အဲဒီတော့ မင်းတို့က ဘယ်လိုဖြစ်ချင်လဲ” ” ကျွန်တော်တို့က ဒီခြံကိုရမှဖြစ်မယ်… ဒါကြောင့် ခြံထဲမှာ ဘာညာရှိတယ်ဆိုပြီး သတင်းခပ်သဲ့သဲ့လွှင့်ထားတယ်။ ကျွန်တော်တို့သတင်းလွှင့်ထားတဲ့အတိုင်း ဖြစ်အောင်လုပ်ချင်လို့ပါဆရာကြီး” အောင်မြင့်စကားကိုကြားတော့ ဆရာကြီးက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြီး ” မင်းတို့ဒီနေ့ရောက်လာတာ အတော်ကံံကောင်းတာပဲကွ” ” ဟင် ဘာဖြစ်လို့လဲဆရာကြီး’ ” ညကမှ ငါစီရင်ထားတဲ့ အကောင်တစ်ကောင်ရှိတယ်… မြေမနင်းအစီအရင်လို့ခေါ်တယ်။ မင်းတို့လိုချင်ရင်တော့ ပေးလိုက်မယ်.. ဒါပေမယ့် ကြေးတော့များမယ်နော်” ” ဆရာကြီးကလဲ ကိစ္စသာအဆင်ပြေမယ်ဆို ကျွန်တော်တို့ကလက်မတွန့်ပါဘူး.. ” ” အေး ခဏစောင့်” ဆရာကြီးက ဧည့်သည်တွေကိုစောင့်ခိုင်းပြီး ...

ဆယ်ပေလောက်ကျယ်တဲ့ဆူးခြုံတောကြီးကိုဖြတ်ပြီးတဲ့နောက်မှာတော့ သက်ခိုင်နဲ့တောက်ရတို့ပါးစပ်အဟောင်းသားဖြစ်ရလောက်တဲ့ထိ အံ့ဩသွားကြတယ်။ ” ဆရာ ဆရာ ဒီဆူးခြုံတောအနောက်မှာ ဘယ်လိုဖြစ်လို့ ဒီလိုမြက်ခင်းပြင်ရှိနေရတာလဲ ” အရှေ့မှာရှိတဲ့မြက်ခင်းပြင်ကိုကြည့်လိုက် ‌အနောက်မှာမြင်နေရတဲ့ ဆူးခြုံတောကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေတဲ့ သက်ခိုင်နဲ့တောက်ရကိုမြင်တော့ အောင်မြတ်သာက ” မင်းတို့အမြင်မှာ ဆူးခြုံတောကိုဖြတ်ရင် တောထဲပဲရောက်မယ်ထင်နေကြတယ်မဟုတ်လား တကယ်တော့ သာမန်အတွေးတွေနဲ့မမြင်နိုင် မကြားနိုင်တဲ့အရာတွေ ငါတို့လောကမှာအများကြီးရှိတယ် အချို့လူတွေဆိုရင် ကိုယ့်အနီးနားမှာရှိနေတဲ့ အလှတရားတွေကိုတောင်မမြင်နိုင်ကြဘူး ဒါကဘာကြောင့်လဲဆိုရင် မဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေက ခေါင်းထဲမှာကြီးစိုးနေလို့ပဲ မင်းတို့လဲ လူ့‌ပတ်ဝန်းကျင်မှာအနေကြာသွားတော့ ဒီလိုပဲတွေးဖြစ်ကြတာမဆန်းပါဘူး ” ” ဒါဆိုရင် ခုနကတွေ့ခဲ့တဲ့ ခြုံအနောက်မှာ အခုမြင်နေရတဲ့မြက်ခင်းပြင်ကတကယ်ရှိနေတာလား” ” အဓိကက ...

