တတ်မြဲဖြစ်လေသည်။ အကြီးမခင်ထွေးက “”သူဒီအိမ်ရိပ်ကခွာတော့သမီးတို့ကိုတစ်ခွန်းဟခဲ့လို့လားအဖေ ခုလိုမှပြန်တက်လာတာ””” “”သမီးရယ်စိတ်လျှော့လိုက်ပါအဖေတို့ကမိသားစုတွေလေ ကဲပြောသားအခက်အခဲကို””” ကျော်ခေါင်ကအဖေ့ဘက်လှည့်ကာ••• “””ဒီလိုဖေဖေ•သားအလုပ်ကနယ်ဘက်ကျတယ် အရမ်းခေါင်တာမို့စိုးကိုဒီမှာအပ်ထားခဲ့ချင်လို့ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ဟိုမှာစိတ်မချဘူးလေ မကြာပါဘူးအဖေစိုးကလေးမွေးပြီး ကျွန်တော်နေသားကျတာနဲ့ပြန်ခေါ်မှာပါ””” “”သားရယ်••ဒါသားနေခဲ့တဲ့သားအိမ်မှာ သားဆန္ဒရှိသလောက်ထားခဲ့လို့ရတယ်””” “”ကျေးဇူးတင်ပါတယ်ဖေဖေ”” အငယ်မကခြေဆောင့်ကာအခန်းထဲဝင်သွားသလို အကြီးမကလည်းထထွက်သွားလေသည်။ အမေကတော့ဘာမှထပ်မပြောပေ။ ကျော်ခေါင့်ရင်ထဲတွင်တော့အဖေ့ကိုအရမ်းကျေးဇူးတင်သွားရသည်။ ~~~~~~~~~~~~~~~~~~~~~ {၂} “”ကဲ••စိုးအစ်ကိုသွားမယ် ကိုယ်ဝန်ကိုသေချာဂရုစိုက်နော်””” စိုးကမျက်ရည်မကျပေမယ့်••• မျက်နှာငြိုးနေတာကသိသာသည်။ ကျန်းမာရေးမကောင်းလှသောကိုယ်ဝန်နှင့်ဇနီးသည်ကို ထားခဲ့ရာမှာစိတ်မချပေမယ့်••သူထားခဲ့တာကသူ့ မိသားစုဆီမှာမို့ ဘာမှမဖြစ်လောက်ပါဘူးလေဟု စိတ်ကိုတင်းမိသည်။ စိုးမှာကိုယ့်ကိုမကြည်ဖြူသောမိသားစု မှာနေခဲ့ရမှာမဝံ့မရဲရှိလှပေမယ့် အစ်ကို့ကိုစိတ်မဆင်းရဲစေချင်တာမို့အားတင်းပြုံးပြထားမိသည်။ ကျောခိုင်းသွားသောအစ်ကို့ကိုကြည့်ရင်း အိမ်ပေါ်မဝံ့မရဲတက်လာမိသည်။ သူမကိုမြင်သည်နှင့်ခင်ထွေးက “”ဘယ့်နှယ်တော်••• သားအကြီးဖြစ်ပြီးအိမ်ကိုထောက်ပံ့ဖို့နေနေသာသာ ခုတော့သူ့အရှုပ်ထုတ်တွေကအိမ်ပေါ်ရောက်လာရတယ်လို့””” စိုးမွန်ဘယ်သွားရမှန်းမသိဘဲခြေလှမ်းတုံ့သွားရသည်။ ...
