သည်။ ထို့ပြင် အိမ်စောင့်နတ်။
ရွာစောင့်နတ်၊ ရွာပိုင်၊ ရုက္ခစိုးတို့ကို ဆီမီးလှူ၍
စနေနေ့ ခါးပတ်နက္ခတ် ကြုံသောအခါကိုရွေး၍
သနချေရပါသည်။
သနချေပြီး ရေငုံ၍ နှုတ်ပိတ်၊ နားပေါက်ပိတ်၊
ရေထိုးရပါမည်။ရေထိုးစဉ်အချိန်၌ ကိုင်ဆောင်
ရမည့်သူသည် ဂုဏ်တော်ကိုးပါးကို ရွတ်၍ အင်း
စောင့်ဝိဇ္ဇာအား မီးမပြတ်စေဘဲ ထွန်းညှိပူဇော်
ရမည်။ ထိုအခါ အင်းစီရင်ခြင်း ပြီးဆုံးတော့
သည်။ အင်း၏ အသုံးဝင်ပုံမှာ သူပြု၊ နတ်ပြု၊
ဆရာပြု၊ ရုပ်တား၊ နတ်တား၊ အစာပင်း၊ ဇော်
ဂနီမျိုး(၂၅ )ပါးမှစ၍ ပုဏ္ဏကတိုက်၊ ခုနှစ်စဉ်
တိုက်၊ အတိုက်မျိုး(၃၁)မှစပြီး သုံးနိုင်သည်။
ထိုအင်းကို ဗူးမျက်နှာလွှဲနှင့် စုန်ရေ၊ ဆန်ရေ၊
စိမ်ပြီး ခုနှစ်ခါစပ်ရှိသော အတိုက်ပြေသည်။
အင်းကို မီးပြသော် အတိုက်အခိုက် ပြုလုပ်
ထားသောသူ ဝင်လာသည်။ မီးထဲထည့်၍
အသုံးပြုလျှင် ပြုသောသူ သေတတ်သည်။
(ဗိုက်ကြီးသည်အစိမ်းသရဲမနဲ့ မဖဲဝါ စာ
အုပ်တွင် ကဝေမှော်ရုပ် ဇာတ်လမ်း၌ အဖွန်
ဆိုသော တရုတ်ကြီးအား ကဝေရုပ်နှင့် တိုက်
ထားစဉ် ဆရာက အင်းချထားသော ကြေး
ပြားအား မီးဖြင့် အပူပေးခိုင်းရာ စိတ်မရှည်
သော သမီးက မီးထဲထည့်လိုက်သဖြင့် က
ဝေပညာသည် သေလုမြောပါး ခံလိုက်ရ
သည်။)
သို့ကြောင့် ထိုအင်းကို အသုံးပြုသောအခါ
မီးထဲ မထည့်ရပါ။ သစ္စာရှိစွာ သုံးစွဲရပါသည်။
အလွန်ထက်မြက်သော အင်းဖြစ်သဖြင့် သုံး
စွဲသော ဆရာတို့ ဥာဏ်ရှိသလို အသုံးပြုနိုင်
သည်။ ထို့နောက် ဆရာဦးထွန်းမောင်လည်း
လာရောက်ပင့်ဆောင်သူများနှင့်အတူ အောက်
စုရွာသို့ လိုက်ပါခဲ့သည်။
နွားလှည်းကို တစ်နာရီနီးပါးမျှ စီးခဲ့ရသည်။
မကြာခင်မှာပင် အောက်စုရွာသို့ ရောက်
လာခဲ့တော့သည်။
“ဘယ်အိမ်က စပစ်ခံရတာလဲ”
“ရွာအဝင်အိမ်က စတာပဲဆရာ၊ အဲဒီက စပြီး
ရွာလည်ထဲအထိ တစ်အိမ်ပြီးတစ်အိမ် ပစ်
သွားတာပဲ”
ထိုအခါ ဆရာဦးထွန်းမောင်လည်း လှည်းကို
စပစ်သော အိမ်ရှေ့မှာ ရပ်ခိုင်းလိုက်သည်။
ထိုအိမ်ရှင်နာမည်က ကိုတင့်လွင်ဖြစ်သည်။
ဆရာဦးထွန်းမောင်လည်း ကိုတင့်လွင် အိမ်
ပေါ်သို့ တက်ခဲ့သည်။ ခဏမျှ ထိုင်လိုက်ပြီး
အိမ်သားများအား ကျောက်ငရုတ်ဆုံကို
တောင်းယူလိုက်သည်။
