သည်။ သူမ ခြေလက်ဆေးကြောပြီး ပြန်အလာ
ခြေချော်သွားခဲ့သည်။
“ဝုန်း ……”
စပယ်ဖြူ အရှိန်ပြင်းစွာ
လဲကျသွားခဲ့သည်။ အရှိန်ပြင်းသည့်အတွက်
စပယ်ဖြူ သတိပါလစ်သွားခဲ့တော့သည်။
စပယ်သတိလစ် လဲကျသွား
တော့ သူမအမျိုးသားပါ အနားရှိနေ၍
စပယ်ဖြူ ..ရုတ်တစ်ရက် သတိလစ်လဲကျသွား
လျင်သွားချင်း လျင်မြန်စွာပွေ့ချီ၍
အခန်းသို့ခေါ်သွားခဲ့သည်။ရေကန်နားရှိသော
လူများလည်းစိုးရိမ်၍ လိုက်လာခဲ့ကြသည်။
အခန်းရောက်သော်
မစပယ်သတိရလာခဲ့သည်။ သူသတိရလာတော့
ပြူးကြောင်ကြောင်နဲ့ ရုပ်တစ်ရက်
ထ ထိုင်လာခဲ့သည်။ အချိန်တော်ကြာ တဲ့အထိ
ဘာစကားမှ မပြောပဲ ခေါင်းကြီး ငုံ့ပြီး
ထိုင်နေသည်။ ဆံပင်တွေကလည်း ဝိညာဉ်
တစ်ကောင်ကောင်..ဝင်ရောက်ပူးကပ်သလို
ဖွာလန်ကျဲနေသည်။ ဒေါ်မြ မစပယ်ဖြူကို
သက်သာမူရှိမရှိ ခေါင်းပွတ်ပြီး မေးလိုက်
သည်။
“စပယ်ဖြူအဆင်ပြေလား။ ဘာဖြစ်သွားသေးလဲ”
“ငါ့ အသားကိုလာမထိနဲ့…ငါက စပယ်ဖြူ
မဟုတ်ဘူး”
စပါယ်ဖြူ ချေချော်ပြီး ကြောင်သွားပြီးလားမသိ၊
ဦးခေါင်းများထိသွားသလား။ ခေါင်းထိပြီး
ကြောင်သွားပြီလားပေါ့ဒေါ်မြ ခတ္တစဉ်းစား
ဟန်ပြုနေသည်။
ဘေးနားရှိသူတို့ကို အော်ဟောက်နေသည်
ဆိုတော့။
“ဟဲ့စပယ် ရေကန်မှာချေချော်
သတိလစ်လဲကျသွားလို့
သက်သာလား။ လာမေးတာ
ညီးဘာဖြစ်နေတာလဲ”
“ငါစပယ်ဖြူ မဟုတ်ဘူးလို့ပြောနေတယ်
လေ။”
“ညီး ချော်လဲပြီး အတိပ်မေ့သွားပြီလား။
ညီး ဘာဖြစ်နေလဲ ။ ငါတို့မေးတာဖြေ
ဦးလေ။ အူကြောင်ကြောင်လုပ်မနေဲ့”
ပြောရင်းဆိုရင်း စပယ်ဖြူတစ်ယောက်
မျက်နြှာကြီးနီရဲကာ စားတော့ဝါးတော့မတတ်
ဒေါ်မြဖက် လှည့်လာသည်။ နောက်စပယ်
မျက်နှာက သရဲမတစ်ကောင်အလား
ကြောက်စရာကြီးအသွင်ဖြစ်လာခဲ့သည်။
“ငါ စပယ်ဖြူမဟုတ်ဘူးလို့ပြောနေတယ်လေ။
နင်တို့ နားမလည်တာလား။ဟမ်း!!!
ထပ်ပြောလိုက်မယ် ငါ စပယ်ဖြူမဟုတ်ဘူး”
“ဟင်”
“ဒါဆို ညီးက ဘယ်သူလဲ”
“ငါက ဝေဝေ..မာလကာပင်မှာနေတယ်”
ဘာ!!!
