သြော် အဲသလိုကို…၊ ဒါနဲ့ ငါ့သားပြောတဲ့ ဘိုင်စကယ်က ဘာကိုပြောတာလဲ .. အမိုးကိုရှင်းပြပါအုံး ” ” ဒီလို အမိုးရ… ဓာတ်ရှင်တွေထဲမှာ မင်းသားကြီးတွေစီးတဲ့ဟာလေဗျာ ” လို့ မှုံကြီးလည်း မိခင်ဖြစ်သူ ဒေါ်ငွေခင်အား ရှင်းပြလိုက်ရာ မိခင်ဖြစ်သူက ” အဲဒါကြီးက စျေးဘယ်လောက်လောက် ရှိတုံးသားရဲ့ ” ” မြို့ကျောင်းသွားတက်တဲ့ ကျုပ်သူငယ်ချင်းအောင်ဖေပြောတာတော့ နွားတစ်ကောင်ဖိုးလောက် ပေးရတယ်တဲ့ဗျ ” ” သားရယ် မင်းဘိုင်စကယ်ကြီးက စျေးကြီးလှချည်လားကွယ် ” ” မငွေခင်ရယ်… ငါ့သားလိုချင်လို့ကတော့ ...
မြေးလေးကအခုဆိုအရွယ်လဲရောက်လာပြီဆိုတော့ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကို ဖွားဖွားပြောပြရတော့မှာပေါ့” အဖွားဖြစ်သူစကားကြောင့် မြနန်းရဲ့ ဝိုင်းစက်နေတဲ့မျက်လုံးတွေပြူးကျယ်သွားပြီး “ ဘာအကြောင်းတွေလဲဖွားဖွား…” “ မြေးလေး မမွေးခင်အချိန်တုန်းက သခင်မကြီးဝိဉာဉ်လွတ်မြောက်မလိုဖြစ်သွားခဲ့သေးတယ်။ အဲဒီနှစ်က ရွာရဲ့ရွေးချယ်ခံစာရင်းထဲမှာ မြေးလေးရဲ့ အမေဖြစ်သူလဲပါဝင်ခဲ့တယ်။ သူက လုပ်ရဲကိုင်ရဲတဲ့အပြင် မွေးရာပါပညာကလဲ ထက်တော့ လူတိုင်းက မြေးလေးရဲ့အမေကို အမေကြီးနေရာဆက်ခံမယ့်သူလို့ထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် ကံအကြောင်းမလှလို့ အမေကြီးမလွတ်မြောက်ခဲ့တဲ့အတွက် မြေးလေးရဲ့အမေက ရွေးချယ်ခံဘဝနဲ့နေထိုင်ရင်း တစ်နယ်တစ်ကျေးကရောက်လာတဲ့ဖခင်ဖြစ်သူနဲ့တွေ့ဆုံပြီး မြေးမလေးကိုမွေးခဲ့တယ်။ သူ့ကြောင့် မြေးမလေးကိုမွေးပြီးတဲ့အချိန် သစ္စာစူးပြီးသေခဲ့ရတာ” “ ဟင် … အမေက သစ္စာစူးပြီးသေတာဆိုတော့ ပညာမတူတဲ့သူကိုယူမိလို့လား” “ ...
