သံသရခရီးသယ်များ

.ရွာနဲ့လွတ်ရာကို….ရွှေ့ကြတာပေါ့…

တစ်ချို့ကြတော့…ဒါဟာ…မဖြစ်နိုင်ပါဘူးလို့ပဲ…

…တစ်ယောက်တစ်ပေါက်ပြောရင်း….တွေးရင်းနဲ့…

…ရွာမှာပဲ….နေမြဲတိုင်းနေကြတယ်…​သူတော်စင်ကြီး

ပြောသလို…ပြောင်းရွှေ့သွားသူတွေက…နည်းပါတယ်

…ကွာ….သူတော်စင်လဲ…ရွာထဲကနေ…

တစ်ရွာလုံးသတိပေးခဲ့ပြီးနောက်…..ပြန်ကြွသွားတယ်

တဲ့…..

….တန်ဆောင်မုန်းလပြည့်ည….ရောက်တဲ့အခါ….

…..သန်းခေါင်ကျော်တာနဲ့….အထက်က….ဆည်တွေ

ကျိုးပေါက်သွားပြီး..အနိမ့်ပိုင်းဖြစ်တဲ့..ပုဂံငယ်ရွာကို..

…ရေတွေဖုံးအုပ်သွားတာ…..ကလေးလူကြီး…တစ်ဦး

မှ….ရှင်သန်ခြင်းမရှိပဲ…လပြည့်ညရဲ့…လရောင်

အောက်မှာ….ပျောက်ခြင်းမလှ….ပျောက်ကွယ်သွား

ခဲ့ကြတာ….ဒီနေ့အချိန်ထိပဲ….ဖိုးချစ်ရေ…..

ကျွန်တော်လဲ ဦးသက္ကရဲ့ မာန်ပါပါနဲ့ ပြောပြသမျှ

တွေကို နားထောင်ရင်း ရင်ထဲဝမ်းနည်းသလို ခံစားရ

ပါသည်

…ဒါနဲ့…ဦးလေး…အဲ့ဒီရွာကနေ…ပြောင်းသွားတဲ့…

….ရွာသားတွေရော….

ဦးသက္က ပါးစပ်ထဲမှ ကွမ်းတံတွေးများ ကုန်စင်

အောင် ထွေးလိုက်ပြီးမှ

….နှစ်ပေါင်းမနည်း…ကြာခဲ့ပြီးဆိုတော့….သက်ရှိထင်

ရှားတော့….မရှိကြတော့ဘူးကွ….တို့အဖိုးရဲ့ဇနီးဖြစ်

တဲ့….တို့ရဲ့အဖွားဟာ…အဲ့ဒီရွာသူပေါ့ကွာ…ရွာပျောက်

သွားတော့… အဖွားလဲ…. သူ့မိဘတွေနဲ့ဒီ…ထန်းလှဲရွာ

မှာပဲ…..တောင်ယာလုပ်ရင်း….အဖိုးနဲ့တွေ့ပြီး…

…အကြောင်းပါခဲ့တာပဲကွ….

….​သြော်…ရင်နင့်စရာပါလား….ဦးလေးရယ်….

စကားပြောကလဲ ကောင်းနေကြပြီး ပတ်ဝန်းကျင်ကို

ကြည့်လိုက်တော့ အတော်ပင်မှောင်နေပြီမို့ စကားစ

ဖြတ်ခါ ကျွန်တော် ပြန်မည်ပြုစဥ်

…မောင်ဖိုးချစ်…

….ဗျာ…..ဦးလေး….

ဦးသက္က၏ ခေါ်သံကြောင့် ကျွန်တော် လှည့်ထူးလိုက်

ခြင်းပင်ဖြစ်သည်

…မင်းကို…မပြန်ခင်…ပြောရဦးမယ်….အခုပြောမယ့်

အကြောင်းတွေကို…ဘယ်သူ့ကိုမှ…ပြန်မပြောနဲ့နော်…

ကျွန်တော်စိတ်ထဲ ဦးသက္က၏ အမှာစကားကြောင့်

ထိုအကြောင်းအရာအား ပို၍ပင် စိတ်ဝင်စားလာလေ

သည်

….ပြောပါ…ဦးလေး….ကျွန်တော်နှုတ်လုံပါတယ်….

