ဗိုက်ကြီးသည်နေသောအိမ်

တတ်မြဲဖြစ်လေသည်။
အကြီးမခင်ထွေးက
“”သူဒီအိမ်ရိပ်ကခွာတော့သမီးတို့ကိုတစ်ခွန်းဟခဲ့လို့လားအဖေ
ခုလိုမှပြန်တက်လာတာ”””
“”သမီးရယ်စိတ်လျှော့လိုက်ပါအဖေတို့ကမိသားစုတွေလေ
ကဲပြောသားအခက်အခဲကို”””
ကျော်ခေါင်ကအဖေ့ဘက်လှည့်ကာ•••
“””ဒီလိုဖေဖေ•သားအလုပ်ကနယ်ဘက်ကျတယ်
အရမ်းခေါင်တာမို့စိုးကိုဒီမှာအပ်ထားခဲ့ချင်လို့
ကိုယ်ဝန်ကြီးနဲ့ဆိုတော့ဟိုမှာစိတ်မချဘူးလေ
မကြာပါဘူးအဖေစိုးကလေးမွေးပြီး
ကျွန်တော်နေသားကျတာနဲ့ပြန်ခေါ်မှာပါ”””
“”သားရယ်••ဒါသားနေခဲ့တဲ့သားအိမ်မှာ
သားဆန္ဒရှိသလောက်ထားခဲ့လို့ရတယ်”””
“”ကျေးဇူးတင်ပါတယ်ဖေဖေ””
အငယ်မကခြေဆောင့်ကာအခန်းထဲဝင်သွားသလို
အကြီးမကလည်းထထွက်သွားလေသည်။
အမေကတော့ဘာမှထပ်မပြောပေ။
ကျော်ခေါင့်ရင်ထဲတွင်တော့အဖေ့ကိုအရမ်းကျေးဇူးတင်သွားရသည်။
~~~~~~~~~~~~~~~~~~~~~
{၂}
“”ကဲ••စိုးအစ်ကိုသွားမယ်
ကိုယ်ဝန်ကိုသေချာဂရုစိုက်နော်”””
စိုးကမျက်ရည်မကျပေမယ့်•••
မျက်နှာငြိုးနေတာကသိသာသည်။
ကျန်းမာရေးမကောင်းလှသောကိုယ်ဝန်နှင့်ဇနီးသည်ကို
ထားခဲ့ရာမှာစိတ်မချပေမယ့်••သူထားခဲ့တာကသူ့
မိသားစုဆီမှာမို့ ဘာမှမဖြစ်လောက်ပါဘူးလေဟု
စိတ်ကိုတင်းမိသည်။
စိုးမှာကိုယ့်ကိုမကြည်ဖြူသောမိသားစု
မှာနေခဲ့ရမှာမဝံ့မရဲရှိလှပေမယ့်
အစ်ကို့ကိုစိတ်မဆင်းရဲစေချင်တာမို့အားတင်းပြုံးပြထားမိသည်။
ကျောခိုင်းသွားသောအစ်ကို့ကိုကြည့်ရင်း
အိမ်ပေါ်မဝံ့မရဲတက်လာမိသည်။
သူမကိုမြင်သည်နှင့်ခင်ထွေးက
“”ဘယ့်နှယ်တော်•••
သားအကြီးဖြစ်ပြီးအိမ်ကိုထောက်ပံ့ဖို့နေနေသာသာ
ခုတော့သူ့အရှုပ်ထုတ်တွေကအိမ်ပေါ်ရောက်လာရတယ်လို့”””
စိုးမွန်ဘယ်သွားရမှန်းမသိဘဲခြေလှမ်းတုံ့သွားရသည်။
ထိုစဉ်•••
“”ဟဲ့•••ညည်းလာခဲ့ဦး”””
“”ဟုတ်••ဟုတ်ကဲ့””
“”ညည်းကိုဒီအိမ်မှာမတတ်သာလို့ လက်ခံလိုက်ရတယ်ဆိုပေမယ့်
အလကားနေလို့တော့မရဘူးနော်”””
“”ဟုတ်••စိုးဘာဖြစ်ဖြစ်လုပ်ပါ့မယ်”””
“”အေးခုလောလောဆယ်ထမင်းချက်ရမယ်”””
“”ဟုတ်ကဲ့””
စိုးမွန်ပြောပြီးအိမ်နောက်ဖေးဘက်ဝင်လာခဲ့သည်။
ကိုယ်ဝန်ငါးလသာရှိသေးသော်လည်း••
