ချစ်ဝိညာဥ်

၏။ မျက်နှာသွယ် သော်လည်း၊ မေးရိုးများမှာ ကြံ့ခိုင်တောင့် ဘင်းဟန်ရှိ၍ တည်ကြည်ခန့်ညားသူ
တစ်ယောက်ဖြစ်လေသည်။ ၎င်း၏သား
ရေခါးပတ်၌ လက်ဝဲဘက်မှ ရောင် လက်ကိုင်ဖြင့် ခြောက်လုံးပြူး သေနတ် ကလေးကိုထိုးထားလေသည်။
သနပ်ခါးရောင် ဘန်ကောက်လုံ ချည်နှင့် မိန်းမပျိုသည် ပြပွဲစာရေးများ
ရှိရာသို့ လှမ်း၍ကြည့်လိုက်ရာ အလိုက် သိသော စာရေးတစ်ယောက်သည် ၎င်း ထံသို့ ခပ်သုတ်သုတ်လာခဲ့ပြီးနောက်- “ဘာအလိုရှိပါသလဲ- ခင်ဗျာ” “ဒီပန်းချီကားအဖိုးကရေးထားတဲ့
အတိုင်းပဲလား” “မှန်ပါတယ် ခင်ဗျာ”
“တစ်ရာ့အဂိတ်ကဲ့” “မှန်ပါတယ်”
“ရေဆေးနဲ့ ရေးထားတဲ့ကားကိုများ တစ်ရာ့အစိတ်ဆိုတာများတာပဲနော်”
“ဒီကားတွေက ပန်းချီဆရာဆွဲတဲ့
ကားမဟုတ်ဘူး။အရပ်သားဆွဲတဲ့ကာ၊
တွေပါ။ သူတို့သဘောအတိုင်း တန်ဖိုး
ထားကြပါတယ်”
မိန်းမပျိုသည် ကားအနီ၊သို့ကပ်၍
ရေးဆွဲသူအမည်ကို ကြည့်ပြီးနောက်
“ထွန်းမြတ်တဲ့၊ ကျွန်မ တစ်ခါဖတ်ပြီး
ပါပြီ။ ပန်းချီဆရာနာမည်ကျော်ထဲ
ကလည်း ဦးထွန်းမြတ် မကြားဖူးပါဘူး။
နို့ပေမဲ့ -ကားက အတော်ကောင်းတဲ့
ကာ၊ နေဝင်ချိန်မှာ ဘုရားက အရောင်
တွေဟပ်ပြီးတိမ်နဲ့ရောစပ်နေတဲ့ပုံနဲ့ကန်
တော်ကြီးထဲမှာ နံဘေးက အမှောင်ရိပ် သမ်းလာတဲ့ပုံစတွေဟာအတော်သဘာဝ
ကျတယ်”
ခြောက်လုံးပြူးသေနတ်နှင့် လူ
သည် မိန်းမပျိုဘက်သို့လှည့်ကာ မသိ
မသာပြုံးလိုက်ရာ မိန်းမပျိုနှင့် မျက်နှာ
ချင်းဆိုင် ဆုံသွားသဖြင့် မိန်းမပျိုသည်
ဦးခေါင်းကို အောက်သို့ ငုံ့လိုက်လေ၏။
သေနတ်နှင့်လူလည်း မိန်းမပျိုအနီးသို့
ကပ်လာလေသည်။
“ဒီကားကို လိုချင်လို့လား”
“ဟုတ်ကဲ့”
“ထွန်းမြတ်ဆိုတာကျွန်တော်ပါပဲ”
“ဪ- ဟုတ်လား၊ နို့ – ကြည့်ရ တာပန်းချီဆရာနဲ့လည်း မတူဘူး”
“ကျွန်တော် ပန်းချီဆရာလည်း
မဟုတ်ပါဘူး။ စုံထောက် အင်စပက်
တော်တစ်ယောက်ပါ
“ဒီလို ပန်၊ချီရေးသူကိုယ်တိုင်နဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင်”
“ဟုတ်ကဲ့ – ဒီကလည်း အစုလို
အားပေးတဲ့သဘောနဲ့ ပန်းချီကားကို နှစ်သက်တဲ့လူကို တွေ့ရတာ ဝမ်၊သာပေါ
တယ်။ ပြီးတော့ – အဘိုးကို ကျွန်တော်
လျှော့ပေ။နိင်ပါတယ်”
“မလျှော့ပါနဲ့ရှင်- ရှိပါစေ။ ကျွန်မ
ပေးနိုင်ပါတယ်။ ဒါထက် မျက်မြင်ရေး
တာပေါ့ဒနော်”
“ဟုတ်ကဲ့ – နေဝင်ချိန် ကန်တော်
ကြီးတေင်းမှာ သွားပြီးကွဲတဲ့ကာပါ”
“လက်ရာကလေးကို ကျွန်မ သိပ်
သဘောကျတာပဲ။ ပန်းချီသင်းသား
“မသင်ဖူးပါဘူ။ နို့ပေမဲ့ – ရှေ၊က
ပန်းချီဆရာကြီးတွေရေးတဲ့ကားတွေ
အခု မြို့ပေါ်က ဆရာဦးဘဉာဏ်၊ ပန်းရီ
ကျော်ဦးငွေကိုင်တို့၊ ဦးအုန်းလွင်တို့၊ ဦးဘဇော်တို့၊ ဆရာဆောင်တို့ ရေးတဲ့ ကားတွေကြည့်၊ တွေ့တဲ့ ကြုံတဲ့အခါ ၊သင့်၊ စမ်းသင့်တာအတွေးဝမ်းလုပ်
ပညာဆည်းပူးတာပါပဲ။ သင်ဆရာရယ်
လို့ တိတိကျကျ မရှိပါဘူး။ မြင်ဆရာ

“လူပုံကိုကာ ပုံတူဆွဲဘူးလား” “ဆွဲလေ့ဆွဲထ မရှိဘူး။ နို့ပေမဲ့- ဆွဲနိုင်ပါတယ်။ နေပါဦ။ – ပုံတူတွဲရင်လို့
လားထိုခဏ၌ စာရေးကလေးသည်
အရုပ်ကားကြီးကို စက္ကူထူတစ်ချပ်ဖြင့်
လိပ်ပြီးလျှင် လာရောက်ပေးအပ်သဖြင့်
မိန်းမပျိုသည်မိမိမော်တော်ကာ၊ပေါ်သို့
သွားရောက်တင်ပို့ရန်ပြောသဖြင့် မိန်းမ
ပျို့ညွှန်ကြားသည့်အတိုင်းစာရေးမှတစ်
ဆင့် ဒရဝမ်ကုလာ၊သည် ကာ၊ဆီသို့
သွားရောက်ပို့လေသည်။ မိန်းမပျိုသည်
ငွေ (၁၂၅) ကျပ်ကို စားရ၊လက်ထဲသို့ ထည့်လိုက်ရာပြေစာလက်မှတ်ကလေး တစ်စောင်ကိုရရှိလေသည်။
“လာပါ -အစ်ကိုကြီးရယ်။ ဒီမှာ စကားပြောရတာမကောင်းပါဘူ၊” စုံထောက်အင်စပက်တော် မောင်
ထွန်းမြတ်သည် မိန်းမပျို၏ ရဲတင်းဖျတ်
လက်သောအမူအရာကိုမြင်ရသောအခါ
အတော်ထူးဆန်းသည်နှင့်၎င်းနှင့်အတူ
လိုက်ပါသွားလေ၏။ အောက်ထပ်သို့
ရောက်၍ ပိန်၊မပျိုက ကားတစ်စီးကို
လက်ပြလိုက်ရာအပြာရောင်ဆီဒန်ကား၊ ကြီးတစ်စီးသည် ပလက်ဖောင်းဘေးသို့

