မောင်ဘထစ်

ပြန်ယူမယ် ကဲ
ဘယ်လိုလဲ”

“ဟေ့..ဟေ့..ကောင်..ကောင်..မျက်..မျက်.
မှေး..မှေး..ငါ..မင်း..မင်းကို. .စ..မဟုတ်.
ဟုတ်. ဘူး၊ သီ..သီ..ချင်းပါ..ဆို..ပြ..ပြ..
လိုက်.ဦးမယ်”

“အေး မင်း တကယ်နော်၊ ဒီမှာ ငွေတစ်ကျပ်၊
ငါ တာတေကို အပ်လိုက်ပြီနော်”

“ကဲ ဘထစ်ရေ ဆိုပေတော့၊ မထစ်မှ ဒီတစ်
ကျပ် မင်းရမှာနော် ဟေ့ကောင်”

ကျုပ်က ဘထစ်ကို ငွေတစ်ကျပ် ထောင်ပြ
ရင်း ပြောလိုက်တယ်ဗျ

“ကဲ ..ကဲ..ငါ..ငါ..စ..စ..ဆို..ပြီ..ပြီနော်”

“အေးပါ စပါ စပါ အဆိုတော် မောင်ဘ
ထစ်ရာ”

ဘထစ်က ခေါင်းကလေး နည်းနည်းငဲ့လိုက်
ပြီး စဆိုတယ်ဗျ

“ပန်းနွယ်ကစိမ်း၊ စိမ်းတယ်၊ စုံနံ့သာမြိုင်
ရှာပုံဖွင့်ပါလို့ရယ်၊ ရင်နင့်အောင် ချစ်ရှာခဲ့
သူ၊ အပူတပြင်းရှာဖွေ……”

ဟာ အာဂဘထစ်ပဲဗျို့။ စကားပြောတာသာ
ထစ်တာဗျို့။ သီချင်းဆိုတော့ တစ်ချက်မှကို
မထစ်တာဗျာ။ ကျုပ်တို့အားလုံး အံ့သြပြီး ဘ
ထစ်ကို ငေးကြည့် နေကြရတာပေါ့ဗျာ။ တွံ့
တေးသိန်းတန်းသီချင်းကို အစအဆုံးကို ဟဲ
တော့တာဗျို့။ အံ့ပါဗျာ၊ သီချင်းလည်းဆုံးရော
ဘထစ်က…

“ဟေ့…ဟေ့..ကောင်..တာ..တာ..တေ..တေ.
..ပေး…ပေး..တစ်…ကျပ်..ကျပ်”

“ဟား ဟား ဟား ဟား ဟား”

ကျုပ်တို့တွေဆိုတာ ရယ်လိုက်ကြရတာဗျာ။
မျက်ရည်တွေ ဘာတွေတောင် ထွက်လို့ဗျို့၊
ငွေတစ်ကျပ် ရှုံးသွားတဲ့ မျက်မှေးတောင်မှ
သဘောကျလွန်းလို့ ရယ်လိုက်တာဗျာ။
မပြောပါနဲ့တော့။

“ဘထစ်ရာ သီချင်းဆိုတာတောင် မထစ်
ဘဲနဲ့၊ စကားကိုလည်း မထစ်အောင် ပြော
ပါလားကြာ”

“ဟာ.. ဟာ..မ..မ.မ.ရ.ရ..ဘူး..ကြ..ကြ”

သူငယ်ချင်းတွေ အားလုံးထဲမှာ ဘထစ်က
ကျုပ်ကို ပိုခင်တယ်ဗျ။ ကျုပ်ကလည်း သူ
ဘာတွေလုပ်လုပ် အမြဲလိုက်တဲ့ကောင်မို့လို့
ထင်တယ်ဗျ။ ကျုပ်တို့မှာ သုံးစရာ စွဲစရာ
မုန့်ဖိုးပြတ်ပြီဆိုရင်…

“ဟေ့ …ဟေ့..ကောင်..ကောင်..တာ..တာ.
…တေ…တေ..ဘာ…ဘာမှ..မ..မပူနဲ့ ..မ.
မနက်..ဖြန်..ခါ.ခါ.ငါ..ငါ..ပိုက်..ပိုက်..ဆံ.
.ယူ..ခဲ့..မယ်”

နောက်တစ်နေ့မှာ ဘထစ်ပိုက်စေ့တွေ
ယူလာတယ်ဗျ။ တစ်မတ်စေ့၊ ငါးမတ်စေ့၊
တစ်ကျပ်စေ့တွေဗျ၊ အားလုံးပေါင်း တစ်
ဆယ်ကျော်တယ်။ ဒါပေမဲ့ ဘထစ် ယူလာ
တဲ့ ပိုက်ဆံစေ့တွေက အားလုံးမည်းနေ
တာဗ်။

“ကဲ..ကဲ..ဟေ့..ဟေ့…ကောင်..ကောင်
..တွေ.ပိုက်..ဆံ..တွေ …တွေ..တိုက်..
..ကြ..ကွာ”

ကျုပ်တို့အုပ်စုလည်း ဘထစ် ယူလာတဲ့
ပိုက်ဆံစေ့တွေကို သဲထဲမှာချပြီး ဖနောင့်
ကလေးတွေနဲ့ လှည့်ပြီး ပွတ်တာပေါ့ဗျာ။
သိပ်မတိုက်ရဘူးဗျ။ ပိုက်ဆံစေ့တွေ ဝင်း
သွားတာပဲ။ ဒီတုန်းက တစ်မတ်ပေးရင်
ထမင်းကြော်ကို ဝက်သားဟင်း ကောင်း
ကောင်းနဲ့ စားရတာဗျ။ မုန့်ဟင်းခါးဆိုရင်
လည်း အကြော်ကောင်းကောင်းနဲ့ တစ်ပွဲ
ကို တစ်မတ်ပဲ။

ဘထစ် ယူလာတဲ့ ပိုက်ဆံလောက်ဆိုရင်
ကျုပ်တို့အဖွဲ့ တစ်ပတ်လောက်ကတော့
အေးအေးဆေးဆေးပေါ့ဗျာ။ အောင်သိန်း
တို့၊ မျက်မှေးတို့ကတော့ စားပြီး ပြီးကြတာ
ပဲဗျ။ မပြီးတာက ကျုပ်ပေါ့ဗျာ။ကျုပ်အကျင့်
ကိုက နေရာတကာ စပ်စုချင်တဲ့ကောင်ဆို
တော့ …

“ဘထစ် မင်းကို ငါ တစ်ခုမေးချင်လို့ကွ”

ကျုပ်က ဘထစ်ကို ကျောင်းက သောက်
ရေအိုးစင်မှာ ရေသောက်ရင်း မေးတယ်ဗျ။

“မေး…မေး..လေ..ကွာ..တာ.တေ..ရာ”

“မင်း အဲဒီပိုက်ဆံစေ့တွေ ဘယ်က ရ
လာတာပဲ ဘထစ်”

“ဟာ…မင်း..က..က..လဲ..ဘာ..များ..များ.
လဲ..လဲ..လို့..သိ…သိ…ချင်.ရင်…ကျောင်း.
ဆင်း…ဆင်း…တော့…ငါ…ငါ..နဲ့…လိုက်..
လိုက်…လိုက်…ခဲ့ ”

တာတေဆိုတဲ့ကောင်ကလည်း အင်မတန်
စပ်စုချင်တဲ့ကောင်။ တစ်ခုခုကို သိချင်ရင်
သိပ်အောင့်ထားနိုင်တဲ့ကောင်မှ မဟုတ်တာ၊
ကျောင်းဆင်းတော့ ဘထစ်နဲ့ လိုက်သွားတာ
ပေါ့ဗျာ။ ကျောင်းဆင်းတော့ ညနေတောင်
စောင်းနေပြီဗျ။ ကျုပ် ဘထစ်နဲ့ လိုက်သွား
တယ်။ မြို့စွန်ရောက်တော့ သုသာန်ဘက်ကို
သွားတဲ့လမ်းကို ချိုးဝင်လိုက်တယ်။

လမ်းဘေးတစ်ဖက်တစ်ချက်မှာ ကုက္ကိုပင်
ကြီးတွေ ညို့နေတာပါပဲဗျာ။ လူကလည်း
ပြတ်တော့ တိတ်ဆိတ်နေရောဗျို့။ ကျုပ်
တောင် စိတ်ထဲမှာ တစ်မျိုးလိုလို ဖြစ်လာ
တယ်။ ဘထစ်ကတော့ တစ်လမ်းလုံး အ,
ထစ်၊ အ,ထစ်နဲ့ စကားတွေ မနားတမ်း
ပြောလာတာဗျ။

