အငြိုးကြီးသောစုန်း

သေချာလား အဲ့ဒါပဲလား အဂ္ဂရယ် ”
” သူ့ကိုကြည့်ပြီး သူ့အကြောင်းပြောတာ ရင်ထဲမှာ တမျိုးပဲ တလှပ်လှပ်နဲ့ ”
အဂ္ဂ အဲ့လိုပြောလိုက်ရာ တေဇက ဝင်ပြီး ထပ်နောက်ပြန်သည်။
” မင်းကားမူးလာလို့နေမှာပါ ”
” အာ အကိုကလည်း ကားမူးလာလို့ရင်တွေတုန်တာမဟုတ်ဘူးထင်တယ် အရင်ကလည်း ခရီးဝေးတွေ သွားဖူးနေတာကို ကား မမူးပါဘူးဗျ ”
” အေးပါ ဒါဆိုလည်းပြီးရော ဒါပေမဲ့ အဲ့ကောင်မလေးက မချောဘူးကွ ရုပ်ဆိုးတယ်ဟ ”
” အကိုကလုပ်ပြီ သေချာကြည့်လေချောလေပဲ အကိုရဲ့ ”
အဂ္ဂ တေဇကို အဲ့လိုပြန်ပြောလိုက်ရာ ခင်လွှမ်းက သဘောပေါက်သွားကာ
” ဟိတ် ယမင်း ဘယ်သွားမို့လဲ လာပါဦး မမတို့ဆီကို ခဏလောက် ”
ခင်လွှမ်းအဲ့လိုပြောလိုက်ရာ ယမင်းဆိုသည့် ကောင်မလေးက ခင်လွှမ်းတို့အနားသို့လျှောက်လာပြီး
” မမခင်လွှမ်း ပြန်လာပြီပေါ့ ဘာလက်ဆောင်ပါလဲဟင် ”
” ပါတာပေါ့ ယမင်းလေးရယ် လာ အိမ်ကိုတစ်ခါတည်းလိုက်ယူ ”
” ဟုတ် မမ ဒါနဲ့ဧည့်သည်ပါလာတာပဲနော် မမတို့နဲ့ဘာတော်လဲဟင် ”
” ဪ ဟုတ်ပါ့ မေ့နေတာ ယမင်းရေ သူ့နာမည်က အဂ္ဂတဲ့ မမတို့နဲ့အလည်လိုက်လာတာလေ ”
” ဪ ဟုတ်ပါပြီ လာ အိမ်သွားကြမယ် မမ အထုပ်ဆွဲကူမယ် ”
” ဟုတ်ပါပြီ လာလာ နေကပူတယ် ”
အဲ့လိုနဲ့လေးယောက်သား အိမ်ပြန်လာကြလေသည်။ အိမ်ရောက်တော့ တံခါးဖွင့်ပြီး အထုပ်များချကာ အနားယူနေချိန် ယမင်းက
” ဦးတေဇနဲ့မမကို ပြောပြစရာရှိတယ် ရွာထဲမှာ ထူးထူးဆန်းဆန်းဖြစ်နေတယ် ”
ယမင်းက အဲလို့ပြောလိုက်ရာ တေဇက စိတ်ဝင်စားသွားပြီး
” ဘာအထူးဆန်းကိစ္စလဲ ပြောပါဦး သေချာလေး ဘာတွေဖြစ်နေလို့လဲ ”
” ဟိုလေ အန်တီ မိုးခအိမ်ထဲကို ညဆို မီးလုံးတွေ ပျံဝဲလာပြီး မီးတွေနဲ့မှုတ်တာတဲ့ ပစ္စည်းတွေဆို မီးထထတောက်နေလို့ မနည်းငြှိမ်းရတယ်တဲ့ ”
အဲ့လိုပြောလိုက်ရာ တေဇရော ခင်လွှမ်းပါ လှုပ်လှုပ်ရွရွဖြစ်သွားပြီး
” ယမင်း အဲ့လိုဖြစ်တာ ဘယ်နှရက်ရှိပြီလဲ တခြားရော ဘာထူးသေးလဲ ”
” သုံရက်ပဲရှိသေးတာ ဒီညရောဆို လေးရက်ပေါ့ အစက သူများတွေပြောတာ မယုံဘူး မနေ့ညက ကိုယ်တိုင် သွားကြည့်ခဲ့တာ မျက်မြင်ကိုယ့်တွေ့ပဲ မမရေ ”
” ဟုတ်လား ဒါဆိုရင် စုန်းဖြစ်ရမယ် ယမင်းလေးရော အသွားအလာဆင်ခြင်နော် ဟိုစပ်စပ်ဒီစပ်စပ်နဲ့မလုပ်နဲ့ ဟင်းဟင်း ”
ခင်လွှမ်းက အဲ့လိုပြောပြီး စနောက်လိုက်ရာ ယမင်းက မျက်နှာလေးနီရဲသွားပြီး
” ဟာ မမကလည်း ယမင်းက မယုံလို့သွားကြည့်တာပါ ဟိုစပ်စပ်ဒီစပ်စပ်နဲ့မလုပ်ပါဘူးနော် ပြန်တော့မယ် ညနေမှ ပြန်လာခဲ့မယ် ဟွန့် ”
ယမင်းလည်း အဲ့လိုပြောပြီး စိတ်ကောက်ဟန်ဖြင့် အိမ်ပေါ်မှပြေးဆင်းသွားလေသည်။ အဂ္ဂမှ ယမင်းအား မျက်ဆောက်မခတ်တမ်းကြည့်နေလေရာ တေဇက
” အဂ္ဂ…. အဂ္ဂရေ.. အဂ္ဂ. ”
” ယမင်းရုပ်လေး အတိုင်းပါလားကွာ….. ”
အဂ္ဂ တေဇ၏စကားကို မကြားပဲ ခေါင်းကိုဖြေးညှင်းစွာခါရင်း နှုတ်မှ အဲ့လိုရေရွတ်လိုက်လေသည်။ တေဇလည်း
