လူစွမ်းကောင်းကျပ်

ဒို( ထို ) ပစ်တမ်းတဲ့ဗျ ဒီကစားနည်းကလည်းကျုပ်တို့ဆီမှာပါဆော့တဲ့ကစားနည်းဗျ ခဗျားတို့သိအောင်ပြောရရင်တော့ အကွက် က ၈ကွက်ဗျ အဲ့အကွက်လေးတွေကိုလည်း အိုးခြမ်းပဲလေးတွေနဲ့ ပြစ်ပြီးတော့လည်း ​ခြေတစ်ပေါင်ကျိုးကစားရတဲ့ ကစားနည်းဗျ စည်းကိုလည်း ဒို (ထို )လေးကထိလို့မရဘူးဗျထိရင်လည်းအသေပေါ့ဗျာ အကွက်၈ကွက်ကျော်ပြီးရင်တော့ခေါင်ကိုရောက်ပြီဗျ ခေါင်ရောက်ပြီးရင်လည်း မျက်စိကိုမှိတ် ဒို( ထို)ကိုနောက်ပြန်ပစ်ရတယ်လေ အကွက်၈ကွက်ထည်းက တစ်ကွက်ကွက်ကိုထိုက ကျသွားရင်လည်းအဲ့အကွက်ကကိုယ့်အပို်င်ပေါ့ဗျာ ကျန်တာတွေတော့ရှိသေးတယ်ဗျ ကျုပ်ကလည်း ကလေးတွေဒို(ထို ) ဆော့တာကြည့်နေရင်ကလည်း ငြီးငွေ့လာတာပေါ့ ကျုပ်ဟိုဒီစဉ်းစားလိုက်တော့လည်း သင်းနွယ်ကိုသတိရသွားတယ် ခရေပန်းကုံးလေးကိုခေါင်းပေါ်မှာရစ်ခွေ မြန်မာဆန်ဆန် ချိတ်ထဘီ ရင်ဖုံး ပါးကွက်ကြားလေးနဲ သင်းနွယ်ကိုလည်း မြင်ယောင်ရင်မြင်ယောင်းရင်း မျက်ရည်များကလည်းစို့လာတာပေါ့ ကျုပ်ကလည်း ဝဲနေတဲ့မျက်ရည်စများကို အိမ်ကျီစ နဲ့သုတ် အဝေးကိုလည်းငေးကြည့်နေတာပေါ့ “အကိုသာလှ…..အကိုသာလှ” ကျုပ်ကလည်းငေးနေတာဘယ်လောက်ကြာတယ်မသိ စိုင်းလော့ဖန် ကျုပ်ပုခူံးကိူလာပုတ်ရင်း ခေါ်တော့မှ သတိဝင်တာပေါ့ “အော်..စိုင်းလော့ဖန်ပါလားမင်းတို့ကစားပြီးကြတာလား” “ဟုတ်တယ်ဗျ..လူတစ်ကိုယ်လုံးလည်ချွေးနံ့တွေနံနေတာပဲဗျာ” စိုင်းလော့ဖန် ကလည် အိမ်ကျီကို ရူကြည့်ရင်းနဲ့လည်း ပြောတယ်ဗျ “ဒါနဲ့စိုင်းလောင်ကကောကွ” “စိုင်းလောင်က ရွာပြင်ကိုရေချိုးထွက်သွားတယ်ဗျ အကုိသာလှကို ခေါ်ပြီးလိုက်ခဲဖို့လည်းမှာသွားတယ်” “အော်ဒါနဲ့မင်းနဲ့ စိုင်းလောင်နဲ့က ဘယ်သူကအကြီးလည်းကွ” “စိုင်းလောင်ကအကြီးဗျ..အမွှာတွေဆိုပေမယ့်ရုပ်ကဘယ်လိုဖြစ်တယ်မသိပါဘူးဗျာကွဲထွက်သွားတယ်” “မင်းတို့ကအမွှာတွေလားကွမင်းပြောလို့သာယုံရတယ်ရုပ်ချင်းလည်းမစင်ပါလားကွ” “အဲ့တာပြောတာပေါ့ဗျာ..