သြော် ..ကိုကြီးမင်းအောင် ဘုရားရှစ်ခိုးပြီးပြီကို “ ” ဟ..ငါ့ကောင်ပြည့်ဖြိုးရ ဘယ်အချိန်ထဲကရောက်နေတာတုံး “ ” ကိုကြီးမင်းအောင် ဘုရားစပြီးရှစ်ခိုးထဲက ရောက်နေတာဗျ “ ….” ငါ့ကောင်ကြီး ပြည့်ဖြိုးက တယ်လည်းဝိရိယ ကောင်းနေတာကိုး “ ကျွန်တော်လည်း ချီးကျုးလိုက်တော့ ပြည့်ဖြိုးမျက်နှာပြုံးစိစိနဲ့ …ဘားမှတော့ပြန်မပြောဘူးဗျ။ ” ပြည့်ဖြိုးရေ ..ငါတို့တွေခရီးထွက်ကြစို့..” ” ဟုတ်ကဲ့..ကိုကြီးမင်းအောင် “ ဒီလိုနဲ့ ..ကျွန်တော်နဲ့ပြည့်ဖြိုးလည်း….. ကွမ်းတစ်ယာညက်လောက် လမ်းလျှောက်ခဲ့ရာ.. ကျွန်တော်တို့ရွာလေးရဲ့ စက်လှေဆိပ်သို့ ရောက်ရှိလာခဲ့တယ်။ ...
ချောင်းကူးကတို့လှေများဆွဲကာစီးပွားဖြစ်နေကြသည်။ ထိုအခါ်ဘုန်းကြီးကျောင်းပြုပြင်ရန်မြင့်မောင်နှင့်ရွာလူကြီးများ ခေါင်းချင်းဆိုင်ကာတိုင်ပင်နေကြသည်။မြင့်မောင်ပိုင်သောလယ်ကွက်ထဲတွင် နှစ်ချို့ကျွန်းပင်ကြီးတပင်ရှိသည်ထိုကျွန်းပင်ကြီးသည်လူနှစ်ဘက်စာလောက်ကြီးကာ လယ်ကွက်နှစ်ကွက်ကြားသို့ရောက်နေသည်မြင့်မောင်ကထိုကျွန်းပင်ကြီးအားခုတ်ကာ ဘုန်းကြီးကျောင်းဆောက်တဲ့အထဲထည့်ရန်တိုင်ပင်သည်ခက်တာကမြင့်မောင်နှင့်ဘေးချင်းကပ် လယ်သည်မိုက်ခဲလယ်ဖြစ်ကာကျွန်းပင်တဝက်ကိုသူပိုင်သည်ဟုဆိုထားသည်။ ထိုကြောင့်မြင့်မောင်နှင်ရွာလူကြီးများကကျွန်းပင်တဝက်ပိုင်သောမိုက်ခဲထံအလူခံထွက်လာကြသည်။ ””’ကျု ပ်မလူနိုင်ဘူး—-ဒီအပင်ကိုရောင်းဘို့မြို့ကပွဲစားကိုအပ်ထားတယ်—-ငွေမျို းမျိုးမြက်မြက်ရမဲ့ကိစ္စကို——-ဘယ်ကရောက်လာမှန်းမသိတဲ့ဘုန်းကြီးကိုလူရမလား——”’ ””’မြင့်မောင်မင်းလူတွင်ကျယ်လုပ်တာနဲနဲတော့များနေပြီ—-ငါ့ကိုလာပြီးလူတွင်ကျယ်မလုပ်နဲ့မရဘူး’—–””’ ””’မင်းဘုန်းကြီးကသူများမလူ ချင်တာအတင်းလူခိုင်းနေရင်—-ငါကိုယ်တိုင်ဝါးချွန်နဲ့ရင်ဝထိုးပြီးသတ်ပြစ်မယ်””’ မိုက်ခဲစကားကြောင့်မြင့်မောင်နဲ့ရွာကလူငယ်များကမခံမရပ်နိုင်ဖြစ်ကာမိုက်ခဲအား ထိုးမယ်ကြိတ်မယ်နှင့်ရန်ဖြစ်ကြရာလူကြီးများကအတင်းဝိုင်းဆွဲကြရလေသည်။ မိုက်ခဲတို့မိုက်လိုက်ပုံကဒီမှာတင်ရပ်မသွားပေ တနေ့တွင်အရက်မူးလာသောမိုက်ခဲနှင့်ဘုန်းကြီးတို့လမ်းမှာဆုံကြရာမိုက်ခဲက ”’ဒီမှာဘုန်းကြီးဘုန်းကြီးကျောင်းပြင်မယ်ဆိုပြီးကျုပ်ကျွန်းပင်ကိုလာမျက်စောင်းမထိုးနဲ့——ဝါးချွန်နဲ့ရင်ဝကိုထိုးလိုက်လို့ထုတ်ချင်းပေါက်သွားမယ်–ကိုယ့်ဘာသာအေးဆေးနေ””” ””’တကာမှားနေပြီဘုန်းကြီးကအလူမခံပါဘူး—-ဒီကျောင်းကဘုန်းကြီးပိုင်တဲ့ကျောင်းလဲမဟုတ်ဘူး—– တကာတို့ရွာမှာပဲတင့်တင့်တယ်တယ်ကျန်ခဲ့မှာပါကျောင်းဆောက်လူတဲ့အလူဟာအင်မတန်ကုသိုလ်ရပါတယ်””” ””ကျုပ်နားမလည်ဘူး——စိတ်မဝင်စားဘူး”” မိုက်ခဲလဲမူးမူးနှင့်အကုသိုလ်များယူကာဒယီးဒရိုင်ဖြင့်ထွက်သွားလေသည်။ တရက်မှာရွာမှလူများစုကာတောင်ပေါ်သို့လှည်းများဖြင့်ထင်းခုတ်သွားကြလေသည်။ မိုက်ခဲလဲထင်းခုတ်လိုက်သွားလေသည်ထင်းခုတ်သွားရာတွင်တောနက်ထဲညအိပ်သွားကြသည်မို့ လူစုကာသွားကြခြင်းဖြစ်သည်ရွာဓလေ့အရတဦးနှင့်တဦးကူညီနိုင်အောင်ဖြစ်သည်။ နောက်တနေ့မှာတော့ထင်းခုတ်သွားသောရွာကလူများပြန်လာရာ ညနေအတော်စောင်းနေပြီနေမင်းသည်လဲအနောက်ဘက်သိုဝင်ရန်တာဆူနေပြီ ထိုအချန်တွင်မိုက်ခဲရဲ့ထင်းလှည်းသည်နောက်ဆုံးမှလိုက်ပါလာရာရွာထိပ်ကဝါးရုံတောနား အရောက်တွင်နွားနှစ်ကောင်သည်ရုတ်တရက်ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့မိုက်ခဲလဲလှည်းပေါ်မှမက်တပ်ရပ်ကာ နွားနှစ်ကောင်ကိုထိန်းလေသည်မိုက်ခဲကြိမ်တံကြောင့်နွားနှစ်ကောင်သည်။ ကဆုန်ပေါက်နေကာမိုက်ခဲသည်လှည်းပေါ်မှအရှိန်မထိန်းနိုင်ပဲဝါးရုံတောထဲသို့ပြစ်ကျသွားလေသည်။ ထိုအခါခပ်စွေစွေခုတ်ထားသောဝါးငုတ်တိုတခုပေါ်သို့ကျသွားကာဝါးချွန်သည် မိုက်ခဲရင်ဝမှထုတ်ချင်းပေါက်ထွက်သွားကာနေရာတွင်ပွဲခြင်းပြီးသေလေသည်။ ရွာထဲကလူများလဲမိုက်ခဲအဖြစ်ကိုကြည့်ကာဘုန်းကြီးအားစော်ကားပြစ်မှားမိသည့်အတိုင်းဖြစ်၍ သူပြောသည့်အတိုင်းမိုက်ခဲသေပုံအားပြောမဆုံးအောင်ရှိနေသည်။ ရွာပြင်တွင်အစိမ်းသေသွားသောမိုက်ခဲအလောင်းအားရွာကလူများကရွာထဲမသွင်းပဲ ရွာပြင်တွင်ဝါးကပ်ဖြင့်အလောင်ပြင်ထားသည်။ရွာကလူများလဲသိပ်ပြီးကြည့်မရပေမဲ့နာရေးဆိုတော့ အလောင်းအားဝိုင်းဝန်းကာကူညီပေးကြသည် ထိုညကဘုန်းကြီးကျောင်းအပြင်ဘက်တွင်ခွေးတွေအူလိုက်ဟောင်လိုက်နှင့်ဆူညံနေသည်။ ...
