ပြောသည်။
“မင်း နှမ်းမျိုးအိပ်တင်ပြီးဒီလမ်းကသာပြန်လာလို့ကတော့ကွာ တဲရောက်တာနဲ့တစ်ခါတည်းနှမ်းရိတ်ဖို့သာပြင်ထားတော့”
ကိုပြူးသည်နှမ်းမျိုးအိပ်တွေကိုရွှံ့ဗွက်စင်ပြီးအပင်ပေါက်လာမည်ကိုချဲ့ကား၍ပြောလိုက်ခြင်းဖြစ်သည် သူကိုတိုင်လည်းထိုသို့ပြောပြီးလှည်းရံတိုင်ကိုကိုင်ကာဟိုဘက်ကပ်လိုက်ဒီဘက်ကပ်လိုက်ဖြင့်စီးနေရသည် တစ်ကိုလုံးလည်းနွားအမြီးခပ်ရာမှလွင့်စင်လာသောရွှံ့ဗွက်တို့ဖြင့်ပေကျံနေသည် သူတင်မဟုတ်ကိုမြင့်ဆောင်ကိုတိုင်လည်းကိုပြူးကဲသို့ပင်ဖြစ်သည် ထိုကြောင့်သူလည်းကိုပြူးကိုပြန်ပြောလိုက်သည်။
“အေးကွာ အပြန်ကြရင်တော့ တောလမ်းကေနပတ်ပြန်ရအောင် ဒီလမ်းကတော့ပြန်လို့မဖြစ်ေတာ့ဘူး”
ကိုမြင့်ဆောင်ထိုသို့ပြောပြီး လှည်းကိုသာအာရုံစိုက်မောင်းနေရသည်
ကိုမြင့်ဆောင်တို့လှည့်ပြန်ကြမည့်တောလမ်းဆိုသည်မှာ တောချောင်းရွာေတာင်ဘက်၌ရှိပြီးအနီးအနားရှိရွာများမှထင်းခုတ်ဝါးခုတ်တက်သည့်လမ်းဖြစ်သည် ကုန်းကျောလေးပေါ်အတိုင်းရှိနေပြီး ခရီးဝေးပေမဲ့ရွှံ့ဗွက်တို့မရှိပဲသဲလမ်းလေးတစ်ခုသာဖြစ်သည်။
ကိုမြင့်ဆောင်လှည်းကိုအောင့်အီးသည်းခံမောင်းလာရင်း တောချောင်းရွာထဲသို့ေရာက်လာပြီဖြစ်သည်
ထို့နောက် ဦးဘိုးခင်နှမ်းမျိုးမှာထားသည့်အိမ်သို့ရောက်တော့မိုးချုပ်ေနပြီဖြစ်၍ လှည်းပင်မဖြုတ်တော့ပဲနွားကြီနှစ်ကောင်ကိုခဏရပ်ကာ နှမ်းမျိုးအိပ်များကိုတင်လိုက်သည်
ထို့နောက်ကိုပြူးတွင်ပါလာသောနှမ်းမျိုးဖိုးငွေအားပေးကာ တောချောင်းရွာအေနာက်ဘက်သို့ရွာလယ်လမ်းအတိုင်းထွက်ခဲ့လိုက်သည် ထိုမှနေပြီးရွာအနောက်ဘက်လမ်းအတိုင်းတောလမ်းသို့တက်မည်ဖြစ်သည်။
ထိုသို့ရွာအနောက်ဘက်လမ်းရောက်တော့ကိုပြူး ကိုမြင့်ဆောင်ကိုမေးလိုက်သည်
“မြင့်ဆောင်မင်းဓာတ်မီးမပါခဲ့ဘူးလား”
ကိုပြူးထိုသို့မေးမှကိုမြင့်ဆောင်ဓာတ်မီးကိုသတိရသည် လောလော လောလောနှင့်ထွက်လာရ၍ဓာတ်မီးပါမလာခဲ့ ဒါ့ကြောင့်ကိုမြင့်ဆောင်ခပ်ရေးရေးလင်းနေသောလရောင်ေအာက်မှ လှည်းတွင်တပ်ထားေသာနွားကြီးနှစ်ေကာင်ကိုကြည့်ပြီးကိုပြူးကိုပြောလိုက်သည်
“ဓာတ်မီးမပါခဲ့ဘူးကွ ဒါပေမဲ့ကိစ္စမရှိပါဘူးကွာ လရောင်နဲ့ပဲအေးအေးဆေးဆေးမောင်းပြီးပြန်ကြတာပေါ့ ဒီကောင်ကြီးတွေလဲဒီလမ်းတွေကိုသွားဖူးပါတယ်”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးကဆက်မေးပြန်သည်
“အေးဓာတ်မီးမပါတာဘာမှမဖြစ်ပါဘူး မင်းလေးဂွတော့ပါခဲ့တယ်မဟုတ်လား”
ထိုအခါကိုမြင့်ဆောင်ကသူ၏လွယ်အိပ်ကိုမြှောက်ပြရင်း
“လေးဂွတော့ပါတယ်မင်းကိုင်ကြည့်ချင်လို့လား”
ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ကိုပြူးကညင်းသည်
“တော်ပါပြီကွာညကြီးမင်းကြီးမကိုင်ရဲပါဘူး နေ့လည်နေခင်းဆိုတော်သေးတယ်”
“အဲ့ဒါဆိုလည်းနောက်နေ့မင်းအားရင်တဲကိုလာခဲ့လေကွာ အနီးအနားမှာရှိတဲ့ကောင်တွေလိုက်ကြည့်ရအောင်”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးစဉ်းစားသွားသည်တော်တော်နှင့်စကားသံထွက်မလာတော်ကြာနေတော့မှ
“ကြည့်မနေတော့ပါဘူးကွာ တော်ကြာငါကမင်းလိုသရဲမကပ်တဲ့အကောင်မဟုတ်တော့ သရဲမတွေငါ့မြင်ပြီးအိမ်လိုက်လာလို့ မယ်သင်နဲ့စကားများနေပါဦးမယ် မဖြစ်ပါဘူးကွာ”
ကိုပြူးသည်သူမကြည့်ရဲတာကိုမကြည့်ရဲဘူးဒဲ့မပြောပဲအရွှန်းဖောက်၍ပြောလေသည်
ထိုသို့ဖြင့်ကိုမြင့်ဆောင်နဲ့ကိုပြူးတို့နှစ်ယောက် လှည်းပေါ်တွင်စကားတပြောပြောဖြင့်လာနေကြရင်း သူတို့ရှေ့ခပ်လှမ်းလှမ်း တောလမ်းသို့စတက်မည့်ေနရာ၌ မဲမဲသဏ္ဍန်တခု သူတို့လှည်းကိုရပ်ေစာင့်နေတာမြင်လိုက်ရသည် လရောင်ရေးရေးအောက်၌ထိုသဏ္ဍန်ကိုလူလားနာနာဘာဝလားခွဲခြားမသိနိုင်
ထိုအခါကိုပြူးကကိုမြင့်ဆောင်ကိုပြောလိုက်ပြန်သည်