ကျုိပ်တို့ကအမွှာတွေဆိုတာယုံတဲ့သူရှားတယ်ဗျအစင်းသိအကြောင်းသိတွေပဲယုံတာ” “ဒါနဲ့မင်းတို့ဆီမှာလည်းငါတို့ဘက်လိုပဲပြောတာပါလားရှမ်းအစစ်တွေမဟုတ်ဘူးလား” “အစစ်တွေလည်းရှိပါတယ်ဒါပေမယ့်ဒီရွာမှာကရှမ်းအစစ်နည်းတယ်ဗျ မြန်မာပြည်အလယ်ပိုင်းကလူတွေများတယ်ဒိီတော့လည်းရှမ်းတွေကရှမ်းသံပြောက်ပြီးအညာသံပေါက်နေတာဗျကျုပ်တို့ပဲကြည့်ပါတော့” “အော်ဒီလိုလားငါတော့မသိပါဘူးကွာဉီးကြီးမောင်ကရှမ်းပြည်သွားမယ်ဆိုတော့ရှမ်းသံဝဲဝဲတွေကြားရပြီထင်တာ” “.ရှမ်းပြည်ထဲဆိုပေမယ့်ရှမ်းအစပ်ပါဗျာအထဲအရမ်းမဝင်ဘုးဗျ..ရှမ်းသံဝဲဝဲကြားချင်ရင်တော့ရွာအစွန်က အဖွားနန်းစောမွယ်တော့ရှိတယ်ဗျ” “ဟေ..သူကရှမ်းအစစ်လား” “တာပေါ့ဗျာ တစ်ခါတလေဆိုကျုပ်တို့နားတောင်မလည်ဘူးဗျ” “အေးပေါ့ကွာ…သွားတောပလည်ချင်မိသားဗျ” “အကုိသာလှသွားချင်ရင်လိုက်ခဲ့လေဗျာကျုပ်တို့က အဖွားနန်းစောမွယ်ဆီကို ၃ရက်တစ်ခါလောက်သွာနေကြဗျ” “မင်းတို့ကဘာသွားလုပ်ကြတာလည်း” “အော်..အဖွားနန်းစောမွယ် ခြံမှာက သခွားသီးတွေအသီးအနှံတွေရှိတယ်ဗျ အသီးလည်းစားရင်းအဖွားစောနဲ့လည်း စကားပြောရင်းပေါ့

အဖွားစောကပုံပြင်တွေလည်းပြောပြတယ်ဗျ သရဲအကြောင်းတေလည်းပြောပြတယ်” “အော်အဲ့တာကြောင့်မင်းတို့ကသွားတာကိုး….သခွားသီးလည်းစားပုံပြင်လည်းနားထောင်ပေါ့တယ်လည်းဟုတ်တဲ့ကောင်တွေကွာ” ကျုပ်ပြောလို်က်တော့လည်း စိုင်းလော့ဖန် ကသွားဖြီးတယ်ဗျ “ကဲအကိုသာလှကျုပ်တို့ကို စိုင်းလောင် စောင့်နေလိမ့်မယ်ဗျသွားကြရအောင်” ကျုပ်ကလည်းထိုင်ရာကထ စိုင်းလော့ဖန်နောက်ကလည်းလိုက်ခဲ့တာပေါ့ “လော့ဖန်မင်းကလည်းကြာလိုက်တာကွာ..ရေချိုရင်းသာစောင့်နေရရင်အအေးပတ်နေလောက်ပြီ” “အကိုသာလှနဲ့စကားပြောနေလို့ပါကွာ” စိုင်းလော့ဖန်ကလည်းပြောရင်းနဲ့ ရေထည်းကိုလည်းခုန်ချသွားတယ်ဗျ စိုင်းလောင်ကလည်း စိုင်းလော့ဖန်နောက်ကခုန်ချသွားတယ်ဗျ “အကုိသာလှ…ရေထည်းတင်းခဲ့ပါလားအေးတယ်ဗျ” “တော်ပါပြီကွာမဆင်းတော့ပါဘူးငါကအေးတာမကြိုက်ဘူးကွ” စိုင်းလောင်နဲ့ စိုင်းလော့ဖန်ကလည်း နှစ်ယောက်သားတိုးတိုးတိုးတိုးနဲတစ်ခုခုကိုလည်းပြောနေတယ်ဗျ ပြီးတော့လည်းကမ်းစပ်နားကိုကူးလာတယ်ဗျ ပြီးတော့လည်းအထိတ်တလန့်ဟန်နဲ့ “အကိုသာလှ…ဟိုကငှက်ကြီးကဘာငှက်ကြီးလည်း” ကျုပ်ကလည်း လက်ညှိုးညွန်ရာကျုပ်အနောက်ဘက်ကိုကြည့်နေတုန်း ကျုပ် ခြေထောက်ကိုလည်းလက်နှစ်ဖက်လာဆွဲပြီးတော့လည်းကျုပ်ကရေထဲကျသွားတာပေါ့ “ခွေးကောင်လေးတွေငါကတော့အကောင်းမှတ်နေတာမင်းတို့နဲငါနဲ့တွေ့မယ်” “ေပြးဟေ့ပြေးဟ” စိုင်းလောင်နဲ့စိုင်းလော့ဖန်ကလည်း ကျုပ် ကိုရေထည်းဆွဲချတယ်လေကျုပ်ကလည်း သူတို့နှစ်ယောက်ကို ဒေါသမဖြစ်ပါဘူး အံသြမူနဲ့အတူ ပြုံးတောင်ပြူံးမိသွားသေးတယ် ကျုပ်ကတော့ရေတွေနဲ့ စိုင်းလောင်တို့ကိုလည်းပတ်တာပေါ့ စိုင်းလောင်တို့ကလည်းကျုပ်ကိုပြန်ပက်တယ်ဗျ ကျုပ်တစ်ကိုယ်လုံးလည်းရေတွေရွဲလို့ဗျ ကျုပ်တို့ကလည်း အချိန်တော်ကြာရေကစားပြီး​တော့လည်း ချမ်းလာတာပေါ့ “စိုင်းလောင်နဲ့စိုင်းလော့ဖန်ပြန်ကြရအောင်ကွ..တော်ကြာဉီးလေးငွေပုတို့စိတ်ပူနေအုံးမယ်” “ပြန်ကြမယ်ဗျကျုပ်လည်းတော်တော်ချမ်းနေပြီ” ကျုပ်တို့ကလည်း ကုန်းပေါ်တက် အိမ်ကိုလည်းပြန်လာခဲတာပေါ့ အလိုမှချမ်းပါတယ်ဆို လေကလည်းတဖြူးဖြူးနဲ့သိပ်ချမ်းတာပေါ့ “ဟ သာလှတို့ရေချိုးလာကြတာလား..မင်းတို့ရေချိုးမယ်ဆိုလည်းအဝတ်အပိုလေးပြန်ယူတာမဟုတ်ဘူး” “မဟုတ်ဘူးဉီးလေးငွေပုရဲ့ဒီကောင်တွေချိုးတာကိုကျုပ်ကစောင့်ပေးနေတာဒိကောင်တွေဆွဲချလို့မထူးဇာတ်ခင်းပြီးရေချိုးလို်က်တာ” “စိုင်းလောင်နဲ့လော့ဖန်တို့ကတော့လုပ်တော့မယ်” “ရပါတယ်ဉီးလေးငွေပုရယ် ခုလိုချိုးလိုက်တော့လည်းလူလန်းသွားတာပေါ့” “အေးပါ..မင်းတို့တွေအဝတ်အစားလဲပြီးရင်ထမင်းစားလာခဲ့တော့ငါနဲ့လွန်းနီ​စောင့်နေမယ်” “ဟုတ်ဉီးလေးငွေပု” ကျုပ်ကလည်း အဝတ်အစားလဲ တာပေါ့ ဟိုမျောက်နှစ်ကောင်ကလည်း အဝတ်အစားလဲပီး ထွက်လာတယ်ဗျ ထမင်းအတူစားပြီးတော့လည်း တန်းလျားမှာထိုင်ရေနွေးသောက်နေကြတာပေါ့