ဟုတ်တယ်ဟေ့ ဒီမှာဖားကျတယ်ကျောက်ခဲရေ လူခွဲဟေ့” ဖားရိုက်လျှင် တစ်ယောက်မီးတစ်ပြန် အကွာအဝေးမှာ နေပါက မြင်ကွင်းက ပို၍ ရှင်းလင်းလှပေသည်။ ဖားရသ၍ အောင်တင်နှင့် ကျောက်ခဲတို့ ရိုက်၏ အောင်တင် မီးတစ်ချက် ပြန်အဝေ့ နီရဲ့လှသော မျက်လုံးဝိုင်းဝိုင်းအားတွေ့လိုက်သည်။ အောင်တင် စိတ်ထဲဝမ်းသာသွားသည် ထိုမျက်လုံးအနေအထား အရ ဖား၅၀သား အထက်ရှိနိုင်သည် မီးမှိတိကာ တွေ့လိုက်သောနေရာသို့မှန်းလျှောက်လေသည်။ ဖားကို မျက်လုံးအဓိက ထား၍ ရှာရသည်ဖြစိသဖြင့် မီးရောင်ကြောင့် ဝပ်သွားလျှင် ရှာရ ခက်မည်ဆိုးသောကြောင့် ထိုသို့ မီးမှိတ်ကာ အနားသွား၍ ဆက်ကနဲထိုးကား ဖမ်းခြင်းက ...
ဒို( ထို ) ပစ်တမ်းတဲ့ဗျ ဒီကစားနည်းကလည်းကျုပ်တို့ဆီမှာပါဆော့တဲ့ကစားနည်းဗျ ခဗျားတို့သိအောင်ပြောရရင်တော့ အကွက် က ၈ကွက်ဗျ အဲ့အကွက်လေးတွေကိုလည်း အိုးခြမ်းပဲလေးတွေနဲ့ ပြစ်ပြီးတော့လည်း ခြေတစ်ပေါင်ကျိုးကစားရတဲ့ ကစားနည်းဗျ စည်းကိုလည်း ဒို (ထို )လေးကထိလို့မရဘူးဗျထိရင်လည်းအသေပေါ့ဗျာ အကွက်၈ကွက်ကျော်ပြီးရင်တော့ခေါင်ကိုရောက်ပြီဗျ ခေါင်ရောက်ပြီးရင်လည်း မျက်စိကိုမှိတ် ဒို( ထို)ကိုနောက်ပြန်ပစ်ရတယ်လေ အကွက်၈ကွက်ထည်းက တစ်ကွက်ကွက်ကိုထိုက ကျသွားရင်လည်းအဲ့အကွက်ကကိုယ့်အပို်င်ပေါ့ဗျာ ကျန်တာတွေတော့ရှိသေးတယ်ဗျ ကျုပ်ကလည်း ကလေးတွေဒို(ထို ) ဆော့တာကြည့်နေရင်ကလည်း ငြီးငွေ့လာတာပေါ့ ကျုပ်ဟိုဒီစဉ်းစားလိုက်တော့လည်း သင်းနွယ်ကိုသတိရသွားတယ် ခရေပန်းကုံးလေးကိုခေါင်းပေါ်မှာရစ်ခွေ မြန်မာဆန်ဆန် ချိတ်ထဘီ ရင်ဖုံး ပါးကွက်ကြားလေးနဲ သင်းနွယ်ကိုလည်း ...
အို…လောက၊ အသင့်ရဲ့ အကြောင်းကို ငါအခုတင်ပဲ ဦးဆုံးအဖြစ် မြည်းစမ်းကြည့်ရပြီ…’ ဖာတစ်လုံးခေါင်းကျားအဖြစ် သရုပ်ပြတဲ့ ရုပ်သေးရုပ်ကလေးရဲ့ ကြွေးကြော်မှုက မာန်ကောဟန်ကော ပြည့်စုံလွန်းတယ်။ ကလေးတွေဆီက လက်ခုပ်သံတွေ တဖျောဖျော ထွက်ပေါ်လာခဲ့ပါရဲ့။ လက်ခုပ်သံကြောင့် ထင်ပါတယ်။ ရုပ်သေးတွေရဲ့ ကပြမှုက ပိုပြီး မြိုင်ဆိုင်လာတယ်။ သားအဖနှစ်ယောက်က ရုပ်သေးရုပ်တို့ကို ကြိုးဆွဲရင်း အသံနဲ့ အငိုအပြောတွေ ပီပြင်လာတယ်။ ပွဲက တဖြေးဖြေးနဲ့ လမိုင်းကပ်လာတယ်။ ကပြသူနဲ့ ပွဲကြည့်သူ အစပ်အဟပ်က မိလာပြီး လက်ခုပ်သံတွေက တသောသာပါပဲ။ နောက်တော့ ကလေးတွေတင်မက လူကြီးတွေပါ ...