ဘွားမယ်စိန်ငါးတောင်းကိုတစ်ချက်ကြည့်အပြီး ကွပ်ပျစ်၌ဝင်ထိုင်သောမိခိုင်အား… “မိခိုင်…ညည်းဆင်ခြင်မှရတော့မယ်…။ဘွားမြင်ရသလောက်တော့ ညည်းမှာအကုသိုလ်တွေတော်တော် များနေပြီ… ညည်းဒါတွေကိုဆက်မလုပ်တော့ဘဲ အခြားနည်းနဲ့အသက်မွေးရင် ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ဘွားထင်တယ်” “ရှင်…ဘွား ကျုပ်က ကျုပ်ကဘာဖြစ်မှာမို့လဲ” “ဖြစ်တာမဖြစ်တာထက် ညည်းကိုသူတပါးအသက်ကို သတ်တာဖြတ်တာဆင်ခြင်စေချင်တာ” “သြော်…ဟုတ်ပါပြီဘွားရယ်…ကျုပ်တတ်နိုင်သလောက်ဆင်ခြင်ပါ့မယ်… အခုတော့ကျန်တဲ့ ငါးတွေဆက်ရောင်းဖို့သွားဦးမယ်တော်” “အေး…အေး…ဘွားပြောတာမမေ့နဲ့ မိခိုင်သေချာစိတ်ထဲမှတ်ထား” “ဟုတ်ကဲ့…” မိခိုင်တစ်ယောက် သူ၏ငါးတောင်းကိုရွက်လို့ ခြံဝိုင်းထဲမှထွက်သွားလေပြီ။ ဒေါ်ဝင်းက မိခိုင်အားလှမ်းကြည့်ရင်း… “အမေက ဘာလို့ပြောနေတာတုန်း…။အဲ့ကောင်မကဘယ်သူ့စကားမှအလေးထားတာမဟုတ်ဘူး။ သူတပါးအသက်သတ်ရမှကို စားဝင်အိပ်ပျော်နေတာအမေရဲ့” “ပြောရတာကအကြောင်းရှိလို့ဖြစ်လာမယ့် အကျိုးတရားတွေကြောင့်ပေါ့အေ…တားရသလောက်တော့တားကြည့်ရတာပေါ့မိဝင်းရဲ့…” ဟုသာ ဘွားမယ်စိန်ဖြေလိုက်သည်။ **************** မိခိုင်သည်က ဘွားမယ်စိန်ပြောသောစကားအားအမှုမဲ့အမှတ်မဲ့နေ၏။ မည်သူကတရားချချ နားမဝင်သောမိခိုင်တစ်ယောက် ...
ဘာမှကိုမရှိတော့ဘူးဗျ။ “ဟော၊ ဘယ်ရောက်ကုန်တာလဲဗျာ” “လာစမ်းပါကွာ၊ သူတို့က လူတွေ့လို့ပုန်းနေတာကွ” ဦးဘသာနဲ့ကျုပ်နဲ့ အဲဒီဓါတ်တိုင်အောက်ကိုရောက်တော့ ဦးဘသာက ဓါတ်တိုင်ကိုလက်နဲ့ပုတ်ရင်း “ဟေ့ကောင်လေးတွေ၊ ပုန်းမနေနဲ့ထွက်လာခဲ့ကြစမ်းဟေ့” ဦးဘသာပြောပေမယ့် ဘာမှတော့မထူးဘူးဗျ၊ တစ်ဖက်မှာလည်း ကတ္တရာလမ်းကြီး၊ တစ်ဖက်မှာလည်း ချုံပင်မြက်ပင်တွေပဲရှိသဗျာ၊ ဒီအချိန် ချုံဘက်ကနေ ချွတ်ခနဲအသံကြားလိုက်ရပြီးတော့ အကောင်လေးတစ်ကောင်က လွှားခနဲခုန်ထွက်လာတယ်ဗျ၊ ဦးဘသာက အဲဒီအကောင်လေးကို လက်ညှိုးနဲ့ထိုးလိုက်တော့ အကောင်လေးက လေပေါ်မှာတန်းလန်းကြီးဖြစ်သွားသဗျာ၊ ပုံစံကတော့ လူပုံစံမဟုတ်ဘူးဗျာ၊ လက်ရှည်ရှည်၊ ခြေရှည်ရှည်နဲ့ဗျ၊ မသိရင်မျောက်တစ်ကောင်နဲ့တောင်တူတယ်၊ မျောက်ကတော့ အမြီးပါတယ်၊ သူကအမြှီးမပါဘူးပေါ့ဗျာ။ မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲနဲ့ဗျာ၊ ပါးစပ်ထဲမှာလည်း အစွယ်သွားချွန်ချွန်ကလေးတွေ ...