” ခင်လွှမ်းရေ ဘယ်လိုလုပ်မလဲ အဂ္ဂတော့ သွားပြီးထင်တယ် ကျွတ်ကျွတ်ကျွတ် ”
” ထားလိုက်အကို သူ့ဘာသာ သာယာပါစေ တကယ်ကို အောင်သွယ်ပေးလိုက်ဦးမယ် ကြည့်နေ ”
ခင်လွှမ်းက အဲ့လိုပြောလိုက်လေရာ တေဇလည်း ရယ်လိုက်ပြီး
” ဟေ့ အဂ္ဂ… ”
” ဗျာ ဗျာ….အကို ဘာလို့လဲဟင် ဘာဖြစ်တာလဲ လန့်သွားတာပဲ ”
” အေး လန့်ဦးမှပဲ တကယ်ပဲ လိုက်ကြည့်နေတာများကွာ မျက်လုံးရော ပါသွားလား သူ့နောက်ကို ”
” ဟာ အကိုကလည်းဗျာ ဒီအတိုင်းကြည့်မိတာပါဗျာ ”
” အေး ဒီည ဘုရားပွဲရှိတယ် အဲ့ဒါ မင်း သူနဲ့ဘုရားပွဲလေးဘာလေး သွားပေါ့ ငါတို့ ကိစ္စတစ်ခုလုပ်စရာရှိလို့ ”
” ဘာကိစ္စအကို ကျုပ်ရော မပါဘူးလား ”
” မပါသေးဘူး အဂ္ဂရေ မင်းက ရောက်ခါစမို့ နားဦး နောက်ဆက်တွဲကျရင်ပါမှာပေါ့ကွာ ဟုတ်လား ”
” ဟုတ်အကို ဒါဆို ခဏနားလိုက်ဦးမယ်နော် ”
အဲ့လိုပြောပြီး အိမ်ရှေ့ခန်းတွင်အထုပ်ချကာ လှဲချပြီး ခဏတွင်းအိပ်ပျော်သွားလေတော့သည်။ တေဇက
” ခင်လွှမ်းရေ အစက ဝင်မပါပဲနေမလို့ပါ အခုဟာက မမိုးခအိမ်ကိုဖြစ်နေတာဆိုတော့ဝင်ပါမှကိုရမယ် မမိုးခက ခင်လွှမ်းသူငယ်ချင်းမဟုတ်လား ”
” ဟုတ်တယ်အကိုရေ ပါကိုပါမှရမယ် ခဏနေ မမိုးခအိမ်သွားရအောင်လေ ”
” အင်း ခင်လွှမ်းအမောပြေရင်သွားမယ်လေ ”
အဲ့လိုပြောပြီး ခဏနားနေလိုက်ကြလေသည်။ ထိုစဉ် မမိုးခရောက်လာပြီး
” ခင်လွှမ်းရေ ပြန်ရောက်နေတယ်ဆိုလို့လာကြည့်တာ ယမင်းပြောတဲ့အတိုင်း တကယ်ရောက်နေတာပဲ ”
” ဟုတ်ပါ့ မမိုးခရေ စောစောကမှရောက်တာ အခုချက်ချင်း ယမင်းက သတင်းပို့သွားတယ်ပေါ့ ဟုတ်လား ဒီကလေးမကတော့လေ ”
” ဟုတ်ပါ့ ခင်လွှမ်းရေ ဒါနဲ့ ငါ့အိမ်သတင်းရော ကြားပြီးပြီလားဟင် ”
” ကြားပြီးပါပြီ ယမင်းလေးပြောသွားတာလေ ဘယ်လိုဖြစ်ရတာလဲ မမိုးခရယ် ”
” မပြောချင်ပါဘူး ခင်လွှမ်းရယ် ဖြစ်ပုံက ဒီလိုရှိတယ် ငါတို့အိမ်ကအလုပ်သမားလေ သူကနေစတာ ပြဿနာက ဒီလို ”
အောင်မိုးတို့လင်မယားသည် တနယ်တကျေးမှလာရောက်၍ ပင်းတယတွင်ကြုံရာအလုပ်လုပ်ကိုင်ကြလေသည်။ နောက်တော့ မမိုးခနဲ့ခင်မင်ပြီး မမိုးခအိမ်တွင် သူရင်းငှားလုပ်ကိုင်ကြလေသည်။ ဇနီးဖြစ်သူ တင်မြက ပင်းတယတွင် ဈေးရောင်းရင်း ကျန်နေခဲ့လေသည်။
အောင်မိုးသည် အစပိုင်းတွင် အသောက်အစားကင်းပြီး ရိုးသားကြိုးစားသူဖြစ်သဖြင့်အလုပ်အကိုင်တွင် စိတ်ချရလေသည်။ နောက်တော့ အလုပ်အကိုင်များ လွဲမှားလာလေသည်။ အသောက်အစားလေးက ရီဝေလာလေသည်။ ဒီလိုနဲ့ပဲ ငွေကို ကြိုတင်ပြီး ယူသုံးလေသည်။ ကြိုတင်ယူသုံးဖန်များလာသောအခါ ပစ္စည်းများခိုးယူပြီး ရောင်းချလေတော့သည်။ မိန်းမဖြစ်သူထံသို့ပင်မပြန်တော့ပဲနေလေသည်။
တစ်နေ့တွင် အောင်မိုးမိန်းမ တင်မြက လင်ဖြစ်သူရှိရာသို့ လိုက်လာခဲ့လေသည်။ လင်ဖြစ်သူ မိမိထံသို့ အဆက်အသွယ်ဖြတ်ကာနေလေသောကြောင့် ရောက်လာခြင်းဖြစ်လေသည်။ တင်မြက မမိုးခအိမ်ကိုရောက်တော့
