သလိုဖြစ်လာ၍ လှည့်ကြည့်မိသောအခါ… “ဟာ……” စံအိမ်ကြီးအပေါ်ထပ်ရှိပြတင်းတံခါးမှာ မြင့်ဆွေလှည့်အကြည့်၌…ပွင့်လာခဲ့လေသည်။ ထိုပြတင်းတံခါး၌ မိန်းမပျိုတစ်ဦးရှိနေသည်ကို မြင့်ဆွေမြင်ရလေတော့ ကြောက်လန့်တကြားဖြင့် သူ၏ရွာဆီသို့ ထွက်ပြေးတော့လေသည်။ ***************************** နောက်တစ်နေ့နံနက်၌ မြင့်ဆွေတစ်ယောက်စံအိမ်ကြီးမှ သရဲမကိုတွေ့မြင်ခဲ့သည့်အကြောင်းများမှာ ရွာအတွင်း၌သတင်းပျံ့လွှင့်လို့နေခဲ့သည်။ “အိုအေ…ဒီစံအိမ်သရဲခြောက်တာ မဆန်းတော့ပါဘူး…” “ဟုတ်ပါ့တော်…” မြင့်ဆွေနေသည်က ချောင်းငယ်ရွာဖြစ်သည်။ ယခုသရဲခြောက်သည်ဟုနာမည်ကြီးသော ကုန်းမြင့်ပေါ်၌ စံအိမ်ကြီးတည်ရှိသောရွာကို မြောက်ဦးရွာဟုခေါ်ကြ၏။ မြင့်ဆွေသရဲမကိုမြင်ခဲ့ပြီးတပတ်လောက်အကြာ၌ ချောင်းငယ်ရွာရှိ ကာလသားဆယ်ယောက်သည် တိုးတိုးတိတ်တိတ်ပြောဆိုနေကြလေသည်။ “ဟေး…ကိုကျော်နိုင်…ကျုပ်တို့နိုင်ရင်ထန်းတောမှာ အမြည်းအစုံနဲ့တစ်ပတ်တိတိနော်…” “အေးပါ…စိုးပေရာ မင်းတို့အုပ်စုသာ ကြောက်ချီးပါပြီး ပြေးရင်ငါတို့က အမြည်းအစုံနဲ့ဇိမ်ခံရဦးရမှာပေါ့ကွာ… ဟားး…ဟားး…ဟားး…ဟားး…” ကျော်နိုင်ဘက်က လူငါးဦး…။ စိုးပေဘက်မှလည်းလူငါးဦး…။ ...
တင်ထားဖြစ်ခဲ့သည်။ သို့သော် အိမ်ငှါးမှာ လွန်ခဲ့သော တစ်လခန့်က သူ့ရွာဆီ အပြီးပြန်သွားလေပြီး ထိုအချိန်ဝယ် နိုင်ဦးတို့ မိသားစုလည်း အလုပ်နားချိန်ရခဲ့ပြီမို့ အိမ်ပြောင်းရွှေ့ခဲ့သည်မှာ တစ်ပါတ်ကျော်ခန့်ပင် ရှိသေး၏။ အိမ်၏ ပတ်ဝန်းကျင်ကတော့မြို့သစ်တို့၏ ထုံးစံအတိုင်း အိမ်ခြေ ခပ်ကျဲကျဲရယ်သာ ရှိနေသည်။ ယခင်အိမ်ငှါးနေသူမှာ စိုက်ပျိုးရေးဝါသနာပါလှသဖြင့် ခြံဝန်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးခဲ့သည်။ အိမ်ရှေ့ဘက်တွင် နှစ်ရှည်ပင်များ စိုက်ပေးခဲ့သလို အိမ်နောက်ဘက်တွင်လည်း ဟင်းသီးဟင်းရွက်အခင်းများ ပြုလုပ်ပေးခဲ့၏။ သို့သော် အချို့အခင်းများမှာတော့ ရေမလောင်းသည်မှာ သုံးပါတ်ခန့်ရှိခဲ့ပြီမို့ ခြောက်သွေ့ ညှိုးရော်နေလေပြီ။ အားလုံးထဲတွင်တော့ ထူးကဲစွာ ဖွင့်ဖြိုးကြီးထွားနေလေသည်က ...
