လမ်းမှန်သန်းအေး

ကြည့်ကာ စိတ်ညစ်နေသည်

သို့သော် သူဤအတိုင်းထိုင်ပြီး စိတ်ညစ်နေ၍မရ သန်းအေး၏ ရက်လည်ဆွမ်းသွပ်ပြုလုပ်ဖို့အတွက်လည်း ငွေကလည်းလိုနေသည်။

ထို့ကြောင့် သူ ဤရွာထဲ၌ရောင်းမကုန်သေးသော အမဲသားများကို ထိမ်ပင်ရွာသို့ သွားရောက်ရောင်းချရန်
ဆုံးဖြတ်လိုက်သည် ဒါကြောင့် ဒေါ်လုံးအမဲသားတောင်းကြီးကို ‌ခေါင်းပေါ်ရွက်လိုက်ပြီး ဆယ့်နှစ်နှစ်အရွယ် သူ၏သားငယ်ကိုခေါ်ကာ အိမ်မှထွက်ခဲ့လိုက်တော့သည်။

(၂)

ဒေါ်လုံး ထိုသို့ အမဲသားတောင်းကြီးရွက်ပြီး သူ့မောင်လေး၏လက်ကိုဆွဲကာ ရွာထဲမှထွက်လာတာကို ရွာဘက်သို့ကြည့်နေသော သန်းအေး လှမ်းမြင်လိုက်တယ် သူရုတ်တရက် မန်းကျီးပင်ပေါ်မှဆင်းပြီး သူ့အမေနဲ့သူ့မောင်လေးဆီကို ပြေးသွားဖို့ပြင်လိုက်တယ်

ဒါပေမဲ့ သန်းအေးတစ်ယောက် သူဟာ လူသားတစ်ယောက်မဟုတ်ပဲ သရဲတစ္ဆေတစ်ကောင်ဖြစ်နေတာကို သတိထားမိလိုက်ပြီး သူ့အမေနဲ့မောင်လေး သူ့ကိုမြင်ပြီး ကြောက်ရွံ့ထိတ်လန့်သွားမှာ စိုးရိမ်သွားမိလိုက်သည်

ဒါကြောင့် သူ မသွားတော့ပဲ သူနေသည့် မန်ကျီးပင်အောက်မှသာ ရပ်ပြီး သူတို့နှစ်ယောက်ကို ကြည့်နေလိုက်သည်

ဒေါ်လုံးတို့သားအမိနှစ်ယောက်သည် သူနေသည့် မန်ကျီးပင်ရှိရာ လှည်းလမ်းအတိုင်း လာနေကြခြင်းမဟုတ်ပဲ လယ်ကန်သင်းရိုးလမ်းလေးအတိုင်းသွားနေကြခြင်းဖြစ်သည်

သန်းအေးတစ်ယောက် သူမရှိတော့၍ အရွယ်မရောက်သေးသော သူ့မောင်လေးကို အားကိုးနေရသည့် သူ့အမေဒေါ်လုံးကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိသည်

ဒါပေမဲ့ သူလည်းဘာမှမတတ်နိုင် ဤအတိုင်းသာ မန်ကျီးပင်ကြီး‌ေအာက်မှ‌ေနပြီး သူတို့နှစ်ယောက်ကိုမျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်။

သူထိုသို့ကြည့်နေရင်း ဒေါ်လုံးတို့သားအမိ သူ့မြင်ကွင်းအောက်ကပျောက်သွား‌ေတာ့မှ မန်ကျီးပင်ပေါ် ပြန်တက်ကာ သူတို့နှစ်‌ေယာက်ရွာသို့ပြန်လာမည့်အချိန်ကို စောင့်‌နေလိုက်သည်။

သန်းအေး ထိုသို့စောင့်နေချိန်ံ၌ ဒေါ်လုံးတို့သားအမိ နှစ်ယောက် အမဲသားရောင်းရန် ထိမ်ပင်ရွာသို့ရောက်သွားပြီးဖြစ်သည် သူတို့နှစ်‌ေယာက် ထိမ်ပင်ရွာထဲကိုရောက်တော့ မွန်းလွဲနှစ်နာရီပင်ထိုးနေ‌ေပပြီ သူလည်း နားပင်မနားနိုင်ပဲ ထိမ်ပင်ရွာထဲ၌ အမဲသားများကိုလှည့်လည် ရောင်းချလိုက်သည်

ဒေါ်လုံးတို့သားအမိ ထိုသို့ ထိမ်ပင်ရွာထဲ၌ ရောင်းချရင်း ညနေလေးနာရီထိုးတော့ ပါလာသည့်
အမဲသားများကုန်သလောက်ဖြစ်သွားပြီး သူ့တောင်းထဲ၌ အမဲသားငါးဆယ်သားလောက်သာ ကျန်တော့သည်

ဒေါ်လုံးလည်း ထိုကျန်နေသေးသည့် အမဲသားငါးဆယ်သားကို ဆက်မရောင်းတော့ပဲ ညစာအတွက် အိမ်အပြန်ချက်ရန်ချန်ခဲ့ပြီး ရွာသို့ပြန်ခဲ့လိုက်တော့သည်။

ဒေါ်လုံးတို့သားအမိ ထိမ်ပင်ရွာထဲမှပြန်ထွက်လာတော့ ညနေလေးနာရီပိုပိုရှိပြီဖြစ်သည် ဤအချိန်လောက်ပြန်မှသာလျှင် သူတို့ပြန်ရမည့် သလဲကုန်းရွာသို့ သိပ်မိုးမချုပ်ခင်ရောက်မည်ဖြစ်သည်