ဆရာဦးထွန်းမောင်က…
“ငရုတ်ဆုံကြီးပဲ…အကျွမ်းဘယ်ဝင်မလဲ၊ ငရုတ်ကျည်ပွေ့ရှိမှ အကျွမ်းဝင်မှာပေါ့”
ဟု ပြောလိုက်စဉ်…
စကားဆုံးသည်နှင့် ကျည်ပွေ့လည်း ငရုတ်ဆုံ
အတွင်းသို့ သူ့အလိုလို တည့်မတ်စွာ ကျရောက်
လာသည်။ မြင်ရသူများ တအံ့တသြ ဖြစ်သွား
သည်။ ဆရာက အိမ်ရှေ့မှာ မီးဖိုလေးတစ်ခု
ဖိုခိုင်းလိုက်သည်။
“အိမ်အောက်မှာလား ဆရာ”
“မဟုတ်ဘူး…ဆရာရှေ့မှာ ဖိုပေး၊ အောက်က
အုတ်ခဲနှစ်လုံးလောက်ခံ အပေါ်က သွပ်ပြားအ
ပိုင်းအစပဲဖြစ်ဖြစ်၊ ဒန်အိုးဖုံးအကြီးကြီးပဲဖြစ်ဖြစ်
ရှာလိုလွယ်တာတင်ပြီး မီးဖိုသေးသေး ဖိုလိုက်
ပေါ့”
ကိုတင့်လွင်က ဆရာခိုင်းသည့်အတိုင်း မီးဖို
သေးသေးတစ်ခု ဖြစ်ရန် လုပ်ကိုင်နေသည်။
ဆရာက စုန်ရေ၊ ဆန်ရေ၊ ထည့်ထားသော
ပုလင်းထဲမှ ရေသုံးလေးစက်ကို ငရုတ်ဆုံ
အတွင်း လောင်းထည့်လိုက်သည်။
ရွာသားများကို တစ်ယောက်ပြီးတစ်ယောက်
အလှည့်ကျ ထောင်းခိုင်းသည်။ ဆရာရောက်
နေသည်ဆို၍ တစ်ရွာလုံးနီးပါး ယောက်ျား
မိန်းမ၊ ကလေးများမကျန် ကိုတင့်လွင်ခြံဝင်း
အတွင်းသို့ စိတ်ဝင်စား၍ ရောက်နေကြသည်။
ငရုတ်ဆုံကို ရွာသားတို့အလှည့်ကျ၊ ထောင်း
နေစဉ် ဆရာဦးထွန်းမောင်က ကိုတင့်လွင် ဖို
ပေးထားသော မီးဖိုလေးတွင် အင်းပြားကို မီး
အပူပေးနေသည်။
ငရုတ်ဆုံ ထောင်းကြသော ရွာသားခုနှစ်ယောက်
မြောက်တွင် လာရောက်ကြည့်ရှုနေကြသော လူ
အများထဲမှ လူတစ်ယောက်အား ပုဏ္ဏက ဘီလူး
ဝင်၍ ပူးကပ်ပါတော့သည်။
“ကြောက်ပါပြီ…ကြောက်ပါပြီ…ငါ့ကို ပြန်လွှတ်
ပေးပါ”
“မင်း ဘယ်သူလဲ”
” ငါ့အစောင့်ဘီလူးပါ…ငါ့ကို ချုပ်မထားပါနဲ့၊
ငါ ဒီရွာမှာ မနေတော့ဘူး၊ ငါပြန်တော့မယ်”
ဆိုကာ ခေါင်းငုံ့၍ မျက်ရည်များ ကျနေပါသည်။
ထိုအခါ ဆရာဦးထွန်းမောင်က…
“မင်း ဘယ်ကလာတာလဲ၊ မင်းကို ဘယ်သူခိုင်း
တာလဲ၊ မှန်တာကိုပြောရင် မင်းကို ငါပြန်လွှတ်
ပေးမယ်၊ ဒါပေမဲ့ မင်းဆရာဆီကို မင်းပြန်ရမယ်
မင်းဆရာက မင်းကို ဘာအစာတွေ ကျွေးပြီး
ခိုင်းနေတာလဲ”
“ဆရာက ခိုင်းတော့မယ်ဆို အမဲသား အစိတ်
သား ကျွေးတယ်”
ငါတို့ရွာသားတွေက မင်းကို အမဲသား တစ်
ပိဿာ ကျွေးမယ်၊ ဘယ်လိုလဲ ကျေနပ်ရဲ့
လား”
“ကျေနပ်ပါတယ်”
“ကျေနပ်တယ်ဆိုရင် မင်းခဏထွက်ပြီးရင် မင်းကို ပြန်ခေါ်မယ်”
