သေမင်းနေတဲ့ရွာ

မယ်ဝဏ္ဏ အကြောင်းပါပြီ မွေးထား
တဲ့ ရွှေဖျင်းကြီး ရွှေဖျင်းလေး ညီအစ်ကိုဆိုရင် အ
ဖေရဲ့အစွမ်းနဲ့ အမေရဲ့အစွမ်းပေါင်းပြီး လူစွမ်း
ကောင်းတွေ ဖြစ်ကုန်ကြတယ်လို့ ရာဇဝင်မှာ
ပါတယ်ကွ”

“ကိုကြီးပုက ရာဇဝင်ထဲပါတာပြောတာ၊ ကျုပ်
က ဇော်ဂျီဖိုဝင်သား စားထားတဲ့လူကို ကိုယ်
တိုင်တွေ့ခဲ့ဖူးတာဗျ”

ဘိုးရုံက ဝင်ပြောတာဗျို့။

“ဟာ …ဟုတ်လား ဘိုး၊ ကျုပ်တို့ကို ပြောပြပါ
ဘိုးရဲ့”

အားလုံးရဲ့ မျက်လုံးတွေက ဘိုးရုံဆီကို ရောက်
သွားတာဗျို့။

“ကိုကြီးပုပြောတဲ့ ရာဇဝင်ထဲက ဗျတ်ဝိဗျတ္တတို့
လောက်တော့ အစွမ်းမကြီးပါဘူးဗျာ၊ ဒါပေမဲ့
တုတ်လည်းပီး၊ ဓါးလည်းပီး၊ သေနတ်လည်း ပီး
တယ်ဗျ။ အိတ်နဲ့ ထည့်ပြီး ရေထဲနှစ်သတ်တာ
တောင် မသေဘူးဗျ”

“ဟာ… ဇော်ဂျီဖိုဝင်သားက တော်တော်စွမ်းတာပဲ
ဘိုးရဲ့”

ကျောက်ခဲက တော်တော်ကို အံ့သြတာဗျို့။ သံ
မဏိရော တခြားကောင်လေးတွေရော ပါးစပ်ကြီး
တွေဟပြီး အံ့သြနေကြတာဗျ။

“မတ္တရာနယ်ဘက်က လူဗျ၊ ကျုပ်က ကျောက်
ကလေး ဘာလေး အရောင်းအဝယ် လုပ်ခဲ့ဖူး
တော့ မိုးကုတ်တို့ မတ္တရာတို့ ဘက်ကို ရောက်ဖူး
တယ်ဗျ။ အဲဒါ မတ္တရာဘက်မှာ တွေ့ခဲ့တာဗျ။
ကျုပ်ကို ဒီလူက ရင်းနှီးသွားတော့ သူ့အကြောင်း
တွေကို ပြောပြပါတယ်

‘ဒီလိုဗျ ကိုရုံရဲ့၊ ကျုပ်က တစ်ရက် တောထဲဝင်
ပြီး ထင်းခုတ်တာဗျ။ တောထဲတိုးပြီး ထင်းပင်
လိုက်ရှာရင်းနဲ့ တောထဲမှာ ကျင်းကြီးတစ်ခု
သွားတွေ့တာဗျ။ကျင်းထဲမှာ မီးသွေးတွေ၊ ထင်း
ချောင်းတွေ၊ ပြာတွေ တွေ့တော့ ကျုပ်က ဒါ
ဘာကျင်းကြီးတုံးဆိုတာ တွေးကြည့်တာဗျ။ ဒီ
နေရာကို လူတွေရောက်ခဲ့လို့ ညဘက် မီးလှုံ
တယ်ဆိုရင်လည်း အခုလို မြေကြီးပေါ်မှာပဲ
မီးဖိုမှာ ပေါ့ဗျာ။ ကျင်းကြီးတူးစရာ ဘာမှမလို
ဘူးလေ။ ဒါ ဘာသဘောလဲလို့ ကျုပ်တွေးရင်း
နောက်တော့ ဒီကျင်းကြီးထဲကို ဆင်းပြီး သစ်
ကိုင်းတစ်ကိုင်းနဲ့ လိုက်မွှေကြည့်တာပေါ့ဗျာ။
လူတွေ ဘာတွေ သတ်ပြီးများ မီးရှို့သွားတာ
လားလို့ တွေးမိပြီး ဆင်းရှာကြည့်တာဗျ။ ဒီမှာ
တင် တစ်ထွာလောက်ရှိတဲ့ ပုံစံလိုလို အရုပ်လို
လိုဟာလေးကို ကျုပ်သွားတွေ့တာဗျ။ ဒီမှာတင်
ကျုပ်ငယ်ငယ်က ကျုပ်အဘိုး ပြောပြတဲ့ ရာဇ
ဝင်တွေထဲက ဗျတ်ဝိနဲ့ ဗျတ္တ ဇော်ဂျီဖိုဝင်သား
စားကြတာကို သတိရပြီး ဒါ ဇော်ဂျီဖိုဝင်သွား
တာ ဖြစ်မယ်၊ ဒီအရုပ်လိုလို အသားတစ်လိုလို
ဟာလေးဟာ ဇော်ဂျီဖိုဝင်လို့ ကျန်ခဲ့တဲ့ ရုပ်ကြွင်း
ပဲ ဖြစ်မယ်လို့ တွေးမိပြီး အိမ်ကို ယူလာခဲ့တာ
ပေါ့ဗျာ”

“အိမ်ရောက်တော့ မီးကင်ရောလားဗျ”

လို့ ကျုပ်က မေးလိုက်တော့ အဲဒီလူက ရယ်
လည်း ရယ်တယ်ဗျ။ အဲ ကျုပ်ပြောဖို့ မေ့နေလို့
ဗျို့။ ဒီလူ့နာမည်က ကိုပေါတဲ့ဗျ။ ပစ္စည်းဥစ္စာ
ပေါများအောင်ဆိုပြီး သူ့မိဘတွေက
မှည့်ထားတာဆိုပဲဗျ

“ဟာ ကိုရုံနှယ် မကင်ဘဲ နေမလားဗျာ၊ ကျုပ်
သေသေချာချာကို မီးဖိုပြီး ကင်တာဗျ။ မီးဖိုနေ
တုန်းမှာလည်း ဘုရားဂုဏ်တော်တွေ တရား
ဂုဏ်တော်တွေ သံဃာဂုဏ်တော်တွေ ရွတ်
ဖတ်ပြီးတော့ လုပ်တာပေါ့ဗျာ”

“မီးကင်တော့ ဟိုရာဇဝင်ထဲကလိုပဲ မွှေး
ရောလားဗျ”

ကျုပ်ကလည်း ရှာရှာဖွေဖွေ မေးတာဗျို့ ကို
ကြီးပုရေ။

” မမွှေးပါဘူးဗျာ၊ ညှော်လိုက်တာမှ ဘာနံ့ကြီး
မှန်းကို မသိတာဗျ။ ကျက်လည်းသွားရော ကျုပ်
လည်း နည်းနည်းစစားကြည့်တယ်ဗျ။ ပထမ
တော့ ပျို့တက်လာသေးတယ်ဗျ။ နောက်တော့
မထူးဘူးဆိုပြီး ဇွတ်စားပစ်လိုက်တာ၊ အကုန်လုံး
ကုန်ရောဗျ။ စားသောက်ပြီး ညမအိပ်ခင် ဘုရား
ပုထိုး သေသေချာချာ ရှိခိုးလိုက်သေးတယ်ဗျ။

ညရောက်တော့ ကျုပ် အိပ်မက် မက်တယ်ဗျ။
အိပ်မက်ထဲမှာ အင်္ကျီအနီ၊ ပုဆိုးအနီ ဝတ်ထား
တဲ့ သျှောင်တစောင်းနဲ့ အဘိုးကြီးတစ်ယောက်
ကျုပ်ကို မင်း ဆေးကုပေတော့၊ မင်းကို ငါစောင့်
ရှောက်ပေးမယ်လို့ ပြောတယ်ဗျ။ မင်း တုတ်ရော
ဓါးရော၊ သေနတ်ရော အားလုံး ပီးသွားပြီးလို့
လည်း ပြောသွားတယ်ဗျ ကိုရုံရဲ့။

မနက် အိပ်ရာက နိုးလည်းလာရော ကျုပ်လည်း
ကိုယ့်ကိုယ်ကိုယ် စမ်းတော့တာပေါ့ဗျာ။ ဓါးနဲ့
လှီးကြည့်တယ်၊ တုတ်နဲ့ ခေါင်းကို ရိုက်ကြည့်
တယ်၊ အသက်အောင့်ပြီး ရေထဲမှာ အကြာကြီး
ငုပ်နေကြည့်တယ်။ ကျုပ် အားလုံးစွမ်းနေတယ်
ဗျ။ ဒါနဲ့ နေမကောင်းတဲ့လူကို ဆေးစမ်းကုကြည့်
တယ်ဗျ။ ကျုပ်နားထဲမှာ ကြားနေရတယ်။

မင်းကိုကာက ဘယ်လောက်သား၊ ဇာဒိတ်ဖိုက
ဘယ်လောက်သား၊ အလိုကျူက ဘယ်လောက်
သား၊ အလိုကျူက ဘယ်လောက်သား၊ နွယ်ချို
က ဘယ်လောက်သားပေါ့ဗျာ။ အဲဒါတွေ စပ်ပြီး
လူနာကို ဘယ်လိုတိုက်ဆိုပြီး ကြားတော့ ကြား
တဲ့အတိုင်း ဆေးတွေဖော်ဖော်ပြီး တိုက်တာ။

လူနာတွေဆိုတာ ပျောက်လိုက်ကြတာမှဗျာ။
အဲဒီက စပြီး ကျုပ်မှာ ဆေးတွေ အများကြီးစုမိ
လာပြီး ကျုပ်ကို ဆရာပေါဆိုပြီး ဟိုကပင့် ဒီက
ပင့်နဲ့ ပင့်လိုက်ကြတာ အခုဆိုရင် အိမ်မှာ ထ
မင်းစားရတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ ကိုရုံ
ရာ၊ စီးပွားတွေလည်း တက်တော့တာပေါ့ဗျာ”