သည်။ ထို့ပြင် အိမ်စောင့်နတ်။ ရွာစောင့်နတ်၊ ရွာပိုင်၊ ရုက္ခစိုးတို့ကို ဆီမီးလှူ၍ စနေနေ့ ခါးပတ်နက္ခတ် ကြုံသောအခါကိုရွေး၍ သနချေရပါသည်။ သနချေပြီး ရေငုံ၍ နှုတ်ပိတ်၊ နားပေါက်ပိတ်၊ ရေထိုးရပါမည်။ရေထိုးစဉ်အချိန်၌ ကိုင်ဆောင် ရမည့်သူသည် ဂုဏ်တော်ကိုးပါးကို ရွတ်၍ အင်း စောင့်ဝိဇ္ဇာအား မီးမပြတ်စေဘဲ ထွန်းညှိပူဇော် ရမည်။ ထိုအခါ အင်းစီရင်ခြင်း ပြီးဆုံးတော့ သည်။ အင်း၏ အသုံးဝင်ပုံမှာ သူပြု၊ နတ်ပြု၊ ဆရာပြု၊ ရုပ်တား၊ နတ်တား၊ အစာပင်း၊ ဇော် ဂနီမျိုး(၂၅ )ပါးမှစ၍ ...
သေချာလား အဲ့ဒါပဲလား အဂ္ဂရယ် ” ” သူ့ကိုကြည့်ပြီး သူ့အကြောင်းပြောတာ ရင်ထဲမှာ တမျိုးပဲ တလှပ်လှပ်နဲ့ ” အဂ္ဂ အဲ့လိုပြောလိုက်ရာ တေဇက ဝင်ပြီး ထပ်နောက်ပြန်သည်။ ” မင်းကားမူးလာလို့နေမှာပါ ” ” အာ အကိုကလည်း ကားမူးလာလို့ရင်တွေတုန်တာမဟုတ်ဘူးထင်တယ် အရင်ကလည်း ခရီးဝေးတွေ သွားဖူးနေတာကို ကား မမူးပါဘူးဗျ ” ” အေးပါ ဒါဆိုလည်းပြီးရော ဒါပေမဲ့ အဲ့ကောင်မလေးက မချောဘူးကွ ရုပ်ဆိုးတယ်ဟ ” ” အကိုကလုပ်ပြီ သေချာကြည့်လေချောလေပဲ ...
မောင်လေးနေမကောင်းဖြစ်နေသည်။ အမေသေသွားပြီးနှစ်ရက်အတွင်း သူတို့မောင်နမထံမည်သည့် ဆွေမျိုးသားချင်းတိူ့မှ ရောက်မလာကြ။ ယခုတော့ အိုးပေါက်တစ်လုံးပေးကာနှင်လွှတ်ခံရ လေပြီ။ “ဟင်း မတတ်နိုင်ပါဘူး မောင်လေးကိုဒါလေးရောင်း ပီး ဆေး၀ယ်တိုက်ရမှာပဲ” အိမ်ဘက်အမြန်ပြန်ခဲ့သည်။ သူမတို့နေသည်က သူများအိမ်နောက်ဖေးဘက်တွင် ဖြစ်သည်။ သူမတို့အိမ်အပြင် လယ်ကွင်းများသာရှိတော့သည်။ “မောင်လေး ထ ဆန်ပြုတ်သောက်ရအောင်” “သားမသောက်ချင်ဘူးမမ အမေ့ကိုလွမ်းတယ်” မျက်ရည်အဝဲသားနှင့်ပြောလာသည့်မောင်ငယ်လေး အားကြည့်ရင်း ငိုချင်သည့်စိတ်ကိုတင်းထားရသည်။ သူသာငိုပြနေလျှင် ဖျားနာနေသည့်မောင်ငယ်မှာ နလန်ထူနိုင်မည်မဟုတ်။ “ထထ နဲနဲသောက် မောင်လေးမသောက်ရင် မမလဲမသောက်တော့ဘူး” ထိုစကားကြားမှမောင်ငယ်သည် အိပ်နေရာမှထထိုင် သည်။ သူမခွံ့ကျွေးသည့်ဆန်ပြုတ်အား အနည်းငယ်သာ သောက်သည်။ ...