ပြေးလိုက်လို့ဗျ။ ကျုပ်လည်းပြေးရင်း ဖက်လိပ်ရွာထဲရောက်သွားတယ်ဗျ၊ ရွာလယ်က အိမ်ကြီးအိမ်ကောင်းကြီးတစ်ခုကတော ကျုပ်အဘိုးအိမ်ပေါ့ဗျာ၊ အဲဒီအိမ်ရှေ့ရောက်တော့ ကျုပ်လည်း ခလုပ်တိုက်ပြီးတော့ လဲကျသွားတယ်၊ အနောက်ကိုအမြန်လှည့်ကြည့်တော့ ခုနက တွေ့ခဲ့တဲ့ခွေးနက်ကြီးက ပျောက်ချင်းမလှကိုပျောက်သွားတာဗျ၊ ကျုပ်လည်း ဖုတ်ဖတ်ခါထပြီးတော့ လူတွေစည်ကားနေတဲ့ သူကြီးအိမ်ထဲကိုဝင်ကြည့်တာပေါ့ဗျာ။ သူကြီးအိမ်ကတော့ လူတွေစည်နေတာပြောမနေပါနဲ့ဗျာ၊ ခြေတံရှည်အိမ်ဆိုတော့ အိမ်အောက်ထပ်မှာတော့ ရွာသားတွေက ချက်ဖို့ပြုတ်ဖို့ပြင်ဆင်နေကြတယ်၊ အိမ်အပေါ်တက်တဲ့လှေကားမှာတော့ ဖိနပ်တွေချွတ်ထားတာ မနည်းပဲဗျ၊ ကျုပ်တက်သွားတော့ ကျုပ်ကိုဘယ်သူမှ မြင်ရတယ်မထင်ဘူး၊ သူ့ဖာသာသူ စကားပြောနေကြတာ။ ဘုရားခန်းအရှေ့နားမှာတော့ ကော်ဇောကြီးခင်းထားပြီးတော့ လူကြီးတွေထိုင်နေကြတယ်ဗျ။ “ကျုပ်၊ ကျုပ်အနူးအညွတ်တောင်းပန်ပါတယ်ဆရာကြီးတို့၊ ဒီစုန်းမက ကျုပ်တို့ရွာကို ဒုက္ခပေးပေါင်းများပြီ၊ ...
ကောင်းတဲ့သူပါ ။ ရပ်ရေး ရွာရေး သာရေး နာရေး တွေဆို အမြဲသွားနေကြ ။ အကူအညီပေးနေကြ ။ ဒါပေမယ့် အဖိုးမှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ် ။ အဲဒါက စကားပြောရင် အပေါက်ဆိုးလေ့ရှိတယ် ။ နှုတ်ကြမ်း အာကြမ်းတယ် ပေါ့ဗျာ ။ စကားပြောရင် ဘုကန့်လန့်သမား ။ ကြားဖြတ်ပြောရဦးမယ် ။ ကျနော့်အဖိုးက အိမ်တွင်းနတ် စင် ထားတယ် ။ ပူဇော်ပသတယ် ။ အဖိုးစီးပွားဖြစ်တာ အိမ် တွင်းကြောင့်လည်း ပါတယ်လို့ပြောတယ် ။ ...
ကျန်ုပ်ကို မမြင်တာနေမှာ… လှမ်းခေါ်ကြည့်မည်..” ကျန်ပ်လည်း ကိုယ့်ဘာသာကို ပြောရင်းက ခပ်သုတ်သုတ် သူ့နောက် ပြေးလိုက်ပြီး…။ “ဟျောင့် ကိုကျော်စိုးထက် လား” ကျန်ုပ် လှမ်းအော်သံကြောင့် လှည့်ကြည်ပြီး ကျန်ုပ်ကို အကဲခတ်နေပါတယ်။ “ဟျောင့် ငါလေ ကိုဆန်းလေကွာ… မမှတ်မိတော့ဘူးလားကွ” ကျန်ုပ် ပြောမှ မှတ်မီသွားပြီး…။ “ဟာ မင်းဘယ်တုန်းကရောက်လာတာလဲ …ဆိုင်းမဆင့်ဘုံမဆင့် ငါ့ကိုလဲ ဘာမှအသိမပေးဘူးကွာ” “ဟ မင်းလိပ်စာမှ ငါမသိတော့တာ.. ပြီးတော့ အဆက်အသွယ်လည်း ပြတ်နဲ့…ကျန်ုပ် ရန်ကုန် မရောက်တာ နစ်ချီနေပြီ” “အေးပါ.. မင်းဘယ်မှာတည်းနေလဲ” ...
တယ်ဗျ၊ အိမ်ခေါင်မိုးလေးတွေတောင်မှ မသဲမကွဲပဲဗျာ။ ပြီးတာနဲ့ချက်ချင်းကြီး ပြုတ်ကျတော့တာပါပဲ၊ ကျတာကလည်း အရှိန်နဲ့ကျတာဗျ၊ လေတွေကလည်းပင့်တိုက်တာဆိုတော့ အသည်းကိုအေးနေတာပဲဗျာ၊ ကျုပ်လည်း ပါးစပ်ဖွင့်ပြီးတော့ အသံကုန်ဟစ်ပြီးတော့ တအားအားနဲ့အော်နေတာပေါ့ဗျာ၊ ဒီအတိုင်းဆိုရင် မြေကြီးပေါ်ကို မျက်နှာနဲ့ပြုတ်ကျပြီးတော့ သေတော့မယ်မဟုတ်လား။ “အောင်မယ်လေး၊ လုပ်ကြပါအုံးဗျ၊ ကယ်ကြပါအုံး” မြေကြီးနဲ့ထိဖို့ တစ်ထွာလောက်အလိုမှာ ဝုန်းခနဲရပ်သွားတော့တာဗျာ။ ကျုပ်ရင်တွေဆို တဒုန်းဒုန်းနဲ့ဗျာ၊ ဒါတင်မကသေးပါဘူး ဖျားကြီးက စကောဝိုင်းကြီးလိုလှည့်ပြီးတော့ ပတ်ပျံနေပြန်ရောဗျာ။ ကျုပ်ဖြင့်ခေါင်းတွေမူးပြီးတော့ ချာချာလည်နေတော့တာပဲ၊ ပါးစပ်ထဲကလည်း ဖြူဖြူတွေရော၊ နီနီတွေရော အကုန်အန်တာဗျာ၊ နောက်ဆုံးကျုပ်မျက်ဖြူဆိုက်နေတော့မှ ဖျာကြီးကရပ်သွားတယ်။ “ဟုတ်ပါပြီ၊ မေမေကြီး . ...