“ညီးနာမ်မည်က ဝေဝေဟုတ်လား။
ဒါဆိုညီးက စပယ်ဖြူကိုယ်ထဲ ဝင်ပူး
ကပ်နေတဲ့ ဝိညာဉ်တစ်ကောင်ပေါ့
ဘာကြောင့်သူ့တစ်ပါးကို ဒုက္ခပေးရတာလည်။
အဲ့အပင်မှာနေနေတာရော
ဘာအစွဲကြောင့်လဲ ။ခုထိမကျွတ်လွတ်သေးဘူး
လား။ပြီးတော့ရော ညီးက
ဘယ်လိုကြောင့် သေသွားခဲ့တာလဲ ။ ဒေါ်မြတို့
ကို ပြောပြပေးလို့ရနိုင်မလား။ “
“ဘာလို့ ဒေါ်မြက ကျွန်မအကြောင်း
သိချင်ရတာလဲ..”
“သြော် ဒေါ်မြက ညီမလေးဝေဝေ သေတာ
တောင်မကျွတ်သေးပဲ ဖြစ်နေလို့လေ။
ဒေါ်မြတို့ ကူညီနိုင်တာရှိရင် ကူညီပေးလို့ရ
အောင်လို့ပါ။ အဲတာကြောင့် ဒေါ်မြ ညီမလေး.ဝေဝေကို မေးတာပါ။”
“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒေါ်မြတို့ ကူညီ
နိုင်မှာ မဟုတ်ဘူး ။ ဘာလို့လဲဆိုတော့
သူတို့ ကျွန်မ ဝိညာဉ်ကို ပုလင်းထဲမှာချူပ်
ထားပြီး ခိုင်းစားနေလို့ပဲ။”
“ဟမ် ဘယ်လို ဘယ်လို ညီမကို ချူပ်နှောင်
်ထားပြီးခိုင်းစားနေတယ်ဟုတ်လား။
သူက ဘယ်သူလဲ။ နေပါဦး ညီမကို
ို သူတို့ ဘယ်လိုကြောင့် သတ်ပစ်လိုက်တာလဲ။
သတ်ပစ်ရလောက်အောင် ဘာတွေများ
ဖြစ်ခဲ့လို့လဲ ညီမဝေဝေ၊ ဒေါ်မြကို ပြောပြပါဦး၊
ကြားရတာစိတ်မကောင်းလိုက်တာ”
“ကျွန်မကို စက်ရုံက မန်နေဂျာနဲ့ သူ့သူငယ်ချင်း
တွေနဲ့ပေါင်းပြီး စော်ကား သတ်လို့သေခဲ့
ရတာပါ။
သူတို့နဲ့ ဘာရန်ငြိုးရန်စမှ မရှိခဲ့ပါဘူး”
“ဟင့် ဟင့် အီး ဟီး”
ဝေဝေ သူ့ဘဝကိုပြောပြရင်း ရှူိက်ကြီးတစ်
ငင်ငိုကာ သူမ စကားဆက်ပြောသည်။
” တကယ်တော့လေ
ဝေဝေက စက်ရုံမှာ အလုပ်လာလုပ်တယ်ဆို
ပေမဲ့ ဝေဝေမှာ ယောက်ျားနဲ့ ကလေးတွေရှိပါ
တယ်။ သူတို့ကို ထားခဲ့ပြီး အလုပ်လာလုပ်ခဲ့တာပါ၊ တစ်နေ့ ဝေဝေသေဆိုးနဲ့သေရမယ်နေ့
ရောက်လာခဲ့တယ်ဆိုပါတော့။
ဝေဝေ အလုပ်လုပ်လို့ရသည့်ပိုက်ဆံ
ကို မြန်မာပြည် ပြန်ပေးလေ့မရှိပါဘူး။
ကြားပွဲစားတွေကို မယုံရလို့ပါ။ ဝေဝေက
