“အင်း ငယ်သေးတာပဲ” “ငယ်ပေမဲ့ ကျုပ်တို့တရွာလုံး သူ့ကို အားကိုးနေကြရတာဗျ” “ဘယ်လို ကျုပ် နားမရှင်းဘူး မောင်ရင် “ “ကျုပ်တို့ ရွာသားတွေကို ဒီနှစ် ဘာသီးနှံစိုက် ဒီနှစ် ဘယ်သူ့ လယ်က ဘာအထွက်ကောင်းမယ်ဆိုတာ တပ်အပ်ပြောနိုင်လို့ သူ့ကို အားကိုးနေရတယ် ပြောတာပါ အဲ့တာကိုဗျာ ရုတ်တရက် ကြီး ပျောက်သွားတာ “ “ကျုပ် နားလည်သင့်သလောက် နားလည်ပါတယ် ကျုပ်ကူညီနိုင်တာတွေရှိပေမဲ့ မောင်ရင်တို့က ယုံပါ့မလားမသိဘူး “ ...
“ ” ဟား…ဟား… “ စက်ဆရာခေါင်းဆောင် ဦးမြသန်းနှင့် စကားပြောပြီး ပစ္စည်းပစ္စယျများကို လွယ်အိတ်ထဲသို့ထည့်ကာ စက်ရုံထဲမှ စက်ဘီးကိုတွန်း၍ထွက်လာခဲ့လေသည် ။ ———————— စက်မှူလက်မှူလမ်းထဲမှ လမ်းမကြီးပေါ်သို့ထွက်လိုက်ပြီး တစ်ဖက်လမ်းကိုကူးကာ တံတားလေးဘက်သို့ဦးတည်၍ စက်ဘီးကို နင်းလာခဲ့လေသည် ။ ကားလမ်းမပေါ်တွင် ကားတစ်စီးတစ်လေမျှပင်မရှိပဲ ရှင်းလင်းနေသောကြောင့် သီချင်းတစ်ပုဒ်ကို တိုးတိုးလေးဆိုကာ စက်ဘီးကို အေးအေးဆေးဆေးနင်းလာခဲ့လေသည် ။ မယ်လမုဘုရားနားသို့ရောက်သည်နှင့် ပြုလုပ်နေကြအတိုင်း စက်ဘီးကိုခဏရပ်ကာ လက်အုပ်ချီကန်တော့လိုက်သည် ။ လမ်းမကြီးပေါ်တွင် လူသွားလူလာလုံးဝမရှိသည့်အပြင် ခွေးတစ်ကောင်တစ်လေပင် မတွေ့ရလောက်အောင် ရှင်းလင်းနေလေသည် ။ တဖြည်းဖြည်းနှင့် ...
မစင်ကဲ့သို့ စက်ဆုပ်ရွံရှာတဲ့အဆင့်ထိ ရောက်နေ တော့တာပါပဲ။ အသေးအမွှားကိစ္စဆိုပေမယ့်ကျွန်တော့်အတွက်အဆန်းတကြယ်ဖြစ်နေလို့ ခြေရာကောက်အစဆွဲကြည့်တဲ့အခါကျွန်တော့်သူငယ်ချင်းရဲ့ပီအေမလုပ်ချင်တော့ ပါဘူး။ ဆက်ပြီး လက်တွဲချင်စိတ် မရှိတော့ပါဘူး။ ဒါပေမဲ့ – ကျွန်တော့် အခြေအနေ ကလည်း အလုပ်ဌာနပြောင်းဖို့ဟာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်လို့ မှိတ်ကြိတ် တောင့်ခံရင်း လေးငါးနှစ်ကြာကာလ (ဆရာအငြိမ်း စားယူတဲ့ထိ) ဖြတ်သန်းခဲ့ရပါ တယ်။ ဆရာ့လုပ်ရပ်တွေကြောင့်ပါ တပ်ထဲမှာ သွေးစည်းခဲ့ကြပေမယ့် အပြင် လောက ရောက်တဲ့အခါ သွေးမစည်၊တော့ပါဘူး။ သူငယ်ချင်းက အရာရှိကြီး၊ ကျွန် တော်က သူ့ပီအေ အရာရှိငယ်၊ ကျွန်တော် ...