ဒေါ်လုံး ထိမ်ပင်ရွာထဲကထွက်သည်နှင့် သူတတ်သမျှမှတ်သမျှ ဘုရားစာတရားစာများကို နှုတ်မှတဖွဖွရွတ်ဆိုလာခဲ့သည် ဒီအချိန် သူ့အတွက်အားကိုးစရာဆိုလို့ ဘုရားတရားသာရှိပြီး ဆယ်နှစ်နှစ်အရွယ်သားငယ်ကတော့ ဘာမမသိတတ်သေး

ဒေါ်လုံးတို့သားအမိနှစ်ယောက် ထိမ်ပင်ရွာမှထွက်လာချိန်တွင် သန်းအေးတစ်ယောက်ကတော့ သူတို့ပြန်လာကြမည့် လူသွားလမ်းလေးဆီကို တမျော်မျော်နှင့် ကြည့်နေမိသည်

သန်းအေးထိုသို့ကြည့်နေရင်း ညနေ နေဝင်ရီတရောအချိန်၌ တောစပ်လူသွားလမ်းလေးမှနေပြီး လယ်ကန်သင်းရိုးလမ်းလေးပေါ်သို့ သုပ်သုပ် သုပ်သုပ်နှင့်ထွက်လာသော သူအမေနှင့်သူ့မောင်လေးကိုမြင်လိုက်ရ၍ ဝမ်းသာသွားသည်။

သို့သော် သူ ကြာကြာဝမ်းမသာနိုင် အဘယ့်ကြောင့်ဆိုသော် သူ့အမေ ဒေါ်လုံးတို့သားအမိနှစ်ယောက်နောက်သို့
သရဲတစ္ဆေတစ်ကောင်လိုက်လာပြီး ဒေါ်လုံး၏ခေါင်းပေါ်မှာရွက်လာသော အမဲးသားတောင်းထဲသို့ လက်ဖြင့်နှိုက်ရန်ပြင်နေသည်ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ သန်းအေးတစ်ယောက် သူ့အမေနှင့်သူ့မောင်လေးအတွက် စိုးရိမ်သွားပြီး ထိုသူ့အမေနောက်မှလိုက်လာနေသော သရဲတစ္ဆကောင်ဆီသို့ တဟုန်ထိုးပြေးသွားလိုက်ပြီး လက်နဲ့တွန်းထုတ်လိုက်တယ် သူထိုသို့လုပ်လိုက်တော့ သူအမေနောက်မှ လိုက်လာသည့် သရဲတစ္ဆေကောင် ဘေးကိုယိုင်သွားပြီး သူကိဒေါတကြီးကြည့်နေတယ် ထို့နောက် သူ့ကိုနှောက်ယှက်သောသန်းအေးကို ဘေးသို့လွင့်စင်သွားအောင် ကိုင်‌ပေါက်ထုတ်လိုက်တယ်

ထို့နောက် သန်းအေးကို ဂရုမစိုက်တော့ပဲ ဒေါ်လုံးနောက်ကိုသာပြီးဆက်လိုက်‌သွားသည် သန်းအေး သူ့ထက်အကောင်ကြီးသည့် သရဲတစ္ဆေကောင်ကြီး၏ ကိုင်ပေါက်တာကိုခံလိုက်ရပြီး အဝေးကိုလွင့်စင်သွားရမှ သူ့အမေနောက်ကို ထိုသရဲတစ္ဆေ‌ေကာင်ကြီး ဆက်လိုက်နေတာမြင်တော့ လူးလဲထလိုက်ပြီး ထိုသရဲတစ္ဆေကောင်ကြီး၏နောက်ကို ပြေးလိုက်သွားပြန်သည်

ထို့နောက် ထိုသရဲတစ္ဆေကောင်ကြီး၏ နောက်ကျောပေါ်သို့ခုန်တက်ကာ ကိုယ်လုံးကိုခြေထောက်နှစ်ဘက်ဖြင့် ခွညှပ်လိုက်ပြီး လက်‌ေမာင်းနှစ်ဖက်ဖြင့် ထိုသရဲတစ္ဆေကောင်၏လည်ပင်းကို ဖြစ်ညှစ်ထားလိုက်သည်
သန်းအေးထိုသို့လုပ်ထားရင်း သူ၏ပါးစပ်မှလည်း ဒေါသစိတ် ဝမ်းနည်းစိတ်တို့ကြောင့် တဝူးဝူးတဝါးဝါးအော်နေမိသည် သူထိုသို့လုပ်ထားတော့ သရဲတစ္ဆေကောင်ကြီး
ဒေါ်လုံးနောက်ကိုဆက်မလိုက်နိုင်တော့ပဲ သူ့ရဲ့ကျောကိုခွစီးထားတဲသန်းအေးကို ဒေါ်သတကြီးအော်ရင်း ဖယ်ချနေတယ် သန်းအေးလည်းသူထက်ကြီးသော သရဲတစ္ဆေကောင်ကြီးကို မလွှတ်တမ်းချုပ်ထားပြီး လယ်ကန်သင်းလမ်းလေးအတိုင်း ရွာဘက်ကိုသွားနေသည့် သူ့အမေနဲ့သူ့မောင်လေးကိုကြည့်နေမိတယ်

သူထိုသို့ကြည့်နေရင်း သူ့အမေနှငိ့သူ့မောင်လေး ရွာထဲကိုဝင်ရောက်သွားတာမြင်တော့မှ သူခွစီးထားသည့် သရဲတစ္ဆေကောင်ကြီး၏ကျောပေါ်မှ ခုန်ချလိုက်ပြီး သူနေသည့်မန်ကျီးပင်ရှိရာသို့ ပြေးထွက်သွားလိုက်သည်