ဆိုက်ကပ်လာ၍ ကုလားဒရိုင်ဘာသည်
တံခါးကို ရိုသေစွာ ဖွင့်ပေးလေ၏။ မိန်းမ
ပျိုသည် မောင်ထွန်းမြတ်ကို ရှေးဦးစွာ
နေရာပေး၍ ထိုင်စေပြီးလျှင် ဒရိုင်ဘာ
အားကွန်တီနင်တယ်ဟိုတယ်သို့မောင်း၊
မိန်းမပျိုသည် လန့်(ချ)ခေါ်နေ့
လယ်စာ နစ်ပွဲကို မှာယူပြီးနောက် ပုံ
ထောက် အင်စပက်တော် မောင်ထွန်း
မြတ်အား ပန်းချီပညာနှင့် ပတ်သက်
သောစကားများကို ဖော်ရွေစွာ ဖြေဆို
လျက် ရှိ၏။
“ပုံတူဆွဲတာက ဘယ် သူ့ပုံပါ
“ကျွန်မယောက်ျားပုံ အစ်ကိုကြီး
“လူကိုကြည့်ပြီးဆွဲရရင် ဆွဲနိုင်တာပေါ့ဗျာ”
“လူက မရှိတော့ဘူးရှင့်။ ဆုံးပြီ”
“ဒါဖြင့်လည်း ဓာတ်ပုံကြည့်ပြီး၊ ဆွဲ
ရင်ပြီးတာပဲ”
“ဓာတ်ပုံလည်းမရှိလို့ ခက်တာပေါ့ရှင်”
“ဒါဖြင့် ဘာကိုကြည့်ပြီ။ ဘွဲ့ရမှာ
ကိုရုပ်လုံးထုထားတာ ရှိတယ်

အစ်ကိုကြီးရဲ့။ မန္တလေးမှာ နေတုန်းက
ပန်းပုဆရာကြီးတစ်ယောက်က
ထုပေးတဲ့ပုံတူအရုပ်ကြီးတစ်ရုပ် ရှိတယ်၊ အဲဒါ ကို ကြည့်ပြီး ကွဲရလိမ့်မယ်”
“ဒီလို ရုပ်လုံးကြည့်ပြီး တစ်ခါမျှ
တော့မဆွဲဖူ၊ဘူး”
“ဒါပေမဲ့… ကိစ္စမရှိပါဘူးအပ်ကိုကြီး
ရယ်။စမ်းကြည့်တာပါ့။သည်လောက် လက်ရာကောင်းတဲ့လူတစ်ယောက်ဟာ
မတူဘဲ မရှိပါဘူး”
“စမ်းကြည့်ရတာပေါ့။ နို့ – အိမ်က
ဘယ်မှာလဲ”
“ဝင်ဒါမီယာလမ်းမှာ ဪ- အခု
မှ သတိရတယ်။ ကျွန်မ ကတ်ကလေး
တောင် အစ်ကိုဘကီးကို မပေးရသဘူး”
မိန်းမပျိုသည် ရွှေနားသတ်၍ထား
သာကတ်ပြားအဖြူကလေးကိုမောင်
ထွန်းမြတ်အားလုပ်၍ပေးလိုက်လေ၏။ ကတ်ပြားပေါ်၌ အင်္ဂလိပ်ဘာသာဖြင့် “ကတ်ပြားပုံ”ပါရှိ၏။
“အပ်ကိုကြီးက ပုလိပ်အလုပ် လုပ်
ပြီး ပန်းချီကို ဝါသနာပါတယ်နော် “ဝါသနာဆိုတာ အခက်သားပဲ။ အင်မတန် စွန့်နိုင်ခဲတယ်။ တစ်ခါတစ်ခါ တာနယ်ကို အမှုစုံထောက်သွားတာ

တောင်စုတ်တံနဲ့ဆေးရွက်ကလေးတော့
ဆောင်သွားသေးတယ်”
“ပန်းချီဆရာပဲ လုပ်ပါတော့ –
အပ်ကိုကြီးရယ်”
“ထမင်းဝရင်တော့ ကောင်းပါ
တယ်၊ ဒီလိုအပျော်ဆွဲတာတောင် မိန်းမ
ရှိတုန်းကများ သိပ်ပြီးဆူတယ်” “ရှိတုန်းကများဆိုတော့အခု ဘယ်
သွားပဲ” “ဆုံးရှာပြီ”
“အို-လက်စသတ်တော့မြနဲ့ကံတူ အကျိုးပေးပဲနော်၊ အစ်ကိုကြီးနဲ့ တွေ့ ရတာမြ သိပ်ဝမ်းသာတယ်၊ နေပါဦး- အစ်ကိုကြီး ဘယ်တော့လာနိုင်မလဲ”
“ဒီကနေ့(၁၂)ရက်၊ကြာသပတေး
နေ့နော်၊ (၁၅) ရက်နေ့လာခဲ့မယ်”
“တနင်္ဂနွေနေ့ပေါ့” “ဟုတ်ကဲ့”
“ကိုင်း- ဒါဖြင့်အသင့်ပြင်ထားမယ်။ ပုံဆွဲကိရိယာတွေပါ တစ်ခါတည်းယူခဲ့ ပေတော့။ ဟုတ်လား-အစ်ကိုကြီး”
“ယူခဲ့ပါယ်။ စိတ်ချပါ (၁၀) နာရီ
လောက် လာခဲ့မယ်”
၎င်းနောက် မောင်ထွန်းပြတ်သည်
ဟိုတယ်ပေါ်မှ ဆင်းခဲ့ပြီးလျှင် ကျောက်