ဦးသက္က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီး

လေသံတိုးတိုးဖြင့်

….အဲ့ဒီပျောက်ကွယ်သွားတဲ့….ပုဂံငယ်ရွာရဲ့…

….ဘုန်းကြီးကျောင်းထဲမှာ….ရွာသားတွေစုပြီးတော့…

….ဌာပနာဖို့ထားတဲ့….ရတနာတွေ….အခုချိန်အထိ…

….ရှိနေတုန်းပဲကွ…

….ဟင်…..

ကျွန်တော် အံ့သြမင်သက်ခြင်းနဲ့အတူ ပုဂံငယ်ရွာရဲ့

စိတ်ဝင်စားဖွယ်ရာများက ကုန်မည်မထင်တော့ပေ

….အေး….ငါတို့အဖွားက….ဒီရတနာတွေကို….ပြန်ယူ

ပြီးတော့….စေတီတစ်ခုခုမှာ…ပြန်ပြီးတော့…ဌာပနာ

ဖို့….အဖိုးကိုမကြာခဏ………ပြောပြခဲ့တာကွ…..ဒါ

ကြောင့်အဖွားရဲ့ဆန္ဒကို…..ဖြည့်ဆည်းပေးဖို့….ငါအဲ့ဒီ

ရတနာတွေကို….သွားယူပေးရမှာမို့…မင်းငါနဲ့လိုက်

မလား….

ဦးသက္က ဘယ်သွားသွား ကျွန်တော်ကို ခေါ်တတ်

သည်မို့ အခုလဲ ယုံယုံကြည်ကြည်နဲ့ ကျွန်တော်ကိုခေါ်

လာတဲ့အတွက် ဒီလိုကိစ္စမျိုးဆို စိတ်ဝင်စား ဝါသနာ

ထုံလွန်းတဲ့ ကျွန်တော်ကလဲ မငြင်းနိုင်ပါ

….လိုက်ရမှာပေါ့….ဦးလေးရဲ့….ဒါမျိုးဆို…ကျွန်တော်

…ဝါသနာလွှတ်ကြီးတာ….ဦးလေးအသိပဲလေ….

…ဟား…..ဟား….ဟား…..

နှစ်ယောက်သား သဘောကြရယ်မောရင်း အချိန်လင့်

ပြီးမို့ ဦးသက္ကကို နှုတ်ဆက်ခါ အိမ်ပြန်ခဲ့လေတော့

သည်

     အာရုံတတ်ပြီမို့ ရွာဦးကျောင်းမှ အုန်းမောင်းခေါက်

သံသည် ထန်းလှဲရွာနှင့် ပတ်ဝန်းကျင်သို့ ပြန့်လွင့်

လျှက်ရှိသည် ဦးသက္ကနဲ့ ပုဂံငယ်ရွာခရီးက ဒီမနက်

စထွက်ရမှာဆိုတော့ ကျွန်တော် ကျောပိုးအိတ်ထဲသို့

လိုအပ်သည့် ပစ္စည်းများ တစ်ခုခြင်းဆီ စစ်ထည့်

လိုက်ပြီး အမေကတော့ အခုလို သွားတာမျိုးကို သိပ်

သိပ်ပြီး သဘောမကြပေ ဒါပေမဲ့ ဝါသနာကြီးသော

ကျွန်တော်အား တားမရမှန်း သိနေသည့်အတွက်

ဘာမှ မပြောတော့ပါ ဘုရားနဲ့အမေ့ကို ကန်တော့ပြီး

‌ကွမ်းထုပ်လေးဆွဲခါ ဦးသက်က္ကအိမ်ဘက်သို့

ထွက်ခဲ့လေသည်

ဦးသက္ကတို့အိမ်ရောက်တော့ မုဆိုးပီပီ အားလုံးပြင်

ဆင်ပြီး၍ ကျွန်တော့်အား အကြမ်းရည်သောက်ရင်း

ထိုင်စောင့်နတာကို တွေ့လိုက်ရသည်

….ဟ…ဦးလေး….ကျွန်တော်က…စောင့်ရဦးမယ်ထင်

တာဗျ…..