အခန်း(၃) ဇနီးမောင်နှံနှစ်ဦးမြင်မက်ခဲ့သည့် အိပ်မက်အတိုင်း သိပ်မကြာခင်အချိန်တွင် ချစ်စရာကောင်းပြီး ချောမောလှပသည့် မိန်းကလေးတစ်ဦးမွေးဖွား၏။မိန်းကလေး နာမည်အား နှင်းသစ္စာချိုဟု အမည်ပေးခဲ့သည်။နှင်းသစ္စာချိုလေး မွေးဖွားသည်နှင့် သာယာကုန်းရွာလေးသည် အလွန်ထူးခြားစွာပြောင်းလဲခဲ့သည်။ဆန်ရေ စပါး ပေါကြွယ်ဝကာ တစ်ရွာလုံးနီးပါး ဆင်းရဲတွင်းမှလွတ်ခဲ့သည်။ ဦးထွဋ်ခေါင်လည်း ဘုရားစေတီပုထိုးကျောင်းကန်များ လှူဒါန်း၍ ပတ်ဝန်းကျင်တစ်ခွင် ဂုဏ်သတင်းမွှေးခြင်းနှင့်အတူ နှင်းသစ္စာချိုလေး၏ ထူးခြားသော ဖြစ်ရပ်များသည်လည်း မယုံနိုင်စရာပင်။ပထမဆုံးထူးခြားချက်မှာ နှင်းသစ္စာချိုလေး မွေးဖွားသည့်အချိန် ကလေးငယ်တစ်ဦး၏တေးသွားပင်။နောက်ထူးခြားချက်မှာ နှင်းသစ္စာလေး၏ တစ်နှစ်ပြည့်မွေးနေ့တွင်ဖြစ်လေသည်။အားလုံးအလုပ်ရှုပ်၍ ကလေးအား ပုခက်တွင်တင်ထားစဉ်… “ကယ်ကြပါဦး ဟိုမှာမြွေ မြွေ” “ကျွန်မသမီးလေးကို မြွေကိုက်တော့မယ်ထင်တယ်” အားလုံးစိုးရိမ်တကြီးအော်ဟစ်နေကြစဉ်။ အိပ်မက်ထဲတွင်မြင်မက်ခဲ့သော ...

ဟာ၊ ဒါ့ကြောင့်ကိုးဗျ” “ဘုရားပျံဖြစ်မယ့်လူကို ကံကြမ္မာက ရွေးချယ်တဲ့ဆိုပေမယ့် အဲဒီကံကြမ္မာကို ငါကပဲဖန်တီးနေခဲ့တာပဲ၊ ဒါကြောင့် သာဒင်ရေ၊ မင်းဘုရားပျံဖြစ်ရမယ့်ကံကို ဘယ်တော့မှ သံသယမဖြစ်စမ်းပါနဲ့ကွာ” ဒီအခါ အမေးအမြန်းထူတဲ့ကျုပ်က ထမေးပါရောဗျာ။ “နေပါအုံး ဘရသေ့ရဲ့၊ ဘုရားပျံဆိုတာဘာလဲ ငထေရှင်ဆိုတဲ့လူကရော ဘာလဲဗျာ” “ဇာတ်ရည်လည်သွားအောင် အစအဆုံးရှင်းပြရတော့မကွာ၊ ဒီလိုကွ ငထေရှင်ဆိုတာ လူအစစ်မဟုတ်ဘူး၊ ဘီလူးပဲကွ၊ ဟိုးပုဂံခေတ် အလယ်လောက်ကပေါ့ကွာ၊ ပုဂံပြည်က အခုပုဂံနေရာမဟုတ်သေးဘူးကွ၊ တမ္ပဝတီလို့ခေါ်တဲ့ ပြည်ပဲရှိသေးတယ်၊ တမ္ပဝတီလို့ကို မင်းငခွေးဆိုတဲ့ မင်းကအုပ်ချုပ်နေတယ်ပေါ့ကွာ၊ ငထေရှင်ရဲ့အမေက သူကြွယ်တစ်ယောက်ရဲ့ကျွန်ပဲကွ၊ တစ်နေ့တော့ ကျွန်မကို ယာခင်းစောင့်ခိုင်းထားရင်း ...

