ချောင်းသာဟော်တယ်

ကျန်ုပ်ကို မမြင်တာနေမှာ… လှမ်းခေါ်ကြည့်မည်..”
ကျန်ပ်လည်း ကိုယ့်ဘာသာကို ပြောရင်းက ခပ်သုတ်သုတ် သူ့နောက် ပြေးလိုက်ပြီး…။
“ဟျောင့် ကိုကျော်စိုးထက် လား”
ကျန်ုပ် လှမ်းအော်သံကြောင့် လှည့်ကြည်ပြီး ကျန်ုပ်ကို အကဲခတ်နေပါတယ်။
“ဟျောင့် ငါလေ ကိုဆန်းလေကွာ… မမှတ်မိတော့ဘူးလားကွ”
ကျန်ုပ် ပြောမှ မှတ်မီသွားပြီး…။
“ဟာ မင်းဘယ်တုန်းကရောက်လာတာလဲ …ဆိုင်းမဆင့်ဘုံမဆင့် ငါ့ကိုလဲ ဘာမှအသိမပေးဘူးကွာ”
“ဟ မင်းလိပ်စာမှ ငါမသိတော့တာ.. ပြီးတော့ အဆက်အသွယ်လည်း ပြတ်နဲ့…ကျန်ုပ် ရန်ကုန် မရောက်တာ နစ်ချီနေပြီ”
“အေးပါ.. မင်းဘယ်မှာတည်းနေလဲ”
“ယုဇန မှာဘဲ … အမျိုးတွေဆီပေါ့”
“အေး လာကွာ.. ငါတို့ လက်ဖက်ရည်ဆိုင် ထိုင်ရအောင်.. မတွေ့တာလဲ ကြာတော့ ဆုံတုန်းလေး စကားပြောကြတာပေါ့..”
ကျန်ပ်လဲ ကိုကျော်စိုးထက် ခေါ်ရာနောက်ကို လိုက်သွားရင်းနဲ့…။
“ကိုထက် ဘာတွေလုပ်နေတာလဲ”
“ငါ City Mark မှာ မန်နေဂျာ ဝင်လုပ်နေတာ… တစ်နှစ်ကျော်ကျော်တော့ရှိပြီပေါ့”
“ဟာ.. ကောင်းလှချည်လား..”
“အေးကွ… မဆိုးဘူး သိပ်လဲ မပင်ပန်းသလို အလုပ်ကဂုဏ်လဲရှိတော့ အဆင်ပြေတယ်ပြောရမည်”
“အေးပေါ့ကွာ.. မင်းမိန်းမရပြီလို့ ကျန်ုပ် ကြားနေတယ်”
“ဟုတ်တယ်ကွ.. ငါကျောင်းအတူတက်တဲ့ ကောင်မလေးနဲ့ ကြိုက်ပြီးယူဖြစ်တာ.. ကလေးတစ်ယောက်တောင်ရနေပြီ”
“ဟ မြန်လှချေလား..”
“မင်းဘဲ ပြောနေရတာ .. နို့ နေစမ်းပါဉီး မင်းရော ဘွဲ့ရပညာတတ်ပြီး ကျေးတောရွာမှာ ဘာလို့နေရတာလဲကွ..”
ကျန်ုပ် ကိုမေးနေတဲ့ ကို ကျော်စိုးထက် စကားကြောင့် ကျန်ုပ် စိတ်မှာ ပြောရခက်တဲ့ ခံစားချက် တစ်ခု ဖြတ်သန်းသွားသလို ခံစားရပါတယ်။ ကိုကျော်စိုးထက် နဲ့ ကျန်ုပ်မှာ စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့နဲ့ ကျောင်းပြီးသွားတဲ့သူတွေ။
“အင်း…. ကျန်ုပ် အတွက်က မြို့ကြီးပြကြီးထက် ကျန်ုပ်မွေးရပ်မြေလေးမှာဘဲ အခြေချနေထိုင်ချင်တာပါဘဲ.. ဘယ်လိုပြောဆိုပြီး ရှင်းပြရမလဲ မသိဘူး.. ကျန်ုပ် စိတ်နှလုံးသားထဲမှာ ကျန်ုပ် မွေးရပ်မြေ ဆိုတဲ့ အရာက အမြဲတမ်းနီးပါး နိုးကြားနေတာ ကိုထက်ရာ… တကယ်ဆို မင်းတို့လို ငါ တိုးတက်ဖို့အတွက်.. ပြီးတော့ အနာဂတ် မျိုဆက်လေးတွ ပညာရေးအတွက် မြို့ကြီးပြကြီး နေသင့်တယ်ဆိုတာတော့ ငါနားလည်ပါတယ်လေ…ဒါပေမည့် ငါ့နှလုံးသား ဆန္ဒကို ငါမလွန်ဆန်နိုင်ဘူးလို့ဘဲ ပြောရမှာပေါ့ကွာ”
ကျန်ုပ် ကိုဆန်း ရဲ့ လေးလေးပင်ပင် ပြောဆိုနေတဲ့ စကားတွေ ကိုကျော်စိုးထက်က နားလည်သဘောပေါက်ပါတယ်ဆိုတဲ့ အမူအရာနဲ့ ပြုံးပြရင်း ကျန်ုပ် ပခုံးကို လှမ်းဖက်ပြီး….။
“အေးပေါ့ကွာ.. ဘဝဆိုတာ ကိုယ်တိုင် ကိုယ်ကျ စိတ်ဆန္ဒအတိုင်း နေထိုင်နိုင်တာက လွတ်လပ်မူဘဲပေါ့ကွာ ကိုဆန်းရာ”
စကား တစ်ပြောပြောနဲ့ အတူတူ လျောက်လာတာ ခဏအကြာမှာ သန့်ရှင်းသပ်ရပ်တဲ့ Passport ရုံးဟောင်း နားက လက်ဖက်ရည်ဆိုင် တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။
“ဘာသုံးဆောင်ကြမလဲ ခင်ဗျ”
စားပွဲလာသုတ်ရင်း မေးလာတဲ့ စားပွဲထိုးလေး ကို ကျန်ုပ် လှမ်းကြည့်ပြီး ကိုကျော်စိုးထက် ကိုမေးငေါ့ပြကာ..။
“ဟျောင့်ကိုထက် မင်းမှာလေ”
“ဟာ ကိုဆန်း မင်းစားချင်တာမှာကွာ .. ငါဒကာ ခံမည်..”