ဦးသက္က ခမောက်ကို ဆောင်းလိုက်ပြီးနောက် အထုပ်

ဆွဲခါ

…ငါကအစောထဲက….ပြင်ဆင်ပြီးနေတာကွ…မင်းကို.

…..စောင့်နေတာ….ကဲ….လာ..သွားကြစို့…

ဦးသက္က အရှေ့မှထွက်တော့ ကျွန်တော်လဲ

ထပ်ကြပ်မခွာ လိုက်ခဲ့လေ၏

တောင်ခြေနားရောက်တော့ လိုအပ်သည့် ပစ္စည်းများ

ပါမပါကို တစ်ခါထပ်စစ်ကြရသည် ပစ္စည်းတွေ

အကုန်ပါပြီမို့ တောင်တတ်လမ်းလေးအတိုင်း တတ်

လာခဲ့ကြ၏ နှစ်ယောက်သား တစ်ဖြေးဖြေးနဲ့ တတ်

လာခဲ့တာ နေတောင် အတော်မြင့်နေပြီဖြစ်သည်

ဗိုက်ဆာနေကြပြီဖြစ်၍ ထမင်းစားဖို့နေရာရှာတော့

အနီးအနားမှ တညင်းပင်ကြီးအောက် ဝင်ထိုင်လိုက်

ကြပြီး အိမ်ကပါလာသော ငါးခြောက်ဆီဆမ်းနဲ့

ငပိထုပ်ကိုထုတ်ခါ မစားမီ ဦးသက္ကမှ စားဦးများ

ကို သေခြာပြင်ဆင်ပြီး တောပိုင်တောင်ပိုင်နယ်ပိုင်

များကို တင်မြှောက်လေသည် ပြီးမှ ဗိုက်ဆာဆာနဲ့

နှစ်ယောက်သား ခေါင်းမဖော်တမ်း စားကြပါတော့

သည်

စားသောက်ပြီးတဲ့နောက် ခေတ္တခဏ နားနေကြပြီးမှ

ခရီးဆက်ရပြန်၏ သယ်ရပိုးရသည့် ပစ္စည်း

များကြောင့် လူလဲ အတော်ပင်ပန်းနေပြီးဖြစ်သည်

ရက်ရှည်အစားစာများကိုလဲ ဂရုတစိုက်သယ်ရပြီး

တစ်ခုခုကြောင့် ရိတ်ခါပြတ်သွားရင် ဤတောထဲမယ်

အစားအစာရဖို့က မလွယ်ကူပေ တစ်နေကုန်အောင်

ခရီးဆက်လာခဲ့ကြတာ နေဝင်စပြုပြီမို့ စခန်းချ အိပ်ဖို့

အတွက် နေရာ ကောင်းကောင်းရှာပြီး အိတ်ထဲမှ

အသင့်အိပ်လို့ရသော ချည်ပုခက်ကိုထုတ်ခါ သစ်ပင်

ကြီးရဲ့ ကိုင်းနှစ်ခွကြားမှာ ချည်နှောင်လိုက်ပြီး ညစာ

အတွက် ဟန်ကောချိုင့်ထဲ ဆန်အနည်းငယ်ထည့်ခါ

မီးဖိုလိုက်ပြီး ချက်ရလေသည် ထမင်းကျက်သည်နှင့်

ငပိထုတ်နဲ့ ငါးခြောက်ဆီဆမ်းလေးထုတ်ခါ စားကြ

ပြီးနောက် မီးဖိုဘေး၌ ကွမ်းဝါးရင်း စကားပြောကြ

၏ ညဥ့်နက်လာတော့ တောသည်လဲ ပို၍ တိတ်ဆိတ်

ငြိမ်သက်လာခဲ့သည်

…..ဝေါင်း….

…ဟင်….

နှစ်ယောက်သား စကားပြောနေရင်း ကျားဟိန်းသံကို

ကျယ်လောင်စွာ ကြားလိုက်ရသည်မို့ ပတ်ဝန်းကျင်

အား အခြေအနေကြည့်ပြီး အပင်ပေါ်မှ ချည်နှောင်

ထားတဲ့ ပုခက်ထဲသို့ အလျှင်အမြန်တတ်ပြီး သတိဝရိ

ယဖြင့် အိပ်ကြရတော့သည်

နောက်တစ်နေ့နံနက်လင်းတော့ တောင်ကြားအင်းအား

လှမ်းမြင်နေရပြီဖြစ်၍ မြန်မြန် ဆန်ဆန်ပဲ ခရီးဆက်

လိုက်ကြသည် ညနေစောင်းတဲ့အခါ အင်းစပ်သို့

ရောက်ရှိလာခဲ့ကြပါတော့သည်

ဦးသက္က ရေပြင်နဲ့ ကမ်းခြေကို အခြေအနေကြည့်ပြီး

….ဖိုးချစ်ရေ….

