ဂြိုလ်မွှေတဲ့လင်မယား

.ညစာစား ပြီး.ဂျူတီထွက်ကာ.လိုင်းကားဖြင့်အိမ်သို့ပြန်လာခဲ့သည်။
ယင်းအချိန်၌မြင့်ငွေကလည်းဦးသန်းဆောင်နှင့်အတူကုမ္ပဏီသို့ရောက်နေပြီဖြစ်သည်။
ပြီးနောက် မြင့်ငွေသည်ရုံးခန်းထဲမှထုတ်ပေးသည့်ယူနီဖောင်းကိုဝတ်ဆင်ကာ.နေ့ဆင်းလုံခြုံရေးတွေနှင့်ဂျူတီချိန်းပြီး.တာဝန်ချပေးသည့်နေရာတွင်.စောင့်နေရသည်။
ဦးသန်းဆောင်ကလညူ်.လုံခြုံရေးမှူးဖြစ်သည်မို့.ထိုင်ခုံတစ်လုံးဖြင့်.Cctv ရှေ့တွင်ထိုင်ကာ.ကငိမရာ(မြင်ကွင်းအကျဉ်း)များကိုကြည့်နေရသည်။
ရှစ်နာရီထိုးပြီဆိုလျှင်တော့.လုံခြုံရေးတွေအားလုံးညစာစားကြသည်။
ပြီးလျှင်ကိုယ့်နေုရာကိုယ်ပြန်နေရသည်။
.ညဉ့်ဆယ့်နှစ်နာရီနောက်ပိုင်းဆိုလျှင်တော့ဦးသန်းဆောင်သည်ဓာတ်မီးတစ်လက်ဖြင့်.ကုမ္ပဏီ ဧရိယာတစ်ဝိုက်သို့.တစ်န.ာရီတစ်ကြိမ်နှုန်းဖြင့်လိုက်စစ်ရသည်။
ပြီးလျှင်ထူးခြားမှုရှိမရှိဆိုာတ.ရီပို့စာအုပ်ထဲတွင်ရေးရသည်။
ယခုလည်းဦးးသန်းဆောင်သည်နေရာအနံံှ့့.လိုက်လံစစ်ဆေြးးပီးပြီမို့cctvရှေ့တွင်.ရီပို့ရေးနေလ်ိုက်သည်။
ထိုအခ်ိုက်တွင်
“ဟာ.ဘယ်လိုကောင်လဲကွ.တော်တော် စုတ်ပဲ့ တဲ့ကောင်ပါလားး”
ရုတ်တရက် လြုံခုံရေးဦးဇော်မင်း၏ရန်တွေ့သံကြောင့်ဦးသန်းဆောင်နှင့်အခြားလုံခြုံေးရးတွေလညူ်း.ခပ်သုတ်သုတ်သွားကြည့်ကြလေရ.ာ.ဦးဇော်မင်း၏အနားတွင်မြင့်ငွေကိုပါတွေ့လိုက်ရသည်။
“ကိုဇော်မင်း.ဘာဖြစ်တာတုံး”
ဦးသန်းဆောင်ကမေးတော့ဦးဇော်မင်းလည်း.ဒေါနှင့်မောနှင့်ပြန်ဖြေသည်။
“မင်းကောင်မြင့်ငွေပေါ့.အိ်ပ်ချင်မူးတူးနဲ့.ငါထ်ိုင်နေတာကိုမမြင်ဘဲ.သေးနဲ့ပန်းတယ်ကွာ”
ထိုအခါမြင့်ငွေက
“မမြင်လို့ပါလို့ပြောပြီးပြီပဲဗျာ”
“ဘယ်မြင်မှာလဲကွ.မင်းကငိုက်နေတာကိုး”
အခြေအနေက တဖြည်းဖြည်း တင်းမာလာသည်။
ကျန်သည့်လုံခြုံရေးသုံးယောက်ကလညူ်းမြင့်ငွေကိုမကျေမနပ်ဖြင့်ကြည့်နေလေရာ.ဦးသန်ဆောင်ကပဲ.ဝင်ဟန့်တားရလေသည်။
“ကဲပါ တော်ကြပါတော့.အဆောင်မှာအိပ်နေတဲ့ဝန်ထမ်းတွေနိုးသွားရင်မကောင်းဘူး။ပြဿနာပိုကြီးသွးားလိ့်မ့်မယ်”
(ကုမ္ပဏီ မှဝန်ထမ်းများအတ်ွက်နေစရာအဆောင်ပေးထားပါသည်။အဆောင်ကုမ္ပဏီနှင့်ကပ်လျှက်တွင်ရှိသည်။)
ယင်းသို့ဆိုပြီးနောက် ဦးဇော်မင်းကိုမြင့်ငွေကိ်ုယ်စားတောင်းပန်လိုက်သည်။
“ကဲ.ကိုဇော်မင်း.ကျွန်တော် တောင်းပန်တယ်ဗျာ.ဒီကောင့်ကိုကျွန်တော်ပြောထားလိုက်ပါ့မယ်”
”အေး.မင်းတောင်းပန်လို့နော်.မဟုတ်ရင်ဒီကောင်မလွယ်ဘူးမှတ်”
ယင်းသို့ကြိမ်းပြီးဦးဇော်မင်း.ရေချိုး ရန်ထွက်သွားသည်။
ထိုအခါမှဦးသန်းဆောင်လည်းလုံခြုံရေးတွေကိုလူစုပြန်ခွဲခိုင်းပြီး.ြ်မင့်ငွေကိုတာဝန်ကျရာနေရာသို့ပြန်လိုက်ပို့သည်။
ပြီး.ပါးစပ်ကလည်းတတွတ်တွတ်ဖြင့်ပြောဆိုနေလေတော့သည်။
“မင်းန်ှ့ယ့်ကွာ.ဘယ်လိုဖြစ်တာတုံး.လုံခြုံရေးလုပ်တာမှင်တောင်မခြောက်သေးဘူး.ပြဿနာကစပြီ.မင်းအိပ်ငိုက်ရင်းနဲ့လမ်ှးေလျှာက်တာမဟုတ်လား”း
“နည်းနည်းပါဗျ”
“ဟင်း”
ဦးသန်းဆောင်ဆက်မပြောတော့ချေ။
ဤသို့ဖြင်ြ့့မင့်ငွေတာဝန်ကျသည့်နေရာသို့ရောက်တော့.ဦးသန်းဆောင်က
“ခဏနေရင်လုံခြုံရေးတွေ.နားနေခန်းထဲမှာတစ်နာရီစီ.အလှည့်ကျ အိပ်ရတော့မယ်။မင်းအရင်သွားအိပ်ကြားလား”
“ဟုတ်ကဲ့”
ဦးသန်းဆောင်.Cctv ရှေ့သို့ပြန်လှည့့်လာခဲ့သည်။
+++++++++++++++++++++++

ရက်တွေလတွေတဖြည်းဖြည်းကုန်လာခဲ့သည်။