ဆရာဦးထွန်းမောင်လည်း စီရင်စရာရှိသည်ကို
စီရင်ပြီး ငှက်ပျောသီးမှည့်တစ်လုံး တောင်းယူ
ပြီး ပုဏ္ဏကဘီလူးအား ပြန်ဝင်စေလိုက်သည်။
ဆရာဦးထွန်းမောင်က ငှက်ပျော်သီးကို အခွံသုံး
ခု ခွာလိုက်သည်။ ရေတစ်ခွက်ကို ပေးကိုင်ထား
ပြီး…
“ကဲ လိုက်ဆို”
“ကျွန်ပ်သည် …နောက်ကို ဤရွာနှင့် ဤလူတွေ
ကို ဘယ်သောအခါမှ မခြောက်မလှန့် မနှောက်
ယှက်တော့ပါ။ အခြားရွာ အခြားလူများကိုလည်း
မခြောက်မလှန့်ပါဟု သစ္စာဆိုပါသည်၊ သစ္စာပျက်
ယွင်း၍ သစ္စာမတည်ကြည်ပါက အခွံခွာပြီး ငှက်
ပျောခွံ သုံးစိတ်သုံးမြွှာကဲ့သို့ ကျွနိုပ်ရဲ့ခန္ဓာကိုယ်
ကွဲရပါလို၏။ သစ္စာတည်ကြည်ပါက ဤငှက်ပျော
သီးနှင့် ရေတို့သည် ကျွန်ပ်အား ခွန်အားပြည့်ဝစွာ
ပေးနိုင်ပါစေသား”
သစ္စာဆိုခိုင်း၍ ဆိုပြီးသောအခါ ငှက်ပျောသီး
ခွာပြီးသားကို စားစေပြီး ရေကို သောက်ခိုင်းသည်။
“ပြီးရင် …မင်းပြန်တော့၊ မင်းအခု ဘယ်သူဆီ
ပြန်မှာလဲ”
“ဆရာထံ ပြန်ပါမယ်”
“မင်း အခု ပူးကပ်သူထံက ထွက်မည်ဆိုရင် မင်း
တကယ် ထွက်သွားပြီဆိုတာ သိရအောင် အိမ်
ခြံဝင်းအတွင်းက သစ်ပင်ရဲ့သစ်ကိုင်းတစ်ကိုင်း
ကို ချိုးချသွား၊ မနက်ဖြန် ညနေ ခြောက်နာရီ
အမဲသား တစ်ပိဿာချက် ရွာအဝင်မှာ လာစား”
ခဏအကြာ ပုဏ္ဏက ဘီလူးဝင်စီးခံရသူလည်း
ထိုင်နေရာမှ တုန်တုန်ရီရီဖြစ်ပြီး လဲကျသွားသည်။
ထိုအချိန်နှင့် မရှေးမနှောင်း အိမ်ရှေ့ခြံဝရှိ သရက်
ကိုင်း တစ်ကိုင်း ဖြောင်းခနဲ ရိုက်ချိုးလိုက်သံမျိုး
ကြားလိုက်ရပြီး သစ်ကိုင်းအောက်သို့ ကျလာသည်။
“ကဲ ပုဏ္ဏကတိုက်တဲ့ ဘီလူးတော့ ထွက်သွားပြီ၊
နောက်ကို ဒီရွာကို လာပြီး အနှောင့်အယှက် ပြု
ဝံ့တော့မှာ မဟုတ်ဘူး အခုဖြစ်တဲ့အကြောင်းက
စ္စကိုလည်း သိပြီးပြီ၊ ဘီလူးကိုယ်တိုင်ကလည်း
နောက်ကို မခြောက်မလှန့်တော့ဘူးလို့ ဂတိပေး
သွားတယ်၊ ဒါကြောင့် လုပ်ခိုင်းတဲ့ပညာသည်ကို
မသိချင်ပါနဲ့တော့ ”
” အဲဒီပညာသည်ကို သိထားချင်ပါတယ်ဆရာ
ကြီး။ ရွာကို အခုလို လုပ်တာ ဘာမကျေနပ်လဲ
ဆိုတာ သိချင်ပါသေးတယ်”
“အင်း…ခင်ဗျားတို့ ပြောတာလည်း မှန်တာပါပဲ။
ဒါပေမဲ့ သိတော့ ဘာတတ်နိုင်မှာလဲ။ သူလက်
သက်မွေးထားတဲ့ ဘီလူးကိုယ်တိုင်က နောက်
