အီအီဖြင့်လူကြားထဲသို့
အတင်းတိုးဝင်နေကြလေသည်။
“အူဝူဝူးဝူ”
“ဒီနေ့ညမှပဲရွာထဲကခွေးတွေ
တိုက်ထားတဲ့အတိုင်းပြိုင်တူအူနေကြ
ပါလား။
“မကောင်းဆိုးဝါးမြင်လို့အူတာ
နေမှာပေါ့ သမီးရယ်၊ခွေးဆိုတာက
လူတွေမမြင်ရတာကိုမြင်နိုင်စွမ်း
ရှိကြတယ်လေ သမီးရဲ့”
“အင်း…အမေပြောသလိုဆိုရင်
ရွာထဲမှာမကောင်းဆိုးဝါးရှိနေလို့
ခွေးတွေအူနေတာပေါ့နော်။
“အေးပေါ့ သမီးရဲ့မကောင်းဆိုးဝါးဆိုတာ
နေရာတိုင်းမှာရှိတတ်ကြတာပဲလေ”
“အမယ်လေးတွေးရင်းနဲ့
ကြက်သီးတွေတောင်ထလာပြီအမေရေ
“ဘာမှကြောက်စရာမလိုပါဘူး
သမီးရယ်၊ဘုရားစာလေးပဲရွတ်နေပေါ့။
ရွာထဲ၌ရှိသောလူများလည်း
ထူးဆန်းလှသည့်ခွေးအူသံများကြောင့်
ကြက်သီးတဖြန်းဖြန်းထနေကြလေ
သည်။
=================
နံနက်လင်းသည်နှင့်ရွာထဲ၌
သတင်းတစ်ခုအားထူးဆန်းစွာ
ကြားလိုက်ရပေသည်။
“မြင့်ရီသားလေးဆုံးလို့တဲ့”
“ဟယ်…ဟို၄နှစ်သားလေး
ငမောင်လား”
“အေးလေဟယ် မြင့်ရီလည်း
အရူးမီးဝိုင်းသလိုခံစားနေရရှာတာအေ့”
“ဘယ်လိုဖြစ်ပြီးဆုံးတာလဲအေ့
မနေ့ကတောင်ကလေးကအကောင်း
ကြီးရှိသေးတာကို။
“မနေ့ညက ၁၀နာရီထိုးလောက်
မြင့်ရီကသူ့သားငမောင်အပေါ့သွားချင်
တယ်ဆိုလို့အိမ်သာကိုလိုက်ပို့တုန်း
ကလေးကခြံအနောက်ဘက်ကို
လက်ညှိုးထိုးပြီး သရဲကြီးသရဲကြီးလို့
အော်ပြီးသတိလစ်သွားတာတဲ့။
အဲဒီနောက်မြင့်ရီလည်းသူ့ကလေးကို
အိမ်ပေါ်ခေါ်ပြီး တတ်သလောက်မှတ်သလောက်လုပ်ပေးတာဆိုပဲ၊ဒါပေမယ့် ကလေးကသတိပြန်လည်မလာတော့ပဲ
သန်းခေါင်ကျော်တော့အသက်ပါပါသွား
တာတဲ့အေ”
“သနားလိုက်တာရှင်
မြင့်ရီလည်းဘယ်လောက်ခံစားလိုက်ရ
မလဲမသိဘူးနော်။
“ခံစားရတာတော့ပြောမနေပါနဲ့အေ
မြင့်ရီခင်မျာတစ်ခါတစ်ခါအသိစိတ်
တောင်လွတ်သွားတယ်တဲ့အေ။
ဝမ်းနဲ့လွယ်ပြီးမွေးထားရတာဆိုတော့
မခံစားပဲနေပါ့မလားအေ။
“အင်း…စိတ်မကောင်းလိုက်တာရှင်”
မမြင့်ရီ၏သားငမောင်တစ်ယောက်
ရုတ်တရက်ကောက်ကာငင်ကာ
ဆုံးပါးသွားသည့်အတွက်တစ်ရွာလုံး
ပြောမဆိုးနိုင်အောင်ဖြစ်နေကြလေ
သည်။
ရွာထဲရှိသောတချို့ လူကြီးများကငမောင်သေဆုံးရသည်မှာ