ယင်းကာလတွေအတွင်း.မြင့်ငွေတို့လင်မယားနှစ်ယောက်သည်.အနည်းငယ်အလွဲအမှားလေးတွေမှအပ.မည်သည့်ပြဿနာမှကြီးကြီးမားမားမရှိခဲ့ချေ။
တစ်နေ့တွင်ဦးသန်းဆောင်သည်မနက်စာစားပြီးပြီမို့.အိမ်ရှေ့ရှိကွပ်ပျစ်ပေါ်တွင်အိပ်စက်မည်ပြုစဉ်.မြင့်ငွေတို့လင်မယားနှစ်ယောက်.ရောက်လာသည်။
ထိုအခါဦးသန်းဆောင်က
“ဟာ.စိန်စိန်အေး.နင်အလုပ်မသွားဘူးလား”
“မသွားတော့ဘူးဦးလေး.ကျွန်မအလုပ်ထွက်လိုက်ပြီ”
“ဟေ.ဘာဖြစ်လို့ထွက်လိုက်တာတုံး”
“ပျင်းလို့ဦးလေးရဲ့.တစ်နေကုန်တံမြက်စည်းလှည်းလိုက်
..အမှိုက်သွန်လိုက်နဲ့.စကားပြောဖော်လေးတောင်မရှိဘူး”
“ဟာ.ဒါကတော့အလုပ်လေ.ဒီလောက်တော့ရှိမှာပေါ့”
ထိုအခိုက်တွင် မြင့်ငွေကလည်းဝင်ပြောသည်။
“ကျွန်တော်လည်းအလုပ်ထွက်လိုက်ပြီ.ဒီနေ့ကစပြီးတက္ကစီပဲဆွဲတော့မယ်”
“ဟေ.မင်းကရော.ဘာဖြစ်ပြန်ပြီလဲ”
“ဘာမှမဖြစ်ပါဘူး။မလုပ်ချင်တော့လို့ပါ”
“ဟုတ်ပါပြီ.တက္ကစီ ဆွဲရအောင်.ဘယ်မှာလဲလိုင်စင်”
ဦးသန်းဆောင်ကမေးတော့မြင့်ငွေကသူ၏အိတ်ကပ်ထဲမှလိုင်စင်ကိုထုတ်ပြသည်။
“မနက်ပိုင်ဂျူတီထွက်တာနဲ့.ကျွန်တော် ကားမောင်းသင်တန်းတက်နေခဲ့တာကြာပြီ.အခုလိုင်စင်ရသွားပြီ.မနက်ဖြန် ဆိုရင်.သူငယ်ချင်း တစ်ယောက်ရဲ့ကားကိုညပိုင်းမှာငှါးပြီးဆွဲမယ်”
“အေးလေ.မင်းတို့အဆင်ပြေရင်ပြီးတာပါပဲ”
ယင်ုးသို့ဆိုပြီးနောက်ဦးသန်းဆေ်ာင်က.ကွပ်ပျစ်ပေါ်တွင်အိပ်စက်ရန်ပြင်လေရာ.ြ့်မင့်ငွေတို့လင်မယားနှစ်ယောက်လည်းဦးသန်းဆောင်ကိုနှုတ်ဆက်ပြီး.အိမ်ဝိုင်းထဲမှထွက်သွားကြလေလေသည်။
++++++++++++++++
ဤသို့ဖြင့်သုံးရက်ခန်ကြာသောနေ့၌.ဦးသန်းဆောင် ဆီသို့မြင့်ငွေတို့လင်မယားနှစ်ယောက်ရောက်လာကြသည်။
ထိုအခါဦးသန်းဆောင်က
“ဘယ်လိုလဲကွ.တက္ကစီ ဆွဲတာအဆင်ပြေရဲ့လား”
“ဟုတ်.ပြေပါတယ်.အုံနာခနဲ့ဆီဖိုးနှုတ်ပြီး.တစ်ရကိုတစ်သောင်းခွဲလောက်ကျန်တယ်”
“ဟေ.ဘယ်ဆိုးလို့လဲကွ.ဒါနဲ့မင်းမိန်းမရော.အခုတလောမတွေ့ပါလား”
“သူလည်းကားဂိတ်မှာကွမ်းယာရောင်းနေတယ်.မနက်ဆိုရင်.အစောကြီးထ.ထသွားပြီး.ညနေလောက်မှပြန်ရောက်တတ်တာ.။ထမင်းလည်း.နီးရာဆိုင်မှာပဲ.ဝယ်စားတော့တာ.ဒါကြောင့် ဦးလေးသူ့ကိုသိပ်မတွေ့ရတာပါ”
“သြော်..အဲဒါတစ်နေ့အမြတ်ဘယ်လောက်ရတုံး”
“အပြီးအီစးကို.တစ်နေ့ကိုးထောင်.တစ်သောင်းလောက်မြတ်ပါတယ်”
“ဟား”
ဦးသန်းဆောင်သဘောကျသွားသည်။
ပြီး.အမြှော်အမြင်ကြီးမားလှသည်း၎င်းတို့လင်မယားနှစ်ယောက်ကိုလည်းစိတ်ထတွဲင်ချီးကျူးမိသည်။
သို့သော်.ယင်းချီးကျူးမှုသည်.ရက်သတ္တပတ်ပင်မခံလိုက်ချေ။.မြင့်ငွေက.ရပ်ထားသည့်ကားကိုအရှိန်မထိန်းဘဲဝင်တိုက်မိသဖြင့်လျော်လိုက်ရသည်။
တစ်ဖန်.စိန်စိန်အေး ကလည်းကားဂိတ်တွင်ကွမ်းယာရောင်းရင်းဂိတ်မှူးနှင့်ပြဿနာဖြစ်သည်။
နောက်တော့ဂိတ်မှူးကဓားကြိမ်းကြိမ်းသဖြင့်ဂိတ်သို့သွားပြီးဈေးမရောင်းဝံ့တော့ချေ။
နောက်ဆုံးတော့လင်မယားနှစ်ယောက်စလုံး.ဦးသန်းဆောင် ဆီသို့ပြန်ရောက်လာကြသည်။
“ဦးလေး ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံး.ကုမ္ပဏီ မှာအလုပ်ပြန်လုပ်တော့မယ်.အဲ့ဒါ ဒီညနေအလုပ်သွားရင်မန်နေဂျာကိုပြောပေးပါဦး”
ဒီတစ်ခါတော့ဦးသန်းဆောင်ခေါင်းကုတ်မိသည်။ပြီးနောက်
“အေးကွ မင်းတို့လင်မယားနှစ်ယောက်အလုပ်ထွက်တုန်းကထွက်စာတင်ပြီးမထွက်ခဲ့ဘူး။နောက်ဆုံးမန်နေဂျာကိုနှုတ်နဲ့တောင်မပြောခဲ့ဘူး။ဒီတော့ကုမ္ပဏီရဲ့စည်းကမ်းအရမင်းတို့ကိုအလုပ်ထုတ်လိုက်ပြီးပြီမို့ပြန်လျှောက်ခွင့်မရှိဘူးကွ.နောက်ပြီး.စိန်စိန်အေး ရဲ့နေရာကိုလည်းအခြားသန့်ရှင်းရေးအမျိုးသမီးကိုခန့်လိုက်ပြီကွ.မင်းတို့ပြန်ဝင်လို့ရတော့မှာမဟုတ်ဘူး”