သိချင်လို့ ရောက်လာတာ” “ ဟေ့ကောင်လေး… မင်းတို့မနက်ဖြန် မျက်နှာမသစ်ချင်တော့ဘူးထင်တယ် အဟီးအဟီး” “ ဒါဆိုလဲ စမ်းကြည့်ပေါ့ဗျာ” အနက်ရောင်ဂျာကင်ဝတ်ထားတဲ့လူငယ်ရဲ့ စကားကြောင့် ဖိုးဒေါင်းက ကွမ်းဂျိုးတွေနဲ့မဲနေတဲ့ သွားပေါ်အောင်ရယ်လိုက်ပြီး ခန္ဓာကိုယ်ကို ဖျတ်ခနဲလှုပ်ရှားလိုက်တယ်။ အားပါပြင်းထန်တဲ့လက်သီးက ဂျာကင်ဝတ်လူငယ်ရဲ့ မျက်နှာနားကနေ ဝှီးခနဲ ဖြတ်သွားတာကြောင့် ဖိုးဒေါင်းကိုယ်ရှိန်သတ်လိုက်ပြီး ဘေးကိုပြန်လှည့်ကြည့်လိုက်တယ်။ “ ဘယ်လိုလဲဗျ… ကျုပ်ကိုထိအောင်လဲမထိုးနိုင်ပါလား” ခနဲ့တဲ့တဲ့စကားကြောင့် ဖိုးဒေါင်းမျက်နှာရဲခနဲဖြစ်သွားပြီး ရပ်နေတဲ့လူရဲ့ ခန္ဓာကိုယ်အနှံ့ကို လက်သီးချက်တွေပစ်သွင်းလိုက်တယ်။ ဖိုးဒေါင်းရဲ့လက်သီးချက်တွေကို ရပ်နေတဲ့လူက ခန္ဓာကိုယ်ယိမ်းနွဲ့ပြီးရှောင်တိမ်းနေရာကနေ ပင့်လက်သီးတစ်ချက် မေးရိုးအောက်ကို ဝင်လာခဲ့တယ်။ ပြင်းထန်လှတဲ့လက်သီးချက်ကြောင့် ဖိုးဒေါင်း ...
“ “ဟုတ်ကဲ့ပါ ဆရာကြီး “ မြကေသီသည် စနေ၏ အနားထိုင်လိုက်ချိန် ကျန်သောသူ များသည် ဦးစနေ ခိုင်းသည့်အတိုင်း ဝေးရာသို့ ထွက်သွားကြလေသည်။ထို့နောက် စနေ သည် တင်ပျဉ်ခွေချိတ်ထိုင်နေရာမှ ပြောင်း၍ မြကေသီ နှင့် အနီးကပ် ဘေးချင်းကပ်လျက် ထိုင်လိုက်လေသည်။မြကေသီသည် အသက်ကြီးကြီး နှင့် မနှစ်မျို့ ဖွယ်ရာလူကြီး သူမ နှင့် အသားချင်းထိလုမတတ် လာထိုင်နေ သည်ကို မကြိုက်သော်လည်း အပြုံးမပျက်ဘဲ ထိုင်နေလေသည်။သူမ၏ စိတ်ထဲတွင်တော့ ဖခင်ဖြစ်သူနှင့် သူမအား ဘဝပျက်အောက် ...
လူတကာလက်ထဲဝေ့လည်လည်ဖြစ်နေလို့ ဒီနာမည်ပေးထားတာပဲ” “နေပါအုံးဗျ၊ ဘာလို့ဝယ်တဲ့သူတွေက လယ်ကိုမလုပ်ရဲတာလဲ” “အဲဒါကတော့ စံပေါတို့ကြောင့်ပေါ့ကွာ” “ဘယ်လိုဗျ” ဘကြီးထွန်းရင်က မဘောမပေါက်ရကောင်းလားဆိုတဲ့ မျက်နှာပေးနဲ့ ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ “စံပေါတို့လင်မယားက မသေဘူးတဲ့ကွ၊ သူတို့လယ်တွေကို စိတ်စွဲပြီးတော့ သရဲကြီးဖြစ်နေကြတာတဲ့” “ဟာဗျာ၊ သနားဖို့ကောင်းလိုက်တာ၊ ရွာကလူတွေက ဘာမှလုပ်မပေးဘူးလား” “မင်းနှယ်ကွာ၊ လုပ်မပေးဘဲနေပါ့မလားကွ၊ ငါကိုယ်တိုင် အလှူအတန်းတွေလုပ်၊ အမျှတွေဝေပေးခဲ့တာပဲ၊ ဒါပေမယ့် ဘာမှမထူးပါဘူးကွာ၊ ငါဆိုရင် အခါအခွင့်သင့်လို့ ကြုံတိုင်း အလှူအတန်းလုပ်ပေးပြီးတော့ ငါ့ညီ စံပေါအတွက် အမျှပေးဝေတာကြာခဲ့ပြီကွ၊ ဒါပေမယ့် ဘယ်လိုကြောင့်လဲမသိဘူး သူတို့မကျွတ်လွတ်ဘူးကွ” ကျုပ်လည်း ခေါင်းပဲကုပ်နေမိတော့တယ်၊ ...
