေထောက်လည်း
လည်းကျိုးနေတာမို့လား။ ဒီယင်းချောင်းကျော်လိုက်ရင်
ထနောင်းကုန်းကို သိပ်မမောင်းရပါဘူး။
ကျုပ်နွားက နွားသန်ကြီးတွေပါ။ ကဲ လာ လာ
ကျုပ်လှည်းပေါ်တက် ”
ကျုပ်လည်းမငြင်းတော့ဘူးဗျာ။ ကိုဘထွန်းကိုဂူပေါ်ကတွဲချ
ရင်း အုတ်ဂူကို တစ်ပတ်ပတ်ပြီးကြည့်တယ်။ အင်းဂတေ
တွေကကွာနေပြီဗျ။ ဂူပေါ်မှာဘာစာမှ မရှိတော့ဘူး ။
လှည်းပေါ်ရောက်တော့ ဦးစံဆိုတဲ့အဘိုးကြီးက ခြေထောက်
မှာ ကျပ်စည်းထားတဲ့ကိုဘထွန်းကိုကြည့်ပြီးမေး
တယ်ဗျ ။
“သူငယ်တို့ညကအိမ်မဲကြီးထဲကိုရောက်ခဲ့တယ်ဆိုတာ
တကယ်လားကွဲ့”
“တကယ်ဗျ အဘစံရဲ့ ၊ ဟောဒီကိုဘထွန်းရဲ့
ခြေထောက်လည်းကျိုး ၊ ပိုးလည်းထိဆိုတော့ သတိမေ့သွား
တာ သူကိုကျောပိုးပြီးကျုပ်ကဒီအိမ်ကြီးထဲကိုဝင်ခဲ့တာ ။
မှောင်ထဲကအသံကြီးပဲကျုပ်ကြားခဲ့ရတာဗျအဘစံရဲ့ ။
ကိုဘထွန်းကိုသူကနာမည်တောင်ခေါ်လိုက်သေးတယ် ။
ကုတင်ပေါ်တင်ဆိုလို့ကျုပ်တောင်အမှောင်ထဲစမ်းပြီးတင်လိုက်
တာ။ အဲ့ဒါ အုတ်ဂူကြီးဖြစ်နေတာပေါ့ဗျာ။ ဒီတော့ကျုပ်အထင်
ပြောရရင် ဒီအိမ်ကြီးကဒီနေရာမှာပဲရှိနေတာဗျ အဘစံရဲ့ ။
ိုကိုဘထွန်းကို ညကအမှောင်ထဲမှာဆေးကုပေးတာလည်း
အဘပြောတဲ့ဆေးဆရာကြီးပဲဖြစ်မှာဗျ ”
ကျုပ်ကသေသေချာချာပြောပြလိုက်မှ အဘစံဆိုတဲ့
အဘိုးကြီးပျက်သွားတယ်ဗျ
“ဟေ ဟုတ်လား ၊ ဒါဆိုဆေးဆရာကြီးအခုထိမကျွတ်သေးဘူးပေါ့ ”
အဘိုးကြီးလည်းတော်တော်ကြောက်သွားပုံရတယ် ။
ပြီးတော့ဆေးဆရာကြီးရဲ့အုတ်ဂူကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။
“ဟဲ့ နွား ဖျန်း”
အဘစံကသူနွားတွေကိုခပ်ကြမ်းကြမ်းရိုက်လိုက်ပြီး
အဲ့ဒီနေရာက တရကြမ်း မောင်းပြေးတော့တာပဲဗျာ။

ပြီးပါပြီ။