“မြင့်ဆောင်ရေ ငါပြောတာကိုကြားသွားလို့ထင်တယ်ကွ ရှေ့မှာတော့ရပ်စောင့်နေပြီ အတင်းလိုက်မယ်လုပ်နေရင်တော့ဓါးနဲ့ပိုင်းရမှာပဲ မယ်သင်နဲ့တော့ရန်ဖြစ်မခံနိုင်ဘူး”
ကိုပြူးပြောပြောဆိုဆိုလှည်းရံတိုင်တွင်ထောင်ထားသောကျည်တောက်ထဲမှာကိုင်းခုတ်ဓါးကိုချွတ်ယူလိုက်သည် ထိုနောက်ဓါးသွားကိုလက်မဖြင့်ပြတ်မပြတ်စမ်းကြည့်နေပြန်သည်
ကိုပြူးထိုသို့လုပ်နေတာတွေကိုကြည့်ပြီးကိုမြင့်ဆောင်ပြောလိုက်သည်
“မင်းဟာက လူမှန်းမသိသရဲမှန်းမသိစွတ်ပြောနေတော့တာပဲ တော်ကြာသရဲမဟုတ်ပဲလူဖြစ်နေပါဦးမယ်”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးဆက်ပြောပြန်သည်
“မင်းကလည်းဒီအချိန်ကြီးကြမှတော့ဘယ်လိုလုပ်လူဖြစ်နိုင်မှာလည်း အဲ့ဒါသရဲပဲ အထီးမှန်းအမမှန်းသာငါမသိတာ မယုံရင်ကြက်တစ်ကောင်ကြေးလောင်းမယ် ကွာ”
ကိုပြူးသူမြင်တာကိုသရဲတစ်ေကာင်ဟုယုံကြည်နေပုံရသည် ဒါကြောင့်လောင်ကြေးထပ်၍ပင်ပြောလိုက်သည်ကိုမြင့်ဆောင်လည်းကိုပြူးကိုေသခြာကြည့်ပြီး
“မင်းဟာကသေချာလှချည်လားကွ”
ထိုအခါကိုပြူးက
“ကိုပြူးမှာလည်းပိုထူးတာလေးတွေရှိပါတယ်ကွာ မင်းမယုံရင်ကြည့် အဲ့သရဲမ သူ့နားလှည်းရောက်လာရင်လှည်းပေါ်ကိုခုန်တက်လာလိမ့်မယ် ငပြူးနဲ့ေတာ့ေတွ့ပြီေပါ့ကွာ ငပြူးကြောက်တာဆိုလို့ငလူးတစ်ယောက်ပဲရှိတယ် ကျန်တဲ့သရဲတွေကိုတော့လှည့်ကိုမကြည့်တာ”
ကိုပြူးသည်ကိုမြင့်ဆောင်ရှိေန၍သိပ်မကြောက် ဒါ့ကြောင့်ခပ်နောက်နောက်ပြောဆိုနေခြင်းဖြစ်သည်
ထိုသို့ဖြင်သူတို့၏လှည်းသည်လည်းတဖြည်းဖြည်းဖြထိုသူအနားသို့လှည်းရောက်လာပြီဖြစ်သည် ထိုအခါသူတို့လှည်းကိုရပ်စောင့်နေသူကလှမ်းပြောလိုက်သည်။
“ဟဲ့ကောင်တွေလှည်းကိုရပ်စမ်း”
ကိုမြင့်ဆောင်ထိုအသံကိုကြားမှဒေါ်ဖွားအူဖြစ်မှန်းသိလိုက်သည် ထိုကြောင့်လှည်းကိုရပ်ကာဒေါ်ဖွားအူအားမေးလိုက်သည်။
“ဘာဖြစ်လို့လဲအရီးဖွားအူ”
“မင်းတို့ဘယ်သွားကြမှာတုန်း”
“သလဲကုန်းရွာကိုပြန်မလို့ဗျ”
ကိုမြင့်ဆောင်ထိုသို့ဖြေလိုက်တော့ ဒေါ်ဖွားအူဆက်မေးပြန်သည်
“မင်းတို့ဒီကိုဘာလာလုပ်တာတုန်း”
“ကျုပ်တို့တောချောင်းရွာကိုနှမ်းမျိုးလာယူတာ အဲ့ဒါလမ်းမကောင်းတာနဲ့ဒီတောလမ်းအတိုင်းလှည့်ပြန်မလို့”
“အင်း သလဲကုန်းရွာကဆိုတော်တော်တော့အဝေးသား
မင်းတို့ဒီတောလမ်းကလှည်းမောင်းရမှာမကြောက်ဘူးလား”
ထိုသို့ဒေါ်ဖွာအူကမေးတော့ကိုမြင့်ဆောင်လည်းဒေါ်ဖွားအူကိုပြန်မေးလိုက်သည်
“ဘာဖြစ်လို့တုန်းဒေါ်ဖွားအူရဘာကြောက်စရာများရှိလို့တုန်း”
“မင်းတို့ဒီတောလမ်းအတိုင်းလှည်းမောင်းပြီးထိမ်ပင်ရွာကိုပြန်ဆင်းရမှာမဟုတ်လား”
“ဟုတ်တယ်ဗျအဲ့ထိမ်ပင်ရွာကနေမှကျုပ်တို့သလဲကုန်းကိုဆက်မောင်းရမှာ”
“အဲ့ဒါဆိုထိမ်ပင်ရွာရောက်တဲ့အထိမင်းတို့သရဲအခြောက်ခံရပြီသာမှတ်ထား အဲ့ဒီတစ်လမ်းလုံးသရဲကြည့်ပဲ”
ဒေါ်ဖွားအူထိုသို့ပြောတော့ကိုမြင့်ဆောင်လည်းပြန်ပြောလိုက်ရသည်
“ခြောက်ကာမှခြောက်တော့ဗျာသွားတော့သွားရမှာပဲ
ဒါနဲ့အရီးဖွားအူကကျုပ်တို့ကိုလှည်းရပ်ခိုင်းတာအဲ့ဒါပြောဖို့လား”
“မဟုတ်ဘူးကွဲ့ငါ့တဲမှာမီးခြစ်ရှာမတွေ့လို့အဲ့ဒါမင်းတို့ဆီမှာများမီးခြစ်ပါမလားလာမေးကြည့်တာ အခုထက်ထိမီးမမွှေးရသေးဘူး”
ထိုအခါကြမှသူတို့လည်းမှောင်မဲနေသောဒေါ်ဖွားအူ၏တဲကိုလှမ်းကြည့်မိတော့သည် ထို့နောက်ကိုမြင့်ဆောင်ကကိုပြူးဘက်လှည့်၍ မီးခြစ်ပါမပါမေးကြည့်လိုက်သည်
“ငပြူးမင်းဆီမှာမီးခြစ်ပါလားငါ့မှာတော့မပါဘူးကွ”
ထိုအခါကိုပြူးက
“ငါဆီမှာလည်းပါဘူးလေကွာ ဆေးလိပ်မှမသောက်တာ”
ထိုကြောင့်ကိုမြင့်ဆောင်ဒေါ်ဖွားအူကိုပြန်ပြောလိုက်ရသည်
“မီးခြစ်တော့မပါခဲ့ဘူးဗျ ကျုပ်တို့လည်းအလောတကြီးထွက်လာတာမို့ဓာတ်မီးတောင်မယူခဲ့ရဘူး”
“အေးအေးဒါဆိုလဲသွားကြတော့ သတိဝီရိယတော့ရှိကြဦး တော်ကြာသရဲအခြောက်ခံရပြီးအိမ်ပြန်မေရာက်နိုင်ပဲဖြစ်နေဦးမယ်”
