မြေမှာခကြွေအမေ့မျက်ရည်

ခွဲနေ၏။

အခန်း ( 2 )

“ကိုသက်ရှည် နဲ့ သားဇော်မင်း ဒီမှာ ထင်းလျှက်စားပြီး
ရေနွေးလာသောက်အုံး”

“လာပြီဟေ့”

“လူလေး နားတော့လေ။ လာရေနွေးသောက်ရအောင်”

“ဟုတ်ကဲ့ အဘ ကျွန်တော်ဒီထင်းပြီးအောင်ဆက်ခွဲလိုက်
ပါအုံးမယ်”

“ခွပ်“

ဇော်မင်း ကျန်နေသေးတဲ့ထင်းတွေခွဲပြီး။ တစ်ခါထဲလှမ်း
ပေးနေ၏။
ထိုအချိန်မှာပင်။ ဘိုဘိုနဲ့သက်ဆွေ ဆိုင်ကယ်မောင်းပြီး
ခြံထဲဝင်လာသည်။ ဘိုဘို သည် ဦးသက်ရှည်နှင့်ဒေါ်မြမေ
ရဲ့ သားကြီး ဖြစ်ချေ၏။ ဘိုဘို တစ်ခြားရွာကမိန်းကလေးနဲ့
အိမ်ထောင်ကျပြီး အဲဒီရွာမှာပဲအခြေချနေထိုင်သည်။သက်ဆွေ
သည် အပြောအလွန်ကောင်းသူဖြစ်ပြီး စိတ်ကောင်းမရှိသူ
ဖြစ်၏။ သူများပစ္စည်းသာယူချင်ပြီး သူရဲ့ပစ္စည်းဆိုရင်တော့။
နည်းနည်းမှမပေးချင်။

“အမေ နဲ့ အဖေ နေကောင်းကြလား”

“ကောင်းပါတယ်”

“သားနဲ့သမီး လာလည်ကြတာလား။ မြေးလေးတွေရော
မပါဘူးလား”

“မပါဘူး အမေ နောက်ခါကျမှသားခေါ်ခဲ့ပါမယ်”

ဒေါ်မြမေ သားဖြစ်သူ ချွေးမဖြစ်သူ တို့နှင့်စကားပြောပြီး။
ဇော်မင်းကိုခေါ်လိုက်၏။

“သားဇော်မင်း လာလေရေနွေးလာသောက်အုံး”

ဒေါ်မြမေ နောက်တစ်ခါထပ်ခေါ်တာကြောင့် ဇော်မင်း
အလုပ်လက်စသက်ပြီး ကွက်ပျစ်ရှိကိုလျှောက်လာသည်။
ဇော်မင်း ဦးသက်ရှည် ရဲ့အနားမှာဝင်ထိုင်လိုက်ပြီး ရေနွေး
တစ်ခွက်မော့သောက်လိုက်၏။

“အမေ နဲ့ အဖေကို သမီးတို့ပြောစရာရှိလို့ ဒါပေမယ့်
ဧည့်သယ်ကရှိနေတော့”

“သားဇော်မင်းက ဧည့်သယ်မဟုတ်ပါဘူး ဆွေမျိုးလို
ခင်မင်နေတဲ့ ကလေးပါ”

ဇော်မင်းသည် ဒီရွာကို ဘိုဘို အိမ်ထောင်ကျပြီးတဲ့အချိန်မှ
ပြောင်းလာတာကြောင့် သူတို့နဲ့သိပ်မရင်းနှီးပေ။

“ဟုတ်ကဲ့ အမေ သမီးတို့အလုပ်လုပ်ဖို့အတွက်စုထားတဲ့
ငွေက နည်းနည်းလိုနေလို့ အဲဒါ အမေမှာပိုတ်ဆံရှိရင်
နည်းနည်းလောက်ချေးပါလား”

“အမေတို့မှာ အပိုငွေမရှိပါဘူးကွယ်။ ရှိတဲ့လယ်ဧက
နှစ်ဆယ်ထဲက သားနှစ်ယောက်အိမ်ထောင်ကျတော့
ငါးဧကစီခွဲပေးလိုက်တယ်လေ။ အခုကျန်နေတဲ့လယ်
ဆယ်ဧကကို ပဲ သီးချပြီးအဲဒီကရတဲ့ပိုတ်ဆံလေးကိုပဲ
သုံးနေရတာ။
နောက်ပြီး အိမ်မှာက ဝင်ငွေလည်းရှိတာမဟုတ်ဘူးရယ်”