“အေးအေး ကျေးဇူးကွာ..ဒါဆိုလဲ ငါမှာလိုက်မည်”
ကျန်ုပ်လဲ ဘေးနားမှာ ကျန်ုပ်တို့ အမှာကိုစောင့်နေတဲ့စားပွဲထိုးလေး ကိုမော့ကြည့်ပြီး….
“ချိုဆိမ့် တစ်ခွက် ချကွာ ညီလေး… အချစ်မပေါ့စေနဲ့..”
“ဗျာ”
စားပွဲထိုးလေး လဲ အူကြောင်ကြောင်နဲ့ ကျန်ုပ်ကို ကြည်ံနေပါတယ်။ သူ့စိတ်ထဲမှာဘယ်လိုများတွေးနေမိမလဲမသိ။
“ဟျောင့် ကိုဆန်းကလဲ နောက်ပြီ.. ဘာတွေလျောက်ပြောနေတာလဲ”
ကိုကျော်စိုးထက် မှာ ပြောပြောဆိုဆိုနဲ့..။
“ချိုဆိမ့် တစ်ခွက် နဲ့ စပါကလင် တလုံးချကွာ ညီလေး..”
‘ရမည်အကို”
စားပွဲထိုးလေးလဲ ကျန်ုပ်ကို ကြောင်စီစီမျက်နှာနဲ့ တစ်ချက်လှမ်းကြည့်ပြီး လှည့်ထွက်သွားပါတယ်. ထိုအခါမှ ကိုကျော်စိုးထက်က…။
“ဟျောင့် ကိုဆန်း ဘာတွေဖြစ်နေတာလဲကွ”
“အော် ဘာမှမဟုတ်ပါဘူးကွာ ငါသူ့ကိုနောက်နေတာပါဟ”
“အေး ပြီးတာဘဲ… ဒါထက် မင်းဘယ်တော့ပြန်မလဲကွ”
ကျန်ုပ်လဲ ကိုကျော်စိုးထက် မေးမှ ဘေးနားမှာ ချထားတဲ့ ရွာအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ ငုံကြည့်ပြီး တွေတွေဆဆနဲ့ …။
“ကျန်ုပ် လိုအပ်တဲ့ ရွာအတွက်ပစ္စည်းတွေ ဝယ်ဖို့ အဓိကကွ.. အခုဝယ်ပြီးပြီဆိုတော့ …အင်း… ကျန်ုပ်လဲ အချိန်ရနေတာဆိုတော့လဲ ရန်ကုန်နဲ့ နီးတဲ့ ကမ်းခြေတစ်ခုခုတော့ သွားလည်ချင်မိတယ် ကိုထက်.”
