လပြည့်ည

မစဉ်းတတ်အောင်ဖြစ်အောင်ဖြစ်နေသည်။

ထိုသို့ဖြစ် အတန်ကြတော့ ဆွမ်းစားကြွ‌သွားကြ‌ေသာကျောင်းမှ ဦးဇင်းကိုရင်များ ပြန်‌ေရာက်လာပြစ်၍ သူလဲဆက်မစဉ်းစားနိုင်တော့ပဲ သပိတ်သင်္ကန်းများကိုယူကာ သင့်တင့်လျှောက်ပတ်သော နေရာ၌ထားလိုက်ပြီး ကျောင်းမှ ဝေယာဝစ္စများကို လုပ်ကိုင်နေရင်းဖြင့် မိုးချုပ်မည့်အချိန်ကိုစောင့်နေလိုက်သည်။

ဒီလိုနဲ့ တဖြည်းဖြည်းမိုးချုပ်လာပြီး ညပိုင်းသို့‌ေရာက်လာ‌ေတာ့ သူလည်း ကပ္ပိယကြီးကို ဘိုးလောကကြီးနဲ့အတူ ပွဲသွားကြည့်မည့်အကြောင်းပြောကာ ကျောင်းတံတားဆီသို့ ထွက်လာခဲ့‌ေတာ့သည်။

(၂)

ထိုသို့ဖြစ် သူ ကျောင်းတံတားပေါ်ရောက်တော့ လပြည့်ည လရောင်‌‌ေဖွး‌‌ေဖွး‌ေအာက်မှာ သူ့ကိုရပ်စောင့်နေသော ဘိုးလောကကြီးကို တွေ့လိုက်ရပြီး

“ကောင်းလေး မြန်မြန်လာကွ ခဏနေရင်ပွဲစတော့မယ်”

“ဟုတ်လားဗျာ့ ဒါနဲ့ သွားရမယ့်နေရာက‌ေရာ တော်တော် ဝေးလား”

အနတ္တလည်း အနီးအနားရွာများမှာ ပွဲမရှိ၍ ထိုသို့မေးလိုက်ချင်းဖြစ်ပြီး ဘိုးလောကကြီးက

“သိပ်မဝေးဘူးကွ ဒီနားလေးတင်ပဲ”

“ဒါဆိုလဲ သွားရအောင်ဗျာ”

အနတ္တလည်း ရှည်ရှည်ဝေးဝေး သိပ်မေးမနေတော့ပဲ
ဘိုးလောကကြီးနှင့်အတူ ပွဲကြည့်ရမည့်နေရာသို့ ထွက်လာခဲ့တော့သည်။ထိုသို့ဖြစ် သူတို့နှစ်ယောက် ကျောင်းတံတားပေါ်မှနေ တောင်ဘက်လှည်းလမ်းအတိုင်း ထွက်လာခဲ့ကြရင်း ဘုရားသုံးဆူနားရောက်တော့

“ကောင်လေး‌ေရာ့ မင်းဒါလေးကို ယူထားလိုက်ဦး”

ဘိုးလောကကြီးလည်း ထိုသို့ ပြောပြီး သူလွယ်အိပ်ကြီးထဲမှ မတ်စေ့လေး တစ်စေ့ကို ထုတ်ယူကာ အနတ္တကို ပေးလိုက်သည် ထိုအခါ အနတ္တလည်း မတ်စေ့လေးကိုယူလိုက်ပြီး

“ဘိုးလောက ဒါကဘာလုပ်ရမှာတုန်းဗျာ့”

“ဒါက သူတို့ကို ပေးရမဲ့ပိုက်ဆံ‌ေလကွာ ပွဲကြည့်လို့ရအောင်ပေါ့”

“ဟုတ်လားဗျာ့ ဒါနဲ့ ပွဲကအလကားကြည့်ရမှာ မဟုတ်ဘူးလား”

“မဟုတ်ဘူးကွ ဒါလေးပေးမှ ကြည့်လို့ရတာ နောက်ပြီး မင်းကိုလည်း ငါ အခုကတည်းက တခါတည်း မှာထားရဦးမယ်”

“ဟုတ်လားဗျာ့ ဘာတွေများ မှာစရာရှိလို့တုန်း”

အနတ္တ ထိုသို့မေးလိုက်တော့ ဘိုးလောကကြီးက

“ဒီလိုကွ အခုငါတို့ ပွဲသွားကြည့်မဲ့နေရာ‌‌ေရာက်ရင် အဲ့ဒီက လူတွေက မင်းကိုနေ့ခဲ့မလားလို့ မေးလိမ့်မယ် အဲ့ဒီအခါကြရင် မင်းက မနေခဲ့ဘူးလို့ပြော ကြားလား”

“ဟုတ်ကဲ့ပါဗျာ ဒါနဲ့ သူတို့က ကျုပ်ကို ဘာလို့နေခဲ့ခိုင်းမှာတုန်းဗျာ့ သူတို့နဲ့လဲ သိတာမဟုတ်ပဲနဲ့”

“ဒါကတော့ သူတို့ရွာရဲ့ ထုံးစံပဲကွ သူတို့ဆီကို စရောက်လာတဲ့လူမှန်သမျှ အဲ့ဒီအတိုင်းမေးကြတာပဲ”

“ဟုတ်လားဗျာ့ ဒါဆိုလဲ ဘိုးလောကကြီးရော အမေးခံရဘူးလား”

“စရောက်တဲ့နှစ်တုန်းကတော့မေးတာပေါ့ကွာ ဒါပေမဲ့ နောက်ပိုင်းကြ‌တော့ ငါလည်းနှစ်တိုင်းရောက်နေတာဆိုတော့ မမေးကြတော့ဘူးကွ”

