ဟန်ကလည်း တင်အောင်အား သဘောကျနေခဲ့လေသည်။ “ဆရာဘိုးဟန်… တနေ့က ခရီးထွက်တယ်ဆိုဗျ” “ဟုတ်ပါ့ တင်အောင်ရာ…။ ဆရာလည်းသွားရမယ့်ခရီးကိုအလောကြီးနေလို့ မောင်ရင့်ကိုတောင်မပြောမိဘူး။ ဒါနဲ့ဆရာကိုမောင်ရင်လာရှာသေးတယ်ဆို…ဘာကိစ္စများအရေးကြီးလို့တုန်း ပြောပါဦး” ဘိုးဟန်နှင့်တင်အောင် တို့ အိမ်ရှေ့ခန်း၌ စကားပြောနေကြသည်။ တင်အောင်ကလည်း ဘိုးဟန်ကိုပြောစရာရှိဟန်တူ၏။ ဘိုးဟန်ကိုကြည့်၍… “ကျုပ်…ဆရာကိုအပူကပ်စရာရှိတယ်ဗျာ…” “ဟေ…ဘာများတုန်း…။အထူးအဆန်းပါလားကွ” ဘိုးဟန်အံ့သြနေသည်။ သူကိုအမြဲပေးကမ်းတတ်သော တင်အောင်တစ်ယောက် မည်သည်ကိုအပူကပ်ချင်မှန်းသူစဥ်းစားမရခဲ့။ ဘိုးဟန် သူ၏ အဆီတဝင်းဝင်းမျက်နှာကြီးနှင့် မျက်ခုံးကိုတွန့်ချိုးကာ စဥ်းစားနေတုန်း တင်အောင်က… “အခြားမဟုတ်ဘူးဆရာ…ကျုပ် တစ်ဖက်ရွာက ကောင်မလေးတစ်ယောက်ကိုသဘောအကျကြီးကျနေလို့ပါ” တင်အောင်၏စကားကိုကြားသောအခါ ဘိုးဟန်သည် ခပ်ပြုံးပြုံးမျက်နှာဘေးဖြင့်… “ဒါများတင်အောင်ရာ… မင်းလည်းပိုက်ဆံရှိသူဌေးသားပေပဲ… အဲ့တော့ ...
ဒီတစ္ဆေကိုအမြန်နှင်မှရမယ် မဟုတ်ရင် သူက လူတွေကိုသတ်လိမ့်မယ်… ဟေ့ကောင် ငါပြောတာကြားလား။” “ဟုတ်..ဟုတ် ကြားပါတယ် ..အစ်ကိုလေး… ကျုပ်..သွားတော့မယ်နော်။” ထိုအခိုက် အေးစက်နေသောလက်ကြီးတစ်ဖက်က သူ၏ခြေထောက်ကို လာကိုင်သောကြောင့် သာရတစ်ယောက် ဝုန်းခနဲထ၍ အမေရေတနေ၏။ “ဟေ့ကောင် သာရ.. မင်းအဖေငါဟ။” “ဟာဗျာ အဘကလည်း… လူကိုလန့်သွားတာပဲ… လက်ကလည်းအေးစက်စက်နဲ့။” “ငါရေလာချိုးတာ.. .. ရေချိုးပြီးလို့ အိမ်ပေါ်တက်မလို့လုပ်တုန်း… မင်းကယောင်ကတန်းနဲ့ ပြောနေတာတွေ့တာနဲ့ လာနှိုးတာဟ။” “ကျုပ် အိပ်မက်မက်နေတာအဘရ… ကျုပ်အိပ်မက်ထဲမှာလေ… အစ်ကိုလေးမင်းနိုင်က ဟေ့ကောင်သာရတဲ့ ...