“အခုရော ဆေးကုဖို့ပြောတဲ့ အသံကို ကြားရ
သေးလား ဆရာပေါရဲ့”

“ကြားတယ် ကိုရုံရဲ့၊ ကျုပ်လည်း တော်တော်
တော့ နားလည်နေပြီပေါ့ဗျာ၊ ဒီကြားထဲမှာ ခဲ
ရာခဲဆစ် လူနာမျိုးတွေလာရင် ကျုပ်နားထဲမှာ
ချက်ချင်းအသံကြားလာပြီး ဘာရောဂါဖြစ်တာ
ဆေးကို ဘယ်လိုဖော် ဘယ်လိုတိုက်ဆိုတာ
ကြားလာတော့တာဗျို့။ ကျုပ်လည်း ကြားတဲ့
အတိုင်း ဆေးဝါးတွေ ဖော်ပြီး တိုက်လိုက်ရင်
ပျောက်သွားတာချည်းပဲဗျို့”

“နို့ ခင်ဗျားကိုယ်တိုင်ရော နေထိုင်မကောင်းတာ
တွေ ဘာတွေ ရှိလားဗျ”

“ဟာ ရှိတာပေါ့ဗျာ၊ လူပဲ ကိုရုံရာ၊ အဲဒီလို နေ
ထိုင်မကောင်းဖြစ်ရင် ဘယ်ဆေးနဲ့ ဘယ်ဆေး
တွဲသောက်ဆိုပြီး အသံကြားတာဗျို့။ အဲဒါ
သောက်လိုက်ရင် ကောင်းသွားတာပဲဗျ။ အခု
တော့ ဒီတစ်ဝိုက်မှာ ဆေးဆရာ ဆရာပေါဆို
ရင် မသိတဲ့သူ မရှိသလောက်ပဲပေါ့ ကိုရုံရယ်”

လို့ ကျုပ်ကို ကိုပေါက သူ့အကြောင်း ပြောတာ
ဗျ။ ဘိုးရုံရဲ့ စကားဆုံးတော့ ဘိုးပုရော ဘိုးဆင်
ရော ကျုပ်တို့ အားလုံးရော ငြိမ်ပြီး တွေးနေ
ကြတာဗျ။

“အင်း၊ ကိုရုံက ဇော်ဂျီဖိုဝင်သား စားရတဲ့သူ
အကြောင်းပြောတော့ ကျုပ်က အာဟာရသိဒ္ဓိ
ပြီးတဲ့ သားအဖအကြောင်းပြောရဦးမယ်ဗျ”

ဘိုးဆင်က ပြောလိုက်တာဗျ။

“အာဟာရသိဒ္ဓိဆိုတာ ဘာတုံး ဘိုးဆင်ရဲ့”

စိန်ကတုံးဆိုတဲ့ကောင်က မေးတာဗျ။ သူ့ကို
သူ့အိမ်က မွေးကတည်းက ဒီနေ့အထိ အမြဲ
ကတုံး ပေးထားလို့ တစ်ရွာလုံးက သူ့ကို စိန်
ကတုံးလို့ ခေါ်ကြတာဗျ။

စိန်ကတုံးက ကျောက်ခဲတို့နဲ့ အရွယ်တူပဲဗျ။

“အာဟာရသိဒ္ဓိဆိုတာ ဘာမှစားစရာ မလိုတော့
ဘဲ အမြဲတမ်း အားခွန်ဗလနဲ့ ပြည့်နေတာကို
ပြောတာကွ စိန်ကတုံးရ”

“ဟာ တကယ်ကောင်းပါလား ဘိုးရ၊ ဘာမှ
မစားတော့ ဗိုက်ကရော မဆာဘူးလားဗျ”

“ဘယ်ဆာမှာတုံးကွ စိန်ကတုံးရ၊ အာဟာရ
သိဒ္ဓိ ပြီးနေပါပြီဆိုမှ ဆာလည်း မဆာတော့
ဘူး၊ စားစရာလည်း မလိုတော့ဘူးကွ”

“သြော် ဒီလိုလား၊ အဲဒါ ဘိုး ဘယ်မှာ တွေ့ခဲ့တာ
တုံး ဘိုးရဲ့”

“ဘိုးငယ်ငယ်တုန်းက ဘိုးတို့ရွာမှာ တွေ့တာကွ၊
အဲဒီ ဘိုးတော်ကြီးနာမည်က ဦးသံခဲတဲ့ကွ၊ တို့
က ဘိုးသံခဲလို့ခေါ်ကြတာပေါ့ကွာ၊ သူက ဒီလို
ဖြစ်တာတဲ့ကွ၊ တစ်နေ့ တောထဲကို ခြံတိုင်ခုတ်
ဖို့အသွား တောထဲမှာပဲ ထမင်းချက်စားရတာ
ပေါ့ကွာ၊ အဲဒီမှာ အိုးအဖုံး မေ့ကျန်ခဲ့တော့
တောထဲမှာတွေ့တဲ့ ဖက်ရွက်တစ်ရွက်ကို ခူးပြီး
ထမင်းအိုးအဖုံး လုပ်ရတာဆိုပဲ။ ထမင်းတွေ
ဘာတွေငှဲ့ပြီး ထားလိုက်တာတဲ့ကွ။ ထမင်းစား
ချိန်ရောက်လို့ ဖုံးထားတဲ့ ဖက်ရွက်ကို ဖွင့်လိုက်
တော့ ထမင်းတွေ အားလုံးပဲ မည်းနက်နေတာ
တဲ့ဟေ့။

“ဗျာ၊ ထမင်းတွေ မည်းနက်နေတယ် ဟုတ်လား
ဘိုး”

ဒီတစ်ခါ တအံ့တသြ မေးတာက ကျောက်ခဲဗျ။

“အေး ဟုတ်တယ်ကွ ကျောက်ခဲရ”

ဘိုးသံခဲလည်း ထမင်းတွေ မည်းနက်နေတာကို
တွေ့တော့ လန့်သွားတာတဲ့ဟေ့၊ ဒါပေမဲ့ ဗိုက်
ကလည်း တော်တော်ကို ဆာနေတာတဲ့ကွ။ ဒါ
နဲ့ပဲ ဖြစ်ချင်ရာ ဖြစ်တော့ကွာဆိုပြီး အဲဒီထမင်း
အနက်တွေကိုပဲ စားပစ်လိုက်တယ်တဲ့ကွ။ အဲဒီ
ထမင်းတွေ စားပြီးတဲ့နောက် ထပ်ပြီးမဆာတော့
ဘူးတဲ့ကွ။ အားတွေလည်း ရှိလိုက်တာမှ ဘယ်
လောက်အလုပ်တွေလုပ်လုပ် မောလည်း မမော
ဘူးတဲ့ဟေ့။

ဘိုးတို့သိတော့ပဲ ဘိုးသံခဲက အသက်ခုနှစ်ဆယ်
ကျော်နေပြီ၊ ဘာမှကိုမစားတော့တာတဲ့ကွ၊ရေနွေး
ကြမ်းလေးသောက်၊မုန့်ပဲသရေစာလေးနည်းနည်း
ပါးပါး စားတာကလွဲရင် ဘာမှကို မစားတာကွ။ဘာ
မှ မစားပေမဲ့ ဗလ ကောင်းကောင်း လူငယ်တွေနဲ့
လက်လှဲရင်ဖြစ်ဖြစ်၊ တုတ်ဆွဲရင် ဖြစ်ဖြစ် ဘိုးသံ
ခဲပဲ အမြဲနိုင်တာကွ။

အားကလည်း အဲဒီလောက်ကို ရှိတာ။ လူကလည်း
ဝဝဖြိုးဖြိုး စိုစိုပြေပြေပဲကွ။ ဘိုးသံခဲက လူချမ်းသာ
ဆိုတော့ တစ်ရွာနဲ့ တစ်ရွာသွားတဲ့လာတဲ့အခါဆို
ရင် သူ့ကိုယ်ပိုင်မြင်းကြီး စီးပြီးသွားတာကွ။ ရုပ်ရည်
ကလည်း အင်မတန်မှ ခန့်ညားတာကွ”

“တော်တော်ကို ထူးဆန်းတာပဲ ဘိုးရယ်”

“ဒါပေမဲ့ တစ်ခုတော့ ပြောရဦးမယ်ကွ ကျောက်
ခဲရ၊ဘိုးသံခဲ တောထဲမှာ အရွက်ဖြတ်ပြီး ထမင်း
အိုးအဖုံး လုပ်ခဲ့တဲ့ အပင်ကို နောက်တစ်ခေါက်
သွားရှာတော့ မတွေ့တော့ဘူးတဲ့ကွ၊ သူ ထမင်း
ချက်တဲ့နေရာကို တွေ့ရက်သားနဲ့ အဲဒီအပင်ကို
လုံးဝ မတွေ့ဘူးတဲ့ဟေ့”

“တောစောင့်နတ်တွေက ဝှက်ပစ်လိုက်တာ
ဖြစ်မှာပေါ့ ဘိုးရဲ့”

မျက်လုံး ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ပါးစပ်ကြီး
ဟ နားထောင်တတ်တဲ့ ဝက်ပုတ်ဆိုတဲ့ကောင်က
ဝင်ပြောတာဗျ။ ဒီကောင်က ကျောက်ခဲတို့ထက် နည်းနည်းငယ်တယ်။

“ဟ…ဝက်ပုတ်က တယ်ဟုတ်ပါလားကွ၊ အတွေး
တော်တော်ကောင်းတာပဲ”