“အေး မင်းလည်သင့်တယ်ကွ.. မင်းတို့ရွာနဲ့ ရန်ကုန်ဆိုတာ မိုင်ပေါင်းများစွာဝေးနေတာ.. အခွင့်အရေးက ၂ခါ မရနိုင်ဘူးလေ”
“ဟုတ်တယ်”
“အေး မင်းလည်ချင်ရင် ချောင်းသာ က ရန်ကုန် နဲ့ အနီးဆုံးဘဲ .. ရန်ကုန် ကနေ ၅ နာရီလောက်ဘဲ ကားစီးရမှာ”
“ဟာ မဝေးဘူးဘဲ.. ငါသွားလည်ကြည်ံရမည်… အချိန်လဲ ရနေတာဘဲ”
ကျန်ုပ်လဲ ကျန်ုပ်အတွက် ရနိုင်မည့် အချိန်ကိုတွက်ဆကြည့်မိတယ်။ ထိုအခိုက် စားပွဲထိုးလေးက ကျန်ပ်တို့ မှာထားတဲ့ လက်ဖက်ရည် အအေး နဲ့ မုန့်လာချပေးပါတယ်။ ကျန်ုပ်လဲ လက်ဖက်ရည် ပူပူ ကို တစ်ဖူးဖူး မှုတ်ရင်းနဲ့ တစ်ချက် စုပ်သောက်ကာ ချိုဆိမ့်ဆိမ့်အရသာလေး ကို ခံစားလိုက်ပါတယ်။ ပြီးမှ…။
“ကျန်ုပ်ကို တည်းမည့် ဟိုတယ် နဲ့ ကားလက်မှတ် စီစဉ်ပေးပါလား ကိုထက်”
ကိုကျောက်စိုးထက် လဲ ကျန်ုပ် ပြောမှ တခုခုစဉ်းစားမိလာပုံနဲ့…..။
“စီစဉ်တာတော့ အေးဆေးပါကွ.. ငါမင်းလိုချင်သလို ကူညီပေးနိုင်တယ်..ပြီးတော့ ချောင်းသာ ပြောမှ ငါသတိရမိတာရှိတယ်”
“ဘာများလဲ ကိုထက်”
“အေး ချောင်းသာ က ဧကရီ နာမည်နဲ့ ဟိုတယ်မှာ သရဲခြောက်တယ်ကွ”
“ဟေ”
“ဟုတ်တယ်.. လွန်ခဲ့တဲ့လက တည်းတဲ့ ငါ့ အသိမိသားစု တွေ ကိုယ်တွေ့ပေါ့”
“ဟုတ်လား ကျန်ုပ်ကို အေးဒီအကြောင်းတွေ ပြောပြပေးပါလား ကိုထက်.. ကျန်ုပ်စာ နည်းနည်းပါးပါးရေးတော့ ဖြစ်ရပ်မှန် အနေနဲ့ ရေးနိုင်တဲ့အချိန် ရေးချင်ပါတယ်”
“ဟုတ်လား “
ကိုကျော်စိုးထက် လဲ လက်ပတ်နာရီ ကို တစ်ချက်ကြည့်ပြီးမှ ကျန်ုပ်ကို လှမ်းကြည့်ကာ….။
“ဟုတ်ပြီ .. ငါလဲ အချိန်တွေ ရသေးတော့ ငါသိသမျှ ပြောပြမည်..”
ကိုကျော်စိုးထက်လဲ ပြောပြောဆိုဆို နဲ့ စပါကလင် ကို စုပ်သောက်ပြီး..။
“ပထမဆုံး စကြုံတဲ့သူတွေကိုတော့ မသိတော့ ငါမပြောတတ်ဘူး.. ဒါပေမည့် ငါ့ ဘော်ဒါ သူငယ်ချင်း‌ တစ်ယောက်ကြုံတာက ဒီလိုကွ”
“လွန်ခဲ့တဲ့ နှစ်ကပေါ့ကွာ ..ငါ့ဘော်ဒါတစ်ယောက် သွားတုန်းက ပွဲတော် အတွင်းဆိုတော့ လူလဲများတယ်ပေါ့.. ကမ်းခြေနဲ့ နီးတဲ့ ဧကရီ ဟိုတယ် မှာပဲ ရတဲ့ အခန်းယူလိုက်ရတယ်။ Express ကားနဲ့ သွားတော့,… ယဉ်လိုင်းက ယဉ်မယ်လေးက ဘယ်ဟိုတယ်တည်းမလဲ …နီးတဲ့ နေရာ ချပေးမယ် လို့ မေးတာ ဧကရီ ဟိုတယ် ပြောလိုက်တော့ ….ယဥ်မယ်က ဂရုစိုက်တည်းနော် တဲ့…။ သူ့တို့ သင်တန်းတက်တုန်းက အခန်း ၃၃၃ မှာ အရမ်း ခြောက်တယ်တဲ့။ အေးဒီအခါကျ မှ ငါ့သူငယ်ချင်းက သူယူထားတဲ့ အခန်း ကြည့်လိုက်မိတော့ ၃၃၃ ဖြစ်နေတာ ခေါင်းတော့နည်းနည်းကြီးသွားတယ်ပေါ့။
“ဟာ တိုက်ဆိုင်လှချေလား”
“အေးကွ ပြီးတော့ဟိုတယ် ကို check in လုပ်ပြီး အခန်း ကို စဝင်တာနဲ့ လေးလေးပင်ပင် ဖြစ်လာတယ်၊ အခန်းထဲ ၀င်တော့ ကျယ်ပေမဲ့ လှောင်ပိတ်ပြီး၊စိတ်ကျဥ်းကျပ်သလို ကြီးခံစားလိုက်ရတယ်တဲ့”…။
ကျန်ုပ်လဲ ဘာမှ မပြောဘဲ ကိုကျော်စိုးထက် ပြောမည့် စကားကို စိတ်ဝင်တစား နားထောင်နေမိတယ်။