သေခဲ့တာကြာပါပြီ ခုစက်ရုံပိုင်
ရှင်က ပြောင်းသွားပြီ လေ။ အရင်သူဌေးမဟုတ်
တော့ဘူး အရင်သူဌေး လက်ထက်
ကတည်းက ဝေဝေသေခဲ့တာပါ။ ဝေဝေ
အရင်သူဌေး လက်ထပ်က အလုပ်ဆင်းရင်း
ရက်၊လတွေကြာလာတော့ မန်နေဂျာ
တွေနဲ့ရော အလုပ်သမားတွေနဲ့ပါ
ရင်းနှီးမူရလာခဲ့တယ်။ အထူးသဖြင့်
မန်နေဂျာနဲ့ ရင်းနှီးမူရရှိလာတော့ ခင်ခင်မင်မင်
စကားတွေ ပြော
ဖြစ်ခဲ့တယ်။ သူနုတ်ဆက်လျင် ပြန်နုတ်ဆက်
တယ်။ သည်လိုနဲ့တရင်းတနှီး ဆက်ဆံလာ
ခဲ့တယ်။
ဝေဝေဘက်က တကယ့် စိတ်ရင်းမှန်နဲ့
အစ်ကိုလို ၊သူငယ်ချင်းလ၊ို ဆရာလို
ပြန်ခင်ခဲ့တယ်။
တစ်နေ့တော့ ဝေဝေ အပြင်းဖျားသလိုလိုဖြစ်လို့
အလုပ်
မဆင်းဘဲ အလုပ်နားခဲ့တယ်။ အိမ်ခန်းမှာပဲအိပ်
နေခဲ့တယ်။ တစ်နေ့ မန်နေဂျာနဲ့အခြား
ယောကျာ်းလေးတစ်စု ဝေဝေဆီရောက်လာ
ခဲ့တယ်။ ဝေဝေနေမကောင်းဖြစ်လို့ သတင်း
လာမေးကြတယ်ထင်ပါရဲ့ သူတို့က တံခါး
ခေါက်ပြီး ဝေဝေနာမည်ခေါ်ကြတယ်။
ဝေဝေလည်း ကိုယ့်မန်နေဂျာလာတယ်ဆို
တော့ ဝမ်းသာအားရ တံခါးဖွင့်ပေးခဲ့တယ်။
ဝေဝေ တံခါးဖွင့်ပြီး ခဏအကြား အခန်းတံခါး
ကို ဝုန်းခနဲ မြည်အောင် ပြန်ပိတ်လိုက်ကြတယ်။
တံခါးဂျက်ပါ ထိုးကာ သူတို့၏ မျက်လုံးများက
ချက်ခြင်း စိတ်ရိုင်းဝင်သလို ဖြစ်ကာ
သူတို့၏ ပုံပန်းသဏ္ဍာန်တွေဟာ ရုပ်ချည်းပြောင်း
လဲ လာခဲ့တယ်။ လူရိုင်းလူဆိုးတွေလိုပေါ့၊
နောက်တော့
ဝေဝေကုိယ်ကို ချူပ်နှောင်ပြီး အနုကြမ်းစီး။
တစ်ဖြည်းဖြည်း ရုပ်တွေက ခက်ထန်။
ဝေဝေကိုယ်ကို ချူပ်နှောင်ထားရင်း သူတို့အဖွဲ့
ရိုက်ကြတယ် နှိပ်စက်ကြတယ်။တစ်ကယ့်
ပစ္စည်းလု လူရမ်းကားတွေလိုလုပ်ကာ ပိုက်ဆံ
နဲ့ရွှေတွေကိုတောင်းတယ်။
ဝေဝေစုထား
သည့်ရွှေတွေ ပိုက်ဆံတွေ တောင်းတော့
အဲဒီမှာ ဝေဝေ ချွေးနဲစာနဲ့ စုထားသည့် ပိုက်ဆံ
တွေ မပေးချင်တော့ မပြောပြခဲ့ဘူး ။
ဝေဝေသူတို့ကိုကြည့်ပြီးကြောက်လည်း