လင်ပန်းတချပ်နှင့်သယ်လာပြီးနောက် စားပွဲခုံပေါ် တင်လိုက်ပြီး သူမသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။ထိုအခါ ဦးဖိုးဝေသည် “ကလေးမ လာ လာ ဒီတန်းလျားပေါ် ထိုင်ပါကွယ် “ “ဆရာကြီးတို့နဲ့ တတန်းတည်းမထိုင်ဝံ့ပါဘူး” “မဟုတ်တာ လာ လာ ထိုင် ဦးကြီးစကားကိုနားထောင်မယ်လို့ ထင်တယ်” ဦးဖိုးဝေမှ လှယမင်းမငြင်းနိုင်လောက်သော စကားကိုဆိုလိုက်သည့်အတွက် သူမ မငြင်းသာတော့ပဲ ဦးဖိုးဝေတို့နှင့် မျက်နှာချင်းဆိုင်တန်းလျားတွင် ၀င်ထိုင်လိုက်သည်။ထို့နောက်ဦးဖိုးဝေသည် “ကလေးမရဲ့အမနဲ့အဘ ဘယ်သွားကြလဲ မတွေ့ပါလား” “အလှုအတန်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ ...
ဖြင့် အောက်ခြေလွတ်လျက် ငွေကိုရေလိုသုံးကြလေသည်။ မိခင်အမာကလဲငြိုငြင်းဖူးသည်အလျဉ်းမရှိ သားသမီးတွေတောင်းသလောက်ပေးလေသည်။ ယောက်ျားနာမည်မှာဦးထားလူဖြစ်ပြီး ဒေါ်အမာထက် အသက်ဆယ်နှစ်မျှငယ်လေသည်။ ဒေါ်အမာသည် အသက်၅၀တင်းတင်းပြည့်ပြီးဖြစ်ကာ ဦးထွန်းလူသည်အသက်အားဖြင့်လေးဆယ်တန်းမို့ အရွယ်ကောင်းတုန်းဖြစ်လေသည်။ ဒေါ်အမာသည် ယောက်ျားငယ်ငယ်အားရထားသဖြင့် ညားသည်မှစယခုအချိန်ထိဦးထားလူအားဘာမှ မယ်မယ်ရရခိုင်းဖူးသည်မရှိသဖြင့် အသက်ထက်အရွယ်တင်လွန်းသောဦးထွန်းလူသည် လက်ကြောမတင်း နောက်ကွယ်မှာခြေရှုပ်လေသည်။ ကာရာအိုကေဆိုင်မှ အမျိုးသမီးတစ်ယောက်နှင့် ခြေရှုပ်နေကာ ဒေါ်အမာရှာထားသောစည်းစိမ်များကို မယားငယ်လေးအတွက်နှမြောတွန်တိုခြင်းမရှိ အမ်းနေသဖြင့်ဒေါ်အမာကြီးကတော့ လုံးလုံးနွားမကြီးဖြစ်လို့နေလေသည်။ သားသမီးများကလဲလုံးလုံးမှမလိမ်မာ။ မိခင်ကြီးစျေးမှပြန်လာသော်လဲ ရေခပ်တိုက်ဖို့နှိပ်ပေးဖို့ဝေးစွ။ မောလာသည်လားပင်မေးဖော်မရကြချေ။ ပိုက်ဆံလိုလျှင်တော့ အနားကပ်လာပါသည်။ သို့ပေတိ သားသမီးတွေအနားကပ်ရင်ကိုကျေနပ်ရပြီမို့ အကျီအတွင်းအိတ်ကပ်ထဲက သောင်းတန်တွေအား ဟောသလို ဟောသလိုထုပ်ပေးလေသည်။ ပြီးနောက်တွင်တော့ လိုချင်တာရသွားပြီဖြစ်၍ထသွားကြသောသားသမီးများရဲ့ကျောပြင်အားကြည့်ကာ ...