“ငါ့ဘော်ဒါလဲ သူ့စိတ်ထင်လို့ နေမှာ ပါဆို ပြီး ဖြည့်တွေးလိုက်တယ် ။ သူက သူ့ကောင်မလေးနဲ့ ကမ်းခြေရောက်မှ ဆုံကြတော့ သူကြောက်မှာ ဆိုးလို့ ကြုံခဲ့တာ တွေ မပြောပြဘူး။ စဖြစ်တာ ညဘက်က စတာပဲ,…ရေချိုးခန်းထဲ ရေ၀င်ချိုး နေရင် တယောက်ယောက်က ကြည့်နေသလို ခံစားနေရတာတဲ့ကွာ..”…
ကို ကျော်စိုးထက် လဲ ပြောရင်းနဲ့ ဆိုင်အပြင်ဘက် လှမ်းငေးကြည့်နေတာ ကျန်ုပ် သတိထားမိတယ်။ သူပြောနေတဲ့ အကြောင်းအရာက ကျန်ုပ် စိတ်ဝိညာဉ်ကိုဖမ်းစားနေလို့…။
“ပြီးတော့ အိပ်ပြန်တော့လည်း ညလယ်ကြီး တံခါးတွေ လာခေါက်လိုက်… တွန်းဖွင့်လိုက်နဲ့ ,ပထမတော့ လေတိုက်လို့ ထင်တာ… တံခါးတွေ လိုက်ပိတ်တော့လည်း လာခေါက်တာပဲ … အသံပေးတော့မှ ငြိမ်သွားတာတဲ့…ပြီးရင်ပြန်လာခေါက်တယ်.. အေးဒီလို ခြောက်တာ တညလုံးပဲတဲ့လေ”
ကိုကျော်စိုးထက် လဲ ပြောရင်းနဲ့ အာခေါင်ခြောက်လာသလိုလိုနဲ့ စပါကလင် ပုလင်း ကို ကောက်ကိုင်, ပိုက်ကလေး ကို ဆွဲထုတ်, စားပွဲပေါ်ပစ်တင်ပြီး ပုလင်းလိုက် တကျိုက်မော့သောက်လိုက်တယ်။
“ပထမညကတော့ အေးဒီလို အသံပေး နှောင့်ယက်တာတဲ့… ပို ဆိုးတာကတော့ ဒုတိယရက် နေ့လည်ဘက် တယောက်ထဲအိပ်နေတဲ့ အချိန် တံခါးတွေ ဆွဲဖွင့်၊ အိမ်မက်လိုလို စကားတွေလာပြောနေတာ တဲ့ကွာ,..ကိုဆန်းရေ”
ကျန်ုပ်လည်း နားထောင်ရင်းနဲ့ အလိုလို ကျောစိမ့်တက်သွားသလိုခံစားပါတယ်။ ဘေးဘီဝေ့ရာ တစ်ချက်လှည်ကြည့်ပြီး….။
“ပြီးတော့ ဘာဆက်ဖြစ်သလဲ ကိုထက်”
“အေး …ညဘက်ကျ ကောင်မလေးနဲ့ တူတူအိပ်နေတုန်းတံခါးတွေ လာလာ ခေါက်သလို … အိပ်နေတုန်း မျက်နှာကြက်က ကြည့်သလိုပါ ခံစားနေရတယ်တဲ့..။ ဒါတွေကို မသိသလိုနေပြီး ပေအိပ်တာ အိပ်ပျော်နေလည်း ခြုံစောင့်ကို ဆွဲချသွားတယ်တဲ့။၊
“ဟာ ကြမ်းလှချည်လား.. မင်းဘော်ဒါတို့ အခန်းမ ပြောင်းဘူးလားကွ ကိုထက်”
“အေး သူ့ကောင်မလေးကလည်း အရမ်းကြောက်ပြီး ငိုနေပြီ၊ အေးဒီအခါ ရည်းစားထိ ဓားကြည့်ဆိုသလို တော်ရုံ မကြောက်တဲ့ ငါ့ဘော်ဒါလည်း သရဲကိုထဆဲရောတဲ့.. ပြီးတော့ သူတို့ကိုကြည့်တယ်ထင်တဲ့ ရေချိုးခန်းထဲသွားပြီး သေးနဲ့ လိုက်ပန်းတော့ ငြိမ်သွားတယ်တဲ့လေ”
“ဟားဟားဟား”
ကျန်ုပ်ရုတ်တရက် ထရယ်လို့ ကိုကျော်စိုးထက် ကျွဲမြီတိုသွားဟန်နဲ့ …။
“ဟျောင့် ဘာရယ်နေတာလဲကွ, ငါပြောနေတာ မင်းမယုံဘူးလား”
“မဟုတ်ဘူးကွ, ကိုထက် ဘော်ဒါ သေးနဲ့ပန်းနေတဲ့ ပုံကို မြင်ယောင်နေလို့ပါကွာ…. ဟားဟားဟား”
ကျန်ုပ် ကိုဆန်းမှာ ကိုကျော်စိုးထက် သူငယ်ချင်းရဲ့ သရဲခြောက်တဲ့ ရေချိုးခန်းထဲကို သေးနဲ့ပန်းပုံ တွေးမိပြီး ရယ်မောနေမိတယ်။ ကိုကျော်စိုးထက် လဲ ကျန်ုပ်ကို မကျေမချမ်းနဲ့ ကြည့်ပြီး..။
“အေးလိုငြိမ်မှ သူ့ ကောင်မလေးလည်း အိမ်ပျော်သွားပြီး မနက်ကျ စောစော check out လုပ်ပြီး ပြန်လာခဲ့ကြတာပေါ့ကွာ.”။