ဒါပေမဲ့ သူ သရဲတစ္ဆေကောင်ကြီး၏လက်မှလွတ်အောင်မပြေးနိုင် သူထိုသို့ခုန်ချထွက်ပြေးလိုက်သည့်နှင့်
သရဲတစ္ဆေကောင်ကြီး သူရဲ့ကျောကိုရိုက်တာခံလိုက်ရသည် သန်းအေး နာကျင်လွန်းလှပေမဲ့ အားခြင်းမမျှ၍ ပြန်ခံမချရဲ ရှေ့သို့သာဆက်ပြေးနေသည်။

သို့သော် သူထက်ကြီးမားပြီးပို၍လျှင်မြန်သော သရဲတစ္ဆေကောင်ကြီး၏လက်မှလွတ်အောင်မပြေးနိုင် ထိုအကောင်ကြီး၏ နောက်မှလိုက်ရိုက်တာကိုသာ အလူးအလဲလိမ့်ခံနေရသည်။

သန်းအေး ထိုတစ္ဆေကောင်ကြီး နောက်မှလိုက်ရိုက်နေသည့်ကြားမှပင် သူနေထိုင်ရာမန်ကျီးပင်ဆီကိုရောက်အောင်ပြေးလာသည်

ဒါပေမဲ့ သူ့ကိုဒေါသတကြီးလိုက်ရိုက်နေသည့် သရဲတစ္ဆေကောင်ကြီးကလည်း သူနောက်မှထပ်ကြပ်မကွာ လိုက်လာပြီး သန်းအေးကိုမန်ကျီးပင်ပေါ်သို့ တက်မပြေးနိုင်အောင် ရိုက်နေသည်

သန်းအေးလည်းမန်ကျီးပင်အောက်၌ပင် ထိုသရဲတစ္ဆေကောင်ကြီးရိုက်တာကိုဆက်ခံနေရပြီး ပါးစပ်မှလည်းနာကျင်လွန်းလှ၍ တဝူးူးတဝါးဝါးအော်နေရသည်

ထိုသို့ သန်းအေး တစ္ဆေသရဲကောင်ကြီး၏ မညှာမတာရိုတ်နှက်တာခံနေရသည့်အချိန်၌ ကိုမြင့်ဆောင်တစ်ယောက် မနက်ဖြန်လယ်စိုက်ဖို့အတွက် ကောက်စိုက်မများကို‌ေခါ်ရန် လှည်းလမ်းလေးအတိုင်းရွာသို့ပြန်လာနေသည်

သူထိုသို့ရွာကိုပြန်လာနေရင်း လှည်းလမ်းဘေးရှိ သလဲကုန်းသုဿန်နားရောက်တော့ သန်းအေးအားမြှပ်နှံထားသည့် မြေပုံကိုမြင်ရတော့ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားရတဲ့ သန်းအေးအတွက် စိတ်မကောင်းဖြစ်မိသည်။

သူ သန်းအေး၏အသုဘကို လိုက်မပို့နိုင် ကိုမြင့်ဆောင် ထိုသို့ သန်းအေး၏မြေပုံကိုကြည့်ပြီး သန်းအေးအကြောင်း စဉ်းစားမိ‌ေနချိန် သုဿန်ဇရပ်သွပ်မိုးတို့သည် လေမတိုက်ပါပဲနှင့် တဝေါဝေါအသံတွေမည်ပြီး
ဆူညံနေသည်။

ကိုမြင့်ဆောင် ထိုအသံတွေကိုကြားလိုက်ရပြီး သန်းအေးများဖြစ်နေမလားဟူသောအထင်ဖြင့် လေးဂွကိုထုတ်ကိုင် ဇရပ်ထဲကိုကြည့်လိုက်သည်။

သို့သော် သူထင်သလိုသန်းအေးမဟုတ်ပဲ ထိုဇရပ်မှာနေသည့် ဗိုက်ကြီးသည်သရဲမ ဇရပ်အမိုးတိုင်ကိုကိုင်လှုပ်နေတာမြင်လိုက်ရသည်

ထိုသရဲမက ကိုမြင့်ဆောင်သူ့ကိုကြည့်နေတာမြင်တော့
လှည်းလမ်းဘေးရှိ ထန်းပင်ကြီးကို လက်ညှိုးညွှန်ပြ‌ေနသည်

ထိုဗိုက်ကြီးသည်သရဲမသည် ကိုမြင့်ဆောင် မနှင်းကိစ္စကိုကူညီပေးခဲ့သည့်အချိန်ကတည်းကပင် သူ့ကို သိနေပြီဖြစ်သည် အခုလည်း ထိုနေရာတွင် တစ်ခုခုဖြစ်နေသည်ကို ကိုမြင့်ဆောင်ကို သိစေချင်ပုံရသည်

ထိုကြောင့် သူ လေးဂွကို လွယ်အိပ်ထဲပြန်မထည့်ပဲ လက်မှဆုပ်ကိုင်လျှက် ထိုထန်းပင်ကြီးရှိရာသို့ ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်။

သူ ထိုထန်းပင်ကြီးနားသို့အရောက် ထန်းပင်ကြီးနား
အရောက် သရဲမတစ်ကောင်ကို တဘုန်းဘုန်းရိုက်နေသော တစ္ဆေသရဲတစ်ကောင်ကိုမြင်လိုက်ရသည်