ပြောသည်။ “မင်း နှမ်းမျိုးအိပ်တင်ပြီးဒီလမ်းကသာပြန်လာလို့ကတော့ကွာ တဲရောက်တာနဲ့တစ်ခါတည်းနှမ်းရိတ်ဖို့သာပြင်ထားတော့” ကိုပြူးသည်နှမ်းမျိုးအိပ်တွေကိုရွှံ့ဗွက်စင်ပြီးအပင်ပေါက်လာမည်ကိုချဲ့ကား၍ပြောလိုက်ခြင်းဖြစ်သည် သူကိုတိုင်လည်းထိုသို့ပြောပြီးလှည်းရံတိုင်ကိုကိုင်ကာဟိုဘက်ကပ်လိုက်ဒီဘက်ကပ်လိုက်ဖြင့်စီးနေရသည် တစ်ကိုလုံးလည်းနွားအမြီးခပ်ရာမှလွင့်စင်လာသောရွှံ့ဗွက်တို့ဖြင့်ပေကျံနေသည် သူတင်မဟုတ်ကိုမြင့်ဆောင်ကိုတိုင်လည်းကိုပြူးကဲသို့ပင်ဖြစ်သည် ထိုကြောင့်သူလည်းကိုပြူးကိုပြန်ပြောလိုက်သည်။ “အေးကွာ အပြန်ကြရင်တော့ တောလမ်းကေနပတ်ပြန်ရအောင် ဒီလမ်းကတော့ပြန်လို့မဖြစ်ေတာ့ဘူး” ကိုမြင့်ဆောင်ထိုသို့ပြောပြီး လှည်းကိုသာအာရုံစိုက်မောင်းနေရသည် ကိုမြင့်ဆောင်တို့လှည့်ပြန်ကြမည့်တောလမ်းဆိုသည်မှာ တောချောင်းရွာေတာင်ဘက်၌ရှိပြီးအနီးအနားရှိရွာများမှထင်းခုတ်ဝါးခုတ်တက်သည့်လမ်းဖြစ်သည် ကုန်းကျောလေးပေါ်အတိုင်းရှိနေပြီး ခရီးဝေးပေမဲ့ရွှံ့ဗွက်တို့မရှိပဲသဲလမ်းလေးတစ်ခုသာဖြစ်သည်။ ကိုမြင့်ဆောင်လှည်းကိုအောင့်အီးသည်းခံမောင်းလာရင်း တောချောင်းရွာထဲသို့ေရာက်လာပြီဖြစ်သည် ထို့နောက် ဦးဘိုးခင်နှမ်းမျိုးမှာထားသည့်အိမ်သို့ရောက်တော့မိုးချုပ်ေနပြီဖြစ်၍ လှည်းပင်မဖြုတ်တော့ပဲနွားကြီနှစ်ကောင်ကိုခဏရပ်ကာ နှမ်းမျိုးအိပ်များကိုတင်လိုက်သည် ထို့နောက်ကိုပြူးတွင်ပါလာသောနှမ်းမျိုးဖိုးငွေအားပေးကာ တောချောင်းရွာအေနာက်ဘက်သို့ရွာလယ်လမ်းအတိုင်းထွက်ခဲ့လိုက်သည် ထိုမှနေပြီးရွာအနောက်ဘက်လမ်းအတိုင်းတောလမ်းသို့တက်မည်ဖြစ်သည်။ ထိုသို့ရွာအနောက်ဘက်လမ်းရောက်တော့ကိုပြူး ကိုမြင့်ဆောင်ကိုမေးလိုက်သည် “မြင့်ဆောင်မင်းဓာတ်မီးမပါခဲ့ဘူးလား” ကိုပြူးထိုသို့မေးမှကိုမြင့်ဆောင်ဓာတ်မီးကိုသတိရသည် လောလော လောလောနှင့်ထွက်လာရ၍ဓာတ်မီးပါမလာခဲ့ ဒါ့ကြောင့်ကိုမြင့်ဆောင်ခပ်ရေးရေးလင်းနေသောလရောင်ေအာက်မှ လှည်းတွင်တပ်ထားေသာနွားကြီးနှစ်ေကာင်ကိုကြည့်ပြီးကိုပြူးကိုပြောလိုက်သည် “ဓာတ်မီးမပါခဲ့ဘူးကွ ဒါပေမဲ့ကိစ္စမရှိပါဘူးကွာ လရောင်နဲ့ပဲအေးအေးဆေးဆေးမောင်းပြီးပြန်ကြတာပေါ့ ဒီကောင်ကြီးတွေလဲဒီလမ်းတွေကိုသွားဖူးပါတယ်” ...
