ဟေ့ကောင် ငထွန်း ငြိမ်ငြိမ်နေစမ်းပါကွာ။ မင်းကိုကြည့်ရတာ ခေါင်းမူးနေပြီ” “ ငြိမ်ငြိမ်နေလို့ရမလား အထဲမှာ ခင်မေ အော်နေတာ ငါဘယ်လိုနေရမလဲ” “ ကလေးမွေးတာ ဒီလောက်တော့ရှိတာပေါ့ကွ၊ ငါ့မိန်းမမွေးတုန်းကဆိုရင် လက်သည်ဆံပင်တောင်အထွေးလိုက်ကျွတ်အောင်ဆွဲခဲ့တာကွ” ကျော်ကြီး စကားကြောင့် ထွန်းတောက် ရယ်ကျဲကျဲနဲ့ အိမ်ရှေ့ကခုံပေါ်ထိုင်ချလိုက်တဲ့အချိန် “ အူငဲ အူငဲ အူငဲ”ဆိုတဲ့အသံက အိမ်ထဲကနေ ထွက်လာခဲ့တယ်” “ မွေး မွေးပီဟ …” ထွန်းတောက်ကပြောရင်းဆိုရင်း အိမ်ပေါ်တက်ဖို့အလုပ် ကျော်ကြီးက အနောက်ကနေလှမ်းဆွဲပြီး “ ဟေ့ကောင် အခုချိန်က တက်လို့မရဘူးလေကွာ ။ ...
ဝေါ..ဝေါ…ဝေါ. “ ဟူသောအသံများဖြင့်အတူ ကောင်းကင်ထက်၌ တိမ်စိုင်တို့သည်လည်း မိုးရိပ်မိုးငွေ့တို့ဖြင့် ဖုံးအုံးလျက်ရှိပြီး မဲမှောင်လာကာ မိုးများသည်လည်း သည်းထန်စွာရွာသွန်းလာ၏။၎င်းမိုးများရွာသွန်းနေသော စနေနေ့မနက်ခင်းတစ်ခု၌…. ” အမယ်လေး သေပါပြီတော် “ ” ညှစ်ထား ညှစ်ထားငွေပုရေ ကလေးကခေါင်းထွက်နေပြီ “ ” အူဝဲ အူဝဲ အူဝဲ “ ” မွေးပြီတော့ မွေးပြီ “ လက်သည်ဒေါ်စောမှ ကလေးမွေးပြီဟု ပြောသောအသံကို မီးဖွားခန်းအပြင်မှစောင့်နေသော ကိုသန်းဇော်မှကြားလိုက်ရသဖြင့်… ” ဘာလေးမွေးလည်း မစောရေ “ ” ယောက်ျားတော့ ...
ဟု ညုတူတူလေး ပြောလိုက်၏။ ” ဟုတ်ပါပြီဗျာ… ဒီကမောင်ကြီးကလည်း မိုးမြေမကတဲ့မေတ္တာမျိုးနဲ့ ရိုးမြေကျသည်ထိ ရှင်မဘေးနားမှာပဲနေမဲ့လူမျိုးပါနော် ” ” ဟီး…ဟီး…မောင်ကြီးကသိပ်စကားတတ်တာပဲ၊ လျှိုထဲဆင်းရင်ဂရုစိုက်အုံးနော်..ရှင်မ ဒီနားကဆေးဂမုန်းပင်တွေတူးရင်း စောင့်နေမယ် ” ” ဟုတ်ပါပြီ ရှင်မရယ်…” ဟုပြောကာ ပန်ထောင်လည်း ဂျင်ဆင်းပင်များတူးရန်အတွက် လျှိုထဲသို့ဆင်းသွားလေတယ်။ ပန်ထောင်နှင့်နွယ်လီဆူးတို့မှာ လီဆူးလူမျိုးများပင် ဖြစ်တယ်။ ဦးစေတန်တစ်ယောက် တောအတွင်းကျောက်မဲလှိုင်ဂူရှာရင်း မထင်မှတ်ထားသောမြင်ကွင်းတစ်ခုအားတွေ့လိုက်ရ၏။ ” ဟိုက်… ဒီလိုနေရာမျိုးမှာ ဘယ်ကမိန်းမလှလေးရောက်နေတာပါလိမ့်…လှချက်ကသူယောင်မယ်လေးကျနေတာပဲ ” ဟု တစ်ယောက်ထဲတီးတိုးပြောလိုက်ပြီး ” ဟေ့ ကလေးမ တစ်ယောက်ထဲဘာလုပ်နေတာလဲ ...