စိုးမွန်ခြေထောက်တို့ကအနည်းငယ်ဖောယောင်ချင်နေပြီ။
စိုးမွန်ငယ်ငယ်ကအသားဝါဖူးတာမို့
ကိုယ်ဝန်ကိုအထူးဂရုစိုက်ရသည်။
ထမင်းချက်ဖို့လုပ်တော့ရေအိုးထဲတွင်ရေကမရှိ။
အိမ်တွင်ကိုယ်ကခိုင်းရန်လည်းမည်သူမျှမရှိပေ။
အမေကစျေးထဲတွင်ဟင်းသီးဟင်းရွက်ရောင်းတာမို့စျေးသွားလေသည်၊အဖေကကျောင်းသွားကာအငယ်မထွေးထွေးမြင့်ကစက်ချုပ်သင်တန်း
သွားလေသည်။•••
အကြီးမခင်ထွေးကိုလည်းမပြောရဲတာမို့
ရေပုန်းယူကာ•••
နောက်ဖေးလှေကားမှအိမ်အောက်သို့ဆင်းလာခဲ့သည်။
အိမ်ကနယ်အိမ်ပုံစံဖြစ်ကာခြေတံရှည်အိမ်မို့
အတော်မြင့်ပါသည်။
ရေတွင်းကခြံထောင့်မှာမို့အိမ်နှင့်အနည်းငယ်လှမ်းလေသည်။
ယခင်ထိုအလုပ်ကို••ခင်ထွေးလုပ်ရဟန်တူသည်။
ခုတော့စိုးကိုအကုန်လွှဲလိုက်ကာ•••
သူမကတော့ဝတ္ထုစာအုပ်နှင့်ငြိမ့်နေလေပြီ။
စိုးသည်ရေတွင်းမှရေကိုနိုင်အားသမျှဆွဲကာ
ကိုယ်ဝန်ကြီးနှင့်မို့အတော်သတိထားရလေသည်။
ရေခပ်ထမင်းဟင်းတည်ချက်ပြီးတော့•••
ထမင်းဟင်းခူးခပ်ပေးရလေသည်။
အမေ့အတွက်ကိုတော့စျေးသို့ထမင်းချိုင့်ပို့ရလေသည်။
အဖေကမနက်ကတည်းကထမင်းချိုင့်ထည့်ကာကျောင်းသို့
သွားနင့်တာမို့ခင်ထွေးနှင့်ထွေးထွေးမြင့်သာနေ့လည်စာစားလေသည်။
စိုးကသူတို့အားလုံးပြီးမှနေ့လည်စာစားရလေသည်။
ဒီလိုနဲ့အိမ်အလုပ်များမှာစိုးအတွက်
ပုံမှန်လည်ပတ်လာလေတော့သည်။
ထမင်းဟင်းချက်ရတာစိုးအတွက်မခက်ခဲပေမယ့်•••
ရေခပ်ရတာကစိုးအတွက်မလွယ်ကူလှပေ။
အဖေကတော့တခါတလေအိမ်တွင်သက်သာသလိုနေရန်ပြောပေမယ့်
ကျန်လူများမှာစိုးအတွက်သူစိမ်းပြင်ပြင်မျှသာ။
ဘာလိုလိုနှင့်စိုးဒီအိမ်ရောက်တာနှစ်လပြည့်ခဲ့လေသည်။
တစ်နေ့•••
ထိုနေ့ကစိုးစိတ်ထဲလေးနေမိသည်။
လူလည်းနေထိုင်ရတာမအီသာ။
သို့ပေမယ့်အဖေထမင်းချိုင့်ထည့်ရန်•••
မနက်အစောကြီးထ၍တည်ချက်ရသည်။
ထို့နောက်•••စိုးရေခပ်ရန်ရေပုံးယူ၍ဆင်းလာခဲ့သည်။
ပုံမှန်ဖြစ်နေပြီမို့နေသားကျလာသလိုဖြစ်နေလေပြီ။
ရေပုံးဆွဲကာလှေကားကနေတက်လာခဲ့သည်။
ခါတိုင်းအိမ်တွင်ခင်ထွေးအမြဲရှိပေမယ့်ထိုနေ့တော့
ရှိမနေပေ။စိုးရေပုံးကိုဆွဲကာ
လှေကားလေးဆင့်မြောက်ရောက်တော့ခြေချော်ကာ
ရေပုန်းရောလူရောခြေချော်ကျလေသည်။