ဘိုးပုက သဘောကျပြီး ပြောလိုက်တာဗျ။စကား
စပြတ်သွားတဲ့အချိန်မှာ ဘိုးပုသမီး အရီးမသန်း
ကြည်က ကန်စွန်းဥပြုတ်တွေ ဇလုံကြီးနဲ့ လာပြီး
ချပေးတယ်ဗျ။ ကျုပ်တို့လည်း တစ်ယောက် တစ်
ခု ကောက်ယူလိုက်ကြတာပေါ့ဗျာ။ လူကြီးတွေအ
တွက်ကတော့ ပန်းကန်နဲ့ ခွာပြီးသား သက်သက်
ချလို့ဗျ။ အဲဒီညက ကိုးနာရီကျော်မှ ကျုပ်အိမ်ပြန်
ရောက်တယ်ဗျို့။ မနက်မိုးလင်းတော့ ထမင်းကြမ်း
စားပြီး နဂါးဆေးပေါ့လိပ်ကလေး ထိုင်ဖွာနေတုန်း
ရှိသေးတယ်ဗျ။

“တာတေရေ၊ တာတေ”

လို့ ခေါ်သံကြားတာနဲ့ ကျုပ်ထွက်ကြည့်လိုက်တော့
ဘန့်ဘွေးကုန်းက သိန်းဇော်ဗျ။

“ဟေ့ကောင် သိန်းဇော် လာလေကွာ၊ မင်းက
ဧည်သည့် လုပ်နေတာလား”

“တာတေ ငါမတက်တော့ဘူး၊ ဘိုးထွန်းမောင်တို့
အိမ်ကို ကိစ္စရှိလို့ လာတာကွ၊ ဘန့်ဘွေးကုန်းက
ဘိုးညိုက မင်းကို ဝင်ပြောခိုင်းလိုက်လို့ ”

“အေး…ဘာတဲ့တုံး”

“မင်းဆရာကြီး ဘိုးလူပေ ရောက်နေတယ်တဲ့၊ အဲ
ဒါ လာခဲ့ပါတဲ့ဟေ့”

“သြော် …အေး အေး၊ ငါ အခုပဲ သွားလိုက်မယ်။
နို့ မင်းက ဘယ်တော့ပြန်မှာတုံး”

“ငါက နည်းနည်းကြာဦးမယ်ကွ”

“အေး အေး ၊ ဒါဆိုရင် မင်းကို ငါမစောင့်တော့ဘူး၊
ငါ့ဟာငါပဲ သွားလိုက်တော့မယ်”

“အေး၊ ဒါဆို ငါသွားပြီ တာတေ”

သိန်းဇော် သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွား
တော့ ကျုပ်က အမေနဲ့ အဘကို ပြောပြီး ဘန့်
ဘွေးကုန်းကို ထွက်လာခဲ့တယ်ဗျ။ ဘိုးညိုတို့
အိမ်ကိုရောက်တော့ ဘုရားခန်းမှာ ထိုင်နေတဲ့
ဆရာကြီး ဘိုးလူပေကို တွေ့လိုက်တယ်။

“လာဟေ့ မောင်တာတေ”

“ဆရာကြီး ဘယ်တုန်းက ရောက်တုန်း”

“ညကပဲ ရောက်တာကွ မောင်တာတေရဲ့၊ အ
ချိန်မရှိတော့တာနဲ့ ညက မင်းကို မမှာတာ၊ ခု
မနက်မှ လူကြုံနဲ့ မှာလိုက်ရတာ”

“ဟုတ်ကဲ့ ဆရာကြီး၊ အမိန့်ရှိပါ”

“ဒီလို မောင်တာတေရဲ့၊ ခရီးတစ်ခု ထွက်ရလိမ့်
မယ်၊ ကိစ္စကတော့ သေမင်းကို ရှာဖို့ပဲ”

“ဗျာ၊ သေမင်းကို ရှာဖို့ ဟုတ်လား ဆရာကြီး”

“အေး ဟုတ်တယ်၊ အင်မတန်မှ ယုတ်မာပက်
စက်တဲ့ အောက်လမ်းဆရာကြီးတစ်ယောက်ပဲ
ကွ၊ ပညာကလည်း တော်တော်ကိုမြင့်တယ်
မောင်တာတေရဲ့၊ အောက်လမ်းမှော်ကို အရည်
ကျိုသောက်နိုင်လောက်အောင် တတ်ကျွန်းတဲ့
လူတစ်ယောက်ပဲ။ လူတွေ တစ်ယောက်နဲ့ တစ်
ယောက် မုန်းရင် သူ့ကိုတွေ့အောင်ရှာပြီး ငွေပုံ
ပေးလိုက်ရင် သူက သူတတ်တဲ့ ပညာနဲ့ လူ
သတ်ပေးတယ်ကွ”

“ဟာ ဒါဆိုရင် လူသတ်သမားပေါ့ ဆရာကြီးရဲ့”

“အေး ဟုတ်တယ် မောင်တာတေ၊ လူသတ်
ကောင် တစ်ကောင်ပဲ၊ သူ့ကိုယ်သူ သေမင်းလို့
နာမည်ခံယူထားတယ်၊ ပိုက်ဆံရှိတဲ့လူတွေက
ရာဇဝင်မှုမမြောက်အောင် လူသတ်ချင်ရင် သေ
မင်းကို တွေ့အောင်ရှာလို့တောင် စကားဖြစ်
လာပြီကွ”

“ဒါဆိုရင် ဆရာကြီးလည်း သေမင်းကို တွေ့
အောင်ရှာရတော့မှာပေါ့”

“ဟုတ်တာပေါ့ မောင်တာတေ၊ ကျုပ်က သေမင်း
ကို တွေ့အောင်ရှာတာက အထက်အမိန့်အရ
အပြစ်ပေးဖို့ပဲကွဲ့”

“ကောင်းတာပေါ့ ဆရာကြီးရဲ့၊ လူတွေကိုသတ်
တဲ့ သေမင်း သေသွားရင် လူတွေ မသေတော့
ဘူးပေါ့ဗျာ”

“ကဲ မောင်တာတေ၊ အိမ်က မိဘတွေကို ခွင့်
တောင်းပြီး ပြင်စရာရှိတာပြင်ကွယ်၊ ဒီည ကျုပ်
နဲ့ ဒီမှာ လာအိပ်ပေတော့၊ မနက်အစောကြီး
ကျုပ်တို့ ဆရာတပည့် ခရီးထွက်ကြရမယ်ကွဲ့”

“ဟုတ်ကဲ့ပါ ဆရာကြီး”

ကျုပ် ဆရာကြီးကို ကန်တော့ပြီး ထနောင်းကုန်း
ကို ပြန်ခဲ့တယ်။

နောက်တစ်နေ့မနက် ဝေလီဝေလင်းမှာ ဘိုးညိုတို့
အိမ်က မြို့ကိုလှည်းနဲ့ လိုက်ပို့တယ်ဗျ။ မြို့ရောက်
တော့ ကားတစ်တန် လှည်းတစ်တန်နဲ့ ကျုပ်တို့ဆ
ရာတပည့် ခရီးဆက်ခဲ့ကြတယ်။ လမ်းမှာ ဘိုးလူ
ပေက ကျုပ်ကို အောက်လမ်းမှော်ဝိဇ္ဇာ သေမင်း
ဆိုတဲ့ လူအကြောင်း ပြောပြတယ်ဗျ။

“ဒီကောင့်နာမည်က တင်ဖေတဲ့ မောင်တာတေရဲ့
ဒီကောင်က ဘယ်ကနေ ဘယ်လို အဲဒီဘက် ပါ
သွားတယ်တော့ မသိဘူးကွဲ့၊ ဆရာပေါင်းစုံဆီ
မှာ ပညာယူတယ်၊ မှော်ပေါင်းစုံ တတ်တယ်၊ကိုး
ကျင်းအောင်တယ်၊ ကိုးသင်္ချိုင်းအောင်တယ်၊
နောက်ဆုံးတော့ ငွေတွေ နင့်နေအောင်တောင်း
ပြီး လူသတ်တဲ့ အလုပ်ကို လုပ်တော့တာပဲကွဲ့။
သူဋ္ဌေးကြီးတွေရဲ့ မယားငယ်က မယားကြီး
သတ်ပြီး ပစ္စည်းဥစ္စာတွေ အပိုင်ကြံတယ်။ ဒါကို
ဒီကောင်က သတ်ပေးတယ်။ ငွေတွေယူတယ်။
အခုဆိုရင် သေမင်းဆိုတဲ့ အကောင်က မိန်းမ
နှစ်ယောက် ယူထားပြီး လောကစည်းစိမ်း ယစ်
မူးနေတာကွ မောင်တာတေရဲ့”

“ဒါနဲ့ ဆရာကြီးရဲ့၊ ကျုပ်တို့ သွားရှာမယ့် သေ
မင်းက ဘယ်ရွာမှာ နေတာတုံးဗျ”

“လေးပင်ဆိုတဲ့ရွာမှာ နေတာကွဲ့၊ အဲဒီရွာရဲ့
ရွာထိပ်မှာ ထူးထူးခြားခြား ကညင်ပင်ကြီး လေး
ပင်တန်းပြီး ပေါက်နေတာ။ ကညင်ပင်ကြီးတွေ
က သက်တမ်းခြောက်ဆယ် ခုနှစ်ဆယ်လောက်
ရှိပြီဆိုတော့ လူလေးဖက်စာလောက်တောင် ရှိ
တာဆိုပဲ မောင်တာတေရဲ့၊ အဲဒီရောက်မှာ တွေ့
မှာပေါ့ကွယ်။ အဲဒီအပင်ကြီးတစ်ပင်စီမှာ အင်မ
တန်မှ သက်တမ်းရင့်နေတဲ့ သရဲတစ်ကောင်စီ
နေတယ်တဲ့။သေမင်းဆိုတဲ့ အောက်လမ်းကောင်
က အဲဒီသရဲလေးကောင်စလုံးကို ကြိုက်သလို
ခိုင်းနိုင်စေနိုင်တယ် ဆိုပဲကွဲ့။

