စကားပြောနေတုန်း တစ်ခုံကျော်က သူငယ်ချင်းကောင်မလေးတစ်ယောက်က ကြားသွားပြီး ဝင်ပြောလိုက်သေးတယ် “ ဆရာမ ခင်မာကြည်တစ်ယောက် သနားပါတယ်နော် သူ့ခမျာ… မိသားစုကလည်း ပြည့်စုံ… ၊အရာရာအဆင်ပြေနေတုန်း ၊ အသက်ကလည်းအရွယ်တင်နုပျိုနေတဲ့အချိန်အခုလို မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီး ကြုံလိုက်ရမယ်လို့ ထင်ထားမှာတောင်မဟုတ်ဘူး ၊ ဆိုးလိုက်တဲ့ ကားသမားတွေ ၊အတင်းလုမောင်းနေကျ အခုတော့ လူပါသေရပြီ ” “ ကားသမားတွေ ကြမ်းတာလည်းကြမ်းတာပေါ့ ဆရာမလည်း ဆိုင်ကယ်ဖြည်းဖြည်းမှ မစီးတာ… ပြီးတော့ ဦးထုပ်မပါ ဘာမပါဆိုတော့အကာအကွယ်မဲ့ပြီး ကားအောက်ထဲချိတ်ပါသွားရှာတာ…. ” “ မင်းတို့တော့မသိဘူး အဲ့နေ့က ...
ပါပဲဗျာ၊ လောက်သေရွက်ကို နေပူလှန်းရင် အာနိသင်ပျက်တယ်တဲ့ဗျ၊ ဒါကြောင့် နေရိပ်မှာပဲ လှန်းကြတာပါ၊ ကျုပ်တို့အညာဘက်က ခပ်ပူပူဆိုတော့ အိမ်တံစက်မြိတ်အောက်ချိတ်ထားရုံနဲ့ သုံးရက်လောက်ဆိုရင် လောက်သေရွက်တွေက ခြောက်သွေ့ပြီးကြွပ်နေတာပါပဲ၊ ဒီအခါ အစည်းလိုက်ကလေး သိမ်းထားကြတယ်၊ တစ်ချို့ကလည်း အရွက်တွေချွေပြီးတော့ ရေနွေးအိုးဟောင်းတစ်ခုထဲ ထည့်သိမ်းထားတတ်ကြတယ်။ အိမ်က ရေနွေးအိုးကြီးက မြေရေနွေးအိုးကြီးဗျ၊ မနက်ခင်းလင်းပြီဆိုတာနဲ့ အမေက ထင်းမီးမွှေးပြီး မြေရေနွေးကရားကြီးနဲ့ ရေနွေးတစ်အိုးတည်တာပါပဲဗျာ၊ ရေနွေးဆူရင် အဲဒီလောက်သေရွက်ကလေး လေးငါးရွက်လောက် ခပ်ထည့်လိုက်ပြီး ရေနွေးကရားအိုးအသေးလေးထဲ ကဲ့ကဲ့ပြီး သောက်ကြတာပေါ့၊ လောက်သေရွက်ကိုအထင်မသေးနဲ့ဗျ၊ သူက လက်ဖက်ခြောက်နဲ့အရသာအရမ်းတူတယ်၊ အရောင်အဆင်းကလည်း လက်ဖက်ခြောက်နီးနီးပဲ၊ ...