ဒေါ်ဖွားအူထိုသို့ပြောပြီးသူ့တဲဘက်သို့လှည့်ပြန်သွားတော့သည် ကိုမြင့်ဆောင်လည်းလှည်းကိုရှေ့ဆက်မောင်းလာခဲ့လိုက်သည် ထိုအခါကိုပြူးကလှည့်ပြန်သွားေသာဒေါ်ဖွားအူ၏ကျောပြင်ကိုကြည့်ရင်း ကိုမြင့်ဆောင်ကိုပြောလိုက်သည်
“ဒီအဖွားကြီးမီးခြစ်မပါတာနဲ့ ဒို့ကိုသရဲနဲ့လှည့်ခြောက်သွားသေးတယ် ဒါကြောင့်သူ့ကိုရွာထဲမနေခိုင်းတာ”
ထိုသို့ကိုပြူးပြောတော့ကိုမြင့်ဆောင်ကိုပြူးကိုပြန်ပြောလိုက်ရသည်
“ရွာထဲမနေခိုင်းတာမဟုတ်ပါဘူးကွာ သူ့ဟာသူတောထဲလာနေတာပါ”
“ဘာဖြစ်ဖြစ်ကွာဒို့ကိုသရဲနဲ့ခြောက်သွားတာတော့မကျေနပ်ဘူး”
“မင်းကရောမကြောက်လို့လား”
ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ကိုပြူးပြန်ဖြေသည်
“ကြောက်တာတော့ကြောက်တာပေါ့ကွ ဒါပေမဲ့သူပြောသလိုအိမ်ပြန်မရောက်တဲ့အထိတော့မကြောက်ပါဘူးကွာ
မင်းလည်းပါနေတာကို မဟုတ်ဘူးလား”
“အေးဒါနဲ့မင်းကြက်တစ်ကောင်ကိစ္စဘယ်လိုလုပ်မတုန်း”
ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ကိုပြူးက
“ဟာကွာ အရေးထဲမင်းကတမှောင့် အိမ်ကိုရောက်အောင်သာအရင်မောင်းစမ်းပါဦး ဟိုရောက်တော့ရမှာပေါ့”
ကိုပြူးလည်းထိုသို့ပြောပြီးလှည်းရံတိုင်ကိုမှီပြီးလိုက်လာသည် ကိုမြင့်ဆောင်လည်းတောလမ်းရှိရာသို့လှည်းကိုကုန်းတက်ကလေးအတိုင်းမောင်းလာသည်
ထိုကုန်းတက်လမ်လေးအတိုင်းမောင်းတက်လာပြီးရှေ့မကြာခင် ထိမ်ပင်ရွာဘက်သို့ဖြတ်ချသည့်တောလမ်းလေးသို့ရောက်မည်ဖြစ်သည်။
ထို့ေကြာင့်ကိုမြင့်ေဆာင်လည်းကုန်းတက်လေးအတိုင်းလှည်းကိုမောင်းလာရင်း ကုန်းေလးတဝက်အေရာက်၌ သူတို့လှည်းနောက်သို့တဘုတ်ဘုတ်ပြေးတက်လာသောခြေသံကိုကြားလိုက်ရသည်
ထိုသို့ပြေးတက်လာသည့်ခြေသံကိုကြားတော့ကိုပြူးကကိုမြင့်ဆောင်ကိုပြောလိုက်သည်
“မြင့်ဆောင်ဒေါ်ဖွားအူတော့လိုက်လာပြန်ပြီကွ ဘာပြောစရာများကျန်သေးလို့တုန်းမသိဘူး”
ထိုအခါကိုမြင့်ဆောင်က
“ဒေါ်ဖွားအူတော့မဟုတ်လောက်ဘူးကွ သူဒို့လှည်းနောက်ကိုလိုက်စရာအကြောင်းမှမရှိတာ မင်းရောဘယ်လိုထင်တုန်း”
“ငါလည်းဘယ်သိမတုန်းကွ သူပြောသလိုသရဲတစ္ဆေေတွလိုက်လာတာလားမသိဘူး မင်းလေးဂွကိုင်ပြီးကြည့်ကြည့်ပါလား”
ကိုပြူးထိုသို့ပြောတော့ကိုမြင့်ဆောင်ကပြန်ပြောလိုက်သည်
“ကြည့်မနေပါဘူးကွာ သူ့ဟာသူလိုက်ခြင်လို့လိုက်တာ
ဒို့နဲ့ဘာမှမဆိုင်ဘူး သူ့လမ်းသူသွားလိမ့်မယ်”
ထိုအခါကိုပြူးက
“မင်းဟာ ဟုတ်မလားကွတော်ကြာလှည်းပေါ်တက်လာရင်ဘယ်လိုလုပ်မတုန်း”
“တက်လာတော့လည်းမင်းနေရာဖယ်ပေးလိုက်ပေါ့ကွာ
သူလည်းလှည်းစီးချင်လို့လိုက်လာတာကို”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးက”ဟုတ်သေးပါဘူးကွာ”ဆိုပြီးကိုင်းခုတ်ဓါးကိုလက်ကကိုင်ကာနောက်သို့ခဏခဏလှည်ကြည့်နေသည်ထိုအခါကိုမြင့်ဆောင်ကကိုပြူးကိုမေးလိုက်ပြန်သည်
“ငပြူးမင်းဘာမြင်ရတုန်း”
ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ကိုပြူးက
“ဘာမှမြင်ရဘူးကွ အသံပဲကြားနေရတာ အကောင်မမြင်ရလို့ေပါ့ကွာ အေကာင်သာမြင်ရလို့ကတော့ ဟင်း”
ကိုပြူးထိုမျှသာပြောပြီးရပ်သွားသည်သူဘာဆက်လုပ်မည်ဆိုတာကိုမပြော
ထိုသို့ဖြစ်ကိုမြင့်ဆောင်လှည်းကိုရှေ့ကြည့်၍သာမောင်းနေသည်နောက်သို့လှည့်မကြည့် သူတို့လှည်းနောက်သို့လိုက်လာသည့်ခြေသံသည်လည်းကုန်းတက်တစ်လျှောက် တဘုတ်ဘုတ်နှင့်လိုက်လာမြဲလိုက်လာနေသည်
ထိုအခါကိုပြူးသူတို့လှည်းနောက်သို့ဘာကောင်လိုက်လာလဲသိချင်လာသည် ထို့ေကြာင့်ကိုမြင့်ဆောင်ဆီမှလေးဂွကိုတောင်းလိုက်သည်။
“မြင့်ဆောင်မင်းလေးဂွခဏလောက်ပေးစမ်းကွာ
တို့လှည်းနောက်ကဘာကောင်လိုက်လာတာတုန်းသိချင်လို့”
ကိုမြင့်ဆောင်သူတို့လှည်းနောက်မှလိုက်လာသည့်အကောင်ကို ကိုပြူးကိုမမြင်စေချင်ဒါ့ကြောင့်သူ့ကိုမကြည့်ရန်ပြောလိုက်သည်
