ကြသူများရှိသည်။ သူခိုးများမှာလူခြေတိတ်၊ သက်ကြီးခေါင်းချချိန်ခြံဝင်းအတွင်းဝင်၍ အသီးအနှံ ခိုးယူရန်ဝင်ရောက်လာချိန်တွင် ကိုင်သူကိုမမြင်ရသော တုတ်တစ်ချောင်းကလေပေါ်တွင်ဝဲလာပြီး သူခိုးများကို အဆက်မပြတ်လိုက်ရိုက်ပါတော့သည်။ သူခိုးများမှာ လူမမြင်ရပဲ တုတ်ဖြင့်အရိုက်ခံနေရသောကြောင့် ကြောက်လန့်နေသည့်အပြင် ။ တုတ်ဖြင့်အရိုက်ခံရသောကြောင့်နာကျင်လွန်းသော ကြောင့်အော်ဟစ်၍ပြေးကြရာတုတ်ကနောက်မှလိုက် ရိုက်နေသောကြောင့် ရွာအနီးရောက်ပြီး ရွာသားများ ရောက်လာမှတုတ်က ဥယျာဉ်ခြံဖက်သို့ ပြန်သွားတော့၏ ။ မူးနွယ်ရွာလူကြီးမှာ ညအချိန် အော်ဟစ်သံများ ကြားရလျှင်ထိတ်တုံးကိုအဆင်သင့်ပြင်ထားတော့၏ ။ ထိုအသံများကြားလျှင် ဒေါ်မြစိန်ခြံတွင်းဝင်ခိုးသောသူခိုးများအော်သံဖြစ် ကြောင်းသိနေပြီဖြစ်သည်။ ခိုးဝှက်တတ်သူများမှာနောက်ပိုင်းတွင်ဒေါ်မြစိန်ခြံအနား သို့ပင်ခြေလှမ်းမသီဝံ့ကြတော့ပေ။ သရက်သီးကင်းလေးများကျနေ၍ ဒေါ်မြစိန်ထံခွင့်ပြုချက်မတောင်းပဲကောက်ယူပြီးစား သောက်မိသူများမှာ စားပြီးမကြာမှီအချိန်မှာပင် ဗိုက်အောင့်သည်ဆိုကာ လူးလှိမ့်နေတတ်ကြ၏ ။ ...

ရွာဆိုတာ တွေ့ပါလိမ့်မယ်။ အဲဒီရွာက စုန်းဖြူတွေနေတာပါ။”   ထိုအခါ‌ စောသက ပုတီးကိုလက်မှာပတ်၍ ခွန်းသအနားကိုထိုင်လိုက်ပြီး ဇရပ်အပြင်ကပုဂ္ဂိုလ်ကို ဆက်မေးလေ၏။   “စုန်းဖြူဆိုတာဘာလဲဗျ။” “ဆရာတို့လည်း သိမှာပါ။ စုန်းပညာသည်တိုင်းက မကောင်းတာလုပ်ကြတာမဟုတ်ပါဘူး။ တရားထိုင်ပုတီးစိပ် လူတွေကိုအကျိုးပြုနေတဲ့ စုန်းတွေလည်းရှိပါတယ်။ အဲဒီလို စုန်းမျိုးကို သူတို့ပညာသည်လောကမှာတင်မကပဲ ကျုပ်တို့ကပါ စုန်းဖြူလို့တင်စားခေါ်ဝေါ်ပါတယ်။ ဆရာတို့ ရှေ့ဆက်သွားရင် တွေ့ရမဲ့ရွာက စုန်းဖြူတွေပဲ နေတဲ့ရွာပါ။ အဲဒီရွာက လူတွေကို ပြုစားလေ့မရှိပါဘူး.. အတတ်နိုင်ဆုံးသည်းခံခွင့်လွှတ်ပြီး ဘုရားတရားလုပ်ပါတယ်။ စုန်းပညာကိုမျိုးရိုးအရဆက်ခံထားတဲ့သူတွေပါ။ မလွှဲသာမရှောင်သာလို့ တစ်ဖက်သူက သူတို့အပေါ် အနိုင်ကျင့်စော်ကား ...