ကြောက်လာခဲ့တယ်။
ဝေဝေ ဘာလုပ်လို့ဘာကိုင်ရမှန်းအသိဖြစ်
နေခဲ့တယ်။ လူက ဖျားနေသည့်အရှိန်ကြောင့်
ထွက်ပြေးလွတ်မြောက်ဖို့ ဇွတ်တင်းကြီး ရုန်း
ကန်နေပေမဲ့လည်း ဝေဝေရုန်းကန်မူ
က အချည်းနှီးသာဖြစ်ခဲ့ရတယ်။
ထွက်ပြေးလွတ်မြောက်ဖို့အစွမ်းကုန် ကြိုးစာ
နေပေမဲ့
အားအင်ကမရှိ ငိုလဲငို ကူကယ်ရမဲ့ဖြစ်နေပြီ၊
ကိုယ်က ကြောက်အားကြီးရင်း သူတို့လူပ်ရှား
နေတာကိုပဲ ဝမ်းနည်းစွာ ကြည့်နေခဲ့ရတယ်။
သူတို့က သူတို့
လိုချင်တာတွေ ရှာနေကြတယ်။ နောက်တော့
သူတို့ တွေ့သွားတယ်။လွှင့်ပစ်ထားသည့်အထုပ်
တွေရယ်၊ ပစ္စည်တွေ ပွစကျဲနေပြီ၊
်မွှေနှောက်ရှာတာလဲရစရာမရှိတော့ပေ။လိုချင်
တာလဲတွေ့သွားပြီ၊ဒါတင်အားမရဘူး.သူတို့
တွေ နှမချင်းမစာမနာ နှာအကြည့်တွေနဲ့ကြည့်
ကာ .ဝေဝေကို သားမယား ပြုကျင့်ကြတယ်။
သူတို့ ပြုကျင့်လို့အားရတော့.ဝေဝေကို မာကျော
သောအရာတစ်ခုနဲ့ ထုသတ်ကြတယ်။ သူတို့
ထုသတ်လိုက်သည့်အတွက်ကြောင့်
ဝေဝေသတ်ိ
လစ်သွားခဲ့တယ်။ ဒါကို ဝေဝေသေပြီအထင်နှင့်
ရေတွင်းတစ်ခုထဲ ကြိုးတုတ်ကာ ပစ်ချခဲ့တယ်။
နောက် သေသွားပြီးရင် အလောင်းပေါ်မည်စိုး၍
ခြေထောက်မှာ ခဲပါဆွဲပေးထားခဲ့တယ်။
ရေပေါ်ပေါ်မလာအောင်ပေါ့ ရေပေါ်ပေါ်လာ
ရင် သူတို့အားလုံ လူသတ် အလောင်းဖျောက်
မူနဲ့ထောင်ထဲရောက်မည် စိုးသောကြောင့်
ယခုလို လူမဆန်စွာ လုပ်လိုက်ကြခြင်း
ဖြစ်မည်ထင်သည်။ ဒါထက်
ဝေဝေဘယ်အချိန်ထိ သတိမေ့နေမှန်းမသိ၊
ဝေဝေသတိရလာတော့ ဝေဝေ ရေတွင်းထဲမှာ
ကြိုးလက်ပြန်တုတ်ရက်သားဖြစ်နေတယ်။
ဝေဝေ ရေပေါ်တတ်ပေမဲ့ ခြေထောက်ခဲဆွဲ
ထားသည့် အတွက်ကြောင့် ဘယ်လိုမှ တတ်လို့
မရ ဖြစ်ခဲ့ရတယ်။
ဝေဝေ ရေထဲမှာပဲ ရေမွန်းပြီး သေပွဲဝင်ခဲ့ရ
တယ်။ဝေဝေ ရဲ့ဘဝအဆုံးသတ်မလှခဲ့ဘူးလေ။
အဲသည်အချိန်ကတည်းက ဝေဝေ မကျွတ်မ
လွတ်ခဲ့ဘူး။ ဝေဝေ ရေတွင်းထဲမှာပဲ နေနေရ