“ကြည့်မနေပါနဲ့ကွာ”
ကိုမြင့်ဆောင်သူတို့လှည်းနောက်သို့ တစ္ဆေသရဲတစ်ကောင်လိုက်လာခြင်းဖြစ်မှန်းသိသည် ထိုအကောင်လိုက်လာတာကိုလည်းလှည်းေနာက်မှခြေသံကြားကတည်းကလှည့်ကြည့်ပြီးဖြစ်သည်
သို့ေသာ်ကိုပြူးကိုမသိစေခြင်၍တမင်မပြောထားလိုက်သည် ထိုတစ္ဆေကောင်သည် ကိုမြင့်ဆောင်တို့လှည်း ကုန်းတက်ကလေးကိုစတက်နေကတည်းက လမ်းဘေးရှိသစ်ပင်ပေါ်မှဆင်းလာတာဖြစ်ပြီး သူတို့လှည်းကုန်တဝက်သို့အရောက်နောက်မှပြေးလိုက်လာခြင်းဖြစ်သည်။
ထိုသို့ဖြင့်ကိုမြင့်ဆောင်တို့လှည်းကုန်းပေါ်သို့ရောက်ေတာ့ နောက်မှလိုက်လာသည်တစ္ဆေကောင်၏ခြေသံသည်ဆက်မကြားတော့ပဲပြောက်ကွယ်သွားသည် ထိုအခါကိုပြူးကကိုမြင့်ဆောင်ကိုပြောလိုက်သည်
“မြင့်ဆောင် တို့ကောင်တွေဒီနားတင်ရှိသေးတာတောင်လှည်းနောက်ကခြေသံပေးပြီးလိုက်လာတယ် သိုက်တန်းထဲရောက်လို့ကတော့ကွာ အကောင်လိုက်များမြင်ရမလားမသိဘူး”
ကိုပြူးပြောသည့်သိုက်တန်းဆိုသည်မှာ ထိမ်ပင်ရွာဘက်သို့သွားသည့်တောလမ်းတစ်နေရာကိုခေါ်ဆိုခြင်းဖြစ်သည်
လမ်းဘေးဝဲယာသိုက်ဝါးရုံပင်များအတန်းလိုက်ပေါက်နေသောေကြာင့်အလွယ်တကူသိုက်တန်းဟုေခါ်ခြင်ဖြစ်သည် ထိုသိုက်တန်းသည်လည်းသရဲတစ္ဆေပေါသောနေရာပင်ဖြစ်သည် ထိုေနရာမှဝါးများကိုပင်မခုတ်ရဲကြ အခြောက်အလှန့်ကြမ်းသောနေရာဖြစ်သည်။
ဤသို့ဖြစ်ကိုမြင့်ဆောင်တို့လှည်းသည်လည်းတောလမ်းလေးပေါ်သိုရောက်ခဲ့ပြီဖြစ်သည် ဒါ့ကြောင့်ထိမ်ပင်ရွာဘက်သို့ဆက်၍မောင်းခဲ့လိုက်သည် ထိုသို့လှည်းကိုမောင်းလာရင်းမကြာမီကိုပြူးပြောသောသိုက်တန်းနေရာသို့ရောက်တော့မည်ဖြစ်သည် ထိုအခါကိုပြူးကကိုမြင့်ေဆာင်ကိုပြောလိုက်ပြန်သည်
“မြင့်ဆောင် သိုက်တန်းထဲရောက်ရင်တော့ မင်းနွားကြီးတွေကိုသေခြာထိန်းဦး တော်ကြာသရဲခြောက်လို့မသေပဲလှည်းမှောက်လို့မသာပေါ်နေဦးမယ်”
ထိုအခါကိုမြင့်ဆောင်က
“မင်းကလည်း ငါ့နွားနှစ်ကောင်ကိုများတစ်ခြားနွားတွေလိုမှတ်လို့ တစ္ဆေသရဲမပြောနဲ့သူတို့ထက်ကြီးတဲ့သဘက်ကြီးကိုတောင်ဘေးနားထားပြီးဝှေ့လာတဲ့ကောင်တွေပါကွ တစ္ဆေသရဲလောက်ကတော့ငါလိုက်ဆရာတောင်မလိုဘူး”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးကပြန်ပြောပြန်သည်
“အေးပါကွာ မင့်နွားနှစ်ကောင်ကလည်းမင်းလိုပဲကျတ်မကြောက်နတ်မကြောက်တွေပဲဖြစ်မှာပါ”
ကိုပြူးသည်လည်း တောသူတောင်သားဖြစ်သည့်အလျှောက် မကောင်းသောနာနာဘာဝများကိုမြင်လျှင်နွားတွေကြောက်လန့်တတ်မှန်သိထားသူဖြစ်သည်
ထိုသို့သရဲတစ္ဆေတွေကိုမြင်ပြီးနွားတွေကြောက်လှန်သွားပြီဆိုလျှင်ဘယ်လိုမှထိန်းမရတော့ ခြေဦးတည့်ရာကစုန်စိုင်းပြေးတော့သည်
ထိုအခါသူတို့ပြေးရာလမ်းတစ်လျှောက်ရှိသစ်ငုတ် ချိုင်ခွက်များနှင့်တိုက်မိခိုက်မိပြီးလှည်းမှောက်၍လူကိုအန္တရာယ်ဖြစ်စေတတ်သည် ကိုပြူးသည်ထိုသို့ဖြစ်မည်ကိုဆိုး၍ကြိုပြောထားခြင်းဖြစ်သည်။
ထိုသို့ကိုပြူးပြောလိုမှမဆုံးသေး နွားကြီးနှစ်ကောင်သည်ရှေ့ဆက်မသွားပဲရပ်နေပြီး သိုက်တန်းအဝင်ကိုလည်ပင်းကြီးတွေမော့လျှက်ကြည့်နေကြသည်
ထိုနောက် နှာတွေတရှုးရှုးမှုတ်ကာခွါတွေယက်နေသည် ခေါင်းတရမ်းရမ်းနားရွက်တခတ်ခတ်နှင့်ဂနာမငြိမ် နွားကြီးတွေကိုကြည့်ရသည်မှာသူတို့သွားမည့်လမ်းကိုပိတ်ဆို့ထား၍လမ်းဖယ်ခိုင်းနေသည်ပုံမျိုးဖြစ်သည်
ထိုသို့နွားကြီးနှစ်ကောင်ရှေ့ဆက်မသွားသေးပဲရပ်နေတာမြင်တော့ကိုပြူးကပြောပြန်သည်။
“တွေပြီပေါ့ကွာ ဒီနှစ်ကောင်မင်းပြောတဲ့အတိုင်းဟုတ်မဟုတ်ကြည့်ရတော့မှာပေါ့ ကဲမင်းကြည့်ကြည့်စမ်းပါဦးကွ သူတို့ဘာမြင်လို့ရပ်နေတာတုန်းဆိုတာ”
ကိုပြူးထိုသို့ပြောလိုက်တော့ကိုမြင့်ဆောင်လည်း လွယ်အိပ်ထဲမှလေးဂွကိုထုတ်ကိုင်ကာသိုက်တန်းအဝင်ကိုလှမ်းကြည့်လိုက်သည် သူထိုသို့ကြည့်လိုက်ေတာ့သိုက်တန်းအဝင်မှာမကောင်းဆိုးဝါးကြီးတစ်ကောင် လှည်းလမ်းကိုကန့်လန့်ဖြတ်ပြီးအိပ်နေတာမြင်လိုက်ရသည်