ထိုအခါစိန်စိန်အေးကမျက်နှာငယ်လေးဖြင့်ပြောလေသည်။
“ဦးလေးရယ်.သန့်ရှင်းရေးနေရာမရတော့ရင်လည်းအခြားနေရာပေါ့.ဦးလေးကမန်နေဂျာဦးဟန်မြင့်နဲ့ရင်းနှီးတော့အဆင်ပြေမှာပါ.ကူညီပါနော်”
“ဒုက္ခ ပါဘဲကွာ.ကဲကဲ ညနေ.ငါအလုပ်ခွင်ကိုရောက်ရင်ေဲပြာပေးထားပါမယ်”
“ဟုတ်ကဲ့၊ ကျေးဇူးပါ ဦးလေးရယ်”
ယင်းသို့ဆိုပြီးနောက် စိန်စိန်အေး ကမြင့်ငွေဘက်သို့လှည့်ပြီး
“ကဲ.ကိုမြင့်.ကျွန်မတို့ပဲခူးဘက်ကိုသွားကြမယ်”
“ချစ်သဘောလေ”
“ဟ.နင်တို့ပဲခူးဘာသွားလုပ်ကြမှာတုံး”
ဦးသန်းဆောင်က မေးတော့မြင့်ငွေက
“သွားလည်ကြမှာလေ.ဦးလေးရဲ့”
စိန်စိန်အေး ကလည်းဝင်ပြောသည်ယ
“ဟုတ်တယ်ဦးရဲ့.အခုကားကိုကျွန်မတို့ကပိုက်ဆံအကုန်ကျခံပြီးပြန်ပြင်ပေးထားရတာ၊ဒီတော့ဒီအတိုင်းပဲပြန်အပ်ရင်ကျွန်မတို့ဘက်ကနာတာပေါ့။ဒါကြောင့်ပြန်မအပ်ခင်မှာတန်အောင်လို့.ပဲခူးသွားစိတ်ကြိုက်လည်မယ်.ကားကိုလည်းအကြိုက်မောင်းမယ်.ပြီးမှပြန်အပ်မယ်”
ဦးသန်းဆောင်မည်သို့မှပြန်မပြောဖြစ်တော့ချေ။
မြင့်ငွေက
“ကဲဦးလေး.ကျွန်တော်တို့သွားပြီ.ညနေရောက်မှပြန်လာခဲ့မယ်.အလုပ်ကိစ္စပြောပေးဖို့မမေ့နဲ့ဦးနော်”
“အေးပါကွ”
မြင့်ငွေတို့လင်မယားပြန်ထွက်သွားသည်။
ထိုအခါမှဦးသန်းဆောင်လလည်းလေပူရှည်ကြီးကိုမှုတ်ထုတ်လိုက်ပြီး.ကွပ်ပျစ်ပေါ်၌အိပ်စက်လေတော့သည်။
“ကိုသန်းဆောင်.ကိုသန်းဆောင်”
မည်မျှကြာသည်အထိအိပ်ပျော်သွားသည်မသိ.ဇနီးဖြစ်သူဒေါ်သိင်္ဂီကနိုှးမှထဖြစ်လေသည။်
“ဟမ်.ဘာဖြစ်လို့တုံး”
“မြင့်ငွေတို့လင်မယားနှစ်ယောက်အဝေးပြေးလမ်းမှာကားမှောက်ပြီးဆုံးပြီတဲ့”
“ဟေ”
“ဟုတ်တယ်.ရပ်ကွက်လူကြီးကပြောလို့ကျုပ်လည်းသိရတာ..ကဲကဲ ကျုပ်ဈေးသွားလိုက်ဦးမယ်.တော်အိမ်မှာစောင့်နေဦး”
ပြောပြီး.ဒေါ်သိင်္ဂီ.ဆွဲခြင်း ကိုယူပြီးထွက်သွားသည်။
ဦးသန်းဆောင် မှာမူ.ကွပ်ပျစ်ပေါ်မှပင်မဆင်းဖြစ်သေးဘဲမြင့်ငွေတို့လင်မယားနှစ်ယောက်အတွက်စုပ်တသပ်သပ်နှင့်ဖြစ်နေလေတော့သည်။
ကြည့်စမ်း. သေခြင်းတရားနှယ့်.အချိန်အခါမရွေးပါလား။
ကုမ္ပဏီ တွင်အလုပ်ပြန်ဝင်မည်ဆိုပြီး.အပျော်ခရီးထွက်သွားသည့်လင်မယား..ယခုတော့ရုတ်တရက်ကြီးကွယ်လွန်ရချေပြီတကား။
+++++++++++++++++++++++
ယနေ့တော့ဦးသန်းဆောင်..ကုမ္ပဏီကိုနောက်ကျမှရောက်ဖြစ်သည်။
မြင့်ငွေတို့လင်မယားနှစ်ယောက်၏နာရေးကိစ္စကိုဝိုင်းကူနေရသောကြောင့်ဖြစ်သည်။
ဂျးတီဝင်ပြီးသည့်နောက်ဦးသန်းဆောင်သည်.ကုမ္ပဏီ၏ဝင်ပေါက်.ထွက်ပေါက်များနှင့်စတိုအခန်းတံခါး.ရုံးခန်းတံခါးစသည်တို့ကိုသေချာပိတ်မပိတ်လိုက်လံစစ်ဆေးသည်။
အားလုံးစစ်ဆေးပြီးသည့်နောက်..ဦးသန်းဆောင်သည်Cctvရှေ့တွင်ထိုင်ပြီး.ရေနွေးကြမ်းသောက်နေလေသည်။
ဆောင်းတွင်းကာလဖြစ်သည်လ့အလျောက်အအေးဓာတ်ကလည်းလွှမ်းခြုံလာသည်မို့.တာဝန်ကျသည့်လုံခြုံရေးတွေလည်း.အနွေးထည်ကိုယ်စီဝတ်ပြီး.ကင်းစောင့်နေရသည်။
အချိန်တွေတရွေ့ရွေ့ကုန်လာသည်။ညဉ့်ဆယ့်နှစ်နာရီလည်းထိုးစပြုလာသည်။
ထို့နောက်ဦးသန်းဆောင်သည်ကော်ဖီသောက်ရန်အတွက်.ရေနွေးအိုးကိုကျိုမည်ပြုခိုက်တွင်.Cctv ကိုအမှတ်မထင်ကြည့်မိလိုက်သည်။
“ဟင်”
ဦးသန်းဆောင်အံ့အားသင့်ပြီးမျက်မှောင်ကြုတ်မိသွားသည်။