“”အားးးး”””
စိုးမှာလူဘာဖြစ်ဖြစ်ဟုသဘောထားကာ
ကိုယ်ဝန်ကိုအသေကွယ်ထားလိုက်သည်။
ခါးထဲမျက်ကနဲခံစားလိုက်ရကာ
ခြေကတော့ရပ်၍မရတော့။
ကျန်တာတော့ဘာမျှမခံစားရ။
“”မခင်ထွေးရေ•••မခင်ထွေး””
စိုးအရဲစွန့်ကာမခင်ထွေးကိုခေါ်လိုက်မိသည်။
“”ဘာလဲ••ဘာဖြစ်တာလဲ”””
ဘယ်အချိန်ကပြန်ရောက်နေသည်မသိသော
မခင်ထွေးအသံကလူမမြင်ရဘဲ
ကြားနေရသည်။
“”စိုးကို••ထူပါဦး••စိုးထမရတော့လို့””
“”ညည်းနှယ်လုပ်လိုက်ရင်ကပျက်ကချော်”””
ခင်ထွေးမှာတဗျစ်တောက်တောက်ပြောရင်း
စိုးမွန်အားလာရောက်ဆွဲထူလိုက်ရာ
ခြေထောက်ဆီသို့စီးကျလာသော
သွေးစီးကြောင်းများကြောင့်မျက်လုံးပြူးသွားရသည်။
စိုးမွန်မှာရုတ်တရက်မျက်နှာပျက်လာကာ
“”အားးးဗိုက်••က••နာတယ်••••
အစ်••အစ်ကိုရေ”””
ခင်ထွေးမှာခြေမကိုင်မီလက်မကိုင်မီဖြစ်ကာ•••
ရပ်ကွက်ထဲသွားရောက်အကူအညီတောင်းလေသည်။
စိုးမွန်မှာချက်ချင်းသွေးများအဆမတန်ဆင်းကာ
ဖြူလျှော်လာလေသည်။
တချို့နားလည်သောမိန်းမကြီးများက••
“”ကိုယ်ဝန်ကလစေ့သေးဘူးနဲ့
တူတယ်မြန်မြန်ဆေးရုံသွားမှဖြစ်မယ်””
မကြာပါစျေးတွင်သွားရောက်ခေါ်ခိုင်းလိုက်သော
အမေလည်းရောက်လာလေသည်။
ဦးဘချစ်တို့ကားငှားကာ
ဆေးရုံချက်ချင်းပို့ရန်စီစဉ်ရသည်။
လမ်းတစ်ဝက်မှာပင်သွေးအထွက်လွန်ကာ••
စိုးမွန်မှာအခြေအနေတော်တော်ဆိုးနေလေပြီ။
ဆေးရုံရောက်၍•••
ဆရာဝန်များမှာအတတ်နိုင်ဆုံးကြိုးစားသော်
လည်းလမစေ့သည်ကတစ်ကြောင်း
လှေကားပေါ်ကကျစဉ်ထိခိုက်သည်ကတစ်ကြောင်း
ကြောင့်••စိုးမွန်အားမကယ်လိုက်နိုင်တော့ပေ။
စိုးမွန်ဆုံးပြီးတစ်ရက်အကြာ
ကျော်ခေါင်ရောက်လာခဲ့ကာ••
အကြောင်းစုံသိရ၍မိသားစုအားစိတ်နာကာ
စိုးမွန်အားသဂြိုလ်ပြီးသည်နှင့်
ဘုန်းကြီးဝတ်ကာ•••
အပြီးအပိုင်ပျောက်ကွယ်သွားခဲ့လေသည်။
~~~~~~~~~~~~~~~~~~

{၃}
ဇာတ်သိမ်း

“”အူ••••ဝူးးးးဝူးးးးးးး””””
ခွေးအူသံများက••••ကြောက်မက်ဖွယ်ရာအတိ။
ခင်ထွေးနှင့်ထွေးထွေးမြင့်မှာ••အမေ့နားအိပ်နေရာမှ
ပိုတိုးကပ်လိုက်သည်။
အဖေကတော့ဘုရားစင်ရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေလေသည်။
ရပ်ကွက်ထဲတွင်ကောလဟာလတစ်ခုပြန့်နေသည်။