ထိုအခါကြမှ ထိုမကောင်းဆိုးဝါးကောင်ကိုမြင်ပြီး
နွာကြီးနှစ်ကောင်ရှေ့ဆက်မသွားပဲလမ်းဖယ်ခိုင်းနေခြင်းဖြစ်မှန်းသိလိုက်သည် ကိုမြင့်ဆောင်ထိုသို့ကြည့်နေတုန်းကိုပြူးကမေးလိုက်ပြန်သည်။
” မြင့်ဆောင်ဘာမြင်တုန်းကွ ငါ့လဲပြောပါဦးမကောင်းဆိုးဝါးတစ္စေသရဲတွေများလား”
“ဟုတ်တယ်ကွ ဟိုသိုက်တန်းအဝင်မှာလှည်းလမ်းကိုကန့်လန့်ဖြတ်ကြီးအိပ်နေတာ ေရာ့မင်းကြည့်ကြည့်ပါလား”
ကိုမြင့်ဆောင်ထိုသို့ေပြာရင်းကိုပြူးလက်သို့လေးဂွကိုထိုးပေလိုက်သည် ထိုအခါကိုပြူးကကိုမြင့်ဆောင်လက်ကိုပုတ်ချလိုက်ပြီး
“ဟာကွာမကြည့်ရဲပါဘူးမမြင်အပ်မြင်အပ်တွေကို မင်းဟာမင်းကြည့်”
ကိုပြူးထိုသို့ပြောလိုက်တော့ကိုမြင့်ဆောင်လည်းလေးဂွကိုလွယ်အိပ်ထဲပြန်ထည့်ပြီး ထိုလမ်းပေါ်ဖြတ်အိပ်နေသည့်မကောင်းဆိုးဝါးကောင်ကြီးကိုရှောင်ကွင်းသွားရန် နွားကြိုးကိုဆွဲ၍လှည်းကိုလမ်းဘေးသို့ေရာက်ေအာင်ေမာင်းတင်လိုက်သည်
သို့သော်နွားကြီးနှစ်ကောင်သည်လမ်းဘေးသို့မတက် ထိုလမ်းဖြတ်ပိတ်နေသည့်မကောင်းဆိုးဝါးကောင်ကြီးဆီကိုသာတည့်တည့်သွားခြင်နေသည် သူတို့သည်ထိုမကောင်းဆိုးဝါးကောင်ကိုကွင်းရှောင်သွားလိုသည့်ပုံမပေါ် လမ်းအတိုင်းသွားပြီးလမ်းဘေးသို့ရောက်အောင်ဝှေ့ထုတ်ခြင်နေပုံရသည်။နွားကြီးနှစ်ကောင်ထိုသို့ဖြစ်နေတာကိုကြည့်ပြီး ကိုပြူးကပြောလိုက်သည်
“မြင့်ဆောင် မင်းဘယ်လိုဆွဲဆွဲသူတို့လမ်းဘေးကိုတက်မှာမဟုတ်ဘူး သူတို့ကိုတိုင်ကဝှေ့ခြင်နေတဲ့သဘောရှိတယ်လွှတ်ပေးလိုက်စမ်းပါကွာ”
ကိုပြူးဘေးနားမှနေပြီးမြှောက်ထိုးပင့်ကော်လုပ်ပေးနေသည်ထိုအခါကိုမြင့်ဆောင်က
“ဖြစ်မလားကွ နွားကြီးတွေကလှည်းတပ်ထားတာလွပ်လွပ်လပ်လပ်ဆိုတော်သေးတယ်”
“ဒါများဘာခက်တာမှတ်လို့လွှတ်ပေးလိုက်ကွာ သူတို့ကိုတိုင်ကိုကဒီလောက်ဝှေ့ခြင်နေတာကို”
ကိုပြူးပြောလည်းပြောခြင်စရာပင် နွားကြီးနှစ်ကောင်သည်ကိုမြင့်ဆောင်ဘယ်လိုဆွဲဆွဲလမ်းဘေးသို့မတက်
လှည်းလမ်းအတိုင်းသာတရှုးရှုးဖြင့်တဇွတ်ထိုးသွားနေသည် နွားကြိုးကိုနောက်သို့လှန်ဆွဲထားသော်လည်းမရနှာဇောင်းတိုက်၍သွားသည် ဒီပုံအတိုင်းဆိုမဖြစ်တော့မှန်းကိုမြင့်ဆောင်သိလိုက်သည်
တော်ကြာသိုက်တန်းထဲရောက်မှလှည်းကြီးနဲ့ဆိုပိုဆိုးမည်ဖြစ်သည် သိုက်တန်းအဝင်သို့ရောက်ဖို့ကလည်းသိပ်မလိုတော့ ထိုကြောင့်ကိုပြူးကိုနွားကြိုးဆွဲခိုင်းထားပြီးကိုမြင့်ေဆာင်လှည်းပေါ်မှခုန်ဆင်းလိုက်သည်
ထို့ေနာက်လှည်းရှေ့ရောက်အောင်အမြန်သွားပြီးနွားကြီးနှစ်ေကာင်ကိုဆုတ်သပ်ကာရပ်ခိုင်းလိုက်သည် ထိုသို့ကိုမြင့်ဆောင်လှည်းဦးရှေ့ရောက်လာမှနွားကြီးနှစ်ကောင်သည်ရပ်လိုက်သည်
ထိုအခါကိုမြင့်ဆောင်နွားကြိုးဆွဲထားသည့်ကိုပြူးကိုအောက်သို့ဆင်းခဲရန်ခေါ်လိုက်သည်
“ဟေ့ကောင်ငပြူးအောက်ဆင်းခဲ့ နွားတစ်ကောင်ကိုထိန်းထားဦး”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးလှည်းပေါ်မှခုန်ဆင်းလာသည် ထိုနောက်လှည်းဦးရှေ့လာပြီးနွားကြီးတစ်ကောင်ကိုထိန်းထားကာကိုမြင့်ဆောင်ကိုမေးလိုက်သည်
“ဘာလုပ်မလိုတုန်းမြင့်ဆောင်”
ကိုပြူးထိုသို့မေးတော့ကိုမြင့်ဆောင်ပြန်ဖြေလိုက်သည်
“မင်းပြောသလိုလုပ်မလို့လေကွာ နွားတွေကိုလွှတ်ပေးလိုက်တော့မယ် တော်ကြာဟိုထဲရောက်မှလှည်းကြီးတန်းလန်းနဲ့ဆိုပိုဆိုးကုန်လိမ့်မယ်”
ကိုမြင့်ဆောင်ထိုသို့ပြောပြီးဘို့လဲကြီးကိုလှည်းမှဖြုတ်ကာနှဖားရင်းမှကိုင်ထားလိုက်သည် ကိုပြူးလည်းဂျိုထောင်ကြီးကိုဖြုတ်ကာနှဖားကြိုးအရင်းမှပင်ကိုင်ထားလိုက်သည် ထိုနောက်နှစ်ဦးသာလှည်းထမ်းပိုးကိုမြေပေါ်သို့အသာအယာချလိုက်သည် ထို့နောက်နွားကြိုးများကိုနွားကြီးများ၏ကျောပေါ်သို့တင်ပေးလိုက်ပြီး