ကိုမြင့်ဆောင်တစ်ယောက် အောက်ကနေပြီးဘာမှပြန်မလုပ်နိုင်ပဲ နာကျင်လွန်း၍တဝူးဝူးအော်နေရသည့် သရဲမကို မညှာမတာရိုက်နေသော သရဲတစ္ဆေကောင်ကြီးကိုကြည့်ပြီး ဒေါသဖြစ်လာသည်

ဒါကြောင့်သူ လက်ထဲ၌အသင့်ကိုင်လာသော လေးခွထဲသို့ ကပ္ပိယကြီးပေးထားသော ဆေးနီလုံးလေးထည့်ကာ ထိုသရဲတစ္ဆေကောင်ကြီးကိုပစ်လိုက်သည်။

ကိုမြင့်ဆောင်ပစ်လွတ်လိုက်သော ဆေးနီလုံးလေးထိမှန်သွားတဲ့ သရဲတစ္ဆေကောင်ကြီး နာနာကျင်ကျင်အသံကြီးဖြစ်အော်လိုက်ပြီး ကိုမြင့်ဆောင်ကိုပင်လှည့်မကြည့်
ပဲ ခြေဦးတည့်ရာသို့ ထွက်ပြေးသွာသည်

ထိုသရဲတစ္ဆေကောင်ကြီး ထွက်ပြေးသွားတော့မှ အရိုက်ခံနေရသောသရဲမသည် မြေကြီးပေါ်လဲနေရာမှထလာပြီး ကိုမြင့်ဆောင်ကိုကြည့်နေသည် ထို့နောက်

“ကျွန်မ ကိုမြင့်ဆောင်ကို ကျေးဇူးတင်ပါတယ်”

ကိုမြင့်ဆောင် သူ့နာမည်ကိုသိနေသော ထိုသရဲမကိုအံ့ဩနေမိသည် ဒါ့ကြောင့်

“နင် ငါ့ကို သိလို့လား”

ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ ထိုသရဲမက

“ကျွန်မသိပါတယ်”

“ဒါဆို နင်ကဘယ်သူတုန်း”

“ကျွန်မသန်းအေးပါ”

ထိုသရဲမသည် သန်းအေးဖြစ်‌‌ေနမှန်းသိ‌ေတာ့ ကိုမြင့်ဆောင် ပိုပြီးအံ့ဩသွားပြီး စိတ်မကောင်းဖြစ်မိပြန်သည်ထိုကြောင့် သူသန်းအေးကို ဘယ်လိုကြောင့် ဒီဘဝရောက်နေရတာကို မေးကြည့်လိုက်သည်

“သန်းအေး နင်ဘယ်လိုလုပ် ဒီဘဝကိုရောက်နေရတာတုန်း”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ သန်းအေးက

“ကျွန်မ မသေခင် ရွာသားတွေကြောင့် မြွေကိုက်ခံရတာဆိုပြီး မကျေနပ်ပဲ‌ေဒါသဖြစ်ခဲ့မိတယ် နောက်ပြီးကျွန်မ မရှိတော့ရင် အမေနဲ့မောင်လေးတို့နှစ်ယောက် ဒုက္ခရောက်ကြမှာကို တွေးပြီး စိုးရိမ်ပူပန်မိတယ် အဲဒီလိုစိတ်တွေနဲ့ကျွန်မသေခဲ့ရတော့ ဒီနေရာမှာပဲသရဲတစ္ဆေဘဝ ရောက်နေရတာပါ”

ကိုမြင့်ဆောင် သန်းအေး၏ စကားဆုံးတော့သူသိချင်တာကိုထပ်မေးလိုက်သည်။

“သန်းအေး နင့်ကိုစော‌စောက သရဲတစ္ဆေကောင်ကြီးက ဘာလို့ရိုက်နှက်နေရတာတုန်း နင်သူနေတဲ့နေရာကိုရောက်လာလို့လား”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ သန်းအေးက ထိုသရဲတစ္ဆေကောင်ကြီး သူ့ကိုဘာကြောင့် ရိုက်နှက်နေရသလဲဆိုတာကိုရှင်းပြလိုက်သည်။

ထိုအခါ ကိုမြင့်ဆောင် သန်းအေး ရှင်းပြတာတွေကို နားထောင်ပြီး သရဲတစ္ဆေဘဝနှင့်ပင် မအေနဲ့မောင်လေးကို စောင့်ရှောက်ပေးခဲ့သော သန်းအေးကိုကြည့်ပြီး စိတ်မကောင်းထပ်ဖြစ်ရပြန်သည် ဒါကြောင့်သူသန်းအေးကို မေးလိုက်သည်

“သန်းအေး နင်ဒီဘဝနဲ့နေပြီး နင့်အမေကို ဆက်ပြီးစောင့်ရှောက်ပေးဦးမှာလား”

သူထိုသို့မေးလိုက်တော့ သန်းအေးမည်သိုမျှမဖြေ ဒါ့‌ကြောင့်သူဆက်ပြီးတော့ သန်းအေးကိုပြောလိုက်သည်

“နင်ဒီလိုဘဝမျိုးရောက်နေတာ နင့်အမေသိရင်တော့စိတ်ကောင်းမှာမဟုတ်ဘူး”

သူထိုသို့ပြောလိုက်တော့ သန်းအေးက

“ကျွန်မအတွက် ရက်လည်ဆွမ်းသွပ်တဲ့နေရောက်ရင် ကျွန်မသာဒုခေါ်မှာပါ မသေခင်စိတ်ထားမတတ်ခဲ့လို့ ဒီလိုဘဝမျိုးရောက်နေရတာကို ကျွန်မမှားမှန်းသိပါပြီ”