ဒေါ်မြမေ ရဲ့ စကားကြောင့် သက်ဆွေ အနည်းငယ်
မျက်နှာပျက်သွားပြီး ယောင်္ကျားဖြစ်သူ ဘိုဘို
ကိုယ် မျက်စပစ်ပြလိုက်၏။

“အမေ သားတို့အလုပ်က အရင်းအနှီးလိုနေလို့ပါ။ ရှိတဲ့
ပိုတ်ဆံကလည်း မပြည့်ဘူးလေ။ ဘာလဲအမေရဲ့သားငယ်
မဟုတ်လို့လား”

“အဲလို မဟုတ်ပါဘူး သားကြီးရယ် အမေမှာတစ်ကယ်
မရှိလို့ပါ”

“အမေ သားတို့ကလေ။ အခုလမ်းဘေးမှာထမင်းရောင်း
နေရတာ။ နွေဘက်မှာအဆင်ပြေပေမယ့် မိုးတွင်းကျတော့
ဒုက္ခရောက်တယ် အမေ။ ဒါကြောင့် ထမင်းဆိုင်လေး
ဖွင့်ချင်တာ။ အမေမှာပိုတ်ဆံမရှိရင်လည်း အမေ ဝတ်ထား
တဲ့ နားကပ်လေးနဲ့လက်စွပ် လေး ခဏငှားပါအမေရယ်”

“ဟုတ်ပါတယ် အမေရယ် သမီးတို့မကြာပါဘူး
ပြန်ရွေးပေးမှာပါ။ သမီးတို့စီးပွားရေးအဆင်ပြေရင်
အမေတို့ကို ဒီအတိုင်းကြည့်မနေပါဘူး ခဏလေးပါ
အမေရယ် အစ်ကို ပြောသလိုပဲ သမီးတို့ကို အမေ
နားကပ်လေးနဲ့လက်စွပ်လေး ငှားလိုက်ပါနော်”

“ဘာကြ“

“မင်းတို့က နည်းနည်းတော့များလာပြီ။ ကျုပ်တောင်
မမြမေ နားပန်ကိုတစ်ခါမှချွတ်ပြီး မပေါင်းဖူးခဲ့ဘူး
အခုတော့ သားသမီးတွေက အမေနားပန်တောင်မထား
ပါလား”

ဦးသက်ရှည် စကားပြောတာ အသံမာနေသည်အတွက်
ဘိုဘို နှင့် သက်ဆွေ နှစ်ဦးသားခေါင်းငုံ့ပြီး ငြိမ်သက်နေ၏။

“ကိုသက်ရှည် ဘာမှမပြောနဲ့တော့။ သားနဲ့သမီးလည်း
စိတ်မကောင်းဖြစ်နဲ့”

ဒေါ်မြမေ နားကပ်နဲ့လက်စွပ်ချွတ်ပြီး သားဖြစ်သူရဲ့
လက်ထဲကို ထည့်ပေးလိုက်၏။
လိုချင်တာရသွားတဲ့သက်ဆွေ တစ်ယောက်လိုချင်တာ
ရသွားတဲ့အတွက် ကျေနပ်သွားဟန်တူသည်။

“အဘနဲ့အမေမြ ကျွန်တော်ပြန်တော့မယ်
အာလုံးပဲခွင့်ပြုပါအုံး”

“လူလေး ကျေးဇူးပဲနော် သား”

“ဟုတ်ကဲ့ ရပါတယ်အဘ”

ဇော်မင်း အားလုံးကိုနုတ်ဆက်ပြီး ပြန်သွား၏။
အချိန်တော်တော်ကြာကြာစကားပြောပြီး။ ဘိုဘို
တို့လင်မယားလည်း ပြန်သွားခဲ့သည်။

အခန်း ( 3 )

ညနေကိုရောက်တော့ အေးချမ်း စပါးလာယူ၏။
သူနှင့်အတူ သားဖြစ်သူလည်းပါလာသည်။

“ချမ်းမြေ့ဦး မြေးလေး ထမင်းစားသွားပါလား
ပုဇွန်ကြော် ထားရှိတယ်”

“ဟုတ္ကဲ့ ဖြားဖြား”

ဒေါ်မြမေ မြေးဖြစ်သူကိုထမင်းထည့်ကျွေးနေတုန်း။
အေးချမ်း ပါ မီးဖိုချောင်ထဲရောက်လာပြီး ထမင်
ဝင်စား၏။ ထမင်းစားရင်း…..