ကိုကျော်စိုးထက် ပြောပြတဲ့ သူ့သူငယ်ချင်း ကြုံတွေ့တဲ့ ဧကရီ ဆိုတဲ့ နာမည်နဲ့ ဟိုတယ်တစ်ခုမှာ သရဲ ခြောက်တဲ့ အဖြစ်အပျက်က ကျန်ုပ်ကိုဆန်း ကို ဖမ်းစားနိုင်လှပါတယ်။ ကျန်ုပ်လဲ သူ့ကို တချက်လှန်းကြည့်ပြီး လက်ဖက်ရည်ခွက်ကို လှမ်းယူ မော့သောက်မည် အလုပ်မှာ ဘယ်အချိန်က ကျပြီး သေနေမှန်းမသိတဲ့ ယင်ကောင် တစ်ကောင်ကို တွေ့လိုက်တယ်။ ကျန်ုပ်လဲ စိတ်ပျက်ပျက်နဲ့ လက်ဖက်ရည်ခွက် ကို ပြန်ချပြီး …။
“အေးလိုဆို ချောင်းသာကို ကျန်ုပ် တစ်ယောက်ထဲ သွားရဲမည်မထင်တော့ဘူးကွာ”
ကျန်ုပ်စကားအဆုံး.. ကိုကျော်စိုးထက် က ငါးခူ ပြုံး ပြုံးရင်းနဲ့…။
“အေး … အေးဒါထက် ပိုကြမ်းတဲ့ သရဲခြောက်တာကို အသိသူငယ်ချင်း မိသားစု က အေးဒီ ဟိုတယ်မှာဘဲ ထပ်ကြုံခဲ့တယ်ကွ”
“ဘယ်လို”
“ဟုတ်တယ်.. သူတို့ကြုံတဲ့ ဟိုတယ်, အခန်းကလဲ အတူတူပါဘဲ..တခန်းထဲတဲ့.. သရဲမကြောက်တတ်တဲ့ ငါတောင်နားထောင်ရင်းနဲ့ ကြောက်စိတ်တွေဖြစ်နေမိသေးတာဘဲလေ”
ကိုကျော်စိုးထက်မှာ ပြောရင်းနဲ့ တိတ်ဆိတ်သွားပါတယ်။ ကျန်ုပ်လဲ ကိုကျော်စိုးထက် ဆက်ပြောမည့်စကားကို နားစွင့်ရင်းနဲ့ ယင်ကောင် ကျသေတဲ့ လက်ဖက်ရည်ကျန်တွေ ကို ဘေးနားက မြောင်းထဲ လှမ်းသွန်လိုက်ပါတယ်။ ပြီးတော့ ရေနွေးနဲ့ ခွက်ကို သေချာဆေးကြောပြီး ရေနွေးကြမ်း ကို ထည့်ပြီး တစ်ငုံသောက်လိုက်တယ်။
စကားသံထွက်မလာဘဲ တိတ်ဆိတ်နေလို့ ကိုကျော်စိုးထက်ကို လှမ်းကြည့်လိုက်တော့ သူ့မှာ ကုန်နေတဲ့ စပါကလင် ပုလင်းကို ငေးကြည့်ပြီး တွေတွေကြီး ငြိမ်သက်နေပါတယ်။ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေသလိုလို။ ကျန်ုပ် ကိုဆန်း မှာ သိချင် စိတ်ကို မျိုသိပ်မထားနိုင်တော့ဘဲ…။
“ဟျောင့် ကိုထက် ပြောစရာပြောတော့လေကွာ.. မင်းဘာတွေတွေးနေတာလဲကွ”
ကျန်ုပ် လှမ်းပြီး သတိပေးမှ သူလဲ သတိဝင်လာသလိုလိုနဲ့..။
“ငါပြောသင့် မပြောသင့် စဉ်းစားနေတာကွ”
“ဟ.. ကျန်ုပ် အခု ကိုထက် ပြောနေတာကို စောင့်နေတာ.. ဘယ်လိုဟာတွေကများ ကိုထက် ဒီအကြောင်းပြောထွက်ဖို့ ဝန်လေးစေတာလဲ”
“အေးလိုတော့ မဟုတ်ဘူး.. ငါ ဟိုတယ် နာမည်ကို ထည့်ပြောနေတာဆိုတော့ သူတို့ ဟိုတယ် စီးပွားရေး ထိခိုက်စေမလား လို့ တွေးနေမိတာ”
“ဪ…ကျန်ုပ်နားလည်ပါတယ် ကိုထက်.. စိတ်မပူပါနဲ့.. ကျန်ုပ် ဒီအကြောင်း ဝထ္တုရေးတဲ့အခါ နာမည်ကို တိုက်ရိုက် မတပ်ပေးဘူး.. ခေါင်းစဉ် ကို သရဲခြောက်တဲ့ ဟိုတယ် နာမည် မတပ်ပေးဘူး ဆိုတော့ ပြသနာလဲ မရှိလောက်ဘူးလေ… ကျန်ုပ်စာကိုဖတ်ရှုပေးတဲ့ စာဖတ် ပရိသတ် တွေက စာဖတ်ရင်းနဲ့ အဖြစ်မှန် သိကြရင်ကို သူတို့အတွက် အကျိုးရှိမည် ဆိုရင် ဒါဟာ မွန်မြတ်လှပါပြီ ကိုထက်ရာ… လူတွေသိသင့်သိထိုက်တဲ့ အမှန်တရားတွေ သူတို့သိကြပါစေကွာ..”