“ အမေကြီး မြေးမလေးက ကျောင်းမှာ စာတော်တယ်လို့ကြားတယ်” “ သူက ဉာဏ်ကောင်းတယ် သမီးရဲ့… ကျောင်းကပြန်လာတာနဲ့ စာပဲလုပ်နေတာ၊ ကစားတာတောင်ခပ်ရှားရှားပဲ” “ အမေကြီးလဲ မြေးတစ်ယောက်အတွက် ပင်ပန်းနေရှာပါပြီ” “ ပင်ပန်းတယ်လဲမဟုတ်ပါဘူးကွယ်၊ ကိုယ်က မိဘလိုဖြစ်နေတော့ နိုင်သလောက်ရှာကျွေးရမှာပေါ့” ဟင်းရွက်ဗန်းကို ခေါင်းပေါ်ရွက်ပြီး ထွက်သွားတဲ့ ဒေါ်မယ်တင်ရဲ့ အတွေးထဲမှာတော့ ဒီနေ့ ထမင်းစောစောချက်နိုင်ဖို့ဆိုတာက စိုးမိုးနေခဲ့တယ်။ +++++ “ အဖွားရေ အဖွား” “ ဟေ မြေးလေး ကျောင်းကပြန်ရောက်ပီလား” “ ဒီနေ့ ထမင်းအစောကြီးကျက်နေပါလား” ...
ကိုဂွတို ရှာလကာရည်သွားယူနေတုန်း ကျုပ်လည်း အိမ်အောက်လှေကားနားက ရေအိုးထဲမှ ရေတစ်ဖလား ခပ်ယူလိုက်တယ်။ ရှာလကာရည် ရောက်ပြီဆိုင်ရင်ပဲ ရေနှင့်ဆတူရောစပ်လိုက်ပြီး မဝိုင်းစိန်ကို ပူးကပ်နေတဲ့ သရဲမကို… ”ဟဲ့ သရဲမ…နင့်ကိုနောက်ဆုံးအကြိမ်ငါမေးမယ်…နင်နောက်ကိုမနှောက်ယှက်ပဲ အေးဆေးထွက်သွားမလား ဒါမှမဟုတ် ငါဒါဏ်ခတ်ပေးရမလား….” ”ဟား…..ဟား…ဟား…ဆရာယောင်ယောင် ဘာယောင်ယောင်အကောင်…နင့် လက်ထဲက အရည်တွေကို ငါကြောက်မယ်ထင်လား ငါ့ကိုလာမခြောက်နဲ့ ..ငါသူ့ကိုသတ်ပြီးမှဒီကထွက်မယ်…ဟား…..ဟား.ဟား” ဆိုကာ သရဲမဟာ လုံးဝမာန်မချပဲ မရပ်မနားဆိုသလိုလှောင်ရယ်နေခဲ့တယ်။ ကျုပ်လည်း ဒေါသထွက်သွားပြီး ”တယ်…ဒီလောက်တောင်ခေါင်းမာတဲ့ သရဲ…ရော့ ….ဗုဒ္ဓစက်” ”အား…ပူတယ်…” ”ရော့….. ဓမ္မစက်” ”အံမလေး….ပူလိုက်တာ” ”ရော့…..သံဃာ့စက်” ”အား…ပူတယ်ပူတယ်….အား” ...
၏။ မျက်နှာသွယ် သော်လည်း၊ မေးရိုးများမှာ ကြံ့ခိုင်တောင့် ဘင်းဟန်ရှိ၍ တည်ကြည်ခန့်ညားသူ တစ်ယောက်ဖြစ်လေသည်။ ၎င်း၏သား ရေခါးပတ်၌ လက်ဝဲဘက်မှ ရောင် လက်ကိုင်ဖြင့် ခြောက်လုံးပြူး သေနတ် ကလေးကိုထိုးထားလေသည်။ သနပ်ခါးရောင် ဘန်ကောက်လုံ ချည်နှင့် မိန်းမပျိုသည် ပြပွဲစာရေးများ ရှိရာသို့ လှမ်း၍ကြည့်လိုက်ရာ အလိုက် သိသော စာရေးတစ်ယောက်သည် ၎င်း ထံသို့ ခပ်သုတ်သုတ်လာခဲ့ပြီးနောက်- “ဘာအလိုရှိပါသလဲ- ခင်ဗျာ” “ဒီပန်းချီကားအဖိုးကရေးထားတဲ့ အတိုင်းပဲလား” “မှန်ပါတယ် ခင်ဗျာ” “တစ်ရာ့အဂိတ်ကဲ့” “မှန်ပါတယ်” “ရေဆေးနဲ့ ရေးထားတဲ့ကားကိုများ တစ်ရာ့အစိတ်ဆိုတာများတာပဲနော်” ...