လူသတ်တဲ့အခါမှာ နည်းမျိုးစုံနဲ့ကို သတ်နိုင်တဲ့
အကောင်ကွ မောင်တာတေရဲ့၊ သရဲတွေ သတ်
ခိုင်းတဲ့အခါ သတ်ခိုင်းတယ်၊ မှော်ပညာနဲ့ အရုပ်
တွေ စီရင်ပြီး သူကိုယ်တိုင် သတ်တဲ့အခါ သတ်
တယ်။ သူ လူသတ်နေတာကို တရားဥပဒေနဲ့
ဘယ်လိုမှ စီရင်လို့ မရနိုင်ဘူးလေ။ ဒီတော့ ကျုပ်
တို့ အထက်လမ်းကပဲ စီရင်ရတော့မှာပေါ့ကွယ်။
သူနေတဲ့ရွာက စောစောကပြောတဲ့ ကညင်ပင်ကြီး
လေးပင်ကို အစွဲပြုပြီး လေးပင်ရွာလို့ ခေါ်တာကွ”

ဆရာကြီးနဲ့ ကျုပ်နဲ့က လေးပင်ကို တိုက်ရိုက်သွား
တာ မဟုတ်ဘူးဗျ။ လေးပင်းနားက ထန်းပင်ကုန်း
ဆိုတဲ့ရွာကို သွားတာ။ အဲဒီမှာက ဆရာကြီးတို့လူ
တစ်ယောက် ရှိတယ်။ နာမည်က ကိုထွေးမောင်
လို့ ခေါ်တယ်တဲ့ဗျ။

ဘိုးလူပေနဲ့ ကျုပ်နဲ့ ထန်းပင်ကုန်းကို ရောက်
တော့ ကျုပ်တို့ ငှားလာတဲ့ လှည်းသမားက ကို
ထွေးမောင်ရဲ့ အိမ်ဝိုင်းအရောက် ပို့ပေးတယ်
ဗျ။ ကျုပ်တို့ လာမယ်ဆိုတာကို လူကြုံနဲ့ သ
တင်းပို့ထားတော့ ကိုထွေးမောင်တို့ကလည်း
ထမင်းဟင်းတွေ ချက်ပြီး စောင့်နေတာဗျ။

လိုက်ပို့တဲ့ လှည်းသမားကို သူတောင်းတဲ့ငွေ
ထက် ပိုပေးပြီး ဘိုးလူပေက ပြန်လွှတ်လိုက်
တယ်။ ကိုထွေးမောင်ဆိုတဲ့လူက အသက်လေး
ဆယ်ကျော်လောက် ရှိပြီဗျ။ အသားညိုညို အ
ရပ်မြင့်မြင့်နဲ့ဗျ။ မျက်နှာကိုကြည့်တာနဲ့ ရိုးသား
ဖြောင့်မတ်ကြောင်းက သိသာနေတယ်ဗျ။

ဘိုးလူပေကိုလည်း လွှတ်ကြည်ညိုတာပါဗျာ။
ရောက်တာနဲ့ ထမင်းပွဲကြီးပြင်ပြီး ကျွေးတော့
တာဗျို့။ ဘိုးလူပေကိုလည်း မိသားစုတစ်စုလုံး
ကန်တော့ကြတယ်။ ထမင်းစားပြီးတော့ ဘိုးလူ
ပေက သူ့တပည့် ကိုထွေးမောင်ကို မေးတယ်ဗျ။

“တပည့်၊ သေမင်းသတင်း ထောက်လှမ်းထား
သေးလားကွ”

ဘိုးလူပေက မေးတော့ လေးလေးထွေးမောင်
က ဖြေတယ်ဗျ။

“ထောက်လှမ်းထားပါတယ် ဆရာကြီး”

“အေး ပြောစမ်းပါဦးကွ တပည့်ရဲ့”

“အခုရက် သေမင်းက လေးပင်မှာပဲ ရှိနေတယ်
ဆရာကြီး၊ သူ့ယာတွေကို ကြီးကြပ်ပြီး လုပ်ကိုင်
နေပါတယ် ဆရာကြီး”

“သြော်…သေမင်းက ယာတွေဘာတွေလည်း
ရှိတာကိုး တပည့်ရဲ့”

“ဟုတ်ကဲ့ ရှိပါတယ် ဆရာကြီး၊ ပြန်ရောင်းသမျှ
ယာတွေကို သေမင်းက အကုန်ဝယ်ပါတယ်၊ ပြီး
တော့ အနီးအနား ရွာတွေက လူတွေငှားပြီး ဖိဖိ
စီးစီး လုပ်ခိုင်းပါတယ်၊ ငွေကလည်း ပေါတော့
လူငှားတွေကို ဖောဖောသီသီ ပေးနိုင်ကျွေးနိုင်
ပါတယ် ဆရာကြီး၊ ဒါကြောင့် ဒီအနားတွေမှာ
လေးပင်တင်ဖေယာဆိုရင် လုပ်ချင်ကြတဲ့လူ
တွေမှ အများကြီးပါ ဆရာကြီး”

လေးလေးထွေးမောင်က တစ်ဆက်တည်း မေး
လိုက်တယ်ဗျ။

“အင်း၊ ဒီလောက် ယာတွေ ချောင်းတွေ ပိုင်ရဲ့
သားနဲ့ ဘာလို့များ ကြေးစားလူသတ်သမား
လုပ်ရတာတုံး ဆရာကြီးရဲ့”

လေးလေးထွေးမောင်က ဆရာကြီးကို
မေးတာဗျ။

“သူ့ဝါသနာပေါ့ တပည့်ရယ်၊ ဒီလိုလုပ်ချင်လို့
ဒီပညာကို ထိပ်တန်းရောက်အောင် သင်ထား
တာ ဖြစ်မှာပေါ့”

“ဆရာကြီး သူတို့ပညာမှာ လူကို ကောင်းကျိုးပြု
တာကော ရှိရဲ့လား”

ကျုပ်က ဝင်ပြီးမေးလိုက်တာဗျ။

“ကျုပ်တော့ တစ်ခုမှ မမြင်ပါဘူး မောင်တာတေ
ရယ်၊ အောက်လမ်းမှော်တစ်ခုလုံးဟာ ယုတ်ညံ့
တဲ့ ပညာတွေချည်းပါပဲကွာ၊ ဒါနဲ့ တပည့်ကိုထွေး
မောင်ရဲ့ အဲဒီသေမင်းဆိုတဲ့ကောင်က ဘယ်လို
ပုံစံတုံးကွဲ့”

“လူက အသားလတ်လတ်၊နှာတံပေါ်ပေါ်၊ အရပ်
က မနိမ့်မမြင့်ပဲ ဆရာကြီးရဲ့၊ ခြေဖဝါးမှာတော့
အင်းကွက်တွေရော ဘုရားပုံတွေရော ထိုးထား
တယ်ဗျ။ သူ့မယားကြီးက လေးပင်မှာဗျ။ မယား
ငယ်က လေးပင်က နှစ်တိုင်လောက်ဝေးတဲ့ သီး
ပင်ကုန်းမှာ။ မယားကြီးနာမည်က မရွှေမှုံ၊ မယား
ငယ်က ခင်စိန်ကြည်တဲ့ဗျ။ သားသမီးတော့ တစ်
ယောက်မှ မမွေးဘူး ဆရာကြီးရဲ့”

“သေမင်းရဲ့ မိဘတွေက တော်တော်ချမ်းသာ
လား တပည့်ရဲ့”

“ဟာ၊ တော်တော်ချမ်းသာတာ ဆရာကြီးရဲ့၊ဘိုး
တော်ကြီးက ဦးတောင်ပို့တဲ့၊ ဘွားတော်ကြီးက
ဒေါ်ရှင်တဲ့။ နှစ်ယောက်စလုံး နှစ်မွေခံတွေချည်း
ပဲ။ အမွေရတဲ့ယာတွေမှ မနည်းဘူးဗျ။ သားသ
မီးဆိုလို့ အဲဒီတင်ဖေတစ်ယောက်ပဲ ရှိတာ၊ ဒီလူ
က ငယ်ငယ်ကတည်းက မြွေနိုင်တာတဲ့ ဆရာ
ကြီးရဲ့၊ ယာထဲမှ မြွေတွေ့လို့ကတော့ အတင်း
လိုက်ဖမ်းပြီး ကိုင်တာတဲ့ဗျ”

“အင်း၊ ဝမ်းတွင်းပါ ထင်ပါရဲ့ကွယ်၊ နောက်တော့
ဒီပညာတွေ လိုက်စားတော့မှာပေါ့”

“ဟုတ်တယ် ဆရာကြီး၊ အိမ်အလုပ်ကို သိပ်
လုပ်တာ မဟုတ်ဘူးဗျ။ သူ့မိဘတွေကသာ
ယာတွေကို လုပ်ကြတာ၊ သူကတော့ ဟိုသွား
ဒီသွားပဲ အမြဲလုပ်နေတာ။ မိဘတွေ မရှိတော့
မှ အိမ်ထောင်ပြုပြီး ရွာမှာ ပြန်ထိုင်ပြီး ယာတွေ
လုပ်တော့တာဗျ။ ဒါပေမဲ့ တစ်ခါတစ်လေ
ပျောက်သွားရင် နှစ်လ သုံးလလောက် ကြာ
တယ်လို့ လေးပင်ကလူတွေ ပြောကြတယ်။

လေးပင်က လူတွေကလည်း သူ့ကို အောက်
လမ်းကြီးမှန်းသိတော့ ကြောက်ကြောက်နဲ့
အဆင်ပြေအောင် ဆက်ဆံနေရတော့တာပေါ့
ဆရာကြီးရယ်။ သမီးလေးတွေ အရွယ်ရောက်
လာရင်လည်း ကြာကြာ မထားရဲဘူး။ မြန်မြန်
အိမ်ထောင်ချပစ်ကြရတယ်။ သူနဲ့ စကားများ
ရန်ဖြစ်လို့ကတော့ အဲဒီလူ သိပ်မကြာဘူး ဆ
ရာကြီးရဲ့၊ မြွေကိုက်ခံရရင်ခံရ၊ မခံရရင် သွေး
အန်ပြီး သေတာပဲဗျ။

