လက်ကောက်အစွဲ

ကိုဂွတို ရှာလကာရည်သွားယူနေတုန်း ကျုပ်လည်း အိမ်အောက်လှေကားနားက ရေအိုးထဲမှ ရေတစ်ဖလား ခပ်ယူလိုက်တယ်။
ရှာလကာရည် ရောက်ပြီဆိုင်ရင်ပဲ ရေနှင့်ဆတူရောစပ်လိုက်ပြီး
မဝိုင်းစိန်ကို ပူးကပ်နေတဲ့ သရဲမကို…

”ဟဲ့ သရဲမ…နင့်ကိုနောက်ဆုံးအကြိမ်ငါမေးမယ်…နင်နောက်ကိုမနှောက်ယှက်ပဲ အေးဆေးထွက်သွားမလား ဒါမှမဟုတ် ငါဒါဏ်ခတ်ပေးရမလား….”

”ဟား…..ဟား…ဟား…ဆရာယောင်ယောင် ဘာယောင်ယောင်အကောင်…နင့် လက်ထဲက အရည်တွေကို ငါကြောက်မယ်ထင်လား ငါ့ကိုလာမခြောက်နဲ့ ..ငါသူ့ကိုသတ်ပြီးမှဒီကထွက်မယ်…ဟား…..ဟား.ဟား”

ဆိုကာ သရဲမဟာ လုံးဝမာန်မချပဲ မရပ်မနားဆိုသလိုလှောင်ရယ်နေခဲ့တယ်။ ကျုပ်လည်း ဒေါသထွက်သွားပြီး

”တယ်…ဒီလောက်တောင်ခေါင်းမာတဲ့ သရဲ…ရော့ ….ဗုဒ္ဓစက်”

”အား…ပူတယ်…”

”ရော့….. ဓမ္မစက်”

”အံမလေး….ပူလိုက်တာ”

”ရော့…..သံဃာ့စက်”

”အား…ပူတယ်ပူတယ်….အား”

ဆိုပြီး ​အော်ဟစ်နေရင်း ဝိုင်းစိန်မှာ ထိုင်လျှက်သားမှခွေခွေလေး လဲကျသွားတော့တယ်။

အဲ့သည်တော့မှကျုပ်လည်း ရှာလကာရည်ခွက်လေးအား အသာအယာ ချပြီး မဝိုင်းစိန်အား ထူပြီးနှိပ်နယ်ပေးလိုက်ရာ ပဂတိအတိုင်းပြန်လည်သတိရလာခဲ့တယ်။

ထိုတော့မှ ကိုဂွတိုလည်း

” ဝိုင်းစိန်…သတိရလာပြီလား… နင်သရဲကပ်ပြီး သောင်းကျန်းနေလို့ ဒီကကိုရင်သာလှတို့နဲ့ထားခဲ့ပြီး ငါ ဘုန်းကြီးကျောင်းက ထူးအောင် ကိုသွားခေါ်လာတာ….တော်သေးတာပေါ့ ပြန်သတိရ လာလို့….”

”ရေ…ရေတစ်ခွက်လောက်အရင်ပေးစမ်းပါ ကိုဂွတိုရယ်…”

”ရော့ရော့….ဒီမှာရေ…”

ဆိုပြီး ကိုသာလှတစ်ယောက်ရေတစ်ခွက်အားလျှင်မြန်စွာခပ်ပေးလိုက်တယ်။

” ရော့…ဝိုင်းစိန်…ဖြေးဖြေးသောက်နော်…”

ဝိုင်းစိန်တစ်ယောက် ရေသောက် အမောအပမ်းဖြေပြီးတော့မှ

” ဒီက…အစ်ကို က အရင်ကလည်း ညီမကို ကူညီပေးဖူးတယ်နော်…”

”ဟုတ်ပါတယ်ဗျ…အရင်တုန်းက ဒီလောက်ဆိုးလိမ့်မယ်မထင်လို့ သိပ်ဝင်ပုတီးနဲ့စွပ်ပြီး သရဲပဲထုတ်ပေးလိုက်တာ…ဒီလိုဆိုတော့လဲ ဒီသရဲမက တော်တော်ဆိုးဆိုးပဲဗျ…”

”ဟုတ်ပါတယ်…ဘာတွေဖြစ်နေမှန်းကိုမသိပါဘူး ဆရာရယ်…
ဒီလိုမဖြစ်ခင်ကဆို အိပ်မက် တွေထဲ လာလာပြီး ကျွန်မလည်ပင်းကို ညှစ်ညှစ်နေတာ ဆရာရယ်…
ကျမက ကိုဂွတို ကို ပြောပြရင် သူက စိတ်စွဲလမ်းလို့ ဖြစ်မယ် ဘာမှမဖြစ်ပါဘူး အဲလိုပြောတာနဲ့ကျွန်မလဲ အေးဆေးပဲနေ နေတာ… အခုနောက်ပိုင်းတော်တော်ဆိုးလာတယ်…ကျွန်မကြောက်လိုက်တာ ဆရာရယ်…”

ဆိုပြီး မဝိုင်းစိန်က အားငယ်နေဟန်ပြောလာတော့ ကျုပ်လည်းအေးဆေးတဲ့အသံနှင့်

”မကြောက်ပါနဲ့ဗျာ…. အနာသိရင် ဆေးရှိပါတယ်…အစ်မကိစ္စကိုကျွန်တော်အပြီးအပြတ် ကူညီပေးမှာပါ”

ဟုပြောလိုက်တယ်။ ထိုတော့မှ မဝိုင်းစိန် ၏မျက်နှာမှာ ရွှင်လန်းလာပြီး အားကိုးဟန်ပါသောလေသံဖြင့်

”ကျေးဇူးတင်လိုက်တာ ဆရာရယ် ဆရာ့ကို အားကိုးပါတယ်
လောလောဆယ် ဆရာ အခါးရည်လေးသောက်ပြီး အနားယူပါအုံး…ကျွန်မ အခါးရည်ထည့်ခဲ့မယ်နော်…. ဒီမနက်တော့ဒီမှာ ပဲ ထမင်းစားသွားပါဆရာနော်…ကျွန်မကျေးဇူးဆပ်ချင်လို့ပါ”

ဆိုပြီး အိမ်ခန်းထဲပြေးဝင်သွားလေတယ်။ ကျုပ်လည်း

” ရပါတယ် အေးဆေး လုပ်ပါဗျာ….”