ခွေးအူသံများနှင့်ပတ်သက်နေပြီး
သွေးရိုးသားရိုးသေခြင်းမဟုတ်နိုင်ဟု
ပြောဆိုကြလေသည်။
ငမောင်အလောင်းအားညနေ
ရောက်သည်နှင့်ရွာပြင်သုသာန်၌
မြေမြှုပ်သင်္ဂြိုလ်လိုက်ကြသည်။
ငမောင်ဆုံးပါးပြီးတစ်ပတ်ပြည့်တော့
ရက်လည်ဆွမ်းတရားနာပြုလုပ်
ခဲ့သည်။
တဖြည်းဖြည်းနှင့်ငမောင်သေသည့်
အကြောင်းအားမပြောကြတော့ပဲ
မေ့မေ့လျော့လျော့ဖြစ်သွားကြလေသည်
ငမောင်၏မိခင်မမြင့်ရီလည်း
စိတ်ရောလူပါလဲကျမသွားအောင်
မနည်းပင်ကုစားလိုက်ရလေသည်။
==================
ငမောင်ဆုံးပြီး၁၄ရက်ပြည့်သည့်
ညတွင်တစ်ရွာလုံးတွင်ရှိသော
ခွေးများဆွဲဆွဲငင်ငင်အူကြလေသည်။
“အူဝူးဝူးဝူ”
“ဝေါ”
“အအအအအအအ”
“ဖူး ဖူး”
ခွေးအူသံများနောက်၌ကပ်ပါလာသော
အသံမှာကျီးများလန့်ကာပြိုသည့်
အသံများဖြစ်သည်။
မရှေးမနှောင်းအချိန်မှာပင်နွားများသည်
နှာများတဖူးဖူးမှုတ်ကာတစ်ခုခုကို
ကြောက်ရွံ့ထိတ်လန့်နေကြလေသည်။
“ဟာ…လုပ်ပြန်ပြီဟေ့
ခွေးတွေရော၊နွားတွေရော၊ကျီးတွေပါ
ဆူညံပွက်လောရိုက်နေပါလား။
ဘာတွေဖြစ်ပြန်ပြီလဲမသိဘူးဟေ့”
ဒေါ်ဝတုတ်တစ်ယောက်
ဆူညံပွက်လောရိုက်နေသည့်
အသံများအားကြားပြီးပြောနေခြင်း
ဖြစ်သည်။
================
“မေမေ သမီးကြောက်တယ်
သမီးကြောက်တယ် ”
“ဘာဖြစ်လို့လဲသမီးရဲ့ဘာမြင်လို့လဲ”
“ဟိုမှာဟိုမှာ သမီးကိုအိမ်အပြင်ကနေ
သရဲတွေအများကြီးကကြည့်နေတယ်။
“ဘယ်မှာလဲ သမီးရဲ့မရှိပါဘူး”
“မိန်းမဘာဖြစ်နေတာလဲ ကလေးက”
“မသိပါဘူးတော်
အိမ်အပြင်ကိုကြည့်ပြီးသရဲတွေလို့
ပြောနေတာပဲ။
ကျွန်မလည်းသူပြောတဲ့သရဲတွေ
မမြင်ပါဘူး”
“သမီးဖေဖေရှိတယ်နော်
ဘာမှမကြောက်နဲ့သိလား
ဘာသရဲမှမရှိဘူးနော်ဟုတ်ပြီလား။
“ဟင့်အင်း ဟင့်အင်း
ရှိတယ်ရှိတယ် သမီးကိုမျက်လုံးပြူးကြီး
တွေနဲ့ကြည့်နေကြတယ်။
သမီးကြောက်တယ် သမီးကိုသရဲကြီးတွေကခေါ်နေကြတယ်
“သမီး သမီးလေး အမေရှိတယ်လေ
လုပ် လုပ်လုပ်ပါဦး သမီးလေး
သတိလစ်နေပြီ။
“သမီး သမီးလေး”
“ငယ်ထိပ်ကိုမှုတ်လိုက် မှုတ်လိုက်”
“မရဘူးကြ
ဒုက္ခပါပဲကွာ သမီးလေး သမီး”