“ကဲဒီလောက်ဝှေ့ခြင်နေတဲ့ကောင်တွေ ဝှေ့ကြစမ်းကွာ
မင်းတို့အစွမ်းကိုကြည့်ကြသေးတာပေါ့”
ပြောပြောဆိုဆိုကိုင်ထားသောနွားနှဖားကြိုးများကိုလွှတ်ပေးလိုက်ကြသည်
ထိုအခါနွားကြီးနှစ်ကောင်သည်လည်းသူတို့ကိုလှည်းမှဖြုတ်ပေးလိုက်သည်နှင့် ထိုမကောင်းဆိုးဝါးကောင်ဆီသို့ပြေသွားကြသည် ကိုမြင့်ဆောင်လည်းလေးဂွကိုလွယ်အိပ်ထဲမှထုတ်ကိုင်ကာနွားကြီးနှစ်ကောင်နောက်မှတပါတည်းပြေးလိုက်ခဲ့သည် ကိုပြူးကလည်းလှည်းပေါ်မှကိုင်းခုတ်ဓါးကိုယူပြီးနောက်မှပြေးလိုက်လာသည်။
ထိုအချိန် လှည်းလမ်းပေါ်ဖြတ်အိပ်နေသောမကောင်းဆိုးဝါးေကာင်ကြီးသူ့ထံနွားကြီးနှစ်ကောင်ပြေးလာတာမြင်ပြီးရုတ်တရက်ထရပ်လိုက်သည် နဲနဲနောနောအကောင်ကြီးမဟုတ် တစ်ကိုလုံးအမွေးမဲမဲကြီးများဖြင့်ထိတ်လန့်စရာေကာင်းလှသည်
ထိုအကောင်ကြီးသည်သူထံသို့မေကြာက်မရွံ့ပြေးလာနေသောနွားကြီးနှစ်ကောင်ကိုလက်ဖြင့်ရိုက်ရန်လက်ဝါးကြီးကိုလေထဲသို့မြှောက်လိုက်သည်
ထိုလက်ဝါးကြီးဖြင်အရိုက်ခံရပါကနွားကြီးနှစ်ကောင်သည်သက်သာမည်မဟုတ်နေရာတွင်ပင်တုံးလုံးလဲသွားနိုင်သည် ဒါကိုသိသောကိုမြင့်ဆောင်ကသူ့လက်ဝါးကြီးအောက်သို့မကြမီ ကပ္ပိယကြီးပေးထားသောဆေးနီလုံးလေးထည့်ကာလေးဂွဖြင့်ပစ်လိုက်သည်
ထိုဆေးနီလုံးလေးထိမှန်ခံလိုက်ရသော မကောင်းဆိုးဝါကောင်၏လက်ဝါးကြီးသည်အောက်သို့ပြန်မကြနိုင်တော့နောက်သို့လန်သွားသည် ပါးစပ်မှလည်းတဝူးဝူးတဝါးဝါးနာနာကျင်ကျင်အော်နေသည် ထိုအခွင့်ကောင်းကိုယူပြီးနွားကြီးနှစ်ကောင်သည်မနားတမ်းဝင်ဝှေ့တော့သည် ထိုသို့နွားကြီးနှစ်ကောင်တစ်ပြိုင်တည်းဝှေ့လိုက်တော့မကောင်းဆိုးဝါးကောင်ကြီးနောက်သို့ယိုင်သွားသည်
နွားကြီးနှစ်ကောင်ကလည်းဆက်တိုက်မနားတမ်းပင်ဝှေ့သည် ကိုမြင့်ဆောင်ကလည်းနွားနှစ်ကောင်၏ကျောပေါ်မှကျော်၍မကောင်းဆိုးဝါးကောင်၏လက်ကြီးနှစ်ဘက်ကိုမလှုပ်နိုင်အောင်လေးဂွဖြင့်ပြစ်သည်
ထိုသို့ဆေးနီလုံးလေးဖြင့်သုံးလေးချက်လောက်ပစ်လိုက်တော့ထိုမကောင်းဆိုးဝါးကြီးမခံနိုင်တော့သိုက်တန်းအတွင်းသို့ဝင်ပြေးေတာ့သည် နွားကြီးနှစ်ကောင်ကလည်းသူတို့သခင်ပါပါလာ၍ထင်သည်အလွတ်မပေးပဲလိုက်ဝှေ့နေသည်
ကိုပြူးကတော့ဓါးကြီးထမ်းပြီးဝင်ခုတ်မည်လုပ်နေ၍မနည်းပင်တားထားရသည်ဒါတောင်မှထပ်ပြောနေသေးသည်
“ဟေ့ကောင်မြင့်ဆောင်ဘယ်နားမှာတုန်းကွပြစမ်း ငါဓါးနဲ့ဝင်ပိုင်းလိုက်မယ် ပြစမ်းပါကွာ ဟိုနားမှာလား”
ကိုပြူးနွားခေါင်းတည့်တည့်သို့လက်ညှိုးထိုးပြီးမေးလိုက်သည်ထိုအခါကိုမြင့်ဆောင်ကကိုပြူးအားပြန်ပြောလိုက်ရသည်
“အသာနေစမ်းပါကွာသူတို့ဘာသူတို့ဝှေ့လိမ့်မယ် တော်ကြာ မင်းဓါးနဲ့သွားခုတ်လို့သရဲမခုတ်မိပဲနွားခေါင်းသွားခုတ်မိနေပါဦးမယ်”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးကထပ်ပြောပြန်သည်
“မင်းသာလက်ညှိုးသေချာထိုးပြ မလွဲစေရဘူးကွာ
ငါတစ်ချက်ထဲဝင်ပိုင်းလိုက်မယ် ငပြူးဘာကောင်လည်းသိသွားစေရမယ်”
ကိုပြူးထိုသို့ပြောေနခိုက်ကိုမြင့်ဆောင်လည်းနွားကြီးနှစ်ကောင်နောက်သို့ပြေးလိုက်ရင်း
“မင်းဘာမင်း ဘာကောင်ပဲဖြစ်ဖြစ်ဟိုမှာမင်းပထွေးကပြေးပြီ မြန်မြန်လာ”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးလည်းကပျာကယာဖြင့်ဓါးကြီးထမ်းကာသူ့နောက်မှပြေးလိုက်လာသည် ထိုသို့နွားကြီးနှစ်ကောင်သည်ရှေ့မှပြေးနေသောမကောင်းဆိုးဝါးကောင်ကြီးကိုလိုက်ဝှေ့နေရာသိုက်တန်းတစ်ဖက်ထိပ်သို့ပင်ရောက်နေပြီဖြစ်သည်
ထိုနေရာရောက်တော့မကောင်းဆိုးဝါးကောင်ကြီးလမ်းအတိုင်းမပြေးတော့ပဲတောထဲသို့ဝင်ပြေးတော့သည်
ထိုအခါကြမှသူတို့နှစ်ယောက်လည်းနွားကြီးနှစ်ကောင်ကိုတစ်ယောက်တစ်ကောင်ဆီဆွဲကာလှည်းရှိရာသို့ပြန်ခဲ့တော့သည်