…..ဗျာ….ဦးလေး….

ဦးသက္က လွယ်အိတ်ထဲမှာ ဟောင်းနွမ်းနေသော

စာအုပ်လေးကို ထုတ်ကြည့်ပြီးနောက်

….စာအုပ်ထဲကအတိုင်းဆို…..ဒီအနီးအနားက…

…ကုန်းမြင့်ပေါ်မှာ….စေတီတစ်ဆူရှိနေသေးတယ်ကွ…

…ကုန်မြင့်ပေါ်မှာတည်ထားတာ….ဆိုတော့….ရေထဲကို

မရောက်နိုင်သေးဘူး….လာကွာ….ရှာကြည့်ရအောင်…

ကျွန်တော်လဲ ကျောမှာ လွယ်ထားတဲ့ ဆောင်ဓားအား

ထုတ်လိုက်ပြီး အနီးအနား ကုန်းမြင့်ကို ရှာကြရသည်

….ဦးလေး…..ဟို….ဟိုမှာ….ကုန်းမြင့်တစ်ခုဗျ….

ခြုံနွယ်တို့ဖြင့် ပိတ်ဖုံးနေသော ကုန်းမြင့်တစ်ခုကို

ဦးသက္ကလှမ်းကြည့်လိုက်ပြီး

…..အေး….ဟုတ်တယ်ကွ…..အဲ့ဒါဖြစ်နိုင်တယ်…..

…..ကဲ….လာ….သွားကြစို့…..

ကျွန်တော်တို့ ထိုနေရာနားသို့ ရောက်တဲ့အခါ အတတ်

အဆင်းလုပ်ရန် ကျောက်လှေခါးထစ်များ ထုဆစ်

ထားသည်ကို တွေ့ရပေမယ့် လူသူအရောက်အပေါက်

နည်းသည်မို့ ခြုံနွယ်များ ရေညှိများဖြင့် ဖုံးအုပ်နေ

လေသည် ပါလာသောဓားဖြင့် ရှင်းလင်းတဲ့အခါ

စေတီအိုဟောင်းကြီးတစ်ဆူ ပေါ်လာလေတော့သည်

…..မှန်သွားပြီကွ….ဒီနေရာပဲ….ဒါပုဂံရွာဘုန်းကြီး

ကျောင်းရဲ့…. ပရဝဏ်အတွင်းမှာရှိတဲ့….

…. ဆုတောင်းပြည့်စေတီပဲကွ…..ဒီနေရာရဲ့…အရှေ့

ဘက်….အတောင်တစ်ရာမှာ….ဘုန်ကြီးကျောင်းကြီး..

…ရှိတယ်….ဖိုးချစ်ရ…..

ကျွန်တော် စေတီနဲ့ အတောင်တစ်ရာခန့်ကို လှမ်း

ကြည့်တဲ့အခါ အင်းရေပြင်ထဲမှာ ဖြစ်လေသည်

…..ကဲ….မိုးချုပ်တော့မယ်ကွ…..မနက်ကြမှ….စီစဥ်

ကြတာပေါ့ကွာ….

…ဟုတ်ကဲ့….ဦးလေး…

ကျွန်တော်တို့ မနေ့ညကလိုပဲ အပင်မြင့်ရှာ၍ အိပ်ဖို့

အတွက် ချည်ပုခက် ဆင်ထားကြသည်

ဒီညတော့ နောက်ကြမှ အိပ်ဖြစ်ကြသည် အင်းရေနဲ့က

နီးနေတော့ သားကောင်ကြီးများ ရေလာသောက်တတ်

သည်မို့ သတိဖြင့်အိပ်ရန် ဦးသက္က သတိပေးထား

ခြင်းကြောင့် အတော်နှင့် အိပ်မပျော်ခဲ့ပါ

  နားထဲ၌ လူအများ၏ ငိုညည်းသံကို ကောင်းစွာကြား

နေရသည်ည် မျက်လုံးက ကောင်းကောင်းမဖွင့်နိုင်ပေ

သို့သော် အားယူ၍ ဖွင့်ကြည့်လိုက်သောအခါ

….ဟင်….ဘယ်…ဘယ်သူတွေလဲ….