ပြောကြသေးသဗျ။ “ပေတလူရေ ကျုပ်တို့ ထနောင်းကုန်းရွာနဲ့ ရွာသူရွာသားတွေကို စောင့်ရှောက်ပါနော်” လို့ပြောကြတာ။နေဦးဗျ ။ စောင့်ရှောက်တယ်လို့ပဲ ပြောရတော့ပေါ့ဗျာ ။ တစ်ခါက ကျုပ်တို့ရွာကို ဓါးမြအဖွဲ့တစ်ဖွဲ့ က မြင်းတွေနဲ့ လာပြီး တိုက်ဖို့ ကြံစည်တာဗျ။ အဲဒါကို ပေတလူက အနောက်ပိုင်းက အရီးမယ်မစိုကြီးကို ဝင်ပူးပြီးပြောတာဗျ။ “ငါ ပေတလူကွ။ နင်တို့ရွာကိုလကွယ်နေ့ညမှာ ဓါးမြတိုက်လိမ့်မယ် ဓါးမြက နှစ်ဆယ်လောက်ရှိတယ် ရှင်မတောင်ဘက်က လာမှာ နင်တို့ ကြိုပြီးကာနိုင်ရင် ကာကြ မကာလို့ကတော့ ရွာတောင် မီးရှိ့ချင်ရှို့မှာ” လို့ ပေတလူက ...
လည်းစိုက်ပေါ့ဗျာ၊ ကဲ ကဲ ကျုပ်တို့သွားပြီနော်” “အေးအေး၊ ကောင်းကောင်းသွားကြကွာ၊ ဒါနဲ့ အလတ်ကောင်သတင်းလေးဘာလေးကြားရင် ငါ့လည်းပြောစမ်းပါကွ” “ပြောမယ်ဦးဘသာ၊ ပြောမယ်” အကြီးကောင်နဲ့အငယ်ကောင် ပေါက်တူးထမ်းသွားတာကြည့်ရင်း ကျုပ်ဖြင့်အလတ်ကောင်ကို အတော်သတိရသွားတယ်ဗျာ၊ တစ်ခါတစ်ခါများဆိုရင် ရွာအဝင်လမ်းအတိုင်း ရေးကြီးသုတ်ပြာနဲ့ပြေးလာတတ်တဲ့ အလတ်ကောင်ကို မျက်လုံးထဲမြင်ယောင်နေမိတယ်ဗျ။ (၂) “ဟ၊ ဒီနေ့အုန်းမောင်းမခေါက်ပါလားဟ” တစ်ရက်တော့ မိုးတွေကတဖွဲဖွဲနဲ့ရွာနေပါရောဗျာ၊ ကျုပ်က ပုံမှန်ဆိုရွာဦးကျောင်းက အုန်းမောင်းခေါက်တဲ့အခါ နိုးနေကျဗျ၊ အခုမနက်တော့ အုန်းမောင်းမခေါက်ပေမယ့်လည်း မျက်စိအကျင့် ဝမ်းအချင့်ဆိုသလို ကျုပ်မျက်လုံးက အကျင့်ဖြစ်နေတော့ မျက်စိကအလိုလိုပွင့်ပြီးနိုးလာသဗျ၊ ဒါနဲ့ ညကကျန်တဲ့ထမင်းကြမ်းခဲကို ဆီလေးနည်းနည်းနဲ့ မီးဖိုပေါ်မှာပြန်နွေးပြီးတော့ ...