တံတားဌာနာသို့ လာစိုလေ၏။
တနင်္ဂနွေနေ့၌ နံနက် ( ၁၀) နာရီ ကျော်ချိန်လောက်တွင် နံ့သာပြိုင်ခြံကြီး
ရှေ့သို့ ကားကလေးတစ်စီ၊ ဆိုက်လာ၍
အင်စက်တော် မောင်ထွန်းပြတ်သည်
သားရေအိတ်အပြာကလေးတစ်ခုကို
ကိုင်ကာ ကားပေါ်မှဆင်း၍ အိမ်ထဲသို့
ဝင်ခဲ့လေ၏။အိမ်အောက်ထပ်၌ရှိသော
တံခါ၊စောင့်သည် မောင်ထွန်းမြတ်အား
ခေတ္တမျှ စောင့်နေစေပြီလျှင်အိမ်ပေါ်သို့
တက်သွားပြီးနောက်အိမ်ပေါ်မှပြန်ဆင်း
လာသောအခါ အပေါ်ထပ်သို့ ခေါ်သွား
လေ။ အိမ်ကြီးမှာ အိမ်ဟောင်းကြီး
တစ်ထောင်ဖြစ်သော်လည်းအိမ်ရှေ့တင်
ဝင်နှင့်အပေါ်ဝရန်တာထာ၊ပုံအပေါ်ထပ်
သို့လက်ဝဲလက်ယာတက်ရန်လှေကား
တပ်ဆင်ပုံ၊ ကျောက်စရစ်လမ်းများနှင့်
ပန်းပင်များ ရှိနေပုံတို့မှာ ယခင်ကက
အိမ်တွင် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာ
သာသူတစ်ဦးနခဲ့ဖူးသည့်လက္ခဏာ
ကို ပြလျက်ရှိ၏။ အပေါ်ထပ်ရှိ အတွင်း ခန်းများမှာ ခန်းလုံးပြည့် ကော်ဇောကြီး များဖြင့် ခင်းကျင်းထားရှိလေသည်။ မိမိမြသည်ဧည့်ခန်းဝသို့လာရောက်ကြိုဆို လျက် ရှိလေသည်။
ဪ-အစ်ကိုကြီး ရောက်လာမှ ကိုး။ထိုင်ပါ-ထိုင်ပါ။ ဒီကနေ့ အားတယ်နော်”
“အားတယ်လို့တော့မဟုတ်ပါဘူး။ ဝါသနာပါတဲ့အလုပ်ဖို့အချိန်ယူပြီး လုပ်
တာပါပဲ”
“တနင်္ဂနွေနေ့ပဲ-အစ်ကိုကြီးရဲ့ “တနင်္ဂနွေနေ့ပေမယ့် ညနေ(၃) နာရီမှာမင်းကြီးကစဏခေါ်ထားတဲ့ကိစ္စ
တစ်ခုရှိသေးတယ် – မြရဲ့
“ညနေ (၃) နာရီမှ ဟုတ်လား။ အချိန်အများကြီးရတာပဲ” ဆိုဖာကြီးများမှာဇည့်ခန်းတွင် ခမ်း
နားစွာပြင်ဆင်ထားရှိပြီးလျှင် ပေါင်ရင်း
မုဘုရားကျောင်းဆောင်နှင့်တကွနံဘေး
တစ်ဖက်တစ်ချက်တွင် ထားရှိသော
ရေဒီယို၊စန္ဒရားများသည်လည်းကောင်း၊
လူတစ်ရပ်မျှမြင့်သော ခုံများပေါ်တွင်
ငွေပန်းအိုးကြီးများဖြင့် တင်ထားသော
သစ္စာပန်းဝိုင်များသည်လည်းကောင်း၊
ဗန်ဒိုင်းများဖြင့် အလှဆွဲထားသော
ဓာတ်မီးလုံးများသည်လည်းကောင်၊
အိမ်၏ ကျက်သရေကို ဆောင်လျက်ရှိ

၏။မိမိမြသည်ကော်ဖီများ၊ကိတ်မုန့်များ၊
ကက်(ပ)စတန်စီးကရက်များဖြင့်မောင်
ထွန်းမြအား ဖော်ရွေစွာ ဧည့်ခံလေ၏။
“အစ်ကိုကြီးကတော့ မြကိုတစ်မျိုး
လို့ထင်မှာပဲ”
“ဘာပြုလို့လဲ”
“မြက ဘယ်လောက်ပဲ သူစိမ်၊ဖြစ် ဖြစ်းဖော်ဖော်ရွေရွေ ချစ်ချစ်ခင်ခင်ပြော တတ် ထိုတတ်တယ်”
“သည်တော့ ဘာဖြစ်သလဲ”
“အို-အစ်ကိုကြီးကလည်း။ နေပါ ဦး။ပုံဆွဲကိရိယာတွေပါလာတယ်နော်” “ပါပါတယ်။ ဘယ်မှာလဲ – မြ ယောက်ျား အရုပ်ဆိုတာ”
“နေပါဦး-အပ်ကိုကြီးရယ်၊ ဖြည်း
ဖြည်းပေါ့၊ ကာပိကလေးများ သောက်စမ်းပါဦး”
“မြ-အခု ဘယ်သူနဲ့ နေသလဲ”
“ဒေါ်ဒေါ်နဲ့ နေတယ်၊ အိမ်မှာဝိုင်းဖို့
သူငယ်ကလေ၊တစ်ယောက်၊ ဒရဝမ်
တစ်ယောက်၊ဒရိုင်ကုလားတစ်ယောက်၊
ထမင်းချက်တဲ့ အဒေါ်ကြီးတစ်ယောက်၊
ပြီးတော့သားလိုသမီးလိုကျွေးမွေးထား
တဲ့ကလေးမကလေးတစ်ယောက်သူတို့
နဲ့နေသာပေါ့”

၎င်းနောက် မိမိပြလည်း မိမိ မင်း ကတော်ဖြစ်စဉ်က ဝန်ထောက်မင်၊
ဦးအောင်သင်းနှင့် မန္တလေးမြို့တွင် နေခဲ့
ကြောင်း။ဝန်ထောက်ကြီးဆုံးသောအခါ
ဆွေမျိုးများရှိရာ ရန်ကုန်သို့ ပြောင်းလာ
ပြီးနောက်ဤခြံကြီးကိုသူဌေးတစ်ဦးထံ
မှအပိုင်ဝယ်လိုက်ကြောင်းပစ္စည်းများမှာ
ဝန်ထောက်ကြီး ကိုယ်တိုင်ရှိစဉ် ဘဏ်
တွင် အပ်ထားသော ငွေ (၃၀၀၀၀) မှ
ထားခဲ့သော လက်ဝတ်လက်စားနှင့်
အခြားပစ္စည်းများမှာ မိမိပိုင်ဖြစ်ကြောင်း။
မိမိအား လာရောက်စပ်ဟပ်သူများ
ရှိသော်လည်။ မည်သူ့ကိုမျှအလိုမကျ
သည်နှင့် မိမိကသာငြင်၊ပယ်ခဲ့ကြောင်း
ဖြင့် ပြောဆိုလျက် ရှိလေ၏။

မိမိမြသည် နောက်ဖေ၊အိပ်ခန်၊ ဘက်သို့ လှမ်း၍အသန်းရေ – ကော်ပီ
မရသေးဘူးလား”ဟု မေးလိုက်ရာ
“ဟုတ်ကဲ့-လာပြီ မမ”ဟု ချိုသာသော
အသံတစ်ခုကို ကြားရ၏။ ထို့နောက်
အသက် (၁၈)နှစ်ခန့်ရှိ ရုပ်ရည်သနား၊
ကမား မိန်းမပျိုကလေးတစ်ယောက်
သည် ငွေလင်ပန်းပေါ်တွင် ကော်ဖီနှင့်
ဘိစကွတ်မုန့်များကိုတင်ကာ စားပွဲဝိုင်း
ပေါ်သို့ ချလေ၏။ မိန်းမပျိုသည် အံ့အား
သင့်သော မျက်နှာဖြင့်ကြည့်ပြီးနောက်
မောင်ထွန်းမြတ်နှင့် မျက်လုံးချင်း ဆုံမိ
သည်နှင့်တစ်ပြိုင်နက် မျက်နှာကိုအခြား
ဘက်သို့ လွှဲလိုက်ပြီးလျှင် အခန်းတွင်း
သို့ဝင်သွားလေ၏။