ကျွန်တော်အနားမှာ ခေါင်းမှာ သျှောင်ထုံးများ ခေါင်း

ပေါင်းများဖြင့် ပေါင်းထားကြပြီး ရှေးခေတ်ဝတ်စား

ဆင်ယင်မှု့ ပုံစံများနဲ့ လူအုပ်ကြီး ငိုကြွေးနေကြပြီး

ကျွန်တော်အား အားကိုးသော အကြည့်တွေဖြင့် ဝိုင်း၍

ကြည့်နေကြလေ၏

…..ခင်….ခင်များတို့…ဘယ်သူတွေလဲ…..

ကျွန်တော်ရဲ့ မေးခွန်းကြောင့် ထိုလူအုပ်ကြီးထဲမှ

သျှောင်တစောာင်းနှင့် ဗလကောင်းကောင်း လူကြီး

တစ်ယောက် ထွက်လာပြီး

….ငါ့သားရယ်…အဘတို့ရဲ့…..ဒီပုဂံရွာကို….ဘယ်သူမှ

….မလာကြတဲ့အတွက်…တစ်ရွာလုံးရဲ့….အစွဲဖြစ်နေ

တဲ့…..ဘုရားဌာပနာတွေကို…..ကောင်းကောင်းမွန်မွန်..

…..လှူဒါန်းပေးမယ့်သူ…..မရှိဘူးဖြစ်နေတာကြောင့်….

….မကျွတ်လွတ်နိုင်ကြပဲ…..ဌာပနာတွေကို…စောင့်နေ

ရပါတယ်….လူတစ်ချို့….တစ်ခါလာကြပေမယ့့်…..

…..မသမာတဲ့အကြံအစည်တွေ….ရှိနေတာကြောင့်….

….သေသူကသေ…ဒုက္ခရောက်သူကရောက်နဲ့….

…ပြန်ပြေးသွားကြတာပါပဲ….အခုတော့…ငါ့သားတို့…

….ရောက်လာတာဟာ…အဘတို့ရဲ့….မျှော်လင့်ချက်

တွေ….ပြည့်ပြီမို့….တစ်ရွာလုံး….ဝမ်းသာလို့….ငိုနေ

နေကြတာပါကွယ်…..

ထိုလူကြီးစကားကို နားထောင်ပြီး နားမလည်နိုင်သေး

ပေ

……ကျွန်တော်က….အဘတို့ရဲ့….ဆန္ဒကို…ဘယ်လို

ဖြည့်ဆည်းရမှာလဲဗျ….ဌာပနာတွေက….အင်းရေပြင်

အောက်ထဲမှာ….မဟုတ်လား…..

ကျွန်တော်က ထိုသို့ပြောတော့ ထိုလူကြီးက ပြုံးလျှက်

ဒီအတွက်တော့…..မပူပါနဲ့ငါ့သား…..အဘတို့မင်းတို့

ကို….ကူညီမှာပါ….ငါ့သားသာ….ဌာပနာတွေရခဲ့ရင်…

….အဘတို့အတွက်….ကောင်းမြတ်တဲ့နေရာမှာ…အလှူ

ဒါနပြုပေးပါကွာ….

ကျွန်တော် အသေအခြာ စဥ်းစားလိုက်ပြီးနောက်

….ဟုတ်ကဲ့….ကျွန်တော်ကူညီပါ့မယ်….

ဒီတော့မှာ ထိုလူကြီးနှင့် လူအုပ်ကြီးမှာ မျက်နှာများ

ဝမ်းသာပိတီဖြစ်လျှက် ပြုံးရွှင်သွားလေသည်

….ငါ့သား…မနက်ဖြန်….အာရုံဏ်တတ်မှာ…အခုစေတီ

ရဲ့….အရှေ့ဘက်တည့့်တည့့်….အင်းစပ်အနားမှာ…

….လာယူလှည့်ပါ….ပစ္စည်းတွေထဲက…သုံးပုံတစ်

ပုံကို….ငါ့သားတို့….ယူလိုက…ယူနိုင်ပါတယ်….ဒါကို

လဲ….အဘတို့ရွာသားတွေ….ကြည်ကြည်ဖြူဖြူနဲ့…..