************************* “ဘွားရှိလားဗျို့……” “ဟဲ့…မောင်တိုး ခြံပြင်ကနေအော်ဟစ်မနေနဲ့……. ဟောသည်မှာကျုပ်တစ်ယောက်လုံးထိုင်နေတာ… မမြင်ဘူးလားကွဲ့” “အဟဲ…ကျုပ်ကအသံနဲ့အရင်မေးလိုက်တာပါဘွားရယ်… ကျုပ်တို့ဘွား ကွပ်ပျစ်ပေါ်မှာထိုင်နေတာကိုကျုပ် မျက်လုံးကအခုမှပဲမြင်မိတယ်ဗျို့………..” မောင်တိုးတစ်ယောက် ခြံဝိုင်းထဲသို့ဝင်လာပြီး ကွပ်ပျစ်နံဘေးရှိ ထန်းလက်ခုံတွင်ဝင်ထိုင်လိုက်သည်။ ဘွားမယ်စိန်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်းမောင်တိုးကိုအကဲခတ်နေ၏။ မျက်နှာ၌သနပ်ခါးကအဖွေးသား၊ ဆံပင်ကိုအုန်းဆီများစိုရွဲအောင်လိမ်းထားပြီး နဖူးထိပ်ရှိ ဆံပင်တစ်ထွာလောက်ကိုစုစည်းထားသော မောင်တိုးသည် ဘွားမယ်စိန်၏အကြည့်ကိုအနေခက်စွာဖြင့် တဟဲဟဲရယ်မောနေလေသည်။ “ဟဲ…ဟဲ….ဘွားကကျုပ်ကိုကြည့်လှပါလားဗျ” “အလိုလေး…ဒီနေ့ကျမှပြဇာတ်မင်းသားရှူံးအောင် ပြင်ဆင်ထားလို့ မမြင်ဖူးလို့ပါတော်….” “ကျုပ်ကအဲ့သလောက်တောင်ချောမောနေသလား ဘွားရဲ့” “ချောပါ့တော် သင်္ချိုင်းကုန်းက မသာကြီးကို သနပ်ခါးလိမ်းပေးထားသလိုပဲ ချောချော ချောချောကိုမြည်လို့” “ဟာဗျာ…ဘွားကလည်း” ဘွားမယ်စိန်သည် မောင်တိုးတစ်ယောက် မျက်နှာရှုံ့သွားလေတော့ ...
မဟုတ်ဘူးလို့ညာရတာပဲဗျ။ ဒါကို သူကဘယ်လိုများမယုံနိုင်သလဲမသိဘူး။ နောက်တစ်နေ့ဖေ့ဘုတ်ပေါ်မှာ မယားငယ်လေးပုံတွေတင်ပြီး အရှက်ခွဲပါလေရော။အောင်ကောင်းကျော်ရဲ့ မယားငယ်လေးက ငိုယိုပြီးဖုန်းဆက်လာပြန်၊မယားကြီးကလည်းသောင်းကျန်းနဲ့ ကျွန်တော်တို့မှာဘာလုပ်လို့ဘာကိုင်ရမယ်မသိဘူး။ မတော်လို့ကျွန်တော်တို့ကိစ္စပါပေါ်ကုန်ရင်မခက်လားဗျ။ အောင်ကောင်းကျော်ကတော့ ဘယ်တော့မှသစ္စာမဖောက်ဘူးပြောပြော နဲနဲတော့လန့်မိတာပဲ။ ကျွန် တော်တို့မှာ မယားကြီးကိုပြေးဖာရ၊ မယားငယ်ကိုချော့မော့ရနဲ့ ရှင်းနေရတာ။ မယားကြီးကမယား ငယ်အိမ်ကိုဘယ်လိုသိသွားတယ်မသိဘူး။ အိမ်အထိသွားသောင်းကျန်းတော့တာ။ မယားငယ်လေးကို ဆံပင်ဆွဲရိုက်နှက်တယ်ဆိုတာ ဗီဒီယိုဇာတ်လမ်းမှာပဲတွေ့ဖူးတာကိုး။ သူကအဝတ်အစားတွေအကုန် ဆွဲဆုတ် ချွတ်ပစ်ပြီး လမ်းပေါ်ကို ဆံပင်ဆွဲခေါ်လာတာ။ တစ်လမ်းလုံးလူတွေအုတ်ကျတ်ကျတ်ဖြစ်ကုန်ကြတယ်။ မယားငယ်လေးလည်းတော်တော်အရှက်ကွဲသွားတာပဲ။ မယားငယ်ဖက်ကအမှုပြန်ဖွင့်မယ်အထိဖြစ်ခဲ့တယ်။ အောင်ကောင်းကျော်က ဟိုဖက်လည်း ချော့မော့၊ ဒီဖက်လည်းချော့မော့နဲ့ ဒီကောင်ဘဝပျက်နေတာ။မျက်နှာငယ်လေးနဲ့။ မကြာပါဘူး။ မယားငယ်လေးကသူနေတဲ့အထပ်မြင့်တိုက်ပေါ်ကနေခုန်ချပြီးသတ်သေသွားပါလေရော။ ဖေ့ဘုတ်မှာ ...