၊ အဲဒါမင်းလိုက်ခဲ့မလား” အကိုကြီးစကားတောင်မဆုံးသေးဘူး ကျုပ်က အိပ်ရာထဲကနေ ငေါက်ခနဲကောက်ထိုင်လိုက်ပြီးပြီ။ အခုတလော အသားဓါတ်လိုနေတာကြာပြီဗျ၊ အိမ်မှာလည်း တစ်နေ့တစ်နေ့ ပဲဟင်း၊ ငရုတ်သီးထောင်း၊ ခရမ်းချဉ်သီးငါးပိချက်လောက်နဲ့ပဲ နှစ်ပါးသွားနေရတာ၊ အသားဆိုလို့ ငါးပိကောင်တို့၊ ငါးခြောက်တို့လောက်ပဲစားရတာဆိုတော့ အဆီဝင်းဝင်းနဲ့ အိအိစိုစိုယုန်သွားကို မျက်လုံးထဲမြင်ယောင်လာပြီးတော့ ငေါက်ခနဲကိုထိုင်လိုက်မိတာ။ ဒီလိုနဲ့ အကိုကြီးနဲ့ကျုပ်နဲ့ ညကြီးမင်းကြီး ယုန်လိုက်ထွက်ဖို့ ထလာခဲ့ကြပါရော။ အမဲလိုက်ဖို့အတွက်ကတော့ ပုဆိုးစုတ်တစ်ထည်ပုခုံးပေါ်တင်၊ လွယ်အိတ်ကြမ်းတစ်ယောက်တစ်အိတ်စီလွယ်ပြီး မှိန်းတစ်ယောက်တစ်ချောင်းကိုင်လိုက်ရင် ပြီးပါပြီ၊ အကိုကြီးကတော့ တစ်တောင်လောက်ရှိတဲ့ ဓါးမလေးခါးကြားမှာထိုးလိုက်တယ်၊ ညဆိုတော့ တစ်ခုကောင်းတာက ဦးထုပ်တွေဘာတွေယူစရာမလိုဘူး၊ မှိန်းကတော့ ယုန်ထိုးဖို့ပေါ့၊ ကျုပ်တို့အညာဘက်တော့ ...
ဆေးဖိုးခနဲ့ဘဲကုန်နေတာ သမီးသိတဲ့အတိုင်းပဲမဟုတ်လား ” ကိုလှဆောင်သည် အသက် လေးဆယ်ကျော်မှ သာ အိမ်ထောင်ကျသူဖြစ်သည်။အိမ်ထောင်ကျသော်လည်း အိမ်ထောင်သက် ဆယ်နှစ်ကျော်မှ သမီးမိန်းကလေးတစ်ယောက်ထွန်းကားခဲ့သည်။ထို့ကြောင့် သမီးလေးနာမည်ကို မိနှောင်းလို့သာ အလွယ်တကူပေးထားလိုက်၏။ယခု မိနှောင်း၏အသက်ပင် ဆယ့်ရှစ်နှစ်ပြည့်ခဲ့ပြီ။မိနှောင်းသည် ရွာအနောက်ပိုင်းမှ ရန်ကုန်တွင်နေသည့် အပျိုကြီးမြသွေးနှင့်အတူ တောင်ဥက္ကလာပဘက်ကို အလုပ်လုပ်မည်ဟုဆိုကာလိုက်သွားခြင်းဖြစ်သည်။မြသွေးသည် ရွာမှတက်၍ ရန်ကုန်မှာ အလုပ်လုပ်နေသည်မှာ ငါးနှစ်ခန့်ရှိလေပြီ။ရွာကိုအလည်လာခိုက် မိနှောင်းနှင့်တွေ့ကာ ခေါ်သွားခြင်းဖြစ်သည်။ သမီးတစ်ယောက်သာရှိသော်လည်း သမီးလေး၏အနာဂတ်အရေးဖြစ်သည့်အတွက် ကိုလှဆောင်တို့လင်မယားနှစ်ယောက် မထည့်ချင်ဘဲ ထည့်လိုက်ရသည်။ အခန်း (၂) မိနှောင်း အဖေနှင့်အမေ့ကိုသတိရသည်။တောင်ဥက္ကလာပရောက်နေသည်မှာလည်း ငါးရက်ရှိပြီ။ရန်ကုန်ရောက်လျှင် ရောက်ရောက်ခြင်းအလုပ်လုပ်ရမည်ဟုပြော၍သာ မိနှောင်းလိုက်လာခြင်းဖြစ်သည်။ အလုပ်မရသေးသည့်အခါ ...