မီးစတင်စွဲပြီး ထမင်းအိုတည်ဖို့ပြင်လိုက်သည့်အချိန် စက်လှေနားကို လှေငယ်လေးတစ်စီးကပ်လာတာမြင်တော့ ဘာများအလိုရှိမလဲလို့ကျနော်လှမ်းမေးလိုက်သည် * ဦးလေး ဘာကိစ္စရှိလို့လဲ..* ကျနော့်အမေးကို သူကချက်ချင်းမဖြေဘဲ ဟိုကြည့်ဒီကြည့်လုပ်နေပြီးကာမှ မေးငေါ့ကာ * စစ်တွေဖက်ကိုသွားမလို့လား…* * ဟုတ်တယ်ဗျ ဘာဖြစ်လို့လဲ * အဲ့သည်ဦးလေးက တစ်ခုခုကိုကြိုတွေးနေဟန်နဲ့ စက်လှေခေါင်မိုးပေါ်က ကျနော့်ဦးလေးကိုမော့ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည် * ဘာမှမဟုတ်ပါဘူး လမ်းမှာငါတို့နဲ့ ဆုံရင် အရက်၀ယ်ခဲ့ကွာ..* ကျနော်ဘာမှနားမလည်ပေ အဖေ့အသိတွေများလားလို့စိတ်ထဲကတွေးလိုက်ပေမယ့် ဒီလူကြီးကိုနည်းနည်းတော့ မသင်္ကာ ထိုမျှသာပြောပြီး လှေငယ်လေးကိုခပ်မြန်မြန်လှော်ခတ်ကာပင်လယ်ဘက်ဆီကိုတရွေ့ရွေ့ထွက်သွားလေသည် * မင်းအဖေ အသိထင်တယ် * ဦးလေးကလှမ်းပြောလိုက်သည် ကျနော်ကတော့ထွက်သွားသည့်လူကိုခေတ္တမျှကြည့်နေရင်း ...
အားနာသွားတဲ့မျက်နှာပေးဖြင့် နေထွန်းကိုကြည့်လိုက်ပြီး အိုးတွေပန်းကန်တွေသိမ်းနေတဲ့ မိန်းမဖြစ်သူကိုလှည့်ကြည့်လိုက်သည်။ နေထွန်းနဲ့ သူရလဲ ထိုအခါမှနောက်ကိုလှမ်းကြည့်လိုက်တော့ ဆိုင်သိမ်းနေတာကိုသဘောပေါက်သွားပြီး… “ဆရာနေထွန်းပါလား ကျွန်မသိမ်းဆည်းနေတာနဲ့ မမြင်လိုက်တာ လောလောဆယ်တော့ဘာမှမရှိတော့ဘူးဆရာရဲ့” ပြောသည့်လေသံက အတော်ပင်အားနာနေသည့်လေသံ။ အားမနာ၍မရ ထိုလင်မယားအပေါ်နေထွန်းကျေးဇူးမကင်းလှ။ မိုးတွင်းကာလအချိန်က ကိုစအပြင်းဖျားခဲ့ချိန် အလုပ်မရှိ၍ ဒုက္ခရောက်နေသော သူတို့လင်မယားကို ဟိုက်ဝေးလမ်းကနေ ဆယ်မိုင်ခန့်ဝေးတဲ့သူတို့ရွာဆီ တကူးတကလာပြီးအကူညီပေးခဲ့ဖူးသည်။ “ဟာဗျာ ဗိုက်ဆာပါတယ်ဆိုမှ” “အားနာလိုက်တာဆရာရယ် ဒီလိုလုပ်ပါလား ထမင်းတော့ရှိတယ် ဟို ဒီရက်ထဲ အသုတ်တွေပါတွဲရောင်းနေတော့ ဆီချက်တွေအစုံရှိတယ် ထမင်းသုတ်လုပ်ပေးမယ်လေ ကြက်ဥလဲရှိတယ် ချက်ချင်းကြော်လိုက်လို့ရတယ်” နေထွန်းဆီက ဘာသံမှပြန်မထွက်လာ စိတ်ပျက်နေသည့်ပုံစံဖြင့် စားပွဲပေါ်ကိုလက်တင်ပြီး ...