အဘယ်ကြောင့်ဆိုသော်.အောက်ထပ်ရှိ.ပစ္စည်းဟောင်းတွေပုံထားသည့်အခန်းထဲတွင်.လူတစ်ယောက်သည်ထိုင်ခုံတစ်လုံးဖြင့်.Cctv ကင်မရာကိုကျောပေးပြီး.ထိုင်နေသည်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ပြီး.ထိုအခန်းသည်မီးပိတ်ထားသည်မို့.Cctv တွင်မြင်နေရသည်မှာ.ကာလာမပါဘဲ.အဖြူအမည်းချည်းသာဖြစ်နေသည်။
ထို့ကြောင့် အနှီကျောပေးပြီးထိုင်နေသည့်လူမှာ.မည်သူမည်ဝါရယ်လို့လည်းခွဲခါး၍မရပါချေ။
“ဒီလူဘယ်သူတုံးဟ.ငါလည်းလုံခြုံရေးတွေကိုအဒီအခန်းမှာတာဝန်ချမထားမိပါဘူး”
ဦးသန်းဆောင်ယင်းသို့ရေရွတ်ခိုက်တွင်.ထို(ကင်မရာထဲမှ)လူသည်.ထိုင်နေရာမှထပြီး.အခြားတစ်ဘက်သို့ထွက်သွားသည်။
ထိုအခါဦးသန်းဆောင်လည်းဂိတ်အဝတွင်ရှိနေသည့်လုံခြုံရေးကိုလှမ်းခေါ်လိုက်သည်။
“ကိုမိုးဝင်း.ခဏ”
“ဟုတ်ကဲ့ဆရာ”
ကိုမိုးဝင်း.အပြေးအလွှား ရောက်လာသည်။
ဦးသန်းဆောင်က
“ကိုမိုးဝင်း ပစ္စည်းအဟောင်းတွေထားတဲ့အခန်းထဲကိုဘယ်သူ(လုံခြုံရေး)ဝင်သွားသေးတုံး”
“ဘယ်သူမှမဝင်ပါဘူးဆရာ.လုံခြုံရေးတွေအကုန်လုံးသူ့့့့.နေရာနဲ့သူရှိနေပါတယ်”
“ဟုတ်လား ဒါဆို ခင်ဗျားဒီcctvကင်မရာအကွက်၁၅ကိုသေချာကြည့်ထား.အဲ့ဒါ စတိုခန်းကင်မရာ.ခုနတုန်းက လူတစ်ယောက်ကိုကျုပ်တွေ့လိုက်တယ်.ကျုပ်သွားစစ်လိုက်ဦးမယ်”
ယင်းသို့ဆိုပြီးနောက် ဦးသန်းဆောင်သည်လက်နှိပ်ဓာတ်မီးကိုယူပြီးကုမ္ပဏီးအဆောက်အဦးထဲသို့ဝင်ကာအောက်ထပ်သို့ဆင်းလာခဲ့သည်။
အောက်ထပ်တစ်ထပ်လုံးသည်အင်ဗာတာမီးချောင်းအချို့့သာဖွင့်ထားသည်မို့အလင်းရောင်နှင့်အမှောင်ရိပ်ကဟိုတစ်ပြန့်ဒီတစ်ပြန့်ဖြစ်နေသည်။
ခြေလှမ်းတွေကိုခပ်သုတ်သုတ်လျှောက်လာရင်းဖြင့်ဦးသန်းဆောင်သည်ပစ္စည်းအဟောင်းတွေစုပုံထားသည့်စတိုအခန်းရှေ့သို့ရောက်လာခဲ့သည်။
ထိုအခန်းသည်လည်းသော့ခတ်ထားလေသည်။
သို့သော် အခန်းတစ်ခန်းလုံးမှာ.သံဇကာဖြင့်သာကာရံထားသည်မို့ဦးသန်းဆောင်သည်အပြင်ဘက်မှဓာတ်မီးဖြင့်ထိုးကြည့်သည်။
အခန်းတွင်ဝယ်မည်သူမှမရှိပါချေ။
ယင်းလည်းဦးသန်းဆောင်သည်စိတ်ကျေနပ်မှုမရှိသေးသည်မို့.အခန်းအပြင်ပတ်ပတ်လည်သိ့ုဓာတ်မီးဖြင့်ထိုးရှာပြန်လေသည်။
အပြင်တွင်လည်းထူးခြားမှုမရှိချေ။
ထိုအခါမှဦးသန်းဆောင်လည်း’တောက်’ခေါက်ပြီးပြန်လှည့်လာခဲ့သည်။
Cctv ရှေ့သို့ပြန်ရောက်တော့ဦးမိုးဝင်းက
“ဘယ်လိုလဲဗျ တွေ့ခဲ့ရဲ့လား”
“မတွေ့ဘူး.Tvထဲမှာ.ကျုပ်သေချာမြင်ခဲ့ရဲ့သားနဲ့”
“ကင်မရာ ကြောင်နေတာဖြစ်မယ်ဗျ.စောစောတုန်းကအဲဒီနံပါတ်၁၅ကနိုးဆစ်ဂနယ်ဆိုတာပဲပြနေတယ်”
“ဟုတ်လား.ဒါဆိုကျုပ်ရီပို့စာအုပ်ထဲထည့်ရေးလိုက်မယ်။မနက်ရောက်မှမန်နေဂျာတွေပြင်ဖို့စီစဉ်လိမ့်မယ်”
ပြောပြီးနောက်ဦးသန်းဆောင်အခြားနေရာများကိုပါစစ်ဆေးရန်ထွက်လာခဲ့သည်။
++++++++++++++++++++++++++++
နောက်တစ်နေ့.။
ညခုနှစ်နာရီ.ဂျူတီစဝင်ဝင်ချင်းမှာပင်.လုံခြုံရေးတစ်ဦးကအင်္ကျီလဲနေရင်းဖြင့်ဦးသန်းဆောင်ကိုပြောလေသည်။
“ဦးသန်းဆောင်ရေ.ကျုပ်တို့တော့.ဒီနေ့ တော်တော်အလုပ်ရှုပ်သွားတယ်ဗျာ”
“ဟင်.ဘာဖြစ်လို့တုံး”
“နေ့လည်တုန်းကရုံးဝန်ထမ်းတစ်ယောက်ဗျာ..ရုံးခန်းထဲတံမြက်စည်းလှည်ှးဲဖို့ဆိုပြီး.သန့်ရှင်းရေးပစ္စည်းတွေထားတဲ့အခန်းတံခါးကိုဖွင့်လိုက်တာ.အထဲမှာမိန်းမကြီးတစ်ယောက်.ရှေ့ကိုဆံပင်ဖားလျားချပြီး.ထိုင်ခုံ ပေါ်မှာထိုင်နေတာကိုရုတ်တရက်တွေ့လိုက်ရလို့.သတိလစ်သွားတယ်ဗျာ.”