” ဘယ်ဟုတ်မလဲ ဆရာရဲ့ ကျေးဇူးတရားဆိုတာသိတတ်ရမှာပေါ့”

ဟုဆိုကာ မဝိုင်းစိန်တစ်ယောက် အခန်းထဲမှ အခါးရည်ဗန်းအားယူကာ ခပ်သွက်သွက်လေးပြန်ထွက်လာတယ်။

”ကဲ အခါးရည်လေးသောက်ပြီး ခနစကားပြောနေအုံးနော် ဆရာ ကျွန်မ ဟင်းလေး ကပျာကသီ ချက်လိုက်အုံးမယ်…”

”ဟုတ်ပါပြီဗျာ…”

ကျုပ်လည်းအခါးရည်အိုးယူပြီးအခါးရည် ငှဲ့သောက်လိုက်တယ်။
အခါးရည်ပူပူလေးအားမှုတ်သောက်ရန်ပြင်နေတုန်း ဘေးမှ ကိုဂွတိုကြီးက

” မိဝိုင်းစိန်တို့များ… အခုကျတော့ သူမဟုတ်သလိုပါပဲလား…ဒါနဲ့ ငါ့ညီ…အဲ့ ဆရာ…. ”

” ဟာဗျာ…ခေါ်တတ်သလိုခေါ်စမ်းပါ ခင်ဗျားကလည်း မသိတဲ့လူကျနေတာပဲ…”

” ဟာ….ဘယ်ဟုတ်မလဲဗျ…ဒီကငါညီက အစ်ကို့မိန်းမကိုကယ်ထားတော့ ဆရာလေးပေါ့ဗျာ… ဆရာလေးပဲခေါ်မယ်…သရဲမကို ရှာလကာရည် နဲ့ပက်တဲ့ကိစ္စလေး ပြောစမ်းပါအုံးဗျ
ဗဟုသုတလေးရအောင်လို့….”

အဲ့သည်လို ကိုဂွတိုမှမေးလာရင်ပဲ

” ဟာ…ဟုတ်တယ် အဲ့ဒါ ဘယ်လို လဲ ပြောစမ်းပါအုံး ထူးအောင်ရ ငါတို့လည်း ဗဟုသုတအနေနဲ့ သိချင်လို့…”

ဆိုပြီး ဘေးမှလူတစ်စုကပါဝိုင်းမေးကြတော့ကျုပ်လည်း ဗဟုသုတရစေချင်လို့

”ဪ….ဒါလား ကျုပ်ကို မွေးစားထားတဲ့ ကပ္ပိယကြီးက
ဂမ္ဘီရပညာတွေတော်တော်စုံစုံ တတ်ထားတယ်ဗျ… ကျုပ်ကို အသက်၂၀လောက်ကတည်းက
အခုချိန်ထိ ဗေဒင်ယတြာတွေနဲ့ ဂမ္ဘီရပညာတွေ တိုးတိုးတိတ်တိတ် သင်ပေးလာခဲ့တာဗျ…ဒီအတတ်ပညာတွေထဲက သရဲကို နိုင်စေတဲ့ ဓာတ်သဘောနည်းတစ်နည်းဗျ…ရှာလကာရည် ကတော်ရုံတန်ရုံသရဲတွေကြောက်ကြတယ်ဗျ… အိမ်တွေမှာ သရဲတစ္ဆေမလာနိုင်အောင် ရှာလကာရည်နှင့်ရေ ဆတူရောစပ်ပြီး ဘုရားဆောင် အောက်ခြေကနေ ဇီးခက်နှင့် အိမ်အနောက်ဘက်ကို တောက်လျှောက်ပက်ချလာခဲ့ အိမ်တစ်ပတ်ပြည့်တော့မှအပေါက်ဝကနေ အရှေ့ကို သုံးချက်ပေါက်ချ သရဲအိမ်မှာမနေနိုင်ဘူးတဲ့ဗျ…အဲ့တာဂမ္ဘီရ ပညာတစ်ခုပဲဗျ…”

ဆိုပြီး ကျုပ်လည်း သိသလောက်ရှင်းပြလိုက်တော့တယ်။

ထိုတော့မှ ကိုဂွတိုနဲ့ ရွာသားများလည်း အားရဝမ်းသာဖြင့်

” တော်တော် အသုံးဝင်တဲ့နည်းပဲဗျ…အိမ်မှာအဲ့သည်လိုလုပ်ကြည့်အုံးမှပဲ ဆရာလေး ခြံထဲရောပက်လို့ရလား…”

” ရပါတယ်…ခုဏကပြောသလို ​ေခါင်းရင်ဘက်ကသာစပြီးပက်
ခြံအဝရောက် မှ အရှေ့ကို သုံးချက်ပေါက်လိုက်… ဘာသရဲမှမလာနိုင်ဘူး…ဘုရားဂုဏ်တော်ရွတ်ပြီး
လုပ်ရင် ပိုကောင်းတာပေါ့..”

” ကျေးဇူးပါပဲဗျာ…. အခုလိုသိထားတော့ လိုအပ်လာရင် အသုံးတည့်တာပေါ့….”

” ဒါနဲ့…. ဆရာလေးက အသက်ဘယ်လောက်ရှိပြီလဲ..”

ကိုသာလှဆိုသူမှ ကျုပ်အသက်ကိုမေးလာခြင်းတယ်။

” ကျုပ်အသက်က ၂၅နှစ်ပါ… ”

” ဪ…ငယ်သေးတာပဲ…ဟို..တစ်ခုလောက်မေးမယ်နော်ဆရာလေး စိတ်မဆိုးဘူးမလား….”

” မေးပါဗျာ စိတ်မဆိုးပါဘူး…..”

” ဆရာလေးက ဘုန်းကြီးကျောင်းမှာ ငယ်ငယ်လေးတည်းက နေလာတာမလား …နောက် ကပ္ပိယကြီးက မွေးစားထားတာဆိုတော့
မိဘအရင်းတွေရော မရှိကြတော့ဘူးလား…”

ထိုကဲ့သို့ကိုသာလှမှ မေးလေတော့ ကိုဂွတိုလည်းစကားဖြတ်ပြီး

” ဟာ…ကိုသာလှ ကလဲ ဆရာလေးကို အားနာစရာဗျာ ဘာတွေမေးနေတာလဲ…”

လို့ လျှင်မြန်စွာ ကာပြောလိုက်တယ်။
ကျုပ်လည်း ကံငါးပါးကိုစောင့်ထိန်း၍ ပွင့်လင်းမြင်သာသူပီပီ

” ဟာဗျာ… ကိုဂွတိုရယ် ကိုရင်သာလှဘာစိတ်မှမရှိပါဘူး….သူသိချင်လွန်းလို့မေးတာနေမှာပါ….ကျုပ်လည်းလဲမိတ်ဖြစ်ဆွေဖြစ် အားလုံးကို ကျုပ်ဘဝအကြောင်းလေးပြောပြပါ့မယ်…

ကျုပ် ဘဝအကြောင်းက ဒီလိုဗျ…..