“ဟုတ်လားဗျာ့ ဒါဆို ဘိုးလောကြီးနဲ့သူတို့နဲ့ တော်တော် ခင်မင်နေကြပြီပေါ့”

“ခင်မင်တယ်လို့‌တော့ မဟုတ်ဘူးပေါ့ကွာ ဒါပေမဲ့ နှစ်တိုင်းရောက်ကြ‌ဆိုတော့ မျက်နှာချင်းတော့ တန်းမိနေကြပြီပေါ့”

“,ဟုတ်လားဗျာ့ ဒါနဲ့ ကျုပ်တို့အခုသွားကြည့်မယ်ပွဲက လူ‌တွေရောဟုတ်ရဲ့လားဗျာ့”

သူလည်း ဘိုးလောကကြီး၏ ပြောပုံဆိုပုံတွေကို ထောက်ချင့်ပြီးမေးလိုက်တော့ ဘိုးလောကကြီးက

“အေး ဟုတ်တယ်ကွ ငါလည်း မင်းကိုမညာချင်းဘူး အခုတို့သွားကြည့်မယ့်ပွဲက လူတွေမဟုတ်ဘူးကွ ကျတ်ရွာကပွဲကို သွားကြည့်မှာ”

ဘိုးလောကကြီး ထိုသို့ အမှန်အတိုင်းပြောလိုက်တော့
အနတ္တလည်း

“ဟုတ်လားဗျာ့ ကျုပ်လည်း အစထဲက ထင်တော့ထင်မိသား ဘယ်ရွာမှ ပွဲရှိသံမကြားပဲ ပွဲသွားကြည့်မယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲလို့”

အနတ္တ ထိုသို့ ပြောလိုက်တော့ ဘိုးလောကကြီးက

“အေးငါလည်း မင်းကို အစကတည်းက ပြောဖို့ပဲကွ ဒါပေမဲ့ မင်းကြောက်ပြီး မလိုက်ရဲမှာဆိုးလို့ မပြောပဲနေတာ အခုလည်း မင်းမကြည့်ချင်ရင် ပြန်ကြမယ်ကွာ”

ဘိုးလောကကြီး ထိုသို့ပြောလိုက်တော့ အနတ္တလည်း ရောက်မိလက်စနဲ့ မထူးတော့ပြီဖြစ်၍

“ကဲ ရောက်မိလက်စနဲ့တော့ မထူးတော့ပါဘူးဗျာ ကျုပ်လည်း အဲ့ဒီလိုဟာမျိုးတွေကို စိတ်ဝင်စားတယ်ဗျာ့ ဘိုလောကကြီးလည်း ပါနေတယ်ဆိုတော့ အန္တရာယ်တော့ မဖြစ်လောက်ပါဘူး”

အနတ္တ ထိုသို့ပြောလိုက်တော့ ဘိုးလောကကြီးက

“မင်းကိုတော့ ဘာအန္တရာယ်မှ မဖြစ်စေရပါဘူးကွာ ငါတာဝန်ယူပါတယ်”

ဘိုးလောကကြီးလည်း ထိုသို့‌ပြောပြီး ဘုရားသုံးဆူဘေးမှနေပြီး ကျတ်ရဲဘက်ကိုသွားသည့် လမ်းအတိုင်း ဝင်သွားသည်။ထိုအခါ သူလည်း

“ဘိုးလောက ဒါကျတ်ရဲဘက်ကို သွားတဲ့လမ်းမဟုတ်လားဗျာ့”

“ဟုတ်တယ်‌လေကွာ ပွဲကအဲ့ဒီဘက်မှာရှိတာ”

သူလည်း ထိုမျှသာ‌ေမးပြီး ဘာမှဆက်မမေးတော့ပဲ ဘိုးလောကကြီး နောက်မှနေပြီး အသာလိုက်ခဲ့လိုက်သည်။ဘိုးလောကကြီးလည်း ဘာမှမပြောတော့ပဲ ရှေ့မှသာ ခပ်သွက်သွက်လျှောက်နေရင်း ကျတ်ရဲလျှိုသို့ဝင်သည့် ဂျပ်ကမ်းပါးလမ်းလေးအတိုင်းဝင်လာခဲ့သည်။

ထိုဂျပ်ကပါး‌ေလး၏ တစ်ဖက်သို့ရောက်လျှင် ကျတ်ရဲလျှိုသို့ရောက်မည်ဖြစ်ပြီး ထိုနေရာတွင် လူတွေလုပ်ကိုင်နေသော လယ်ယာမြေများသာရှိ၍ တခြားဘာမျှ ထူးထူးခြားခြားရှိမ‌နေ သို့သော် ယခုအခါ ထိုသို့မဟုတ်ပဲ သူတို့နှစ်ယောက် ထိုဂျပ်ကမ်းပါးလေးကို လွန်လာသည်နှင့် ဆိုင်းသံ ဗုံသံတွေကို ကြားလိုက်ရပြီး ရွာကြီးတစ်ရွာကိုပါ မြင်လိုက်ရ၍ အနတ္တတစ်ယောက် တော်တော်နှင့် စကားမပြောနိုင်ပဲ အံ့ဩတကြီးကြည့်နေမိသည် သူထိုသို့ကြည့်နေတာကိုမြင့်တော့ ဘိုးလောကကြီးက

“ကဲ လာကွာ ကောင်လေး ရွာထဲဝင်ရအောင်”

ဘိုးလောကကြီး ထို့သို့ သူ့ကို‌ေခါ်လိုက်‌ေတာ့ သူလည်း ရုတ်တရက်တွေ့လိုက်ရသော ရွာကြီးကိုကြည့်ပြီး အံ့ဩမှင်သက်မိနေရာမှ