“ဟေ.အဲ့ဒီ မိန်းမကဘယ်ကဝင်လာတာတုံး”
“မသိပါဘူးဗျာ.ကျုပ်တို့သွားကြည့်တော့မရှိတော့ဘူး။ဒါနဲ့ကုမ္ပဏီဧရိယာမှာရှိဲ့တဲ့ဝင်ပေါက်ထွက်ပေါက်တွေကိုပိတ်ပြီးရြှာ်ပန်တော့လည်းမတွေ့ရဘူး။ဘယ်အချိန်ကများပြန်ထ်ွက်သွားလဲမသိဘူး”
ယင်းသို့ဆိုပြီးနောက်
“ကဲ.ကျုပ်သွားပြီ၊ခင်ဗျားတို့လည်းဂရုစိုက်ဦး”
“အေးအေး”
ထိုလုံခြုံရေးဂျူတီထွက်သွားသည။်
ဦးသန်းဆောင်လည်းဓာတ်မီးတစ်လက်ကိုယူကာအရေးပေါ်ထွက်ပေါက်တံခါးများကိုစစ်ဆေးရန်ထွက်လာခဲ့တော့သည်။
++++++++++++++++++++++++
ယနေ့တော့ထူးခြားမှုသိပ်မရှိပါချေ။
ပစ္စည်းအဟောင်းတွေပုံထားသည့်စတိုအခန်းထဲမှကင်မရာကလည်းပြန်လည်ပြုပြင်ထားသည်မို့ရှင်းရှင်းလင်းလင်းဖြစ်နေသည်။
ဤသို့ဖြင့်နံနက်နှစ်နာရီထိုးတော့ဦးသန်းဆောင်သည်သူ့အလှည့်ကျအိပ်စက်ရမည့်အချိန်ရောက်လာပြီမို့.လုံခြုံရေးနားနေခန်းထဲသို့ဝင်လာခဲ့သည်။
ပြီးနောက် တံခါးကိုစေ့ရုံသာစေ့ပြီးကုတင်ပေါ်တက်အိပ်သည်။
မည်မျှပင်မကြာလိုက်ချေ။မှေးခနဲအိပ်ပျော်ခါနီးရောက်မှတံခါးခေါက်သံထွက်ပေါ်လာသည်။
“ဒေါက်ဒေါက်”
“ဘယ်သူလဲ တံခါးကစေ့ရုံစေ့ထားတာ။ဝင်လာခဲ့”
‘ကျွီ”
တံခါးပွင့်သွားသည်။
သို့သော် မည်သူမှဝင်မလာပါ။
ထိုအခါဦးသန်းဆောင်လည်းကုတင်ပေါ်မှဆင်းပြီး.အပြင်ဘက်သို့ထွက်ကြည့်သည်။
အပြင်ဘက်တွင်လည်းမည်သူမှရှိမနေပါ။
ဦးသန်းဆောင်မျက်မှောင်ကြုတ်သွားသည်။
“အပြင်မှာလည်းတစ်ယောက်မှမရှိဘူး.ဒါဆို တံခါးလာခေါက်တာ”
ရုတ်တရက် ဦးသန်းဆောင်၏အာရုံထဲတွင်မြင့်ငွေတို့လင်မယားးနှစ်ယောက်ကိုပြေးမြင်လိုက်သည်။
၎င်းတို့လင်မယားးနှစ်ယောက်သည်ဤကုမ္ပဏီတွင်အလုပ်ပြန်ဝင်ခါနီးမှ.ကားမှောက်ပြီးဆုံးသွားခဲ့ရသည်။
ထို့ကြောင့် အလုပ်ကိုစိတ်စွဲပြီးမကျွတ်မလွတ်ဘဝဖြင့်ဤအနီးအနားတစ်ဝိုက်တွင်.လာနေကြခ်ြင်းဖြစ်လိမ့်မ
ည်။
ဤသို့ဆိုလျှင်.မနေ့ညကကင်မရာထဲတွင်မြင်လိုက်ရသည့်လူသည်.မြင့်ငွေဖြစ်ပြီး.နေ့လည်က.သန့်ရှင်းရေးပစ္စည်းတွေထားသည့်အခန်းထဲ၌ရုံးဝန်ထမ်းတွေ့လိုက်ရသည့်အမျိုးသမီးသည်စိန်စိန်အေးသာဖ်ြစ်လိမ့်မည်။
ယင်းသို့ကွင်းဆက်တွေကိုတွေးမိသည့်နောက်ဦးသန်းဆောင်သည်အနည်းငယ်ကျောချမ်းသလိုပင်ခံစားလိုက်ရသည်။
ပြီးနောက်သက်ပြးင်းရှည်ကြီးကိုချလိုက်ပြီး.လေသံကိုအနည်းငယ်မြှင့်ကာပြောလိုက်သည်။
“ကဲ.မြင့်ငွေနဲ့စိန်စိန်အေးရေ.မင်းတို့လင်မယားနှစ်ယောက်ဟာဘဝပြောင်းသွားပြီဖြစ်တဲ့အတွက်ဒီကုမ္ပဏီနဲ့မသက်ဆိုင်တော့ဘူး.ဒါကြောင့် သင့်တော်မယ့်နေရာပဲသွားကြပါ”
ယင်းသို့ပြောပြီးသည့်နောက်ဦးသန်းဆောင်သည်တံခါးကိုပ်ြန်ပိတ်လိုက်စဉ်
“ဖျောင်း’
နားနေခန်း၏အရှေ့ရှိ.မီးသတ်သဲပုံးတွေနှင့်ရေပုံးတွေချိတ်ထားသည့်ဝါးလုံးတန်းသည်ရုတ်တရက်ကြီးကျိုးကျသွားးပြီး.သဲပုံး.ရေပုံးများလည်းမြေပ်ြင်ပေါ်သို့ပြုတ်ကျသွားလေတော့သည်။
“ဘုန်း’
‘ဝုန်း’
တိတ်ဆိတ် သည့်အချိန်ကာလဖြစ်သည်မို့.ထိုအသံများသည်ထ်ိတ်လန့်ဖွယ်ကောင်းလောက်အောင်ဆူညံသွားလေတော့သည်။
ထုိ့ကြောင့်ကင်းစောင့်နေသည့်လုံခြုံရေးတွေလည်း.နားနေခန်းဆီသို့အပြေးအလွှားရောက်လာကြသည်။
“ဦးသန်းဆောင် ဘာဖြစ်တာလဲ.ဘာဖြစ်တာလဲ ”
အားလုံးကအမောတကောဝိုင်းမေးကြသည်။
ဦးသန်းဆောင် က၎င်းတို့ထိတ်လန့်သွားမ်ည်စိုးသဖြင့်ဖုံးကွယ်၍ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။မီးသတ်ပုံးတွေချိတ်ထားတဲ့ဝါးလုံးတန်းကျိုးကျတာပါ”