” မမိုးခရေ မမိုးခ…. မမိုးခမရှိဘူးလား ”
” ရှိတယ် ဘယ်သူလဲဟေ့ ဪ တင်မြပါလား ဘာကိစ္စရှိလို့လဲ တင်မြရေ ”
” ဒီလိုပါ မမိုးခရေ ကျုပ်လင်လေ ကျုပ်ဆီကို အဆက်အသွယ်မလုပ် ပြန်လည်းမလာတာနဲ့ လိုက်လာခဲ့တာပါပဲတော်ရေ ”
” အေး.. ပြောရဦးမယ် ညည်းလင်လေ ငါ့ဆီက ကြိုငွေယူသုံးတာ သုံးလစာရှိနေပြီ အရင်လိုမဟုတ်တော့ဘူး အခုက အသောက်အစားတွေရှိနေပြီ ”
” ဟုတ်ပမလား မမိုးခရယ် ကျုပ်လင်က အရက်ဆို အနံ့တောင်မခံနိုင်ပါဘူးတော် ”
” အံမယ်လေ အနံ့ပဲမခံတာ တစ်ခါတည်းအကုန်သောက်တာဟေ့ ”
” ဟုတ်လား တွေ့ကြသေးတာပေါ့ ဒင်းနဲ့တော့ ”
အဲ့လိုပြောပြီး သိပ်မကြာခင် အောင်မိုးပြန်ရောက်လာပြီး တင်မြနဲ့ပွဲဖြစ်ကြလေသည်။ အောင်မိုးလည်း ပါးနပ်စွာဖြင့် တင်မြကို အခြားနေရာသို့ ခေါ်လာပြီး
” တင်မြ နင့်လင် ငါ့ကို မယုံတာလား ဟုတ်တယ် ငါ အလုပ်ပင်ပန်းလွန်းလို့ တခွက်နှစ်ခွက်လေးပဲသောက်တာပါဟာ ”
” ဒါဆို လခတွေကြိုယူပြီး သုံးတာကျတော့ရော ပြောစမ်းပါဦး ”
” ဒီမယ် တင်မြ ငါဘာလခမှကြိုမသုံးဘူး မမိုးခက ငါ့ကို မြူစွယ်နေတာ ငါက သူ့ဘက်မပါလို့ သူကနင့်ကို ချွန်နေတာ ”
တင်မြလည်း ယောကျ်ားဖြစ်သူစကားကို နားယောင်သွားကာ
” သူက ဘယ်လိုမြူစွယ်နေလို့လဲ ပြောစမ်းပါဦး တင်မြအကြောင်း သိရသေးတာပေါ့ ”
” နင်ဒီလောက်ပဲသိထားပါ ငါပြောပြမယ် ငါ့ပိုက်ဆံတွေကိုလည်း သူကမထုတ်ပေးဘူး ”
” ဘာ ဒါတော့ သည်းမခံနိုင်ဘူး တင်မြတဲ့ တမြတည်းရှိတယ် တွေ့ကြသေးတာပေါ့ ကျုပ်နဲ့ ”
အဲ့လိုပြောပြီး ထမီတိုတိုဝတ်ကာ မမိုးခအိမ်သို့ ခပ်သွက်သွက်လျှောက်ခဲ့ပြီး
” ဟဲ့ မိုးခ ထွက်ခဲ့စမ်းပါ နင် ငါ့အကြောင်းသိစေရမယ် တင်မြတဲ့ တမြတည်းရှိတယ် ”
” ဪ အိမ်ရှေ့မှာ အော်ကြီးဟစ်ကျယ်နဲ့ ဘယ်သူလဲမှတ်တယ် တင်မြ နင်ဘာဖြစ်နေတာလဲ ”
” ဒီမှာ မိုးခ နင်ဘာမှ အပိုတွေပြောမနေနဲ့ ငါ့ယောကျားရဲ့ လုပ်အားခတွေ အခုထုတ်ပေး အကုန်ထုတ်ပေးစမ်း ”
” ဘာတွေပြောနေတာလဲ နင့်ယောက်ျား အကုန်ထုတ်ရုံတင်မဟုတ်ဘူး ကြိုပြီးတော့တောင်ထုတ်ထားသေးတယ် သိလား ”
မမိုးခအိမ်ရှေ့တွင် ရန်ပွဲဖြစ်နေသဖြင့် ဘေးအိမ်မှလူများက အပြင်သို့ထွက်လာပြီး ကြည့်နေလေကြသော လူအုပ်ကြီးက မနည်းမနောပင်။
” ဒီမှာ မိုးခ သူများလင်ကို ကြောင်တောင်နှိုက်ချင်နေတဲ့ဟာမ နင့်ဆီမှာ ငါ့လင်ကို အလုပ်မလုပ်ခိုင်းတော့ဘူး ငါ့လင်လုပ်အားခတွေ အကုန်ထုတ်ပေးစမ်း ”
မမိုးခလည်း မိမိသိက္ခာကို ထိပါးလာသဖြင့် တင်မြအား ပါးဆွဲရိုက်ရုံတင်မကပဲ ဒေါသမထိန်းနိုင်ကာ ဘေးမှ ဝါးခြမ်းဖြင့်မျက်နှာရိုက်ချလိုက်လေရာ တင်မြမျက်နှာ ဝါးကြောရှ၍ လက်လေးလုံးခန့်ကွဲသွားလေသည်။ တင်မြလည်း မမိုးခကို နပမ်းဝင်လုံးလေရာ ဘေးမှ လူများက ဝိုင်းဆွဲထားရလေသည်။
” တောက်…. ကြားလို့မှကောင်းကြသေးရဲ့လား ဟမ် ငါ့ရွာထဲမှာ မကြားချင်ဆုံးက အဲ့ ရန်ဖြစ်တဲ့သတင်းပဲ ကလေကချေအလုပ်တွေ ”