“ဘိုးလောက ဒါကျွန်တော်တို့ ပွဲလာကြည့်တဲ့ ရွာလားဗျာ့”

“အေး ဟုတ်တယ်လေကွာ ဟိုမှာပွဲခင်းကြီး မင်းမမြင်ဘူးလား”

ဘိုးလောကကြီးလည်း ထိုသို့‌ေပြာပြီး သူ့ကို ပွဲခင်းရှိရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။ထိုအခါမှ သူလည်း ဘိုးလောကကြီး လက်ညှိုးညွှန်ပြရာသို့ ကြည့်လိုက်ပြီး

“ဟာ လူတွေ မနည်းမနောပါလားဗျာ့”

သူလည်း ပွဲခင်းထဲမှ လူများကိုကြည့်ပြီး အံ့ဩတကြီးပြောဆိုမိလိုက်သည်။စောစောက သူ ရုတ်တရက် ‌တွေ့လိုက်ရသော ရွာကြီးကိုသာ အာရုံရောက်နေပြီး ထိုနေရာကို သတိမထားမိ အခု ဘိုးလောကကြီး ပြလိုက်တော့မှ ထိုနေရာကို သတိထားမိသွားပြီး ပွဲခင်းထဲမှာ ရောက်နေကြသည့် လူများကိုကြည့်ပြီး အံ့ဩနေချင်းဖြစ်သည်။ ထို့ကြောင့် သူလည်း

“ဘိုးလောက ဒါ ဒီရွာက လူတွေလားဗျာ့”

“‌ ဟုတ်တယ်‌ေလကွာ ဒါဒီရွာက လူတွေရော ရွာအနီးအနားက ပွဲလာကြည့်တဲ့ သူတွေရော‌ပေါ့”

“ဟုတ်လားဗျာ့ ဒါနဲ့ ဒီထဲမှာရော ကျွန်‌ေတာ်တို့လို လူတွေပါလားဗျာ့”

“‌‌ေအး ဒို့လိုလူသားအစစ်‌ေတွကိုတော့ အဝင်မခံဘူးကွ ဒါပေမဲ့ ဒီမတ်စေ့လေး ပေးလိုက်ရင်တော့ သူတို့လည်း ဒို့ကို လူလားဘာလား မခွဲခြားတတ်တော့ဘူး ဒါကြောင့်မင်းကို မတ်စေ့လေးကြိုပေးထားတာပေါ့”

ဘိုးလောကကြီးလည်း ထိုသို့‌ပြောပြီး လှမ်းမြင်နေရသော ပွဲခင်းဘက်ကို မသွားသေးပဲ ရွာဘက်ကိုအရင်သွားတာမြင်တော့ အနတ္တက

“ဘိုးလောက ပွဲခင်းထဲကို သွားမှာမဟုတ်ဘူးလားဗျာ့”

“မဟုတ်သေးဘူးကွ ရွာထဲကိုအရင်ဝင်ပြီးမှ အဲဒီဘက်ကို သွားလို့ရမှာ”

“ဟုတ်လားဗျာ့ ဒါဆို ကျွန်တော်တို့ ရွာကပွဲ‌ေတွလိုသွားချင်တဲ့ နေရာကသွားလို့ မရဘူးပေါ့”

“မရဘူးကွ အဲ့ဒီလိုဆို မင်းကို လူမှန်းသိသွားပြီး အဝင်ခံမှာမဟုတ်ဘူး”

ဘိုးလောကကြီးလည်း သူ့ကို နားလည်အောင် ရှင်းပြလိုက့်ပြီး ရွာဘက်ကို ခပ်သွက်သွက်လျှောက်သွားလိုက်သည် သူလည်းဘာမပြောတော့ပဲ နောက်မှ အသာလိုက်ခဲ့ရင်း ရွာထိပ်ကိုရောက်တော့ လူတစ်ယောက် ရပ်စောင့်နေတာကို တွေ့လိုက်ရသည်။ ထို့နောက် ထိုလူက သူတို့ကို ကြည့်ပြီး

“ပါလား”

“ပါတယ် ရော့ဒီမှာ”

ဘိုးလောကကြီးလည်း ထိုသို့ပြောပြီး သူ့လက်ထဲမှာ ကိုင်ထားသည့် မတ်စေ့လေးကို ပေးလိုက်သည်။ထိုလူလည်း မတ်စေ့လေးကို ယူပြီး အနတ္တကို ကြည့်နေပြန်သည် ထိုအခါ အနတ္တလည်း ဘိုးလောကကြီးပေးထားသော မတ်စေ့လေးကို ပေးလိုက်တော့ ထိုလူကမတ်စေ့လေးကိုကြည့်ပြီး

“သွာတော့”

ထိုသို့ တုံးတိတိသာ‌ေပြာပြီး သူတို့ကို ရွာထဲဝင်ခွင့်ပြုလိုက်သည်။ ထိုအခါ အနတ္တတစ်ယောက် ရွာထဲရှိ အိမ်များကိုကြည့်ပြီး အံ့ဩတကြီးဖြစ်နေမိသည်။ကျတ်တ‌ေစ္ဆ‌ေတွသာဆိုတယ် လူ‌ေတွလိုပင် နေတာပါပဲလားဟုလဲ တွေးနေမိပြီး သူတို့ဖြတ်သန်းလာသည့် လမ်းတလျှောက်ရှိ အိမ်ကြီးအိမ်ကောင်းများကို ကြည့်ကာ အံဩနေမိသည်။