“တာ..တေ.တေ.လူ..လူ..တွေ.က.သင်္ချိုင်း
ကုန်းဆို…ဆို..ရင်..ကြောက်.စ..ရာ..ရာ.လို့
.ထင်..ထင်.တာ…တာ..ကွ၊ တ ..တ.ကယ်
.တော့ ..သင်္ချိုင်း..ကုန်း..ကုန်း… ဆို..ဆို..
တာ..ဟာ…ဘာ..မှ..ကြောက်..စ..ရာ.ရာ.
မ..မ..ရှိ..ဘူး.ကွ…စိတ်..ဝင်..ဝင်…စား.စ
..ရာ..တွေ .. အ..များ…ကြီး..ကြီး…ပဲ..ကွ”

“ဟုတ်လားကွ ဘထစ်ရ၊ ဘာတွေများ စိတ်
ဝင်စားစရာတွေ ရှိလို့တုံး”

“ဟာ…ဟာ..တာ..တာ..တေ..ကလည်း
.ရှိ..ရှိ …တာ..ပေါ့ကွ၊ တ.တ…ခါ..ဆို.
အောက်..အောက်..လမ်း..ဆ..ဆ..ရာ
တွေ ..တွေ.လာပြီး ..အ..စီ..စီ..အ..အ
.ရင်..တွေ ..လုပ်.လုပ်..တာ …ညဘက်
..ကြီး..ကြီး..ကွ..တစ်ချို့..ဆို.ရင်..ရင်…
မ.မ..ဖဲ.ဝါ ..လုပ်..လုပ်.လို့လို့..ပြေး..
ပြေး..ရ..တယ်…ကွ”

“ဟေ မဖဲဝါ ဟုတ်လား ဘထစ်၊ မဖဲဝါဆို
တာ တကယ်ရှိလို့လားကွ”

“ရှိ..ရှိ..တာ..တာ…ပေါ့..ကွ၊ မ..ဖဲ..ဝါ..ဝါ
..က..ငါ..ငါ …နဲ့ ..ခင်..ခင်..တယ်..ကွ”

“ဟာ မဖဲဝါက မင်းနဲ့ ခင်တယ် ဟုတ်လား
ဘထစ်၊ မင်းကွာ ပေါက်ကရ သိပ်ပြောတဲ့
ကောင်ပဲ”

“တ..တ..ကယ်..ပြော..ပြော..တာ.တာ..ကွ”

“ဒါဆိုရင် မင်း မဖဲဝါကို မြင်ဖူးတာပေါ့ ဟုတ်
လား ဘထစ်”

“အေး”

“ကဲ ပြောစမ်းကွာ၊ မဖဲဝါက ဘယ်လိုပုံစံတုံး”

“အ..အ..ရပ်..အ..အ..ရှည်ကြီးကွ၊ ဆယ်..
ဆယ်ပေလောက်..လောက်..ရှိ..ရှိ..တယ်၊
ဆံ..ဆံ..ပင်..ဖား..လျား.ကြီး..ချ.. ချထား
တာ၊ မျက်..လုံး..လုံး..အ.အ..ကြီး. .ကြီးပဲ
ပြူး..ပြူး..ကြီး. .ထ..ထဘီ..အ..အ.နက်..
.အ..င်္ကျီ ..အ..အ.နက်..ဝတ်တယ်. .သ..
င်္ချိုင်း..တွေ.. တွေ..ကို..သူ..သူ..ပိုင်…ပိုင်.
..ပိုင်..တာ..တာ..ကွ”

“ဟေ ဟုတ်လား၊ မင်း ဒါတွေ ဘယ်လိုလုပ်
သိတာတုံး”

“ငါ..ငါ့..ဆ..ဆ..ရာ..ရာ..တော်..ပြော.ပြော
တာ..ကွ၊ ဆ..ဆ..ရာ..တော်..လည်း ..မ..
မ..ဖဲ..ဝါကို…သိ..သိ..တယ်”

“သြော် ဒီလိုကိုး၊ မင်း မဖဲဝါကြီးကို တွေ့တော့
မကြောက်ဘူးလားကွ”

“တာ…တာ..တေ..က..လည်း..မ..ကြောက်
.ဘဲ..နေ..မ..မ..လားကွ၊ ကြောက်..ကြောက်
..တာပေါ့၊ ဒါ..ဒါပေမဲ့..ခဏ..ခဏ..ခ..ခဏ..
.တွေ့တော့..မ.မ..ကြောက်..တော့..ဘူး..
ပေါ့..ပေါ့ကွ”

ဘထစ်နဲ့ လိုက်လာခဲ့တာ မှားပြီလားလို့ ကျုပ်
တွေးလိုက်မိတယ်ဗျ။ လိုက်လာပြီးမှတော့ မ
ထူးပါဘူးလို့ပဲ တွေးလိုက်ရတာပေါ့ဗျာ။ ကျုပ်
တို့နှစ်ယောက် လျှောက်ရင်းနဲ့ ကုက္ကိုပင်လမ်း
ဆုံးကာနီးမှာ သင်္ချိုင်းဇရပ်ဖြူဖြူကြီးကို တွေ့
လိုက်ရတယ်ဗျ။ ဇရပ်မရောက်ခင်မှာ သုသာန်
ကျောင်းဗျ။ ရေနံဝအောင် သုတ်ထားတဲ့ သစ်
သားခြေတံရှည်ကျောင်းဗျ။ဘထစ်က ကျောင်း
ပေါ်တက်ပြီး သူတို့ကျောင်းသားကလေး သုံး
ယောက်နေတဲ့ အခန်းထဲကိုသွားပြီး လွယ်
အိတ်ထားတယ်။ ကျောင်းထဲမှာ ဦးပဉ္ဇင်းတစ်
ပါးနဲ့ ကိုရင်နှစ်ပါးတွေ့တယ်။ ဘထစ်က ဦး
ပဉ္ဇင်းတစ်ပါးကို မေးတယ်ဗျ။

“ဦးပဉ္ဇင်း…ဆ..ဆ..ရာ..တော်..ဘယ်.ဘယ်
..ကြွ…သွား..တုံး”

“ဟိုဘက်လမ်းက ဦးပြူးတို့အိမ်ကို ကြွသွား
တယ်၊ ဦးပြူးမိန်းမ ဒေါ်မယ်လှကြီး နေမ
ကောင်းလို့၊ သတင်းလည်းမေးရင်း ပရိတ်
လည်း ရွတ်ပေးရင်းပေါ့ကွာ”

“တင်..တင်..ပါ့ဘုရား၊ ကဲ…လာ..တာ..
တာ..တေ..သွား…သွား..ကြမယ်”

ပြောပြောဆိုဆိုနဲ့ ဘထစ်က ကျောင်းပေါ်
ကနေ အပြေးဆင်းသွားတယ်။ ကျုပ်လည်း
နောက်က ခပ်သုတ်သုတ်လိုက်ရတာပေါ့ဗျာ။
ဘထစ်က အုတ်ဇရပ်ကလေးကို ကျော်ပြီး
သင်္ချိုင်းကုန်းထဲဝင်တယ်။ ကျုပ်လည်း သူ့
နောက်ကို လိုက်ရတာပေါ့။

ဘထစ်က အုတ်ဂူတွေဘက်ကို မသွားဘူး
ဗျ။အလောင်းတွေကျင်းတူးပြီး မြှုပ်တဲ့ဘက်
ကိုသွားတာ။ ကျုပ်ကလည်း သူ့နောက်က
လိုက်ရတာပေါ့ဗျာ။ တစ်နေရာရောက်တော့
ဘထစ်က ရပ်လိုက်ပြီး ကျုပ်ကိုပြောတယ်။

“ဒီနေရာတွေမှာ အလောင်းတွေမြှုပ်တာ
ထပ်လာတော့ အောက်က မြှုပ်ထားတဲ့
အရိုးတွေကို ဖော်ပစ်ရတာပေါ့ကွာ၊ အဲဒီ
လို ဖော်ပစ်တဲ့ ခေါင်းခွံတွေထဲမှာ လူတွေ
ကူးတို့ခ ထည့်ပေးလိုက်တဲ့ ပိုက်ဆံစေ့
တွေ ရှိနေတာပေါ့ကွ”

အခု ကျုပ်ပြန်ပြောသလိုတော့ မဟုတ်ဘူး
ပေါ့ဗျာ။ သူခါတိုင်းပြောသလို အ,ထစ် အ,
ထစ်နဲ့ ပြောတာပေါ့။

“ဟေ ဒါဆိုရင် မင်း ယူလာတဲ့ ပိုက်ဆံစေ့
တွေက ကူးတို့ခ ပိုက်ဆံတွေပေါ့ ဟုတ်လား”

“အေး..အေး..လေ..ဘာ…ဖြစ်..ဖြစ်..တုံး၊
ပိုက်..ပိုက်..ဆံ..က.. ပိုက်..ပိုက်.ပိုက်..ဆံ
..ပဲ..ပေါ့….ပေါ့ကွ”

“အေး ဟုတ်တော့ ဟုတ်ပါတယ်လေ”