ထိုသို့လှည်းသို့ပြန်ဆွဲလာသည်လမ်းတလျှောက် နွားကြီးနှစ်ကောင်သည် တထိန်းထိန်းဖြင့်တွန်လာကြသည် သူတို့သွားမည့်လမ်းကိုပိတ်ဆို့ထားသည့်မကောင်းဆိုးဝါးကောင်အားအနိုင်ရလိုက်၍ သူတို့ကိုသူတို့ဂုဏ်ယူနေခြင်းဖြစ်သည်။
ဤသို့ဖြစ်သူတို့နှစ်လည်းလှည်းရှိရာသို့ပြန်ရောက်သည်နှင့်နွားကြီးနှစ်ကောင်ကိုထမ်းပိုတွင်တတ်ကာေရှ့သို့ဆက်မောင်းလာခဲ့သည်
ထိုသို့ရှေ့ဆက်မောင်းလာရင်းကိုပြူးသည်ကိုမြင့်ဆောင်ကိုပြောလိုက်ပြန်သည်
“ကဲမြင့်ဆောင် ငါပြောသလိုလုပ်လိုက်တော့အခုအေးဆေးပဲမဟုတ်လား မင်းလုပ်သလိုသာ သူ့ကိုရှောင်ပြီးမောင်းလာရင်ကြောက်တယ်ထင်ပြီးတစ်လမ်းလုံးလိုက်ခြောက်နေမှမဲ့ေကာင်ကွ ငါဒါတွေကြိုသိလို့မင်းကိုပြောနေတာ”
ထိုအခါကိုမြင့်ဆောင်က
“အေးပါကွာ မင်းကလဲသိုက်တန်းထဲဖြတ်မောင်းနေတုန်းကတော့စကားတစ်ခွန်းမှမပြောပဲနဲ့ အခုမှလေလာကျယ်နေတယ်”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကိုပြူးကပြန်ပြောပြန်သည်
“ငါအဲ့တုန်းကပတ်ဝန်းကျင်အခြေအနေကိုကြည့်နေတာကွ တကယ်လို့တစ်ခုခုထပ်ဖြစ်ရင်အဆင်သင့်ဖြစ်နေအောင်လို့”
ကိုပြူးထိုသို့ပြောလိုက်ပြီးမကြာခင်မှာပဲ လှည်းလမ်းဘေးရှိသစ်ပင်တွေပေါ်ကိုသဲနှင့်ပက်သံတဖျောဖျောကိုကြားရပြန်သည် ထိုသဲများသည်လှည်းေပါ်ကိုလည်းေရာက်လာသည် ထိုအခါကိုပြူးကသူပေါ်သို့ကြလာသောသဲများကိုကြည့်ပြီး
“ဟာ ဟေ့ကောင်သဲတွေနဲ့ပက်တယ်ဟ ငါ့အပေါ်သဲတွေကြလာတယ် ဘယ်ကောင်များလက်ကမြင်းပြီးသဲတွေနဲ့ပက်နေရတာတုန်းဟ သိလို့ကတော့ကွာ”
ကိုပြူးထိုသို့ပြောလိုက်မှပင်လှည်းပေါ်သို့သဲများပို၍ကြလာသည် ထိုအခါကိုပြူးကစိတ်မရှည်တော့ပဲ
“မြင့်ဆောင်ပေးစမ်းကွာမင့်လေးဂွ ငပြူးအကြောင်းသိအောင်ပြလိုက်ဦးမယ်”
ကိုမြင့်ဆောင်ကိုပြူးကိုလေးဂွပေးမနေတော့ပဲလမ်းဘေးရှိသစ်ပင်များကို ကိုယ်တိုင်လေးဂွဖြင့်လေးငါးချက်လောက်ဆက်ပစ်လိုက်သည် ထိုအခါကြမှသဲနှင့်ပက်နေတာရပ်သွားသည် ထိုအခါကိုပြူးကပြောလိုက်ပြန်သည်
“ကဲမှတ်ပလား ဘာတတ်နိုင်သေးတုန်း အဲ့ဒါငပြူးလေးဂွမဟုတ်သေးဘူးနော် ငပြူးလေးဂွအိမ်မှာကျန်ခဲ့လို့ မဟုတ်ရင်နင်တို့ဒိထက်ပိုနာမယ်”
ကိုပြူးထိုသို့ပြောပြီးလမ်းဘေးရှိသစ်ပင်များကိုလိုက်ကြည့်နေသည် ထိုသို့ကိုပြူးသစ်ပင်များကိုအာရုံစိုက်နေခိုက်လှည်းနောက်သို့ပြေးလိုက်လာသည့်ခြေသံကြီးကိုကြားလိုက်ရပြန်သည် ထိုအသံကိုကြားတော့ကိုပြူးတော်တော်မကျေမနပ်ဖြစ်သွားသည် ဒါကြောင့်ေလးဂွဖြင့်ပစ်ရန် ကိုမြင့်ဆောင်ဆီမှေလးဂွကိုေတာင်းလိုက်သည်
“ပေးကွာမြင့်ဆောင်ဒီတခါတော့ငါတကယ်ကြည့်ပြီးပစ်တော့မယ်”
ထိုသို့ကိုပြူး သူဆီကလေးဂွကိုဒေါနှင့်မောနှင့်တောင်းနေတော့ကိုမြင့်ဆောင်လည်းသူ့လေးဂွပေးပြီးလောက်စလုံးသုံးလေးလုံးပါထည့်ပေးလိုက်သည်
ကိုပြူးလည်းလေးဂွကိုဟန်ကြပန်ကြကိုင်ကာနောက်ကလိုက်လာသည်အကောင်ကိုကြည့်ပြီးပစ်မည်အလုပ်သူပါးစပ်မှ”ဟာ”ဆိုသည့်အသံထွက်ပေါ်လာသည်
ကိုပြူး သူတို့လှည်းနောက်သို့မဲမဲအကောင်ကြီးတစ်ကောင်လိုက်လာနေတာမြင်လိုက်ရသည် ကိုပြူးသူ့ကိုကြည့်နေတာမြင်တော့သဲနှင်ကုတ်ပက်ဖို့ပြင်သည် ကိုပြူးလှည်းမောင်းနေသောကိုမြင့်ဆောင်ကိုအေလာတကြီးပြောလိုက်သည်
“မြင့်ဆောင်လှည်းကိုမြန်မြန်မောင်းကွ ဟေ့ကောင်သဲနဲ့ပက်တော့မယ်ဟ ဟာပက်ပြီဟပက်ပြီ”
ကိုပြူးထိုသို့ေပြာပြီးမကြာမီလှည်းပေါ်သို့သဲများတဖျောဖျောကြလာသည် ထိုအခါကိုပြူးသူကိုင်ထားေသာလေးဂွကိုကိုမြင့်ဆောင်ထံပြန်ပေးရင်း
“နည်းတဲ့အကောင်ကြီးမဟုတ်ဘူးကွာ မြင့်ဆောင်ငါလှည်းမောင်းမယ်နောက်မှာမထိုင်ရဲတော့ဘူး တော်ကြာလှည်းကိုမီလာရင်မလွယ်ဘူး”
ကိုပြူးေပြာပြောဆိုဆိုကိုမြင့်ဆောင်လက်မှနွားကြိုးများကိုအတင်းဆွဲယူတော့သည်လှည်းနောက်သို့လှည့်မကြည့်ရဲတော့ ကိုမြင့်ဆောင်လည်းကိုပြူးကိုနွားကြိုးများပေးလိုက်ပြီးကိုပြူးထိုင်သည့်နေရာသို့ပြောင်းထိုင်လိုက်သည်