တယ်။
“ဒေါ်မြဖြင့် စိတ်မကောင်းလိုက်တာ
ဝေဝေအဖြစ်က သနားစရာပါ။ ဒါနဲ့ဝေဝေ
သတ်တဲ့လူတွေကိုမှတ်မိသေးလား။ သူတို့
သည်စက်ရုံမှာ ရှိနေကြသေးလား။”
“ရှိပါတယ်။”
“ဘယ်လို ရှိတယ်ဟုတ်လား။ဘယ်သူတွေ
လဲ.ဘယ်လိုပုံသဏ္ဍာန်လည်းကွယ်”
“သူက ပစ္စည်းသယ်ပို့သည့်အလုပ်လုပ်
်နေတာပါ။
ကားဒရိုင်ဘာပေါ့၊
သည်စက်ရုံထဲမှာ ကြာကြာနေလေ့မရှိ
တော့ပြလို့မရဘူး။
ကားမောင်းနေတော့ စက်ရုံထဲကြာကြာမနေရ
ဘူးလေ။ သူက ဝေဝေဝိညာဉ်ကို ပုလင်းထဲ
ထည့်ထားပြီး ခိုင်းစားထားတယ်။ ပြီးတော့
ဝေဝေ
ကို လွတ်မြောက်အောင်လုပ်ပေးဖို့ လွယ်မည်
မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲသည်
ပုလင်းက သူ့လည်ပင်းမှာ အမြဲမချွတ်တမ်း
ဆွဲထားတာ”
“မိုက်ရိုင်းလိုက်တာ သတ်လို့မှ အားမရဝိညာဉ်
ကိုပါချူပ်ပြီး ခိုင်းစားနေတယ်။.ဒေါမြ ဘုန်းကြီး
ကျောင်းတစ်ခုမှာ
ညီမလေး ဝေဝေအတွက် ကုသိုလ်ပြု
အမျှတမ်းဝေပေးပါမယ်။ အဲ့ကြ ညီမလေး
ဝေဝေ သာဓုအနုမောဒ္နာလာခေါ်နော်။”
“ဟုတ်ကဲ့ ဝေဝေအမျှလာယူပါ့မယ်။
ဝေဝေသွားရတော့မယ်။”ပြောပြီးထွက်သွား
ခဲ့တယ်။
ဝိညာဉ်မလေး ဝေဝေထွက်သွားတော့
စပယ်ဖြူ လဲကျသွားခဲ့တယ်။ သူလဲကျသွား
တော့ စပယ်ဖြူကို သတ်ိရအောင်လုပ်ယူပြီး
ခဏအကြာမှာ
အလုပ်ရုံသို့ ဒေါ်မြတို့ဝင်ခဲ့ကြတယ်။ အဲ့ ဒါပေမဲ့
ဝိညာဉ်မလေးကိုတော့ တစ်နေ့နေ့ မှာ ကုသိုလ်
ပြုပြီး ဘုန်းကြီးပင့် အမျှအတန်းဝေပေးဖို့
ရည်ရွယ်ထားလိုက်ကြသည်။
××××××××÷÷÷÷÷÷÷÷÷÷×××××
စံပယ်ဖြူတစ်ယောက် မျက်နှာအောက်ငုံ့
ပြီး ရေကန်ဘေးမှာ ရပ်နေသည်။ သူမကြည့်ရ
တာ ဘာစဉ်းစားနေသည် မသိ ငြိမ်သက်စွာ
ရပ်နေသည်။ ဒါကို လင်ဖြစ်သူက အဝေးကနေ
အကဲခတ်နေသည်။ အချိန်က ညနေနေဝင်ရီ
တစ်ရောအချိန်လေးဖြစ်သည်။
အများသူငှါလဲ ရေခ်ျိူး အဝတ်လျှော်နေကြ
သည်။ စကားသံ များက ရောက်တတ်ရာရာ