( ၁၃၆၁) ခုနှစ် နယုန်လပြည့်နေ့ စနေနေ့ဖြစ်သည်။
လက်ပံကုန်း၊ဇီးကုန်း၊သာယာကုန်းကျေးရွာသုံးရွာ၏ ဂွဆုံကျသော ယခု သုံးခွဆိုင်ကျောင်းတော်ကြီး တွင်ဆရာတော်ဥူးသုမဏ တစ်ပါးတည်းဆိုသလိုသီတင်းသုံးသောကျောင်းဖြစ်ပေသည်။ ဆရာတော်ကြီးနှင့်အတူ မိတ်ဆွေဖြစ်သော ကပ္ပိယကြီးဦးသာဝဆိုသူလည်းနေထိုင်ကြသည်။ ကပ္ပိယကြီးသည် ဂမ္ဘီရအတတ်ပညာဖြင့်နယ်လှည့်ဆေးကုသနေသောနာမည်ကြီး ဂမ္ဘီရပညာရှင်တစ်ဦးဖြစ်ပေသည်။

ထိုလပြည့်နေ့ည သန်းခေါင်ယံအချိန်တွင် ကျောင်း၏အနောက်ဘက်တောထဲသို့ လူနှစ်ယောက်က ကလေးငယ်တစ်​ယောက်ကိုလာရောက်စွန့်ပြစ်ခဲ့ကြသည်။ ကျောင်းအနောက်မှ ကလေးငိုသံကြားသဖြင့် ဆရာတော်ဘုရားလည်း ကပ္ပိယကြီးကိုခေါ်ရင်း သွားရောက်ကြည့်လိုက်ရာ ပုဆိုးတထည်ဖြင့်ထုပ်ထားသော မွေးကင်းစကလေးကိုတွေ့လိုက်ရသဖြင့် ကျောင်းပေါ်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ထူးအောင်ကသူ့ဘဝဇာတ်​ကြောင်းကိုထိုသို့အစဖော်လိုက်ပြီး ကော့စင်းနေသောမျက်တောင်ကိုအမြန်ပုတ်ခတ်လိုက်ကာ

” ကျုပ်ရဲ့မိဘတွေက လာပြီးစွန့်ပြစ်ခဲ့တာဗျ…. ဘယ်အကြောင်းကြောင့်စွန့်ပြစ်ခဲ့လေသလဲတော့ အခုထိမသိရသေးဘူးလေ…ကျုပ်ကိုကပ္ပိယကြီးကပဲ သားအဖြစ်တာဝန်ယူပြီးကျွေးမွေးစောင့်ရှောက်လာခဲ့တာပေါ့… ကပ္ပိယကြီးကကျုပ်(၅)နှစ်သားအရွယ်လောက်ရောက်ရင်ပဲ ဘုရားရှိခိုးနည်းတွေကို နှုတ်တိုက်သင်ပေးခဲ့တယ်ဗျ… ကျုပ်ကိုမွေးစားထားပါတယ်လို့ ကျုပ်အသက်(၂၀ )အရွယ်အထိလုံးဝဖွင့်မပြောခဲ့ဘူးဗျ…နောက်ပြီးကျောင်းဝန်းရဲ့ အပြင်ကိုမထွက်ဖို့ ကလေးတွေနဲ့အတူတူမဆော့ဖို့ အမြဲမှာကြားတယ်…”

” အသက် (၂၀ )အရွယ်အထိ တရားဓမ္မ​တွေ၊အန္တရာယ်ကင်း ဂါထာတော်တွေ၊ပရိတ်တော်တွေကို ပဲ အားရင်အားသလို သင်ပေးတယ်ဗျ…
အကျင့်သီလရှိအောင် ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့မြဲအောင် အစစ အရာရာ သင်ကြားပေးတယ်…အရွယ်လေးရလာလို့တရားသဘောလေးနားလည်လာတော့မှ ကျုပ်ဟာ မိဘတွေက စွန့်ပြစ်ခဲ့သူ ဖြစ်ကြောင်း ကပ္ပိယကြီးဟာဖခင်အရင်းမဟုတ်ကြောင်းရှင်းပြတယ်ဗျ…ကျုပ်လည်းသိသိချင်း ရင်ထဲတော့ ဘယ်ကောင်းမလဲဗျာ….ကျုပ်ရဲ့မိဘတွေဆိုတာသေလား ရှင်လားတောင်မသိရတဲ့ အခြေအနေကြီးကိုးဗျ… တစ်နေ့တော့ မိဘတွေဆိုတာကိုမြင်ချင်မိပါရဲ့ဗျာ…”

ကျုပ်လည်း အတိတ်အကြောင်းပြန်ပြောရင်းအာခြောက်လာတာကြောင့် အခါးရည်လေးအား မော့သောက်လိုက်ပြီး…

” တစ်နေ့ ကျုပ်လည်းအပြင်လောကကြီးကို အနှစ်(၂၀ )ရောက်သည့်တိုင်အောင် မထိတွေ့ဖူးတာကြောင့် အဘကို သာယာကုန်းရွာဘုရားပွဲသွားချင်ကြောင်းပူဆာမိပါရဲ့…”

” အဘ…သား လေ အပြင်ကိုတစ်ခါမှမရောက်ဖူးဘူး အဘရယ်…
ဖြစ်နိုင်ရင်လေ သားဒီည ဟိုဘက်ကမ်းက ဘုရားပွဲကို တအောင့်လေးဖြစ်ဖြစ် သွားချင်လိုက်တာအဘရယ် သားကို ခွင့်ပြုပါနော်..”

ကျုပ်လဲ အပြင်ထွက်ချင်ဇောနဲ့ တောင်းပန်ရတော့တာပေါ့။

” အေးလေ… လူလေးလည်း အရွယ်ရောက်ပြီး ဘဝအမှန်ကို သိနေပြီပဲ…အရင်တုန်းကဆို အဘ ကလူလေးကို အပြင်လူတွေနဲ့ မထိတွေ့စေချင်ဘူး ငါ့သားလေးကို အဘမွေးစားထားတယ်…သားဟာ မိဘမရှိဘူး မိဘမဲ့ ဆိုပြီးနှိမ့်ချဆက်ဆံကြမှာစိုးတာကြောင့် သားကို အပြင်ပေးမထွက်တာ…”

” ဟုတ်ကဲ့… သားနားလည်ပါပြီအဘ..”

” အေး.. အခုတော့ လူလေးသွားချင်သပဆိုလဲ သွားပေါ့ကွယ်….အရမ်းတော့ ညှဉ့်မနက်စေနဲ့နော်သား ဘုရားပွဲတို့ ပွဲလမ်းသဘင်တို့ဆိုတာ ရန်တော်တော်များတယ်…”

အဘလည်းကျုပ်ကိုဘုရားပွဲသွားရန် ခွင့်ပြုလိုက်တယ်။ ကျုပ်လည်း အပြင်လောကထဲရောက်ဖူးတော့မှာမို့ အရမ်းကို ပျော်ရွှင်လွန်းနေရတာပေါ့… ဒီလိုနဲ့ အဘကိုကန်တော့ပြီး အပြင်သွားမယ်အလုပ်

” သား…လူလေး နေပါအုံးကွ… ရော့ ပွဲလမ်းသဘင်သွားတယ်ဆိုတာ အိပ်ထဲ ပိုက်ဆံလေးပါမှ လူ့အောက် မကျမှာကွ… ညနေက အဘ ဗေဒင်ဟော ပေးလို့ ကန်တော့ထားတဲ့ငွေ ၃ထောင် စားချင်တာတွေ့ရင်ဝယ်စားပေါ့”

ဆိုပြီးကျုပ်ကို ငွေသုံးထောင်ပေးလာခဲ့တယ်။ ကျုပ်လည်း

” ဪ…ဟုတ်ကဲ့ပါအဘ ဒါဆိုရင်သားသွားမယ်နော်…”

” နေပါအုံး…ငါ့သားရ ”

ဟုဆိုပြီး အဘလည်းက သူ့ အရှေ့၌ချထားသော ကွမ်းအစ် အပေါ်ရှိ ထုံးဗူးထဲမှ ထုံးကိုလက်ဖြင့် ကလော်ယူလိုက်ပြီး အလုံးသေးလေး နှစ်လုံးလုံးကာ လက်သီးဆုပ်ထဲထည့်ပြီး ပါးစပ်မှ မတိုးမကျယ် အသံဖြင့် ဂါထာတစ်ခုကို ရွတ်ဖတ်လိုက်တယ်။ ပြီးတော့မှ