မောင်လွန်၊ပြတ်သည် မြပြော သော ကားများတွင် ၎င်း၊ လာ ရောက်စပ်ဟပ်သူများများပြားကြောင်း မိမိကသာ ငြင်းပယ်လိုက်ကြောင်း စသည့် နောက်ဆုံးစကားများကို ရုတ် တရက် မယုံကြည်နိုင်သကဲ့သို့ ရှိစဉ်
ကော်ဒီပွဲယူလာသော ပိန်းမပျို၏ မျက်
နှာကို ပြင်လိုက်သည်နှင့် တစ်ပြိုင်နက်
ယခပ်က စဉ်၊စားချက်များကို မေ့လျှော
သွားပြီးလျှင် ကော်ဖီပွဲလာ၍ရသော
မိန်းမ၏ မျက်နှာကို မြင်ယောင်ပြီး လျင် “ငါသူ့ကို ဘယ်မှာ တွေ့ဖူးပါလိမ့် မလဲ”ဟုအတန်ကြာစဉ်းစားမိသေး၏။ ကော်စီသောက်ပြီးနောက် မိမိ
သည် ငွေစီးကရက်ဘူးကို မောင်ထွန်း

မြတ်အား ဖွင့်၍ပေးပြီးနောက် မိမိကိုယ် တိုင် တစ်လိပ်ကိုညှိ၍ သောက်ပြီးလျှပ် မောင်ထွန်းမြတ်၏ စီးကရက်ကို မီးညှိ၍ ပေး၏။ ၎င်းနောက် မိမိပြသည် မောင်
ထွန်းမြတ်အား အိမ်ခြေရင်းဘက်ရှိ
အခန်းတစ်ခန်းသို့ ခေါ်သွားလေ၏။
အခန်းမှာ ခြောက်ပေပတ်လည်ခန့်
ကျယ်ဝန်း၍မှောင်နှင့်မည်းမည်းရှိရာ မိမိ
မြက မှန်ပြတင်းပေါက်များကို ဖွင့်လိုက်
သောအခါမှ အတော်အတန် လင်း၍
သွားလေသည်။အရုပ်သည်မောင်ထွန်း
ပြတ်နှင့်ပိပိပြတို့အားမျက်တောင်မခတ်
ဘဲ စိမ်းစိမ်ကြည့်၍ နေဘိသကဲ့သို့ရာ
မောင်ထွန်းမြတ်မှာမည်သည့်အကြောင်း
ကြောင့်မသိ၊မွေးညင်းများပင်ထ၍သွား

သေး၏။ပုံသဏ္ဌာန်မှာအသက်(၄၅)နှစ်
ခန့်ရှိ အရပ်အမောင်းထွားကျိုင်းသော
လူတစ်ယောက်၏ပုံဖြစ်၍ အကြမ်းဖျဉ်း
အားဖြင့် ရုပ်ကောင်းရှိသူတစ်ယောက်
ပုံပေတည်း။ အရုပ်မှာ မျက်နှာကသာ
လူနှင့်တူသည် မဟုတ်။ မတ်တတ်ရပ်
နေပုံနှင့် ခြေလက်အနေအထားတို့မှာ
လည်း ပကတီလူကဲ့သို့ အချိုးအစား
လှပေ၏။အရုပ်ကိုလူပကတိနှင့်ပို၍
တူစေရန် မီးခိုးရောင်သက္ကလတ်တိုက်ပုံ
ရင်စေ့အင်္ကျီနှင့် မန်ကျည်းစေ့ကွက်
လုံစည်ကွင်းကိုလည်းကောင်။ ခြေတွင်
ခြေအိတ်နှင့် သာ၊ရေနောက်ပိတ်ကို
လည်းကောင်း ဝတ်ဆင်ထားသည်ဖြစ်
ရာ ရုတ်တရက် ကြည့်လိုက်လျှင်မှု လူ အစစ်ပင်အမှတ်တမဲ့ထင်ရလေ၏။ “သိပ်ပြီးလူနဲ့တူတာပဲနော်။အများကြီး ချီးမွမ်၊လောက်တဲ့လက်ရာပဲ” “ဟုတ်တယ် – အစ်ကိုကြီးရဲ့၊ ဒီ အရုပ်ကို ကြည့်ပြီး ဆွဲရမှာပဲ”
မောင်ထွန်းမြတ်မှာဦးခေါင်းကိုပင် ညိတ်လိုက်ရသော်လည်း ပုံဆွဲရန် စိတ် မပါလှသကဲ့သို့ ရှိနေ၏။
“ဘယ်နေရာမှာဆွဲဖို့ စီစဉ်မလဲ-
အစ်ကိုကြီး
“အပြင်ခန်းကိုယူပြီး ဘွဲ့ရရင် မကောင်းဘူးလား”
“ဤကဲ့သို့ ပြောလိုက်ခြင်းမှာ ဤ
အခန်းထဲတွင် မိမိ တစ်ယောက်တည်း
မဆွဲလိုဘဲ ကျယ်ဝန်းသောအပြင်ဧည့်
ခန်းသို့ယူ၍ ရေးဆွဲရန် အကြံနှင့် ပြော
လိုက်ခြင်း ဖြစ်သည်။
“ဒီမှာလည်း အကောင်းသားပဲ အစ်ကိုကြီးရဲ့ မှန်ပြတင်းတွေ ဖွင့်ထား ရင် လင်းပါတယ်၊ အပြင်မှာဆိုတော့ အယူရအပြုရလည်းခက်တယ်၊ပြီးတော့ ဧည့်သည်စောင်သည်တွေလာရင်”
“ဒါဖြင့်-ဒီမှာပဲဆွဲတာပေါ့လေ”ဟု
မောင်ထွန်းမြတ်မှာ နောက်ဆုံးပြော
လိုက်ရလေ၏။
မိမိမြသည်လေးထောင့်စားပွဲတစ် လုံး။ကုလားထိုင်နှစ်လုံး၊ တိုလီမိုလီတင်
ရန် စားပွဲဝိုင်းကဖလေးတစ်လုံးတို့ဖြင့်
သဘောအတိုင်းရေးဆွဲနိုင်ရန်နေရာကို
ပြင်ဆင်၍ပေးစေ၏။၎င်းနောက်အစေခံ
တစ်ယောက်သည် ရေထည့်သော ဖန်
ရွက်နှင့် ငွေစီးကရက်ဘူးကို စားပွဲဝိုင်း
ပေါ်၌တင်ထားလေသည်။

“ကိုင်း-စပြီး ဆွဲပေတော့ အစ်ကို
ကြီး။ကျွန်မအနားမှာနေရင်အစ်ကိုကြီး မှာသမာဓိမရဘဲရှိနေမယ်”ဟု ပြောဆို ကာအခန်းပြင်သို့ ထွက်သွားလေ၏။ မောင်ထွန်းမြတ် ရွက်ထည်ဖျင် လိပ်ကိုဖြန့်လျက်ကားကြက်ကာအရုပ် ၏အတိုင်းအထွာ၊အချိုးအစားကိုကြည့်
ပြီးလျှင် ရွက်ထည်ပေါ်တွင်ခဲတံအမည်း
ဖြင့် စ၍ ရေးဆွဲလေ၏၊ ဤအတွင်း၌
ကော်ဖီလာ၍ပို့သော မိန်းမပျို၏
အကြောင်းကို တစ်ခါတစ်ရံ စိတ်ကူ၊မိ
သော်လည်းမည်သည့်နေရာတွင်တွေ့ခဲ့
ဇူးကြောင်း အစ ရှာမတွေ့နိုင်သဖြင့်
နောက်ဆုံး၌လက်လျှော့လိုက်ရ၏။
အခန်းတစ်ခုလုံးသည် လွန်စွာ
တိတ်ဆိတ်လျက်ရှိပြီးလျှင် အိမ်သူအိပ်
သားများ၏ အသံများကို မကြားရဘဲ
တစ်ခါတစ်ရံလမ်းပေါ်မှ ဖြတ်သန်းသွား
လာသောကားသံများသာလျှင် ထိတ်
ငြိမ်သောအခန်းကိုအသက်သွင်းလိုက်
သကဲ့သို့ ရှိစေ၏။ အရုပ်၏ အောက်ပိုင်း မှာ ခါးဦးထိ အကြမ်းလောင်းပြီဖြစ်၍ မောင်ထွန်းမြတ်သည် မျက်နှာပိုင်းရှိ မျက်ခုံးမျက်လုံ၊ နှာတံ၊ ပါးစပ် စသော