ဒီတော့လည်း တစ်ရွာလုံးက သူ့ကို ကြောက်
နေတော့တာပေါ့ဗျာ။ ဒီထန်းပင်ကုန်းကိုလည်း
တစ်ခါ တစ်ခါ ရောက်လာတတ်တယ်။ တစ်ခါ
တုန်းက ကျုပ်နဲ့ သူနဲ့ လမ်းမှာ ပက်ပင်းတိုးတော့
ကျုပ်မျက်နှာကို ခပ်စိမ်းစိမ်းကြည့်ပြီး…

‘ဟာ အထက်လမ်းကိုယ်တော်ပါလား၊ ဒါပေမဲ့
မင်း အကောင် သိပ်သေးလွန်းနေတော့ ငါ မ
စားလောက်ဘူးကွ၊ မင်း ဆရာကြီးလောက်နဲ့မှ
တွေ့ချင်တာကွ၊ မှာလို့ရရင်မှာပေးစမ်းပါကွာ၊
ပညာချင်း နှီးနှောရတာပေါ့ ထွေးမောင်ရာလို့
ပြောသွားတယ်။ ကျုပ်လည်း သူ့ကို မယှဉ်ရဲ
တော့ ကုပ်နေလိုက်ရတာပေါ့ ဆရာကြီးရာ။
အခုလို ဆရာကြီးကိုယ်တိုင် ဆင်းလာပြီး ဒီလူ
ကို ဆုံးမတော့မယ်ဆိုတော့ ကျုပ် ဖြင့် ဝမ်းသာ
လိုက်တာ ဆရာကြီးရယ်”

“သေမင်းလို့ နာမည်ခံထားတဲ့ တင်ဖေဆိုတဲ့
ကောင်ဟာ လူတွေ သတ်ပစ်နေတာ မနည်း
တော့ဘူး ထွေးမောင်ရဲ့၊ ဒီကောင်ကို ဆုံးမဖို့
အထက်ပုဂ္ဂိုလ်ကြီးတွေက အမိန့်ချလိုက်ပြီး
ဒါကြောင့် ကျုပ် သေမင်းကို ရှာဖွေပြီး လိုက်
လာရတော့ပေါ့ကွာ၊ မနက်ဖြန်တော့ ကျုပ်
သေမင်းနေတဲ့ ရွာကို သွားရမယ် ထွေးမောင်။
အရင်ဆုံး ဒီကောင် မွေးပြီး ခိုင်းစားနေတဲ့ က
ညင်ပင်လေးပင်က သရဲလေးကောင်ကို အရင်
ဆုံး ဖမ်းချုပ်ထားရမယ်ကွဲ့၊ ဒါမှ အကြောင်းရှိ
လာရင် ဒီကောင်တွေ ဝင်ပြီးမကူညီနိုင်မှာ”

ဘိုးလူပေက ပြောတော့ ကျုပ် ဘိုးလူပေအ
တွက် နည်းနည်းစိုးရိမ်သွားတယ်ဗျ။

“ဆရာကြီး၊ သေမင်းဆိုတဲ့ အောက်လမ်းမှော်
ဝိဇ္ဇာကြီးက လူသတ်နေကျလူဆိုတော့ ဆရာ
ကြီး သတိတော်တော်ရှိမှ ရမယ်ထင်တယ်”

ကျုပ်က ဘိုးလူပေကို စိုးရိမ်လို့ ပြော
လိုက်တာဗျို့

“ဘာမှ မစိုးရိမ်ပါနဲ့ မောင်တာတေ၊ အထက်
ပုဂ္ဂိုလ်တွေ ကိုယ်တိုင် ကျုပ်ကို အစွမ်းတွေ
မြှင့်ပေးလိုက်တာပါ၊ ဒါပေမဲ့ ကျုပ်က သေမင်း
ကို အသေမသတ်ပါဘူး။ နောက်ထပ် လူမ
သတ်ဖို့ပဲ ကတိတောင်းမှာပါ၊ ကတိမပေးရင်
တော့ နောက်တစ်ဆင့် တက်ရမှာပေါ့လေ။
အဲဒါအခါကျရင်တော့ ပညာတွေ စွန့်ခိုင်းရမှာ
ပေါ့၊ ပညာမစွန့်ရင်တော့လည်း ကျုပ် လုပ်စ
ရာရှိတာ လုပ်ရတော့မှာပေါ့ကွယ်”

အဲဒီညမှာ ဆရာကြီးက လေးလေးထွေးမောင်
ကို အင်းတွေ ထပ်တိုက်ပြီး ပညာမြှင့်ပေးတယ်။
ကျုပ်ကိုလည်း အင်းတစ်ချပ်တိုက်တယ်။ ပြီး
တော့ လေးလေးထွေးမောင်ရော ကျုပ်ရော ပု
တီးစိပ်ကြရတယ်။

နောက်နေ့မနက် အစောကြီးထပြီး ကျုပ်တို့သုံး
ယောက် သေမင်းနေတဲ့ရွာကို သွားကြတယ်။
ရွာထိပ်က ကညင်ပင်ကြီးလေးပင် ရှိတဲ့ နေရာ
ကိုတန်းသွားပြီး ဘိုးလူပေက အမိန့်ပြန်လိုက်
တယ်။ကျုပ်က မျက်ကွင်းဆေး ကွင်းထားတော့
အားလုံးကို မြင်နေရတာပေါ့ဗျာ။ ကျုပ်တို့ က
ညင်လေးပင်ကို ရောက်တဲ့အချိန်က မိုးမလင်း
သေးဘူးဗျ။ မှောင်တုန်းပဲ ရှိသေးတာ။

ဘိုးလူပေ အမိန့်ပြန် မပြန်ခင် ကညင်ပင်ကြီး
တစ်ပင်စီရဲ့ အောက်မှာ ရေဖလားတွေနဲ့ ရေ
တစ်ခွက်စီ ချထားရတယ်ဗျ။ ပြီးတော့မှ ဘိုးလူ
ပေက ကညင်ပင်တစ်ပင်စီမှာနေတဲ့ သက်တမ်း
ရင့် သရဲကြီးတွေကို အမိန့်ပြန်ပြီး ခေါ်တာဗျ။

“ပထမံပုဂ္ဂိုလ်ကြီးတွေရဲ့ အမိန့်ကို ငါဆရာ ဘိုး
လူပေက ထပ်ဆင့်အမိန့်တော် ပြန်လိုက်တယ်။
ကညင်လေးပင်မှာ နေထိုင်သော သက်တမ်းရင့်
သက်တမ်းရှည် သဘက်ကြီးလေးကောင် အခု
ချက်ချင်း ကညင်ပင်ခြေရင်းမှာ ဘွားကနဲ ပေါ်
လာပြီး အမိန့်နာခံစေ”

ဘိုးလူပေ အမိန့်ဆုံးတာနဲ့ လူသုံးဖက်စာလောက်
ရှိတဲ့ ကညင်ပင်ကြီးတွေထဲက ထွက်လာသလို
ပေါ်လာတာဗျို့။နဲတဲ့ အကောင်ကြီးတွေမှ မဟုတ်
တာဗျာ။ အမှတ်တမဲ့ကြည့်ရင် ကညင်ပင်ကြီးတွေ
လို့တောင် ထင်မိစရာကြီးတွေဗျာ။

တစ်ကိုယ်လုံး အမွေးမည်းမည်းကြီးတွေ ဖုံးနေ
တာဗျ။ ခြေထောက်ကြီးတွေက ထန်းပင်လုံး
လောက် ရှိတယ်ဗျို့။ ခေါင်းကြီးတွေက ရာဝင်
ပုတ်လောက်ကြီးတွေဗျ။ တွဲလောင်းကျနေတဲ့
လျှာနီနီကြီးတွေက ဖျာချပ်ကြီးတွေလောက်ရှိ
တာဗျ။ မျက်လုံးကြီးတွေက ခြင်းလုံးလောက်
နီနီကြီးတွေဗျို့။ နားရွက်ကြီးတွေက ဂွမ်းစောင်
ကြီး တစ်ထည် ဖြန့်ထားတာလောက်ကို ရှိတာ
ဗျ။ ကညင်ပင်ကြီးတွေ အောက်မှာ မားမားကြီး
တွေ ရပ်နေကြတာဗျ။

“ငါဆရာကို တွေ့လျက်နဲ့တောင် ခုထိ အရိုအ
သေ မပေးကြသေးဘူးလားကွ”

ဘိုးလူပေရဲ့စကားဆုံးတာနဲ့ သဘက်ကြီးလေး
ကောင်က မြေကြီးပေါ်ကို ဒူးတုပ်ပြီး ထိုင်ချ
လိုက်ကြတယ်

“ဘုတ်” “ဘုတ်” “ဘုတ်” “ဘုတ်”

“သင်တို့လေးကောင် သေသေချာချာ နားထောင်
ကြ၊ ပထမံပုဂ္ဂိုလ်ကြီးတွေရဲ့ အမိန့်၊ ငါဆရာရဲ့
ထပ်ဆင့်အမိန့်၊ လေးပင်ရွာမှာ ရှိနေတဲ့ အောက်
လမ်းမှော်ဝိဇ္ဇာ ခိုင်းစေသမျှကို အခုချိန်က စပြီး
ဘာတစ်ခုမှ လုပ်မပေးရ၊ လုပ်မပေးပါဘူးလို့
ကတိပြုကြမလား”

သဘက်ကြီးလေးကောင်က ခေါင်းညိတ်
ပြကြတယ်ဗျ။

“မောင်တာတေ၊ သူတို့ ခေါင်းညိတ်ပြတာ
မင်းမြင်ရတယ်မို့လား၊ မျက်ကွင်းဆေးကော
ကွင်းခဲ့ရဲ့လား”

“ကွင်းခဲ့ပါတယ် ဆရာကြီး၊ မြင်ရပါတယ်၊ ခေါင်း
ညိတ်ပြနေကြပါတယ်”

“ကောင်းပြီ၊ သင်တို့အနားမှာ ချထားတဲ့ ရေခွက်
တွေကို ယူပြီးသောက်ကြပေတော့၊ အဲဒါ သစ္စာ
ရေပဲ၊ သင်တို့ ကတိပျက်ကွက်ခဲ့ရင်တော့ သင်
တို့ ခံကြပေမယ်။ ကတိတည်ရင်တော့ ပထမံ
ပုဂ္ဂိုလ်ကြီးတွေရဲ့ မေတ္တာကို ခံယူပြီး ဘဝတစ်
ဆင့် မြင့်ကြလိမ့်မယ်၊ ကဲ သောက်ပေတော့”