“အမေသားအပြင်ခဏသွားလိုက်ဦးမယ် “အေးအေး သားသိပ်မကြာစေနဲ့နော် စောစောပြန်လာခဲ့ ကြားလား” “ဟုတ် အမေ” သုတလည်းအိမ်အပြင်သို့ထွက်လာခဲ့ သည်။ အစ်မကြီးအိမ်ထောင်ကျပြီးကတည်းက အိမ်၏စားဝတ်နေရေးအခြေအနေမှာ သိသိသာသာကြပ်တည်းလာသည်။ မိခင်ဖြစ်သူမှာလည်းအသက်ကြီးပြီး ရောဂါအခံရှိသူမို့အလုပ်မလုပ်နိုင်ချေ။ ဖခင်ဖြစ်သူကြတော့လည်း မိသားစု စားဝတ်နေရေးကိုခေါင်းထဲမထည့် ရသည့်လုပ်အားခကိုထင်သလို သောက်စားပစ်လေသည်။ သုတလည်းဖခင်ဖြစ်သူကို အလိုမကျပေမယ့် သားသမီးဖြစ်သည့် အတွက်ပြောပိုင်ခွင့်မရှိခဲ့ပေ။ သည်းမခံနိုင်၍ပြောသည့်အခါများတွင် လည်းမိခင်ကြီးမှာရောဂါထပ်တိုးရလေ သည်။ ထို့ကြောင့်သုတလည်းစိတ်ကိုလျှော့ကာ မြိုသိပ်ထားရလေသည်။ သုတလည်းအလုပ်မရှိပဲအားနေသဖြင့် ရပ်ကွက်ထဲလျှောက်သွားနေသည်။ “ဟေ့ကောင် သုတ နားတာလားဟ” “နားတာမဟုတ်ဘူး ငါ့ကောင်ရေ အလုပ်ကပိတ်ထားတာကွ။ ...
******* ‘ ကိုညိုမောင်…တော် ဘာဖြစ်တာလဲ…’ ‘ ခင်တင့်…ငါ့ အိပ်မက်မက်တာ။ အိပ်မက်ထဲမှာ အကိုကြီးက လာပြောတယ်…’ ‘ ဟင်…ဘာတွေပြောသွားတာလဲ…’ ‘ သမီးလေး…သဘာဝလွန်တံခါးတစ်ခုထဲကို ဝင်ရောက်သွားမိတာတဲ့။ အဲ့ဒါကြောင့် ဒီအတိုင်းလိုက်ရှာနေတာထက် တံခါးကို ရှာဖွေနိုင်သူ၊ ဖွင့်နိုင်သူကို အကူအညီတောင်းပြီး ရှာပါတဲ့။ ပြီးတော့ ဒီလိုဖြစ်မှာတွေ ကြိုမြင်မိလို့ မင်းတို့ကို အိမ်မက်ပေးပြီး နေပြာင်းစေချင်နေတာလို့လည်း ပြောတယ်…’ ကျုပ်စကားအဆုံး ကျုပ်မိန်းမ ခင်တင့် ငိုတော့တာရော။ ‘ ကျုပ်တို့ကို အကိုကြီးက ပြောနေတာ ကြာပြီလေ။ အခုတော့…အီး ဟီး ...
တာ” ဟု ပထမလူကဆိုသော် ဒုတိယလူက ပြန်ပြော သည်။ “သည်အမျိုးသမီးတွေကို ဘယ်လိုဖျက်ဖျက် မပ်က္ဘူးကြ” “ပျက်စေရမယ်” “မပျက်စေရဘူး” “ကိုင်း…ဒါဖြင့် လောင်းမလား” “လောင်းမယ် …ပျက်ရင် တစ်ထောင်ယူ၊ မပျက်ရင်တစ်ထောင်ပေး” ငွေတစ်ထောင်ကြေးဖြင့် အလောင်းအစား လုပ်ကြ၏။ ဤအထဲတွင် ‘ပျက်အောင် ဖျက် ပြမယ်’ဆိုသူကား စောင်းသမားဂီတသမားဖြစ် သည်။ ဂီတအားကိုးနှင့် ရဲဝံ့စွာ အလောင်းအ စား ပြုကြခြင်းဖြစ်၏။ တစ်နေ့တွင် ထိုစောင်းသမားသေသောက်ကြူး သည် ထိုအမျိုးသမီးများ အသွားအပြန် နားလေ့ ရှိသော အေးရိပ်သာ၏ အနီးတွင် ...