တွေပြောနေကြသည်ပေါ့။
“ဒုန်း..ဒုန်း….ဒုန်း “
“ဟဲ့ ဟဲ့ စပယ်ဖြူ ဘယ်သွားမို့လဲ
ဟဲ့ စပယ်ဖြူ ဘယ်သွားမလို့လဲ
ဟဲ့လုပ်ကြပါဦး စပယ်ဖြူ သရဲ အလွန်ခြောက်
သည်ဟု နာမည်ကြီးသည့် ရေကန်ဆီပြေး
သွားပြီး ”
ထိုအထဲက မိန်းမ တစ်ဦးအော်မှ
အားလုံးသတိဝင်လာကြသည်။ စပယ်ဖြူက
ရေကန်ထဲဆင်းနေတာ လူတစ်ကိုယ်လုံး
တောင်မြုပ်လုနီးဖြစ်နေပြီး
စပယ်ဖြူပါးစပ်ကလည်း ပွစိပွစ်ိ ပြောပြောရင်း
ရေကန်ထဲ ဆင်းနေသည်။
ထိုတော့မှ ယောကျာ်လေး လေးငါးယောက်
လောက် ရေကန်ကြီးဆီ ပြေးဆင်းကြရင်း
စပယ်ဖြူကို ဝိုင်းဆွဲထားကြသည်။ ယောကျာ်း
အသန်အမာကြီးတွေ ဆွဲတာကို စပယ်ဖြူ
မဖြုံပေ ရေထဲပဲ ဆင်းပြေးရန် အတင်းရုန်း
နေသည်။ ယောကျာ်းလေးငါးယောက် ဝိုင်းဆွဲ
တာကို စပယ်ဖြူ အားက သန်မာနေတော့
ယောက်ျားလေးတွေ မနိူင်ကြပေ ။
လွတ်လွတ်ထွက်နေသည်။
ဒီလို ရုန်းနေသည့်ကြားက မနည်း
ရအောင် ဆွဲခေါ်ခဲ့ရသည်။ သွေးရိုးသားရိုး
မဖြစ်နိုင်မှန်းသိတော့
စပယ်ဖြူကို ဇွတ်တင်းဆွဲခေါ်လာပြီး
ပရိတ်ရေနဲ့ပက်ဖြန်းကြသည်။ ထိုတော့မှ
စပယ်ဖြူ အသိစိတ်ဝင်လာခဲ့သည်။
သူ့ကိုမေးတော့ သူလည်း ဘာမှ မသိကြောင်း
ပြန်ပြောသည်။
သူတို့ ထင်တာတော့ သရဲမ ဝေဝေ ဟာ
ရေနဲ့ သေလို့ သူဟာ စပယ်ဖြူကို ဝင်ပူးပြီး
ရေထဲ ဆွဲခေါ်တာပဲ ဖြစ်လိမ့်မယ်။
အလားတူပဲ အခြားသူများကိုလည်း သရဲခြောက်
သော.ရေကန်ကြီးထဲ ဆွဲခေါ်ခဲ့ဖူးသူများလည်း
ရှိခဲ့သည့်အတွက် ဒီလို တပ်အပ်ပြောနိုင်ခြင်း
ဖြစ်၏။
“ဒီတိုင်းနေလို့တော့မဖြစ်တော့ဘူးဟေ့
တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။
ကြာရင် စပယ်ဖြူအတွက် မကောင်းဘူး။”
စက်ရုံထဲက အလုပ်သမား ဘာသာတူ
သူငယ်ချင်းများကို
စပယ်ဖြူအမျိူးသားပြောလိုက်သည်။
“ဒါဆို ဝေဝေဝိညာဉ်လေး
ဘဝကူးကောင်းအောင် ဘုန်းကြီး
ပင့်၊ လျူဖွယ်ဝထ္ထုကပ်ပြီး ၊ ကျွတ်လွတ်