ထွန်းမောင်ကား တောက်တစ်ခေါက်ခေါက်ခတ်ရင်း အိမ်ပေါ်သို့တက်လာခဲ့၏။ ” တောက်! လူပါးကိုဝလွန်းတယ်…ငွေရှိတယ်ဆိုတိုင်း မရှိဆင်းရဲသားတွေကိုနင်းချနေတာ…ဒီကောင်တွေငါ့အကြောင်းကောင်းကောင်းသိစေရမယ်….” ” အစ်ကို…ဘယ်နှယ့်လဲ… ပြောလို့ရခဲ့သလား…” ” မရဘူးမိန်းမ…လူတွေနားမလည်တဲ့ကောင်တွေ တနေ့ငါဘာလဲဆိုတာသိစေရမယ်…မင်းကလေးတွေ ငါမရှိတဲ့အချိန်သေချာဂရုစိုက်ထား….” ” ဟင်…အစ်ကိုကဘယ်သွားမလို့လဲ…လူမမယ်ကလေးတွေနှင့်ကျုပ်ကိုထားပြီး ဘယ်သွားမလို့လဲ….” ” ငါသေချာပေါက်ပြန်လာခဲ့မယ်….” ဆိုကာလမ်းစရိတ်အနည်းငယ်နှင့် အဝတ်အစားအနည်းငယ်ယူပြီး အိမ်မှထွက်လာခဲ့၏။ ခရီးအထပ်ထပ်နှင်လာခဲ့ရင်း ယခုယောနယ်သို့ရောက်ရှိလာခဲ့၏။ သူ့ကိစ္စပြန်တွေးမိသဖြင့် သူ့ရှေ့မှရှိနေသော ထဘီကိုအသာလှမ်းယူကာ ” ကျုပ်လျှော်မယ်…ကျုပ်ကိုသာအမေကြီးတတ်ထားတဲ့ပညာတွေသင်ပေးစမ်းပါ…” ဆိုကာ ရေအင်တုံရှိရာသို့လာခဲ့၏။ အဘွားကြီးကား ထွန်းမောင်ကိုကြည့်ပြီး တဟက်ဟက်ရယ်ရင်းကျန်ခဲ့၏။ အဖွားကြီး၏အိမ်တွင်နေရင်း အဖွားကြီးခိုင်းသမျှကို မရွံမရှာလုပ်ပေး၏။ သုဿာန်ထဲအလောင်းဖော်ဆိုလည်းဖော်ပေး၏။ ထဘီတန်းအောက်သွားခိုင်းလည်းသွား၏။ ...
။ ——— ဒီလိုနဲ့ နှစ်လလောက်ကြာတော့ မကြည်အောင်ရဲ့ ရောဂါက သက်သာမလာပဲ ချောင်းဆိုးလိုက်တိုင်း သွေးတွေပါလာခဲ့တယ်။ “ ယဉ်လှ… နင့်အဖေ ခေါ်ပေးစမ်းပါ” “ အဖေ.. အမေခေါ်နေတယ်” ယဉ်လှစကားကြောင့် ကားရေဆေးနေတဲ့ ကိုသောင်းနိုင် အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ “ သောင်းနိုင်… ငါ ဘုရားဆွမ်းကပ်ချင်လို့ မနက်ကျရင် ဈေးစောစောသွားပေးပါလား” “ ငါ့မိန်းမကတော့ ဒီနေ့ထူးဆန်းနေပါလား၊ ဆွမ်းကပ်ဖို့ငါဘာဝယ်ပေးရမလဲ” “ အဆင်ပြေတာဝယ်ခဲ့လိုက်၊ ဒီမှာ ပိုက်ဆံယူထား” မကြည်အောင်က ချွေးခံအိတ်ထဲမှာ ထည့်ထားတဲ့ပိုက်ဆံအချို့ကိုထုတ်ပေးရင်း “ ယဉ်လှ.. ငါ့ကိုလမ်းထိပ်ကဆေးဆိုင်မှာ ...