ယင်းသို့ဖြေလိုက်တော့မှလုံခြုံေးရးတွေလည်းမြေပြင်ပေါ်တွင်ဖရိုဖရဲဖြစ်နေသည့်ဓာတ်မီးဖြင့်ထုိးကြည့်ပြီးလှည့်ပြန်သွားကြသည်။
ဦးသန်းဆောင်လည်းတံခါးကိုပ်ြန်ပ်ိတ်ပြီး.ကုတင်ပေါ်တက်ကာပြန်အိပ်လေသည်။
ဤသို့ဖြင့်မှေးခနဲအိပ်ပျော်သွားခိုက်တွင်.ဦးသန်းဆောင်သည်မြင့်ငွေတို့လင်မယားးနှစ်ယောက်ကိုအိပ်မက်မက်လေသည်။
အိပ်မက် ထဲတွင်.၎င်းတို့လင်မယားးနှစ်ယောက်သည်ဦးသန်းဆောင်ကိုမကျေမနပ်ဖြင့်ကြည့်ကြပြီးတ်စ်စုံတရာကိုမြည်တွန်ပြောဆိုနေကြသည်။
ပြီးနောက် မြင့်ငွေက ပစ္စည်း အဟောင်းတွေစုပုံထားးသည့်အခန်းထဲသို့ဝင်သွားသလို.စိန်စိန်အေး ကလည်း သန့်ရှင်းရေးပစ္စည်းတွေထားသည့်အခန်းထဲသို့ဝင်သွားလေသည်။
+++++++++++++++++++++++++++

မနက်ခုနှစ်နာရီထိုးတော့ဦးသန်းဆောင်တို့ညဂျူတီသမားများသည်မျက်နှာသစ်ကိုယ်လက်သန့်စင်ကြသည်။
ထိုအခိုက်တွင် မနက်ဂျူတီစဝင်သည့်(နေ့ဆင်း)လုံခြုံရေးခြောက်ယောက်သည်.ယောင်္ကျားလေးညအိပ်ဆောင်ဆီသို့အပြေးအလွှားသွားကြလေသ ည်။
“ဟာ.အဆောင်မှာဘာဖြစ်တာတုံးဟ”
ယင်းသို့ရေရွတ်ရင်းဖြင့်ဦးသန်းဆောင်တို့လည်းမျက်နှာပင်ဆက်မသစ်ကြတော့ဘဲအဆောင်ဆီသို့ပြေးလာခဲ့ကြသည်။
သို့ဖြင့် ဝန်ထမ်းအဆောင်မှလှေကားခြေရင်းသို့ရောက်လာတော့နေ့ဆင်းလုံခြုံရေး.လေးယောက်သည်ဝန်ထမ်းတစ်ယောက်ကို.လက်နှစ်ဘက်.ခြေနှစ်ဘက်မှချုပ်ကိုင်မ.ကာအဆောင်ပေါ်မှဆင်းလာကြသည်။
၎င်းတို့၏အနောက်တွင်တော့လုံခြုံရေးနှစ်ယောက်နှင့်အဆောင်နေဝန်ထမ်းအချို့ပါလိုက်ပါလာကြသည်။
“ဒီဝန်ထမ်းဘာဖြစ်တာလဲ”
“သရဲဝင်ပူးလို့ဗျ”
“ဟေ”
ဦးသန်းဆောင် အံ့အားသင့်သွားရသည်။
ပြီးနောက် ဝင်ပူးခံရသည့်ဝန်ထမ်း၏မျက်နှာကိုလည်းအသေအချာကြည့်မိသည်။
ထိုဝန်ထမ်းသည်အချုပ်ခံရသည့်ကြားမှ.အတင်းရုန်းနေပြီး.အံကိုလည်း’တကျိကျိ’နှင့်ကြိတ်နေသည်။
“ဘယ်ကိုပို့မှာလဲ”
“ရှေ့ကဘုန်းကြီးကျောင်းကို.ဆရာတော်ကြီးက.ဒီလိုပယောဂတွေအကြောင်းကောင်းကောင်းနားလည်တယ်လို့ပြောကြတယ်”
မည်သို့ဆက်ဖြစ်ဦးမည်လဲဆိုတာသိချင်သည်မို့ဦးသန်းဆောင်လည်း၎င်းတို့နှင့်အတူလိုက်ပါလာခဲ့သည်။
ဤသို့ဖြင့်ဘုန်းကြီးကျောင်းထဲသို့ရောက်တော့ဦးပဉ္ဇင်းတစ်ပါးအား.အကျိုးအကြောင်းလျှောက်တင်ကြလေရာ.ဦးပဉ္ဇင်းက
“ကဲ.ဒီလိုဆိုရင်လည်းဒီဒကာလေးကိုခေါ်လာခဲ့ပါ”
ယင်းသို့ဆိုပြီးနောက် ဦးပဉ္ဇင်းသည်တိုက်ကျောင်းထဲသို့ဝင်သွားလေရာ.လုံခြုံရေးတွေလည်း.ဝင်ပူးခံရသည့်ဝန်ထမ်းကိုချုပ်ထားရင်းအနောက်မှလိုက်ဝင်ကြသည်။
တိုက်ကျောင်းထဲသို့ရောက်တော့ဘုရားစင်ရှေ့တွင်တင်ပျဉ်ခွေထိုင်နေသည့်ဆရာတော်ကြီးအားတွေ့ကြရသည်။
ထို့နောက် လုံခြုံရေးတွေလည်း ဝန်ထမ်းကိုဆရာတော်ကြီး၏ရှေ့တွင်အတင်းထိုင်ခိုင်းသည်။
ဆရာတော်ကြီးထိုဝန်ထမိးကိုမမှိတ်မသုန်စိုက်ကြည့်ပြီးမေးသည်။
“ကဲ.ဒကာကြီး ဘာကိုမကျေနပ်လို့ဒီလိုလုပ်ရတာတုံး”
ယင်းသို့မေးတော့ထိုဝန်ထမ်းက
“ဒီကောင်ပေါ့.ကျုပ်နေတဲ့နေရ်ာကိုသေးနဲ့ပန်းတာ.ဒါသက်သက်စော်ကားတာ၊သူ့ဟာသူအိမ်သာကိုမသွားဘူး”
“ဟုတ်ပါပြီ.ဒကာ့နေရာကိုသေးနဲ့ပန်းတယ်ဆိုတော့.ဒကာကဘယ်နေရာမှာနေနေလို့တုံး”
“ကျုပ်ကနေရာအနှံ့မှာနေတယ်.အဲ့ဒီ ကလုံခြုံရေးဝန်ထမ်းပဲ”
“ဟေ.ဒါဆိုမင်းကမြင့်ငွေပေါ့”
လုံခြုံရေးတစ်ယောက်ကအထိတ်တလန့်ဖြင့်မေးတော့ထိုဝန်ထမ်းကမျက်စောင်းထိုးကြည့်ရင်း