သူတို့စကားပြောလာရင်း တောတန်းကလေးတစ်ခုကို ဖြတ်ကျော်လိုက်သည့်အချိန်တွင် ကွင်းပြင်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။ ထိုကွင်းပြင်ထဲ ခပ်လှမ်းလှမ်းတွင် ဇီးတောကြီးရှိသည်။ ယခုအချိန်တွင် ဇီးသီးများသီးနေတတ်သည်မို့ ကျော်ကြီးက ဖိုးမောင်ကို လက်တို့လိုက်သည်။ “ဒီအချိန် ဇီးသီးတွေ သီးနေလောက်ပြီကွ၊ ငါတို့ ဇီးသီးမှည့်တာတွေ ဝင်ခူးသွားကြရအောင်၊ ကျောင်းရောက်တော့ ဆားနဲ့တို့စားမယ်ကွာ” “ဖြစ်ပါ့မလားကျော်ကြီးရ၊ အဲဒီဇီးတောကြီးက သရဲအရမ်းခြောက်တယ်လို့ ကြားဖူးတယ်ကွ” “ဖြစ်ပါတယ်ကွာ၊ ငါတောင်အရင်က တစ်ယောက်တည်းသွားပြီးတော့ ဇီးသီးခူးနေကြပါ” ကျော်ကြီးခေါ်သဖြင့် ဖိုးမောင်လဲ လိုက်လာခဲ့ရသည်။ သူတို့ရွာက လူကြီးတွေမှာထားသည်က ထိုဇီးတောကြီးဆီသို့ မသွားကြဖို့ဖြစ်သော်လည်း အခုတော့ ကျော်ကြီးက အဖော်ခေါ်သဖြင့် ကြောက်ကြောက်နှင့်လိုက်လာမိသည်။ ဇီးတောကြီးထဲတွင် ...

တုံ့ပြန်သံကိုမူ မကြားရ။ ညင်သာသော ဇွန်းသံ ပန်းကန်သံများကို ကြားနေရ၍ လူနာကို အစာခွံ့နေမှန်း သိလိုက်သည်။ ဝမ်းထဲမှ ဟာသလိုလို ဖြစ်လာ၏။ သည်တစ်ကြိမ် မှာတော့ မျက်စိကို အားယူ၍ ဖွင့်လိုက်သည်။ ပတ်ဝန်းကျင်သည် ရုတ်တရက် ပြာဝေနေ၏။ တဖြည်းဖြည်း ကြည်လင် လာသောအခါမှ ဘေးဘီကို စောင်းငဲ့ ကြည့်မိ၏။ ကျွန်မ ထထိုင်ရန် ကြိုးစားလိုက်သည်။ မူးရိပ်ရိပ် ဖြစ်လာ၍ အသာပြန်လှဲ လိုက်ရပြန်သည်။ “ဟော ဟိုသူငယ်မ သတိရလာပြီ၊ သမီးရယ် သွားကူပြီး ထူပေး လိုက်ပါဦး” ...

ပေတူးသည် ပြောပြောဆိုဆို ဦးပေါစံနောက်လိုက်သွားလေ၏ ကျောင်းရှေ့လမ်းကိုလွန်ချိန်တွင် သူ့အား တစုံတယောက်မှ ကြည့်နေသည်ဟု ခံစားရသောကြောင့် နောက်သို့ ပြန်လှည့် ကြည့်လိုက်ရာ ဘုန်းကြီး ဦးတိလောကအား တွေ့လိုက်ရ ၏။ထို့နောက် ပေတူးသည် မကျွတ်မလွတ်သေးသော ဘုန်းကြီးအား ခေတ္တသာကြည့်လိုက်ပြီး သူသွားရမည့်လမ်းကိုသာ ဆက်သွားလိုက်ပါတော့သည် ။ ◾အခန်း (၂)    ပေတူးတယောက် ဦးပေါစံအနောက်သို့ ခပ်မြန်မြန်လိုက်လာရာ မကြာသောအချိန်တွင် မှီလေသည်။ပေတူး ရောက်လာသည်ကို သိသောအခါ ဦးပေါစံသည်    “ကောင်လေး မြန်တော့မြန်သား‌ပဲ “    “ဟုတ်တယ် ခပ်မြန်မြန်လျှောက်လာတာ ...