“အသက်မရှူတော့ဘူး သမီးလေး
အသက်မရှူတော့ဘူးယောက်ျား။
“မဖြစ်ရဘူး မဖြစ်ရဘူး
သမီးလေးသမီးလေး သမီး
အားဟားဟား”
“အီးဟီးဟီး သမီးလေးရယ်”
လင်မယားနှစ်ယောက်သမီးလေးကို
ဖက်ကာအော်ဟစ်ငိုကြွေးနေတော့
သည်။
==================
“နောက်ထပ်ကလေးတစ်ယောက်
ဆုံးပြန်ပြီဗျာ။
“ဟင်…ဘယ်ကလေးလဲဗျ”
“မခင်စိန်နဲ့ကိုတင်မောင်တို့ရဲ့
သမီးလေးဗျ။
“ဟေဘယ်လိုဖြစ်ပြီးဆုံးတာလဲကွ”
“မနေ့ညက သားအဖသုံးယောက်
အိမ်ထဲမှာရှိနေတုန်း ကလေးက
သရဲတွေအများကြီးသမီးကိုကြည့်နေ
ကြတယ်လို့ပြောပြီးသတိလစ်သွားတာ
မကြာပါဘူးကလေးကအသက်ပါပါသွားတာတဲ့။
“ဖြစ်မှဖြစ်ရလေဗျာ”
ရွာထဲ၌ရှိသောလူများလည်း
ကိုတင်မောင်နဲ့မခင်စိန်၏သမီးလေး
သေဆုံးခြင်းအားစိတ်မကောင်း
ဖြစ်နေကြလေသည်။
ကလေးသေဆုံးသွားသည့်
အကြောင်းအားတစ်ရွာလုံးပြောမဆုံး
နိုင်အောင်ဖြစ်နေကြလေသည်။
================
“သောက်စမ်းပါ မြင့်နိုင်ရာ
ငါ့လက်ထဲငွေလေးရှိတုန်း
မင်းကိုတိုက်နိုင်တာကွ ချကွာ
တစ်ပုလင်းကုန်ရင်နောက်ထပ်
တစ်ပုလင်းထပ်မှာပေးမယ်”
“အိုကေဗျာ မြင့်နိုင်တို့ကတော့
အလကားတိုက်သူရှိလို့ကတော့
ဖင်ထောင်ပြီးကိုသောက်ဦးမှာဗျား။
“သောက် သောက် ဖင်ထောင်ပြီး
သောက်ရုံမကလို့ ဂျွမ်းပစ်ပြီးသောက်
ကြိုက်သလိုသောက်။
အရက်ဆိုင်ထဲ၌ ကိုမြင့်နိုင်တစ်ယောက်
ကိုဖိုးသားတိုက်သည့်အရက်များအား
တစ်ခွက်ပြီးတစ်ခွက်ဆက်တိုက်
သောက်သုံးနေလေသည်။
တစ်ပုလင်းကုန်သွားသည်နှင့်
နောက်တစ်ပုလင်းထပ်မှာပြီး
သောက်ကြလေသည်။
တဖြည်းဖြည်းနှင့်စားပွဲဝိုင်းပေါ်၌
အရက်ပုလင်း၈ပုလင်းထိပင်ရှိလာ
လေသည်။
ကိုမြင့်နိုင်လည်းထပ်မသောက်နိုင်
တော့သဖြင့်ကိုဖိုးသားကိုနှုတ်ဆက်ကာ
အိမ်သို့ပြန်လာခဲ့လေသည်။
အိမ်ပြန်သည့်အချိန်က ညနေစောင်း
နွားရိုင်းသွင်းသည့်အချိန်ဖြစ်သည်။
ကိုမြင့်နိုင်လည်းခြေလှမ်းဒယိမ်းဒယိုင်
ဖြင့်လှမ်းကာပြန်လာခဲ့လေသည်။
“အူ ဝူး ဝူ ဝူး”
“ဟ…ငါရွာထဲပြန်လာတာနဲ့
ငါ့ကိုကြိုဆိုရေးတွေနဲ့ကြိုနေကြပါလား
ဟားဟား အူကြ အူကြ