ဘထစ်က ပြောပြောဆိုဆို မြေပုံတွေကြား
ထဲ လျှောက်သွားပြီး ခေါင်းခွံတွေကို လိုက်
ရှာနေတယ်ဗျ။

“မင်း..မင်း..မ..မ..လိုက်..လိုက်နဲ့၊ ဒီ..ဒီမှာ
နေ..သံ..သံ…စူး..လိမ့်မယ်..ဒီ..သံ.သံတွေ
က.စူး..စူး..ရင်..အ.အ..ဆိပ်.ပြင်း.တယ်ကွ”

“အေး အေး ငါ မလိုက်တော့ဘူး ဒီကပဲ
မင်းကို ကြည့်နေမယ်”

ဘထစ်က တော်တော်ကို ကျွမ်းကျင်တာ
ဗျို့။ မြေပုံတွေကြားထဲမှာ လှစ်ခနဲ လှစ်ခ
နဲ နေတာပဲဗျာ။ ခေါင်းခွံတွေကို ဆတ်ခနဲ
ကုန်းကောက်လိုက်၊ ခေါက်ကြည့်လိုက်၊
ပြီးရင် အထဲက ပိုက်ဆံစေ့ကို ခေါက်ထုတ်၊
ထုတ်လို့မရရင် တုတ်ချောင်းကလေးနဲ့ ထိုး
ထုတ်တာဗျ။ အရိုးခေါင်းတွေကို ကောက်
ယူလိုက်၊ အုန်းသီးခေါက်သလို ခေါက်လိုက်
အထဲက ပိုက်ဆံကို နှိုက်ယူလိုက်နဲ့ တစ်
ယောက်တည်း အလုပ်တွေ ရှုပ်နေလိုက်
တာဗျာ။ ခဏနေတော့ ဘထစ် ပြန်လာ
တယ်။ လက်ဝါးထဲမှာ ပိုက်ဆံစေ့တွေ ဆုပ်
ထားတယ်ဗျ။ မတ်စေ့။ ငါးမူးစေ့ကလေးတွေ
ငါးစေ့၊ ခြောက်စေ့လောက် ရှိမယ်ဗျ။

“ကဲ ..တာ..တာ..တေ..တွေ့ပြီ..လား..ငါ
ငါ..ပိုက်..ဆံ..ဘယ်..ဘယ်လို..ရ..ရ.တယ်
.ဆို..ဆို..တာ..မြင်…မြင်..ပြီမို့လား”

“အေး မြင်ပါပြီကွာ၊ မြင်ပါပြီ၊ ဒါထက် အခု
မဖဲဝါ ရှိသလားကွ ဘထစ်ရ”

“မ..မတွေ့တာ..ကြာ..ကြာပြီ..ကွ..သူ..သူ
.မ..မ..ရှိ..ရင်..ဒီ..ဒီ..သင်္ချိုင်း..ကို..သ..သ.
ဘက်..ကြီး..တစ်..ကောင်…အ..စောင့် ..
ထား..ထားတယ်ကွ..နား..နား…ရွက်..အ.
အ..ကြီး..တဲ့..ကွ..ငါ.…ငါ..တော့ …မ..မ
..မြင်..ဖူး..ဘူး၊ မြင်..မြင်..ဖူး…တဲ့..တဲ့ .
..လူ..လူတွေ ..ရှိ..ရှိတယ်”

“ဟာ ဟုတ်လားကွ၊ သူတို့က ဒီသင်္ချိုင်း
ကုန်းမှာ ဘာကို စောင့်နေတာတုံးကွ
ဘထစ်ရ”

“တာ..တာ..တေ..ရ ..မှော်..မှော်..ဆ..ရာ
.ရာ.တွေ၊ အောက်..လမ်း..ဆ..ဆရာ.တွေ
.က..သ..င်္ချိုင်း…ထဲ..ထဲ..မှာ..မ..မဟုတ်..
တာ..တာတွေ..လာ..လာပြီး..စီ..ရင်..ရင်.
ကြ..တာကွ၊ ခြောက်..ခြောက်..လှန့်..
ထုတ်…ထုတ်ရ..ရတယ်၊..မ..ရ..ရင်..အ.
..အ..သေ..သတ်..သတ်..ပစ်..ရ.တာကွ”

“ဟေ ဟုတ်လား၊ ဒီသင်္ချိုင်းထဲမှာ အောက်
လမ်းဆရာတွေ သေဖူးသလားကွ”

“ဟော..သေ..သေ..တာ.ပေါ့..ပေါ့ကွ၊ တစ်
နှစ်…နှစ်…ကို..သုံး…သုံး..ယောက်.လောက်
..သေတယ်..ကွ”

“ဟင် ဟုတ်လားကွ ဘထစ်ရ၊ သြော် မင်း
ပြောတာ ဟုတ်တာပဲကွ၊ သင်္ချိုင်းကုန်းဆို
တာ စိတ်ဝင်စားစရာတွေ ရှိနေတာပဲ”

ကျုပ် ဘထစ်ဆီက ပြန်လာတော့ တစ်လမ်း
လုံး တွေးလာတာပေါ့ဗျာ၊ မနက်ကမှ ကူးတို့
ခ ပိုက်ဆံတွေနဲ့ ဝယ်စားထားတဲ့ ဝက်သား
ဟင်းနဲ့ ထမင်းကြော်ကို သတိရပြီး ရင်ထဲမှာ
ပျို့သလိုတောင် ဖြစ်သွားတယ်ဗျို့။ကျုပ်မျက်
စိထဲမှာတော့ အရိုးခေါင်းတွေ ကောက်လိုက်
ခေါက်ကြည့်လိုက်လုပ်နေတဲ့ ဘထစ်ကိုပဲ မြင်
နေတော့တာဗျ။ ဒီအကြောင်းကို ကျန်တဲ့ အ
ကောင်တွေကို ပြန်ပြောပြသင့်၊ မပြသင့် တွေး
မိတယ်။ ဒါပေမဲ့ ဘထစ်ရဲ့ သူငယ်ချင်းတွေကို
ကျွေးချင် မွေးချင်တဲ့ စေတနာတွေကို တွေးမိ
ပြီး ကျုပ် ဘယ်တော့မှ မပြောဘူးလို့ ဆုံးဖြတ်
လိုက်တယ်ဗျ။ တကယ်လည်း မပြောခဲ့ပါဘူး
ဗျာ။ တစ်ရက်တော့ ဘထစ် ကျုပ်အိမ်ကို အ
စောကြီး ရောက်လာတယ်ဗျ။

လွယ်အိတ်လည်း ပါတယ်။ လက်ထဲမှာလည်း
စက္ကူနဲ့ ပတ်ထားတဲ့ ပုလင်းကြီးတစ်လုံးကို
ပွေ့ထားတယ်ဗျ။

“ဟေ့ကောင် ဘထစ် မင်း ကျောင်းလာတာ စောလှချည်လားကွ”

လို့ ကျုပ်က ဘထစ်ကို မေးလိုက်တယ်။

“အေး..ငါ..စျေးထဲ..ကို..ကို..သွား..သွား..
စ..ရာ.ရာ..ရှိ.လို့ကွ၊ မင်း…မင်း..ကို..ဝင်..
ဝင်..ခေါ်..တာ”

“ဟေ ဘာလုပ်ဖို့လဲကွ ဘထစ်ရ၊ မင်း ဆ
ရာတော်က ဖိုထိုးဖို့ လုံတွေ ဝယ်ခိုင်းလိုက်
လို့လား”

“မ..မဟုတ်ပါ..ပါဘူးကွာ၊ လိုက်..သာ..
လိုက်..လိုက်..ခဲ့..စမ်း..ပါ၊ လမ်း..ကျ…
တော့ …ငါ.ငါ..ပြော..ပြ..မှာ..ပေါ့ကွ”

“အေး အေး ငါ လိုက်ခဲ့မယ်”

လို့ပြောပြီး ကျုပ်က ဘထစ်နဲ့ လိုက်ခဲ့တယ်။

“မင်းလက်ထဲက ဘာပုလင်းကြီးတုံး ဘ
ထစ်ရ”

“ပြ…ဒါး..တွေ…ကွ”

“ဘာ ပြဒါး ဟုတ်လား၊ အလေးကြီးလား”

“မင်း…မင်း..မ..မ..ကြည့်..လေ”

ကျုပ်က ဘထစ်လက်ထဲက ပုလင်းကိုယူပြီး
မ,ကြည့်တယ်

“ဟာ အလေးကြီးပါလား”

“အေး..ဟုတ်..ဟုတ်..တယ်၊ ည..က..နှင်း
..တွေ…ကျ..ကျ..တော့..ပြ..ပြ..ဒါး..တွေ.
အ..အ..များ..ကြီး.ကျ.ကျ..လာ..လာ…
တာ..ကြ”