ရောက်သွားကာလမ်းပြောင်းပြန်ဖြစ်သွားရသည်။ လမ်းပြောင်းပြန်အခြေနေမှ ကိုယ့်လမ်းကိုယ်ပြန်မောင်းရန် ကွေ့လိုက်ပေမယ့်လို့ရှေ့တည့်တည့်ဆီမှ ဘွားခနဲပေါ်လာသည့် ကားတစ်စီး…. “ကျွီ…….” အမလေး!… ကားဘရိတ်ဆွဲသံအရှည်ကြီးကြားပြီးနောက်ုမြပန်းရဲ့ကားလေးကိုအရှိန်ပြင်းပြင်းနှင့်အတိုက်ခံလိုက်ရသည်။ ဒုန်း….ဝုန်း… အား…. ကားလမ်းမထက်သို့နှစ်ပတ်လောက်လည်သွားပြီး မြပန်းမျက်နှာဟာ လမ်းမနှင့်ပွတ်တိုက်မိကာ အတော်ပင်နာကျင်သွားရသည်။ “မေမေ…အီးဟီးဟီး…” “အူဝဲ…အူဝဲ…အူဝဲ” သားနဲ့သမီးရဲ့ငိုသံဟာနားထဲကြားလိုက်ပေမယ့်ကားလမ်းမနဲ့ရိုက်ခက်မိတဲ့အရှိန်ဟာပြင်းထန်လွန်းလှတာမို့ အရာအားလုံးဟာအမှောင်ဖုံးလွှမ်းသွားရသည်။အသက်မဲ့နေသည့်အမျိုးသမီးတစ်ဦးရယ် အော်ဟစ်ငိုနေသည့်၃နှစ်အရွယ်ကောင်မလေးတစ်ယောက်ရယ် ဘာမှမသိရှာပဲအငိုရပ်သွားသည့်၇လအရွယ်ကလေးငယ်တစ်ဦးရယ်ဟာ သည်းထန်စွာရွာသွန်းနေသည့် မိုးရေထဲမှာမှောက်လျှက်ဖြစ်နေသည့်ကားပေါ်တွင်တည်ရှိလျှက်… >>>>> “ဂြိုလ်ဆိုးမ ကံဆိုးမ ဒါတွေအားလုံးဟာနင့်ကြောင့်ဖြစ်ရတာ နင်ကငါ့သားနဲ့ငါ့မိန်းမကိုသတ်လိုက်တဲ့ လူသတ်သမား သွားစမ်း ထွက်သွားစမ်း” ဆေးရုံပေါ်၌မသိနားမလည်သေးသည့်ကလေးငယ်လေးကိုအော်ဟစ်နှင်ထုတ်နေသည့်အမျိုးသားတစ်ဦးကိုအားလုံးဟာဝိုင်းကြည့်နေသည်။ “နင့်ကြောင့် သေရတာ…နင့်ကြောင့် အားလုံးဟာနင့်ကြောင့်” ထိုစွပ်စွဲချက်များကို ထိုအချိန်ကနားမလည်ခဲ့ပေမယ့် အရွယ်ရောက်လာသည်နှင့်အမျှ သေဆုံးခြင်းဆိုသည့်အကြောင်းရာနှင့်အတူ လူသတ်သမားဆိုသည့်စကားလုံးကြမ်းများကိုနားလည်စပြုလာခဲ့လေသည်။ ...