ထိုလင်မယား၌အသက်ဆယ့်ရှစ်နှစ်အရွယ် ချောမောသည့် မယ်စိန်ဆိုသည့် သမီးတစ်ယောက်ရှိပေသည်။ လင်မယား နှစ်ယောက်လုံးသည် တံငါသည်အလုပ်ကို လုပ်ကိုင်ကြပါသော်လည်း သမီးဖြစ်သူ မယ်စိန်လေးအား မည်သည့်အလုပ်မှမလုပ်ခိုင်းကြ။ အသက်ငါးဆယ်ကျော် မိအို၊ဖအိုများသည် မယ်စိန်လေးအား အသည်းတမျှ ချစ်မြတ်နိုးကြ၏။ မိအို၊ဖအိုများကဲ့သို့ မယ်စိန်လေးအား ချစ်မြတ်နိုး နေသူတစ်ယောက်လည်း ရှိပေသည်။ ထိုသူသည်က ခင်မောင်ဆွေဆိုသည့် အင်းသူကြီး တစ်ယောက်ဖြစ်၏။ ခင်မောင်ဆွေ၏ အသက်သည်လေးဆယ်ကျော်အရွယ်ဖြစ်ပြီး ဆယ့်ရှစ်နှစ်အရွယ် မယ်စိန်လေးအား အရှင်ရရ အသေရရလိုချင်သူတစ်ယောက် ဖြစ်သည်။ ထိုသို့ ခင်မောင်ဆွေက ချစ်ကြိုက်နေပါသော်လည်း မယ်စိန်ကမနှစ်မြို့ပေ။ “တော်ကြီးကို…ကျုပ်ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး….ဒါကြောင့် တော်ကြီး ကျုပ်ကိုထပ်ပြီးချစ်တယ်၊ကြိုက်တယ် ...

ရဖို့တော့ ခင်ဗျားကိုနောက်ချင်တဲ့ လူပြက်ဟာ စွမ်းဆောင်နိုင်ပါ့မလား” ဟု မေးလိုက်လေ၏။ ထိုအခါ ဦးဖူးညိုက… “နောက်ချင်တဲ့လူများအဖို့ နောက်စရာပစ္စည်း ရှာဖို့ခက်လှမယ် မထင်ပါဘူး” ဟု ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က ခန်းဆီး နံရံတွင် ချိတ်ဆွဲထားသော လူနှစ်ဦး၏ဓာတ်ပုံကို ကြည့်ကာ… “ဟိုပုံဟာ ဦးဖူးညိုတို့ညီအစ်ကို တွဲပြီး ရိုက်ထားတဲ့ပုံပဲ၊ ဒါပေမယ့် မူလက လူသုံးယောက်ရိုက်ထားတဲ့ပုံဗျ၊ တစ်ယောက်ရဲ့ပုံကိုတော့ ခင်ဗျားအနေနဲ့ မမြင်ချင် မတွေ့ချင်လို့ လှီးထုတ်ပြီး ပြန်ကူးထားတာ” ဟု ဆားပုလင်းနှင်းမောင်က ပြောလိုက်ရာ ဦးဖူးညိုက… “ပုလိပ်ထဲမှာတော့ ခင်ဗျားဟာ ...

ကိုမယူရဲတာနဲ့ ရေချောင်းထဲ သွားလွှင့်ပစ်လိုက်ရတယ်ပြောတယ်၊ အဲဒီနောက်ပိုင်းကတည်းက ရွာဦးကျောင်းက အခေါင်းကိုအလှူမခံတော့ဘူး၊ ဒါကြောင့် လူမြှုပ်ရင် တစ်ခါတည်း ခေါင်းကိုပါမြှုပ်လိုက်ကြတယ်။ ကိုဘရှင်ဆိုတာ ကျုပ်အဖေဘက်က တော်တဲ့အမျိုးဗျ၊ ကျုပ်တို့နဲ့ဆို အကိုသုံးဝမ်းကွဲလောက်တော်တယ်၊ အသက်က သုံးဆယ့်ငါးလောက်ရှိနေပြီ၊ ငယ်ငယ်က စစ်ထဲဝင်သွားပြီးတော့ နောက်တော့ စစ်ပြေးလို့ဆိုလား ထောင်ကျသွားတယ်၊ ထောင်ထဲကထွက်လာတော့လည်း အလေလိုက်နေပြီး နောက်ဆုံးကြံရာမရတော့မှ ရွာကိုပြန်လာခဲ့တာ၊ လူက ဂျလေဘီ၊ အသားကမည်းမည်း ပိန်ပိန်ပါးပါး သွားခေါခေါနဲ့ နှုတ်ခမ်းမွှေးကလည်း ကျိုးတို့ကျဲတဲနဲ့ဆိုတော့ ချုံပြောရရင် တော်တော်အရုပ်ဆိုးတဲ့သူပေါ့ဗျာ။ ဒါကြောင့်လည်း မိန်းမမရဘဲ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေခဲ့တာပေါ့။ ကိုဘရှင်ရွာကိုပြန်လာတဲ့ရက်ကဆိုရင် ...