” ရော့…ငါ့သား ဒီထုံးကို အာမထိ လျှာမထိအောင်မြိုချသွား…
ဘယ်လို ရန်မျိုးမဆို ကြောက်စရာမလိုတော့ဘူးကွ…”

ဆိုပြီး ကျုပ်လက်ထဲကို ထုံးလုံးလေးနှစ်လုံးကိုထည့်ပေးတယ်ဗျ…ကျုပ်လည်း အရှည်အရှည်တွေသိပ်တွေးမနေတော့ဘဲ ပါးစပ်အား ဦးခေါင်းမော့ နေသောအနေအထားဖြင့် ဟကာ ထုံးလုံးလေးများကို လည်ချောင်းအဝသို့တိုင်အောင်ထည့်ပြီးမြိုချပြစ်လိုက်တယ်။ ပြီးတယ်ဆိုရင်ဘဲ အဘကို နှုတ်ဆက်ပြီး ဘုရားပွဲရှိရာသို့ ထွက်လာလိုက်တယ်။
ဘုရားပွဲသို့ရောက်တော့ ကျော်ဝင်းစိုးမင်္ဂလာရွှေဆိုင်း ကဧည့်ခံဖျော်ဖြေနေတာဗျ။ ဆိုင်းဆိုတာလဲရုပ်မြင်သံကြားမှာပဲ
တွေ့ဖူးမြင်ဖူးထားတာဆိုတော့ အပြင်မှာအားရပါးရအခုမှပဲ
ကြည့်ရတော့တာပေါ့။
ကျုပ်လည်းဆိုင်း​ကြည့် ပရိတ်သတ်တွေရဲ့ နောက်ဆုံးကနေ ပြီး ဆိုင်းကိုအားရပါးရ ကြည့်နေတော့တာပေါ့။
ဒါပေမယ့် ရုပ်မြင်သံကြားမှာဆို ဆိုင်းက လူရွှင်တော်တွေဘာတွေ နောက် အဆိုတော်တွေ ဆိုင်းတီးပြီးရင် ထွက်လာတာ မြင်ဖူးတယ်…အခုလဲ အဆိုတော်တွေ လူရွှင်တော်တွေကို ဆောင့်နေရင်း အားပေးနေလိုက်တယ်။

သိပ်တော့မကြာပါဘူးဗျာ။ ကျွန်တော်ကြည့်နေလို့ သီချင်းနှစ်ပုဒ်လောက်လက်စွမ်းပြ တီးပြီးရင်ပဲ ထိုခေတ်အခါက ကျုပ်တို့ဒေသရဲ့ နာမည်ကြီး လူရွှင်တော်ကြီးတွေဖြစ်တဲ့ ပေါ်ပေါ်+ပေါက်ပေါက် ညီအကိုတွေ ဆိုင်းအနောက်ကနေထွက်လာတာပေါ့။ ပရိတ်သတ်တွေဆိုသည်မှာ ထို ညီကိုနှစ်ဦးရဲ့မျက်နှာနှင့်အမူအရာကိုမြင်ရင်ပဲ တအုံးအုံးနှင့် အော်ဟစ် ရယ်မောကြတာဆိုတာလေ။

ကျုပ်လည်းအဲဒီညီကိုနှစ်ဦးရဲ့ပျက်လုံးများ၊ဟာသ များကြည့်နေရင်း တစ်ယောက်တည်း အူနာအောင် တဟားဟား ရယ်နေမိတော့တယ်။ အဲဒီလိုစိတ်ဝင်တစားကြည့်နေတုန်း ကျုပ်ရဲ့ညာဘက်ပုခုံးပေါ်သို့ နွေးထွေးသောလက်တစ်ဖက်ညင်သာစွာ ရောက်ရှိလာခဲ့တယ်။

ကျုက်နောက်လှည့်ကြည့်လိုက်တော့

” ငါ့ညီ… ဘာတွေသဘောကျနေတာလဲ…”

လို့ခပ်ပြုံးပြုံးအမူအရာလေးနဲ့ ကိုစိန်သောင်းဆိုသူကမေးလာခဲ့တယ်။
ကိုစိန်းသောင်းဆိုသူက ဆရာတော် ဦးသုမဏ ရဲ့ တူအရင်းပေါ့။
နှစ်ရက်ခြား( သို့ )သုံးရက်ခြားတစ်ခါ ကျောင်းကိုအမြဲတမ်းရောက်ရောက်လာပြီး ဆရာတော်ဘုရားကို လာဖူးရင်း မုန်ဖိုးလာလာတောင်းသော တူတော်မောင်လေးပေါ့။

” ဟာ…ကိုစိန်သောင်း ပါလား… အေးဗျာ ဘာရယ်မဟုတ်ပါဘူး
ဒီမှာ လူရွှင်တော်တွေ ကိုကြည့်ပြီး သဘောကျမိလို့ပါ…
အစ်ကိုရော ဘယ်က ပြန်လာတာလဲ…”

” ဟဲဟဲ…အစ်ကိုကတော့ အရှေ့ပိုင်းက မသာအိမ်ကပြန်လာတာပေါ့…ဒီည ဖဲလေးနိုင်လာလို့ ငါ့ညီကို အစ်ကို တစ်ခုခုကျွေးချင်တယ်ကွာ…အစ်ကိုနဲ့ မုန့်စျေးတန်းဖက်လိုက်ခဲ့ပါလား…”

ကိုစိန်သောင်းကဖော်ဖော်ရွေရွေနဲ့ ခေါ်တယ်ဗျ။
ကျုပ်လည်း အသိ မိတ်ဆွေကမရှိလို့ လိုက်ချင်ပေမယ့် သူ့ဆီက အရက်နံ့လေးကလည်း သင်းသင်းလေးရနေတော့ ငြင်းရတော့တာပေါ့။

” မလိုက်တော့ပါဘူးဗျာ…ဒီမှာဆိုင်းက ကောင်းနေပြီဗျ…”

” ဘယ်ကသာ…ငါ့ညီရာ ဆိုင်းကပြီးတော့မှာကွ အဲ့တာနောက်ပိုင်းတီးနေတာ ခနနေရင် ဗျောခေါက်တော့မှာ…
လာစမ်းပါ မင်းကလဲ ငါဝယ်ကျွေးချင်လွန်းလို့ပါ..”

ကိုစိန်သောင်း ဆိုသည်မှာလည်း အတင်းကို ကပ်သပ်ခေါ်နေတော့ ကျုပ်လဲ လိုက်လာခဲ့ရတော့တာပေါ့။

မုန့်စျေးတန်းသို့ရောက်တော့

” ငါ့ညီ ဒီဆိုင်က အစ်ကို့ဘော်ဒါဆိုင်ကွ…မုန့်ဟင်းခါး၊အသုပ်၊အအေးအစုံရတယ် …လာကွာ ဝင်ပြီးအားပေးလိုက်ရအောင်..”