အီအီဖြင့်လူကြားထဲသို့ အတင်းတိုးဝင်နေကြလေသည်။ “အူဝူဝူးဝူ” “ဒီနေ့ညမှပဲရွာထဲကခွေးတွေ တိုက်ထားတဲ့အတိုင်းပြိုင်တူအူနေကြ ပါလား။ “မကောင်းဆိုးဝါးမြင်လို့အူတာ နေမှာပေါ့ သမီးရယ်၊ခွေးဆိုတာက လူတွေမမြင်ရတာကိုမြင်နိုင်စွမ်း ရှိကြတယ်လေ သမီးရဲ့” “အင်း…အမေပြောသလိုဆိုရင် ရွာထဲမှာမကောင်းဆိုးဝါးရှိနေလို့ ခွေးတွေအူနေတာပေါ့နော်။ “အေးပေါ့ သမီးရဲ့မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာရှိတတ်ကြတာပဲလေ” “အမယ်လေးတွေးရင်းနဲ့ ကြက်သီးတွေတောင်ထလာပြီအမေရေ “ဘာမှကြောက်စရာမလိုပါဘူး သမီးရယ်၊ဘုရားစာလေးပဲရွတ်နေပေါ့။ ရွာထဲ၌ရှိသောလူများလည်း ထူးဆန်းလှသည့်ခွေးအူသံများကြောင့် ကြက်သီးတဖြန်းဖြန်းထနေကြလေ သည်။ ================= နံနက်လင်းသည်နှင့်ရွာထဲ၌ သတင်းတစ်ခုအားထူးဆန်းစွာ ကြားလိုက်ရပေသည်။ “မြင့်ရီသားလေးဆုံးလို့တဲ့” “ဟယ်…ဟို၄နှစ်သားလေး ငမောင်လား” “အေးလေဟယ် မြင့်ရီလည်း အရူးမီးဝိုင်းသလိုခံစားနေရရှာတာအေ့” “ဘယ်လိုဖြစ်ပြီးဆုံးတာလဲအေ့ မနေ့ကတောင်ကလေးကအကောင်း ကြီးရှိသေးတာကို။ “မနေ့ညက ...
ရာသီဥတု အေးမြလာ လေလေဖြစ်သည်။ အမှောင်ထုက သိပ်သည်းလာသည်။ မိချောရေခက်သွက်သွက်ကွယ် ဟီးဟီး မိချောသည် ရုတ်တရက် ဒေါသတကြီး ဟီလိုက်လေသည်။ ဖဲဖောင်ပြင် သုသာန်ကို ဖြတ်ကာ တိုက်ခတ်လာသော လေထုတွင် ညှီစို့၊ ပုပ်အက်အက် အနံ့ ပါလာသည်။ ကျွန်တော်နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။ မိချောသည် စိတ်ဆိုး မာန်ဆိုးဖြင့် ဦးခေါင်းကို တယမ်းယမ်း ခါနေသည်။ သုသာန် ပတ်ဝန်းကျင်ရှိ တဲစုစုကလေးတွေဆီမှ ရေနံဆီခွက် ဝါကျင့်ကျင့်ကလေးတွေ ဟိုတစု ဒီတစု မြင်နေရပေသည်။ တချက်တချက် ကလေးငိုသံကြားရသည်။ လေထုထဲတွင် အော်ဂလီဆန်ဖွယ် အနံ့က ...
ဗျ၊ အရင်ကတော့ ဒီနေရာမှာ ရွာတွေဘာတွေမရှိဘူးဗျ၊ နောက်တော့ လှည်းလမ်းနှစ်ခွကွဲသွားတဲ့အလယ်နားမှာ မုန့်ဖိုကလေးဖွင့်၊ ဈေးတွေရောင်းရာကနေ တဖြည်းဖြည်းစည်ကားပြီးတော့ ရွာကလေးလိုဖြစ်သွားတာပဲဗျာ။ လှည်းလမ်းနှစ်ခုကလည်း နှယ်နှယ်ရရမဟုတ်ဘူးဗျ။ အရှေ့ဘက်သွားတဲ့ လှည်းလမ်းကြီးကိုတော့ နိဗ္ဓာန်လမ်းလို့ ခေါ်ကြသဗျ၊ အဲဒီကနေဆက်သွားရင် နိဗ္ဗာန်တိုက်နယ်ကိုရောက်တယ်၊ အဲဒီမှာလည်း ရွာဆယ်ရွာလောက်ရှိတယ်ဆိုတော့ ဒီလမ်းကြီးက အဲဒီရွာတွေကိုသွားတဲ့ အဓိကလမ်းမကြီးပေါ့ဗျာ။ တစ်ဖက်က လမ်းကျတော့ ပေတောရွာနဲ့ ကားလမ်းမရှိတဲ့ တာဆုံနဲ့ကို ချိတ်ထားတဲ့လှည်းလမ်းပေါ့ဗျာ၊ အဲဒီလမ်းကတော့ မြို့ကိုသွားမယ့်သူတွေ၊ မြို့ကနေပြန်လာတဲ့သူတွေနဲ့ စည်ကားတဲ့လမ်းပေါ့၊ ကျုပ်တို့ရွာကနေ ကားစီးချင်ရင်တော့ တန်းမြင့်ရွာကနေသွားစောင့်စီးကြပေမယ့် ပေတောရွာဘက်က လူတွေကတော့ အဲဒီလှည်းလမ်းကြီးကနေတဆင့် တာဆုံကြီးဆီထွက်ပြီး ...