” ဒီမှာရွာလူကြီး ကျုပ်က ရွာမှာ ဘယ်လိုနေလဲ သူကြီးတင်မကဘူး ဒီရွာရော တခြားရွာတွေရောပါသိတယ် သူက တမင်သက်သက်လာစော်ကားနေတာ ”
ရွာလူကြီးလည်း နှစ်ဦးနှစ်ဖက်ပြေလည်အောင်ညှိနှိုင်းပေးသော်လည်း တင်မြက အရှုံးအပြင် ဒဏ်ရာပါ အပိုဆောင်း ရသွားလေသည်။ တင်မြလည်း စိတ်တိုတိုဖြင့် ပင်းတယပြန်အလာမှာ လမ်းတွင် ဓားတန်းလန်းနှင့် အောင်မိုးအား တွေ့လိုက်လေသည်။
” ကိုအောင်မိုး ရှင်ဘယ်လိုဖြစ်ရတာလဲ ရှင့်ကို ဘယ်သူ သတ်တာလဲပြော ကျုပ်ကိုပြော ”
” မမိုးခရဲ့.. မမိုး….ခ….လူတွေ…..သတ်… သတ်… ”
အောင်မိုး စကား မဆုံးခင် အသက်ပါသွားလေတော့သည်။ တင်မြလည်း ရဲစခန်းတွင် တိုင်ချက်ဖွင့်သော်လည်း ဓားမှလက်ဗွေရာမှာ မမိုးခအိမ်မှ အလုပ်သမားများ၏လက်ဗွေရာနှင့်မတူသဖြင့် အမှုကို စုံစမ်းနေလေတော့သည်။
တင်မြကတော့ မကျေမချမ်းဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော စုန်းပညာဖြင့် မမိုးခကို ပြုစားတိုက်ခိုက်သော်လည်း သူ့နောက်က သိုက်ဆက်များက ကာနေသဖြင့် တင်မြ တိုးမပေါက်ချေ။ ထို့ဖြင့် မိမိကိုယ်တိုင် ပညာကုန်သုံးပြီး တိုက်ခိုက်ဖို့ဆုံးဖြတ်ကာ ညတိုင်း စုန်းမီးတောက်အဖြစ်ဖန်ဆင်းပြီး မမိုးခအိမ်ကို မီးနဲ့တိုက်လေတော့သည်။
” အဖြစ်ပျက်က အဲ့ဒါပါပဲ ခင်လွှမ်းရေ ကိုယ်က ကောင်းလည်း မကောင်းတာက ကိုယ့်ဆီလာတတ်တာပဲ ခက်ပါ့အေ ”
” ဒါနဲ့ သူလုပ်တယ်ဆိုတာ မမိုးခက ဘယ်လိုသိတာလဲဟင် ”
မမိုးခက စိတ်ပျက်စွာနှင့်ပြောလိုက်ရာ တေဇက အဲ့လိုဝင်မေးလိုက်တော့ မမိုးခက
” အိမ်မက်ပေးတာပေါ့ ငါ့အကိုတွေလို့ပြောတာပဲ သေချာပြောပြတာ ငါ့ကို ”
” အင်း ဒါဆို စိတ်မပူပါနဲ့တော့ ညကျရင် ကျွန်တော်တို့ ကူညီပေးပါ့မယ် ”
” အင်း သိတယ်လေ တေဇနှင့်ခင်လွှမ်းပဲ ကူညီနိုင်တယ်ဆိုတာ ငါသိလို့ကို ဘယ်ဆရာမှမပင့်တာ ”
” ဟုတ်ပါပြီဗျာ ညစာတော့ ကျွေးမယ်မလား မမိုးခရေ ဟားဟား ”
” ကျွေးမှာပေါ့ဟာ ဒါနဲ့ဟို တစ်ယောက်က ဘယ်သူပါလိမ့် ”
” ဪ အဲ့ဒါ ယောကနေပါလာတဲ့အထက်လမ်းဆရာလေးပါ နာမည်က အဂ္ဂတဲ့ ”
” အင်း ရွာမှ အထက်လမ်းဆရာမရှိဘူး ရွာမှာပဲနေခိုင်းလိုက်တော့ ငါ့အိမ်တစ်လုံးပေးမယ်လို့ ”
” မရဘူး မမိုးခရေ သူက တစ်လပဲနေရမှာ သူ ပျော်ရင်လည်းပျော်သလိုပေါ့ ”
” ဟုတ်ပါပြီ ဒါဆို ကျုပ်တို့လည်းနားတော့မယ် မမိုးခရေ ညစာတော့ ဒကာခံရမယ်နော် ”
” အေး ဟုတ်ပြီ ဟုတ်ပြီ ညကျရင် ဆက်ဆက်လာခဲ့နော် ငါပြန်တော့မယ် ”
အဲ့လိုပြောပြီး မမိုးခလည်းပြန်သွားလေတော့သည်။ ကိုယ့်အရပ်ဒေသမှာပဲ ပျော်သောခင်လွှမ်း မျက်နှာလေးလည်း အပြုံးများဖြင့် ရွှင်ပြနေလေသည်။ တေဇက
” ခင်လွှမ်းရေ အခုကျတော့ ပျော်နေပါရောလား မျက်နှာလေးက လပြည့်ညမှာသာတဲ့ လမင်းကြီးကြနေတာပဲ ”
” ဟုတ်တယ် အကိုရေ ခင်လွှမ်း တခြားနေရာဒေသမှာ မပျော်တတ်ဘူးရယ် ဒီပြန်ရောက်တာနဲ့စိတ်ထဲမှာ ကျေနပ်နေတာ ”