ဟာ၊ သောက်တယ်ဗျို့။ သောက်တယ်၊ သ
ဘက်ကြီးလေးကောင်က ဒူးတုပ်လျက်ကြီးတွေ
နဲ့ ရေခွက်တွေကို ယူပြီး မော့သောက်ကြတယ်
ဗျာ။ ဘိုးလူပေတို့ရဲ့အမိန့် ပြင်းထန်ချက်က
တော့ ကျုပ်မျက်မြင်ပါပဲဗျာ။

“ကဲ သစ္စာရေ သောက်ပြီးရင် သင်တို့နေရာဌာန
ကို သင်တို့ ပြန်နိုင်ကြပါပြီ”

ဟော ပျောက်သွားပြီဗျို့။ သဘက်ကြီးတွေ မတ်
တတ်ထရပ်လိုက်ပြီးတာနဲ့ ပျောက်သွားတာဗျို့။
ကျုပ်စိတ်ထင်တော့ ကညင်ပင်ကြီးတွေအထဲ
ကို ဝင်သွားတယ်ထင်တာပဲဗျာ။

“ကဲ ပြန်ကြစို့ဟေ့၊ အရင်လုပ်ရမယ့်ကိစ္စက
တော့ လုပ်ပြီး သွားပြီ”

ကျုပ်တို့ ထန်းပင်ကုန်းကို ပြန်ရောက်တဲ့အထိ
မိုးမလင်းသေးဘူးဗျ။

မနက်မိုးလင်းတော့ လေးလေးထွေးမောင်ရဲ့
ဇနီး အရီးလေးလုံးကြည်က ကောက်ညှင်း
ပေါင်းကို နှမ်းထောင်းလေးနဲ့ ကျွေးတယ်ဗျ။
အငွေ့တထောင်းထောင်းနဲ့ကောက်ညှင်းပေါင်း
က စားလို့ကောင်းလိုက်တာဗျာ။ လေးလေး
ထွေးမောင်နဲ့ အရီးလေး မလုံးကြည်မှာ သားနှစ်
ယောက် ရှိတယ်ဗျ။ အငယ်က ကျုပ်နဲ့ ရွယ်တူ
လောက် ရှိမယ်။အကြီးက ကျုပ်ထက် ကြီးတယ်
ဗျ။ ကျုပ်တို့ ကောက်ညှင်းပေါင်း စားနေတုန်း
မှာ ဝိုင်းဝက ခေါ်သံ ကြားလိုက်တယ်ဗျ။

“ကိုထွေးမောင်၊ ကိုထွေးမောင်၊ ဒီမှာ စာပေး
ခိုင်းလို့ဗျ”

“ဘယ်သူက ပေးခိုင်းတာတုံးကွ တောင်ညိုရ”

“လေးပင်ရွာက လူတစ်ယောက် လာပေးသွား
တာဗျ။ အရေးကြီးတယ် မြန်မြန်ပေး,ပေးပါဆို
လို့ ကျုပ် ချက်ချင်းလာခဲ့တာ”

လေးလေးထွေးမောင်က ချက်ချင်းသွားပြီး စာ
ကို ယူလိုက်တယ်။ အိမ်ပေါ်ရောက်တာနဲ့ စာ
ကို ချက်ချင်း ဖတ်လိုက်တယ်။

ထွေးမောင်

မင်းဆရာကြီး ရောက်နေတယ်မို့လား။ ကညင်
လေးပင်က ငါ့တပည့်တွေကို အမိန့်ပြန်ပြီး ချုပ်
ထားလိုက်ပြီဆိုတာ ငါသိတယ်။ မင်းဆရာကြီး
ကို ပြောလိုက်၊ သေမင်းကို စိန်ခေါ်တဲ့လူတွေ
အရှင်တစ်ယောက်မှ မရှိဘူးလို့။ အခုအချိန်က
စပြီး ငါ့ဘက်က တိုက်ပြီ။

သေမင်း

လေးလေးထွေးမောင်က စာကို ဖတ်ပြလိုက်
တော့ ဆရာကြီး ဘိုးလူပေက ခေါင်းညိတ်တယ်။

“ကောင်းတာပေါ့ကွယ်၊ မြန်မြန်စတော့ မြန်မြန်
ပြီးသွားတာပေါ့ တပည့်ရယ်၊ ကဲ မောင်တာတေ
တို့၊ ထွေးမောင်တို့ သတိထားနေကြပေတော့”

“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”

“ဆရာကြီး၊ ဆရာကြီး၊ ကျုပ်တို့ရွာပေါ်မှာ လင်း
တနှစ်ကောင် ဝဲနေတယ်တော့်”

အရီးလေး လုံးကြည်က လာပြောတာဗျ။ ဘိုးလူ
ပေက ခဏငြိမ်ပြီး စဉ်းစားလိုက်တယ်။ ပြီးတော့
တန်းပြောတာဗျို့။

“အို…သေမင်းရဲ့မယားနှစ်ယောက်စလုံးမှာ စုန်း
မတွေ ဖြစ်နေပါရောလား”

“ရွှေမှုံတို့ စိန်ကြည်တို့က စုန်းမတွေ ဖြစ်နေတာ
ကိုး။ လေးပင်ကလူတွေကတော့ ပြောသား၊ ရွှေ
မှုံရှေ့မှာ မထေမဲ့မြင် မလုပ်နဲ့၊ လုပ်ရင် လူးလှိမ့်
ပြီး အော်သွားရမယ်တဲ့၊ ကျုပ်က ရွှေမှုံ စုန်းမဖြစ်
သွားတယ်ဆိုတာကို မယုံတာ ကိုထွေးမောင်ရေ”

“ဆရာကြီး ဘယ်လိုလုပ်ကြမတုံး”

လေးလေးထွေးမောင်က ပြောတာဗျ။ ဘိုးလူ
ပေက လက်ဝါးလေးကာပြီး ပြောတယ်ဗျ။

“ဘာမှမပူနဲ့ ထွေးမောင်၊ ကျုပ်တို့ထွက်မယ့် လမ်း
တစ်လျှောက်မှာ စုန်းတွေရဲ့စက်တွေ ဖြန့်နေတာ
ကွဲ့။ စုန်းမတွေရဲ့ စက်လောက်ကတော့ ကျုပ်
တောင် လုပ်စရာမလိုပါဘူးကွာ။ မင်းလုပ်တာနဲ့
တင် ပြီးပါတယ်။ မင်းက ဒီလိုပွဲမျိုး တစ်ခါမှ မ
တိုးဘူးလို့ပါ။ စက်ဖြတ်ဂါထာ ရတယ်မို့လား၊
အဲဒါရွတ်ပြီး လက်နဲ့ ယမ်းလိုက်ရင် စုန်းမတွေ
ရဲ့ စက်တွေ ပြတ်တောက်သွားလိမ့်မယ် ထွေး
မောင်ရဲ့၊ အသာနေပါကွယ်၊ သေမင်း ဒေါသူ
ပုန်ထနေပါပြီ၊ ကျုပ်တို့အလာကိုတောင် သူ
စောင့်မှာမဟုတ်ပါဘူး၊ ဒီညပဲ သေမင်း ကျုပ်
ဆီကို လာပါလိမ့်မယ်”

“ဒါဆိုရင် ဆရာကြီး ဒီရွာကပဲ စောင့်မှာပေါ့”

ကျုပ်က ဆရာကြီးကို မေးလိုက်တာဗျ။ ဆရာ
ကြီးက ခေါင်းခါပြပြီး…

“ကျုပ် ဒီမှာနေရင် ဒီရွာ နာသွားမှာကွဲ့ မောင်
တာတေရဲ့၊ လေးပင်ရွာထိပ်က ကျုပ်သွားစောင့်
မှာပေါ့၊ ညမိုးချုပ်တာနဲ့ ကျုပ်တို့သွားကြမယ်”

ညစာကို ကျုပ်တို့ စောစောစားထားကြတယ်ဗျ
မိုးချုပ်တာနဲ့ ဆေးလွယ်အိတ်တွေ တစ်ယောက်
တစ်လုံးလွယ်ပြီး ဘိုးလူပေရယ်၊ လေးလေးထွေး
မောင်ရယ်၊ ကျုပ်ရယ် ထန်းပင်ကုန်းက ထွက်
ခဲ့တယ်၊ လေးပင်ရွာထိပ်က ကညင်ပင်ကြီးလေး
ပင် ရှိတဲ့ နေရာကနေ ကျုပ်တို့စောင့်နေတယ်။

လေးပင်ရွာထဲက တစ်ချက် တစ်ချက် ခွေးဟောင်
သံတွေ ကြားနေရတယ်။ တခြားတော့ ဘာမှမထူး
ခြားသေးဘူးဗျ။ ညရှစ်နာရီကျော်လောက်ရှိတော့
လေးပင်ရွာရဲ့ အနောက်ဘက်သင်္ချိုင်းကုန်းကနေ
မီးလုံးကြီးနှစ်လုံး ပျံတက်လာတယ်ဗျို့။ ကျုပ်တို့
ရှိတဲ့ ကညင်လေးပင်ကို တန်းပြီးပျံလာတာဗျ။ ဒါ
ပေမဲ့ ကျုပ်တို့နား မရောက်ခင် ဘေးကို ကွေ့ပြီး
ပျံသွားတယ်။ လေးပင်ကုန်းလို့ ခေါ်တဲ့ ကညင်
ပင်ကြီးတွေရှိတဲ့ ကုန်းကို ပတ်ပြီးဝဲနေတာဗျို့။

“ဝီ” “ဝီ” “ဝီ” “ဝီ”