ထိုသို့ဖြစ် သူတို့ပွဲခင်းထဲကိုရောက်လာတော့လည်း ပွဲခင်းထဲရှိလူများကိုကြည့်ကာ ထူးဆန်းနေပြီး ထိုသူများသည်လည်း ကျတ်တ‌ေစ္ဆများသာဖြစ်သည် လူနှင့်မခြားရှိ‌ေနပြီး သွားလာပြောဆိုနေသည်မှာလည်း ရွာပွဲများအတိုင်းပင်ဖြစ်တော့သည်။

ထိုသို့ဖြစ် သူတို့နှစ်ယောက်လည်း ပွဲခင်းဘေးမှာရပ်ပြီး ဇတ်စင်ပေါ်ကို ကြည့်နေတုန်း ပြုံးပြုံးရွှင်ရွှင်ဖြင့် အမျိုးသမီးသုံးယောက် သူ့နားရောက်လာပြီး

“ငါ့မောင်က အစ်မတို့ရွာကိုပွဲလာကြည့်တာလားကွဲ့”

“ဟုတ်တယ်ဗျာ့ ကျွန်တော်ဒီရွာကို ပွဲလာကြည့်တာ”

အနတ္တလည်း သူ့ကိုချိုချိုသာသာဖြင့် လာမေးသော ထိုအမျိူသမီးသုံးယောက်ထဲမှာ အမျိုးသမီးတစ်ဦးကို ပြန်ဖြေလိုက်သည် ထိုအခါ ထိုအမျိုးသမီးက

“ဒါနဲ့ ငါ့မောင့်က ပွဲကြည့်ပြီးရင် ဘယ်ကိုပြန်ရမှာတုန်းကွဲ့”

ထိုအမျိုးသမီး၏ အမေးကို အနတ္တ ရုတ်တရက် ဘယ်လိုပြန်‌ဖြေရမှန်းမသိ ဖြစ်သွားသည်။တကယ်လို့ သူက ကြာကန်ရွာကို ပြန်ရမည်ဟု အမှန်အတိုင်းပြောလိုက်လျှင် ဘာဆက်ဖြစ်မည်ဆိုတာကို မပြောတတ် နောက်ပြီး ထိုအမျိုးသမီးကရော သူနေသည့် ကြာကန်ရွာဆိုတာကိုရောသိပါမလား ထိုသို့ဖြစ် အနတ္တတစ်ယောက် ဘာပြန်ဖြေရမှန်းမသိဖြစ်နေစဉ် သူ့ဘေးမှာရပ်နေသည့် ဘိုးလောကကြီး

“ဦးကြီးတို့က ပွဲကြည့်ပြီးရင် ဘုရားသုံးဆူကိုပြန်ရမှာသူ့ကို ဦးကြီးခေါ်လာတာကွဲ့ အခုနှစ်မှဒီကိုရောက်ဖူးတာ”

ဘိုးလောကကြီး ထိုသို့ဖြေလိုက်ပေမဲ့ ထိုအမျိုးသမီးက ဘိုလောကကြီးကို မကြည့်ပဲ သူ့ကိုကြည့်ကာ

“ဟုတ်လား ဒါဆို ဘုရားသုံးဆူကိုမပြန်ပဲ အစ်မတို့နဲ့ ဒီမှာနေခဲ့ပါလားကွဲ့”

ထိုအခါ သူလည်း ဘိုးလောကကြီးမှာထားသည့် စကားအတိုင်း

“ကျုပ် ဒီမှာမနေခဲ့ဘူးဗျာ့”

“ဘာဖြစ်လို့တုန်းကွဲ့ အစ်မတို့ရွာက ပျော်စရာကောင်းပါတယ် နေခဲ့ပါလား”

“မနေခဲ့ဘူးဗျာ”

အနတ္တဆီမှ ထိုသို့ ခါးခါးသီးသီး ညင်းလိုက်သံကိုကြားတော့ ထိုအမျိုးသမီးသုံးယောက်၏ မျက်နှာများသည် ရုတ်တရက် တင်းမားခက်ထန်သွားပြီး အနတ္တကို ဒေါသတကြီး ကြည့်လိုက်ပြီးမှ

“လာခဲ့အေ သူမနေခဲ့မှတော့ ဒိုဘာလုပ်လို့ ရတော့မှာတုန်း သွာကြမယ်”

သူတို့ အချင်းချင်း ပြောဆိုပြီး အနတ္တရှေ့မှ ထွက်သွားကြသည်။ထိုအခါ အနတ္တလည်း ဘိုးလောကကြီးကို ကြည့်လိုက်တော့

“အေး ကောင်းတယ်ကွာ ဘယ်သူလာမေးမေး အဲ့ဒီအတိုင်းသာ‌ဖြေ ကြာလား ဒါပေမဲ့ ဒီနားမှာတော့ နေလို့မဖြစ်တော့ဘူးကွ တစ်ခြားဘက်သွားရအောင်”

ဘိုးလောကကြီးလည်း ထိုသို့ပြောပြီး တောင်ဝှေးကို ထောက်လျှက်ရှေ့မှ ထွက်သွားသည် သူလည်းဘိုးလောကကြီးနောက်မှ လိုက်သွားရင်း တစ်ခြား ပွဲခင်းအစ တစ်နေရာမှနေပြီး ဇာတ်စင်ပေါ်မှ ကနေသည့်မင်းသမီးကိုကြည့်နေကြသည်။သို့‌ေသာ် အနတ္တကတော့ ဇာတ်စင်ပေါ်မှာ ကနေသည့် မင်းသမီးကို စိတ်မဝင်စား‌ေတာ့ပဲ သူ့ကိုနောက်ထပ် လာခေါ်မည့်သူများ ရောက်လာမှာကိုသာ စိုးရိမ်နေပြီး