ချွတ်ပေးချင်ပါတယ် လူ့ပြည့်ကိုခေတ္တသွားခွင့်ပြုပါလားမောင်တော်” “အို မောင်တော်စိတ်မချပါဘူး နှမတော်လေးရယ် မောင်တော်တို့သာသနာစောင့်ရှောက်သူတွေအဖို့လူ့ပြည့်လူ့ဘဝကိုခဏခဏသွားဖို့ရန်လည်းမသင့်ပါဘူးနှမတော်ရယ်” “မသိဘူးမောင်တော် နှမတော်အတိတ်ဘဝကဖခင်ရဲ့အစွဲအလမ်းတွေကိုချွတ်ပေးချင်တယ်။မောင်တော်ခွင့်ပြုပေးပါနော်…” မောင်တော်စည်သူနန္ဒ ခွင့်မပြုသည်မို့ နှမတော် စောရှင်သဒ္ဒါ မျက်နှာတော်ညှိုးငယ်နေသည်မှာရက်အတန်ကြာခဲ့လေပြီ။စည်သူနန္ဒနှင့် စောရှင်သဒ္ဒါတို့သည် စစ်ကိုင်းတိုင်း(-)ကျေးရွာတွင် တည်ထားကိုးကွယ်သည့် (-)စေတီတော်၏ဌာပနာများအားစောင့်ရှောက်နေရသည့် နင်္ဂါးသိုက်များဖြစ်သည်။စည်သူနန္ဒသည် နှမတော် စောရှင်သဒ္ဒါအား အလွန်ချစ်ခင်၏။မျက်နှာလည်းအညှိုးနွမ်းမခံနိုင်ဘဲ ထားတော်မူသည်။ယခုလည်း စောရှင်သဒ္ဒါအား လူ့ပြည့်ကို စေလွှတ်ရန်သဘောတူလိုက်ပြန်လေသည်။ “ဒါပေမယ့် နှမလေးကတိတစ်ခုပေးရမယ်” “ဘာကတိလဲမောင်တော် ခွင့်ပြုမယ်ဆိုတည်စေရပါမယ်” “မောင်တော့်ကိုမေ့မသွားဖို့ရန် လူ့လောကရောက်ရင် အချစ်ဝဲမှာမနစ်စေဖို့ သာသနာပြုဖို့နဲ့ အစွဲအလမ်းချွတ်ပေးပြီးတာနဲ့ပြန်ခေါ်တာကိုခွင့်ပြုရမယ်” “ဟုတ်ကဲ့ ကတိပေးပါတယ်မောင်တော်…” ****** လူတစ်ယောက်အတွက် အကျင့်တစ်ခုပျောက်ဖို့အချိန်အတော်ယူရသည်မဟုတ်လား။နယ်မှာမွေးပြီး မြို့မှာ ...

ထားတဲ့ ရေအိုးစင်တစ်ခုရုတ်တရက်ပေါ်လာခဲ့တယ်။   ခင်မှုန်လဲ ရေအိုးစင်တွေ့တာနဲ့ ကမန်းကတမ်းသွားပြီး ကြည့်လိုက်တော့ ရေဆိုလို့ တစ်ပေါက်မှမရှိ။   ” ငါအတော်ကံဆိုးတာပဲ ရေအိုးစင်တွေ့တာတောင် သောက်စရာရေတစ်ပေါက်မှမရှိပါလား “ဆိုပြီးတွေးနေတဲ့အချိန် ဘေးနားမှာ ငှက်နှစ်ကောင်က ကျလိ ကျလိနဲ့အော်မြည်ပြီး ရေအိုးစင်အပေါ်မှာ နားနေတာမြင်တော့   ” ဒီငှက်လေးတွေကို ငါမြင်ဖူးသလိုပဲ… ငါရင်းရင်းနှီးနှီးမြင်ဖူးပါတယ်.. စဉ်းစားစမ်း စဉ်းစားစမ်း…. ဟာ .. ငါရေတိုက်ခဲ့ဖူးတဲ့ ငှက်လေးတွေပဲ။ ဟုတ်တယ် ဟုတ်တယ် .. ငါသောက်မယ့်ရေကို မြေအိုးကွဲနဲ့ထည့်ပြီး တိုက်ခဲ့ဖူးတာပဲ”   ခင်မှုန်အတွေးထဲမှာ ...