“ဘယ်လိုကွ ဘထစ်ရ၊ ညက နှင်းကျတာနဲ့
ပြဒါးနဲ့ ဘာဆိုင်လို့တုံးကွ”

“ပြ..ဒါ..ဒါး…ဆို..တာ..အ..ပုပ်..စား..စား..
တာ…ကွ..နှင်း..နှင်းတွေ..ကျ.ကျ..ရင်..ပြ
ပြ…ဒါး..တွေ.. ပါလာ..ကွ၊ သင်္ချိုင်း..မြေ.
မြေ..ပုံ…ပေါ်..မှာ..ရေ..ရေ..အင်…တုံ.
ချထားရင်..ပြ..ဒါး…တွေ..မိ..နေ…တာ
ပေါ့…ကွ”

“ဟာ ဒါဆိုရင် ဒီပြဒါးတွေကို မင်းဖမ်းလာ
တာပေါ့၊ ညက သင်္ချိုင်းကုန်းထဲကို မင်းတစ်
ယောက်တည်း သွားဖမ်းတာလား၊ မင်း မ
ကြောက်ဘူးလား၊ မဖဲဝါကြီးကိုရော တွေ့
သေးလား”

“တွေ့..တွေ့…တယ်ကွ..မ.ဖဲ..ဖဲ..ဝါ..က
ပြ..ပြဒါးကျမယ့်…နေ..ရာ..ကို..ငါ..ငါ့ကို
..ပြ..ပြတာ..ကွ၊ ဒါ..ဒါ..ကြောင့်..အ..အ
..များကြီး..ရ..ရတာပေါ့..တာ..တာ.တေ
..ရ”

“ငါတော့ မင်းကို အံ့သြတာပဲ ဘထစ်ရာ၊
မင်း ဒါတွေကို ဘယ်လိုသိတာလဲကွ”

“ငါ..ငါတို့..သုသာန်..ကျောင်းကို..ဆ..ဆ
ရာ..တွေ…ခ.ခဏ..ခဏ..လာ..လာတယ်
.ကွာ..ပြ..ပြ..ဒါး…ဖမ်း..ဖမ်း.နည်း..သူ.သူ
..တို့..ပြော..ပြော..တာလေ”

“ပြဒါး အများကြီးကျမယ့်နေရာကို မဖဲဝါ
ကြီးက မင်းကို ပြတယ်ဆိုတော့ မင်းပြော
သလို မဖဲဝါက မင်းကို ခင်လို့နေမှာပေါ့”

“အေး..အေး..ပေါ့..ပေါ့..ကွ”

စျေးထဲရောက်တော့ ဘထစ်နဲ့ ကျုပ်နဲ့ ပရ
ဆေးဆိုင် တစ်ဆိုင်ကိုသွားပြီး ပြဒါးတွေ
ရောင်းတယ်။ငွေလေးဆယ်တောင် ရတယ်
ဗျ။ ဘထစ်လည်း ပျော်နေတာပေါ့ဗျာ။

“လာ..လာ..တာ..တာ.တေ၊ မင်းနဲ့… ငါ..
.ခေါက်..ခေါက်..ဆွဲ..ဆွဲ..ကြော်..သွား..
စား..စား..ကြ..မယ်”

ပြောပြောဆိုဆိုနဲ့ ဘထစ်က ကျုပ်လက်ကို
ဆွဲပြီး တရုတ်ဖိုးခွေးခေါက်ဆွဲကြော်ဆိုင်ကို
ခေါ်သွားတယ်ဗျ။ သူနဲ့ ကျုပ်နဲ့ ခေါက်ဆွဲ
တစ်ယောက်တစ်ပွဲစီ စားကြရင်း ကျုပ်စိတ်
ထဲမှာ တွေးနေမိတယ်ဗျ။ ဒါ မဖဲဝါကျွေးတဲ့
ခေါက်ဆွဲကြော်ပါလားလို့ပေါ့ဗျာ။ ကြက်သီး
တွေတောင် တဖျန်းဖျန်း ထလာတယ်ဗျ။
ဘထစ်ကို အကဲခတ်ကြည့်လိုက်တော့ ဘာ
မှကို ဂရုစိုက်ပုံ မပေါ်ဘူးဗျ။ ဖိုးခွေးခေါက်ဆွဲ
ဆိုင်ထဲက ထွက်လာတော့ ဘထစ်က ဖိနပ်
တစ်ရံ ဝယ်တယ်။ ပြီးတော့ ဦးထုပ်တစ်လုံး
လည်း ဝယ်ဆောင်းလိုက်တယ်ဗျ

“နေ..နေ..ပူ..လာ..လာပြီ..ကွ..တာ…တာ.
တေ..ရ”

“အေး အေး ဟုတ်တယ်၊ ဟုတ်တယ်”

ကျုပ်က ဘထစ်ကို ပြောလိုက်တော့ သူ
ကျေနပ်သွားတဲ့ ပုံပဲဗျ။ အိမ်ထောင်ထဲမှာ
လည်း ငွေစတွေ ထည့်ထားတော့ အိတ်
ဖောင်းပေးမယ့် စိတ်ပြောင်းတဲ့ကောင်
တော့ မဟုတ်ဘူးဗျ။

သူငယ်ချင်းတွေကို ကျွေးလိုက် မွေးလိုက်
နဲ့ ပျော်နေတာဗျ။ ကျုပ်သိတာပေါ့ဗျာ။ ဘ
ထစ်ဆိုတဲ့ကောင်က အိတ်ကပ်ထဲက ပိုက်
ဆံကုန်သွားရင် အရိုးခေါင်းတွေထဲမှာ လိုက်
နှိုက်မယ်၊ ပြဒါးဖမ်းမယ်၊ ပိုက်ဆံ ရလာရင်
သူငယ်ချင်းတွေကို ကျွေးမယ်။ စေတနာက
လည်း လွှတ်ကောင်းတဲ့ အကောင်ပါဗျာ။

အင်းလေ ပြောလက်စနဲ့ ဘထစ်အကြောင်း
ကို ဆက်ပြောရဦးတော့မှာပဲဗျာ။

“ဟေ့ကောင်..တာ..တာ..တေ..မင်း..
အား.…အား…လား”

တစ်ရက် ဘထစ် ကျုပ်ဆီကို ပေါက်ချ
လာပြန်တယ်ဗျ

“ဘာလဲကွ၊ ဘထစ်ရ၊ ပြဒါး သွားရောင်းဦး
မလို့လား”

လို့ ကျုပ်က မေးလိုက်တော့ ဘထစ်က…

“အေး…ဟုတ်..ဟုတ်.တယ်..တာ..တာ.
တေ..ရ”

“နို့ ပြဒါးပုလင်းလည်း မပါပါလား၊ ဘယ်
မြာထားခဲ့တုံး”

“ပါ..ပါ..တာ..တာပေါ့…ကွ၊ လာ..လာ..
.သာ..ပါ”

ကျုပ်လည်း သူ့နောက်လိုက်ခဲ့ရတာပေါ့ဗျာ။
ဘထစ်က ဒီတစ်ခါ စျေးထဲကို မသွားဘူးဗျ။
(၁၀)လမ်းကို သွားတာ။ (၁၀) လမ်းအတိုင်း
အောက်ဘက်ကို ဆင်းသွားတယ်။ နှစ်ထပ်
တိုက်ကြီးတစ်လုံးရှိတဲ့ ဝိုင်းကြီးထဲကို ဝင်သွား
တယ်။ ကျုပ်လည်း သူ့နောက်က လိုက်ရတာ
ပေါ့ဗျာ။

“အိမ်…အိမ်..ရှင်..ရှင်တို့ ”

ပိတ်ထားတဲ့ ဘာဂျာတံခါးကြီးနားမှာရပ်ပြီး
ဘထစ်က သူ့ရဲ့အ,ထစ် အ,ထစ် အသံနဲ့
ခေါ်တယ်ဗျ။

“ဟာ နေစမ်းပါ ဘထစ်ရာ၊ ငါ ခေါ်ပေး
ပါမယ်”

လို့ ပြောပြီး ကျုပ်က ဘာဂျာတံခါးနား မျက်
နှာကပ် ခေါ်လိုက်တယ်

“ဗျို့ အိမ်ရှင်တို့၊ အိမ်ရှင်တို့ ”

“လာပြီဟေ့၊ လာပြီ”

အိမ်နောက်ဘက် အသံကြားလိုက်ရတယ်။
ခဏနေတော့ အသက် (၅၀)ကျော်လောက်
လူကြီးတစ်ယောက် ထွက်လာတယ်။ ကျုပ်
သေသေချာချာ ကြည့်လိုက်တော့ အဲဒီလူ
ကြီးရဲ့လက်မှာ ရွှံ့တွေပေနေတယ်ဗျ။ကျုပ်
နဲ့ ဘထစ်ကို သေသေချာချာ ကြည့်လိုက်
ပြီးမှ…