ကျန်ုပ် စကားကို ကိုကျော်စိုးထက် လေးလေးနက်နက် စဉ်းစားပြီး ဆုံးဖြတ်ချက်တခုချဟန်နဲ့….
“ဟုတ်ပြီ ကိုဆန်း.. ငါ သိသမျှ ပြောပြမည်..မင်းသာ သေချာစာရေးပြီး ဝတ္ထု ဖန်တီးပြီးရင် ငါ့စီလဲ လှမ်းပို့ပေးကွာ.. ငါလဲ ဖတ်ကြည့်ပြီး သိမ်းထားရတာပေါ့”
“ဟာ စိတ်ချ ကိုထက်.. ကျန်ုပ် ကိုဆန်း ရွာ ပြန်ရောက်ပြီး အားတာနဲ့ တန်းရေးဖို့ ကြိုးစားမည်.. မင်းပြောစရာရှိတာသာ ပြောတော့”
ကျန်ုပ် တိုက်တွန်းလွန်းလို့ ကိုကျော်စိုးထက်လဲ စားပွဲပေါ်က အကြမ်းခွက် တစ်လုံးကို လှမ်းယူပြိး ရေနွေးကြမ်း ငှဲ့ လိုက်တယ်… ဆိုင် အပြင်ဘက်မှာတော့ မိုးပြေးလေးတွေ တစ်ဖွဲဖွဲနဲ့… ကိုကျော်စိုးထက် မှာ ကျန်ုပ်ကို လှမ်းကြည့်ပြီး….။
“ဒီလိုကွ”
…………………………………………………………..
အပန်းဖြေဖို့ ချောင်းသာ ကမ်းခြေကို ၃ ညအိပ် သွားပါတယ် .. ၃ ညလုံးကို အသေအလဲ သရဲခြောက်တာပါ.. . ဟိုတယ်ကိုပြောတော့ လုံးဝ တာဝန်မယူတဲ့အပြင် ပြန်ခံနီးကို မန်နေဂျာမ က အဲ့သရဲတွေ အမတို့နဲ့လိုက်သွားဆိုပီး ကျိန်စာလိုလိုဘာလိုလို နဲ့ ပြန်မယ့်ဧည့်သည်တွေကိုပြောပါတယ် ခရီးဝေးပြန်ရမယ့် ဧည့်သည့်ကို အဲ့စကားပြောစရာ လုံးဝ မလိုပါဘူးနော် ။
ဧကရီ ဟိုတယ်ရဲ့ Second Sea View အပေါ်၂ ခန်း အောက် ၂ ခန်းစီ ယူတယ် မိသားစု ဝင်များနေလို့ပါ။
အခန်းနံပါတ်တွေက 331/332/333/334 ဖြစ်ပါတယ်။
ပထမ ည သိပ်မကြမ်းသေးဘူး..။ တံခါးကို တစ်ည လုံးခေါက်တယ် ..။ ဖွင့်ကြည့်ရင် ဘယ်သူမှမရှိဘူး ..