” ဟုတ်ပါပြီ ခင်လွှမ်းရယ် ခင်လွှမ်းပျော်နေဖို့ဆိုတာ ကိုယ်ဖန်တီးပေးရမဲ့ အရာပါ ”
အဲ့လိုပြောလိုက်ရာခင်လွှမ်း ပြုံးစိစိလေးဖြစ်သွားပြီး အခန်းထဲသို့ဝင်သွားလေတော့သည်။ ညနေရောက်တော့ တေဇတို့လည်း ခြေလက်သန့်စင်ဆေးကြောပြီး မမိုးခအိမ်သို့ သွားကြလေသည်။ မမိုးခအိမ်တွင် ယမင်းလည်း ရောက်နေလေသည်။
” မမိုးခရေ ကျုပ်တို့လာပြီဗျို့ ”
” လာပါ အိမ်ထဲဝင် ထမင်းစားဖို့ အဆင်သင့်ဖြစ်နေပြီ လာ ကလေး အထဲဝင် အားမနာနဲ့နော် ”
မမိုးခက အဂ္ဂအား ဖော်ရွေစွာ ကြိုဆိုလိုက်ပြီး ထမင်းစားခန်းသို့ခေါ်သွားလေသည်။ အဂ္ဂက
” ဒါနဲ့လေ တစ်ခုလောက် မေးလို့ရလား အန်တီ ”
” မေးလေ သား ဘာမေးမို့လဲ ”
” ဘုရားခန်း ဘယ်ဘက်မှာလဲဟင် ”
” ဪ ဟိုဘက်မှာရယ် ယမင်း သူ့ကို ဘုရားခန်းလိုက်ပြပေးလိုက်ပါဦး ”
ယမင်းလည်း အဂ္ဂကိုခေါ်ပြီး ဘုရားခန်းသို့ ခေါ်သွားလေသည်။ အဂ္ဂလည်း ဘုရားကျောင်းဆောင်အား ထိခြင်းငါးပါးနှင့်ရိုသေစွာ ကန်တော့လေရာ ယမင်းကပါ ထိုင်ကန်တော့လိုက်လေသည်။ ထို့နောက်ထမင်းစားခန်းထဲပြန်ဝင်လာကာ
” ငါ့တူရေ အန်တီတို့ရွာမှာပဲနေမလား အိမ်တစ်လုံး လက်ဖွဲမယ်လေ အဲ အိမ်တစ်လုံးပေးမယ်ပြောတာ ဟားဟားဟား ”
မမိုးခက အဲ့လိုပြောပြီး ရယ်မောလိုက်ရာ တေဇနှင့်ခင်လွှမ်းကပါ ထပြီး ရယ်လေတော့သည်။ အဂ္ဂက
” အာ အန်တီတို့ကလည်း ဘာတွေပြောနေမှန်းမသိဘူး ထမင်းစားတာပဲကောင်းတယ် ”
” အေး စား..စား ယမင်းရေ သူ့ကို လိုအပ်တာလေးလုပ်ပေးလိုက်နော် ”
” ဟုတ် အန်တီမိုးခ ”
တေဇတို့လည်း ထမင်းကို မြိန်ယှက်စွာ စားသုံးပြီးနောက်တွင် ခင်လွှမ်းက ယမင်းအား
” ယမင်း ညကျရင် သူ့ကို ရွာဘုရားပွဲခေါ်သွားပေးပါလား မမတို့က လုပ်စရာရှိလို့ မအားဘူးလေ ”
” ဟုတ် ရပါတယ် မမ ယမင်းခေါ်သွားပေးပါ့မယ် ”
အဲ့လိုပြောပြီး ဟိုအကြောင်း ဒီအကြောင်း ပြောနေကြလေသည်။ မှောင်စပျိုးချိန်တွင် တေဇက
” ကဲ ယမင်းနဲ့ အဂ္ဂရေ မှောင်နေပြီ ဘုရားပွဲသွားတော့လေ စောစောပြန်လာနော် ”
” ဟုတ် အကို ”
အဲ့လိုပြောပြီး တေဇနှင့် ယမင်းလည်း ဘုရားပွဲသို့ ထွက်သွားလေသည်။ မမိုးခက
” တေဇရေ ခဏနေ ဧည့်သည်က လာတော့မယ် ကြည့်သာနေတော့ ”
အဲ့လို ပြောချိန်တွင် အိမ်အရှေ့မှ ဝုန်းခနဲ့ တံခါးပွင့်သံနှင့်အတူ မီးထတောက်လေသည်။ တေဇက
” မမိုးခ အရင်အတိုင်းပဲ လုပ်စရာရှိတာလုပ်နေလိုက် ပုံမပျက်စေနဲ့ ”
” ဟာ မီးတွေတောက်နေပြီ ဘယ်လိုဖြစ်ရတာ ထူးဆန်းလိုက်တာ ”
မမိုးခလည်း ဟန်ဆောင်ပြီး ပြောကာ မီးကို ရေစိုဝတ်နှင့် အုပ်ကာငြှိမ်းသတ်လိုက်လေသည်။ ထို့ဖြင့် အတန်ကြာ မီးတောက်လိုက် ပြန်ငြှိမ်းလိုက် လုပ်ပြီးသော
” အချိန်ကျပြီ ခင်လွှမ်းရေ သူ့အနောက်ကနေ ပြေးမရအောင်ပိတ်ထား ကြားလား ”
” ဟုတ်အကို ခင်လွှမ်း သဘောပေါက်တယ် အကို အရှေ့ထွက်တော့ ”
အဲ့လိုပြောပြီး ခင်လွှမ်းလည်း အိမ်အနောက်မှ ထွက်ပြီး ခြံစည်းရိုးအကွယ်မှ အိမ်အရှေ့သို့သွားပြီး