ဘာလိုလိုနဲ့ညကိုလည်းရောက်လာခဲ့တာပေါ့ ကျုပ်ကလည်း ခုညမှ ချမ်းတမ်းတမ်းဖြစ်နေတာဗျ အိပ်လို့မရတာကြောင့်လည်း ခြံထဲကိုထွက် လရောင်အောက်က ပက်လက်ကုတင်လေးမှာထိုင်ရင်းနဲ့လည်း ကြယ်တွေကိုရေတွက်နေတာပေါ့ ကြယ်တွေိကိုရေရင်းနဲ့လည်းခေါင်းတွေမူးလာတာပေါ့ ဒီတော့လည်း မရေတွက်တော့ပဲနဲ့ ဟိုဒီ လျှောက်တွေးလိုက်တော့လည်းသင်းနွယ်အကြောင်းက ခေါင်းထဲပြန်ရောက်လာတာပေါ့ “သင်းနွယ်….သင်းနွယ် ကိုမင်းကိုအမြဲသတိရနေမှာပါ….ခုဘဝမဆုံစည်းနိုင်ရင်လည်းနောက်ဘဝတစ်ခုခုတော့ဆုံချင်ပါသေးတယ်” ကျုပ်ကလည်း တစ်ယောက်ထည်းပြောနေတဲ့စကားများလည်းဖြစ်ပါတယ် လေ့တစ်ဝှေ့မှာတော့ အေးမြတဲ့လေကလည်း ကျုပ်ကိုတိုက်ခတ် ကျုပ်ပုခူံးပေါ်ကိုလည်း လက်တစ်ဖက်လာပုတ်တာပေါ့ “လခွီးတဲ့မှပဲကွာ…အသံမပေးဘာမပေးနဲ့လန့်လိုက်တာ” “ဘာတွေအတွေးပေါက်နေလို့ကျုပ်တို့လာတာကိုတောင်မသိရတာလည်းဗျ…ေနာက်ပြီးကြားလိုက်ပါသေးတယ်…သင်းနွယ်ဆိုလားဘာဆိုးလား” စို်င်းလောင်ကလည်း ကျုပ်ပုခုံးကိုပုတ်လိုက်ပြီးတော့လည်းစပ်ဖြီးဖြီးနဲ့မေးတယ်ဗျ “ဘာမှမဟုတ်ပါဘူး..ဒါနဲ့မင်းတို့မအိပ်သေးဘူးလား” ကျုပ်မေးလိုက်တော့လည်း စိုင်းလောင်နဲ့စိုင်းလော့ဖန်ကကျုပ်ကိုလှည့်ပြီးတော့လည်းကျုပ်ရှေ့ကခုံမှာထိုင်တာပေါ့ “အိပ်မရလို့ပါအကိုသာလှရာ..အိပ်မရလို့ခြံထည်းဆင်းလာတော့အကိုသာလှကိုတွေ့တာနဲ့လှန့်လိုက်တာ” “အော်ငါလည်းမအိပ်ချင်သေးလို့ဒီမှာလာထိုင်နေတာကွဒါနဲ့ဉီးလေးငွေပုနဲ့ဉီးကြီးမောင်က​ကောအိပ်သွားကြပီလား” “အိပ်သွားကြပီဗျ ဘကြီးဆိုရင်ဟောက်ပါဟောက်နေတာ” “မင်းကတော့ပြောမယ်ဆိုတာကြည်းပဲဒါနဲ့မင်းတို့ရဲ့ရှမ်းနာမည်က စိုင်းလောင်နဲ့ စိုင်းလော့ဖန်နော်” “ဟုတ်တယ်လေဗျာဘာဖြစ်လို့လည်း” “ဒါဆိုမင်းတို့ရဲ့ဗမာနာမည်ကဘာလည်း” ကျုပ်မေးလိုက်တော့ လည်း စိုင်းလောင်နဲ့စိုင်းလော့ဖန်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးတော့လည်း “ဟဲဟဲ..ဗမာလိုတော့မသိဘူးဗျဘကြီးကရှမ်းနာမည်ပဲပြောထားတာ” “အော်အေးပါကွာ…ကဲကဲအိပ်ယာဝင်ကြစို့ကွညဉ့်လည်းနက်နေပြီ” ကျုပ်တို့ကလည်း အိပ်ယာဆီပြန်လာခဲ့တာပေါ​့ အိပ်ယာထည်းရောက်တော့လည်း ခနနဲ့အိပ်မပျော် တစ်နာရီနီးနီးလူးလိမ့်ပြီးမှလဲ အိပ်ပျော်သွားတာပေါ့