ဒုတိယ ည ပိုဆိုးလာတယ် … ရေချိုးနေတုန်း ဆပ်ပြာဘူးကို လွှင့်ပစ်ပါတယ် .. ပြီးတော့ လော့ချထားတဲ့ တံခါးကိုအပြင်က လာလာဖွင့်လိုက်… တံခါးခေါက်လိုက် လုပ်နေတာ ဖွင့်ကြည့်တာနဲ့ဘယ်သူမှမရှိဘူး..။
အခန်းထဲက Reception (ရီဆက်ရှင်း) ကိုပြောဖို့ထားတဲ့ ဖုန်းကလည်း ဆက်တိုက်လာတယ်.. ကိုင်လိုက်ရင် အမောစို့နေတဲ့ အသံကြီးနဲ့ညီးသံကြီးဘဲကြားရတယ် ..။
အဲ့ဒါ အေးဒီဟိုတယ်က ဝန်ထမ်းကောင်လေးကိုပါခေါ်ပြီးစောင့်ခိုင်းလိုက်တယ်။ အေးဒိလို စောင့်ခိုင်းတုန်း အေးဒီဖုန်းထပ်လာပါတယ်…။ ခေါ်ထားတဲ့ ဝန်ထမ်းကောင်လေးကိုယ်တိုင် ဖုန်းကိုင်ပြီးနားထောင်တော့ အမောစို့နေတဲ့ အသံကြိးနဲ့ ညီးသံကြီးလို ထပ်ကြားတာနဲ့ လန့်ဖြန့်ပြီး သူကိုယ်တိုင် ဖုန်းပလတ်ကြိုးကိုဆွဲဖြုတ်ပါတယ်။
ဘာဆက်လုပ်ရမှန်း မသိဘဲ ဟိုတယ် ဝန်ထမ်းကောင်လေးနဲ့ ထိုင်နေကြတုန်း ခဏကြာ သရဲက တံခါးလာဖွင့်တော့ အေးဒီ ဝန်ထမ်းကိုယ်တိုင် တံခါးကြီးကို ဝုန်းခနဲဆွဲဖွင့်ပြီး “ကလေးတွေကိုလာမခြောက်နဲ့ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေကျ” ဆိုပီး အသံကျယ် နဲ့ အော်လိုက်ပါသေးတယ်။
ဒါပေမယ့်သိပ်မထူးခြားပါဘူး . တစ်ညလုံးဒီလိုဆက်တိုက်ခြောက်နေတာပါပဲ . အခန်းပြောင်းဖို့ ဟိုတယ်ကိုပြောပေမည့် ပြောင်းဖို့က sea view ပဲရှိတော့တာမို့ ပြောင်းလို့မရတော့ဘူး ပြောပါတယ်။
တတိယတစ်ညအဆိုးဆုံးပါပဲ .. မိုးမှောင်ခါစကတော့ တံခါးလာလာခေါက်လိုက် တံခါးဘုသီးကို လှည့်လိုက်လုပ်ပါတယ် ပထမညတွေတိုင်းပေါ့ .. ဒါပေမည့် ခဏအကြာ အပြင်ကနေ စိတ်ဆိုးမာန်ဆိုးနဲ့ မှန်ကို ဝုန်းခနဲ ထုချလိုက်တဲ့အသံ အကျယ်ကြီးကြားရပါတယ်..မှန်ကြည့်လိုက်တော့ မှန်ပါ အက်နေပါတယ်။
ည ၉ နာရီလောက်မှာ အပေါ်ထပ်မှာလဲ အရမ်းသောင်းကျန်းတော့ ကလေးတွေပါအကုန်ကြောက်ပီးဆင်းပြေးကုန်ကြပါတယ်။ ပြီးတော့ အောက်ထပ်အခန်းမှာ အကုန်စုနေကြပါတယ်။ အေးဒီလို စုနေကြတုန်း တံခါးလာခေါက်ပါတယ် အကျယ်ကြီးဘဲ..ဘယ်သူလဲမေးတော့ House keeping ပါ ဆိုပြီး ပြန်ဖြေတဲ့ မိန်းမ အသံ ကြားရပါတယ်။ အေးဒါနဲ့ တံခါးချက်ချင်းဖွင့်ကြည့်ပေးတာ အပြင်မှာ ဘယ်သူမှ မရှိပါဘူး .. ။ သူတို့ဝန်ထမ်းကို မေးကြည့်တဲ့အခါ ညဘက်မှာ အေးဒီလို မိန်းကလေး ဝန်ထမ်း duty
မထားပါဘူးတဲ့… ။

ပြီးတော့ ကုတင်ဘေးတင် ဟီးဟီးဟီး ဆိုပြီးရယ်သံကြားပါသေးတယ်.. အေးဒီနောက် ညစာ ထမင်းစားဖို့ပြင်ဆင်ပြီး စစားနေတုန်း တံခါးလာခေါက်လို့ ဖွင့်ကြည့်တော့ .. ဘယ်သူမှ မရှိတော့ပြန်ဘူး.. အေးဒါနဲ့ ပြန်ပိတ်ပြီး စားဖို့ပြန်လုပ်တော့ အခန်းထဲက တံခါးနားမှာ အကောင်လိုက်ကြီး လေးဖက်ထောက်ပြီး လှမ်းကြည့်တာတွေ့လိုက်ပါတယ်။ ကြောက်စရာကောင်းလိုက်တာ…ကြောက်လွန်းလို့ သေမလိုပါပဲ .. ထမင်းတောင်ဆက်မစားတော့ဘူး ပြီးတော့ မိန်းကလေးအသံနဲ့ ကျွန်မ နားရွက် ဘေးနားတင်မှာ ရူးး ဆိုပီး အသံတွေလာပေးတယ်.. အေးဒီလိုပုံစံ နဲ့ တစ်ယောက်တစ်မျိုး, မျိုးစုံကိုခြောက်တာပါ လှည့်ပတ်ပြီး မရိုးအောင်ကို တညလုံး ခြောက်နေတာပါ။