” မဖြစ်စလောက် စုန်းမကများ ကဲ ရော့ဟယ် ”
အဲ့လိုပြောပြီး စုန်းမီးတောက်ကိုဖျက်ချလိုက်လေရာ စုန်းမီးတောက်လည်း အောက်သို့ပြုတ်ကျလာပြီး တင်မြအဖြစ်ပြောင်းသွားလေသည်။
” နင်တို့ ကိုယ့်ကိစ္စမဟုတ်ပဲ ဝင်မပါနဲ့ အသာနေကြစမ်း ဒါငါတို့ကိစ္စ ”
တင်မြက ဒေါသတကြီးနဲ့ အဲ့လိုပြောလိုက်ရာ ခင်လွှမ်းက လေကို လက်ဝါးနှင့် အားပါပါနှင့် တစ်ချက်ရိုက်လိုက်ရာ တင်မြ လဲကျသွားလေသည်။
” နင်တို့ကိစ္စဆိုရင် နင်က ပညာနဲ့ သူများကို ဘာလို့ နှောင့်ယှက်နေတာလဲ ”
” သူတို့ ဘာလုပ်ထားလဲနင်သိလို့လား ”
” အေး နင်ထင်ထားတာကိုပဲ နင်သိတယ်မလား နင်လုပ်နေတာရပ်တန်းကရပ် မဟုတ်ရင် ငါနင့်ကို သတ်ရလိမ့်မယ်တင်မြ ”
” ဟင်းဟင်းဟင်း နင့်လိုကဝေမကို ကြောက်ရမဲ့အစား အသေခံပြီး ပြန်တိုက်မယ် ”
တင်မြက အဲ့လိုပြောလိုက်ရာ ခင်လွှမ်းလည်း မဲ့ပြုံး တစ်ချက်ပြုံးပြီး
” နင်က အသားလွတ် သေချင်နေတာပဲ ရတယ်လေ နင့်သဘောပဲ နင်အရင်စတိုက်စမ်း ”
အဲ့လိုပြောပြီး လက်နှစ်ဖက်မှ အပြာရောင်စက်ဝန်းကိုထုတ်လိုက်သည်။ တင်မြလည်း ခေါင်းမှ ဆံပင်နှစ်ပင်ကို နှုတ်ပြီး မြေပေါ်သို့ ပစ်ချလိုက်ရာ ဆံပင်မှ မြွေဟောက်နှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခင်လွှမ်းရှိရာသို့ လျှင်မြန်စွာ ပြေးလာလေသည်။ ခင်လွှမ်းလည်း အပြာရောင်စက်ဝန်းဖြင့် မြွေကို ပစ်ချလိုက်လေရာ မြွေဟောက်နှစ်ကောင် မီးထတောက်ကာ ပြာကျသွားလေသည်။
တင်မြလည်း ခင်လွှမ်းမြွေကို စက်ဖြင့် ပစ်နေချိန် စုန်းမီးလုံးဖြင့် ခင်လွှမ်းကို အမြန်ပြစ်ချလိုက်လေသည်။ စုန်းမီးလုံး ထိပြီး ခင်လွှမ်း အနောက်သို့ လဲကျသွားလေရာ
” ဟားဟားဟား ကဝေမတဲ့ အသုံးမကျလိုက်တာ ငါ့မီးလုံးကိုတောင် မရှောင်နိုင် မခံနိုင်ဘူး ဟားးဟားးဟားးဟားးးးးး ”
ခင်လွှမ်းလည်း တောက်ခတ်ပြီး ပြန်ထလာပြီး တင်မြအား
” အေး ရယ်ထားစမ်းပါ နင်ဘယ်လောက်ရယ်နိုင်မလဲ ကြည့်ရအောင် နင့်ပညာ ထပ်ထုတ်စမ်း ”
ခင်လွှမ်းက တင်မြအား အဲ့လိုပြောလိုက်ရာ တင်မြလည်း စုန်းမှော်စက်ဖြင့် ခင်လွှမ်းကို ပစ်လေသည်။ ခင်လွှမ်းက ထိုစက်များကို အသာယာပုတ်ချပြီး ကာကွယ်လိုက်လေသည်။ တင်မြလည်း အခြေနေ မဟန်တော့မှန်း သိသောအခါ သူ့ရဲ့အားအကောင်းဆုံးဖြစ်တဲ့ သက်တံ့ရောင်စက်ကိုထုတ်ပြီး ခင်လွှမ်းအရှေ့သို့ တွန်းပို့လေသည်။ ခင်လွှမ်းက ထိုစက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ စက်တန်း ပျက်သွားပြီး တင်မြ အနောက်သို့ လွင့်သွားလေသည်။
” အေးပေါ့ နင်က ငါ့ထပ်သာနေတာကိုး ငါ့ရဲ့နောက်ဆုံးတိုက်ကွက်ကို နင်ကာစမ်း ”
” အေး ထုတ်စမ်း နင့်တိုက်ကွက်က ဘာမို့လဲ လာစမ်းပါ တင်မြရာ ”
ခင်လွှမ်းက တင်မြကို ပြန်ပြီး စိန်ခေါ်လိုက်ရာ တင်မြလည်း သူ့ရဲ့ပုံကို ခွေးနက်ကြီး အသွင်ပြောင်းကာ ခင်လွှမ်းဆီပြေးပြီး လိုက်ကိုက်လေသည်။ ခင်လွှမ်းလည်း ကြောက်ဟန်ပြပြီး ပတ်ပြေးနေလိုက်သည်။ ခွေးနက်ကြီးမှာ နွားမဒန်းခန့်ရှိပြီး အစွယ်များမှာ အလွန်ရှည်ပြီး မျက်လုံးများမှာ ရဲတောက်နေလေသည်။