ရွာနဲ့အတော့်ကို ဝေးတဲ့ရွာကြီးပါဗျာ။ ဟုတ်တယ် ” ငါ့တူကြီး ဦးကြီးက အဲ့ရွာသူကြီးပဲကွဲ့ အော် ‘ ဟုတ်ကဲ့ပါ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကျမှ ဦးကြီးတို့ရွာမှာ ပါးစပ်သရမ်းတဲ့ အရက်သမား တိုးကြီးတို့မွှေလို့ ပြသနာမီးကြီး စလောင်တာပေါ့ကွယ် ဦးဖြိုးမောင်ရဲ့ စကားကြားကြားချင်း ကျုပ်လဲ” အတော်ကို သိချင်သွားလို့ ဦးကြီးတို့ရွာမှာ ‘ ဘာပြဿနာဖြစ်လို့လဲဗျလို့ သိချင်ဇောဖြင့် မေးလိုက်တော့။ ဦးဖြိုးမောင်က’ သက်ပြင်းတစ်ချက် ရှိုက်ငင်၍ ” ချလိုက်လေပြီး ဒီလိုကွဲ့’ငါ့တူ မောင်သိန်းရဲ့ ဖြစ်ပုံက” ဦးကြီးတို့ ရွာက ဓလေ့က သင်္ချိုင်းမှာ ...
ပြောဆိုနေကြတာပဲ ဆရာကြီး” “ဟင်း ဆရာကြီးလိုက်ခဲ့ပေးမယ် ဘာမှစိုးရိမ်မနေကြနဲ့ ငါ့တူတို့ထင်သလိုတော့ ဖြစ်နိုင်မယ်မထင်ဘူး ဆရာကြီးစိတ်ထင် အမှားတစ်ခုခုရှိနေသလိုပဲ” “ရွာမှာငါးယောက်မြောက်သေပြီးတဲ့နေ့ ဘုန်းတော်ကြီးတွေ ပင့်ပြီးပရိတ်ရွတ် တရားနာကြသေးတယ် အားလုံးကအန္တရာယ်ဆိုးကြီးကနေလွတ်မြောက် ကြပြီထင်ကြတယ်” “ဒါပေမယ့်ပရိတ်ရွတ်ပြီးနောက်နေ့ ဆတ်တိုက်သေတာပဲ အဲဒါနဲ့ ဆင်ကူးရွာက စုန်း တစ္ဆေ အောက်လမ်း ကဝေနိုင်တယ်ဆိုတဲ့ ဆရာမှက်ကိုပင့်ပြီး အစီရင်တွေလုပ်ခိုင်းကြသေးတယ်” “သူလုပ်နေတဲ့ အချိန်မှာပဲ တစ်ယောက်သေသွားတယ် နောက်နေ့လည်းတစ်ယောက်သေတယ် တစ်နေ့တစ်ယောက်ပုံမှန်သေနေကြတယ် ဘာရောဂါမှလည်းမဖြစ်ဘူး” “အခုဆိုရွာသားတွေအားလုံးမနက်ဖြန်ဘယ်သူ သေမလည်း သူလားကိုယ်လားဆိုပြီး အကြောက်လွန်နေကြပြီဆရာကြီး” “ကျွန်တော်တို့ ရွာသားတစ်ယောက် ဒီရွာသား ကိုကြွက်နီ နဲ့ဆုံမိပြီး ...