“သာလှ….သာလှထတော့ကွနေမကောင်းဘူးလား” ကျုပ်ကလည်း ဉီးကြီးမောင်အသံကိုကြားနေရတယ်ဗျ မျက်လူံးများကလည်း မဖွင့်ပေမယ့် လူကတော့တော်တော်လေးချမ်းနေတာဗျ စောင်ကိုလည်း လည်ပင်းအထိလည်း ခြုံထားတာပေါ့ “သေချာပီလွန်းနီရမင်းကောင်ဖျားနေတာ…မနေ့က ဟိုမျောက်တွေနဲ့ရေဆော့တာကြာပြီးဖျားတာဖြစ်မယ်” “ဒါဆိုရင်တော့ဆေးတိုက်မှရမှာပေါ့…သာလှ…..သာလှထတော့” ဉီးကြီးမောင်ကလည်းကျုပ်ကိုပုတ်နှိုးတယ်ဗျ ကျုပ်ကလည်း ပေအိပ်လု့ိမရတာနဲ့ထရတာပေါ့ “ချမ်းလိုက်တာဉီးကြီးမောင်ရာသိပ်ချမ်းတာပဲ” “ခုမှချမ်းတယ်လုပ်မနေနဲ့ရေဆော့တုန်းကဆော့ပြီး…မင်းနှယ့်ကွာ ခလေးတွေတောင်ဘာမှမဖြစ်ဘူးမင်းကနေမကောင်းဖြစ်ရတယ်လို့” “ဟာဗျာ…ဉီးကြီးမောင်ကလည်းနေမကောင်းတာပဲကွာခလေးလူကြီးခွဲနေမှာလားဗျဖြစ်ချင်ရင်ဖြစ်တာပေါ့” “ထားပါတော့…” ဉီးကြီးမောင်ကလည်း ကျုပ်ကိုခပ်ငေါ့ငေါ့ပြောရင်းနဲ့လည်း ဆေးတံကြီးကိုဖွာနေတယ်ဗျ “လွန်းနီ…ငါတို့ရွာမှာဆေးဆရာရယ်လို့တော့မရှိဘူးကွ” “ဟေဆေးဆရာမရှိဘူးဟုတ်လားအဲ့ဆိုဒီကောင့်ကိုဘယ်လိုလုပ်မလည်း” ဉီးကြီးမောင်မေးလိုက်တော့လည်း ဉီးလေးငွေပုကကျုပ်ဘက်ကိုလည်းလှည့်လာတာပေါ့ “ဘာမှမဖြစ်ပါဘူးကွာဒီရွာမှာ အဖွားနန်းစောမွယ် ရှိပါတယ်ကွ” “သူကဆေးတွေဘာတွေကုတတ်လို့လား” “ကုတတ်တာပေါ့ကွာဒို့တစ်ရွာလူံးကတော့နခုခုတိုသူ့ဆီပဲပြေးတာကွ” “ဒါဆိုရင်တော့သာလှကိုဟိုနှစ်ကောင်နဲ့မင်းပြောတဲ့သူဆီလွှတ်လိုက်မယ်” “အော်အေးကောင်းသားပဲ…ဟိုကောင်နှစ်ကောင်ဒီခနလာအုံး..