” တင်မြ နင့်ကို လူလို့ထင်ထားတာ ခွေးဖြစ်နေတာကို ခွေးကျင့်ခွေးကြံနဲ့ ဟားဟားဟား ”
အဲ့လိုပြောလးပြီး စက်ကြိုးထုတ်ပြီး ကောင်းကင်ပေါ်တက်နေလိုက်သည်။ ခွေးနက်ကြီးလည်းပါးစပ်ထဲမှ စက်ကိုထုတ်ပြီး ခင်လွှမ်းကို ပစ်လေသည်။ ခင်လွှမ်းလည်း စက်တစ်ခုထုတ်ပြီး ပြန်ပစ်လိုက်ရာ ခွေးနက်ကြီးမှာ စက်ထိပြီး တင်မြအဖြစ်ပြန်ပြောင်းသွားလေသည်။
” တင်မြ နင်ရှုံးပြီး နင့်ပညာကုန်ပြီ နင်ဘာဆက်လုပ်ချင်သေးလဲ ”
” ကိုယ့်ဘာသာကိုယ် အထင်ကြီးမနေနဲ့ နင်တို့ရှိမှန်းသိလို့ အဝီစိသိန်းမောင်ကို အကူညီခေါ်ထားပြီးသား နင်တို့ ရွာအပြင်သာလိုက်ခဲ့လိုက် ”
အဲ့လိုပြောပြီး တင်မြ ခြံအပြင်သို့ထွက်သွားပြီး မီးလုံးအဖြစ်ပြောင်းကာ ရွာအပြင်သို့ပျံထွက်သွားလေသည်။ တေဇနှင့်ခင်လွှမ်းလည်း ရွာအပြင်သို့လိုက်သွားရာ
” လိုက်လာခဲ့သားပဲ နင်တို့သတ္တိကို ချီးကျူးပါရဲ့ ဒါပေမဲ့နင်တို့ ဒီနေ့သေမဲ့နေ့ပဲ ”
” အပိုတွေ မပြောစမ်းပါနဲ့ နင်ပြောတဲ့ အဝီစိသိန်းမောင်ဆိုတာ ဘယ်မှာလဲပြောစမ်း ”
” ငါဒီမှာပါဟ နင်တို့လို့ ကဝေတွေရဲ့ အသည်းကိုထုတ်ပြီး ငါ့ပညာတွေကို မြှင့်လာတာ အခုဆို တော်တော် အဆင့်မြင့်နေပြီ ”
” ဒီမှာ နင်နဲ့မဆိုင်ပေမဲ့ နင်က သူ့ဘက်ကနေ ကူညီမှာဆိုတော့ နင်တို့ နှစ်ယောက်ပေါင်းပြီး ငါတို့ကိုတိုက် ”
” ဟားဟားဟား အဝီစိသိန်းမောင်ဆိုတဲ့ငါကလည်း ဒါမျိုးမှကြိုက်တာ ”
အဲ့လိုပြောပြီး သူ့ရဲ့လွယ်အိတ်ထဲမှ အိတ်အနက်ရောင်လေးကိုထုတ်ပြီး အိတ်ထဲမှ အမှုန့်များကို လက်ထဲထည့်ပြီး လက်ဝါးနှစ်ဖက်ဖြင့်ပွတ်ကာ ခင်လွှမ်းရှိရာသို့ မှုတ်ထုတ်လိုက်လေသည်။
” ငါ့ရဲ့ အစိမ်းသေတွေနဲ့အရင်တိုက်ကြည့်စမ်းပါ ခင်လွှမ်း ဟားဟား ”
အဲ့လိုပြောပြီး ဖနှောင့်ပေါက်ချလိုက်ရာ အစိမ်းသေပြာမှုန်များကနေ အရိပ်မည်းများအဖြစ်ပြောင်းသွားပြီး လေဗွေတစ်ခုနှယ် ခင်လွှမ်းနှင်တေဇဘေးသို့ လှည့်ပတ်နေလေသည်။ တေဇနှင့်ခင်လွှမ်းလည်း
” ခင်လွှမ်း ဒါ အရမ်းပြင်းတဲ့အတိုက်ပဲ သတိထား သူတော်တော်စွမ်းတယ် ”
” ဟုတ်တယ်အကို ဒီအတိုက်မျိုး မမြင်ဖူးဘူး ဘယ်လိုလုပ်ကြမလဲ ”
” ရတယ် အကို့မှာ နည်းလမ်းရှိပါတယ် ”
အဲ့လိုပြောပြီး ခန္ဓာကိုယ်ကနေ စက်ရောင်ခြည်များဖြန့်ချလိုက်ရာ အစိမ်းသေများ ပျောက်ကွယ်သွားလေသည်။ တေဇက
” လုပ်ပါဦး ခင်ဗျား ပညာထပ်ထုတ်လေ ”
” အင်းဘီလူး အဲ့ကောင်နဲ့ ကောင်မကို အသေသတ်စမ်း ”
အဲ့လိုပြောလိုက်ရာ မြေကြီးထဲမှ ဘီလူးတစ်ကောင်ထွက်လာပြီး တေဇတို့ဆီသို့ တင်းပုတ်ကိုင်ပြီး ပြေးလာလေသည်။ တေဇက အင်းဘီလူးကို လက်ညိုးထိုး၍ ဖနှောင့်ပေါက်လိုက်ရာ အင်းဘီလူးလဲကျပြီး
” ခင်ဗျားအင်းဘီလူးက ဒါပဲလား ခင်ဗျားပညာအကုန်ထုတ်စမ်း ”