မင်းတို့အူမှငါလည်းဒူရ ဂေ့ ”
“ဟင်…ဘာကောင်တွေလဲဟ
မည်းမည်းကြီးတွေ ငါ့နောက်မှာရော
ငါ့ရှေ့မှာပါဝိုင်းလို့ပါလားဟ။
“ဘာလဲ မင်းတို့က သူခိုးတွေလား
ဓားပြတွေလား၊ငါ့မှာတော့ပေးစရာဘာမှမရှိဘူး
ပေးစရာဆိုလို့ငါ့ခန္ဓာကိုယ်ပဲရှိတယ်။
ကိုမြင့်နိုင်လည်းမူးမူးရူးရူးဖြင့်
ပေါက်ပန်းလေးဆယ်ပြောလိုက်လေ
သည်။
ထိုစဉ်အရိပ်မည်းကြီးတစ်ခုကကိုမြင့်နိုင်
ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပူးကပ်သွား
တော့သည်။
ကိုမြင့်နိုင်လည်းအိမ်ထဲသို့ဝင်လာခဲ့သည်
“ဝုတ် ဝုတ် ဝုတ်ဝုတ်”
“ဟဲ့ဘိုနီ ကိုယ့်သခင်ကိုမမှတ်မိဘူးလား
သွားစမ်းတစ်နေရာရာမှာသွားဝပ်နေစမ်း
တော်ကြာဟိုကမူးမူးရူးရူးနဲ့ရိုက်လိုက်
မှဖြင့်။
ကိုမြင့်နိုင်၏ဇနီးကအိမ်၌မွေးထားသော
ဘိုနီအားထွက်သွားရန်မောင်းထုတ်
လိုက်သည်.
“ကိုမြင့်နိုင်ရယ် အရက်တွေကိုဘာလို့
အများကြီးသောက်လာတာလဲ။
“ငါသောက်ချင်လို့သောက်တာ
နင်ဘာလျာရှည်နေတာလဲ။
“ကျုပ်ကတော်မြန်မြန်သေမှာစိုးလို့
ပြောနေတာရှင့်”
“မပြောနဲ့ကွာ နားငြီးတယ်”
“ပြောရမယ် ပြောရမယ်
ရှင်နေ့တိုင်းလူမှန်းသူမှန်းမသိ
မူးရူးနေတာကျုပ်ရှက်တယ်တော့်။
“ဟာ…ဒီမိန်းမနားငြီးတာကွာ”
“ဖြန်း”
“အမယ်လေး”
“အဖေ အဖေ အမေ့ကိုမရိုက်ပါနဲ့
သမီးတောင်းပန်ပါတယ်”
သမီးဖြစ်သူကဖခင်အားဒူးဖက်၍
တောင်းပန်ရှာသည်။
“ဖယ်စမ်း နင့်အမေကိုငါသတ်မယ်”
“မလုပ်ပါနဲ့အဖေရယ်
သမီးရှိကြီးခိုးပါတယ် မလုပ်ပါနဲ့”
“ဟာ…ဒီကလေးနဲ့တော့”
“ကဲကြာ…”
“ဝုန်း”
“သမီးလေး”
ဖခင်ဖြစ်သူကိုမြင့်နိုင်က
သမီးဖြစ်သူအားခြေထောက်ဖြင့်
ဆောင့်ကန်လိုက်ရာ သမီးဖြစ်သူလည်း
အိမ်အောက်သို့ဒလိမ့်ခေါက်ကွေး
ပြုတ်ကျသွားလေသည်။
“ဟင်…သမီးလေး”
ကိုမြင့်နိုင်လည်းပုံမှန်အသိစိတ်
ပြန်ဝင်လာကာ သမီးဖြစ်သူအနားသို့
အပြေးအလွှားရောက်လာသည်။
“သမီးလေး သမီး”
“ခေါင်းမှာလည်းသွေးတွေနဲ့ပါလား
သမီးကိုခေါ်လို့မရတော့ဘူး ကိုမြင့်နိုင်
အဲဒါရှင့်ကြောင့် ရှင်အရက်ကိုလူမှန်းသူမှန်းမသိအောင်
သောက်ပြီးပြန်လာလို့ သမီးလေးအခုလို