၊ လ္ဘက် အကြော်စုံ၊ ရေနွေးကြမ်းတို့ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။ အလှု့ဒါယိကာမှာ ကုန်ချင်သလောက်ကုန် … အပြုံးမပျက် လှုမည့်သူ ဖြစ်သလို ၊ အလှု့ဒါယိကာမမှာလည်း ငွေထုတ်ရလို့ တချက်ကလေးမှ မငြီးငြူချေ။ စေတနာသဒ္ဓါတရား အင်မတန် ထက်သန်ကြသော လိုက်ဖက်ညီသည့် အလှုရှင်ဇနီးမောင်နှံ ဖြစ်ကြသည်။ _________ အခန်း(၂) မြသာသည် လူရွှတ်လူနောက် ဖြစ်သည်။ သူသည် လူငယ်သဘာဝ ခပ်ရွှင်ရွှင်နေတတ်သူတဦးဖြစ်သော်လည်း ရပ်ရေးရွာရေးတွင်တော့ အင်မတန် တက်ကြွသူ ဖြစ်ပါသည်။ ယခု မြသာသည် ရွာဦးကျောင်းဖြစ်သော လယ်ပြင်ကြီး မြောက်တိုက်၌ ...
ဖြင့်သာပြည့်နှက်နေခဲ့ပေသည်။ “မမယ်တင်တို့ဘဝများအားကျပါ့တော်…” ဟု…မယ်ခင်သည် မကြာခဏဆိုသလို မမယ်တင်အားပြောတတ်၏။ထိုအခါ မမယ်တင်မှ… “အားမကျနဲ့မယ်ခင်ရေ… လူတိုင်းပြည့်စုံတယ်ဆိုတာမရှိပါဘူးအေ” ဟုပြောလေသောအခါ၌ မယ်ခင်သည် မမယ်တင်၏ကွယ်ရာ၌ မျက်စောင်းထိုး၊နှာခေါင်းရှုံ့တတ်၏။ ထိုသို့ဖြင့်နေလာကြရင်းမှ မမယ်တင်တယောက်… “အမေ…အမေ…အို…အစ်ကို အမေ့ကိုလည်းခေါ်လို့မရပါလား လုပ်ပါဦး…ဆေးဆရာပင့်ပါဦးတော်…” အဖျားကြီးဖျားပြီးခေါ်မရလေသော မမယ်တင်အတွက် သားဖြစ်သူနဲ့သမီးဖြစ်သူတို့မှာ လွန်စွာစိုးရိမ်ကြတော့၏။ သားဖြစ်သူငြိမ်းမောင်မှာဆေးဆရာကိုအပြေးအလွှားပင့်ရှာသည်။ဆေးကုသပေး၍မမယ်တင်သတိပြန်လည်လာပါသော်လည်းကျန်းမာရေးမှာမကောင်းရှာ။ အကြောင်းမှာ မမယ်တင်သည် ယခင်ကဲ့သို့ အစားပင်မစားနိုင် အိပ်ရာထဲ၌လှဲ၍သာနေ၏။ တနေကုန်မည်သည့်စကားမှမပြော… ငေးမော၍သာနေတတ်သည်။ မမယ်တင်၏သားနဲ့သမီးမှာလည်း မိခင်ဖြစ်သူအတွက်ယူကျုံးမရကြ။ ဆိတ်ဖလူးကုန်းရွာတရွာလုံးလိုပင် မမယ်တင်အတွက် စိတ်မကောင်းဖြစ်နေမိကြသည်။ သားဖြစ်သူ ငြိမ်းမောင်သည်က အားမလျော့… “ညီမလေး…အမေ့ကိုသေချာဂရုစိုက်နော်။ အိမ်ခြံတံခါးတွေကိုလည်းသေချာပိတ်ထား… ညည်းအဖော်ရအောင် ...