“ဒီကမ္ဘာပေါ်မှာ အမေလက်ရာအကောင်းဆုံးပဲ”

“သားငယ်ကတော့ပိုပြီ”

ဒေါ်မြမေ အေးချမ်းကို ခေါင်းတစ်ချက်ရိုင်လိုက်ပြီး။
ပုဇွန်ကြော်တွေခပ်ထည့်ပေးရင် အကျေနပ်ကြီး ပီတီ
ပြုံးများဝေဆာနေ၏။

အေးချမ်း တို့ သားဖ ထမင်းစားပြီး စပါးယူခါအိမ်သို့ပြန်သွားခဲ့သည်။

“နောက်တစ်ရက်“

လယ်ထဲမှာမိုးတွင်းကာလဖြစ်တာကြောင့် ရေများရှိနေသည်။
အေးချမ်းတစ်ယောက် မျိုးကျဲတောင်းလွယ်ပြီး။ တာကဇဉ်းပေါ်
မှာချထားတဲ့ အရက်ပုလင်းကိုမော့သောက်လိုက်၏။

“အေ့“

“ငါ မျိုးကျဲတဲ့နေ့ကျမှပဲ မိုးကလည်းရွာလိုက်တာ”

အေးချမ်း လယ်ထဲဆင်းပြီး မျိုးကျဲနေရာမှ မျိုးကုန်သည့်အ
တွက် တာပေါ်မှာချထားတဲ့စပါးအိပ်ထဲကနေ မျိုးစပါးတွေ
ကိုယူပြီး တောင်းထဲထည့်လိုက်၏။
လယ်ကွက် အားလုံးကိုမျိုးကျဲပြီးအချိန်တွင် ပုလင်းထဲမှာ အနည်းငယ် ကျန်နေသေးတဲ့အရက်ကို မော့လိုက်၏။
အေးချမ်း လယ်အပြက်တွေပိတ်ဖို့လမ်းလျှောက်လာတဲ့
အချိန်မှာတော့ သွေးပေါင်ကျတဲ့အချိန်အရက်သောက်ထား
တာကြောင့် ခေါင်းတွေမှုးဝေလာပြီး တာပေါ်ကနေ လယ်ထဲ
သို့ ပစ်ကျသွားသည်။
လယ်ထဲကို မောက်ရက်ကျပြီး သတိလစ်သွားတာကြောင့်
ပြန်မထနိုင်တော့ပေ။
ညရောက်တဲ့အထိ အိမ်ကိုပြန်ရောက်မလာတာကြောင့်
မဒီ ကလေးနှစ်ယောက်ကိုလက်ဆွဲပြီး ဒေါ်မြမေ ရဲ့
အိမ်ကိုရောက်လာသည်။

“အမေ ကိုအေးချမ်း လာသေးလား”

“မလာပါဘူး။ ဘာဖြစ်လို့လဲ”

“မနက်ကထဲက လယ်ထဲသွားတာ။ ညရောက်တဲ့အထိ
ပြန်မလာလို့ အမေ အိမ်မှာထင်ပြီးလိုက်လာတာ”

“ဒီမှာ မရှိပါဘူး”

ဒေါ်မြမေ နှင့် မဒီ စကားပြောနေတုန်းမှာပဲ ရွာထဲက
လူတစ်ယောက် အပြေးအလွှားရောက်လာ၏။

“အဘ အဘ အဘသားလေ။ လယ်ထဲ လယ်ထဲ”

ထူးအောင် စကားပြောရင်းနဲ့ပင်။
ထိန့်လန့်ကြောက်ရွံ့ပြီး မောပန်းနေ၏။

“ထူးအောင် ဆက်ပြောလေကွာ ဘာဖြစ်လို့လဲ”

“ကိုအေးချမ်း လယ်ထဲ လယ်ထဲမှာ မောက်ခုံကြီး
အသက်မရှိတော့ဘူး ကျွန်တော်တို့ လယ်ပုဇွန်းလုံး
သွားကောက်ရင်းနဲ့တွေ့တာ”

“ဘာ“

ထူးအောင် ရဲ့ စကားကြောင့် ဦးသက်ရှည်နှင့်မဒီ
ရွာထဲကလူတွေခေါ်ပြီး။ လယ်ကွင်းထဲလိုက်သွားကြ၏။
ဒေါ်မြမေကတော့ အိမ်မှာမြေးဖြစ်သူတွေနှင့်ကျန်နေခဲ့သည်။
ဒေါ်မြမေ ရဲ့ ရင်ထဲမှာနစ်နေအောင် ခံစားနေရ၏။
ပါးပြင်ပေါ်ကိုလည်း မျက်ရည်တွေစီးကျနေသည်။
ဦးသက်ရှည်နှင့်ရွာသားတွေ အေးချမ်းရဲ့အလောင်းအား
ဒေါ်မြမေအိမ်သို့သယ်ဆောင်လာ၏။