ဆိုင်ထဲရောက်တော့ အသင့်ချထားသော ခုံဝိုင်းတစ်နေရာတွင်ထိုင်ချလိုက်ပြီး

” ငါ့ညီ မင်း ဘာစားမလဲ အစ်ကိုကတော့ ဒီဆိုင်က မုန့်ဟင်ခါးကြိုက်တယ်..”

”ကျုပ်လဲ မုန့်ဟင်းခါးပဲ စားမယ်ဗျာ…”

”ok ငါ့ညီ…… ”

ဟု့ဆိုကာ ကိုစိန်သောင်း သည်မိမိနှင့်ရင်းနှီးသောမိတ်ဆွေ၏ဆိုင်ဖြစ်တာကြောင့်

” ဟေ့ကောင်….အေးဝင်း ငါ့တို့ဝိုင်းကို မုန့်ဟင်းခါး နှစ်ပွဲ အကြော်ပါထည့်ကွာ…”

အဲ့သည်လိုမှာ လိုက်ပြီး ကိုစိန်သောင်း ကြီးကျွန်တော်ဖက်လှည့်၍

” အဲ့လိုပဲ ငါ့ညီရ အစ်ကိုက ဖဲရိုက်လို့ပြန်လာရင် ဒီကောင့်ဆိုင်က
မုန့်ဟင်းခါးစားနေကျ ဒီနေ့က ဆိုင်းရှိတော့ အိမ်မှာမရောင်းဘူးလေ ဒါကြောင့် ဒီကိုလာအားပေးရတာ..”

” ဪ…ကို စိန်သောင်းက ဖဲတော့ တော်တော် ဝါသနာကြီးတယ်နော်…ဒါကြီးပဲလုပ်တာလား”

” ဟော…ငါ့ညီကလည်း မသိတာကျနေတာပဲ အစ်ကိုက ဒါပဲလုပ်တတ်တာလေ…ဟဲဟဲ…ဟော …ဟိုမှာ အေးဝင်းလာနေပြီ ကဲညီ မုန့်အရင်စားရအောင်ကွာ…”

အဲ့သည်လိုနှင့်ကိုအေးဝင်းဆိုသူကမုန့်ဟင်းခါးနှစ်ပွဲလာချပေးတုန်း
မတိုးမကျယ် သောလေသံနဲ့ ကိုစိန်သောင်းက

” ဟေ့ကောင်…အေးဝင်း ငါ့အတွက်ပါသေးလား….”

အဲ့သည်လိုမေးလိုက်ရာ ကိုအေးဝင်း ဆိုသူလည်းခေါင်အားကုတ်​ပြီး

” ဟာ…ကိုစိန်သောင်းကလည်း ဘုရားပွဲကြီးမှာ ကျွန်တော် ရောင်းရင် ဂွိ သွားမှာပေါ့”

” အေးပါကွာ…မပါရင်ပြီးတာပဲ ရော့ မုန့်ဟင်းခါးဖိုး ”

ဟုဆိုကာ ငွေထောင့်ငါးရာအား ကိုအေးဝင်း အားလှမ်းပေးလိုက်တယ်။
ကျုပ်နဲ့ ကိုစိန်သောင်းလည်း ပြောရင်းဆိုရင်း စားရင်းသောက်ရင်း အတော်အတန်ကြာအောင် ထိုင်နေကြတယ်။

” ပလုတ်…တုတ်..တုတ်..ဗျုန်း ”

ဆိုတဲ့ ဗျောသံကြားရတော့မှ
ဆိုင်းတောင် ပြီးသွားပြီဆိုတာကိုသတိထားမိတော့တယ်။

” ဟာ… ကိုစိန်သောင်း ဆိုင်းပြီးပြီ ထင်တယ် လူတွေပြန်ကုန်ပြီဗျ…ကျွန်တော်တို့လဲပြန်ကြမယ်လေဗျာ…တော်ကြာနောက်ကျလို့ ဆရာတော် ဆူခံရမှာဆိုးလို့ဗျ….”

” အေးဟ…ဆရာတော်ဆိုလို့ သတိရတယ်…မင်းငါနဲ့လိုက်ခဲ့အုံး….”

” ဟော…ဘယ်ကိုလိုက်ရအုံးမှာလဲ ကိုစိန်သောင်းရာ…”

” ဟာ…မင်းကလဲ… ငါအိမ်ကိုတအောင့်လေးပါကွ..
ဆရာတော် ရှာခိုင်းထားတဲ့ တောပျားရည် ပုလင်းလေး…ထည့်ပေးလိုက် ချင်လို့….”

” ကိုစိန်သောင်းကလဲ…ကျောင်းလာမှယူလာတာမဟုတ်ဘူး…”

ဟုဆိုကာကျုပ်လဲလိုက်ရမှာစိတ်လေးနေတာကြောင့် ဇွတ်ငြင်းနေတော့တာပေါ့။

ကိုစိန်သောင်းဆိုသည်မှာလည်းမရရအောင်ကိုဇွတ်ခေါ်နေတာဗျ။

” လာပါငါ့ညီရာ…အစ်ကိုကျောင်းကိုလာရင်မင်းမသိတာကျနေတာပဲ…တစ်ခေါက်လာရင် တစ်ခါ အဆူခံနေရတာ…ဘဘုန်းကိုတော့ငါကြောက်ရတယ်ကွ…”

” ဆူမှာပေါ့ …အစ်ကိုက ဖဲချည်းခွရိုက်နေတာကို…”

” ဟာ..ထားစမ်းပါကွာ…စကားပြောနေတာနဲ့တင်အချိန်တော်တော်ကြာနေပြီ…လာလိုက်ခဲ့ မကြာပါဘူး…”

အဲ့ဒီလိုနဲ့ပဲ နားမခံသာအောင်ခေါ်နေတဲ့ကိုစိန်သောင်း ရဲ့အိမ်ကို လိုက်သွားလိုက်သွားရတော့တယ်။

ကျုပ်လဲကိုစိန်သောင်းခေါ်ဆောင်ရာသို့ လိုက်ပါလာရင်း ကျုပ်တို့အရှေ့မှာ လူတစ်စုကပိတ်ရပ်လိုက်ပြီး

” ဟေ့လူ…ခင်ဗျားကျုပ်တို့ဆီက ဖဲလိမ်ရိုက်သွားတဲ့ ပိုက်ဆံတွေ ပြန်ပေးစမ်း..”