.ညစာစား ပြီး.ဂျူတီထွက်ကာ.လိုင်းကားဖြင့်အိမ်သို့ပြန်လာခဲ့သည်။ ယင်းအချိန်၌မြင့်ငွေကလည်းဦးသန်းဆောင်နှင့်အတူကုမ္ပဏီသို့ရောက်နေပြီဖြစ်သည်။ ပြီးနောက် မြင့်ငွေသည်ရုံးခန်းထဲမှထုတ်ပေးသည့်ယူနီဖောင်းကိုဝတ်ဆင်ကာ.နေ့ဆင်းလုံခြုံရေးတွေနှင့်ဂျူတီချိန်းပြီး.တာဝန်ချပေးသည့်နေရာတွင်.စောင့်နေရသည်။ ဦးသန်းဆောင်ကလညူ်.လုံခြုံရေးမှူးဖြစ်သည်မို့.ထိုင်ခုံတစ်လုံးဖြင့်.Cctv ရှေ့တွင်ထိုင်ကာ.ကငိမရာ(မြင်ကွင်းအကျဉ်း)များကိုကြည့်နေရသည်။ ရှစ်နာရီထိုးပြီဆိုလျှင်တော့.လုံခြုံရေးတွေအားလုံးညစာစားကြသည်။ ပြီးလျှင်ကိုယ့်နေုရာကိုယ်ပြန်နေရသည်။ .ညဉ့်ဆယ့်နှစ်နာရီနောက်ပိုင်းဆိုလျှင်တော့ဦးသန်းဆောင်သည်ဓာတ်မီးတစ်လက်ဖြင့်.ကုမ္ပဏီ ဧရိယာတစ်ဝိုက်သို့.တစ်န.ာရီတစ်ကြိမ်နှုန်းဖြင့်လိုက်စစ်ရသည်။ ပြီးလျှင်ထူးခြားမှုရှိမရှိဆိုာတ.ရီပို့စာအုပ်ထဲတွင်ရေးရသည်။ ယခုလည်းဦးးသန်းဆောင်သည်နေရာအနံံှ့့.လိုက်လံစစ်ဆေြးးပီးပြီမို့cctvရှေ့တွင်.ရီပို့ရေးနေလ်ိုက်သည်။ ထိုအခ်ိုက်တွင် “ဟာ.ဘယ်လိုကောင်လဲကွ.တော်တော် စုတ်ပဲ့ တဲ့ကောင်ပါလားး” ရုတ်တရက် လြုံခုံရေးဦးဇော်မင်း၏ရန်တွေ့သံကြောင့်ဦးသန်းဆောင်နှင့်အခြားလုံခြုံေးရးတွေလညူ်း.ခပ်သုတ်သုတ်သွားကြည့်ကြလေရ.ာ.ဦးဇော်မင်း၏အနားတွင်မြင့်ငွေကိုပါတွေ့လိုက်ရသည်။ “ကိုဇော်မင်း.ဘာဖြစ်တာတုံး” ဦးသန်းဆောင်ကမေးတော့ဦးဇော်မင်းလည်း.ဒေါနှင့်မောနှင့်ပြန်ဖြေသည်။ “မင်းကောင်မြင့်ငွေပေါ့.အိ်ပ်ချင်မူးတူးနဲ့.ငါထ်ိုင်နေတာကိုမမြင်ဘဲ.သေးနဲ့ပန်းတယ်ကွာ” ထိုအခါမြင့်ငွေက “မမြင်လို့ပါလို့ပြောပြီးပြီပဲဗျာ” “ဘယ်မြင်မှာလဲကွ.မင်းကငိုက်နေတာကိုး” အခြေအနေက တဖြည်းဖြည်း တင်းမာလာသည်။ ကျန်သည့်လုံခြုံရေးသုံးယောက်ကလညူ်းမြင့်ငွေကိုမကျေမနပ်ဖြင့်ကြည့်နေလေရာ.ဦးသန်ဆောင်ကပဲ.ဝင်ဟန့်တားရလေသည်။ “ကဲပါ တော်ကြပါတော့.အဆောင်မှာအိပ်နေတဲ့ဝန်ထမ်းတွေနိုးသွားရင်မကောင်းဘူး။ပြဿနာပိုကြီးသွးားလိ့်မ့်မယ်” (ကုမ္ပဏီ မှဝန်ထမ်းများအတ်ွက်နေစရာအဆောင်ပေးထားပါသည်။အဆောင်ကုမ္ပဏီနှင့်ကပ်လျှက်တွင်ရှိသည်။) ယင်းသို့ဆိုပြီးနောက် ဦးဇော်မင်းကိုမြင့်ငွေကိ်ုယ်စားတောင်းပန်လိုက်သည်။ “ကဲ.ကိုဇော်မင်း.ကျွန်တော် တောင်းပန်တယ်ဗျာ.ဒီကောင့်ကိုကျွန်တော်ပြောထားလိုက်ပါ့မယ်” ”အေး.မင်းတောင်းပန်လို့နော်.မဟုတ်ရင်ဒီကောင်မလွယ်ဘူးမှတ်” ယင်းသို့ကြိမ်းပြီးဦးဇော်မင်း.ရေချိုး ရန်ထွက်သွားသည်။ ...