နောက်က ထပ်ကြပ်မကွာ လိုက်လာသော တရုတ် တပ်တို့ကို မျှော်ကြည့်ခဲ့သော နေရာဖြစ်၍ တရုတ် မျှော်ဟု ခေါ်ခဲ့ပြီး၊ နောင်တွင် တရုတ်မှော်ဟု အ မည်ထွင်ခဲ့ကြောင်း သိရ၏။ တရုတ်မှော်တွင် တည် ထားသော ဘုရားကြီး တစ်ဆူ၏ ဘွဲ့မည်မှာလည်း ‘မြသိန်းတန်ဘုရား’ ဟူ၍ ဖြစ်၏။တရုတ်ပြေးမင်း၏ မိဖုရားကြီးကိုင်ဆောင်သော အသပြာတစ်သိန်း ထိုက်တန်သည့် မြတဘက်ကို ဋ္ဌာပနာ၍ တည်ထား သော ဘုရားဖြစ်ခြင်းကြောင့် ‘မြသိန်းတန်ဘုရား’ ဟု အမည်တွင်ခဲ့ကြောင်း သက်ကြီးစကားသက် ငယ်ကြားခဲ့ရပြန်၏။ ထိုနည်းတူစွာပင်လျှင် မင်းကြီးကုန်းအနီးရှိ ချောင်း ...
သူအတွက်ဆုတောင်းလို့နေ၏။ ဆေးဆရာခမျာမှာလည်းရေးကြီးသုတ်ပြာဖြင့် ဖြင့်လာခေါ်သော ဦးထွန်းကြည်နောက်သို့လိုက်ပါလာပြီး ဖိုးလုံးလေးအား ကြည့်ရှုပေးရှာသည်။ ဆေးတစ်ခွက်ပြင်ကာ ဖိုးလုံး၏ပါးစပ်အတွင်းဝင်အောင်တိုက်ယူပြီးသော်လည်း ဖိုးလုံးခမျာ နာကျင်စွာ အော်ဟစ်နေရှာစဲပင်။ “ဆရာ…ကျုပ်မြေးလေး ဘယ်လိုဖြစ်ရတာလည်းဆရာ” “ဆရာ…ကျုပ်သားလေးသက်သာမှာပါနော်” စိုးရိမ်တကြီးဖြင့် မေးရှာသော ဒေါ်မိတိုးတို့သားအမိအား ဆေးဆရာက စိတ်မသက်သာစွာကြည့်ရင်း… “ကျုပ်လည်း ဒီလိုလူနာကိုအခုမှပဲတွေ့ဖူးတယ်ဗျာ…။ ဘယ်လောက်ပဲနာပါတယ်အော်နေပါစေ ကျုပ်တိုက်တဲ့ဆေးနဲ့ဆို ခဏနဲ့ပျောက်ကင်းသွားတာကြီးပဲဗျို့…။အခုကတစ်ခုခုတော့မှားနေပြီထင်တယ်…” “ဟင်…” “အမေ…ကျုပ်တို့ဘယ်လိုလုပ်မလဲ” “အိုအေ…ဆရာပြောတဲ့တစ်ခုခုဆိုတာ… ရွာသူလုပ်တာထင်တယ်…သွား….သွား… ထမင်းနဲ့ ဟင်း ခြံပြင်ထုတ်ပြီး ချပေးရအောင်သွားပြင်လိုက် မိတိုး” ထိုအရေးကိစ္စများကိုသိနားလည်သော ကြီးတော်ကြည်သည် သမီးဖြစ်သူအား ပြင်ဆင်ခိုင်းလိုက်၏။ မနက်စာ စားဖို့ရန်ချန်ထားသော ထမင်းနှင့်ဟင်းများကို ...