သွားအောင်လုပ်ရင်မကောင်းဘူးလား။”
“ကောင်းတာပေါ့.ဗျ ..ကျူပ်တို့ အလုပ်သမား
တွေ အလျူငွေ စုပြီး ကုသိုလ်ပြု ကြမယ်လေ။
ဒါဆို ကျွန်တော်တို့အားလုံးလဲ အဆင်ပြေ
မယ်။ သရဲမဝေဝေလည်း ကျွတ်လွတ်မယ်။
ကုသိုလ်လည်းရ ဝမ်းလည်းဝမယ်။”
“ဒါဆို အလျူငွေစုကြစို့ဗျို့” သူငယ်ချင်းတွေ
သရဲမလေး ဝေဝေအတွက် ကုသိုလ်ပြု ုဖြစ်
ကြတော့မယ်လေ။
×××××××××××××××××××××××××××××
ဗမာဘုန်းကြီးကျောင်းသို့ သူငယ်ချင်း
တစ်စု ဝေဝေအတွက် ကုသိုလ်ပြု အမျှဝေဖို့
ပြင်ဆင်နေကြသည်။ ဝိညာဉ်မလေး
ဝေဝေ
ကိုလည်း တရားပွဲ စ ကာ နီး ဘုန်းဘုန်းက
တရားလာနာဖို့ ဖတ်ခေါ်လိုက်သည်။ တရားပွဲအပြီး
မှာ …တော့ ဝေဝေအတွက် ပြုပေးသည့်ကုသိုလ်
အစုစုကြောင့် ဝေဝေ ဝိညာဉ်လေး ကျွတ်လွတ်
သွားပြီး ကောင်းရာဘုံဘဝသို့ရောက်ရှိသွား
လိမ့်မယ်လို့ အားလုံးမျှော်လင့်မိကြသည်။
×××××××××××××××××××××××××××××
နောက်တစ်နေ့တွင်လည်း ဝေဝေ
ဝိညာဉ်က ခြောက်လန့်နေတုန်း သူ့ဝိညာဉ်က
စက်ရုံထဲက မာလကာပင်မှာလည်း နေသေး
သည်။ ထိုမာလကာပင်နားသွားသူတိုင်းကို
လည်း ခြောက်လန့်တတ်သည့်အတွက် ထိုမာ
လကာပင်နားလည်း မသွားဝန့်ကျ အသီးသီး
လာရင်လည်း မခူးရဲကျပေ။ ရှောင်ကွင်းသွား
ကျသည်။ ကုသိုလ်ပြု အမျှပေးဝေပါလျက်
မကျွတ်မလွတ်ဖြစ်နေသည်။ ဝိညာဉ်မလေး
သေခဲ့သည့်ရေတွင်းအနားတဝိူက်တွင်လည်း
ဝေဝေလိုမျို းအလားတူ အသတ်ခံခဲ့သူတွေ
အများအပြားရှိနေသည်ဟု ဝေဝေကိုယ်တိုင်
ပြောပြခဲ့ဖူးသည်။ ဝေဝေပြောပြချက်အရ သူမ
ပြောတာမှန်ကန်မူရှိမရှိသိရှိလို၍ ရေတွင်းပျက်
နားတစ်ဝိူက် သွားရောက်ရှာဖွေ တူးဖော်ကြည့်
သည့်အခါ လူသေများရဲ့အရိုးစုများကို တွေ့ရှိ
ခဲ့ရပါသေးသည်။ ဝေဝေရဲ့အရိုးစုကတော့
ရေတွင်းရဲ့အောက်ဆုံးပိုင်းမှာအမှန်တစ်ကယ်
တွေ့ရှိခဲ့သည့်အတွက် ဝေဝေအတွက်လည်း