“ဘိုးလောက ပြန်ရအောင်ဗျာ”

သူထိုသို့ ပြန်ရန်ပြောလိုက်တော့ ဘိုးလောကကြီးက

“အေး ပြန်တာပေါ့ကွ ခဏနေပါဦး”

ဘိုးလောကကြီးက ထိုသို့ခဏနေပါဦးသာ ပြောပြီး သူလည်း ဇာတ်စင်ပေါ်မှ မင်းသမီးကိုမကြည့် ပွဲခင်းထဲမှ လူများကိုသာလိုက်ကြည့်နေသည်။

ထိုသို့ဖြစ် ညသန်းခေါင်းချိန်လောက်ရောက်တော့ ပွဲခင်းထဲမှ လူများရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး

“လူစော်နံတဲဟေ့ လူစော်နံတယ် ဒို့အထဲကို လူတစ်ယောက် ရောက်နေတယ်ကွ လိုက်ရှာကြစမ်း”

ပွဲကြည့်နေသူများ ထိုသို့ တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြပြီး ပွဲခင်းအနှံ့ သူတို့နှင့်ရောနောနေသူကို လိုက်ရှာနေကြသည်။ထိုသို့ ပွဲကြည့်နေသော ကျတ်တစ္ဆေများ ရုတ်တရက်လူနံ့ရပြီး ထိုလူသားကို လိုက်ရှာနေတုန်း ဘိုးလောကကြီးက

“လာကွာ ကောင်လေး အခြေအနေမကောင်းဘူး တို့လည်းပြန်ရအောင်”

ဘိုးလောကကြီးလည်း အခြေအနေကို အကဲခတ်မိပြီး ထိုသို့ပြောလိုက်တော့ အနတ္တက

“ဘိုးလောကကြီး ကျွန်တော်တို့ကို လိုက်ရှာနေတာလားဗျာ့”

“ဒို့ကိုတော့ မဟုတ်ဘူးကွ တို့အပြင် တစ်ခြားလူတစ်‌ေယာက်လည်း ဒီပွဲခင်းထဲကို ရောက်နေတယ် အဲ့ဒီလူဆီက လူနံ့ရသွားလို့ သူတို့လိုက်ရှာနေကြတာ”

“ဟုတ်လားဗျာ့ ဒါဆိုလည်း ပြန်ရ‌အောင်ဗျာ”

သူတို့နှစ်ယောက်လည်း ထိုသို့ပြောလိုက်ကြပြီး ပွဲခင်းထဲမှနေ၍ သူတို့ပြန်ရမည့်လမ်းကို ခပ်သွက်သွက် ဖြတ်ချလာခဲ့တော့သည်။

(၃)

ထိုသို့ဖြစ် သူတို့လည်း ရွာသို့ပြန်သည့် လမ်းပေါ်ရောက်တော့

“ဘိုးလောက အဲ့ဒီကလူတွေက ကျွန်တော်တို့ကိုရော လူမှန်းမသိကြလူးလားဗျာ့ နောက်ပြီး ကျွန်တော်တို့ဆီက ရော လူနံ့မရဘူးလား”

အနတ္တ ထိုသို့ မေးလိုက်တော့ ဘိုးလောကကြီးက

“ဒို့ကို လူမှန်းမသိကြဘူကွ လူနံ့လည်းမရကြဘူး”

“ဟုတ်လားဗျာ့ ဘာဖြစ်လို့ အဲ့ဒီလိုဖြစ်တာတုန်း”

“ဘာဖြစ်ရမှာတုန်းကွ အဲ့ဒါ တို့ပေးလိုက်တဲ့ပိုက်ဆံတစ်မတ်ကြောင့်ပေါ့ အဲ့ဒီ ပိုက်ဆံ တစ်မတ်က မသာပါးစပ်ထဲက နှိုက်လာတဲ့ ကူတို့ခ ပိုက်ဆံကွ အဲ့ဒါကြောင့် သူတို့က တို့ကို သေပြီးသားလူတွေလို့မှတ်နေတာ”

ဦးလောကကြီး ထိုသို့ပြောလိုက်မှ သူလည်း မသာ ပါးစပ်ထဲက ကူတို့ခပိုက်ဆံဖြင့် ကျတ်‌ပွဲကိုသွားကြည့်ချင်းဖြစ်မှန်း သိလိုက်ပြီး ကျက်သီးများပင်ထချင်သလိုလိုဖြစ်လာသည် ဒါပေမဲ့ ထိုပွဲမှပြန်လာခဲ့ပြီဖြစ်၍ သိပ်မကြောက်တော့ ဒါ့ကြောင့်

“ဘိုးလောက သူတို့က ဘာ‌ေကြာင့် ကျွန်‌ေတာ့်ကို နေခဲ့မလားလို့ မေးကြတာတုန်း”

“ဒါကတော့ သူတို့ရွာကို အခုမှ စရောက်တဲ့သူတွေကို မေးနေကြပဲကွ”

“ဟုတ်လားဗျာ့ ဒါဆိုကျွန်တော်သာ နေခဲ့မယ်လို့ ပြောလိုက်ရင် ဘာဖြစ်မှာတုန်း”

“ဘာဖြစ်ရမှာတုန်းကွာ မင်းလည်း တစ်ခါတည်းသေပြီး သူတို့လို့ ကျတ်တစ္ဆေ ဖြစ်သွားမှာပေါ့”

“ဟုတ်လားဗျာ့ ဒါဆိုရင်တော့ ကြောက်စရာပဲ”