နေရတာ၊ အသားဆိုလို့ ငါးပိကောင်တို့၊ ငါးခြောက်တို့လောက်ပဲစားရတာဆိုတော့ အဆီဝင်းဝင်းနဲ့ အိအိစိုစိုယုန်သွားကို မျက်လုံးထဲမြင်ယောင်လာပြီးတော့ ငေါက်ခနဲကိုထိုင်လိုက်မိတာ။ ဒီလိုနဲ့ အကိုကြီးနဲ့ကျုပ်နဲ့ ညကြီးမင်းကြီး ယုန်လိုက်ထွက်ဖို့ ထလာခဲ့ကြပါရော။ အမဲလိုက်ဖို့အတွက်ကတော့ ပုဆိုးစုတ်တစ်ထည်ပုခုံးပေါ်တင်၊ လွယ်အိတ်ကြမ်းတစ်ယောက်တစ်အိတ်စီလွယ်ပြီး မှိန်းတစ်ယောက်တစ်ချောင်းကိုင်လိုက်ရင် ပြီးပါပြီ၊ အကိုကြီးကတော့ တစ်တောင်လောက်ရှိတဲ့ ဓါးမလေးခါးကြားမှာထိုးလိုက်တယ်၊ ညဆိုတော့ တစ်ခုကောင်းတာက ဦးထုပ်တွေဘာတွေယူစရာမလိုဘူး၊ မှိန်းကတော့ ယုန်ထိုးဖို့ပေါ့၊ ကျုပ်တို့အညာဘက်တော့ အိမ်တစ်အိမ်မှာ ယောက်ျားလေးဘယ်နှယောက်ရှိသလဲဆိုတာကို နံရံမှာထိုးထားတဲ့မှိန်းကြည့်ရင် သိနိုင်တယ်ဆိုပဲ၊ မှိန်းက လှံထက်သေးတယ်၊ မှိန်းအသွားက လှံသွားလိုငှက်ပြောဖူးပုံစံမဟုတ်ဘဲ တစ်ဖက်ကအဖြောင့် အသွားတစ်ဖက်ကတော့ အချွန်အလျှောပေါ့၊ အဲဒီအလျှောထိပ်မှာ သားကောင်ကိုစိုက်ပြီး ...
ပြုစားခိုင်းချင်ဖြစ်မှန်းသိလိုက်ပြီး “မလုပ်ပါနဲ့ဗျာ သူတို့ဟာသူတို့ အေးအးဆေးဆေးနေပါစေ ကျွန်တော်လည်း အလုပ်မရှုပ်ချင်ဘူး” “ဘာအလုပ်မရှုပ်ချင်ဘူးတုန်း နင်အလုပ်မရှုပ်ချင် ငါခုတ်လိုက်ရမလား အဲ့ဒါဆို တစ်သက်လုံးအလုပ်မရှုပ်တော့ဘူး” “အဲ့လိုကြီးလဲ မလုပ်ပါနဲ့ဗျာ ပြုစားဆိုလဲပြုစားပါမယ် ဒါနဲ့ ကျွန်တော်ကပြုစားပြီးဘာလုပ်ရမှာတုန်း” “တစ္ဆေသရဲဖြစ်ပြီး တော်တော် အ ပါလား ပြုစားပြီးပြန်လွှတ်ပေါ့ဟဲ့” “ဒါများဗျာ အလုပ်ရှုပ်အောင် ပြန်လွှတ်ရမယ့်အတူတူ ပြုစားမနေနဲ့” တစ္ဆေပုထို့သို့ပြောလိုက်တော့ ဆရာမွှားသူလုပ်မည့် အစီအစဉ်ကို ပြောပြလိုက်သည် “ဒီလိုလေကွာ မင်းပြုစားထားတုန်း ငါသူတို့ကုစားပေးလိုက်မယ် ငါကုစားပြီးရင် မင်းကပြန်လွှတ်လိုက် အဲ့ဒါဆိုသူတို့လည်း ရောဂါပျောက်ငါလည်းပိုက်ဆံရ အဆင်မပြေဘူးလား” “မပြေဘူးဗျာ့ ကျုပ်အတွက်ကြတော့ ဘာမှမပါပဲ ...