အမှန်တစ်ကယ်စိတ်မကောင်းဖြစ်ခဲ့ရပါသေး
တယ်။
ဝေဝေအတွက် ကုသိုလ်ပြု
အမျှဝေပေးပေမဲ့ အခြားဝိညာဉ်တွေသာ
ကျွတ်လွှတ်သွားပြီဝိညာဉ်မလေးဝေဝေက
တော့ မကျွတ်လွတ်နိုင်သေးဘဲ ယခုအချိန်ထိ
ခိုင်းစားခံနေရသေးကြောင်း အိပ်မက်တွင်
လာရောက်ပြောသွားချက်အရ သိရှိခဲ့ရသည်။
စက်ရုံက အလုပ်သမားအချိ့ ဝိညာဉ်မလေး
ဝေဝေအတွက် ကုသိုလ်ပြုပေးခဲ့ကြပေမဲ့
ဝေဝေဝိညာဉ်လေး မကျွတ်လွတ်သေးပဲ
ရှိနေခဲ့သည်။
ရွှေမြန်မာတို့ သူတစ်ပါး၏ နိုင်ငံတွင် မလွှဲသာ
မရှောင်သာ အလုပ်လုပ်နေခဲ့ကြသည်ရှိသော်
သတိအမြဲရှိနိုင်ကြပါစေလို့၊ သတိဆိုတာပိုသည်
မရှိပါဘူး။ သတိလေးသာ အမြဲထားနိုင်ကြပါစေ
လို့ စာရေးသူ ဆုတောင်းပေးပါတယ်။
သည်ဇာတ်လမ်းလေးက ထိုင်းနိုင်ငံမှာ အမှန်
တကယ်ဖြစ်ပျက်ခဲ့တာပါ။ စာရေးသူလည်း
အဲသည်စက်ရုံမှာ လုပ်ကိုင်နေသူတစ်ဦးတစ်
ယောက်၏ ပြောပြချက်အရ ဇာတ်လမ်းလေးကို
ဆီလျော်အောင်ဖြည့်စွပ်ရေးသားပေးထား
ခြင်းဖြစ်ပါတယ်ရှင့်။
စာရေးသူ အရေးအသားလေးတွေဟာဆိုရင်
လိုအပ်ချက်တွေရှိနေပါသေးသည်။ဒီ့အတွက်
လည်းစာရေးသူ
ဆက်လက်ကြိုးစားသွားပါဦးမည်လို့၊ယခုအဖြစ်
ပျက်လေးဟာဆိုရင်
တစ်ပါးသူနိုင်ငံမှာ သားနဲ့ယောကျာ်းကိုခွဲပြီး
အလုပ်လုပ်ရင်းသေခဲ့ရသော သရဲမလေး
ဝေဝေလည်း ဝဋ်ကျွေးပါရင် ဒီဘဝဒီမျှနဲ့သာ
ကျေပါစေ။ သူမရဲ့ဘဝလေး ဘယ်အတိုင်း
အတာတစ်ခုထိ ခိုင်းစားခံနေရဦးမလည်းမသိ
ရပေမဲ့ စာရေးသူ ဆုတောင်းပေးချင်တာက
ခိုင်စားခံ ဝိညာဉ်ဘဝမှ အမြန်ဆုံးကျွတ်
လွတ်ပါစေ ဆုတောင်းရင်း
ပြီးပါပြီ
ဇာတ်လမ်းထဲက နာမ်မည်များမှာ အစစ်မှန်
မဟုတ်၊ စာရေးသူ ထည့်သွင်းထားချင်သာ။
စာဖတ်သူအားလုံး အသိလေးရကြပါစေ။
သတိလေးရှိကြပါစေလို့ဆန္ဒပြုရင်း။..
စာရေးသူ- ယဉ်မေမြင့်မိုရ်( မလိူင်)
pageကိုအသစ်တင်တိုင်းဖတ်ရှုရအောင်Like&Followလေးလုပ်ထားကြပါအုံး😍😍
Leave a Reply