မင်းတို့အကိုသာလှကို…အဖွားနန်းစောမွယ် ဆီခေါ်သွားလိုက်ကြအုံးမင်းတို့အကိုသာလှဖျားနေတယ်ကွ” “အကိုသာလှကလူပျော့ကြီးဗျာကျုပ်တို့တောင်ဘာမှမဖြစ်ဘုး” စိုင်းလောင်နဲ့စိုင်းလော့ဖန်ပြောလိုက်တော့လည်းဉီးကြီးမောင်ကပြုံးတယ်ဗျ “ဟကောင်တွေရငါလည်းအခက်မသင့်လို့ဖြစ်သွားတာငါနေကောင်းရင်းမင်းတို့နောက်ဘယ်တော့မှမလိုက်တော့ဘူး” “စိတ်ကိုလျော့ပါဗျာခုတော့ကျုပ်တို့နဲ့ အဖွားနန်းစောမွယ် ဆီလိုက်ခဲ့အုံး” “အေးပေါ့လေခုတော့လည်းမင်းတို့စကားနားထောင်ရမှာပေါ့” ကျုပ်ကလည်း စိုင်းလောင်တို့နဲ့အတူ လိုက်ခဲ့တာပေါ့ ဝါးကာခြံစည်းရိုး လေးများနဲ့ ကျေးလက်ရှုခင်းကလည်း ရွာထည်းတောင်အတော်လှတယ်ဗျ ကျုပ်တို့ကလည်း ၂၀မိနစ်လောက်လမ်းလျောက်ပြီးတော့လည်း ရွာအပြင်ကခြံတစ်ခြံရှေ့ရောက်လာတာပေါ့ ခြံထည်းမှာကလည်း သခွားသီး ခရမ်းချဉ်သီး ဘူးသီး ဖရုံသီး စုံအောင်စိုက်ထားတာဗျ “အဖွားနန်းစော….ဗျုိ့အဖွားနန်းစော” “ဟေ…စိုင်းလောင်တို့ညီကိုလားဝင်လာကြလေ” စိုင်းလော့ဖန်ခေါ်လိုက်တော့လည်း အိမ်ထည်းကတုံ့ပြန်သံကြားရတယ်ဗျ ကျုပ်တို့ကလည်း အိမ်ထည်းဝင် အစင့်ပေါ်မှာလည်းထိုင်လိုက်ကြတာပေါ့ အိမ်ဆိုပေမယ့်လည်း တဲသာသာပါပဲ အပေါ်ထပ်မရှိဘူးဗျ အောက်မှာကတော့ အစင့်ထိုးထားတယ်လေ “စိုစမ်းပါအုံးယေ…ဘာကိစ္စလည်းလော့ဖန်တို့” ထိုအမေကြီးကလ​ည်းရှမ်းသံဝဲဝဲနဲ့ပြောတယ်ဗျ

“ဒီလိုပါဖွားစော…ကျနော်တို့အိမ်ရောက်နေတဲ့ဒီကဧည့်သည်အကိုကနေမကောင်းလို့ဖွားစောဆီကိုလာရတာပါ””” “အော်..ရပါယယ်ယေလာလာအဖွားဆီကို” ကျုပ်ကလည်း အဖွားစောအနားတိုးကပ်သွားလိုက်တာပေါ့ အဖွားစောကလည်း ကျုပ် နဖူးကိုစမ်းကြည့်တယ် “အပူရှပ်ပြီးတော့ဖျားတာပါဘာမှမဖြစ်ပါဘူးယေအဖွားေစာဆေးပေးလိုက်မယ်ယေ့” “ကျေးဇူးတင်ပါတယ်ဖွားေစာ” “နေအူံးယေ့…ဒီကောင်လေးဆီကမှော်နံ့ရတယ်ယေ့….ကောင်လေးခေါင်းငုံ့စမ်းယေ့” ကျုပ်ကလည်း နားမလည်ပေမယ့်ခေါင်းငုံ့ပေးလိုက်တာပေါ့ အဖွားစောကလည်း ကျုပ်ဇတ်ကြောကိုပွတ်ကြည့်ရင်းနဲ့လည်း ခနကြာတော့ လက်ကိုစမ်းနေရာကဖြုတ်ပြီးတော့လည်းနောက်ကိုနည်းနည်းဆုတ်သွားတယ်ဗျ “အဖွားစော..ဘာဖြစ်လို့လည်းဗျ” “ဒီကောင်လေးမှာ….