ငါ့မြေးကတော့နော် ဧည့်သည်တွေ ရှေ့မှာတောင် ဟန်မဆောင်နိုင်တော့ပါလား” “အဖွားက ကျုပ်ကို ဟင်းကောင်းမှ ချက်မကျွေးတာ” ကိုပိန်၏စကားကို ဇေယျာ သဘောကျနေလေသည်။သူနှင့် အဖွားနွေဦးတို့သည် ရင်းနှီးသောဆက်ဆံရေး ရှိကြသည်။ထို့ကြောင့် သူသည် ကိုပိန်ကို စနောက်လိုက်လေသည် ။ “ကိုပိန်အခါးကြိုက်တာသိလို့ ယူလာတဲ့ဟင်းက ကြက်ဟင်း ခါးသီးကြော်ကွ” “ဟာ ကိုဇေယျာကြီးကလည်းဗျာ ကျုပ်က အခါးမကြိုက်တာသိရဲ့သားနဲ့ဗျာ “ “မင်းကလည်း ကြက်ဟင်းခါးသီးက ၀က်သားဖြစ်ရင် ဖြစ်နေနိုင်တာပဲ “ “မဖြစ်နိုင်တာဗျာ “ ...
လည်း မဟုတ်ပြန်၊ ဒီတော့ မီးလုံး က လည်း မလွဲ၊မတ်မတ် ရပ်နေပါလျက်နဲ့ နံရံပေါ်က အရိပ်ကြီးကတော့ဘယ်ညာဟန် ချက်ညီညီကြီးကိုယိမ်းနေတာ ကျောချမ်းစရာပါပဲ။ တစ်နေ့ ရန်ကုန် က —-မင်းသမီးရောက်လာတဲ့နေ့၊ မိုးကလည်း တိတ်ပြီး နေလေးကသာလို့၊ ဒီလိုနဲ့အဲဒီနေ့က BT. Brother ရေကူးကန်မှာ ရိုက်ကြပါတယ်။ အဲဒီအချိန်က —-မင်းသမီးကလည်း အလှဆုံးအချိန်၊ ရုပ်ရည်၊ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက်တစ်ခုမှ ပြောစရာမရှိ စင်းလုံးချော။ အဲ..ရေကူးဝတ်စုံနဲ့ဆိုတော့ ပို၍ ပို၍ပေါ့။ (စာချပ် ။ ။ မတွေးနဲ့ အခုဆို ...
ဦးဖိုးဝေနည်းတူ သူရိယသည်လည်း စကားဆိုလိုက်ပြီး နဖူးတွင်တည်ထားသော လက်သီးဆုပ်တို့အား ရေတွင်းထဲပစ်လိုက်ဟန် ပြုလိုက်ကြသည်။များမကြာသောအချိန်တွင် ရေတွင်းထဲမှ စကားသံများ၊ရယ်သံမောသံများ ထွက်ပေါ်လာပြီး ဦးဖိုးဝေ နှင့် သူရိယတို့၏ကိုယ်ခန္ဓာသည် အရိပ်ပမာ ဖြစ်တည်ကုန်ကာ ရေတွင်းထဲသို့ ၀င်ရောက်ပျောက်ကွယ်သွား၏။ထိုမြင်ကွင်းကိုဖြင့် ရေတွင်း၏မလှမ်းမကမ်းမှ စောင့်ကြည့်နေကြသော ဦးမြ မောင်နှင့် မိသူသည် ထူးဆန်းအံ့ဩနေ၍ ငေးကြည့်နေကြပါ လေသည်။ ◾အခန်း (၃) စိမ်းစိုနေသောရွာလေး၏ ရွာလယ်လမ်းမပေါ်တွင် လူနှစ် ယောက် လမ်းလျှောက်နေကြသည်။ထိုလူနှစ်ယောက်မှာ အခြားသူမဟုတ် ဦးဖိုးဝေ နှင့် သူရိယတို့ပင်ဖြစ်သည်။သူတို့ရောက်နေသောရွာလေးမှာ လွန်ခဲ့သောနှစ်များစွာကပင် တည်ရှိနေသော ငွေကိုင်းရွာလေး ...
တစ်သက်လုံး ဒူးနဲ့ မျက်ရည် သုတ်ရတယ်။ ခုလည်း အုန်းမြင့် လူကောင်း သူကောင်းဘဝ ပြောင်းလဲသွားရင် ခင်ခင်ဦး ကံကောင်းနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြည့်နေခဲ့ကြတယ်… ဒါပေမဲ့ လူမိုက်က လူမိုက်ပဲ။ အုန်းမြင့်က အုန်းမြင့်။ ကွဲပြား မသွားခဲ့ဘူး။ ဆိုးမွဲမိုကျမွဲ။ ပမွေဲတမွေဲပါပဲ။ ဒီအထဲမှာ ချီးကျူးစရာ သနားစရာကောင်းတာက ခင်ခင်ဦး … မချစ်မနှစ်သက်ဘဲ ယူခဲ့ရတဲ့ယောင်္ကျားပေမဲ့ မယားဝတ္တရားငါးပါးနဲ့အညီ ကျင့်ကြံနေထိုင်တယ် … ဘုရားတစ်ဆူ ဂူတစ်လုံးလို လင်ကို ကိုးကွယ်တယ်… အုန်းမြင့် သူ့အပေါ် ဘယ်လောက်ဆိုးဆိုး သည်းခံနိုင်ခဲ့တယ် ...