“ဟာ မောင်ဘချစ်ပါလား၊ လာ လာ၊ အ
ဆင်ပြေရဲ့လား”

“ဟုတ်..ဟုတ်..ကဲ့၊ အ..အ..ဘ..စိန်”

“အေး အတော်ပဲကွ၊ ကိုဘမောင်နဲ့ ကိုအုန်း
ဖူးတို့လည်း ရောက်နေတယ်၊ ငါလည်း လုံ
ကို ဇော်ကိုင်နေတာကွ”

ကျုပ်နဲ့ ဘထစ်ကို တံခါးဖွင့်ပေးလို့ ကျုပ်
တို့ အိမ်ထဲဝင်ထိုင်တယ်

“အေး အဲဒီမှာ ထိုင်ကြဦးဟေ့”

လို့ပြောပြီး အဘစိန်ဆိုတဲ့လူကြီးက အိမ်
ထဲဝင်သွားတယ်

“ဒါ..ဆ..ရာ..တော်.မိတ်..မိတ်..ဆွေ..တွေ
ကွ၊ သူ.သူတို့က..အဂ္ဂိရတ်.သ..သမားတွေ
..ကွ၊ ဓါတ်..ဓါတ်..လုံး..ထိုး..ထိုး..ကြတာ”

ခဏနေတော့ အဘစိန်က လက်ဆေးပြီး
ထွက်လာတယ်။ သူ့နောက်က သူ့အသက်
လောက်ရှိတဲ့ လူကြီးနှစ်ယောက် ပါလာ
တယ်။ ကြည့်ရတာတော့ သူဌေးတွေနဲ့ တူ
တယ်ဗျ။ဧည့်ခန်းထဲမှာ ဝင်ထိုင်ကြပြီးတော့…

“ဘယ်လိုလဲ မောင်ဘချစ်ရဲ့၊ ဆရာတော့်
ထုံခွက်မှာ ပြဒါးတင်ခဲ့ပြီလား”

“ဟုတ်..ဟုတ်..ကဲ့..တင်..ခဲ့..ပါပြီ၊ နှစ်.…
ကျပ်..ကျပ်…သား..သားဗျ”

“ဟေ ပြစမ်း၊ ပြစမ်း”

အဘစိန်က တော်တော်ကို စိတ်ဝင်စား
သွားတဲ့ပုံပဲဗျ။ ဘထစ်က သူလွယ်အိတ်
ထဲကိုနှိုက်ပြီး တစ်ခုခုကို ရှာနေတယ်။ ပြီး
မှ ဆွဲထုတ်လိုက်ပြီး အဘစိန်ကို လှမ်းပေး
တယ်။ သတင်းစာစက္ကူနဲ့ ထုပ်ထားတဲ့ အ
ထုပ်ကလေးဗျ။ အဘစိန်က ကပျာကယာ
ဖြည်ကြည့်တယ်။ ခပ်ဖြူဖြူ အလုံးလေး
တစ်ခုပဲဗျ။

“ဟာ ကောင်းလိုက်တဲ့ ပြဒါးဗျာ၊ ဖွေးဆွတ်
ပြီး ဘော်သားဆိုက်မတတ် ဖြစ်နေတာကိုး၊
ဒါကြောင့်လည်း ဆရာတော်ရဲ့ ထုံခွက်က
နာမည်ကြီးပေတာကိုး”

“ဖွေးဆွတ်တာတော့ ဟုတ်ပ ကိုစိန်ရယ်၊
မီးထိုးရော ခံပါ့မလားဗျ”

အဘစိန်ရဲ့ မိတ်ဆွေတစ်ယောက်က ဝင်
မေးတယ်ဗျာ။

“အို ကိုဘမောင်နှယ်၊ အသားအနားကြည့်
သိမှပေါ့ဗျ၊ ကိုဘမောင် ဖိုထိုးလာတဲ့ သက်
တမ်းလည်း နည်းတော့တာမှ မဟုတ်တာ”

“ဟုတ်တယ်ဗျ၊ ကိုဘမောင်ရဲ့ ဒါ မီးထိုးခံ
ပြဒါးအစစ်ပဲဗျ”

နောက်တစ်ယောက်ကလည်း ဝင်ပြောတယ်

“ကဲ မောင်ဘချစ် ကျေးဇူးတင်တယ်ကွာ၊
ဆရာတော် မသိအောင် လုပ်ခိုင်းရတာ
တော့ စိတ်မကောင်းပါဘူးကွာ၊ ဒါပေမဲ့ ငါ
တို့မှာ ပြဒါးမီးနေအောင် လုပ်လို့ကို မရတာ
ကွ၊ ငွေငါးဆယ်ယူ”

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ တစ်ဆယ်တန်ငါး
ရွက်ဗျ။ ဘထစ်က ငွေငါးဆယ်ကို ယူပြီး
အိတ်ထဲ ထည့်လိုက်တယ်။

“မောင်ဘချစ် ဒီကိစ္စ မပေါက်ကြားစေနဲ့
နော်၊ ဆရာတော် သိသွားရင် မင်းလည်း
အရိုက်ခံရမယ်၊ ငါတို့လည်း ဆရာတော်နဲ့
မျက်နှာပျက်ကြမယ်”

“စိတ်..စိတ်..ချ..ချ..မ..မပေါက်..ကြား.
..ကြား..ပါ…ဘူး”

“အဘစိန်တို့ကလည်း ဒါကို ဓါတ်လုံး
ထိုးကြမှာပါ၊ မကောင်းတာလုပ်မှာ
မဟုတ်ပါဘူးကွာ”

ခဏနေတော့ ဘထစ်နဲ့ ကျုပ်နဲ့ ပြန်လာ
ခဲ့ကြတယ်။

“ဟေ့ကောင် ဘထစ်၊ မင်း ဘာတွေလုပ်
ပြန်ပြီလဲကွာ”

“ဟာ..ဟာ..မ..မ..လုပ်ပါဘူး..ကွ၊ ငါ့..ဆ
ရာ..ရာ.တော်..ဆီ..ဆီ.မှာ..မှာ.ပြ..ပြဒါး.
ခဲ..ခဲတဲ့..ထုံ.ထုံခွက်..ရှိ..ရှိတယ်၊ အဲ..အဲ
..ဒါ..ကို…ကို..အ.ဘ..ဘ.စိန်..တို့က..ပြ.
ပြ..ပြ..ဒါး..ခဲ..ခိုင်းတာ..ပါ..ပါ..ကွ”

“မင်းက အဲဒါတွေလည်း လုပ်တတ်တာ
ပဲလား”

“လုပ်..လုပ်တတ်..တတ်..တာ.ပေါ့..ကွ၊
ဆ..ဆ..ရာ..တော်..ကို..ငါ.အ.အမြဲ…
ဖို..ထိုး…ထိုး.ပေး.…နေ..ကြ.ကွ..တာ.
.တာ..တေ.ရ”

“ငါတော့ မင်းကို တော်တော်ကို အံ့သြသွား
တာပဲကွာ၊ မင်းအရွယ်ကလေးနဲ့ ဒါတွေကို
သိနေ တတ်နေတာကို ငါ အံ့သြတာကွ”

“တာ..တာ.တေ.မင်း..မင်းတို့..မ..မသိ..
တာ.တွေ.အ..အ..များကြီး..ရှိ.ရှိတယ်ကွ”

“အမယ် ဘာတွေများ ရှိလို့လဲကွ”

“မင်း..မင်း.တို့..လူ..လူ..ကို.ဟား..တိုက်..
တာ..မြင်..မြင်.ဖူး..သ..သလား”

“ဘာကွ၊ ဟားတိုက်တာ ဟုတ်လား၊ ငါဖြင့်
ကြားတောင် မကြားဖူးဘူး၊ ဟားတိုက်တယ်
ဆိုတာ ရယ်တာပဲ မဟုတ်လား”

“ဟား ဟား ဟား ဟား”

ဘထစ်က ကျုပ်စကားကိုကြားတော့ အော်
ရယ်တယ်။ ဒီကောင်က ရယ်တာကျတော့
မထစ်ဘူးဗျ။

“ဟား..ဟား.တိုက်..တာ..ရယ်..ရယ်..တာ
တာ..မ..မဟုတ်..ဟုတ်..ဘူးကွ၊ လူ..လူ..
ကို..ပက်..လက်..လှန်.အိပ်..အိပ်.ခိုင်း.ပြီး.
လက်..လက်ညှိုး..နဲ့..နဲ့..မ..မ..လိုက်.တာ၊
လေ..လေ..ထဲ..မှာ..မြောက်..မြောက်…
သွား..တာ..ကွ၊ လူ..လူ.က..ပေါ့..ပေါ့..က.
က.လေး..ဖြစ်သွား… သွား..တာ”