“‌အေး ဒါဆိုရင် နင့်အတွက်ရည်စူးအမျှဝေတဲ့ နေ့ရောက်ရင် သာဒုခေါ်ဖြစ်အောင်ခေါ်လိုက်ပါ ဒါဆိုနင်ဒီဘဝက ကျွတ်လွတ်သွားမှာပါ”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး ရွာဘက်သို့ဆက်လာခဲ့တော့သည်။

(၃)

ထိုသို့ဖြင့် နောက်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင်တစ်‌ေယာက် ကောက်စိုက်သမများမရောက်ခင် တဲသို့စောစောပြန်ပြီး လယ်ထဲ၌ပျိုးဖတ်များကိုလိုက်ချနေလိုက်သည်။

သို့မှသာ ကောက်စိုက်သမများ ရောက်လာလျှင် အရန်သင့်စိုက်နိုင်မှာဖြစ်သည်။

သူထိုသို့ ပျိုးဖတ်များကို လိုက်ချနေရာ လယ်ကွက်သုံးကွက်လောက် အပြီးမှာတော့ ရွာထဲမှကောက်စိုက်သမများ ရောက်လာကြပြီး သူပျိုးဖတ်ချပြီးသား လယ်များကိုစတင်စိုက်‌ေနကြပြီဖြစ်သည်။

ကောက်စိုက်သမများ လယ်ထဲဆင်းပြီး ပျိုးပင်များကို စတင်စိုက်နေပျိုးကြပြီး သိပ်မကြာခင်မှာပဲ ဦးဖိုးခေါင်ကြီးနေသော ဥနှဲပင်ကြီးသည် တဗျောဗျောနှင့်လှုပ်ခတ်လာသည်။

ထိုသို့ ဥနှဲပင်ကြီးဆီက တဗျောဗျောအသံကိုကြားလိုက်ရတော့ ကောက်စိုက်သမများ ဆက်မစိုက်ရဲတော့ပဲ လယ်ထဲမှတက်ပြေးကြတော့သည်။

ကိုမြင့်ဆောင်လည်း ထိုအခါကြမှ လွယ်အိပ်ထဲမှ လေးဂွကိုကိုင်ကာ ဥနှဲပင်ကြီးကိုကြည့်ရင်း သို့ခပ်သွက်သွက်လျှောက်ခဲ့လိုက်သည်

သူထိုသို့လျှောက်လာတော့ ဦးဖိုးခေါင်ကြီးက ဥနှဲပင်ကြီးအောက်တွင်ရပ်ပြီး ကောက်စိုက်သမများဘက်ကို စူးစူးရဲရဲကြည့်နေတာမြင်လိုက်ရသည်

သူလည်းဦးဖိုးခေါင်ကြီး ဘာမြင်လို့ ကြည့်နေတာလဲသိရအောင် ကောက်စိုက်သမများဘက်ကို ပြန်ကြည့်လိုက်တယ် သူထိုသို့ကြည့်လိုက်တော့ ရွာထဲမှလာသော ကောက်စိုက်သမားများထဲမှာ သန်းအေးကိုပါမြင်လိုက်ရပြီး ဦးဖိုးခေါင်ကြီးကို သန်းအေးအား မောင်းမထုတ်ရန် ပြောလိုက်ရသည်

ထို့နောက် သူလည်း ကြောက်ရွံ့ပြီး ကောက်မစိုက်တော့ပဲ အိမ်သို့ပြန်ကြမည်လုပ်နေသည့် ကောက်စိုက်သမများထံပြန်လာပြီး ကောက်ပြန်စိုက်ရန် တောင်းတောင်းပန်ပန် ပြောလိုက်ရသည်

ထိုအခါမှ ကောင်စိုက်သမများလည်း လယ်ထဲသို့ဆင်းပြီးကောက်ပြန်စိုက်ကြသည်။

ကိုမြင့်ဆောင် ဦးဖိုခေါင်ကြီးကို သန်းအေးအား မောင်မထုတ်ရန် ပြောလိုက်ရခြင်းမှာ သန်းအေးကိုကိုယ်ခြင်းစာနာမိ၍ဖြစ်သည်

သန်းအေးသည် လူ့ဘဝတုန်းကလည်း ဤကဲ့သို့သော ကောက်စိုက်သမများနှင့်အတူ ရံဖန်ရံခါ ကောက်စိုက်လိုက်ဖူးပြီး ရွာထဲမှထွက်လာသော ကောက်စိုက်သမများကိုမြင်၍ သူလည်းထိုကောက်စိုက်သမများနှင့်အတူလိုက်လာခြင်းဖြစ်ပေလိမ့်မည်။

ထိုသို့ သန်းအေးသူတို့နှင့်အတူ လိုက်လာသည်ကို ကောက်စိုက်သမများက မမြင်နိုင်ပဲ သရဲတစ္ဆေတစ ်ကောင်ဖြစ်သော ဦးဖိုးခေါင်ကြီးက သရဲတစ္ဆေအချင်းချင်းမြင်လိုက်ရပြီး သူနေသော ဤနေရာသို့အလာမခံပဲ မောင်းထုတ်ရန်ပြင်‌ေနခြင်းပြီး ကိုမြင့်‌ဆောင် ပြောလိုက်မှသာ သန်းအေးကို မောင်းမထုတ်‌ေတာ့ပဲ ဤအတိုင်းထားလိုက်ခြင်းဖြစ်သည်

ထိုသို့ဖြင့် တဖြည်းဖြည်း နေ့လည်စာစားချိန်ရောက်တော့ မောင်စိုးသည် ကောက်စိုက်သများကို
ကျွေးရန်ထမင်းတောင်းကြီး ထမ်းပြီး တဲသို့ရောက်လာသည်