နည်းတယ်ဆိုပြီး ကဲ့ရဲ့ကြတာပေါ့ကွာ” “သြော်၊ ကျုပ်သဘောပေါက်ပါပြီဆရာကြီး” “ချိုတူး မင်းကအဆိုကောင်းဆိုတော့ တို့အဖွဲ့မှာ နောက်ထလုပ်စမ်းကွာ” “ဗျာ၊ နောက်ထဆိုတော့ အနောက်မှာ မတ်တပ်ရပ်နေရတဲ့လူလား” “ဒါပေါ့ကွ၊ မင်းဆိုင်းတွေကြည့်ဖူးတယ်မဟုတ်လား၊ နောက်ထက ကောင်းသုံးချက်ညီရတယ်တဲ့ကွ၊ အဆိုကောင်းရတယ်၊ အပြောကောင်းရတယ်၊ အသောကောင်းရတယ်ကွ၊ တို့ဆိုင်းမှာ နောက်ထတွေရှိတယ်၊ ဒါပေမယ့် ခုရွာမှာ နောက်ထတစ်ယောက်ပဲကျန်တယ်ဆိုတော့ မင်းနဲ့နှစ်ယောက်ဆိုရင်တော့ အတိုင်အဖောက်ရတာပေါ့ကွာ” ဒီအချိန်မှာပဲ ခြံဝိုင်းရှေ့မှာ အော်သံကြားတယ်ဗျ။ “ဗျို့ ဆိုင်းဆရာကြီး၊ ဆိုင်းဆရာကြီး ရှိပါသလား” အသက်ကြီးကြီး လူကြီးသုံးယောက်ဗျ၊ လွယ်အိတ်ကြီးတွေလွယ်၊ ခေါင်းပေါင်းကြီးတွေပေါင်းလို့ဗျ၊ ဒါနဲ့ ဦးလူလှက ပြန်ပြီးအသံပြုတယ်။ ...
ဝင်ရောက်ကြီးစိုးလာလေသည်။ ထို့နောက် အောင်ခင်သည် အခေါင်းအားမြေချခဲ့သည့်နေရာအား အသေအချာ မှတ်သားကာ ထိုနေရာမှ လှည့်ထွက်လာခဲ့လေ၏။ ညနေစောင်းအချိန်သို့ရောက်သောအခါ အောင်ခင်ကသူ၏ဒုတိယကျေးဇူးရှင်ဖြစ်သော ပစ္စည်းအဟောင်းဝယ်သည့် ကုလားဆီသို့ အပြေးနှင်တော့လေသည်။ ထို့နောက် သူ၏တစ်နေကုန် ရှာပုံတော်ထွက်၍ ရလာသည့် ဗူးခွံ၊ ပုလင်းခွံနှင့် သံ၊ သတ္ထုအချို့အား ထုခွဲရောင်းချတော့သည်။ ထိုမှရလာသည့် ငွေကြေးပမာဏက သူ့အတွက်မတန်သော်လည်း မည်သို့မျှမတတ်နိုင်ပေ။ အောင်ခင်သည်သူ၏တစ်နေ့တာလုပ်အားဖြင့်ရလာသည့် ပိုက်ဆံငါးရာတန်အစုတ်ကလေးအား လက်ထဲ၌ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သူ၏ နေထိုင်ရာ ရပ်ကွက်အစွန်သို့ လျှောက်လှမ်းလာလေသည်။ တစ်နေရာရောက်တော့ အကြော်ဆိုင်တစ်ဆိုင်အား တွေ့သွားသဖြင့် စားချင်စိတ်ကို မျိုမချနိုင်ပဲ ဘူးသီးကြော်ကိုသာဝါးမျိုချရန်အတွက် ...