“အဲဒါ သေမင်းရဲ့ မယားနှစ်ယောက်ပဲကွဲ့၊ ကျုပ်
တို့ရောက်နေမှန်းသိလို့ လာပြီးထောက်လှမ်းတာ
ကွဲ့၊ ခဏနေရင် သူတို့လင် သေမင်း ရောက်လာ
လိမ့်မယ်”

စုန်းမီးလုံးကြီးနှစ်လုံးက လေးပင်ကုန်းကို ပတ်
ပြီးဝဲနေတုန်းပဲဗျ။ ဒီတုန်းမှာပဲ လေးပင်ရွာရဲ့
မြောက်ဘက်က ထွက်လာတဲ့ မည်းမည်းအရိပ်
တစ်ခုကို တွေ့လိုက်တယ်

“ဆရာကြီး ရွာမြောက်ဘက်က လာနေတာ
သေမင်း ထင်တယ်ဗျ”

“သိပ်ဟုတ်တာပေါ့ မောင်တာတေ၊ ကဲ ထွေး
မောင် ဟောဒီအင်းချပ်ကို ယူထား၊ မောင်တာ
တေက ဟောဒီအင်းချပ်ကို ယူထား၊ အဲဒါ မှော်
ဝင်ကြီးအင်းလို့ ခေါ်တယ်ကွဲ့။ မင်းတို့နှစ်
ယောက် ဘယ်နဲ့ညာက ညှပ်ပြီး ပစ်ကြပေတော့
ကျုပ်က အချက်ပေးမှ ပစ်နော်၊ ပစ်ပြီးတာနဲ့
နောက်ကို မြန်မြန်ဆုတ်၊ ဝါးတစ်ပြန်လောက်
ဆုပ်လိုက် ကြားကြလား”

ဘိုးလူပေက လေးလေးထွေးမောင်နဲ့ ကျုပ်ကို မှော်ဝင်ကြီးအင်း တစ်ချပ်စီအပ်လိုက်ပြီးတော့
သိပ်မကြာလိုက်ဘူးဗျ၊ သေမင်းလို့ခေါ်တဲ့ လူ
သတ်သမား အောက်လမ်းမှော်ဝိဇ္ဇာက လေး
ပင်ကုန်းနားကို ရောက်လာတယ်။ ဘိုးလူပေ
က ပထမံပုဂ္ဂိုလ်ကြီးတွေကို တိုင်တည်အ
ကြောင်းကြားလိုက်တယ်။ ပြီးတာနဲ့ သေမင်း
ရှိတဲ့ဆီကို တစ်လှမ်းချင်း ထွက်သွားတယ်ဗျ။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”

ကောင်းကင်မှာ ဝဲနေတဲ့ စုန်းမီးလုံးကြီး နှစ်
လုံးကလည်း မြေပြင်ပေါ်ကို ထိုးဆင်းလာ
တယ်ဗျို့။သေမင်းရဲ့ တစ်ဖက် တစ်ချက်စီမှာ
မိန်းမနှစ်ယောက်ပုံစံ ဘွားကနဲ ပေါ်လာတယ်
ဗျို့။ စုန်းမီးလုံးကြီးတွေကနေ စုန်းမတွေ ဖြစ်
သွားတာပေါ့ဗျာ။ ဆံပင်ဖားလျားချထားတဲ့
စုန်းမနှစ်ယောက်က သေမင်းရဲ့ ရှေ့ကို
ထွက်လာတယ်ဗျ။

“မိုက်လိုက်တဲ့ ကလေးတွေ၊ အဝီစိသွားရ
မယ့် ပညာယုတ်တွေကို ဘာလို့များ သင်
ကြရတာတုံးကွယ်”

“ဟဲ့ မသာကောင်၊ အပိုစကားတွေ ပြောမနေနဲ့၊
ဟောဒီမှာ ငါတို့စက်၊ ခံနိုင်ရင် ခံကြည့်လိုက်”

ဟာ စုန်းမတွေ စက်လွှတ်ပြီဗျို့။ အရောင်လေး
တွေ တလက်လက်နဲ့ ဘိုးလူပေဆီကို စုန်းမနှစ်
ယောက်ရဲ့စက်တွေ ပြေးလာတယ်။ ဘိုးလူပေ
က လက်ဝါးနှစ်ဖက်ဖြန့်ပြီး ပြေးလာတဲ့ စက်တွေ
ကို တွန်းထုတ်သလို လုပ်လိုက်တယ်ဗျို့။

“ဝုန်း၊ ဝုန်း”

ပြေးလာတဲ့စက်တွေက စုန်းမတွေဆီကို တန်
ပြန်ပြီး ဝုန်းကနဲ မြည်သံနဲ့အတူတူ မီးခိုးလုံး
ကြီးနှစ်လုံး ထသွားတယ်ဗျို့။ မီးခိုးလုံးတွေ
ပြယ်သွားတော့ မြေကြီးပေါ်မှာ ခွေခွေလေး
လဲနေတဲ့ စုန်းမနှစ်ယောက်က ဆန့်ငင် ဆန့်
ငင် ဖြစ်နေကြတာဗျို့။

“မသာမတွေ သေတာတောင် နည်းသေးတယ်၊
ရန်သူကို လျှော့တွက်တာကိုး၊ နင်တို့နှစ်ယောက်
စက်တွေကို ပေါင်းပြီး တိုက်ရတယ်ဟဲ့”

သေမင်းက သူ့မယားနှစ်ယောက်ကို ဒေါသတ
ကြီး အော်ဟစ်နေတာဗျ။ ဒါပေမဲ့ စုန်းမနှစ်
ယောက်ကတော့ မြေကြီးပေါ်က နေပြီး ထကို
မလာနိုင်တော့ဘူးဗျ။ သေမင်းက ရှေ့ကို ပြေး
ထွက်လာပြီး ဘိုးလူပေကို မြွေတွေနဲ့ ပစ်တယ်
ဗျ။ သူ့လက်နှစ်ဖက်ကို လေထဲတစ်ချက် ဝှေ့
လိုက်ရင် မြွေတစ်ကောင် ပါလာတာဗျ။

အဲဒီမြွေနဲ့ ဘိုးလူပေကို ပစ်တာဗျို့။ဘိုးလူပေက
လက်နဲ့ပဲယမ်းလိုက်တော့သေမင်းပစ်တဲ့ မြွေက
ဘိုးလူပေဆီကိုတစ်ကောင်မှ ရောက်မလာဘဲ
လမ်းမှာတင်ပြုတ်ကျပြီး ကြိုးပိုင်းတွေ ဖြစ်သွား
တယ်ဗျ။ ခဏနေတော့ သေမင်းက အပေါ်ကို
ခုန်လိုက်တာ စွန်ရဲကြီး ဖြစ်သွားပြီး ကောင်း
ကင်မှာ ပျံနေရောဗျို့။

ကျုပ်မြင်ဖူးသမျှ အောက်လမ်းထဲမှာတော့ ဒီ
လူ အစွမ်းအထက်ဆုံးပဲဗျ။ ကျုပ်စိတ်ထင်
တော့ ကောင်းကင်ကနေ တစ်ရှိန်ထိုး ထိုး
ဆင်းလာပြီး ဘိုးလူပေကို ဇီဝိန်ချွေဖို့ ကြံတာ
ဖြစ်မယ်ဗျ။ ကောင်းကင်မှာ လလေးက တစ်
ခြမ်းသာနေတော့ စွန်ရဲရဲ့အရိပ်က မြေကြီး
မှာ ကျနေတာပေါ့ဗျာ။ ဘိုးလူပေက အဲဒီ
အရိပ်ကို ပြေးပြီး ဖနောင့်နဲ့ ပေါက်ချလိုက်
တော့ လေထဲမှာ ဝဲနေတဲ့ စွန်ရဲကြီး တလိမ့်
ခေါက်ကွေး ပြုတ်ကျလာရောဗျို့။

“ဘုန်း”

မြေကြီးပေါ်ကို ကျတော့ အောက်လမ်းဝိဇ္ဇာ
သေမင်းဆိုတဲ့လူ လူးလှိမ့်နေရောဗျို့။

“ထွေးမောင်နဲ့ မောင်တာတေ အင်းပစ်တော့”

လေးလေးထွေးမောင်က တစ်ဖက်၊ ကျုပ်က
တစ်ဖက် ကျုပ်တို့လက်ထဲမှာ ကျစ်နေအောင်
ဆုပ်ထားတဲ့ မှော်ဝင်ကြီးအင်းတွေနဲ့ ပြိုင်တူ
ပစ်ချလိုက်ရောဗျို့။

“ဝုန်း” “ဝုန်း”

အင်းတွေနဲ့လည်း ပစ်လိုက်ရော မီးခိုးလုံးကြီး
တွေ ထပြီး ဘာမှမမြင်ရတော့ဘူးဗျို့။ မီးခိုး
တွေ ပြယ်သွားတော့ သေမင်းက မြေကြီးပေါ်
မှာ ငုတ်တုတ်ကြီး ထိုင်နေတာဗျို့။ ဘိုးလူပေ
က ဒီအခွင့်အရေးကို လက်လွတ်ဘယ်ခံမှာတုံး
ဗျာ။ လက်ထဲမှာ အသင့်ကိုင်ထားတဲ့ ကဝေ
ပိုက်နဲ့ ပစ်လိုက်တယ်။ လရောင်အောက်မှာ
ဖြာထွက်သွားတဲ့ ပိုက်ကွန်ဖြူဖြူလေးက မှော်
ဝိဇ္ဇာကို အုပ်မိသွားတယ်ဗျို့။

သေမင်းက ဒေါသတကြီးနဲ့ အော်တာဗျ။

“ဟေ့ကောင်၊ မင်း ငါ့ကို သတ်လိုက်၊ ငါက
သေရမှာ ကြောက်တဲ့ကောင် မဟုတ်ဘူးကွ၊
ငါ သတ်ခဲ့တဲ့လူတွေ ရေတောင် မရေနိုင်
တော့ဘူးကွ၊ ငါက သတ်လည်း သတ်ရဲတယ်
သေလည်း သေရဲတယ်”