” အေး ဒါဆိုလည်း မင်းနဲ့ငါ တစ်ယောက်ချင်း တိုက်ကြတာပေါ့ကွာ ရော့ ငါ့ရဲ့ စက်ကိုကာစမ်း ”
အဲ့လိုပြောပြီး အဝီစိသိန်းမောင်က လက်နှစ်ဖက်မှ အနီရောင် စက်ကိုထုတ်ပြီး တေဇဆီသို့ ပစ်လွှတ်လိုက်လေသည်။ တေဇလည်း လက်ဝါးဖြင့် ကာထားလေသည်။ အဝီစိသိန်းမောင်၏စက်က ရဲတောက်နေပြီး ဘေးမှ သစ်ရွက်များပင် ညိုးနွမ်းကုန်လေသည်။ တေဇလည်း စက်အပူရှိန်ကို ကြာကြာမထိန်းနိုင်တော့ပဲ
” ကဲရော့ကွာ…. ”
အဲ့လိုပြောပြီး စက်ကို ဆောင့်တွန်းပြီး လက်ဖြင့်အားပါပါ ရိုက်ချလိုက်လေသည်။
” ဟားဟားဟား ငါ့ရဲ့အပျော့ဆုံးစက်ကို မခံနိုင်လို့ ရိုက်ချလိုက်တာပါလား ဒါပါမွှားပဲရှိသေးတယ်နော် နောက်တစ်ဆင့်ဆို မင်း မလွယ်ဘူး ဟားဟား ”
အဝီစိသိန်းမောင်က အဲ့လိုပြောလိုက်ရာ တေဇလည်း ဒေါသထွက်ပြီး
” အေး ရယ်စမ်းပါ မင်းကြိုက်သလောက်ရယ်စမ်း ဘာလို့လဲဆိုတေ့ မင်းသေတော့မှာမို့ပဲ ”
” အပြောကြီးမနေပါနဲ့တေဇရာ ငါ့ပညာကုန်သုံးလိုက်ရင် မင်းပြာကျသွားမှာ နားလည်လား ”
” မင်းပဲသေမလား ငါပဲပြာကျမလားကြည့်ရအောင် ထုတ်စမ်း မင်းပညာအကုန် ”
တေဇက အဲ့လိုပြောလိုက်ရာ သိန်းမောင်လည်း သူ့ လက်ဖဝါး နှစ်ဖက်ကိုပွတ်ပြီး မီးလုံးကြီးတစ်လုံးကိုထုတ်ပြီး တေဇကိုပစ်လေသည်။ တေဇလည်း လက်ဝါးနှစ်ဖက်မှ မီးလုံးနှစ်ခုထုတ်ပြီး ပြန်ပစ်လေသည်။
” ဝုနျးးးးးးး ”
မီးလုံးနှစ်ခုထိပြီး ပေါက်ကွဲသံများ ဟိန်းထွက်လာပြီး မီးစများဘေးသို့ပြန့်ကျဲကုန်လေသည်။ သိန်းမောင်က တေဇကိုကြည့်ပြီး
” ငါ့ရဲ့နောက်ဆုံးစက်ကိုထုတ်တော့မယ် မင်းရအောင်ကာပါ ဒါက သူသေကိုယ်သေတိုက်မှ သုံးတဲ့စက်ပဲ ကဲ ကြာတယ် ”
အဲ့လိုပြောပြီး မန္တန်တစ်ပုဒ်ကို ရွတ်ဖတ်နေလေသည်။ ရွတ်ဖတ်နေရင်း သိန်းမောက် ခန္ဓာကိုယ် တစ်ခုလုံး မီးများထတောက်လာလေသည်။ တေဇက
” ဒါမျိုးမှကြိုက်တာ ငါ့ပညာကိုလည်း မြည်းကြည့်လေ သိန်းမောင်ရာ ”
အဲ့လိုပြောပြီး ငရဲမီးတောက်စက်ကို ထုတ်ကာ အသင့်စောင့်နေလိုက်သည်။ သိန်းမောင်က
” ငါ့ရဲ့ စက်ကို ကာပေတော့ တေဇရေ ”
အဲလိုပြောပြီး စက်နှင့်ပစ်လေရာ တေဇကလည်း ငရဲမီးတောက်စက်ဖြင့် ပြန်ပြစ်လေရာ စက်နှစ်ခု အားပြိုင်တွန်းနေကြလေသည်။ ထိုစဉ် တင်မြက တေဇကိုစက်ဖြင့် ပစ်လေရာ
” အား အမေရေ သေပါပြီ ”
” ဝုနျး အားးးးးးး ”
တင်မြပစ်လိုက်သော စက်ကို ခင်လွှမ်းက ဝင်ကာပြီး စက်ရောင်စုံများဖြင့် ပြန်ပစ်လိုက်ရာ တင်မြရော သိန်းမောင်ကိုပါထိပြီး သိန်းမောင်စက်ကြိုးပြတ်ပြီး တေဇစက်ရဲ့ ထိမှန်ကာ လဲကျပြီး သွေးအန်ကာ သေသွားလေသည်။ အဝီစိသိန်းမောင်လည်း အကုသိုလ်ကံများကြောင့် ငရဲမီးများထတောက်ကာ ပြာကျပြီး အဝီစိ ငရဲသို့ ကျဆင်းရလေတော့သည်။ ( နောက်အပိုင်းမှာ တေဇနှင့်အဂ္ဂတို့ ဘယ်လိုကြမ်းကြမလဲဆိုတာကို နယ်ကျော်လာသောကဝေ ဆိုတဲ့အပိုင်းမှာ ဆက်လက်စောင့်မျှော်ပေးပါ )
စာရေးသူ – လင်းတေဇ ( ပင်းပက် )