ရိုက်ကွင်းထဲကမင်းသမီး

လည်း မဟုတ်ပြန်၊ ဒီတော့ မီးလုံး က လည်း မလွဲ၊မတ်မတ် ရပ်နေပါလျက်နဲ့ နံရံပေါ်က အရိပ်ကြီးကတော့ဘယ်ညာဟန် ချက်ညီညီကြီးကိုယိမ်းနေတာ ကျောချမ်းစရာပါပဲ။

တစ်နေ့ ရန်ကုန် က —-မင်းသမီးရောက်လာတဲ့နေ့၊ မိုးကလည်း တိတ်ပြီး နေလေးကသာလို့၊ ဒီလိုနဲ့အဲဒီနေ့က BT. Brother ရေကူးကန်မှာ ရိုက်ကြပါတယ်။ အဲဒီအချိန်က —-မင်းသမီးကလည်း အလှဆုံးအချိန်၊ ရုပ်ရည်၊ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက်တစ်ခုမှ ပြောစရာမရှိ စင်းလုံးချော။ အဲ..ရေကူးဝတ်စုံနဲ့ဆိုတော့ ပို၍ ပို၍ပေါ့။ (စာချပ် ။ ။ မတွေးနဲ့ အခုဆို အဘွားကြီးဖြစ်နေပီ)

အဲဒီနေ့ရိုက်ကွင်းသိမ်းလို့အိမ်ရှေ့က ပန်းခြံထဲ လမ်းလျှောက် နေတဲ့ —- မင်းသမီး ကို ဒါရိုက်တာ ဆရာ ဦးတင်ဦးက ညည်းအဲဒီအလံတိုင်ကို သုံးခေါက်ပတ်ပြီး “ငါဘယ်သူ့မှ မေ ကြာက်ဘူးဟေ့” လို့ အော်ရဲရင် ညကျ စတော် ယ်ရီဖျော်ရည်တိုက်မယ်လို့ လှမ်းစပါရော။ အံမယ် —– မင်းသမီးကလည်း အာဂဗျို့ အလံတိုင်တင်မက အိမ်ကိုပါသုံးပတ်ပတ်ပြီး “ငါဘယ်သူမှ မကြောက်ဘူးဟေ့” လို့ ဆိုပြီး အော်လေသဗျ။

ဒီလိုနဲ့ ညဘက်ရောက်လို့ နောက်နေ့ ရိုက်ကူးရေးအတွက် ဆွေးနွေးနေကြတုန်း မိန်းမ ‌တွေနေကြတဲ့အခန်းက အော်သံ ဟစ် သံတွေ ဝုန်း ဒိုင်း! ကြဲသံတွေပေါ် ထွက်လာပါတယ်။ ပထမတော့ တစ်ဖွဲ့လုံးကြောင်နေ ကြတာပေါ့။

နောက်မှ ဦးတင်ဦးက ” ဟေ့ကောင်! ဘယ် သူတွေ ရန်ဖြစ်နေကြ တာ လဲသွားကြည့်စမ်းလို့” ခိုင်းပါတော့တယ်။ ကြောက်ကြောက် နဲ့ အပေါ်ထပ်မှာ ရှိတဲ့ မိန်းမများနေတဲ့ အခန်းကိုပြေး တံခါးကို တွန်း ဖွင့်ကြည့် လိုက် တော့..အားလား..လား၊ —— မင်းသမီး တစ်ယောက်တစ်ကိုယ်လုံး အဝတ်တစ်စမကပ်ဘဲ ခုန်ပေါက်ရင်း ပါးစပ်ကလည်း ငါ့ကိုစမ်းကြတယ်! ငါ့ကိုစမ်းကြတယ်! နဲ့ အော်နေပါတော့တယ်…။

ဒါ ကိုအထက် ဂိုဏ်းလိုက်တဲ့ အမေ ဒေါ်မေနွဲ့က ——မင်းသမီး ရဲ့ ဆံပင်ကိုဘယ်လက်နဲ့ဆွဲ၊ ညာလက်ကပါးကို ဖြန်းခနဲရိုက်ပြီး ” နင်ဘယ်သူလဲ ခုထွက်စမ်း ခုထွက်စမ်း” နဲ့အော်နေ တာ ကို တွေ့ရပါတယ်။

ချက်ချင်း အခန်းကို အမြန်ပြန်ပြေး…. တံခါးဝကရပ်ပြီး ” ဟိုမှာ —–မင်းသမီးကိုယ်လုံးတီးကြီးနဲ့ တစ္ဆေပူးခံနေရပြီ” လို့ပြောတာ စကားတောင် မဆုံးလိုက်ရ ပါဘူး။ အချင်းချင်းတွန်းထိုးလို့အလုအယက် တိုးဝှေ့ထွက်သွားတာ ဖင်ထိုင်ရင် လဲတဲ့သူလည်း လဲကုန်ကြပါတော့တယ်…။

သူတို့တွေ မိန်းမတွေနေတဲ့အခန်း ဝကနေစုပြုံတိုးဝှေ့ကြည့် နေတာကို အမေဒေါ်မေနွဲ့ က တွေ့တော့ ” သရဲကတစ်မှောင့်၊ဒီနှာဘူးတွေ က တစ်မှောင့် နင်တို့ကိုပါ ပါးချလိုက်ရမလား” ဆိုပြီးအခန်း တံခါးကိုပိတ်လိုက်ပါတော့ တယ်။

ဇာတ်ပေါင်းတော့ မင်းသမီးလည်း ညတွင်းချင်း မြို့ထဲက သူ့မိတ်ဆွေအိမ်ကိုပြောင်း သွားပါတော့တယ်။ မနက်ထမင်းကြော် စားရင်း ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဓာတ်ပုံမြသန်းထွန်းကတော့ တမ်းတမ်းတတလွမ်းလွမ်းဆွေးဆွေးကြီးကို ပြောရှာပါရဲ့။ ” သူပြောင်းသွားကို မတားကြတာ မှားတယ်ကွ။ မင်းတို့ဝိုင်းတားရမှာ။ အမှန်ဆိုသူဒီမှာပဲနေပြီး ညတိုင်း သရဲ ပူးနေရမှာကွ၊ နာတယ် ကွာတောက်” တဲ့ ခင်ဗျာ။

(စာကြွင်း) ဒီအိမ်ကြီးကို နောက်ပိုင်းမှာ သဇင်မြိုင်ဟိုတယ်ဆိုပြီး ဖွင့်ပါတယ်။ သိပ်မကြာခင်ပဲ ပြန်ပိတ်သွားပါတယ်။

မူရင်း စာမူပိုင်ရှင် – ဦးဇင်ဝိုင်း
Source: Popular Myanmar
Design By Burmese Creatures