ကြည့်ဘူး။ အရပ်ကို ပြောတော့ မဖောင်းက သူပဲ မှန်သလိုလို။ “မွေးသမိခင် ကျေးဇူး မသိတတ်ဘဲ နေပါ့မလားအေ၊ လူပဲဟာ တိရစ္ဆာန်မှ မဟုတ်တာ၊ သိတတ်လွန်းလို့တောင် သိသိ သိသိနဲ့ မြည်သေး၊ မိဖောင်း ငယ်ငယ်က တစ်ဆေမကြောက် သူရဲမကြောက် မအေဈေးထွက်ဖို့ မိုးမလင်းခင်ကတည်းက ဈေးကုန်းသွားပြီး ဈေးတောင်းခေါင်းရွက်လုပ်ကိုင်ပေးခဲ့တာပဲဟာ၊ ဈေးထဲမယ် မနက်မိုးမလင်းတလင်း မိဖောင်းနဲ့ ဈေးသူရဲပဲ ရှိရဲ့။ အခုဟာက မအေကိုယ်တိုင်က ဘက်လိုက်တယ်ထင်လို့ ကျုပ်ကို မှားတယ်ထင်လို့ရယ်၊ ဟိုကောင်မတွေကတော့ ပြီးပါပြီ၊ လူ့ဘဝရောက်လာလို့ တစ်အူတုံဆင်းရယ်လို့ ချစ်မဟဲ့ ...
မှာ… “အေး…ကောင်းတယ်ဟဲ့… အရူးမကြီးရှိတာအရမ်းကောင်းတယ်… မဟုတ်ရင်ဒင်းတို့ဆော့တာလူကြီးတွေမမြင်တော့ လုပ်ချင်ရာလုပ်နေကြမှာ…” ဟုပင်ပြောကြလေသည်။ ကလေးများကိုစောင့်ရှောက်သော အရူးမကြီးကိုလည်း အားလုံးကချစ်ခင်ကြသည်။ “အဘွားနာမည်ဘယ်သူတုန်းဗျ” ဟု… ညောင်ပင်အောက်တွင်ထိုင်နေသောအရူးမကြီးကို ဖိုးထူးတို့ကလေးအဖွဲ့ကမေးလေတော့… “ငါ့နာမည်…ဟုတ်လား…” “ဟုတ်တယ်လေဗျာ…အဘွားမှာနာမည်ရှိတယ်မလား…” “အေး…နာမည်နော်….နာမည်…ရှိတာပေါ့ဟဲ့ ဟီး…ဟီး…ဟီး………….” အရူးမကြီးက တဟီးဟီးရယ်မောလေတော့ ကလေးများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ သို့သော်ဖိုးထူးက… “ပြောပါအဘွားရယ်…ကျုပ်တို့ကအဘွားကိုအရူးမကြီးလို့ မခေါ်ချင်ဘူးဗျ…အဘွားကလိမ္မာပါတယ်ဗျာ… ပြောပါနော်” “အရူးမကြီး…ငါ့နာမည်ကအရူးမကြီးမဟုတ်ပါဘူးဟဲ့… ငါ့နာမည်က စာဥ…ဘွားစာဥဟဲ့” “ဘွားစာဥ…ဟုတ်လား…ဒါဆိုဘွားနာမည်က ဘွားစာဥပေါ့လေ” “အေး..ငါ့နာမည်ကဘွားစာဥဟဲ့” “ဟေးးးးးးးဘှားစာဥတဲ့….ဘှားစာဥ” “ဟေး…” “ဘွားစာဥ” “ရှင့်………” “ဘွားစာဥ…” “တော့်……” ကလေးအုပ်စုမှာတညီတညွှတ်ထဲဘွားစာဥဟုခေါ်နေကြပြီး ဘွားစုဥမှာလည်း ထူးနည်းမျိုးစုံဖြင့်ထူးနေတော့လေသည်။ ...