အရေးကြီးသော နေရာများကို အသေး စိတ်မှတ်သားရပြန်၏။
ဤသို့ မောင်ထွန်းမြတ် သည် အရေးကြီးသော အစိတ်အပိုင်းများကို တစ်ရပြီးလျှင်တစ်ခု ကြည့်ရှုရေးဆွဲ
လျက်ရှိစဉ်အရုပ်၏မျက်လုံးတစ်ဖက်မှ
မျက်တောင်သည် ဖျတ်ခနဲ ခတ်လိုက်
သကဲ့သို့ မှတ်ထင်ရသဖြင့် ခဲတံကိုပင်
လွှတ်၍ချလိုက်မိသဖြင့် ဤမျှလောက်
စိတ်ချောက်ချားရပါမည်လောဟု မိမိ
ကိုယ်ကိုပင် အပြစ်တင်မိသေး၏။ ထို
အချိန်၌ အိမ်တစ်ခုလုံးမှာ တိတ်ဆိတ်
စွာရှိနေသည်။မိုးဖွဲ့ကလေးများကျလာ
သဖြင့် အိမ်သွပ်မိုးပေါ်သို့ မို။ပေါက်
ကလေးများကျသံကိုပင် ထင်ရှားစွာ
ကြားရလေ၏။ အချိန်မှာ (၂) နာရီထိုး
ရန်(၁၅)မိနစ်မျှသာလိုတော့သည်ဖြစ်
ရာ ညောင်းလည်း ညောင်းညာလှပြီဖြစ်
၍အခန်းပြင်သို့ထွက်ခဲ့လေ၏။ဧည့်ခန်း
၌ကား အိမ်ငိုက်၍နေသော အစေခံ
ကလေးကို တွေ့ရလေ၏။
တစ်ခဏမျှကြာလတ်သော်အခန်း တစ်ခုဆီမှ ခြေသံကြားသဖြင့် ကြည်
လိုက်ရာ မိမိဆီသို့ တစ်လှမ်းချင်းလာ

နေသော မိမိမြကို တွေ့ရလေ၏။ မိမိမြ မှာ အိပ်ရာမှ ထလာဟန်လက္ခာဖြင့်
ဆံပင်ကို ကပိုကရိုပတ်လျက်ထားလ
ရာဤသို့သနပ်ခါးမပျက်တစ်ပျက်မျက်
နာကလေးနှင့် ဆံညွန့်၊ ဆံနွယ်များကျ၍
နေနေသော ဆံထုံးကလေ၊တို့မှာ ပြပွဲ
တွင် မိမိတွေ့ခဲ့ရသောပြုပြင်သပ်ရပ်စွာ
ထားရှိသောရုပ်ထက်ပင်သဘာဝကျကျ
ရှိလှသည်ဟု မောင်ထွန်းမြတ်၏ ပန်းချီ
မျက်စိနှင့် မှတ်ထင်ရ၏။
“ဘယ့်နှယ်လဲ-အစ်ကိုကြီးကို တစ်ယောက်တည်း ပစ်ထားခဲ့တာ
အတော်ပျင်းနေပြီ မှတ်တယ်” “မပျင်းလှပါဘူ။” “တော်တော်ပြီးသွားပြီလား”
“ဟုတ်ကဲ့ – အကြမ်းဖျဉ်းတော့
ပြီးပြီဆိုပါတော့။ နောက်တနင်္ဂနွေနေ့မှာ
ကြည့်ပျော်ရှုပျော် ရှိပါပြီ”
“အစုကာမကြည့်ရဘူးလား”
“ဟင့်အင်း – ရုနယ်ကြည့်လို့” “ဘာပြုလို့လဲ”
“မပြီးခင် ဗမာမမြင်စေနဲ့လို့ဆိုတာ
မကြားဖူးဘူးလာ၊”
“ဟဲ-ဟဲ-အဲဒါကြောင့်လား”

ထိုနေ့မှစမောင်ထွန်းမြတ်နှင့်မိမိမြ
တို့မှာ တစ်ယောက်နှင့်တစ်ယောက်
ရင်းနှီးသည်ထက် ရင်းနှီး၍လာခဲ့ရာ
မောင်ထွန်းမြတ်မှာ မိမိမြအိမ်သို့ တနင်္ဂ
နွေနေ့မဟုတ်သော အခြားနေ့များ၌ပင်
လာရောက်လည်ပတ်ခဲ့လေ၏။တစ်နေ့
သ၌ မောင်ထွန်းမြတ်သည် မိမိမြနှင့်
အတူ ဆိုဖာတစ်လုံးပေါ်တွင်ထိုင်လျက်
ရှိရာမှ ၎င်းင်၊က ဝင်းမှည့် သော အဆီ အသားဖြင့် ရွှန်းရွှန်၊အိအိရှိလှသော ကိုယ်ကို စူးစိုက်ကြည့်ရှုကာ ….
“နေပါဦး – မြရဲ့၊ ဝန်ထောက်မင်းပြီး တဲ့နောက်မြနဲ့စပ်တာဘယ်သူတွေလဲ”
“အို-အစ်ကိုကြီးကလည်း ဘာပြု လို့ဒါတွေသိချင်ရတာလဲ၊ စပ်တဲ့လူတွေ ကတော့အများကြီးပေါ့”
“အင်း – စပ်လည်း စပ်ကြပေမှာပဲ။
ရုပ်ကလည်း အအိုသာဆိုရ အပျိုက ရှုံး ပြန်တဲ့ စာလို ဖြစ်နေတာကိုး
“ဒါက ဘယ်လိုအဓိပ္ပာယ်လဲ-
အစ်ကိုကြီး
“အို -မြကလည်းဗျာ၊ သည်ဟာ
တောင် မသိဘူးလား” “မသိဘူး”