“အေးပေါ့ကွ ဒါကြောင့်မင်းကို ငါက မနေခဲ့ဘူးလို့ ပြောခိုင်းတာပေါ့”

ဘိုးလောကကြီး ထိုသို့ပြောလိုက်တော့ အနတ္တလည်း

“တော်ပြီဗျာ နောက်ဆို ဘယ်တော့မှလာမကြည့်တော့ဘူး”

“အေးပါကွာ ငါလည်းမင်းကို မခေါ်တော့ပါဘူး”

ဘိုးလောကကြီးနဲ့သူလည်း ထိုသို့ပြောဆိုကြရင်း ရွာဘက်ကိုခပ်သွက်သွက် လျှောက်လာကြသည်။
ထိုအခါ သူတို့နောက်မှ လိုက်လာသည့် တရွှီရွှီအသံကြီးကို ကြားလိုက်ရပြီး အနတ္တတစ်ယောက် ကျတ်တစ္ဆေတွေများ သူတို့နောက် လိုက်လာတာများလားဟု ထင်မိလိုက်သည်။ ထိုအသံကို ကြားတော့ ဘိုးလောကကြီးက

“ဟဲ့ မယ်သုန် နင်ငါ့နောက်လိုက်လာပြန်ပြီလား”

ဘိုးလောကကြီး၏ ထိုသို့ပြောလိုက်သံ‌ေကြာင့် အနတ္တလည်း နောက်သို့လှည့်ကြည့်လိုက်သည် ထိုအခါ သူတို့နောက်သို့ စုန်းခေါင်းပြတ်ကြီး လိုက်လာတာကို မြင်လိုက်ရပြီး ထိတ်လန့် တုန်လှုပ်သွားကာ တစ်ကိုလုံးကြက်သီး‌ေမွးညှင်းများထလာသည်။ ထိုစုန်းခေါင်းပြတ်ကြီးသည် ဖြူဖတ်ဖြူ‌ေရာ်မျက်နှာကြီးနှင့် သူ့ကို စိုက်ကြည့်နေပြီး ဆံပင်ဖားလျှားကြီးကလည်း ဖွာလံကြဲနေသည်။ထို သူတို့နှင့်မလှမ်းမကမ်း လေထဲအမြင့်မှာရှိ နေသည့် စုန်းခေါင်းပြတ်ကြီးက သူ့ကိုစိုက်ကြည့်နေမှန်းသိတော့ ဘိုးလောကကြီးလည်း

“နင် ငါခေါ်လာတဲ့ ကလေးကို ဘာတွေဒုက္ခပေးဖို့ ကြံနေတာတုန်းမယ်သုန် အခုနောက်ပြန်ဆုတ်စမ်း ငါ့အကြောင်းကို နင်မသိသေးဘူးလာ”

ဘိုးလောကကြီး ထိုသို့ပြောဆိုလိုက်ပေမဲ့ မယ်သုန်ဆိုသော စုန်းခေါင်းပြတ်ကြီးကတော့ အရေးမစိုက် အနတ္တကိုသာ စိမ်းစိမ်းကြီးကြည့်ပြီး တရွှီရွှီအသံကြီးဖြင့် ရှေ့သို့တိုးလား‌ေနသည်။ ထို စုန်းခေါင်းပြတ်ကြီး ‌ရှေ့တိုးလာတာမြင်တော့ ဘိုးလောကကြီးကလည်း သူ၏တောင်ဝှေးလက်ကိုင်ကိုကိုင်ပြီး စက္ကြာတစ်ခုလိုတစ်ဝီဝီမြည်အောင် ဝေ့ရမ်းလိုက်သည် ထို့နောက်

“ဟဲ့ မယ်သုန် နင်ရှေ့ဆက်တိုးလာရင် နာလိမ့်မယ်နော်အခုပြန်ဆုတ်စမ်း”

ဘိုးလောကကြီး ထိုသို့ သတိပေးစကား ဆိုပေမဲ့ စုန်းခုတ်ပြတ်ကြီးကတော့ မလိုက်နာ ရှေ့သို့သာ တိုးလာနေသည် ထိုအခါ ဘိုးလောကကြီးကလည်း သူ၏လက်မှ ဝေ့ရမ်းထားသော တောင်ဝှေးကို စုန်းခေါင်းပြတ်ကြီးထံ ပစ်လွတ်လိုက်သည်။

ထိုအခါ စက်ြာတစ်ခုလို လည်နေသော တောင်ဝှေးက စုန်းခေါင်းပြတ်ကြီးကို ထိမှန်သွားပြီး မြေကြီးပေါ်သို့ပြုတ်ကြလာသည် ထို အောက်ပြုတ်ကြလာသော စုန်းခေါင်ပြတ်ကြီးက စူးစူးဝါးဝါးအော်ပြီး ဘိုးလောကကြီးကို ဒေါသတကြီးကြည့်နေသည် သူခံလိုက်ရပေမဲ့ ဘိုးလောကကြီးကို ကြောက်ရွံ့ဟန်မရှိ ထိုအခါ ဘိုးလောကကြီးကလည်း သူထံသို့ ပြန်ရောက်လာသော တောင်ဝှေးကို ထောက်လျှက်

“ဟဲ့ မယ်သုန် နင်ဒီကောင်လေးကို နှောက်ယှက်ရဲနှောက်ယှက်ကြည့်စမ်း တခါတည်း ခေါင်းပြန်တတ်လို့ မရအောင် လုပ်လိုက်မယ် နင့်ခန္ဓာကိုဘယ်နေရာမှာ ရှိတယ်ဆိုတာ ငါသိ့ပြီးသား”