ဖြစ်ရတာ…”
“သမီး သမီးအဖေခေါ်နေတယ်လေ
သမီးလေး ဖြစ်မှဖြစ်ရလေကွာ”
“အခုမှငိုပြနေလည်း သမီးလေးက
အသက်ပြန်ရှင်မလာတော့ဘူး၊သမီး
သေရတာရှင့်ကြောင့် ရှင့်ကြောင့်”
“မဟုတ်ဘူး သမီးလေးကိုသတ်တာ
ငါမဟုတ်ဘူး ငါမဟုတ်ဘူး၊ငါ့မှာ
လူစိတ်အပြည့်ရှိတယ် ငါချစ်တဲ့ငါ့သမီးလေးကို သတ်ရလောက်အောင် ငါမရူးသေးဘူး။
ငါစောနက ဖြစ်ခဲ့တာတွေ ငါဘာမှမမှတ်မိဘူး ငါဘာမှမသိဘူး
ငါ့ကိုတော့မစွပ်စွဲပါနဲ့ မိန်းမရယ်
သမီးလေးကိုငါမသတ်ဘူး။
“အီးဟီးဟီး”
ကိုမြင့်နိုင်တို့လင်မယားနှစ်ယောက်
သမီးဖြစ်သူအလောင်းအားပွေ့ဖက်
ကာငိုကြွေးနေကြလေသည်။
ကလေးမလေး၏ဝိညာဉ်အား
စားသုံးလိုက်ရသောမကောင်းဆိုးဝါး
တို့သည်လည်းကိုမြင့်နိုင်အနီးမှ
ထွက်ခွာသွားသည်ကိုမည်သူမှ
မမြင်ကြရပေ။
==================
“ရွာထဲမှာနောက်ထပ်ကလေး
တစ်ယောက်ဆုံးပြန်ပြီအေ”
“ဟဲ့…ဘယ်သူ့ကလေးဆုံးလို့တုန်း”
“အရက်သမားမြင့်နိုင်ရဲ့သမီးလေးလေ”
“ဟောတော့် ဘယ်လိုဖြစ်ရတာလဲအေ”
“ဘယ်လိုဖြစ်သလဲဆိုတော့
မနေ့ကညနေမိုးချုပ်ချုပ် မြင့်နိုင်က
အရက်တွေမူးပြီးပြန်လာတာတဲ့အေ့
အိမ်လည်းရောက်ရော သူ့မိန်းမနဲ့
စကားများကြတယ်တဲ့။
မြင့်နိုင်ကသူ့မိန်းမကိုလက်ပါပြီး
ရိုက်နှက်တော့ ကလေးမလေးက
သူ့အမေကိုမရိုက်ဖို့ ဝင်ပြီးတောင်းပန်တဲ့အချိန် မြင့်နိုင်က
သူ့သမီးကိုဒေါသတကြီးနဲ့ဆောင့်ကန်ချလိုက်တာ၊ကလေးမလေးလည်း
ယောက်ျားအားနဲ့အကန်ခံလိုက်ရတော့
အိမ်ပေါ်ကနေလွင့်စင်ကျပြီး
အုတ်ခုံနဲ့နောက်စေ့နဲ့ရိုက်မိပြီး
ပွဲချင်းပြီးဆုံးသွားတာတဲ့လေ”
“ဘုရားဘုရားဖြစ်မှဖြစ်ရလေဟယ်
မအေကြီးတော့ဘယ်လောက်ရင်ကျိုး
နေမလဲမသိဘူးအေ။
“မအေတင်မဟုတ်ဘူးဟေ့
မြင့်နိုင်လည်းသူ့သမီးဆုံးတော့အရူး
တစ်ပိုင်းကိုဖြစ်လို့။
“အံမယ် သူကသတ်ပြီးတော့
အခုမှငိုပွဲချနေတယ်ပေါ့လေ”
“အဲလိုလည်းမဟုတ်လောက်ဘူးအေ့
မြင့်နိုင်ကသူ့သမီးကိုသိပ်ချစ်တာ
တစ်ရွာလုံးလည်းသိနေတာပဲ။
သူ့သမီးကိုသတ်ဖို့နေနေသာသာ
လက်ဖျားနဲ့တောင်ရိုက်တာမဟုတ်ဘူး
ပြီးတော့မြင့်နိုင်ကပြောသေးတယ်