“မြကိုလေမြကဖွင့်မပြောရင်ဘယ် သူမျှအအိုမဆိုဘူး။အပျိုထင်မှာပဲ” “မြ-သည်လောက်ပဲ လှသလား
အစ်ကိုကြီးရဲ့”
“လှလည်းလှတယ်၊ပြီးတော့”
“ပြီးတော့ ဘာဖြစ်သလဲ”
“မြ-စိတ်မဆိုးနဲ့နော်”
“မဆိုးပါဘု၊”
“အဟုတ်လား” “အဟုတ်ပါ – အစ်ကိုကြီးရဲ့
“တကယ်နော်”
“အို- အစ်ကိုကြီးကလည်း၊စက်နေ
“လှလည်းလှတယ်။ချစ်စရာလည်း
ကောင်းတယ်။ကိုင်း – သိပြီလား” “ဟင်းနော်- အစ်ကိုကြီး မရိုးသားတော့ဘူး”
ထိုအခါ မောင်ထွန်းမြတ်သည် လူရိုးတစ်ယောက် ဖြစ်သည့်အတိုင်း
အကယ်၍မိမိမြသဘောတူညီကလက် ထပ်၍ ယူပါမည့်အကြောင်း မိမိမြမှာ အချစ်နှင့်ပတ်သက်၍ မစဉ်းစားတတ် သော ကျောင်းသားအရွယ်လည်း မဟုတ်သဖြင့် မိမိ၏မေတ္တာကိုဤကဲ့သို့
အတိအလင်းဖွင့်လှစ်ပြသည်ကို စိတ်
မဆိုးရန်အကြောင်းနှင့် တောင်းပန်ရာ ထိုအချိန်မှစ၍ ၎င်းတို့မှာ သမီးရည်းစား ဘဝသို့ရောက်ခဲ့ကြလေ၏။
နောက်တစ်နေ့၌ မောင်ထွန်းမြတ်
သည် လမ်း (၅၀) ရှိ မိမိတိုက်ခန်းတွင်
မိမိမြအကြောင်းကို စိတ်ကူးလျက် ထို
ညတွင်မိမိမကအိမ်သို့လာရန်ဖိတ်ခေါ်
ထားသဖြင့် မည်သည့်အဝတ်အစားကို
ဝတ်၍သွားမည်၊ မိမိမြနှင့် တွေ့လျှင်
အချစ်နှင့်ပတ်သက်၍ မည်သို့မည်ပုံ
စတင်ပြောဆိုမည်။ စသည်ဖြင့် တွေး
တောလျက်ရှိစဉ် အခန်းတံခါးခေါက်သံ
ကြားရသဖြင့် အစေခံက တံခါးကို ဖွင့်
ပေးလိုက်ရာ တစ်ဖက်တစ်ထည်ကို
ခေါင်းမြီးခြုံ၍ထားသောမိန်းကလေးတပ်
ယောက်သည် အခန်းတွင်းသို့ ဝင်လာ
လေ၏။ အနီးသို့ ရောက်လာသောအခါ
ထိုမိန်းကလေးသည် ဦးခေါင်၊နတဘက်
ကိုဖြုတ်၍ ချလိုက်သောအခါမှ ၎င်းမှာ မိမိမြအိမ်တွင် မွေးစားထားသည် ဆို သော အသန်းဆိုသူ မိန်းကလေးဖြစ်
ကြောင်း သိရလေသည်။
ဦးလေး-ကျွန်မကို မမှတ်မိဘူးလား

“မှတ်မိပါတယ်။ မိမိမြအိမ်က မဟုတ်လား”
“ဟုတ်ပါတယ်။ နို့ပေမဲ့-အရင်က ကျွန်မကို ဦးလေးဘယ်မှာတွေ့ဖူးတယ်
ဆိုတာမမှတ်မိဘူးလား”
“အင်း – ငါလည်းမိမိပြအိမ်မှာမင်းနဲ့
တွေ့တုန်းကအရင်က ဘယ်မှာ တွေ့ဖူ။
ပါလိမ့်မလဲဆိုတာ စဉ်းစားနေမိသေးတယ်”
“သတိမရသေးဘူးလား- ဦးလေး
“မရသေးပါဘူးကွယ်။ မင်းနာမည်ဘယ်သူ”
“အခုနာမည်ကအသန်း၊ ဦးလေးနဲ့ ပထမ(၂၇)လမ်းမှာ တွေ့တုန်းကအမာ
လေ၊ ဦးလေး- ကျွန်မကိုကယ်ပြီးကယ် ဆယ်ရေးတပ်ကို ပို့လိုက်တာ မမှတ်မိ တော့ဘူးလား – ဦးလေးရဲ့”
“အေး- ဟုတ်တယ်ဟေ့။ခုမှသတိ ရတယ်။ ကိုင်း- ပြောပါဦး။အခုဘယ်က
လာတာလဲ”
“မမကရေကျော်ကိုကိစ္စရှိလို့ ခိုင်း
လိုက်တာ၊အဆင်သင့်လို့ ဦးလေးဆီကို ဝင်လာတာ
“ဦးလေး ဒီမှာနေတာ ဘယ် နယ်သိသလဲ”
“မမကိုပေးခဲ့တဲ့ ဦးလေးကတ်ပြား
ကလေ။ကျွန်မ အတွေ့သားပဲ။နေပါဦး-
ဦးလေးက မမကိုလက်ထပ်ဖို့ကတိမပ။
ပြီးပြီမဟုတ်လာ။”
“အေး – ဟုတ်တယ်၊ ဘာပြုလို့လဲ”
“ဝန်ထောက်ကြီ၊ ဦ၊အောင်သင်း သေပြီးတဲ့နောက်၊ သူနဲ့ လာစပ်တဲ့ လူ တွေသူကမယူဘူးလို့ပြောတယ်မဟုတ်လား”
ဧ – ပြောတယ်”
“အဲဒါ-ညာထာ ဦးလေးရဲ့၊ ယောက်ျားမှ နှစ်ဝက်ရှိပြီ။ သူယူတဲ့ ယောက်ျားတွေလည်းအားလုံးသေတာ
“နှစ်ယောက်စလုံးသေသလာ။” “နှစ်ယောက်စလုံး သေတာမှ အိပ်
ရာထဲမှာ။ ဘာဖြစ်တယ် မသိဘူး။ ည
(၁၂)နာရီလောက်မှာသေတယ်။မနက်
ကျတော့လည်ပင်းမှာအညိုအမည်။စွဲလို့
တဲ့။ ကျွန်မတော့ ကိုယ်တိုင်မမြင်ရဘူး။
သူတို့ကိုမြင်ရတဲ့လူတွေကပြောတာပဲ။
ပြီးတော့-ဒီလိုသေရတာသူ့ယောက်ျား
ကြီးက သတ်လို့ဆိုပဲ ဦးလေးရဲ့ ကြံကြံဖန်ဗန်ကွယ်- မဟုတ်နိုင်တာ

“မဟုတ်ဘူး မပြောနဲ့အစ်ကိုကြီး။ သူ့ယောက်ျားကြီးဟာအစ်ကိုကြီးပန်းချီ ဆွဲတဲ့အရုပ်ကိုစွဲပြီးမကျွတ်ဘူးလို့ပြောကြတယ်”
“မယုံပါဘူး-အမာရယ်၊ ဒီဟာမျိုး
တွေ့ဦးလေးဘယ်တော့အယုံအကြည်မရှိဘူး”
“ကျွန်မအပေါ်မှာ ဦးလေး ကျေးဇူး
အများကြီးရှိတယ်၊ ဒါကြောင့် – ကျွန်မ
သိသလောက် ဦးလေးကို လာပြီးသတိတာ
“အေးကွယ် – ကျေးဖူးတင် ပါ
တယ်။ ကိုင်း- ပြန်ပြန်
“ကျွန်မလာတာဗျာ၊ မမသိပါစေ
နဲ့ – ဦးလေ။ရယ်”
“မတော်တာကွယ် – မသိစေရပါဘူး”
“ကိုင်း-ကျွန်မပြန်ဦးမယ်”
မိန်းကလေးပြန်သွားသောအခါမိမိ
အပေါ်တွင်မေတ္တာရှိလှသဖြင့်မိပြသည်
၎င်း၏အဖြစ်အပျက်မှန်များကို ဖုံးကွယ်
ထားကြောင်းများကိုဆက်လက်စဉ်းစား ကာအချိန်ကိုကုန်လွန်စေ၏၊