ထို့နောက်ကိုပြူးပြောသည့်နည်းနည်းနောနောအကောင်ကြီးမဟုတ်ဘူးဆိုတာကိုကြည့်လိုက်သည်
ကိုပြူးကြောက်မည်ဆိုလည်းကြောက်စရာပင် ထိုအကောင်ကြီးသည် ကိုမြင့်ဆောင်သူ့ကိုကြည့်နေတာမြင်တော့လည်းသဲနှင်ကုပ်ပက်ဖို့လုပ်ပြန်သည်
ဒါပေမဲ့ကိုမြင့်ဆောင်မကြောက်မရွံ့ကြည့်နေတာမြင်တော့သဲနဲ့မပက်တော့ပဲလျှာကြီးကိုတစ်တောင်လောက်ထုတ်ပြကာလှည်းနောက်သို့ပြေးလိုက်လာသည်
သို့သော်လှည်းနားရောက်အောင်တော့မလာ ကိုမြင့်ဆောင်လေးဂွနှင့်ချိန်ပြီးပစ်မည်လုပ်တော့ဆက်မလိုက့်ပဲရပ်နေသည်
သူလေးဂွကိုပြန်ရုတ်လိုက်တော့တစ်ခါပြေးလိုက်လာပြန်သည်ကိုမြင့်ဆောင်လည်းပြေးလာနေတုန်းလေးဂွဖြင့်ပစ်လိုက်သည် ထိုသို့ပစ်လိုက်တော့ထိုဆက်မလိုက်ေတာ့ပဲရပ်ကြည့်ေနေသးသည် ကိုမြင့်ဆောင်လည်းထိုအကောင်ကြီးလိုက်လာတာမမြင်တော့မှ လှည်းကိုအပြေးမောင်းနေသောကိုပြူးကို ခပ်မှန်မှန်မောင်းရန်ပြောလိုက်ရသည်
“ဟေ့ကောင်ငပြူးလှည်းကိုအတင်းစွတ်မောင်းမနေနဲ့နွားတွေပင်ပန်းတယ် လှည်းနောက်မှာဘာကောင်မှမလိုက်လာတော့ဘူး”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တောကိုပြူးကသူ့ကိုပြန်ပြောသည်
“အိမ်မြန်မြန်ရောက်ဖို့အရေးကြီးတယ်ကွာ မင်းနွားကြီးတွေကဒီလှည်းလောက်တော့အသာလေးပါ ပါတယ်လို့တောင်မထင်ဘူး”
ကိုမြင့်ဆောင်ဘာမပြောမနေတော့ပြောလို့လဲရမည်မထင် ကိုပြူးသည်လှည်းနောက်ကလိုက်လာသည့်အကောင်ကြီးကိုမြင်ပြီးတော်တော်လန့်နေပြီဖြစ်သည်
ထိုသို့ဖြစ်ကိုပြူးလှည်းကိုအမြန်မောင်းခဲ့ရင်းထိမ်ပင်ရွာသိုဆင်းသည့်ကုန်းဆင်းလေးကိုရောက်လာသည်
ထိုကုန်းဆင်းလေးအောက်တွင်လည်းထိမ်ပင်ကြီးမှာနေတဲ့ထိမ်ပင်သရဲကြီးရှိနေပြန်သေးသည် ကိုပြူးထိုအပင်မှာေနတဲ့သရဲကြီးကို ကိုမြင့်ဆောင်အမဲသားလာကျွေးတော့သူပါလိုက်ခဲ့ဘူးသည် ကိုပြူးထိုအပင်အောက်မှလှည်းဖြတ်မောင်းရမည်ကိုစိုးရိမ်နေမိသည်
ဒါကြောင့်ကိုမြင့်ဆောင်ကိုပြောလိုက်သည်
“မြင့်ဆောင်ထိမ်ပင်မှာရှိတဲ့သရဲကိုလေးဂွနဲ့ကြိုပစ်ထားကွာ ငါအဲ့ဒီအပင်အောက်ရောင်ရင်လှည်းကိုအသကုန်မောင်းမှာ မင်းမြဲမြဲသာကိုင်ထား”
ကိုပြူးထိုသို့ပြောပြီးကုန်းဆင်းလမ်းကိုးနွားကြိုးမထိန်းပဲဒလကြမ်းမောင်းပြီးဆင်းလာသည် နွားကြီးနှစ်ကောင်သည်ကိုပြူး၏အလိုအတိုင်းပင်လေးဘက်ကြပြေးဆင်းလာသည် ထိုအခါကိုမြင့်ဆောင်ကကိုပြူးကိုပြောရပြန်သည်
“ဟေ့ကောင်ငပြူး မင်းပြောသလိုသရဲခြောက်လို့မသေပဲ အခုမှလှည်းမှောက်လို့သေနေဦးမယ် ဒီမှာနှမ်းအိပ်တွေလည်းထွက်ကြကုန်ေတာ့မယ်ဟ”
ကိုမြင့်ဆောင်လှည်းပေါ်မှေမြာက်ေမြာက်တက်လာေသာနှမ်းအိပ်များကိုကြည့်ပြီးပြောလိုက်သည်
ဒါကိုကိုပြူးက သူပြောနေတာမဟုတ်သည့်အလားနွားကြီးနှစ်ကောင်ကိုသာငေါက်ငမ်းပြီးလှည်းကိုအပြေးမောင်းနေသည်
ထိုသို့ဖြင့်မကြာမီထိမ်ပင်ရွာနားသို့ရောက်လာသည် ထိုရွာနားေရာက်မှကိုပြူးလည်းနွားကြီနှစ်ေကာင်ကိုအရှိန်သတ်ကာလှည်းကိုခပ်မှန်မှန်ပြန်မောင်းလိုက်သည်ထို့ေနာက်ကိုမြင့်ဆောင်ကိုမေးလိုက်ပြန်သည်
“မြင့်ဆောင်ထိမ်ပင်သရဲဒို့လှည်းနောက်ကလိုက်သေးလားကွ”
သူထိုသို့မေးလိုက်တော့ကိုမြင့်ဆောင်ကခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်သည်
“လှည်းနောက်ကတော့မလိုက်ဘူးကွ ဒါေပမဲ့ထိမ်ပင်အောက်ရောက်တော့ နွားတွေကိုရိုက်မောင်းနေတဲ့မင်းခေါင်းပေါ်ကိုခုန်ချမလို့လုပ်နေတာမြင်လိုက်တယ်”
သူထိုသိုပြောလိုက်တော့ကိုပြူးကမကျေနပ်တဲ့လေသံနဲ့
“အေးကွာခုန်ချခြင်လည်းခုန်ချနေမှာပြောမရဘူး ဒေါ်ဖွားအူပြောတာမှန်တယ်ကွာ အဲ့ဒီတစ်လမ်းလုံးကသရဲတွေချည်းပဲ”
ကိုပြူးထိုသို့ပြောပြီးလှည်းကိုတဲသို့ရောက်အောင်ခပ်သွက်သွက်မောင်းလိုက်လေတော့သည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
Leave a Reply