” ဘယ်မှာလိမ်ရိုက်တာလဲ…မင်းတို့အရှေ့တင်ငါရိုက်တာလေ မင်းမတွေ့ဘူးလား…”

” ဟ…တွေ့လို့ ခင်ဗျားကိုလာစောင့်နေတာပေါ့…”

ထိုလူစုနဲ့ ကိုစိန်သောင်းတို့ အချေအတင်စကားများနေကြပြီး ကိုစိန်သောင်းအား လူစုထဲမှတစ်ယောက်က

”ခွပ်”

ကနဲမြည်အောင် လက်သီးဖြင့်ထိုးချလိုက်တယ်။ အဲဒီလက်သီးချက်ကြောင့်ဘဲကိုစိန်သောင်းလဲကျသွားခဲ့တယ်။ လဲကျသွားသော ကိုစိန်သောင်းကိုအဲဒီလူတွေက ဝိုင်းပြီး ထိုးကြိတ်နေကြတာပေါ့။ ကျုပ်လည်း

” ဟေ…ဟေ့လူတွေ အများနဲ့တစ်ယောက် အဲ့လို့မလုပ်နဲ့လေဗျာ…”

ဟုပြောလိုက်သောအခါ ထိုလူစုထဲမှလူတစ်ယောက်က

” မင်းက ဘာကြောင့်မို့ ငါ့ကိစ္စကိုဝင်ပါ ရတာလဲ…ကို့ဘာသာမနေပဲ သူများကိစ္စဝင်ပါချင်တဲ့ကောင်…
ရော့….ကွာ”

ဆိုပြီး ကျုပ်ကိုလက်သီးနဲ့လှမ်းထိုးတာပေါ့။
ကျုပ်ကလဲ ဘုန်းကြီးကျောင်းသားပီပီ လက်လျှင်လျှင်ဖြင့် မျက် နှာ ကိုထိလုနီးပါး လက်သီးချက်အား ဘယ်လက်ဖြင့်ကာလိုက်ပြီး
အဲဒီလူရဲ့ မျက်နှာပြင်ပေါ်သို့ ညာဘက်လက်သီးဖြင့်
တည့်မတ်စွာ ထိုးချလိုက်တယ်။
အဲဒီမှာဘဲ ကျုပ်ရဲ့လက်သီးချက်ကြောင့် လဲကျ သွားသော သူက ပြန်ထလာပြီး

” မင်းလို မလောက်လေး…မလောက်စားက ငါ့ကို ထိုးတယ်ပေါ့…”

ဟုဆိုပြီး နှုတ်ခမ်းမှသွေးများကို
လျှာဖြင့် သပ်လိုက်တယ်။ ပြီးတော့

” ဟေ့ကောင်တွေ…အဲ့ ဖဲ့သမားကိုထားလိုက်…ဒီက မင်းတို့ ပထွေးကို အရင်ဆုံးမစမ်း…”

အဲ့လို ထိုလူမှအော်ပြောလိုက်ရာကိုစိန်သောင်းထံ ဦးတည်ထားသောမြှားဦးဟာ ကျုပ် ထံသို့ ဦးတည် လာခဲ့တယ်။ အများနှင့်တစ်ယောက်ဖြစ်သည့်အားလျှော်စွာကျုပ်ကို လူတစ်ယောက်မှ အနောက်အနေ
အတင်းအကြပ် ချုပ်ထားပြီး…ကျန်တဲ့သုံးယောက်ထဲမှ နှစ်ယောက်ကအပိုင်အနိုင်ဆိုသလို ထိုးကြိတ်နေကြတာပေါ့။
အဲဒီလိုထိုးနေသည့်အကြားမှ

” ဟာ…ဖယ်စမ်း ဒီလိုကောင်မျိုးဆိုတာ ဒါမျိုးလုပ်ရတယ်ကွ”

ဆိုပြီး ကျုပ် လက်သီးချက် မိထားတဲ့ လူမှပြောလိုက်ပြီး ဝါးပင်ခြေရင်းရှိ အရက်ပုလင်းနှင့် ကျုပ်ရဲ့ခေါင်းကို ရိုက်ခွဲတော့တာပေါ့။

” ခွမ်း…”

” ဟာ ပုလင်းကွဲသွားပြီ….
ဒီကောင်ဘာမှမဖြစ်ပါလား…”

အဲလူလဲအရမ်းအံ့ဩသွားပြီးတစ်ဆက်တည်းစိတ်လည်းတိုသွားပုံရတယ်။

” ဟာ…ကြာပါတယ်ကွာ”

ဟုဆိုပြီး ခါးကြားမှဓားဖြင့် ဆက်ထိုးတယ်။

” ဟာ ဟေ့ကောင်တွေ ဒီကောင်က တုတ်ပြီး၊ဓားပြီးလားမသိဘူး…ဘာ…ဘာမှမဖြစ်ဘူးကွ”

ထိုသိုအားလုံးအံ့အားသင့်နေစဉ် ကျုပ်ကို ချုပ်ထားတဲ့သူရဲ့လက် မှာတဖြေးဖြေးပြေလျှော့သွားခဲ့တယ်။ကျုပ်လည်းစောင့်ဆိုင်းမနေဘဲ
အားထည့်ပြီး အနည်းငယ်ရုန်းလိုက်ရာ လက်နှစ်ဖက်လုံးလွတ်မြောက်လာသည်။ ထိုအချိန်မှ

” လာစမ်းပါ…ခင်ဗျားတို့ ကျုပ်ဘာလဲဆိုတာပြမယ်..”

ဆိုပြီးအရှိန်နဲ့ နဲနဲလေးဖြဲလိုက်တာပေါ့။

” ဟာ…ဟေ့ကောင်တွေ ပြေး ပြေး”

ဆိုပြီးထိုလူစုလည်း ကြောက်လန့်တကြားပြေးသွားကြတာပေါ့။

အဲဒီအခါမှ လူစုကဆွမ်းကြီးဝိုင်းလောင်းလို့ လဲကျနေတဲ့ ကိုစိန်သောင်းကိုထူပေးလိုက်တယ်။

” အား….ကျွတ်..ကျွတ်”

” အစ်ကို..ဖြေးဖြေးထဗျ… ခင်ဗျားကတကယ်ပဲ
သူတို့ကိုဖဲလိမ်ရိုက်ခဲ့တာလား…”

” ဟာ…နဲနဲပါကွာ…နေစမ်းပါအုံး မင်းကိုပုလင်းနဲ့ရိုက်
ဓားနဲ့ထိုးတာမင်း ဘာမှမဖြစ်ဘူးလား…”

” အေးဗျ…အဲ့ဒါကိုပဲ… ကျုပ်လဲစဥ်းစားနေတာ..ထိုးတာကြိတ်တာတွေလဲ ထုံအမ်းအမ်းကြီး နာလဲမနာဘူး..”

” ဟား…ဟား….ဟား..”

မပြောမဆိုကိုစိန်သောင်းတစ်ယောက် ထရယ်ပြန်ရောဗျာ။

” ဟာ…ကိုစိန်သောင်း ခင်ဗျားရူးနေတာလား ဒီလောက် ထိုးခံရတာတောင်ရယ်နေနိုင်သေးတယ်…”

” မဟုတ်ဘူးကွ….ငါ့ညီကို အစ်ကိုမေးမယ် မင်းကို
ကပ္ပိယကြီး ထုံးမန်းကြွေးထားတာဖြစ်မယ်…
ဒါကြောင့်မို့ မင်းဘာမှမဖြစ်တာ…ဟုတ်တယ်မလား”

” အဲ့…ဟုတ်မယ်ဗျ …ဘုရားပွဲမလာခင်တုန်းက ထုံးလုံးလေးနှစ်လုံးကျွေးလို့ မြိုချလာသေးတယ်…”

”ကဲထားတော့..ငါ့ညီ ဒါမထူးဆန်းဘူး.. ငါတော့အရင်က စမ်းဖူးတယ် ကဲလာလာနောက်ကျနေမယ်…”

အဲ့သည်လိုနဲ့ဘဲ ကိုစိန်သောင်းအိမ်မှပျားရည် ပုလင်းအားယူပြီး ကျောင်းရှိရာသိုပြန်လာခဲ့တော့တယ်။