ရှင်…” ဘွားမယ်စိန်၏အမေးကြောင့် မိစိုးအံ့သြသွားပုံရပေသည်။ “ဘွားမေးတဲ့မေးခွန်းကိုသာ ညည်းဖြေစမ်းပါမိစိုးရယ်…မဟုတ်ရင် ညည်းနဲ့ညည်းသားအတွက် အခက်အခဲဖြစ်လာလိမ့်မယ်အေ့” “ကျုပ်…ကျုပ်သိတာတော့ပြောနိုင်ပါတယ်ဘွားရယ်…” “အေး…ဒါဆိုလည်းအဲ့သိထားတာလေးကိုပဲ ပြောစမ်းပါအေ…” မိစိုးသူသိထားသောအကြောင်းအရာတစ်ခုအား ဘွမယ်စိန်ကို ပြောပြဖို့ရန်အတွက် ဘေးဘယ်ညာဆီသို့တစ်ချက်လည်ပြန် ကြည့်လိုက်လေသည်။ သူတို့စကားဝိုင်းအနီး၌ ရွာမှအခြားလူများမရှိပေ။ ထိုလူများသည်က အသုဘအတွက်ပြင်ဆင်စရာများကိုသာပြင်ဆင်နေကြပြီး သူတို့အားသတိမပြုမိကြ။ ထိုအခါမှသာ… “ကျုပ်သိထားတာကတော့ ဒီလိုပါ ဘွား……..” *********** ဇော်ခိုင်တစ်ယောက်တောတက်သွားသည်မို့ အိမ်တွင်မိစိုးနှင့်သားဖြစ်သူဇော်လတ်သာကျန်ရှိခဲ့သည်။ “အမေ…အဖေတောတက်တာကဒီတစ်ခေါက်ပို ကြာနေသလားလို့နော်” “အေးနော်…ငါ့သားပြောမှပဲသတိထားမိတယ်… မင်းအဖေ ဒီတစ်ခေါက်တောတက်သွားတာ လေးရက်တောင်ရှိနေပါရောလား…။ ခါတိုင်းအခေါက်တွေဆိုရင်အလွန်ဆုံးကြာလှ သုံးရက်လောက်ပဲ…ဘုရား…ဘုရား… ကိုဇော်ခိုင်တော့ ဘာတွေများကြာနေတယ်မသိပါဘူး” ဇော်ခိုင်သွားသည့်တောသည် ရွာနှင့်မဝေးလှပေ။ ဝါးခုတ်သည်မို့ ...
အချဉ်လေးပါမှ လိုက်တယ်မဟုတ်လား” မသန်းက ဟင်းချိုခွက်ကိုအလယ်မှာချပေးလိုက်ပြီးတော့ “ဒါနဲ့ တော်က ကျုပ်ကို ဟိုဟာမလို့ ခေါ်လိုက်သလားလို့” သူကြီးက ပြုံးဖြီးဖြီးနဲ့ “ပါးစပ်ကနေ ယောင်ပြီးတော့ထွက်သွားတာပါကွာ မင်းကလဲ” မသန်းက ကျုပ်ရှိနေလို့ထင်ပါတယ်၊ သူကြီးကို မျက်စောင်းတစ်ချက်ထိုးပြီးတော့ ထိုင်ခုံမှာထိုင်ချလိုက်တယ်။ ပြီးတော့ ထမင်းဝိုင်းကိုကြည့်ရင်း “ဟဲ့ ဟိုကောင်မတွေ၊ အပင်းချဖို့ကြွ၊ တကတည်းတော် စားမယ့်အရေးကိုလိုက်ခေါ်နေရတယ်၊ ဗိုက်မဆာကြဘူးလားမသိဘူး” မသန်းက အော်လိုက်တော့မှ အောက်ခန်းက ညီအမနှစ်ယောက်က ပြေးထွက်လာကြတယ်ဗျာ၊ လူစုံတက်စုံဆိုတော့ ထမင်းစားဖို့အဆင်သင့်ဖြစ်သွားပြီပေါ့ဗျာ၊ သူတို့တွေလူစုံတစ်စုံထမင်းစားတာကလည်း အားရစရာကြီးပါ။ မသန်းက ကျုပ်ကိုလှမ်းကြည့်ပြီး “အားနာစရာကြီးဦးဘသာရယ်၊ ဦးဘသာစားသောက်ပြီးတော့မှ ...