ထိုည (၉)နာရီအချိန်လောက်၌ မောင်ထွန်းမြတ်သည် မိမိမြအိမ်သို့
ရောက်ခဲ့လေ၏။ တံခါးစောင့် သည်
အပေါ်ထပ်သို့ လမ်းညွှန်လိုက်သဖြင့်
အပေါ်ထပ်သို့တက်ခဲ့ရာဧည့်ခန်းသို့ဝင်
ခါနီးတွင်နောက်မှမိမိပခုံးကိုတစ်စုံတစ်
ယောက်က ကိုင်လိုက်ဘိသကဲ့ သို့
နောက်က ထလိုက်သဖြင့် ပြန်၍ လှည့်
ကြည့်လိုက်လေ၏။ သို့သော်-တစ်စုံ
တစ်ယောက်မျှ မမြင်ရသဖြင့် “ငါ့စိတ်
ထင်လို့ ထင်ပါရဲ့လေ” ဟု စိတ်ထဲက
အောက်မေ့ကာ ဧည့်ခန်းသို့ဝင်သွားရာ
အခန်းတွင်းမှ မိမိအား ဆီးကြိုရန် ထွက်
လာသောမိမိမြနှင့်တွေ့လေသည်။ မိမိမြ
မှာသနပ်ခါ၊ရေကျဲကလေးကိုပေါင်ဒါဖြင့်
လိမ်၊ကျံကာ ပဒုမ္မာအပါးစာ၊အင်္ကျီနှင့်
ကြက်သွေးရောင်ကို ပိုးတွန့်လုံချည်ကို
ဝတ်ဆင်ထားရာ အင်္ကျီနှင့် လုံချည်မှာ
ချပ်ချပ်ရပ်ရပ်ရှိလှသဖြင့်ကိုယ်၏အချိုး
အစားကိုပို၍ထင်ရှားစေ၏။ ဆိုဖာပေါ်၌
ထိုင်မိကြသောအခါ မောင်ထွန်းမြတ်
သည် မိမိပြ၏ လက်တစ်ဖက်ကို ယုယ
စွာကိုင်ဆွဲလျက် .. “မြသိပ်ချောတာပဲနော်”
“သည်လောက်ပဲလာ၊- အစ်ကိုကြီးရယ်”
“အစ်ကိုကြီးပြောတာနည်းတောင်
နည်းသေးတယ်”
မိမိကြသည်ဓာတ်မီးရောင်အောက် တွင်ခပ်စောင်းစောင်း။ခပ်လန်လန်ထား
ကာ လက်တစ်ဖက်ကို ဦးခေါင်းနောက်
သို့လျှို၍ဆိုဖာနောက်မှီကိုမှီလျက်ရှိ၏။
ထိုအခါ မို့မောက်သော ရှင်သည် ပို၍
မို့မောက်လျက် ဆိုဖာပေါ်သို့ ကျလျက်
ရှိသော ကိုယ်၏ အောက်ပိုင်းမှာလည်း
တင်းကျပ်စွာမရှိဘဲ လွတ်လပ်စွာ ရှိနေ
သည်ဖြစ်ရကား စွင့်စွင့်ကားကားရှိသော
တင်ပါးနှင့်ပေါင်များမှာသဘာဝအတိုင်း
နေသားတကျ ရှိနေကြကုန်၏။ မောင်
ထွန်းမြတ်သည် လက်ကိုဖြည်းညင်းစွာ
ပွတ်သပ်လျက်ရှိရာမှ တင်းကျပ်စွာ
ဆုပ်ကိုင်ပြီးနောက် မိမိမ၏ တစ်ကိုယ်
လုံးကိုခါးဆီမှပွေ့ကာပျက်နာချင်းအပ်၍
ထားလိုက်လေ၏။
“မြ-အစ်ကိုကြီးကို ချစ်တယ်နော်”
“ချပ်တာပေါ့ အစ်ကိုကြီးရဲ့ “လာပါ မြရယ်။ အိပ်ခန်းထဲ သွား
ရအောင်၊ ဒီမှာမကောင်းပါဘူး”

“သွားလေ”
မောင်ထွန်းမြတ်သည် မိမိမြစ် ခါ၊
အောက်ဆီသို့ နောက်မှလက်ဖြင့် သိုင်း
၍ ပွေ့ဖက်ကာ ပိပိပြ၏အိပ်ခန်းသို့ ဝင်ခဲ့ကြ၏။
“အခန်းတံခါးကို မပိတ်တော့ဘူးလား-မြ”
“ကိစ္စမရှိပါဘူ။ အပေါ်ထပ်မှာ
ဘယ်သူမျှ မရှိပါဘူး။ မြနဲ့ အစ်ကိုကြီးနဲ့
နှစ်ယောက်တည်းပါ” “ဟိုသူငယ်မကာ”တယ်”
“ပွဲကို သူ့အဒေါ်နဲ့ ထည်လိုက်
အခန်းတွင်း၌ကား မရမ်းစေ့ရောင်
ဓာတ်မီးလုံးကလေးတစ်လုံးသာ ထွန်း ညှိထားရာတစ်ယောက်အိပ်ကြေးခုတင်
ပေါ်တွင် နံ့သာရောင် အိပ်ရာခင်းသည်
ထူသောမွေ့ရာကိုဖုံးအုပ်၍ထား၏။
မိမိပြသည် ကြေးရတင်ပေါ်တွင် ခပ်
စောင်းစောင်းတင်ပါးလွှဲထိုင်လေရာ
မောင်ထွန်းမြတ်လည်းအသားချင်းကပ်
၍ထိုင်လိုက်ပြီးလျှင် ယခင်ကထက် မီမီ မြ၏ ကိုယ်ကို တင်းကျပ်စွာ ဖက်ထား လေ၏။ ထို့နောက် မောင်ထွန်းမြတ်၏ နှာခေါင်းသည် မိမိမြ၏ ပါးပြင်ဆီသို့
ရောက်ကာ မိမိပြ၏ကိုယ်မှ သနပ်ခါးနံ့၊
ပေါင်ဒါနံ့၊ ကော့(စ)မတပ်နှင့် ရေမွှေးနံ့
များသည် အတွေ့ဓာတ်ကို ပို၍အားပေ။
သည့်အလားတစ်ယောက်အငွေ့အသက်
ကိုတစ်ယောက်အစွမ်းကုန် ခံစားလျက်ရှိလေ၏။
ထိုအချိန်၌ မိုးသည် သည်းထန်စွာ
ရွာ၍လာလရာသွပ်ပုံ။ပေါ်သို့ကျသော မိုးဇပါက်သံများသည် မှန်ပြတင်းဆီသို့
တိုက်ခတ်သောလေသံများနှင့် ရောစပ်
ကာ တဝုန်းဝုန်၊ တဒိုင်းဒိုင်း မြည်ဟည်း လျက် ရှိလေ၏။ မောင်ထွန်းမြတ်နှင့်
မိမိမြတို့မှာ တစ်ယောက် လည်ပင်းကို
တစ်ယောက် တင်းကျပ်စွာ ဖက်ထား၏။
“မြကိုအဟုတ်ချစ်ရဲ့လား- အစ်ကို
“အို” ဘယ့်နယ်ပြောပါလိမ့်မြရယ်။ အခု သိပြီမဟုတ်လား။ မြကကော အစ်ကိုကြီးကို ဝန်ထောက်မင်းထက်ပိုပြီး
“အစ်ကိုကြီးကလည်းဒီအကြောင်း
ချည်၊ ထည့်ပြောနေတာပဲ၊ ဟိုတုန်၊
ကတော့ ရပ်ခဲ့ဖူးတာပေါ့
“အခုကော မဝသေးဘူး မဟုတ်လား”
“နေ့ပါပြီ”
“နို့ – ဘာပြုလို့ ပုံတူအဆွဲခိုင်းသေး သလဲ။ အရုပ်ကြီးကာ ဘာပြုလို့” ထိုက၌ အခန်းအပြင်ဘက် ဧည့် ခန်းဆီမှ ခြေသံကဲ့သို့ တရှပ်ရှပ် အသံ
များ ကြားရသဖြင့် နှစ်ယောက်သား နား
ပွင့်၍ ထောင်မိကြ၏။ မောင်ထွန်းမြတ်
သည် ခါးတွင်ထိုးထားသော သေနတ်
ကိုပင်စမ်းသပ်မိသေး၏။ သို့သော်တစ်
ယောက်ကိုတစ်ယောက် တစ်စုံတစ်ရာ
မပြောဘဲ မိမိပြသည် မောင်ထွန်းမြတ်
အား ယခင်ကထက် တင်းကျပ်စွာ ဖက်
ထားလေသည်။ သို့သော်- ခြေသံသည်
မရပ်ဘဲအခန်၊ဝဆီသို့ရောက်လာသဖြင့်
နှစ်ယောက်စလုံ၊ပင် အခန်၊ဝဆီသို့
ကြည့်လိုက်မိ၏။ ကန့်လန့်ထိုး၍ မထ ား
သောတံခါးမှ တံခါးရွက်များသည် လေ
မတိုက်ဘဲ အတွင်းဘက်သို့ တဖြည်း ဖြည်း ပွင့်လာသည်ကို မြင်ကြရလေ၏။ မောင်ထွန်းမြတ်သည် ခုတင်ဘေးတွင် မတ်တတ်ရပ်လိုက်၏။
ထိုခဏ၌ပွင့်၍နေသောတံခါးဆီမှ လူ၏ပုံသဏ္ဌာန်တစ်ခုသည်အခန်းတွင်း
သို့ တရွေ့ရွေ့ဝင်လာရာ မှေးမှိန်သော