ကျောင်းပြန်ရောက်တော့ဆရာတော်ရဲ့အခန်းတွင်ပျားရည်ပုလင်းအားထားပြီး ဖခင်ကပ္ပိယကြီးကိုဖြစ်ပျက်တွေကြုံရာမှန်သမျှ တစ်ခုမကျန်ပြောပြလိုက်တယ်လေ။ အဲဒီအခါမှာအမျှော်အမြင်ပညာနှင့်ပြည့်စုံတဲ့ ဖခင် ကပ္ပိယကြီးက အားရပါးရယ်မောနေ​ခဲ့တယ်။ ကျုပ်လည်းအဘကိုကျေးဇူးတင်လွန်းလို့ကန်တော့လိုက်တယ်။

အဲချိန်ကစပြီး ​​ေလာကီပညာများကို စိတ်ဝင်စားလို့ ကျုပ်ကိုသင်ကြားပေးဖို့ အဘထံသို့တောင်းပန်ခဲ့တယ်။
အဲအချိန်ကစပြီး ယနေ့အထိဆို ရင်ငါးနှစ်တိတိရှိခဲ့ပြီပေါ့။

” အဲ့တာပါပဲဗျာ…ဒါနဲ့ မဝိုင်းစိန်ကိစ္စကို တစ်ခါတည်းအပြီးအပြတ်
ရှင်းပေးခဲ့ရမှာဆိုတော့…ကိုဂွတို ကြီးက လက္ဖက် အနည်းငယ်လောက် သန့်သန့်လေးထဲက ဝယ်ခဲ့ဗျာ…”

” ဟုတ်ကဲ့ပါ…ဆရာထူး…”

ဟုဆိုကာကို ဂွတို တစ်ယောက်လက်ဖက်ဝယ်ရန် အပြင်သို့ထွက်သွားခဲ့တယ်။
ကိုဂွတိုပြန်ရောက်တော့မှ ကျုပ်တို့လဲထမင်းစားသောက်ကြပြီး မဝိုင်းစိန် ကိစ္စအား ဆက်လက်ဆောင်ရွက်ရန် စီစဉ်ရတော့တယ်။

ကျုပ်လည်း ကိုဂွတိုဝယ်လာသောလက်ဖက်အားပန်းကန်ပြားတွင် ခုနှစ်ပုံအမျှပုံ၍ အလည်တွင်ကွမ်းယာတစ်ယာအား ကျနစွာထည့်လိုက်တယ်။ ထို့နောက် ကိုဂွတို တို့၏အိမ်ရှိ မင်းမဟာဂီရီ နတ်စင် အပေါ်သို့တင်ကာ

” အိမ်တွင်းမှန်သမျှ စိုးပိုင်သပါသော
မင်းမဟာဂီရိ(အိမ်တွင်းအဖေကြီး)

၂။ အမေတောင်ကြီးရှင်(ခ)နှမတော်မစောမိ(မမြတ်လှ)

၃။ သုံးပန်လှ(နှမငယ်ရှင်ထွေးလှ)

၄။ ရှင်နှဲမိ(ခ)မနှဲလေး(ရှင်းထွေးလှ
သမီး)

၅။ ရွှေနဘေ(အိမ်တွင်းအဖေကြီး၏ဇနီး)

၆။ တောင်မကြီးရှင်ညို(အိမ်တွင်းအဖေကြီးသား)

၇။ မြောက်မင်းရှင်ဖြူ(အိမ်တွင်းအဖေကြီးသား)

ဤခုနှစ်ဖော်တို့အား လက်ဖက်၊ကွမ်းယာ စုံလင်စွာဖြင့်ပင့်ဖိတ်ဒါနပြုပါသည်… စံတည်ရာနန်းဋ္ဌာန ကနေ
လှမ်းကာကြွ၍ သုံးဆောင်တော်မူကြပါ့ အိမ်တွင်း(၇)ဖော်တို့ခင်ဗျား….”

ဟု့ လက်နှစ်ဖက်ကိုအနောက်တွင်ပြစ်ထားသောပုံပန်းအနေထားဖြင့် အိမ်တွင်းကို ပင့်ဖိတ်လိုက်တယ်။
အဲဒီနောက် ကပ္ပိယကြီးသင်ပေးထားသော နတ်ချစ်ဂါထာကိုရွတ်ဖတ်ပြီး နှုတ်မှအသံမထွက်ဘဲ
အိမ်တွင်းဖခင်နှင့် မနောချင်းဆက်သွယ်၍ စကားပြောလိုက်တယ်။

” အို…ဖခင်ကြီး ဤအိမ်သည် သင်၏ စောင့်ရှောက် မှု့ အရိပ်အာဝသထဲ ရောက်ရှိနေပါလျှက် အဘယ်ကြောင့် သရဲမတစ်ကောင်နှောင့်ယှက်နေသည်ကို
မျက်ကွယ်ပြု ထားသနည်း”

” အသင်လူသား…ဤအိမ်ရှင်အပေါင်းတို့သည် ငါ့အားတာဝန်မကျေပွန်…ငါ၏အဆောင်အယောင်ပစ္စည်းများအားအသစ်မလဲ…အလေးအနက်.မရှိ
သို့သော် ငါ့အားမပြစ်ပါယ်သဖြင့်…ထိုသရဲမအားငါတားပေ၏…သို့သော် ထပ်ခါထပ်ခါ အမြဲလာနေသည်…အဘယ်အတွက်ကြောင့် နှောက်ယျှက်ရသနည်းဟု မေးဖူး၏…သူမ၏
လက်ဝတ်ရတနာနှစ်ကွင်းအား သေစဉ်အခါက ခိုးယူဝတ်ဆင်ထားသည်ဟုသိရ၏…”

ဟု ပြောဆိုသောအသံကိုကျုပ်၏မနောစိတ်ကသိနေ၏။
ထို့နောက်ကျုပ်လည်းမျက်လုံးအားအသာအယာဖွင့်လိုက်ပြီး ခေါင်းတဆက်ဆက်ငြိမ့်လိုက်ကာ

” ကိုဂွတို…ခင်ဗျားနဲ့ကျုပ်စကားပြောလို့ရမလား…အခုက ခင်ဗျားကျုပ်ကို…ပွင့်ပွင့်လင်းလင်းပြောရမဲ့အချိန်ရောက်ပြီ”

” ဘာကို ဆိုလိုတာလဲ ဆရာထူး…ကျွန်တော် နားမလည်ဘူး…”

” အေးဗျာ…ခင်ဗျားမိန်းမရဲ့လက်ထဲက လက်ကောက်က ဘယ်ကရသလဲ…ကျုပ်ကို အမှန်တိုင်းပြောဗျာ…”

ကိုဂွတိုတစ်ယောက် မျက်နှာအမူအရာလျှပ်တပျက် ပြောင်းသွားသည်။ ပြီးမှ

” ဟို…ဟို အဲ့လက်ကောက်က… ဝိုင်း..ဝိုင်းစိန်ရဲ့ အမွေဆိုင်ပစ္စည်းလေဆရာထူးရဲ…ဟဲ ဟဲ အမွေဆိုင်ပစ္စည်း… ဘာဖြစ်လို့လဲဆရာထူး…”

” ကိုဂွတို ခင်ဗျား…အမှန်တိုင်ပြောရမဲ့အချိန်နော်…ခင်ဗျားမိန်းမအသက်က လက်ကောက်နှစ်ကွင်းပဲ
တန်သလား…”

ကျုက်က လေသံမာမာဖြင့်မေးလိုက်ရော

” ဟို..ဟိုလေ”

” ဟိုလေ…လုပ်မနေနဲ့ ခင်ဗျား ဒီလက်ကောက်ကို လူသေမိန်းမဆီက ချွတ်ယူလာတာမလား..”