သည်။ သူမ ခြေလက်ဆေးကြောပြီး ပြန်အလာ ခြေချော်သွားခဲ့သည်။ “ဝုန်း ……” စပယ်ဖြူ အရှိန်ပြင်းစွာ လဲကျသွားခဲ့သည်။ အရှိန်ပြင်းသည့်အတွက် စပယ်ဖြူ သတိပါလစ်သွားခဲ့တော့သည်။ စပယ်သတိလစ် လဲကျသွား တော့ သူမအမျိုးသားပါ အနားရှိနေ၍ စပယ်ဖြူ ..ရုတ်တစ်ရက် သတိလစ်လဲကျသွား လျင်သွားချင်း လျင်မြန်စွာပွေ့ချီ၍ အခန်းသို့ခေါ်သွားခဲ့သည်။ရေကန်နားရှိသော လူများလည်းစိုးရိမ်၍ လိုက်လာခဲ့ကြသည်။ အခန်းရောက်သော် မစပယ်သတိရလာခဲ့သည်။ သူသတိရလာတော့ ပြူးကြောင်ကြောင်နဲ့ ရုပ်တစ်ရက် ထ ထိုင်လာခဲ့သည်။ အချိန်တော်ကြာ တဲ့အထိ ဘာစကားမှ မပြောပဲ ခေါင်းကြီး ငုံ့ပြီး ထိုင်နေသည်။ ...
ညတိုင်းအရက်တွေ သောက်ပြီးမူးရူးကာပတ်ဝန်းကျင်အား ရမ်းတဲ့ဒဏ်တွေကိုမသန်းအေး တစ်ယောက်မခံနိုင်ဖြစ်ရပါတော့တယ်။ မသန်းအေးကနာမည်နဲ့လိုက်အောင် အေးသူတစ်ယောက်ဖြစ်ပါတယ်။ ထို့ကြောင့်မည်သူနဲ့မှလည်းစကားများ ပြဿနာဖြစ်ခြင်းမရှိခဲ့ပေ။ ယခုမူအရက်သောက်တတ်သည့် ခင်ပွန်းသည်အားအရက်မသောက်ရန် ပြောဆိုရင်းစကားများနေရပါတော့တယ် ================= “အမယ်လေး ဗိုက်နာလိုက်တာ ကိုအောင်ကျော် ကိုအောင်ကျော် ကျွန်မဗိုက်နာနေပြီ မွေးတော့မယ်နဲ့ တူတယ် ကိုအောင်ကျော်’ မသန်းအေးတစ်ယောက် ခင်ပွန်းဖြစ်သူအားအော်ခေါ်နေပေမယ့် ကိုအောင်ကျော်မှာအိမ်မှာရှိမနေပဲ အရက်ဆိုက်၌အရက်သောက်ရင်း အချိန်ဖြုန်းနေပါတယ်။ အိမ်ကြီးထဲ၌ မသန်းအေးတစ်ယောက်တည်းသာ ရှိနေပါတယ်။ မသန်းအေးလည်းနာကြင်သည့်ဝေဒနာ အားကြိတ်မှိတ်ခံစားရင်း ပတ်ဝန်းကျင်အား အကူအညီတောင်းရပါတော့တယ်။ အချိန်ကလည်းည၈နာရီခန့် ရှိပြီဖြစ်သည့်အတွက် မသန်းအေးတစ်ယောက် ကြောက်စိတ်ဖြစ်ခြင်း၊အားငယ်ခြင်းများ ဖြစ်ကာမျက်ရည်များပင်ကျလာပါတော့ တယ်။ မသန်းအေးရဲ့အကူအညီတောင်းသံအား ပတ်ဝန်းကျင်မှကြားသိကာ ...