သူအိမ်ပြန်လာတုန်းကလမ်းမှာ
အရိပ်မည်းမည်းကြီးတွေကိုမြင်ခဲ့ရတယ်တဲ့။
အရိပ်မည်းကြီးကသူ့ကိုဝင်ပူးလိုက်တာဆိုပဲ၊အဲဒီနောက်ပိုင်းသူဘာမှမသိတော့ဘူးတဲ့
သူ့သမီးကိုသတ်မိမှအသိစိတ်ပြန်ဝင်လာ
တာတဲ့လေ။
“ဒါကလည်း သူအမှုပေါ့အောင်
လျှောက်ပြောတာဖြစ်ချင်ဖြစ်မှာပေါ့
အမူးသမားစကားဆိုတော့
ယုံရတာမှတ်လို့။
“ဒါတော့ဒါပေါ့ဟာ
ဒါပေမယ့်အခုငါတို့ရွာမှာ
ဆယ်ရက်တစ်ခါလောက်ကလေးတွေအကြောင်းမဲ့သေနေလို့ရွာလူကြီးလည်းရွာဦးကျောင်းဆရာတော်က
ိုလျောက်ထားပြီးအကူအညီတောင်း
မလို့ဆိုပဲ။
“ကောင်းတာပေါ့ဟာ
ဆရာတော်ကသီလဂုဏ်၊သမာဓိဂုဏ်နဲ့
ပြည့်စုံတဲ့သူဆိုတော့ဆရာတော်
ကူညီရင်ဒီဒုက္ခတွေကင်းဝေးမယ်လို့
ငါတော့ယုံကြည်တယ်ဟာ…”
“ငါလည်းတို့ရွာကြီးအရင်လို
အေးအေးချမ်းချမ်းပြန်ဖြစ်စေချင်ပါပြီ
ကြားရတဲ့သတင်းတွေက
စိတ်မချမ်းမြေ့စရာချည်းပဲ။
“ဟုတ်ပါ့အေ…”
ရွာထဲမှလူများလည်းဆယ်ရက်
တစ်ခါကလေးတစ်ယောက်ခန့်
သေဆုံးနေသည့်အတွက်စိုးရိမ်ပူပန်
နေကြရလေသည်။
“ဒကာကြီးတောင်ကျောင်းမရောက်တာ
ကြာပါပြီကော”
“မှန်ပါ့ဘုရား
တပည့်တော်လည်းအလုပ်တွေရှုပ်နေတာနဲ့အရှင်ဘုရားဆီမရောက်ဖြစ်တာပါ
ဘုရား။
အခုတော့ရွာမှာခိုက်နေလို့
အရှင်ဘုရားဆီပြေးလာခဲ့ရတာပါဘုရား။
“ဘာတွေဖြစ်နေလို့လဲကွဲ့”
“တင်ပါ့ဘုရား အခုတလောရွာထဲမှာ
ဆယ်ရက်ခြားတစ်ခါ ကလေးတစ်ယောက် သေဆုံးနေကြပါတယ်ဘုရား။
သေဆုံးသွားတဲ့ကလေးတွေရဲ့
သေခြင်းဟာလည်းပုံမှန်မဟုတ်ဘူး
ဘုရား၊ပထမဆုံးပါးသွားတဲ့ကလေးနဲ့
ဒုတိယမြောက်ဆုံးပါးသွားတဲ့ကလေးဟာသေတဲ့ပုံစံခြင်းအတူတူပါပဲဘုရား
ကလေးနှစ်ယောက်လုံးက သရဲတွေသရဲတွေလို့အော်ပြီး အသက်ပါသွားကြတယ်ဘုရား။
နောက်ဆုံးတစ်ယောက်ကတော့
အရက်သမားမြင့်နိုင်ရဲ့သမီးလေးပါ
ဘုရား…”
“ဒကာမြင့်နိုင်ရဲ့သမီးလေး
ဆုံးပါးသွားတဲ့အကြောင်းကိုဆရာတော်
ကြားသိရပါတယ်။
ဒကာမြင့်နိုင်ကိုရဲတွေဖမ်းသွားတာလည်း
သိပါတယ်၊မကောင်းတဲ့အရာတွေက
ဝင်ရောက်ပူးကပ်ပြီးကိုယ့်သမီးကို
ပြန်သတ်လိုက်တယ်ဆိုပဲ၊ဒါဟာကလေး