ဘိုးလောကကြီး ထိုသို့ ခြိမ်းခြောက်လိုက်တော့မှ မယ်သုန်ဆိုသော စုန်းခေါင်းပြတ်ကြီးလည်း မျက်လွှာချထားသည် ဒါပေမဲ့ တစ်ခုခုကို မကျေနပ်သည့်ပုံဖြစ်နေ‌ေသးပြီး ဘိုးလောကကြီးက ထိုအချင်းအရာသိ၍

“မယ်သုန် နင်ငါ‌ပြောတာကို မြဲမြဲမှတ်ထားနော် နောက်တခါဒီလိုလုပ်ရင် နင်ခေါင်းနဲ့ကို အိုးစားကွဲပြီသာမှတ် ကဲအခုသွားတော့”

ဘိုးလောကကြီး ထိုသို့ခွင့်ပြုလိုက်မှ စုန်းခေါင်းပြတ်ကြီးလည်း ကောင်းကင်ပေါ်သို့ ပြန်တက်သွားနိုင်ပြီး ဒေါသတကြီးအော်ကာ နောက်သို့ပြန်လှည့်သွားတော့သည်။ထိုအခါမှ ဘိုလောကကြီးလည်း

“ဒီစုန်းမ တော်တော် ခေါင်းမာတဲ့စုန်းမကွ ငါဘယ်လောက်ပြောပြော နားမထောင်ဘူး နှစ်တိုင်း ဒီလိုအချိန်ဆို ငါ့နောက်လိုက်လာနေကြ”

ဘိုးလောကကြီး ထိုသို့ပြောလိုက်သည့်အချိန် သူလည်း အကြောက်အလန့် ကင်းသွားပြီးဖြစ်၍

“ဟုတ်လားဗျာ့ သူကဘိုးလောကကြီးနောက်လိုက်ပြီး ဘာလုပ်တာတုန်း”

“ဘာလုပ်ရမှာတုန်းကွာ ပညာလာပြိုင်တာပေါ့ သူ့ခေါင်းပြတ်ကို မြေပေါ်ရောက်အောင်ပစ်ချနိုင်ရင် ငါနိုင်တယ် မပစ်ချနိုင်ရင် ငါရှုံးတယ်ပေါ့”

“ဟုတ်လားဗျာ့ ဒီလို အရှုံးအနိုင် သိတော့ရော ဘာဖြစ်တုန်း”

“ဘာဖြစ်ရမှာတုန်းကွာ ဒီလိုသူ့ကို နိုင်တဲ့လူတစ်ယောက်ရှိတော့ သူရွာထဲကလူတွေကို ပြုစားချင်တိုင်း မပြုစားရဲတော့ဘူးပေါ့”

“ဒါဆို ဘိုးလောကကြီးက ရွာထဲကလူတွေကို ကူညီနေတာပေါ့”

အနတ္တ သူ့အမြင်ကိုပြောလိုက်တော့ ဘိုးလောကကြီးက

“ဒီလိုလဲ မဟုတ်ပါဘူးကွာ ငါတို့အကြောင်းကို ရွာထဲကလူတွေ သိတောင်မသိဘူး”

ဘိုးလောကကြီး ထိုသို့ပြောလိုက်မှ သူလည်း သဘောပေါက်သွားပြီး ဤခေါင်းပြတ်စုန်းမကြီးသည်
သူ၏ပညာအဆင့်ကို သိလို၍ ဘိုးလောကကြီးကို နှစ်တိုင်း ပညာလာပြိုင်ချင်းဖြစ်ပြီး တကယ်လို့သူနိုင်သွားပါက ရွာထဲကလူများကို ပြုစားတော့မည်ဖြစ်သည်။

ဒါပေမဲ့ အခု သူ့ကိုနိုင်နေသော ဘိုးလောကကြီး ရှိနေ၍ သူထင်သလို လုပ်လို့မရပဲဖြစ်‌ေနပြီး ဘိုးလောကကြီးကိုလည်း တော်တော် စိတ်စိုးဒေါသထွက်‌ေနချင်းဖြစ်လိမ့်မည်။

ဒါကြောင့်ပင် သူ့ခေါင်းပြတ်ကြီး မြေပေါ်သို့ ပြုတ်ကြသွားသည့်တိုင်အောင် အလျှော့ပေးချင်စိတ်မရှိပဲ ဘိုးလောကကြီးကို စူးစူးရဲရဲ ပြန်ကြည့်နေချင်းဖြစ်သည်။

ထိုအခါမှ အနတ္တလည်း ဘိုးလောကကြီး အကြောင်းကို ပိုသိလာပြီး ရွာထဲက လူတွေထင်နေသလို စိတ်မနှံ့သူတစ်ယောက်မဟုတ်ပဲ သူထင်နေသလို လူထူးဆန်ကြီးတစ်ယောက်ဖြစ်မှန်း မြက်မြင်ကိုယ်တွေ့ သိလိုက်ရတော့သည်။

ထိုသို့ဖြစ် သူတို့နှစ်ယောက်လည်း သူတို့စထွက်လာသည့် ကျောင်းတံတားပေါ်ကိုပြန်ရောက်လာတော့

“ကဲ ကောင်လေး မင်းဒီလောက်ဆို ကျောင်းကိုပြန်ရဲပြီ မဟုတ်လားကွ”

ဘိုးလောကကြီး ထိုသိုပြောလိုက်တော့ သူလည်း

“ဘိုးလောကကြီးရော ကျောင်းလိုက်အိပ်မှာ မဟုတ်ဘူးလားဗျာ့ အချိန်လည်းနည်းတော့တာမဟုတ်ဘူး”