ကို ဆရာခိုင်းသမျှ မလုပ်တော့ပါဘူးလို့ သစ္စာ
ဆိုသွားပြီးပဲ။ အခု…သူ့တပည့်ကို ချုပ်ကိုင်
လိုက်ပြီဆိုမှတော့ သူလည်း သူ့တပည့်အား
ကိုးနဲ့ မလုပ်ဝံ့တော့ပါဘူး။ စိတ်ချလက်ချ
သာ နေပါတော့”
ဆရာဦးထွန်းမောင်၏ တောင်းပန်စကားကြောင့်
ရွာသူရွာသားတို့လည်း မိမိတို့ရွာကို ပုဏ္ဏက ဘီ
လူးလွှတ်၍ တိုက်သောပညာရှင်ကို သိချင်စိတ်
မရှိတော့ပါ။ သို့ကြောင့် ဆရာဦးထွန်းမောင်အား
လှည်းနှင့် ပြန်ပို့ရန် စီစဉ်ကြတော့သည်။
ဆရာဦးထွန်းမောင်က ရွာသားတို့အား နောက်နေ့ အမဲသားချက်နှင့် ဆန်လေးလုံးချက်သော ထမင်း
တို့ကို ဇကောအပေါ် ငှက်ပျောရွက်ခင်းထည့်ပြီး
ရွာပြင် အစပ်မှာ ၆ နာရီ သွားကျွေးရန် မှာသည်။
နောက်နောင် ရွာနှင့် မည်သူ့ကိုမှ မခြောက်မလှန့်
ပါနဲ့လို့ ပြောဆိုခဲ့ရန်လည်း မှာသေးသည်။ အသေ
အချာ မှာပြီးမှ လိုက်ပို့သော လှည်းနှင့် ပြန်သွား
တော့သည်။
XXXXX
နောက်နေ့ ညနေ ငါးနာရီခွဲကျော်သည်နှင့် ဆရာမှာ
သည့်အတိုင်း အမဲသားဟင်းနှင့် ထမင်းတို့ကို ရွာပြင်
ရွာထိပ်သို့ ယူသွားပါသည်။ ရွာထိပ်ရောက်တော့
ဇကောကို ချလိုက်ပြီး လူကြီးတစ်ယောက်က ဆ
ရာမှာသည့်အတိုင်း ရွာနှင့်လူများကို မနှောင့်မယှက်
ရန် ပြောဆိုလိုက်သည်။
ထို့နောက် ဇကောကို ထားခဲ့ကာ ရွာသို့ ပြန်ခဲ့ကြ
သည်။ ရွာထဲသည့်နှင့် နောက်မှ ကျန်ခဲ့သော
ဇကောကိုကြည့်လိုက်သော ကိုတင့်လွင်လည်း
ကြီးမားသော ခွေးကြီးတစ်ကောင် လာရောက်စား
သောက် နေသည်ကို တွေ့လိုက်ရသည်။
ထိုည…ခုနှစ်နာရီသို့ရောက်သောအခါ ရွာသား
တို့လည်း စိုးရိမ်မှု မပျောက်သေး၍ အိမ်ထဲက
အိမ်ပြင်မထွက်ဘဲ အခြေအနေကို အကဲခတ်
နေကြသည်။
ခုနှစ်နာရီကျော်သွားပြီး ခဲမကျ။ ဆရာပြန်သွား
သည့်ညကလည်း ခဲမကျ။ ယနေ့ညလည်း ခဲ
မကျတော့။
ထိုအခါမှပင် အောက်စုရွာသားတို့လည်း ဆရာ
၏ ပညာစွမ်းကို သိကြတော့သည်။
ထို့နောက်မှာတော့ အောက်စုရွာတွင် စုန်းတိုက်၊
နတ်တိုက်၊ ပုဏ္ဏကတိုက်ခြင်းကို မကြုံရတော့ပေ။
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူများစိတ်ရွှင်လန်းပါစေ
မဖဲဝါနဲ့ လေလွင့်တစ္ဆေ စာအုပ်မှ ကောက်နုတ်
တင်ပြထားပါသည်။သ
Leave a Reply