တွေကိုပဲပစ်မှတ်ထားပြီး တိုက်ခိုက်တတ်တဲ့ မြေဖုတ်ဘီလူးတွေလို့
ဆရာတော်မြင်မိတယ်၊မြေဖုတ်ဘီလူးဆိုတာမျိုးက
သေသွားတဲ့ကလေးငယ်ရဲ့ခန္ဓာကိုယ်မှာ
ပူးကပ်ပြီးတခြားကလေးတွေကို
လိုက်သတ်တယ်၊သေတော့မှသူတို့စား
ကြတယ်ကွဲ့။
လူတိုင်းကိုတော့သေအောင်လုပ်လို့
မရဘူး၊အစောင့်အရှောက်ကောင်းတဲ့
ကလေးတွေ၊ဘုန်းကံကြီးတဲ့ကလေးတွေ
အကာအကွယ်လုပ်ထားတဲ့ကလေးတွေဆိုရင်သူတို့လုပ်လို့မရဘူး။
သူတို့လက်နဲ့ကလေးတွေကိုသတ်လို့
မရရင်အမူးသမားဆေးသမားတွေကို
သတ်အောင်သူတို့ကစေ့ဆော်ပေးကြ
တယ် ဒကာကြီး”
“တင်ပါ့ဘုရား
ဒါဆိုတပည့်တော်ရွာကိုအရင်လို
သန့်စေဖို့အရှင်ဘုရားကူညီစောင်
မပေးပါအုံးဘုရား”
“ကောင်းပြီဒကာကြီး
ပထမဦးဆုံးသေသွားတဲ့အလောင်းကို
ပြန်ဖော်ကြည့်လိုက်ပါ။
အကယ်၍ကလေးအလောင်းဟာ
ပုပ်ပွမနေပဲအကောင်းပကတိရှိနေရင်
မြန်မြန်မီးရှို့လိုက်ပါ။
နောက်ပြီးကလေးမှန်သမျှကို
တမာသားနဲ့ကြေးစည်ပုံစံထွင်းထုပြီး
လည်ပင်းမှာဆွဲထားပေးဖို့လိုလိမ့်မယ်။
“တင်ပါ့ဘုရား တပည့်တော်ဦးဆောင်ပြီး
လုပ်ဆောင်လိုက်ပါ့မယ် ဘုရား။
“ကောင်းပြီဒကာကြီး”
ရွာလူကြီးလည်းအိမ်ပြန်ရောက်သည်နှင့်
ကာလသားများအားသင်္ချိုင်းသို့
ခေါ်လာပြီး ပထမဆုံးသေဆုံးသွားသည့်
ကလေးငယ်၏အလောင်းအားတူးဖော်
စေသည်။
ကလေးငယ်၏အလောင်းမှာ
ထူးထူးခြားခြားဆိုသလိုမပုပ်မသိုးပဲ
ရှိနေလေသည်။
သွေးကြောလေးများမှာအသက်ရှိနေ
သောလူတစ်ယောက်ကဲ့သို့ စိမ်းနေသည်။
ရွာလူကြီးလည်းကလေးငယ်၏
အလောင်းအားချက်ချင်းမီးရှို့ရန်
ပြောလိုက်လေသည်။
ကာလသားများလည်းကလေးငယ်၏
အလောင်းအားမီးရှို့လိုက်ကြသည်။
ရွာပြန်ရောက်သည်နှင့်တမာသားများအားကြေးစည်ပုံစံထွင်းထုကာ
ကလေးသူငယ်များ၏လည်ပင်း၌
ဆွဲထားစေသည်။
ရွာဦးကျောင်းဆရာတော်၏
ကူညီစောင်မမှုကြောင့် ရွာထဲဝင်ကာသောင်းကျန်းနေသော
မြေဘုတ်ဘီလူးများလည်းကလေးငယ်များ၏အနားသို့ကပ်၍မရသဖြင့် ရွာထဲမှထွက်သွားကြတော့သည်။
ပြီးပါပြီ။ ။
ဇာတ်လမ်းလေးအားကြိုက်နှစ်သက်
ပါကလက်မလေးတွေပေးသွားကြပါ။
အောင်ဓူဝံ
Leave a Reply