ပြုံးချို မင်း ဘယ်နွားပျောက်တာလဲ နွားပေါက်စလား “     “မဟုတ်ဘူး ဗျ စာဥပျောက်သွားတာ “     “ဟိတ်ကောင် အဲ့တာဆို သေချာလိုက်ရှာလေကွာ အချိန် ကြာ ရင် မကောင်းဘူး “     “ရှာနေတာပဲ ဦးတင်အုန်းရေ အခု မိုးချုပ်ခါနီးမို့ ပြန်လာတာ “     “မင်းနဲ့တော့ ခက်တယ်ကွာ အကြော်စားဖို့အတွက်နဲ့များ နွားပျောက်တာတောင် ထားခဲ့ပြီး လာရတယ်လို့ “     “ကိစ္စမရှိပါဘူးဗျာ ပြန်တွေ့ မှာပါ “     ...

ဟား၊ ဟား၊ ဟား၊ ဟား” ကျုပ်စကားလည်း ကြားရော အမေတို့ စ ကားဝိုင်းက အမေ့အသိတွေဆိုတာ ရယ် လိုက်ကြတာဗျာ “ခွပ်၊ ခွပ်၊ ခွပ်၊ ကဲဟယ် ပေါက်ကရတော် တော်ပြော၊ ပေါက်ကရ တော်တော်လုပ်တဲ့ အကောင်” အမေကတော့ ကျုပ်ခေါင်းကို တုံးမောင်း သုံးချက် ခေါက်ရောဗျို့။ “ဟဲ့ ထွန်းကြည် ဘာဖြစ်လို့တုံး” အမေ မေးလိုက်တော့ သံပြာကိုညွန့်က ပြန်ဖြေလိုက်တယ်။ “ဘထွေးထွန်းကြည် ဘာမှမဖြစ်ဘူးဗျ။ သူ့မိန်းမ ဆုံးလို့ ” “ဟေ …ဟုတ်လား၊ ...

ဂဝံလမ်းကြီးကိုရောက်ပါရောဗျာ၊ လှည်းက ဂဝံလမ်းပေါ်မှာ ဒေါင်းဒေါင်းပြေးသွားနေတာဆိုတော့ လှည်းပေါ်လိုက်တဲ့ ကျုပ်တို့မှာ ဆီးဖြူသီးကို စကောထဲထည့်ပြီးလှိမ့်သလို လူးလိမ့်နေတာပါပဲဗျာ၊ ဒီအရှိန်နဲ့လှည်းပေါ်က ပြုတ်ကျရင်မလွယ်ဘူးဗျ၊ ဒါကြောင့် လှည်းကိုသေသေချာချာကိုင်ထားရသေးတာ၊ ကျုပ်တို့လှည်းနောက်မှာ ထိုင်လိုက်တဲ့လူတွေသာ လူးလှိမ့်နေတာပါဗျာ၊ လှည်းဦးမှာ မတ်တပ်ရပ်ပြီး လိုက်လာတဲ့ ချောချောကတော့ တစ်ချက်ကလေးတောင်မှ မယိမ်းယိုင်ဘူးဗျ။ ဒီလိုနဲ့ နေမစောင်းတစောင်းအချိန်ကလေးမှာ ရွာကလေးတစ်ရွာကိုလှမ်းတွေ့လိုက်ရပါရောဗျာ၊ ရွာအပြင်ဘက် ကွင်းအစပ်အရောက်မှာပဲ လူတစ်စုက မတ်တပ်ရပ်နေကြသဗျ၊ ချောချောမောင်းလာတဲ့ နွားလှည်းကိုမြင်တာနဲ့ ဒီလူစုက လမ်းပေါ်ကိုတက်လာကြတယ်၊ ချောချောက ဘေးဖယ်လို့ပြောပေမယ့် ဒီလူတွေက မဖယ်ပါဘူးဗျာ။ နွားလှည်းက အနားကိုရောက်တယ်ဆိုရင်ပဲ ဒီလူစုရဲ့ခေါင်းဆောင်ဖြစ်မယ့် ...