“ဟေ ဟုတ်လားကွ၊ ငါတော့ ကြားတောင်
မကြားဖူးပါဘူးကွာ၊ ဒါတွေ မင်း ဘယ်က
တတ်တာတုံး”

ကျုပ်က တကယ်ကို အံ့သြပြီး မေးမိတာ
ဗျ။ ဘထစ်က ကျုပ်ကို လှည့်ကြည့်ပြီး ပြုံး
နေတယ်။

“အဲ..အဲ..ဒါကြောင့်..မင်းတို့..မ..မသိ..တာ
.တွေ..ရှိ..တယ်..တယ်..လို့ ပြော..တာ.ပေါ့့
..ဒီ..ပညာ..ညာ.ကို..သင်္ချိုင်း..ဇ.ဇ..ရပ်မှာ.
အ..စီ..အ..ရင်..လာ..လာ.လုပ်တဲ့.အောက်
..အောက်..လမ်း..ဆ..ဆရာ..သာ.သာ.ဂရ.
သင်..သင်ပေးသွား..သွား..တာ..ကွ”

“မင်း ငါ့ကို လုပ်ပြမလား၊ ငါ အဲဒါကို တော်တော်စိတ်ဝင်စားတယ်ကွ ဘထစ်ရ”

ကျုပ်က ဘထစ်ကို သူပြောတဲ့ ဟားတိုက်
တယ်ဆိုတာ လုပ်ပြဖို့ပြောရောဗျ

“အေး..အေး..ပါ..တစ်ရက်..လောက်..
တော့.ငါ..ငါ..လုပ်ပြ..ပါ…ပါမယ်”

ကျုပ်က သူပြောတာကို သေသေချာချာ
တွေးနေမိတာဗျ။

“လူကို လက်ညှိုးနဲ့ မ,ရင် လူကပေါ့ပြီး လေ
ထဲကို မြောက်တက်သွားမယ် ဟုတ်လား
ဘထစ်”

“ဟုတ်.ဟုတ်.ပါ..ပါ.ပါတယ်..ဆို.ဆိုမှကွာ”

“ဒါဆိုရင် မင်း ဘယ်တော့ လုပ်ပြမှာတုံး”

“အ..အ..ခြေ..အ..နေ..ပေး..တဲ့..နေ့…
နေ့…ပေါ့…ပေါ့ကွာ၊ လူ..ရှာ..ရ..ရ..ဦး..
မှာ…ကွ”

“လူရှာရမယ်၊ ဟုတ်လား၊ ဘာလုပ်ဖို့တုံး”

“ခုနှစ်..နေ့…နေ့၊ ခုနှစ်..နံ..နံ..စုံ..စုံ..မှ..
ရ..ရတာ..တာ..ကြ”

“ဟေ ဟုတ်လား၊ ခုနှစ်ရက်သားသမီးစုံမှ
ရမှာပေါ့ ဟုတ်လား ဘထစ်”

“အေး..အေး..ဟုတ်.ဟုတ်..တယ်..ကွ”

ဟားတိုက်တဲ့ကိစ္စက ဒီမှာပဲ စကားပြတ်သွား
ရောဗျ။ အဲဒီနေ့က ဘထစ်က ပြဒါးနှစ်ကျပ်
သားခဲပြီး ရောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ ကျုပ်
ကို ခါတိုင်းလိုပဲ ကျွေးမွေးတော့တာပေါ့ဗျာ။
ကျုပ်ကလည်း ပေါက်ပေါက်ရှာရှာ လုပ်ပြီး
ပိုက်ဆံရှာတတ်တဲ့ ဘထစ်ကို ဂုဏ်ပြုတဲ့
သဘောနဲ့ ဗိုက်ကားအောင်ကို စားပေးလိုက်
တာပေါ့ဗျာ။ ကျုပ်တို့အုပ်စုက ကျောင်းမှာ
ဘောလုံးဆိုလည်း ကန်လိုက်ကြတာပဲဗျာ။

ခြင်းလုံးဆိုလည်း ခတ်လိုက်ကြတာပဲ
ဗျာ။ အခုလည်း ကျောင်းကပွဲမှာ’ဗွေး
တုတ်’ယိမ်းကဖို့ ကျုပ်တို့အဖွဲ့ကို ရွေး
လိုက်သဗျ။

အောင်သိန်းက ယိမ်းခေါင်းဆောင်။ အား
လုံး ၁၅ယောက်ယိမ်း။ ကြက်တောင်စည်း
ပန်းတစ်ပွင့်ပန်၊ ပါးမှာ ပါးကွက်, ကွက်ပြီး
တော့ ပုဆိုးစလွယ်သိုင်းပေါ့ဗျာ။

အောင်သိန်းက ခေါင်းဆောင်ပြီး ညနေ
ကျောင်းဆင်းရင် ကျောင်းခန်းလွတ်တစ်
ခုမှာ အကတိုက်ကြရတယ်။ ညရှစ်နာရီ
လောက်မှ အိမ်ပြန်ကြရတာပေါ့ဗျာ။ ဘ
ထစ်ကလည်း ဒီတော့မှ သုသာန်ကျောင်း
ကို ပြန်တာ။ ဒါပေမဲ့ ဒီကောင်က ကြောက်
တဲ့ကောင်မှ မဟုတ်တာ။ အေးအေးဆေး
ဆေးပဲဗျ။နောက်တော့ ကျောင်းကပွဲက နီး
နီးလာတဲ့အခါ ယိမ်းခေါင်းဆောင်အောင်
သိန်းက တစ်ပတ်ကို တစ်ည ကျောင်းမှာ
အိပ်ပြီး ညဉ့်နက်တဲ့အထိ ယိမ်းတိုက်ဖို့
ပြောသဗျ။ အားလုံးက သဘောတူတယ်။
ဆရာတွေရော၊ မိဘတွေကပါ သဘောတူ
ကြတယ်ဗျ။ ဘထစ် ဘုန်းကြီးကလည်း ခွင့်
ပေးတယ်။

ကျုပ်တို့အဖွဲ့ ည ၁၁ နာရီအထိ ယိမ်း
တိုက်ကြတယ်။ ပြီးမှ ကျောင်းဆောင်ကြီး
အပေါ်ထပ်မှာ စောင်လေးတွေခြုံပြီး ကွေး
ကြတာပေါ့ဗျာ။ ဒီမှာတင် ဘထစ်က ကျုပ်
ကို မေးတော့တာပဲဗျ။

“တာ…တာ..တေ..မင်း..ကို..ငါ..ငါ..ပြော.
ထား..တဲ့..ကိစ္စ ..လုပ်..လုပ်ရင်.ရပြီ..ပြီကွ”

“ဟေ ဘာကိစ္စတုံးကွ ဘထစ်ရ”

“ဟာ.တာ..တာ..တေ..ကလည်း..မေ့..
မေ့..သွား..သွားပြီ..ထင်..ထင်တယ်”

“အေးပါ ဘထစ်ရာ၊ ငါ့ကို ပြောပါဦးကွ၊
ဘာကိစ္စတုံးဆိုတာ”

“ဘာ..ဘာ..ကိစ္စ..ရ..ရ.မှာ..လဲ…လဲ..
ဟား..ဟား..တိုက်..တိုက်..တာ၊ တာ..
လေ..မင်း..မင်း..ကြည့်..ကြည့်..ခြင်..
လို့…လို့..ဆို”

“ဟာ ဟုတ်သားပဲကွာ၊ ငါ မေ့နေတာကွ၊
အေး မင်းအဲဒါလုပ်လို့ရမလား၊ ခုနှစ်ရက်
သား စုံမှရတယ်ဆို”

“ငါ..ငါ.မေး..ကြည့်..ကြည့်ပြီး..ပြီ၊ တို့.
.အ…အ..ထဲ..မှာ..ခု..ခုနှစ်..ရက်..စုံ..
.စုံတယ်…ကွ”

“ဟာ ဒါဆို လုပ်ကွာ ဘထစ်၊ ငါ ကြည့်
ချင်တယ်ကွ”

“အေး..အေး..ပါ..ငါ..ငါ. လုပ်..လုပ်ပြ..
ပါမယ်..မင်း..ဒီ…ဒီ…ကောင်.တွေ..ကို.
ပြော..ပြော..ထား..လိုက်”

“အေး အေး စိတ်ချ၊ ဘထစ် ဒီကောင်တွေ
စိတ်ဝင်စားသွားအောင် ငါပြောပြမယ်၊ ဟား
ဟား ဟား ဟား ဆရာကြီးဘထစ်ရဲ့ အစွမ်း
ကို တွေ့ရတော့မှာပေါ့ကွာ”