” ဗျာ…ဆ…ဆရာထူး သိနေတယ်…”

ကိုဂွတို လည်းအံ့ဩသွား၏။

ကိုဂွတိုရဲ့ စကား အသွားအလာကြောင့် အိမ်တွင်း
နဲ့အချိတ်အဆက်လုပ်တာဟာစိတ်အထင်မဟုတ် တကယ်အောင်မြင်နေမှန်း သိရသဖြင့် အဘကပ္ပိယကြီးကို လှမ်း၍စိတ်ထဲမှဦးချမိ၏။

” ကဲဗျာ ဒါဆိုရင်ခင်ဗျားဒီလက်ကောက်နဲ့ခင်ဗျားမိန်းမအသက် ဘယ်ဟာယူမလဲ…”

” ဟာ…ဆရာထူးကလဲ ကျွန်တော့်မိန်းမအသက်တော့ အသေမခံနိုင်ပါဘူး…”

” ဟုတ်ပြီ…ဒါဆိုရင်ခင်ဗျားမိန်းမဆီက လက်ကောက်နှစ်ကွင်းကို ချွတ် ပြီးရင်ပန်းကန်ပြားထဲကိုလက်ကိုင်ပဝါထည့်
အဲ့အပေါ်ကိုလက်ကောက်တင် ပြီးယူလာခဲ့..”

အဲ့သည်လိုခိုင်းလိုက်ရင်ပဲ မဝိုင်းစိန်လဲဘေးမှနားထောင်နေသဖြင့် လက်မှလက်ကောက်ကိုချွတ်ပြီး ပန်းကန်ပြား နှင့်ပဝါတို့ကိုယူ၍ကျုက်ထံသို့ပေးအပ်လိုက်တယ်။

ကျုပ်လည်းအချိန်မဆွဲနေတော့ပဲ မဝိုင်းစိန်အား ဘုရားခန်းအရှေ့တွင် လက်အုပ်ချီ၍ထိုင်ခိုင်းလိုက်သည်။ သူမ၏အရှေ့တွင် လက်ကောက်ပန်းကန်အားချ၍

” ဤပန်းကန်ထဲမှာရှိတဲ့ ရတနာပစ္စည်းနှင့် သက်ဆိုင်သော သရဲမ….
ဘုရား၊တရား၊သံဃာ ရတနာသုံးပါးတို့၏ တန်ခိုးရှိန်ဇော်အာဏုဘော်တို့ကြောင့် ဤနေရာသို့ရောက်စေ…”

ထိုသို့ဆင့်ခေါ်လိုက်သောအခါ မဝိုင်းစိန်၏ လက်များမှ စကာတစ်ကိုယ်လုံးတိုင်အောင်တဆတ်ဆတ်တုန်ခါလာပြီး

” ငါ့ကိုခေါ်တာ…ဘာလုပ်မလိုလဲ…ဟမ်း…ဟမ်း…”

ဆိုသောအသက်ရှူသံပြင်းရှစွာဖြင့် မဝိုင်းစိန်ထံမှထွက်ပေါ်လာ၏။

” ဟဲ့…သရဲမ နင်ရောက်နေတာ ဘုရားခန်းနော်….ယဉ်ယဉ်ကျေးကျေး ပြောဆိုစမ်း…
အရှေ့က နင့်ပစ္စည်းတွေမှတ်လား….
ငါနင့်အတွက် ပြန်ယူပေးပြီးပြီ …
နင်ဒါတွေကို ဘာလုပ်ချင်လဲ…”

အဲ့သလိုလေသံမာမာဖြင့် ပြောဆိုလိုက်မှ

” ဟီး..ဟီး..ဟီး…ကျေးဇူးတင်ပါတယ် ဆရာလေးရယ်…ကျွန်မနာမည်က ဒေါ်ရွှေမြိုင်ပါ ကျွန်မဒီပစ္စည်းတွေကို စွဲလမ်းနေမိတဲ့အတွက်ကြောင့် အခုလိုမကျွတ်မလွတ်ဘဝနဲ့ နေရတာပါ…
ကျွန်မကျွတ်လွတ်နိုင်ဖို့ ဒီပစ္စည်းတွေကိုရောင်းချပြီးအလှူအတန်းလေးပြုပေးစေချင်ပါတယ်…ဟီး…ဟီး..”

အဲ့သည်လို သရဲမလည်းငိုယိုပြီးပြောလာရောကျုပ်က

” ကောင်းပြီ…ဒါဆိုဒီပစ္စည်းတွေကို ထုခွဲရောင်းချပြီး ရတဲ့ ငွေကို ဘုန်းကြီးဆွမ်းကပ် အလှူ အတန်းပြုပေးမယ်…ဒေါ်ရွှေမြိုင်ကျေနပ်မလား…”

” ေကျနပ်ပါတယ်…ဆရာလေး….”

” ကဲ…ဒါဆိုအခုလတ်တလော ဒီမိသားစုကိုမနှောက်ယှက်ရဘူးနော်…ဘုရားဦးချပြီးသွားတော့…
အလှူ့ပြု့လို့သာဓုခေါ်ရင် ဖိတ်လိုက်မယ်ကြားလား…”

” ကြား…ကြားပါတယ်ဆရာလေး…ကျေး..ကျေးဇူးတင်ပါတယ် ဆရာလေး…”

ဟုဆိုကာဘုရားအားဦးသုံးကြိမ်ချကာ မဝိုင်းစိန်၏ခန္ဓာမှထွက်ခွာသွားတော့တယ်။

ကျုပ်လည်း မဝိုင်းစိန်အားသတိရအောင်နှိပ်နယ်ပေးလိုက်တယ်။

တစ်ပတ်ကြာပြီးနောက် လက်ဝတ်ရတနာများအားရောင်းချထားသောငွေဖြင့် ဆရာတော်ဦးသုမဏအား ဆွမ်းစားပင့်ဖိတ်ပြီး တရားဘာဝနာများနာကြားရာဘုန်းကြီးကျောင်းသားအဖြစ် ကျုပ်ထူးအောင်းလိုက်ပါသွားခဲ့တယ်။
ဆရာတော်လည်းတရားဘာဝနာများဟောကြားပြီးရေစက်ချသောအခါမှ

” ကွယ်လွန်သွားရှာပြီဖြစ်သောအလှူ့အမကြီးဒေါ်ရွှေမြိုင်နှင့်တကွ….အားလုံးကြားကြားသမျှ…
အမျှ…အမျှ…အမျှ…ယူတော်မူကြပါကုန်လော့…”

”သာဓု…..သာဓု….သာဓု….”

…………………………….ပြီး………………………………..
##################################