“ဟုတ်တယ်.ကျုပ်မြင့်ငွေပဲ”
“ဟာ”ဆရာတော်ကြီးနှင့်ဦးသန်းဆောင်မှအပကျန်သည့်လူတွေအားလုံးအံ့သြထိတ်လန့်သွားကြသည်။
ထို့နောက် ဆရာတော်ကြီးက
“ကဲ.ဒကာမြင့်ငွေ.ဒကာကဒီလိုဘဝမျိုးရောက်နေပြီဆိုတော့ကိုယ်နဲ့သင့်တော်မယ့်နေရာမျိုးကိုပဲရှာကြံပြီးနေပါ.အဲ့ဒီ လိုမှမနေနိုင်ရင်.ဝန်ထမ်းတွေကိုသည်းခံပါ၊
ဒါမှမဟုတ်ရင်အဆင်မပြေဘူး.ဘယ့်နှယ့်လဲဒကာ.ကတိပေးနိုင်မလား”
ထိုဝန်ထမ်းတုတ်တုတ်မျှမလှုပ်ချေ။
ထိုအခါဦးသန်းဆောင်က
“မြင့်ငွေ.ကတိပေးလိုက်ပါကွာ.မင်းတို့လင်မယားနှစ်ယောက်ဒီကုမ္ပဏီကိုရောက်လာဖို့.ငါကပဲအလုပ်သွင်းပေးခဲ့တာပါ.ဒီတော့ ငါမျက်နှာပျက်အောင်တော့မလုပ်ပါနဲ့ကွာ”
ယင်းသို့ပြောလိုက်တော့မှထိုဝန်ထမ်းလည်းအံကြိတ်ပြီး
“ကဲ.ပေးတယ်.ပေးတယ်.အခုကျုပ်ကိုကျောင်းအပြင်ဘက်အရင်ပို့ပေး”
ထိုအခါဆရာတော်ကြီးက
“ကဲ.ဒါဆိုလည်းပို့ပေးလိုက်ကြပါ.အပြင်ရောက်ရင်သူ့ဘာသာထွက်သွားပါလိမ့်မယ်”
“တင်ပါ့ဘုရား”
ထို့နောက် လုံခြုံရေးတွေလည်း ထိုဝန်ထမ်းကိုချုပ်ကိုင်ပြှီး.ကျောင်းထဲမှပြန်ထွက်လာကြသည်။
ကျောင်းဝိုင်းအပြင်သို့ရောက်တော့ထိုဝန်ထမ်းသည်ရုန်းကန်ခြင်းမရှိတော့ဘဲသတိလစ်သွားသည်။
“ဟာ.ဘယ်လ်ိုဖြစ်တာတုံးဟ”
လုံခြုံရေးတစ်ယောက်က.ထအော်တော့ဦးသန်းဆောင်က
“ဝင်ပူးတဲ့သူထွက်သွားပါပြီ.ဒီကောင်လေး.အားနည်းနေလို့မျောနေတာပါ.ခဏနေရင်ပြန်ကောင်းလာပါလိမ့်မယ်”
ယင်းသို့ပြောပြီးသည့်နောက်ဦးသန်းဆောင်သည်.လိုင်းကားဖြင့်အိမ်သို့ပြန်လာခဲ့တော့သည်။
+++++++++++++++++++++++
အ်ိမ်သို့ပြန်ရောက်တေ့ာဦးသန်းဆောင်သည်စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်ခဲ့ရသည်မို့.ထမင်းကြမ်းပင်မစားတော့ဘဲ.အိမ်ရှေ်ရှိကွပ်ပျစ်ပေါ်တွင်တက်အိပ်သည်။
နေ့လည်ဆယ့်နှစ်နာရီထိုးချိန်တွင်လည်းဒေါ်သိင်္ဂီကနှိုးမှနေ့လည်စာ.ထစားဖြစ်သည်။
“တော်.ဒီနေ့ဘယ်လိုဖြစ်တာတုံး.မနက်ကလည်းထမင်းကြမ်းမစားဘူး။နေလို့ထိုင်လို့မကောင်းဘူးလား”
“ကောင်းပါတယ်ကွာ.နည်းနည်းပင်ပန်းနေလို့ပါ”
“ဒါဆိုဒီနေ့အလုပ်နားလိုက်ပါလား”
“နားမနေတော့ပါဘူးကွာ.လပဲကုန်တေ့ာမယ်”
ဒေါ်သိင်္ဂီ ဆက်မပြောတော့ဘဲထမင်းကိုသာငုံ့စားနေလိုက်သည်။
ညနေခြောက်နာရီခွဲတေ့ာဦးငန်းဆောင်သည်လိုင်းကားစီးပြီးကုမ္ပဏီသို့ရောက်လာခဲ့သည်။
ထို့နောက် ယူနီဖောင်ူးလဲပြီး.ဂျူတီဝင်လေရာ.ဝန်ထမ်းတစ်ယောက်ကလာခေါ်သည်။
“ဦးသန်းဆောင်. မန်နေဂျာဦးဟန်မြင့်ကသူ့ရုံးခန်းထဲလာခဲ့ပါဦးတဲ့”
“သြော်.အေးအေး”
ဦးသန်းဆောင် ရုံးခန်းရှိရာသို့ထွက်လာခဲ့သည်။
ပြီး.နောက်.ရုံးခန်းထဲဝင်လိုက်တော့ဦးဟန်မြင့်က
“ကဲ.ကိုသန်းဆောင်.ထိုင်ဗျာ”
“ဟုတ်”
ဦးသန်းဆောင် ထိုင်ခုံ တစ်လုံးကိုဆွဲယူပြီးထိုင်လိုက်သည်။
ပြီးနောက်
“ကျွန်တော့်ကိုခေါ်တယ်ဆို.ဘာကိစ္စများလဲဗျ”
“ကိစ္စမဟုတ်ဘူးဗျ.ပြဿနာဖြစ်နေတာ.ခင်ဗျားအလုပ်သွင်းပေးခဲ့တဲ့မြင့်ငွေတို့လင်မယားနှစ်ယောက်ကတော်တော်ဂြိုလ်မွှေနေပါ့လား.မနက်တုန်းကလည်းညအိပ်ဆောင်ကဝန်ထမ်းတစ်ယောက်ကိုဝင်ပူးတယ်.နေ့လည်ကလည်း.စိန်စိန်အေးကသန့်ရှင်းရေးအမျိုးသမီးကြီးကိုဝင်ပူးပြီးသောင်းကျန်းပြန်တယ်ဗျာ.အခုဆိုဝန်ထမ်းတွေလည်းကြောက်နေကြပြီ.သူဌေးသာ.နိုင်ငံခြားကပြန်လာလို့ဒီပြဿနာတွေဆက်ဖြစ်မယ်ဆိုရင်ကျုပ်တို့တွေလည်းမလွယ်ဘူး”