နောက်နေ့ကစပြီး ကျုပ်က ယိမ်းအဖွဲ့က
ကောင်တွေကို တဖြည်းဖြည်း ပြောပြပြီး
စည်းရုံးတာပေါ့ဗျာ။ ဒီကောင်တွေကလည်း
ကျုပ်လိုပဲဗျ။ ဘထစ်ပြောတဲ့ ဟားတိုက်တဲ့
ကိစ္စကို တော်တော်စိတ်ဝင်စားကြတာဗျို့။
ကျုပ်ကလည်း ဒီကောင်တွေ စိတ်ဝင်စား
အောင် အမျိုးမျိုး ပြောပြတာပေါ့ဗျာ။

“ကဲ ဘထစ်ရေ၊ ငါ့တာဝန်တော့ ပြီးပြီနော်၊
မင်းတာဝန်ပဲ ရှိတော့တယ်”

“အေးပါ..ဒီ..တစ်..ပတ်.ကျောင်း..ကျောင်း
မှာ.ည..ညအိပ်ရင်.ငါ..ငါ..လုပ်.လုပ်.ပြမယ်”

ကျုပ်က ဘာမဆို စပ်စုချင်တဲ့ကောင်ဆို
တော့ အရမ်းကို ပျော်နေတာဗျ။ အဲဒီည
မြန်မြန်ရောက်ပါလို့တောင် ဆုတောင်းနေ
တာဗျ။ ဒီလိုနဲ့ ညအိပ်ရမယ့်နေ့ကို ရောက်
ပြီဗျို့။ဘထစ်က လိုတဲ့ ပစ္စည်းကလေးတွေ
ဝယ်တယ်ဗျ။တခြားတော့ မဟုတ်ပါဘူးဗျာ။

အမွှေးတိုင်၊ ဖယောင်းတိုင်၊ လက်ဖက်ဗျ။
အဲဒီညရောက်တော့ ည ၁၀နာရီလောက်
မှာ ဗွေးတုတ်ယိမ်းတိုက်တာ ပြီးရောဗျ။
ဒီမှာတင် ဘထစ် အလုပ်စ,တော့တာပေါ့
ဗျာ။ ဘထစ်ခိုင်းတဲ့အတိုင်း ကျုပ်တို့က
လုပ်ပေးရတာပေါ့ဗျာ။

စားပွဲကြီးတစ်လုံးကို အခန်းအလယ် ရွှေ့
ကြတယ်။ ပြီးတော့ လူကောင်ခပ်သေးသေး
မျက်မှေးကို စားပွဲပေါ်မှာ ပက်လက်အိပ်ခိုင်း
တယ်ဗျ။ ပြီးတော့ ခေါင်းတည့်တည့်မှာ ခုံ
တစ်လုံးချပြီး အမွှေးတိုင်၊ ဖယောင်းတိုင်
ထွန်း၊ လက်ဖက်ပွဲ တင်လိုက်တယ်။

ပြီးတော့ တနင်္ဂနွေသား အောင်သိန်း၊
တနင်္လာသား ချစ်သောင်း၊ အင်္ဂါသား
စံပ။ ဗုဒ္ဓဟူးသား ရန်ပိုင်၊ ကြာသပတေး
သား မြို့သာ၊ သောကြာသား သောင်း
ဖေ၊ စနေသား တက်ခါး၊ အစဉ်အတိုင်း
နေရာချလိုက်တယ်ဗျ။ ကျန်တဲ့လူတွေ
က ဘေးကပဲ ဝိုင်းကြည့်နေကြတာပေါ့
ဗျာ။ ကျုပ်နဲ့ ဘထစ်ကလည်း ဘေးကပဲ
ကြည့်နေတာဗျ။ ဘထစ်ကတော့ ဆရာ
ကြီးပေါ့ဗျာ။

“ကဲ..နား.နား..မင်းတို့ရဲ့.လက်..လက်
ညှိုး..ညှိုး..နှစ်..ချောင်းကို..ကို..မျက်..
မှေး…မှေး..ရဲ့…ကျော..ကျော..ကုန်း..
ကုန်း….အောက်….အောက်ကို…ထိုး..
သွင်း..သွင်းထားကြ၊ ပြီး..ပြီး…ရင်..တ..
နင်္ဂနွေ..သား..သားက.စ..စပြီ..ဟော..
ဟော..ဒီ.လို.ခေါင်း..ငုံ့..ငုံ့..ပြီး..ဟား..လို့..
သူ…ဆုံး.ဆုံးသွား..တဲ့နေရာက..တနင်္လာ
.သား.သားက..ဆက်.ဆက်ပြီး.ဟား..လို့..
လုပ်.ခြေ..ခြေထောက်..ဘက်ကို..လုပ်..
လုပ်..သွား.ပြီး..ပြီးရင် အင်္ဂါသား ..နောက်
..ဗုဒ္ဓ..ဟူး..ဟူး..၊ ကြာ..ကြာ.သ.ပ..ပ..
တေး၊ သော.ကြာ..ကြာ…စ..နေ..အဲ.အဲ.
ဒီလို…ဆက်.ဆက်..လုပ်…အဆက်..မ..
မ…ပြတ်..ရ..ရဘူး၊ ခုနှစ်ပါတ်..တိ..တိ..
လုပ်..လုပ်..ရ…မယ်”

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ငါတို့ သိပြီ၊ ကဲ ငါစမယ်”

လို့ အောင်သိန်းက ပြောပြီး မျက်မှေးရဲ့
ခေါင်းနားကို ကပ်ပြီး’ဟား’လို့ ပါးစပ်ဟပြီး
လုပ်တယ်။ ပြီးတော့ ချစ်သောင်း၊ ပြီးတော့
စံပ၊ ပြီးတော့ ရန်ပိုင်၊ ပြီးတော့ မြို့သာ၊ ပြီး
တော့ သောင်းဖေ၊ ပြီးတော့ တက်ခါး။

“ဟုတ်.…ဟုတ်..ပြီ..တစ်ပါတ်”

အောင်သိန်းက ပြန်စတယ်။ ပြီးတော့ အစဉ်
အတိုင်း။

“ဟုတ်..ဟုတ်ပြီ..နှစ်..ပါတ်”

အောင်သိန်းက ပြန်စ။

“ဟုတ်..ဟုတ်.ပြီ…သုံးပါတ်”

“လေးပါတ်”

“ငါးပါတ်”

“ခြောက်ပါတ်”

“ခုနှစ်ပါတ်”

“ဟုတ်..ဟုတ်..ပြီ.ပြီ..မ..မ..လက်..လက်.
.ညှိုးနဲ့…မ..ဟုတ်..ဟုတ်ပြီ”

ဟာ မျက်မှေးက အိပ်ပျော်သွားပြီး စန့်စန့်
ကြီး ဖြစ်နေတာဗျို့။ တောင့်တောင့်ကြီးဖြစ်
ပြီး လေထဲကို ကြွလာတယ်ဗျ။ ဟိုကောင်
တွေက သူတို့ရင်ဘတ်နဲ့တည့်တည့်လောက်
အထိ မ,ထားကြတယ်။

“ဖြည်း ..ဖြည်း..ပြန်..ပြန်..ချ..ချ”

ဘထစ်က ညွှန်ကြားနေတာဗျို့၊ ဘထစ်
ခိုင်းတဲ့အတိုင်း လိုက်လုပ်ကြရတာပေါ့ဗျာ။
ကျုပ်ဖြင့်အံ့သြလိုက်တာဗျာ။ မျက်မှေးက
လေထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ပေါလောပေါ်နေ
သလို ပုံစံဗ်။

“ပြန်..ပြန်..ပြန်…မ”

ဟော နောက်တစ်ခါ မကြာပြန်ပြီဗျ။မြောက်
လာတာပဲ။

“ချ..ချ..ဖြည်း..ဖြည်း..ပြန်ချ”

“ဟုတ်..ဟုတ်..ပြီ..ပြီ…မ..မ”

ဒါဆိုရင် သုံးကြိမ်မြောက် မ,တာပဲဗျ။ မျက်
မှေးကတော့ ဘာမှကို သိပုံမပေါ်ဘူးဗျ။
တောင့်တောင့်ကြီးဖြစ်နေတာ။

“ချ..ချ.ဖြည်း..ဖြည်း..ချ…ချ”

ဘထစ်က ဆက်ပြီးညွှန်ကြားနေတယ်ဗျ။

“ဟာ”

ကျုပ်ရော ကျန်တဲ့သူတွေဆီက တစ်ပြိုင်
တည်း ထွက်လာတဲ့အသံဗျ။ အားလုံး အံ့
သြသွားကြတယ်။ ဘာဖြစ်လို့ဆိုတော့ ဒီ
တစ်ခါ ပြန်အချမှာ မျက်မှေးက လုံးဝပြန်
မကျတော့ဘဲ လေထဲမှာ မြောက်ကျန်ရစ်
ခဲ့တာဗျ။ အားလုံး လန့်ဖျတ်ကုန်ရောပေါ့
ဗျာ။ ဘထစ်ကို အားလုံးဝိုင်းကြည့်ကြတာ
ပေါ့။ ဘထစ်လည်း မျက်လုံးအပြူးသား
ဖြစ်နေပြီဗျို့။ ကျုပ်တို့လည်း ဘာလုပ်ရ
မှန်း မသိတော့ဘူးဗျ။