သူလည်း ညသန်းခေါင်အချိန် ကျော်သွားပြီဖြစ်၍ ဘိုးလောကကြီး ကျောင်းသို့လိုက်အိပ်မယ်ထင်ပြီး မေးလိုက်သည် ထိုအခါ ဘိုးလောကကြီးက

“မဟုတ်ဘူးကွ ငါသွားစရာရှိသေးလို့ သွားလိုက်ဦးမယ် အခုက မင်းမပြန်ရဲမှာဆိုးလို့ လိုက်ပို့တာ”

“ဟုတ်လားဗျာ့ ဒါနဲ့ ဒီအချိန်ကြီးရောက်မှ ဘိုးလောကက ဘယ်များ သွားစရာရှိသေးလို့တုန်း”

“ရှိတာပေါ့ကွ ဒီအချိန်ရောက်မှ ဒီနားက ပုဂ္ဂိုလ် သတ္တဝါတွေက အပြင်ထွက်တာ ငါလည်း သူတို့ထွက်လာတုန်း စကား‌ေလးဘာ‌ေလးသွားပြောရဦးမယ်”

“ကဲ ဒါဆိုလည်း ကျွန်တော်ပြန်တော့မယ်ဗျာ”

သူလည်း ဘိုးလောကကြီးကို နှုတ်ဆက်ကာ ကျောင်းကို ပြန်လာခဲ့လိုက်သည်။ထိုအချိန် ဘိုးလောကကြီးကတော့ သူတို့လာခဲ့သည့် လမ်းအတိုင်း တောင်ဝှေးကို တစ်ဒေါက်ဒေါက်ထောက်လျှက် ပြန်လည်ထွက်ခွါသွားတော့သည်။

ထိုသို့ဖြစ် အနတ္တ ကျောင်းကိုပြန်ရောက်တော့ တစ်ကျောင်းလုံး တိတ်စိတ်နေပြီဖြစ်ပြီး သူလည်း ဘုန်းကြီးကျောင်းသားများအိပ်သည့် သက်ကယ်မိုးကျောင်းလေးပေါ်သို့တက်၍ အိပ်လိုက်တော့သည်။

(၄)

ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ သူလည်း ကျောင်းရှိ ကိုရင် ဦးပဇင်းများနဲ့အတူ ရွာထဲသို့ ဆွမ်းခံလိုက်ခဲ့လိုက်သည်။

ထိုသို့ ဆွမ်းခံနေရင်း ရွာတောင်ပိုင်းရှိ ဒေါ်မယ်သုန်၏ အိမ်ရှေ့သို့ရောက်တော့ ညတုန်းက ဘိုးလောကကြီး ခေါ်လိုက်သည့် စုန်းခေါင်းပြတ်ကြီး၏ နာမည်ကို သတိရလိုက်ပြီး အိမ်ထဲသို့ အမှတ်မထင် ကြည့်လိုက်မိသည်။

ထိုအခါ မီးဖိုပြတင်းမှပေါက်မှနေပြီး ခေါင်းကြီးသာဖော်၍ သူ့ကို စိုက်ကြည့်နေသော ဒေါ်မယ်သုန်ကြီးကိုမြင်လိုက်ပြီး သူညတုန်းက တွေ့ခဲ့ရသည့် စုန်းခေါင်းပြတ်ကြီးနှင့်တူလွန်း၍ လန်ဖြတ်သွားမိသည်။

ဒေါ်မယ်သုန်ကြီးသည် ခေါင်းလျှော်ထား၍လားမ‌သိ ဆံပင်ကြီးကိုပါ ဖားလျှားချထားတော့ သူတွေ့ခဲ့သည့် စုန်းခေါင်းပြတ်ကြီးနှင့် ပိုတူနေပြီး မျက်နှာ ဖြူဖတ်ဖြူရော် မဖြစ်ချင်းသာ ကွာခြားသည်။ နောက်ပြီး သူ့ကိုကြည့်နေသော ဒေါ်မယ်သုန်၏ အကြည့်များသည်လည်း စူးရဲလွန်းလှပြီး စုန်းခေါင်းပြတ်ကြီးအတိုင်း ဖြစ်နေ၍ သူဆက်မကြည့်ရဲတော့ပဲ မျက်နှာလွှဲနေလိုက်သည်။

ထိုသို့ဖြစ် သူလည်း ထိုအိမ်ဝိုင်းရှေ့မှဖြတ်လာ‌ေနတုန်း ဒေါ်မယ်သုန်ကြီး ထိုင်နေသော အိမ်ပြုတင်းပေါက်ကို မသိမသာ စောင်းငဲ့ကြည့်လိုက်ပြန်သည်။သူထို့သို့ ကြည့်လိုက်တော့လည်း ဒေါ်မယ်သုန်ကြီးက သူ့ကိုလိုက်ကြည့်နေတုန်းပင် ရှိသေး၍ ညတုန်းက တွေ့ခဲ့ရသည့် စုန်းခေါင်းပြတ်ကြီးမှာ ဒေါ်မယ်သုန်ကြီးများ ဖြစ်နေမလားဟု တွေးထင်မိလိုက်သည်။

ထို့နောက် သူရွာထဲသို့ လှည့်လည်ဆွမ်းခံပြီး ကျောင်းသို့ပြန်ရောက်တော့လည်း ဒေါ်မယ်သုန်ကြီး သူ့ကို စိုက်ကြည့်နေသည့် မျက်နှာကြီးကိုသာ မြင်နေရပြီး ထိုအကြောင်းကို ဘိုးလောကကြီးအား ပြောပြရန် စိတ်ကူးထားလိုက်‌ေတာ့သည်။

 

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။