ကိုမြင့်ဆောင်လည်း လူတစ်ယောက်စာ ထမင်းနှင့်ဟင်းကို ငှက်ပျောဖက်ထဲတွင်ထည့်၍ သန်းအေး စားနိုင်ရန် ယာကွက်ခရိုးစပ်တွင် ပုံပေးထားလိုက်သည်။

ထိုသို့ဖြင် ညနေစောင်းတော့ ကိုမြင့်ဆောင်လည်း
ကောက်စိုက်သမများကို လှည်းနှင့်လိုက်ပို့ရင်း သန်းအေး၏ ရက်လည်ဆွမ်းသွပ်ကို လုပ်ကိုင်ကူရန် ရွာသို့ပြန်ခဲ့လိုက်တော့သည်

သန်းအေးလည်း တစ်လမ်းလုံး ကိုမြင့်ဆောင်၏လှည်းနောက်မှနေပြီး သူ‌နေသည့်မန်ကျီးပင်ရှိရာသို့ ပြန်လာခဲ့သည်

သူထိုသို့ လှည်းနောက်မှလိုက်နေရင်း လှည်း‌ေပါ်တွင် ပျော်ပျော်ပါးပါးစကားပြောနေကြသည့် သူ့သူငယ်ချင်းများကိုကြည့်ပြီး သူ့ဘဝကိုသူ ဝမ်းနည်းလာမိတယ်
ဒီလိုဘဝမျိုးမှာလည်း ဆက်မနေချင်တော့

သူ‌ လှည်းနောက်မှ လိုက်လာသည်ကို လှည်းပေါ်မှကောက်စိုက်သမများသည်သိရှိပုံမပေါ် မကြာခင် ရွာပြန်ရောက်တော့မည်ဖြစ်၍ အချင်းချင်းစကား‌ပြောရင်း ရယ်မောနေကြသည်

ကိုမြင့်ဆောင် တစ်ယောက်သာ လှည်းနောက်တွင် သူပါလာမှန်းသိပြီး လှည့်လှည့်ကြည့်တတ်သည်

ထိုသို့ဖြစ် သူနေသည့် မန်ကျီးပင်နားရောက်လာတော့ သန်းအေးရပ်လိုက်တယ် ဒါပေမဲ့ သူတရွေ့ရွေ့ရွာဘက်ကိုသွားနေသော လှည်းကိုကြည့်ပြီး
သူတစ်ယောက်တည်းမနေခဲ့ခြင်တော့ ဒါကြောင့်သူ လှည်းနောက်သို့သာ ဆက်ပြီးလိုက်သွားလိုက်သည်

ဒီလိုနဲ့ တဖြည်းဖြည်း ရွာနားသို့ရောက်လာပြီး ရွာထဲသို့
လှည်းဝင်သွားတော့ သန်းအေး ဆက်မလိုက်နိုင်တော့ပဲ ရွာအပြင်မှာသာ ရပ်ပြီးကျန်နေခဲ့ရသည် သန်း
အေး သူနေသည့်မန်ကျီးပင်ကို မပြန်သေးပဲ ရွာအပြင်တိုင်းပတ်ကာ ရွာထဲသို့ဝင်နိုင်ဖို့ကြိုးစားနေသည်

သူဒီလိုရွာပြင်အတိုင်း ပတ်သွားနေတာကို ရွာထဲရှိခွေးများမြင်တော့ သူ့ကိုဝိုင်းဟောင်ကြသည် ရွာအစွန်ရှိအိမ်များမှ လူတွေလည်း စိုးရိမ်ကြောက်လန့်နေကြတာကို မြင်နေရသည်

သူထိုသို့ ရွာကိုအကြိမ်ကြိမ်ပတ်နေတာမြင်တော့ ရွာစောင့်နတ်ကြီးထွက်လာပြီး

“သန်းအေး နင်ဒီလိုလုပ်နေတာ ရွာထဲကလူတွေ ကြောက်လန့်ယုံကလွဲပြီး ဘာမှဖြစ်လာမှမဟုတ်ဘူး နင်ကိုယ့်နေရာကိုပြန်သွားလိုက်တော့”

“ကျွန်မရွာထဲကိုခဏ‌ေလာက်ဝင်ချင်လို့ပါ”

“နင်ရွာထဲဝင်လို့မရတော့ဘူး သန်းအေး ဒါပေမဲ့ နင့်အတွက် ရက်လည်ဆွမ်းသွပ်တဲ့အခါကြရင်တော့ တရားနာပြီး သာဒုခေါ်နိုင်အောင် ငါဝင်ခွင့်ပြုမယ်
အဲဒီအချိန်ကြရင် နင်သာဒုခေါ်ဖြစ်အောင်ခေါ်ပါ ဒါမှနင်ဒီဘဝက ကျွတ်လွတ်နိုင်မှာ”

“ကျွန်မ ဒီဘဝမှာမနေချင်ပါဘူး သာဒုခေါ်မှာပါ အခုတော့ ကျွန်မအမေနဲ့ မောင်လေးကိုတွေ့ချင်လို့ ရွာထဲဝင်ဖို့
ခွင်ပြုပေးပါ”

“နင် ဒီလိုပုံနဲ့ အိမ်ပြန်လိုက်လို့ မတော်တဆနင့်အမေမြင်သွားရင် ဘယ်လိုလုပ်မတုန်း နင်ကတွေ့ချင်လို့ သွားပေမဲ့ ဟိုကနင့်ကိုမြင်ပြီး ကြောက်လန့်သွားမှာပေါ့ နင့်အမေကို ဒုက္ခမပေးပါနဲ့”