ခရမ်းရင့်ရောင်မီးဖြင့် သဲကွဲစွာ မမြင်ရ
သော်လည်းလူ၏အရိပ်ကိုကားကောင်း
စွာမြင်ရသဖြင့်နှစ်ယောက်စလုံးကြက်
သေ သေလျက်ရှိကြ၏။ ထိုခဏ၌ မို၊
သည်သည်းထန်သည်ထက်သည်းထန်
၍လာပြီးလျှင် မိုးခြိမ်းသံနှင့်အတူ လျှပ်
စစ်ရောင်တစ်ခုသည် ခေါင်းရင်းပြတင်း
ပေါက်တစ်ခုမှဝင်လာရာအခန်းတွင်းသို့
ဝင်လာသော လူရိပ်ကြီး၏ ပုံသဏ္ဌာန်
ပေါ်သို့ တည့်တည့်ကြီး ရောက်သွား
သဖြင့် လူဆိုးနှင့် သေနတ်ချင်းယှဉ်ပြိုင်
ပစ်ရန်ဦးမလေးခဲ့သောမောင်ထွန်းမြတ်
ပင် ပါးစပ်ကို ဟကာ ကြက်သေ သေ လျက် မိမိပြမှာမူကာ၊ အောင်မယ်လေ။ ဟု တစ်ချက်မျှသာ အော်နိုင်ပြီးလျှင် သတိလစ်၍ သွားလေ၏။ အဘယ်
ကြောင့်ဆိုသော် လူရိပ်မည်းကြီးကား
အခြားမဟုတ်၊ တစ်ဖက်ခန်းတွင်ထား
သောဝန်ထောက်မင်း၏ပုံတူရုပ်ကြီးဖြစ်
နေသာကြောင့်တည်း။ ထိုခဏ၌ကား
မောင်ထွန်းမြတ်၏ ခြောက်လုံးပြူးသေ
နတ်မှ ကျည်ဆန် ဒိုင်း-ဒိုင်၊- နှစ်ရက်
ဆင့်၍ ထွက်သွားလေပြီ။
သေနတ်သံနှင့်အတူ အရိပ်ကြီး
လည်း ပျောက်ကွယ်၍ သွားပြီးလျှင်
အခြားတစ်ဖက်ခန်းမှ ကြမ်းပေါ်သို့ ဗုန်း
ခနဲ တစ်စုံတစ်ရာ လဲကျသွားသကဲ့သို့
ကျသံတစ်ခုကို ကြားရလေ၏။ မောင်
ထွန်းမြတ်ကမျက်နှာကိုရေဖြင့်ပက်ဖျန်း
ပေးခြင်း၊ နာမှုတ်၍ပေ၊ခြင်း၊ ယုယပိုက်
ထွေးခြင်းဖြင့် မိမိမြသည် သတိရလာပြီး
နောက်နှစ်ယောက်သားအိမ်ရှေ့ခန်းသို့
ထွက်၍ ဓာတ်မီးများကို ဖွင့်ပြီးလျှင်
အစေခံ ဘိုးထွန်းကို အော်ခေါ်လေ၏။
အစေခံဘိုးထွန်းသည် လက်တွဲမီး
အိမ်နှင့် တုတ်တစ်ချောင်းကို ကိုင်ပြီး လျှင် အိမ်ပေါ်သို့ တက်လာခဲ့ရာ မောင်
ထွန်းမြတ်လည်း ၎င်းနှင့်အတူအရုပ်ကြီး ထားရာ အခန်းတွင်းသို့ သွားရောက် ကြည့်ရှုရာ ကြမ်းပြင်ပေါ်တွင် မှောက် လျက်လဲနေသော အရုပ်ကြီးကို တွေ့ရ
သဖြင့် အံ့အားသင့်လျက် ရှိလေ၏။ ထို့ ထက်အံ့ဩဖွယ်ကောင်းသောအရာမှာ ကား အရုပ်ကြီးကို
ပြန်၍ထောင်လိုက် သောအခါ အရုပ်၏ ရင်ဘတ်တွင်
သစ် သားမှာကွဲအက်ပြီးလျှင်ဧသနတ်ကျည်
ဆန် နှစ်ခုစလုံးပင် အတွင်းသို့ စူးဝင်နေ သည်ကို
တွေ့ရခြင်းဖြစ်လေသည်။ ထို
အခါမှ မောင်ထွန်းမြတ်လည်း
မိမိအား အမာသတိ။သွားသောစကားများကို
ကောင်းစွာအမှတ်ရလေသည်။
နောက်တစ်နေ့၌ မောင်ထွန်းမြတ်
နှင့် မိမိမြတို့သည် ဤအကြောင်းကို

လူသူလေးပါး မသိစေဘဲ ဝန်ထောက်
ဦးအောင်သင်း၏ အရုပ်ကြီးကို ပုဆိန်
ဖြင့်အစိတ်စိတ်အမြွာမြွာခွဲစေရန်အစေ
ခံ ဘိုးထွန်းအား အမိန့်ပေးလိုက်လေ
သတည်း။