“သေမင်း နားထောင်၊ မင်း လူသတ်တဲ့အလုပ်
ကို စွန့်လွှတ်မယ်လို့ ကတိပေးပါ၊ ငါ မင်းအ
သက်ကို ချမ်းသာပေးမယ်”

“ဟေ့ကောင်၊ အခု သတ်ပစ်လိုက်၊ မင်းကို
ငါ ဘာကတိမှ မပေးနိုင်ဘူး၊ ငါ့ဟာင် လူသတ်
ချင် သတ်မယ် မင်းနဲ့ ဘာဆိုင်လို့တုံး”

ဘိုးလူပေက ဆွဲထားတဲ့ ပိုက်ကွန်ကနေ စက်
တွေ လွှတ်လိုက်တယ်။ ဘိုးလူပေ လွှတ်လိုက်
တဲ့ စက်တွေက အရောင်တွေ လက်ကနဲ လက်
ကနဲ ဖြစ်ပြီး မှော်ဝိဇ္ဇာကို အုပ်ထားတဲ့ ပိုက်ကွန်
တစ်ခုလုံးကို ပြန့်သွားတယ်ဗျို့။

“အောင်မယ်လေးဗျာ၊ ပူလှချေရဲ့ဗျာ”

“ဟေ့ကောင် သေမင်း၊ မင်းရဲ့ ပညာတွေကို စွန့်ပစ်ပါ့မယ်လို့ ကတိပေးရင် မင်းကို ငါ အ
သက် ချမ်းသာပေးမယ်”

“ဟား၊ ဟား၊ ဟား၊ ဟား၊ လူတွေရဲ့ အသက်ဇီ
ဝိန်ကို ချွေတဲ့ သေမင်းဆိုတဲ့ကောင်က ဘယ်
သူ့ဆီမှာမှ အရှုံးမပေးဘူးကွ၊ ဒီပညာတွေကို
သံသရာတစ်လျှောက်လုံး ငါ ယူသွားမှာကွ
နားလည်လား”

ဘိုးလူပေ ခေါင်းခါလိုက်တယ်ဗျ။

ခဏနေတော့ သူ့လက်ဝါးတစ်ဖက်ကို ထောင်
လိုက်ပြီး လက်ဝါးအလယ်က အလင်းစက်က
လေးတစ်စက် ထွက်သွားပြီး ပိုက်ကွန်အောက်
မှာ မိနေတဲ့ အောက်လမ်းမှော်ဝိဇ္ဇာ သေမင်း
ဆီကို ပြေးထွက်သွားတယ်ဗျ။

” အား၊ အား၊ အား”

အောက်လမ်းမှော်ဝိဇ္ဇာရဲူ့ အသံနက်ကြီးနဲ့ အော်
တဲ့အသံက ညအမှောင်ထဲကို သိသိသာသာကြီး
ကို ပြန့်သွားတာပေါ့ဗျာ။ ဘိုးလူပေက ကဝေပိုက်
ကွန်ကို ချက်ချင်းဆွဲပြီး သိမ်းလိုက်တယ်။ သေ
မင်းက မြေကြီးပေါ်မှာ လူးပျံပြီး အော်နေတာပေါ့
ဗျာ။ ခဏနေတော့ သေမင်းရဲ့ကိုယ်က မီးခိုးတွေ
ထွက်လာရောဗျို့။

“ဝုန်း”

ဟာ မီးတောက်ကြီး ထတောက်ပြီဗျို့။

“အား”

အသံနက်ကြီးနဲ့ သေမင်းက တစ်ချက် ကြုံး
အော်လိုက်ပြီး တဖြည်းဖြည်း ငြိမ်သွားရောဗျို့

“ဝုန်း”

ဟာ မီးတောက်ကြီး ထပ်တောက်လာပြန်ပြီ
ဗျို့။ အပူရှိန်က တော်တော်ပြင်းလာတာဗျ။

“မောင်တာတေရော ထွေးမောင်ရော နောက်
မြန်မြန် ဆုတ်ကြ၊ ဒါ ငရဲမီးတောက် ထတာကွ”

ကျုပ်ရော လေးလေးထွေးမောင်ရော ဘိူးလူ
ပေရော နောက်ကို ဝါးတစ်ပြန်လောက် ဆုတ်
လိုက်ကြတယ်။ မီးတောက်ကြီးက အပေါ်ကို
ဆယ်ပေလောက်အထိ တက်သွားပြီး သေမင်း
ကို လောင်မြိုက်သွားရောဗျာ။ သိပ်မကြဘူးဗျ။
မီးတောက်ကြီးက မြေကြီးထဲကို ဝုန်းကနဲ ပြန်
င်သွားတယ်ဗျ။ စောစောက သေမင်းလောင်
မြိုက်သွားတဲ့ နေရာမှာ ပြာတောင်မကျန်ခဲ့ဘူး
ဗျ။ ကျုပ်ကတော့ ကဝေတွေ၊ အောက်လမ်း
ကြီးတွေ သေရင် အဝီစိက ငရဲမီးတောက်
တက်ပြီးလောင်တာကို ဆရာကြီး ဒေါက်တာ
မင်းအောင်နဲ့ လိုက်ခဲ့စဉ်ကလည်း တွေ့ဖူး
ခဲ့တာပေါ့ဗျာ။

ဘိုးလူပေက သတိလစ်နေတဲ့ စုန်းမနှစ်ယောက်
ကို သတိရအောင်လုပ်ပေးပြီး သူတို့လင် သေ
မင်း ဘာဖြစ်သွားတယ်ဆိုတာ ပြောပြတယ်။
အဝီစိကို ရောက်သွားပြီ ဆိုတာကို စုန်းမတွေ
ကြောက်လာအောင် ပြောပြတယ်။ စုန်းမနှစ်
ယောက်လည်း တော်တော်ကို ကြောက်သွား
ပုံ ရတယ်ဗျ။

“ဆရာကြီးရယ်၊ ကျမက ဒီပညာတွေကို နဂို
တည်းက မယူချင်ပါဘူးရှင်၊ ကိုတင်ဖေက ရိုက်
ပုတ်ပြီး အတင်းယူခိုင်းလို့ ယူခဲ့ရတာပေါ့ရှင်”

“ကျမလည်း ဒီလိုပါပဲ ဆရာကြီးရယ်။ ကျမတို့
ကို ကယ်ပါဦး ဆရာကြီးရယ်”

မရွှေမှုံရော မစိန်ကြည်ရောက ငိုပြီးပြောတာ
ဗျ။ သူတို့လင် သေသွားတာကို နည်းနည်းမှ
ဝမ်းနည်းပုံ မပေါ်ဘူးဗျ။ အခုမှ ဝဋ်ကျွတ်ပြီ
ဆိုပြီး ဝမ်းသာနေပုံပဲဗျ။

“မရွှေမှုံ၊ ခင်ဗျားက ရွာကလူတွေကို ပြုစား
တယ်ဆို”

လေးလေးထွေးမောင်က ဝင်ပြီးမေးတာဗျ။

“အဲဒါတွေ အားလုံးဟာ ကိုတင်ဖေ လုပ်ခိုင်းလို့
ကျမ လုပ်ခဲ့ရတာပါရှင်၊ ကျမ လုပ်ချင်လို့ လုပ်
ခဲ့တာတွေ မဟုတ်ပါဘူးရှင်”

နောက်ဆုံးတော့ ဘိုးလူပေနောက်ကို လိုက်ခဲ့
ကြပြီး လေးလေးထွေးမောင်တို့အိမ်က ဘုရား
စင်ရှေ့မှာပဲ ပညာတွေ စွန့်လိုက်ကြတယ်။
အောက်လမ်းမှော်ဝိဇ္ဇာ သွင်းထားတဲ့ ပညာ
ဘူးတွေကို ဘိုးလူပေရှေ့မှာပဲ အန်ထုတ်
လိုက်ကြတယ်ဗျို့။

အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်
ဆည်းကပ်ပါမယ်လို့ သရဏဂုံ ပြန်ပြီးတည်
ဆောက်ကြတယ်။

နောက်နှစ်ရက်မှာ သေမင်းနေတဲ့အိမ်တွေကို
ဘိုးလူပေ ကြွသွားပြီး အောက်လမ်းစက်တွေ၊
ပညာတွေကို အားလုံးဖျက်ဆီးပစ်လိုက်တယ်
ဗျ။ လေးပင်ရော၊ သီးပင်ကုန်းကလူတွေရော
ဘိုးလူပေကို လာပြီး ကန်တော့ကြတယ်ဗျ။

သူတို့ရွာတွေမှာ မော့မကြည့်ရဲလောက်အောင်
မင်းမူနေတဲ့ လူသတ်အောက်လမ်းမှော်ဝိဇ္ဇာကြီး
မရှိတော့လို့ အားလုံး ပျော်နေကြတာပေါ့ဗျာ။

ဘိုးလူပေကလည်း အားလုံးကို သရဏဂုံတည်
ကြဖို့၊ ငါးပါးသီလ လုံအောင် ထိန်းကြဖို့၊ တစ်
ဆင့်တက်ပြီး ဝိပဿနာ အားထုတ်ကြဖို့ ဟော
ပြောခဲ့တယ်ဗျ။ ဘိုးလူပေနဲ့ ကျုပ် ပြန်တော့
လှည်းနဲ့ လိုက်ပို့ကြတယ်။

ကားလမ်းရှိတဲ့ နေရာရောက်တော့ ကျုပ်တို့
ဆရာတပည့် ကားစီးပြီး ပြန်ခဲ့ကြတယ်။ မြို့
ရောက်တော့ ဘိုးလူပေက မန္တလေးဘက်
ကို ထွက်သွားပြီး ကျုပ်က ရွာကားစီးပြီး
ရွာပြန်ခဲ့တယ်။

ထနောင်းကုန်းကို ကျုပ်ပြန်ရောက်တော့
ကျုပ်ကို မျှော်နေတဲ့ အဘနဲ့ အမေကို
သေမင်းအကြောင်း ပြောပြလိုက်ရတော့
ပေါ့ဗျာ။

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူများ ကျန်းမာရေးဂရုစိုက်ကြပါ