“ဟေ့ကောင်တွေ မျက်မှေးကို အောက်ဆွဲ
ချကြကွာ”

အောင်သိန်းက ပြောလိုက်တော့ စောစော
က ဟားတိုက်တဲ့ ခုနှစ်ယောက်က မျက်မှေး
ကို အောက်ကို ဆွဲချကြတာ နည်းနည်းမှကို
မရတာဗျို့။အဲဒီတုန်းမှာပဲ ကြည့်နေတဲ့အထဲ
က မြင့်ဦဆိုတဲ့အကောင်က ‘ဟီး’ခနဲ ထငိုပါ
ရောဗျာ။

“ဟာ ဘာဖြစ်တာတုံး”

လို့ ကျုပ်က အော်ပြောလိုက်တယ်။ ကျုပ်
စကားတောင် မဆုံးသေးပါဘူးဗျာ။ နောက်
တစ်ယောက် ထပ်ငိုတယ်။ တစ်ယောက်ပြီး
တစ်ယောက် ငိုလိုက်ကြတာ၊

ခုနှစ်ယောက်ဗျ။

“ဟာ. ဒါ..ဒါ..ခု..ခု..နစ်.စဉ်..
တိုက်.တိုက်..တာ.တာ…ကွ”

ဘထစ်က ပြောတယ်။ ဒါ ခုနှစ်စဉ်တိုက်
တာတဲ့။ ကျုပ်တို့က သူပြောတဲ့ ခုနှစ်စဉ်
တိုက်တာကို ကြားတောင် မကြားဖူးဘူးဗျ

“ဒါဆို ဘယ်လိုလုပ်မလဲ ဘထစ်၊ တော်
တော်ကြာ မျက်မှေး သေသွားဦးမယ်”

မျက်မှေးကတော့ လေထဲမှာ
စန့်စန့်ကြီးပဲဗျ။

“ရ..ရ..တယ်၊ ငါ..ငါ..မ..ဖဲ..ဝါ…ဝါကို..
ခေါ်..ခေါ်မယ်..မင်း..မင်းတို့..မျက်..စိ..
မှိတ်…မှိတ်..ထား..မ..မ..မကြည့်နဲ့”

ပြောပြောဆိုဆို ဘထစ်က တံခါး
ပေါက်နားသွားပြီး အ,ထစ် အ,ထစ်
နဲ့ ပြောတယ်ဗျ

“မ..မ..ဖဲ..ဝါ… အ..ခု..ချက်..ချင်း..ကျုပ်
..ဆီ..ဆီ..ကို..လာ..ပါ..ကျုပ်…ကို..ကူ.
.ညီ..ပါ၊ ကျုပ်…ကျုပ်..ကျုပ်က..ဘ..ဘ..
ချစ်..ချစ်..ပါ..ပါ”

အားလုံး မျက်စိမှိတ်ပြီး ခေါင်းတွေငုံ့ထား
တယ်။ ငိုတဲ့ကောင်တွေကတော့ ငိုလို့ပေါ့
ဗျာ။ ကျုပ်ကတော့ အင်မတန်စပ်စုတဲ့
ကောင်မို့လား၊ မျက်စိပိတ်မယ့်အစား မျက်
တောင်မခတ်ဘဲ ကြည့်နေတာပေါ့ဗျာ။

“ဟာ”

တံခါးပေါက်ကနေ ဝင်လာတာဗျို့။ ဖြူဖြူ
ကြီးဗျ။သဲသဲကွဲကွဲတော့ ကျုပ် မမြင်ရဘူး၊
လူပုံစံပဲဗျ။ အရပ်ဆယ်ပေလောက်ရှိမယ်
ထင်တယ်။ လက်ကြီးနှစ်ဖက် ရှေ့ကိုတန်း
ပြီး လေထဲမှာ ရမ်းလိုက်တယ်ဗျို့။

“ဟော”

လေထဲမြောက်နေတဲ့ မျက်မှေးလည်း
အောက်ကို ဖြည်းဖြည်းကလေး ကျလာ
တယ်။ ငိုနေတဲ့ကောင်တွေလည်း တိတ်
သွားပြီဗျ။ ဖြူဖြူကြီး ထွက်သွားပြီဗျို့။ တံ
ခါးပေါက်ကပဲ ပြန်ပြီးထွက်သွားတာ။

ကျုပ် ဘထစ်ကို လှမ်းကြည့်လိုက်တော့
သူလည်း ကျုပ်လိုပဲဗျ။ အဲဒီဖြူဖြူကြီးကို
လိုက်ကြည့်နေတယ်။ မျက်မှေးလည်း
ငုတ်တုတ်ကလေး ထိုင်နေတယ်ဗျ။ ဘ
ထစ်က ကျုပ်ကို လှမ်းကြည့်ပြီး ရယ်နေ
တယ်ဗျို့။ ကျုပ်လည်း ဒီတော့မှ ရင်ထဲ
က အလုံးကြီးကျသွားတာပေါ့ဗျာ

အားလုံးလည်း တစ်ယောက်ကို တစ်
ယောက် တစ်ယောက်ကြည့်ပြီး ကျွက်စီ
ကျွက်စီနဲ့ ပြောနေကြရောဗျို့။ အဲဒီညက
အိပ်သာ အိပ်ကြတယ်။ ဘယ်အိပ်ရဲတော့
မလဲဗျာ။ အခန်းတံခါးတွေ အကုန်ပိတ်ပြီး
အလှည့်ကျ ကင်းချကြရတယ်ဗျ။ပြီးတော့
အားလုံးပဲ ဘုရားတွေဘာတွေ ရှိခိုးပြီးမှ
အိပ်ကြရတာပေါ့ဗျာ။ ဘထစ်က ကျုပ်နား
ကိုကပ်ပြီး မေးတယ်ဗျ

“မင်း..မင်း..မ..မ..ဖဲ..ဝါ..ဝါကို ..တွေ့..
..လိုက်..ရတယ်..မို့…မို့..လား”

“အေး ငါတွေ့လိုက်တယ် ဘထစ်၊ အရပ်
အမြင့်ကြီးပဲကွ”

“ဟုတ်..ဟုတ်တယ်.ငါ..ငါ..မင်း..မင်းကို.
ပြော…ပြောထား…သား..ပဲ..မ..ဖဲ…ဖဲ..ဝါ.
…နဲ့…ငါ..နဲ့..နဲ့..ခင်.ခင်..ပါ.ပါတယ်..လို့”

“အေး ငါ အခုတော့ ယုံသွားပါပြီ ဘထစ်
ရာ၊ နောင်ကိုလည်း ဘယ်တော့မှ ဟားမ
တိုက်တော့ပါဘူးကွာ။ မင်းလည်း ဒါမျိုး
နောက်ဘယ်တော့မှ မလုပ်နဲ့တော့ကွ၊
မဖဲဝါသာ ရောက်မလာရင် ငါတို့ဒုက္ခ
ရောက်တော့မှာကွ”

ကျုပ်စကားကို ဘထစ်က သေသေချာချာ
နားထောင်ပြီး လေးလေးနက်နက် ခေါင်း
ညိတ်ပြတယ်ဗျ။ ဒီညဖြစ်ခဲ့တဲ့ကိစ္စတွေ အ
ပြင်မှာ မပေါက်ကြားဖို့ ကျုပ်က အားလုံး
ကို သတိပေးတယ်။ အားလုံးကလည်း

” စိတ်ချ တာတေ လုံးဝအပြင်ကို မပေါက်
ကြားစေရဘူးလို့ ”

ကတိပေးကြတယ်။ ဒါပေမဲ့ နောက်နေ့ ကျောင်းတက်တဲ့အခါ ကြိမ်လုံးကြီးကိုင်ပြီး
အဆင်သင့်စောင့်နေတဲ့ အတန်းပိုင်ဆရာ၊
ဆရာထွန်းကို တွေ့ရတော့တာပါပဲဗျာ။

“ကဲ ‘ဟား’ဆရာကြီးတွေ ဒီဘက်ကြွပါဦး”

ဆိုပြီး ကျုပ်ရယ်၊ ဘထစ်ရယ်၊ မျက်မှေး
ရယ်၊ အောင်သိန်းရယ်ကို ကြိမ်စာကျွေး
တော့တာပေါ့ဗျာ။

ဒါကြောင့်လည်း ဘူးတစ်ရာ အပေါက်
ထက် ပိုဆိုးတဲ့ လူတစ်ယောက် ပါးစပ်
ပေါက်လို့ ပြောကြတာပဲဆိုတာ ကျုပ်
တွေးလိုက်မိတယ်ဗျ။

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