စိုးမွန်မကျွတ်ဘူးတဲ့။
ခင်ထွေးတို့ကကိုယ့်အပြစ်နှင့်ကိုယ်
စိုးမွန်သေပြီးအိမ်တွင်ဘာအရိပ်အရောင်မှမတွေ့
ပေမယ့်စိုးမွန်ရှိနေသလိုခံစားရသည်။
ဟိုတစ်နေ့ညကဆိုက်ကားသမားကိုထွန်းလှ
ခင်ထွေးတို့အိမ်ရှေ့မှဖြတ်သွားရာ
ခြံထောင့်ရေတွင်းတွင်အဝတ်ထိုင်လျှော်နေသော
စိုးမွန်ကိုတွေ့သည်တဲ့။
ခင်ထွေးမှာ•••
စဉ်းစားရင်းချွေးပျံလာကာ••
စောင်ကိုခေါင်းအထိဆွဲခြုံလိုက်မိသည်။
ဒီကြားထဲအိမ်သာကသွားချင်လာပြန်သည်။
မီးတွေကမှိတ်ထားပြီမို့••
တစ်အိမ်လုံးမှောင်မဲမဲ။
ခွေးအူသံတွေကြောင့်ကျောပိုအေးရသည်။
ထွေးမြင့်ကိုနှိုးသော်လည်းတုပ်တုပ်မျှမလုပ်။
အမေ့ထံမှအသက်ရှူသံမှန်မှန်ကြားနေရတာမို့
အိပ်ပျော်နေပုံရကာမနိုးချင်။
ခင်ထွေးအရဲစွန့်ကာဓာတ်မီးလေးတစ်လက်ဖြင့်နောက်ဖေးထွက်
လာခဲ့သည်။
ထိုစဉ်
“”ရှပ်••ရှပ်•••ရှပ်””””
“”ဘယ်••သူ••လဲ”””
ခင်ထွေးခြေသံလာရာဆီဓာတ်မီးထိုးကြည့်လိုက်ရာ
မျက်နှာကြီးဖွေးဖွေးနှင့်ဗိုက်ကြီးအဆမတန်ဖောင်းကား
နေသောစိုးမွန်၏ဖွေးဆွတ်နေသောမျက်နှာကိုမြင်လိုက်ရကာ
အမေရေဟုတစ်ခွန်းသာအော်နိုင်လျက်ခင်ထွေးခွခေါက်လဲသွားလေ
သည်။
ခင်ထွေးမှာထိုနေ့မှစ၍ကယောင်ခြောက်ခြားများပြောနေကာ
စိတ်မူမမှန်တော့။
ထိုအိမ်တွင်လည်းဆက်မနေရဲတော့ကာ
အိမ်ငှားနေရန်အိမ်အသည်းအသန်ရှာနေတုန်း
ဦးရဲခေါင်မှာအထက်တန်းကျောင်းအုပ်ရာ
ထူးဖြင့်မြို့သို့ပြောင်းရလေရာ
တစ်မိသားစုလုံးပြောင်းရွှေ့သွားကြလေတော့သည်။
အိမ်ကိုမူ••အိမ်ငှားတင်ခဲ့ကာ
မည်သည့်အိမ်ငှားမှ
စိုးမွန်ကြောင့်တစ်ပတ်ကြာအောင်မခံပေ။
တချို့မသိ၍၊တချို့စျေးပေါပေါဖြင့်ရ၍
ငှားကြသော်လည်းနောက်ပိုင်းစိုးမွန်မကျွတ်မှန်း
သိသောအခါမည်သူမျှမငှားကြတော့ပေ။
နောက်တော့တဖြည်းဖြည်းနှင့်လူမနေတဲ့အိမ်ကြီးဖြစ်လာကာ
အိမ်ကြီးမှာတစ်စတစ်စယိုယွင်းလာလေလေရာ
ယနေ့တိုင်အိမ်ဟောင်းကြီးအဖြစ်ရှိနေလေသည်။
စိုးမွန်ကျွတ်လားမကျွတ်လားမည်သူမျှမပြောနိုင်ကြသလိုဘုန်းကြီးဝတ်သွားသော
ကျော်ခေါင်မှာလည်းယနေ့ထက်ထိတိုင်မတွေ့ရတော့ပေ။

The end.
8:21pm
M.M.K

Writer’ Mon Mon Khaing