ရွာစောင့်နတ်ကြီး ထိုသို့ပြောလိုက်‌ေတာ့ သန်းအေး နားလည်သွားသည် သူ့အမေသာ သူ့လိုတ‌ေစ္ဆသရဲတစ်ကောင်ကိုမြင်လိုက်ရရင် သူ့အမေကို သူကိုယ်တိုင်ခြေက်လှန့်သလိုဖြစ်သွားလိမ့်မည် ဒါကြောင့် သူ ရွာထဲဝင်ဖို့မကြိုးစား‌ေတာ့ပဲ သူနေသည့် မန်ကျီးပင်ရှိရာသို့ ညှိုးငယ်စွာပြန်လာခဲ့တော့သည်။

(၄)

ထိုသို့ဖြင့် နောက်နေ့မနက်ရောက်တော့ သန်းအေးတစ်ယောက် သူ့အမေနှင့်သူမောင်လေးများ ရွာအပြင်ထွက်လာဦးမလားဆိုပြီး မျော်ကြည့်နေမိသည် သို့သော် ရွာအပြင်သို့ထွက်မလာကြ လှည်းတစ်စီးကိုမောင်းလာကြသော ကိုလှသောင်းနှင့်ကိုပြူးကိုသာ မြင်လိုက်ရသည်

သန်းအေး သရဲဘဝစရောက်တုန်းကတော့ အမဲသားဖိုးအကြွေးပြန်မဆပ်သေးသော ထိုနှစ်ယောက်ကိုမကျေနပ်

ယခုတော့ သန်း‌ေအးစိတ်ထဲ၌ထိုသို့ မဟုတ်တော့
ထိုမကျေနပ်စိတ်ဒေါသစိတ်တို့ကြောင့် သူယခုလိုမကောင်းသောဘုံဘဝသို့ ရောက်နေရခြင်းဖြစ်သည်ကို သိလိုက်ပြီး သန်းအေးနောင်တရနေမိသည်။

သူတို့နှစ်ယောက်သည် သန်းအေး၏ ရက်လည်ဆွမ်းသွပ်အတွက် ချက်ပြုတ်ရန်အသုံးပြုဖို့ ထင်းတင်ရန်ထွက်လာကြခြင်းဖြစ်သည်။

သူတိုနှစ်ယောက် သူနေသည့်မန်ကျီးပင်ဘေးမှ လှည်းဖြတ်မောင်းသွားကြတာကို သန်းအေးတစ်ယောက် ကြည့်နေမိသည် ထို့နောက် ရွာဘက်သို့ ပြန်ပြီ သူ့အမေ့နှင့်သူ့မောင်လေးကိုပဲ မျှော်ကြည့်နေမိပြန်သည်

သန်းအေးထိုသို့ မျှော်ကြည့်နေသည်မှာ နေပင်ညိုနေပြီဖြစ်သည် ကိုလှသောင်းနှင့်ကိုပြူးတို့ပင် ထင်းတင်သွားရာမှပြန်လာကြပြီဖြစ်သည်။

သန်းအေး သူတို့လှည်းကိုမြင်တော့ ကိုလှ‌ေသာင်းတို့၏လှည်းနောက်သို့လိုက်စီးပြီး ရွာနားသို့ လိုက်ရန်လှည်းလမ်းဘေးမှာရပ်နေလိုက်သည် ထိုအခါ သူရပ်နေတာကိုမြင်သော နွားနှစ်ကောင်သည် နားရွက်တစွင့်စွင့်ဖြင့် လန့်နေကြသည် နွားနှစ်ကောင် ထိုသို့လန့်နေတာကိုမြင်တော့ လှည်းမောင်းလာသော ကိုလှသောင်းက

“သန်းအေး ဒါနင်သုံးဖို့ထင်နော် ဒို့ကိုမခြောက်နဲ့”

ကိုလှသောင်း ထိုသို့ပြောလိုက်တော့ ကိုပြူးက

“ဟကောင် လှသောင်း ဘာနင်သုံးဖို့ထင်းတုန်းကွ
မင်းအဲ့လိုပြောလိုက်တော့ ထင်းတွေဒီနားထားခဲ့ဆို ဘယ်လိုလုပ်မတုန်း နင့်အတွက်ထင်းလို့ပြောရတယ်ကွ”

“အေး ဟုတ်တယ် သန်အေး ငါအပြောမှားသွားလို့ ဒါနင့်အတွက်ထင်တွေပါ ဒို့ကိုမခြောက်ပါနဲ့”

“ဟာကွာလုပ်ပြန်ပြီ နင်သုံးဖို့နဲ့နင့်အတွက်က အတူတူပဲလေကွာ”

“အေး ဟုတ်လား ငါလဲမင်းပြောခိုင်းတဲ့အတိုင်း ပြောတာလေကွာ ဒါဆိုဘယ်လိုပြောရမှာတုန်း”

“နေပါဦးကွာ ဒီထင်းတွေက ဘာလုပ်ဖိုတုန်း”

“မီးဆိုက်ဖို့ပေါ့ကွ”

“ဘယ်မှာဆိုက်မှတုန်းမေးနေတာဟ”

“မီးဖိုမှာဆိုက်မှာပေါ့ကွ”

“မီးဖိုမှာဆိုက်မှာဆိုလည်း မီးဖိုရောက်အောင်မြန်မြန်မောင်းကွာ”

ကိုပြူးထိုသို့ပြောလိုက်တော့ ကိုလှသောင်းလည်းနွားနှစ်ကောင် ကိုကြိမ်ဖြင့်ရိုက်ကာမောင်းတော့သည်။