ကျမတို့လဲ မနေနိုင်တော့လို့ မိုးလင်းတာနဲ့ Check Out လုပ်ပြီး တန်းပြန်လာကြပါတယ်။
……………………………………
“အဖြစ်အပျက်ကတော့ ဒါပါဘဲ ကိုဆန်း”
တဖွဲဖွဲရွာတဲ့မိုးက ဘယ်အချိန်တုန်းက ဝုန်းဒိုင်းကြဲ ရွာချနေသလဲမသိ။ ကိုကျော်စိုးထက်လဲဘယ်နှစ်ကြိမ်မြောက်တောင် တောင်းနေမိပြီလဲမသိတဲ့ ရေနွေးကြမ်းအိုး ကို မြောက်ပြပြီး ထပ်ထည့်ပေးဖို့ စားပွဲထိုးလေးကို လှမ်းပြောလိုက်တယ်။
“ကြောက်စရာကောင်းလိုက်တာ ကိုထက်ရာ”
ကျန်ုပ်လဲ ကိုကျော်စိုးထက် စကားဆုံးမှ အိပ်မက်ကနေ လန့်နိုးသလိုလိုနဲ့ …။ ကြောက်စရာကောင်းလွန်းတဲ့ ချောင်းသာ က ဟိုတယ် အကြောင်း နားထောင်မိတာ အလိုလို ကျောချမ်းပြီး မသွားတော့ဖို့ပါ တစ်ထိုင်ထဲ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဝုန်းဒိုင်းကြဲ ရွာနေတဲ့ မိုးက ရုတ်တရက် ဆဲသွားပါတယ်။ မိုးခဏဝင်ခိုနေတဲ့ လမ်းသွားလမ်းလာ တစ်ချို့လဲ ပြန်ထွက်သွားကြပါတယ်။ ကိုကျော်စိုးထက်လဲ နာရီ တချက်ကြည့်ပြီး …။
“ဟျောင့် ကိုဆန်း ငါရုံးသွားချိန်လွန်နေပြီကွ..ငါသွားမှဖြစ်မည်..မင်းမပြန်ခင် ငါ့စီဝင်လာခဲ့ဉီး”
“အေး ငါမပြန်ခင်တော့ မင်းဆီ ဝင်လာဉီးမှာပါ..မင်းနဲ့ အေးအေးဆေးဆေး စကားပြောရတာပေါ့”
“ဟုတ်တယ်ကွ.. အေးဆေး တစ်ခါလောက် တွေ့ကြတာပေါ့.. ကဲ ငါသွားမည် သူငယ်ချင်း”
“အေးအေး ပြန်တွေ့ကြတာပေါ့ ကိုထက်”
ပြောပြောဆိုဆို နဲ့ ခပ်သုတ်သုတ်ထွက်သွားတဲ့ ကိုကျော်စိုးထက် နောက်ကျောကို ငေးကြည့်ရင်းနဲ့ ကျန်ုပ်ကိုဆန်းမှာ တစ်ယောက်ထဲကျန်ရစ်ခဲ့ပါတယ်။ စားထားတာတွေရှင်းပေးဖို့ စားပွဲပေါ် အကြည့် ရေနွေးကြမ်းအိုး အောက်မှာ ပိုက်ဆံတသောင်းတန်လေး လှမ်းတွေ့လိုက်တယ်။
“ဪ ကိုထက် ရှင်းပေးသွားတာဘဲ”
ကျန်ုပ်မှာ တယောက်ထဲ တီးတိုးရည်ရွတ်ရင်း ယုဇန ဉယျဉ်မြို့တော် ဆီကို ပြန်ဖို့ ထရပ်လိုက်ပါတယ်။
……………………………….
အဖြစ်အပျက်ဖြစ်ပြီး ၂လအကြာ…….
ချင်းပြည်နယ်ရဲ့ အေးချမ်းလှတဲ့ မိုးစက်တွေအောက်မှာ ဒမ်ပီရွာလေးက တိတ်တဆိတ်နဲ့ ငြိမ်သက်လို့နေပါတယ်။ တစ်ဖျစ်ဖျစ်တောက်လောင်နေတဲ့ မီးဖို ဆီ က အနွေးဓာတ်တွေကို စောင်ထူထူခြုံပြီး ဇိမ်ခံရင်းနဲ့ ကျန်ုပ် ကိုဆန်း တစ်ယောက် ရန်ကုန် က သူငယ်ချင်း ကိုကျော်စိုးထက် ပြောပြတဲ့ ဖြစ်ရပ်မှန် ဝတ္ထုလေးကို အပြီးသတ် နေခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့ ကိုကျော်စိုးထက် တောင်းဆိုနေသလို ဝတ္ထု ခေါင်းစဉ်လေးကို ကျန်ုပ် အကောင်းဆုံး ပေးဖို့ အပြန်ပြန် အလှန်လှန် ဖတ်နေတာဖြစ်ပါတယ်။
ဘေးနားမှာ ချထားတဲ့ ရေနွေးကြမ်း ကို မော့သောက်ပြီး ဝတ္ထုနာမည်လေးကို “ ကိုဆန်း နှင့် ချောင်းသာဟိုတယ်” လို့ အမည်ပေးဖို့ ကျန်ုပ် ကိုဆန်း ဆုံးဖြတ်လိုက်ပါတော့တယ်။

ပြီးပါပြီ

မှတ်ချက် –
ချောင်းသာ ဟိုတယ် သရဲချောက်မှူကို အခြေခံ ဇာတ်လမ်း ရေးသားသည်။

like, share လုပ်ပေးပြိး ကူညီပေးကြပါနော်။ ကျေးဇူးတင်ပါတယ်