ငါးဦးတည်းသာ ထွက်လာခဲ့ကြခြင်းဖြစ်ပေသည်။ “ကဲ … ပစ္စည်းတွေ လှည်းပေါ်တင်လိုက်ကြရအောင်။ စားဖို့ သောက်ဖို့ အိမ်မှာအားလုံး စီစဉ်ထားတယ်။ ရွာခံတွေလည်း အိမ်မှာ စောင့်နေကြလေရဲ့” ပစ္စည်းများ နွားလှည်းပေါ်တင်ပြီး လှည်းလမ်းကြောင်းကလေးအတိုင်း နွားနှစ်ကောင်က ခပ်သော့သောနှင့် ပြေးထွက်သွားကြပေတော့သည်။ “ခုချိန်ရောက်လာကြတာ အတော်ပဲ။ သားကောင်က တွေ့လိုက်ရင် အုပ်လိုက်ချည်းပဲ။ ကျည်ပေါပေါသုံးနိုင်ဖို့ပဲလိုတယ်” နွားလှည်းကို မောင်းနေရင်းမှ ဂျပန်ပြောလိုက်သော စကားတို့ကြောင့် ကျွန်တော်တို့မှာ အားပင်တက်သွားမိကြပေသည်။ လာခဲ့ရကျိုးနပ်သည်ဟု တွေးတောနေလိုက်စဉ် ရွာဖျားရှိ အိမ်တစ်အိမ်မှ ခွေးများဟောင်လိုက်သံနှင့်အတူ ချိုးကွေ့လိုက်တော့ ဂျပန်အိမ်တွင်းသို့ ရောက်ရှိနေကြပေပြီ။ အချိန်နှောင်းနေကြပြီမို့ ...

ရင်နင့်ဖွယ် ပြောပြပါတော့သည်။ ~~~~~~~     ညောင်ပင်သာရွာသည် အိမ်ခြေ သုံးရာခန့် ရှိပြီး မိရိုးဖလာ တောင်ယာအလုပ်ဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြသောရွာပင်ဖြစ်၏။ “ဟဲ့…လှလေးနွယ်…ဇာတ်ပွဲက…စတော့မှာဟ… ကျုပ်တို့စောင့်နေတာကြာပေါ့… မြန်မြန်လုပ်ပါဟ” အိမ်ရှေ့မှ အဖော်တသိုက်က လာခေါ်နေပြီမို့ ရွာ၏ ကွမ်းထောင်ကိုင် လှလေးနွယ် အိမ်ရှေ့သို့ ခပ်မြန်မြန် ထွက်လာခဲ့ပါသည်။ ဟိုဘက်ရွာ၏ဘုရားပွဲသို့ သွားရန် ပြင်ဆင်ထားသော လှလေးနွယ်မှာ လှပကျော့ရှင်းလျှက် ကာလသားများ သဲသဲလှုပ်ပင် ဖြစ်ပေတော့မည်။ “ကဲ….သွားကြမယ်ဟ့…” လှလေးစိန်တို့ သူငယ်ချင်းတစ်စု ဇာတ်ပွဲသွားကြည့်ရန် ထွက်လာခဲ့ကြပါသည်။ ကျေးလတ် ဇနပုဒ်မို့ ...

နားမှာ မှောက်နေတတ်တယ်။ ကိုအောင်ဇော်ရဲ့ရုပ်ရည်က အသက်နှစ်ဆယ့်ငါးနှစ်ဆိုပေမယ့် အရက်နာကျပြီး လူကဖောယောင်နေတော့ အသက်လေးဆယ်လောက်လို့ကိုထင်ရတယ်၊ ဆံပင်ကြီးက ညည်းသိုးသိုး ဘုတ်သိုက်သိုက်ကြီးနဲ့ အဝတ်အစားဆိုရင်လည်း ချေးညှော်တွေကပ်နေပြီးတော့ ဝတ်ထားတဲ့ပုဆိုးဆိုရင် အကွက်တောင်မပေါ်တော့ဘူး၊ အရင်က အိမ်ပြန်ရင် သူ့အဖေနဲ့အမြဲရန်ဖြစ်နေကျပဲ၊ နောက်ပိုင်းတော့ အိမ်ကိုတောင်မပြန်တော့ဘူး၊ တစ်ခါတလေစိတ်ကူးရမှ ပြန်တော့တာ၊ ဦးညီဇော်လည်း သားဖြစ်သူကိုအစက ဆုံးမသေးတယ်၊ အနုနည်း အကြမ်းနည်း နည်းပေါင်းစုံနဲ့ဆုံးမပေမယ့် မနိုင်တော့လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ပေးထားလိုက်တော့တယ်။ လူကြီးတွေက အောင်ဇော်လို့ခေါ်ပေမယ့် ကျုပ်တို့တွေကတော့ ကိုဇော်ကြီးလို့ပဲခေါ်တယ်၊ တစ်ရက်တော့ ကျုပ်နဲ့အကိုကြီးနဲ့ ရွာဦးကျောင်းဘက်ထွက်လာတုန်း ရွာဦးကျောင်းအနောက်ဘက်ထောင့်နားက ညောင်ပင်ကြီးအောက်မှာ ကိုဇော်ကြီးက ...