အဘယ်သို့ ကူရမည်နည်း ဟုမေးလာ၍ စေတနာသဒ္ဓါ ထက်သန်နေသော ဦးအုန်းသည် မည်သည့်အလုပ်ကိုမှ မကူစေပဲ အေးအေးဆေး ဆေးသာ နားနေကြရန် နှင့် ပင်ပန်းလာသော သူတို့အား ပြုစုပေးပါမည်ဟု စကားကျွံထားမိ၏။ထိုစကားကြားပြီးသောအခါ မောင်ဘိုးထင်တို့သည် ကူလက်စများကို ပစ်ထားခဲ့၍ စေတနာအနည်းငယ် ပျက်သွားခြင်း ဖြစ်၏။သို့ပါသော်လည်း ပေတူးမှာ မန္တန်ဝိဇ္ဇာကို အမြဲ သတိပေးနေသောကြောင့်သာ တော်ပေသေးသည်။မကြာခင်မှာပင် မောင်ဘိုးထင်တို့သည် ဦးအုန်း တည်ခင်းဧည့်ခံသော ကြက်သား၊အမဲသား၊ဝက်သားစသဖြင့် အမယ်စုံလှသော ဟင်းများအား လက်ကျန်မရှိတော့သည်အထိ ခေါင်းမဖော်တမ်း အားပေးလိုက်ကြပါလေတော့သည် ။ ◾အခန်း (၃) ...
ငယ်သူငယ်ချင်းကဲ့သို့ ခင်မင်ရင်းနှီးသွားခဲ့ကြသည်။ သည့်နောက် ကျွန်တော့်အတွက် ဗဟုသုတအတွေ့ အကြုံလေးများရရန်၊ စာရေးကွက်ရရန်အလို့ငှာ သူအမဲပစ်ထွက်တိုင်း ခေါ်ပါသည်။ ယခုလည်း သူနှင့် ကျွန်တော်သည် အမဲကြီးပစ်ရန်အတွက် ဥက္ကံ ချောင်းဖျားသို့ ရောက်ခဲ့ကြပြန်တော့သည်။ မီးလောင်ကုန်းကျေးရွာတွင်နေသည့် မုဆိုးကြီးစောနယ်လ်ဆင်ကို ဝင်ခေါ်ခဲ့ကြသည်။ ယခင်က သူ့မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်။ မြိုင်သာယာမှ မုဆိုး“မြင့်မောင်” ဖြစ်၏။ မြိုင်သာယာတစ်ဝိုက်တွင် တစ်ချက်တစ်ကောင် မြင့်မောင်ဆိုလျှင် မသိသူမရှိ။ ယခုတော့ သူမရှိလေတော့။ မုဆိုးတောမှောက်ခံရပြီး သားကို သားကောင်ထင်ကာ ပစ်မိခဲ့သဖြင့် အုတ်နံရံလေးဘက်ကြားသို့ ရောက်နေခဲ့ရချေပြီ။ မုဆိုးမြင့်မောင်ထံမှ သားကောင်ခြေရာကောက်လိုက်ခြင်း အတတ်ပညာကို ကျွန်တော်က ...