ေမှာ်လုံးတွေစုနေလေယဲ့…ဖွားစောဒီလောက်မြင့်တဲ့မှော်ကိုခုချိန်ထိမမြင်ဖူးသေးဘူးယေ့” အဖွားစောပြောလိုက်တော့လည်း စိုင်းလောင်နဲ့ စိုင်းလော့ဖန် နဲ့ကရီတယ်ဗျ “အဖွားစောရဲ့မှော်ဆရာကြီးကလည်းဖျားနေရတယ်လို့ဗျာမှော်ဆရာဆိုတာဖျားကြလို့လားမဟုတ်တာအဖွားစောရယ်” ကျုပ်အဖွားစောကိုကြည့်လိုက်တော့လည်း စိုင်းလောင်တို့ကိုရှင်းပြချင်ပုံမပေါ်ဘူးဗျ “ကဲကောင်လေး..ဒီဆေးကိုမှန်မှန်သောက်အဖျားပြောက်ယေ့မယ်” အဖွားစောကလည်း ပြောရင်းနဲ့ ဆနွန်းလုံးလေးတွေလို ဝါဝါအလုံးလေးတွေကိုလည်းကျုပ်လက်ထည်းထည့်ပေးတယ်ဗျ ကျုပ်ကလည်း အဖွားစောကိုကျေးဇူးတင်ကြောင်းပြောပြီးတော့လည်း ငွေ၂၀၀ကို ကန်တော့တာပေါ့ အဖွားစောကလည်းမယူပါဘူးဗျာ ဒီတော့လည်းကျုပ်ငွေ၂၀၀က စိုင်းလောင်နဲ့စိုင်းလော့ဖန်လက်စာမိတာပေါ့ ကိုပ်တို့ကလည်း အိမ်ကိုပြန်လာကြတာပေါ့ ပြောဖို့မေ့နေတာဗျ အဖွားစောအိမ်ကလည်း ရွာအပြင်မှာရှိပြီးတော့လည်းရွာနဲ့တော်တော်လေးလှမ်းတယ်ဗျ “ခလေးမအကိုကြီးတို့ကချစ်လို့ပါကွယ်အကိုကြီးအချစ်ကိုအသိအမှတ်ပြုပေးပါကွာ” ကျုပ်တို့ရှေ့ဝါးတိုတစ်ရိုက်အကွာလောက်မှာတော့ အမူးသမားသုံးယောက်ကလည်း မိန်းကလေးတစ်ယောက်ကိုဝိုင်းထားပြိးတော့လည်း အနိုင့်ကျင့်နေတာပေါ့ “ဟေ့ကောင်တွေဘာလုပ်နေကြတာလည်း” ကျုပ်ကလည်း အဖွားစောပေးလိုက်တဲ့ဆေးထုပ်လေးကို စိုင်းလော့ဖန်လက်ထဲထည့်ပြီးတော့လည်း ငမူးတွေအနားတိုးသွားတာပေါ့ “အောင်မယ်ဘယ်ကကောင်လည်းကွ…ကိုယ့်လမ်းကိုယ်သွားစမ်းပါကွာမသေချင်ရင်အသာနေ” “မိန်းကလေးတစ်ယောက်ကိုထိကပါးရိကပါးနဲ့အခုလိုအနိုင်ကျင့်နေတာကိုလည်းမမြင်သလိုနဲ့ကျော်သွားမယ့်ကောင်တွေထည်းမှာငါမပါဘူးကွ” “ဟ..တယ်ဆိုတဲ့စာပါလား…မင်းကြည့်ရတာဒီအနီးအနားကမဟုတ်ဘူးထင်တယ်..ငါ့နာမည်မိုးကြိုးတဲ့ကွဒီနယ်မှာမသိသူမရှိဘူး” “မင်းဘာသာမိုးကြိုးမကလို့လျှပ်စီးပဲဖြစ်ဖြစ်ငါဂရုမစိုက်ဘူး” “အေးလေဒါဆိုလည်းမင်းဂရုစိုက်သွားအောင်လုပ်ပေးရတာပေါ့” မိုးကြိုးကလည်း မိန်းကလေးလက်ကိုလွှတ်ကျုပ်မျက်နှာဆီကိုလည်း ဘေးတို်က်လက်သီးတစ်လုံးပစ်ကျွေးတာပေါ့ ကျုပ်ကလည်း ပျံဝဲလာတဲ့ လက်သီးကိုအသာရှောင် ညာခြေထောက်နဲ့လည်းမိုးကြိုးရဲ့ဘယ် ခြေကိုကန်ချလို်က်တယ် မိုးကြိုးကလည်း ​နောက်ကိုလဲကျချိန်ကျုပ်ကလည်း ဝမ်းဗိုက်ကိုခြေဖဝါးတစ်ချက်အပိုကျွေးလိုက်တာပေါ့ မိုးကြိုးကလည်းနောက်ကိုလဲကျသွားတော့ကျန်တဲ့နှစ်ယောက်ကလည်း ကျုပ်ဆီပြေးလာကြပြန်တယ်လေ ပထမတစ်ယောက်ကတော့ ကျုပ်ခြေကိုလည်း အလဲကန်တယ်ဗျ ကျုပ်ကလည်း နောက်ကိုခုန်ရှောင်လိုက်ပြီးတော့လည်း ဒုတိယပြေးဝင်လာသူရဲ့ နံကြားကို လက်သီးတစ်လူံးပြစ်ထည့်လိုက်တယ် ထိုသူကလည်း အုကနဲ့အသံပြုပြီးတော့လည်း နောက်ကိုလဲကျသွားတာပေါ့ ပထမပြေးဝင်လာသူကလည်း တုတ်တစ်ချောင်းကိုကောက် ကျုပ်ခေါင်းကိုလည်းအားနဲ့လွှဲရိုက်လိုက်တယ် ကျုပ်ဇက်ပေါ်ကိုလည်း တုတ်က အရှိန်နဲ့ကျလာပြီးတော့လည်း တုတ်ကကျိုးထွက်သွားတယ်လေ ကျုပ်ကလည်း အရုိက်ခံရသည်သာဆိုတယ် ထူံထုံကြီးးဖြစ်ရုံကလွဲပိးနာလည်းမနာဘူးဗျ “ဟေ့ကောင်တွေထထဒီကောင်လူမဟုတ်ဘူးသရဲကွသရဲ” ကျုပ်ကိုတုတ်နဲ့ရိုက်တဲ့သူကလည်း အလန့်တကြားနဲ့တုတ်ကျိုးကိုပြစ်ချပြိးတော့လည်း သူ့အဖော်အပေါင်းတွေကိုအတင်းနှိုး ကမူးရူးထိုးထွက်ပြေးကြတာပေါ့ “အကို…အကို့ဘာဖြစ်သွားသေးလည်း” ခုနကမိန်းကလေးကလည်းကျုပ်ဆီကိုပြေးလာကျုပ်ကိုလည်းမေးတာပေါ့ “ဘာမှမဖြစ်ပါဘူးဗျာ. .ဒါနဲ့ညမကောဘာဖြစ်သွားသေးလည်း” “အကိုတို့အချိန်မှီရောက်လာလို့ညမဘာမှမဖြစ်ပါဘူးကျေးဇူးတင်ပါတယ်အကိုရယ်ညမကကျွဲနဖားကြီးရွာကပါကျွဲနဖားကြီးကိုရောက်ရင်လည်းယမုံ့ဆီကို်အလည်လာခဲ့ပါနော်” “ညမနာမည်ကယမုံတဲ့လား…အခါအခွင့်သင့်ရင်တော့ကျုပ်လာခဲ့မှာပါကဲကဲအကိုတို့လည်းသွားတော့မယ်” “ကောင်းပါပြီအကို..ညမအရှက်နဲ့သိက္ခာကိုကာကွယ်ပေးတဲ့အကို့ကျေးဇူးကိုတစ်သက်မမေ့ပါဘူးအကိုရယ်” ကျုပ်တို့ကလည်း ထိုနေရာကထွက်ခဲ့တာပေါ့ မိန်းကလေးကလည်း လမ်းလေးအတိုင်းတစ်ဖက်ရွာကိုလည်းပြန်သွားတာပေါ့ဗျာ ကျုပ်ကလည်း ဘာမသိညာမသိ သူများဒေသမှာလည်းလူစွမ်းကောင်းတော့လုပ်မိသွားပြီပေါ့ဗျာ