ဒေါ်မြမေ သားဖြစ်သူရဲ့ရုပ်လောင်းကိုကြည့်ပြီး။
အသဲနှစ်လုံးများကွဲကြွေမတက်။ ရင်ထဲမှာစိုနစ်နေ၏။

“သားငယ် လူမိုက်ကြီး အဖြစ်ဆိုးလိုက်တာ သားရယ်”

“ဟင့် ဟင့် ဟင့်“

“ကိုအေးချမ်း အခုတော့ ကျွန်မတို့သားမိသုံးယောက်
နဲ့ ကိုထားခဲ့ပြီလား။ ရှင်သိပ်စွဲလမ်းတဲ့အရက်ကို အခု
တော့ မသောက်နိုင်တော့ဘူးပေါ့။ အရက်သမားကြီး
ရှင်ထပါအုံး ကျွန်မတို့ကိုထကြည့်ပါအုံး”

“ဟင့် ဟင့် ဟင့်“

အေးချမ်းရဲ့အလောင်းကိုကြည့်ပြီး။ ဇနီးဖြစ်သူမဒီ
ငိုကြွေးနေချင်းပင်ဖြစ်၏။ ကလေးနှစ်ယောက်လည်း
မိခင်ဖြစ်သူရဲ့အနားကိုရောက်လာပြီး။ဖခင်ဖြစ်သူကို
ကြည့်ပြီး တစ်ရှုံ့ရှုံ့ငိုနေကြ၏။ မဒီ ကလေးကိုပွေ့ဖတ်
ပြီး ငိုကြွေးနေသည်။

“ဖေဖေ ဖေဖေ”

“ဟင့် ဟင့် ဟင့် “

သားဖြစ်သူရဲ့မြင်ကွင်းအားလုံးကိုမြင်တွေ့ခဲ့ရတဲ့
ဦးသက်ရှည် သည်လည်း ရင်ထဲမချိခံစားနေရ၏
ဦးသက်ရှည် အိမ်အပေါ်ထပ်ကိုတက်လာပြီး ဘယ်သူ
မှ မရှိတဲ့နေရာမှာ တစ်ယောက်ထဲငိုချလိုက်သည်။

အေးချမ်း ရဲ့ နာရေးပြီးသွားချိန်မှာတော့ မဒီတို့သားမိတစ်
တွေကို မဒီရဲ့မိဘများပြန်ခေါ်သွားကြ၏။

အခန်း ( 4 )

ဒေါ်မြမေ သားရဲ့စိတ်နဲ့ပင်။ ညတော်တော်များ အိပ်၍
မပျော်ခဲ့။ အစားလည်း ကောင်းကောင်းမစားနဲ့ ကြာလာ
တော့ နေမကောင်းဖြစ်လာပြီး။ သူမရဲ့နှလုံးရောဂါလည်း
ပြန်ထလာ၏။

ဘိုဘို တို့မိသားစုကတော့ ထမင်းဆိုင်လေးရောင်း
ကောင်းတာကြောင့် စီးပွားရေးအဆင်ပြေလာ၏။
ဆိုင်မှာလူကျတာကြောင့် မိဘအိမ်ကိုပင် သိပ်မရောက်
ဖြစ်ပေ။ သက်ဆွေ တစ်ယောက် ပိုတ်ဆံစုပြီး သူမ
အတွက် နားဆွဲ,လက်စွပ်, ဆွဲကြိုး ဝယ်ထားပေမယ့်
ယောက္ခမဖြစ်သူရဲ့ နားကပ်နှင့်လက်စွပ်ကိုတော့ အခုချိန်
ထိ မရွေးပေးရသေး။

ဒေါ်မြမေ နေမကောင်းတဲ့အချိန်အိပ်ယာထဲမှာလှဲနေရင်း
သားသမီးတွေနဲ့မြေးတွေကို မျှော်နေတက်၏။
သူမရဲ့စိတ်ထဲမှာ “ငါနေမကောင်းနေတာကို သူတို့မသိ
လို့ဖြစ်မှာပါ။ သူတို့သိရင်တော့ ငါရှိကိုရောက်လာမှာ”
ဟု အမြဲတွေးနေသည်။

“မမြမေ မင်း ဘယ်သူကိုမျှော်နေတာလဲ”

“ဘယ်သူကိုမှ မမျှော်ပါဘူးတော်”

ဒေါ်မြမေ ဦးသက်ရှည် ကိုယ်မမျှော်ဘူးလို့ပြောနေပေမယ့်
ပြတင်းပေါက်ကလေးကိုသာ။ အမြဲငေးနေတက်၏။

ဒေါ်မြမေ ရဲ့ ရောဂါတစ်ဖြည်းဖြည်းဆိုးလာတာကြောင့်
ဆေးရုံတင်လိုက်ရ၏။
ဒေါ်မြမေ ကို ဆေးချိတ်ထားတာကြောင့် မျက်လုံးမှိတ်
ထားသည်။
ဘိုဘို နှင့် သက်ဆွေ ဆေးရုံကိုရောက်လာပြီး…….