နှစ်စဉ်ဖြစ်လာပါ၏။ ဤသဘာဝကို လူသား နားလည် သလို တောတိရစ္ဆာန်တို့လည်း နားလည်သည်။ သူတို့ မှီခိုရာ ကဇာရိုးကို သူတို့ အားကိုးကြ၏။ ပြန်လည်ဆန်းသစ်စ ကဇာ အလှတစ်ရပ် ထပ်မံ မွေးဖွားခြင်းသည် သူတို့ အစာရေစာ ပေါများတော့မည့် လက္ခဏာဟု သူတို့ သိကြ၏။ ကဇာကို နေအိမ် ပြု၍ နေသော တောကောင်ငယ်လေးများတို့သည် ကဇာကို ခြေကုပ်ယူကာ အစာ ရှာဖွေ စားသောက်ကြ၊ သားပေါက်ကြသည်။ အထူးသဖြင့် ငတောတို့ ကနေ့ည ထောင်မည့်ကြွက်။ ကြွက်သည် ကဇာရိုးကို ...
သူကြီးတို့တတွေ ဘယ်လိုလုပ်ပေးနိုင်ကြမလဲသာ ဘွားကိုပြောကြပေတော့” “ကျုပ်ကတော့ ဘွားသဘောထားအတိုင်းပါပဲ…. ဘွားက ဒါလုပ်ချင်တယ်ဆို ကျုပ်တို့လုပ်ပေးဖို့အသင့်ပါပဲဗျာ… တစ်ခုပဲဗျ…ဘွားထိခိုက်မှာကိုတော့ ကျုပ်တို့စိုးရိမ်တယ်…” “သူကြီးပြောတာဟုတ်တယ်ဗျ… ကျုပ်တို့ကဘွားအတွက်ပဲစိတ်ပူမိတာ…” “ကျုပ်နဲ့မောင်တိုးကတော့ ဘွားနောက်ကအသင့်လိုက်ပါနေမှာပဲဗျာ…။ ကျုပ်တို့ကိုမမေးလေနဲ့…ဘွားသွားရင်လိုက်မှာပဲဗျို့…” အားလုံး၏အဖြေကိုဘွားမယ်စိန်ကျေနပ်သွားပြီး မျက်နှာထက်အပြုံးများဝေနေခဲ့သည်။ ထိုသို့ဖြင့် ဆက်လက်တိုင်ပင်၍ သာယာကုန်းရွာသို့ ခရီးစတင်ကြပေတော့မည်။ ထိုခရီး၌ မောင်အုန်း…မောင်တိုးတို့သာ လိုက်ပါကြမည်ဖြစ်သည်။ သူကြီးဦးနောင်ချိုတို့ကိုတော့ ရွာ၌သာချန်ထားရစ်ခဲ့၏။ ခရီးစဉ်သည်က မနက်ဖြန်သာဖြစ်ပေသည်။ စိတ်မြန်လှသော ဘွားမယ်စိန်သည် တစ်ရက်၊နှစ်ရက်ပင်အချိန်မဆွဲချင်ခဲ့ပေ။ ထို့ကြောင့် ခရီးကိုအလျင်စလိုပင်ထွက်လာခဲ့ကြရသည်။ လှည်းဖြင့်မနက်ဝေလီဝေလင်းအချိန်၌ ရွာမှထွက်လာခဲ့ကြသည်။ မောင်တိုးသည် နွားလှည်းကိုမောင်းနှင်ပြီး ဘွားမယ်စိန်သည် လှည်းအလယ်၌ထိုင်၍လှည်းလက်ရန်းကို ကိုင်ထားလေသည်။ ...