ထိုအခါ နွားနှစ်ကောင်သည် သန်းအေးရပ်နေသော လှည်းလမ်းအတိုင်းမသွားတော့ပဲ လှည်းလမ်းအောက်သို့ဆွဲချကာ လယ်ကန်သင်းတွေကိုဖြတ်ပြီး ရွာသို့တန်းနေအောင်ပြေးကြတော့သည်
သူတို့နှစ်ယောက်သည် သန်းအေး ဒါနင့်ဆွမ်းသွပ်မှာသုံးဖို့ထင်တွေဆိုတာကို ပြောခြင်တာဖြစ်ပေမဲ့ ‌ကြောက်လန့်ပြီး မှန်အောင်မပြောနိုင်ကြခြင်းဖြစ်သည်

(၅)

ထိုသို့ဖြင် နောက်နှစ်ရက်ကြာတော့ သန်းအေး၏ ရက်လည်ဆွမ်းသွပ်နေ့သို့ ရောက်လာပြီး သန်း‌အေးလည်း ဆွမ်းသွပ်တရားနာရန် သူ့အမေအိမ်သို့ ပြန်ရောက်နေပြီဖြစ်သည်

သန်းအေး အိမ်ဝိုင်းထောင့် တစ်နေရာမှနေပြီး သူ့အိမ်သို့ ဆွမ်းသွပ်တရားနာရန်ရောက်လာကြသူများကို ကြည့်နေသည် ထိုသူများသည် သူနှင့်သိကျွမ်းရင်းနှီးနေကြသူများသာဖြစ်သည်

သို့သော် သူနှင့် ဘဝခြင်းခြားနားသွားပြီဖြစ်၍ ခေါ်ပြောနှုတ်ဆက်လို့ မရနိုင်တော့ သူ့အမေဒေါ်လုံးကတော့ လာသမျှလူများကို ညှိုးငယ်သောမျက်နှာဖြင့် ဆီးကြိုနေတာကိုမြင်လိုက်ရသည်

သန်းအေး သူအမေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပေမဲ့ဘာမှမတတ်နိုင် ထိုအချိန် သူတို၏အိမ်သို့ သံဃာတော်များ တရားဟောရေစက်ချအမျှဝေရန် ကြွလာကြပြီဖြစ်သည်

သန်းအေး သံဃာတော်များကို လက်အုပ်ချီပြီး ကြည့်နေမိရင်း သံဃာတော်များ အိမ်ပေါ်သို့ကြွရောက်သွားတာကိုမြင်လိုက်ရပြီး ထို့နောက်မကြာမီ သူ့ကို လာရောက်တရားနာယူရန် ဖိတ်ကြားသည့်အသံကို ကြားလိုက်ရ၍ သန်းအေး အိမ်ပေါ်သို့တက်ခဲ့လိုက်သည်

သူအိမ်ပေါ်သို့ရောက်တော့ တရားနာရောက်လာကြသည့် လူများ၏ဘေးတစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး
ဆရာတော်ဟောကြားသော တရားတော်ကိုသာ စိတ်ပါလက်ပါနာယူနေလိုက်တယ်
သူသည် သူယခုရောက်ရှိနေသော မကောင်းသော သရဲတစ္ဆေဘဝမှလွတ်မြောက်လိုသူဖြစ်တာကြောင့် ဆရာတော်ဟောကြားသော တရားအ‌ေပါ်၌အာရုံစိုက်ထားလိုက်သည်

ထိုသို့တရား‌ေပါ်၌သာအာရုံစိုက်‌ေန‌ေတာ့ သန်းအေးတစ်ယောက် မိမိ‌ေရာက်‌ေနသည့်ဘဝကိုလည်းမသိတော့ မိမိ မိသားစုကိုလည်းမတွယ်တာတော့ပဲ အေးချမ်းမှုကိုစတင်ခံစားလာရသည်

ထိုသို့ဖြစ် သန်းအေးတစ်ယောက် တရားနာနေရင် ပတ်ဝန်းကျင်ကိုပါမေ့လျော့သွားပြီး သူတစ်ယောက်တည်းသာ တရားနာနေရသည်ဟုထင်လာမိသည် ထို့နောက် တရားဟောကြားပြီး၍ ရေစက်ချအမျှပေးဝေလိုက်တော့ သူအတွက်ရည်စူးပြီးပြုလုပ်သည့် ဤကုသိုလ်ကောင်းမှုအပေါ် ဝမ်းသာပီတိဖြစ်နေပြီး သာဓုသုံးကြိမ်ခေါ်ဆိုလိုက်သည်။

ကိုမြင့်ဆောင်တစ်ယောက် သန်း‌အေး၏ ရက်လည်ဆွမ်းသွပ်၌ ကူညီလုပ်ကိုင်ပေးပြီးသွားပြီဖြစ်၍
လှည်းမောင်ရင်း တဲသို့ပြန်လာခဲ့ပြီဖြစ်သည်

သူထိုသို့ပြန်လာရင်း သန်းအေးနေသည့် မန်ကျီးပင်နားသို့ရောက်တော့ သူလေးဂွကိုကိုင်ကာ ထိုမန်ကျီးပင်ကိုကြည့်လိုက်သည် ထိုအခါ ထိုမန်ကျီးပင်၌ သန်းအေးရှိမနေတာကိုမြင်တော့ သန်းအေး သူရောက်နေသော သရဲတစ္ဆေဘဝမှ ကျွတ်လွတ်သွားပြီဆိုတာကို သိလိုက်ရပြီဖြစ်လေသည်။

 

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။