“အဖေ အမေဘယ်လိုနေသေးလဲ”

“အခုတော့ ဆေးရှိန်နဲ့အိပ်ပျော်နေတယ်”

“ဒီမှာ အဆင်မပြေတဲ့ကြားထဲက အမေ နားကပ်လေးနဲ့
လက်စွပ်လေး ပြန်ရွေးလာပေးတယ်။ အဖေ ပိုတ်ဆံလို
ရင် ပြန်ပေါင်လိုက်ပေါ့။ သမီးတို့လည်း ပိုတ်ဆံပေးချင်
ပေမယ့် ငွေကအခုလက်ထဲမရှိဘူး”

လက်ဝတ်တန်ဆာအပြည့်နဲ့ ညည်းညူနေတဲ့ ချွေးမဖြစ်သူ
ကို ဦးသက်ရှည် ကြည့်ပြီးပြုံးလိုက်သည်။

“မပူပါနဲ့ ငါ မင်းတို့ရှိကပိုတ်ဆံမချေးပါဘူး”

“အဲလိုမဟုတ်ပါဘူး အဖေရယ်”

ဘိုဘို အိပ်ကပ်ထဲက တစ်သောင်းတန်လေးတစ်ရွက်ကို
ထုတ်ပြီး ဦးသက်ရှည် လက်ထဲကိုထည့်ပေးလိုက်သည်။

“အမေ စားချင်တာလေးဝယ်ကျွေးလိုက်ပါ။ အဖေ”

“အဖေ သမီးတို့ပြန်အုံးမယ်။ ညနေကျမှတစ်ခေါက်ပြန်
လာခဲ့ပါမယ်”

နုတ်ဆက်ပြီး ကျောခိုင်းထွက်သွားတဲ့ သားဖြစ်သူနှင့်
ချွေးမဖြစ်သူကိုကြည့်ပြီး။ ဦးသက်ရှည် လက်ထဲက
ပိုတ်ဆံတစ်သောင်းတန်လေးကိုကြည့်ရင်း မျက်ရည်တွေ
ဝဲလာ၏။

“မမြမေ သားသမီးတွေကိုအားမကိုးပါနဲ့။ မင်းနေမကောင်း
တဲ့အချိန်မှာတောင် မင်းအတွက်သူတို့အချိန်မပေးနိုင်ကြဘူး”

ဒေါ်မြမေ နေမကောင်းတဲ့အချိန်မှာ သူမရဲ့လက်လေးကို
သားသမီးတွေကိုဆုပ်ကိုင်ထားစေချင်တယ်။ အနားမှာပြုစု
ယုယနေတာတွေကိုကြည့်ပြီး ကြည်နူးချင်တယ်။ သားသမီး
တွေရဲ့ အားပေးစကားသံတွေကို သူမကြားချင်တယ်။
အခုတော့……….
ဒေါ်မြမေ ကုတင်ပေါ်မှာမျက်လုံးမှိတ်ထားရင်း ပါးပြင်ပေါ်
ကို မျက်ရည်များစီးကျလာသည်။
ဒေါ်မြမေ ဦးသက်ရှည် မသိအောင် တိတ်တိတ်လေးငိုကြွေး
နေ၏။
မိဘတွေရဲ့မျက်ရည်ကို သားသမီးများကတော့ မြင်နိုင်မည်မဟုတ်ပေ။

“ဒီကမ္ဘာပေါ်မှာ အချစ်တက်ဆုံးလူသားက“
“အမေနဲ့အဖေပါ။ မိဘမေတ္တာဆိုတာ အနှိုင်းမဲ့ပါပဲ“
“သူတို့အလိုချင်ဆုံးက သားသမီးတွေရှိကမေတ္တာပါ“

`ကိုယ်ကြောင့် မိဘရဲ့မျက်ရည်ဘယ်တော့မှမကျပါစေနဲ့`

“ပြီးပါပြီ“

ကျွန်တော်ရေးတာ အမှားပါခဲ့ရင်နားလည်ခွင့်လွှတ်ပေးပါဗျာ
စာဖတ်သူ အားလုံးကိုလေးစားလျက်ပါ

ရွှေရေးခြယ်