“ဟင်း”
ဦးသန်းဆောင် သက်ပ်ြင်းချမိသည်။
ပြီးနောက်
“ဒါဆို. ဒီပြဿနာဆက်မဖြစ်အောင်ကျွန်တော်ဘာလုပ်ပေးရမလဲ”
“ဆရာတော်တွေကိုပင့်ပြီး ကမ္မဝါရွတ်ဖတ်နှင်ထုတ်ရမယ်.ဒီတော့ခင်ဗျားကဆရာတော်တွေကို.မနက်ငါးနာရီကြွဖို့သွှားပင့်လျှောက်ချေ။ကျုပ်တို့ကတော့ဆွမ်းကပ်နိုင်ဖို့စီစဉ်ထားလိုက်မယ်”
“ကောင်းပါပြီ ကျွန်တော် အခုပဲသွားလိုက်ပါမယ်”
ဦးသန်းဆောင် ရုံးခန်းထဲမှထွက်လာခဲ့သည်။
ပြီးနောက်.အနီးအနားရှိဘုန်းကြီးကျောင်းတွေမှဆရာတော်ငါးပါးကိုလိုက်လံပင့်လျှောက်သည်။
ယင်းသို့ပင့်လျှောက်ပြီးနောက်.ဦးသန်းဆောင်သည်အလုပ်ပြန်ဆင်းလိုစိတ်မရှိတော့သည်မို့မန်နေဂျာဆီသွားကာ.ရှောင်တခင်ခွင့်တိုင်ကြားပြီး.အိမ်သို့ပြန်လာခဲ့သည်။
အိမ်သို့ရောက်တော့ဒေါ်သိင်္ဂီကတအံ့တသြဖြင့်မေးသည်။
“ဟင်.ကိုသန်းဆောင် တော်အလုပ်သွားတာမဟုတ်ဘူးလား”
“အေး.ဟုတ်တယ်.ဒါပေမယ့် ကုမ္ပဏီ ကိုရောက်တော့အလုပ်မဆင်းချင်တတော့တာနဲ့မန်နေဂျာဆီခွင့်တိုင်ပြီး.ပြန်လာခဲ့တာ”
ထိုအခါဒေါ်သိင်္ဂီက
“ဒါဆိုလည်းထမင်းစားပြီးစောစောအိပ်ပေါ့.တော့်ကြည့်ရတာပင်ပန်းလိုက်တာ”
ယင်းသို့ဆိုပြီးနောက် ဒေါ်သိင်္ဂီသည်ထမင်းပွဲကိုပြင်ဆင်ပေးလေတော့သည်။
+++++++++++++++++++++++++++
ဦးသန်းဆောင်သည်အိမ်ရှေ့ရှိကွပ်ပျစ်ပေါ်တွင်ထိုင်ပြီး.ရေနွေးသောက်နေသည်။
ထိုအခိုက်တွင်ခြံဝ၌ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးလာရပ်သည်။
ထိုသူနှစ်ဦးမှာမြင့်ငွေနှင့်စိန်စိန်အေးဖြစ်သည်။
ထိုအခါဦးသန်းဆောင်က
“ဟာ.မြင့်ငွေတို့ပါလား .ဝင်လာခဲ့ကြလေ”
“ကျွန်တော်တ်ို့ဝင်လာလို့မရဘူး”
“ဟုတ်လား.ဒါဆိုငါလာခဲ့မယ်”
ဦးသန်းဆောင် ကွပ်ပျစ်ပေါ်မှဆင်းပြီးခြံဝသို့လျှောက်လာခဲ့သည်။
မြင့်ငွေက
“ဦးလေး ကျွန်တော်တို့သွားရတော့မယ်.ဒါကြောင့်လာနှုတ်ဆက်တာ”
“ဟေ.မင်းတို့ကဘယ်သွားမှာတုံး”
“ကားမှောက်ခဲ့တဲ့နေရာကိုလေ.အဲ့ဒီနယ်မြေကိုအပိုင်စားရထားတဲ့ပုဂ္ဂိုလ်ကခေါ်နေလို့သွားရတော့မှာ”
သည်တော့လည်းဦးသန်းဆောင်မှာစိတ်မကောင်းဖြစ်ရသည်။
“မသွားလို့မရဘူးလားကွာ”
“မရဘူးဦးလေး.အခုကုမ္ပဏီကလည်းဘုန်းကြီးတွေပင့်ပြီးကမ္မဝါရွတ်နေတော့.ကျွန်တော်တို့မှာနေစရာမရှိတော့ဘူးလေ”
ထိုအခိုက်တွင် စိန်စိန်အေးကရပ်ကွက်အရှေ့ပိုင်းသို့လှမ်းကြည့်ပြီး.မြင့်ငွေကိုပြောလေသည်။
“အစ်ကို.ဟိုမှာလာခေါ်နေပြီ.သွားရအောင်”
“သြော်.အေးအေး.ကဲဦးလေး ကျွန်တော်တို့သွားပြီ”
ယင်းသို့နှုတ်ဆက်ပြီးနောက်.မြင့်ငွေနှင့်စိန်စိန်အေးသည်ရပ်ကွက်အရှေ့ပိုင်းသို့ထွက်သွားလေသည်။
++++++++++++++++
အိပ်ပျော်နေရာမှဖျတ်ခနဲနိုးလာသည့်နောက်ဦးသန်းဆောင်သည်လက်ပတ်နာကီကိုငုံ့ကြည့်လိုက်ရာ.မနက်ခြောက်နာရီကျော်စပြုနေပြီကိုတွေ့ရသည်။
သည်အချိန်ဆိုတော့ကုမ္ပဏီတွင်.ဆရာတော်ကြီးတွေ.ကမ္မဝါရွတ်ဖတ်၍ပြီးစီးနေလောက်ျေခပြီ။
ထို့နောက် ဦးသန်းဆောင်အိပ်ရာမှထကာမျက်နှာသစ်သည်။
ပြီး.စောစောကမက်ဲခဲ့သည့်အိပ်မက်ကိုပြန်တွေးမိပြီး.မြင့်ငွေတို့လင်မယားနှစ်ယောက်အတွက်.စိတ်မကောင်းဖြစ်မိသည်။
သို့သော် မတက်နိုင်ပါချေ..နေရာအသစ်တွင်အဆင်ပြေအောင်ဆုတောင်းပေးရုံသာရှိသည်။
တစ်ဖန်..အဝေးပြေးလမ်းမအနီးတွင်ဖြစ်သည်မို့.ဂြိုလ်မမွှေဖို့လည်းမျှော်လင့်ရပါသေးသည်။
အားလုံးအေးချမ်းပါစေ။
ဆရာဆွေ(တောင်တွင်း)