…ပေးကြတာပါငါ့သား….ဖြူစင်ပါတယ်….

ထိုစကားကြားရတော့ ကျွန်တော်ချက်ချင်းပဲ ငြင်းရ

ပါတော့သည်

……မဟုတ်တာအဘရယ်….ကျွန်တော်မယူပါဘူး….ဒါ

တွေအားလုံးကို…..ပြန်လှူတန်းပေးမှာပါ….

ထိုလူကြီးက သဘောကြဟန်ဖြင့်

….အချိန်ကုန်ငွေကုန်နဲ့….လူလဲပင်ပန်းထားတာမို့…..

….တစ်ပုံမယူချင်တောင်မှ….ငါ့သားတို့နှစ်ယောက်….

အတွက်….အဘပိုင်တဲ့….ကျောက်စိမ်းလက်စွပ်….

…..နှစ်ကွင်းကို…လက်ဆောင်ပေးပါရစေ….မငြင်းပါနဲ့

ငါ့သား….ဒီလက်စွပ်တွေဟာလဲ….အဖိုးမနည်းလှပါ

ဘူး…..

ကျွန်ျတာ်လဲ ငြင်းမရသည့်အဆုံး ခေါင်းငြိမ့်လိုက်ရ

တော့သည်

သူတို့အားလုံးလဲ ကျွန်တော်အား နှုတ်ဆက်ခါ ထွက်

သွားကြလေတော့သည်

…ငါ့သား…..ထတော့….အာရုံဏ်တတ်တော့မယ်….

နားထဲ၌လာနှိုးသော အသံကြောင့် ကျွန်တော်ထကြည့်

လိုက်တဲ့အခါ အာရုံဏ်တတ်နေပြီဖြစ်ပြီး ဦးသက္ကက

တော့ အိပ်မောကြနေလေသည် ထူးဆန်းသော

အိမ်မက်ကြောင့် ပုခက်ထဲမှ ဆင်းသက်လိုက်ပြီးတော့

ဦးသက်က္ကအားနှိုးခါ အကြောင်းစုံကို ရှင်းလိုက်၏

နှစ်ယောက်သား စေတီအရှေ့တည့်တည့် အင်းစပ်

အနားသို့ သွားကြည့်လိုက်ကြတဲ့အခါ လှိုင်းလေးများ

တဘုတ်ဘုတ်နှင့် ရိုတ်ခတ်နေသော ကမ်းစပ်မှာ

တစ်တောင်ပတ်လည်ခန့် ရေညှိတတ်နေသော

ကြေးသေတ္တာတစ်လုံးအား ထူးခြားစွာ တွေ့လိုက်ရ၏

….ဟင်…..

ဦးသက်က္က သေတ္တာကို မ ယူလာခဲ့ပြီ စေတီနား

ရောက်သောအခါ သူ့ထံမှ ပါလာသော ဓားမြှောင်ဖြင့်

ကလော်ဖွင့်တော့သည် သော့ခတ်မထားတာပဲ ရေထဲ၌

အချိန်ကြာမြင့်စွာ ရှိနေတာကြောင့် နည်းနည်းကြပ်နေ

ရုံပဲမို့ သိပ်တော့ ခက်ခက်ခဲခဲ မဖွင့်လိုက်ရပါ

….ဟင်…..

အထဲ၌ ရွှေနားတောင်များ အခြားသော ရွှေထည်များ

အများအပြား တွေ့ရပြီး ထူးဆန်းစွာ ကျောက်စိမ်း

လက်စွပ်လေးနှစ်ကွင်းကို အနီရောင် အဝတ်စလေး

ဖြင့် ထုပ်ပိုးထားသည်ကို တွေ့လေတော့သည်

အင်းထဲသို့ မဆင်းလိုက်ရပဲ လွယ်လွယ်ကူကူနဲ့ ရခဲ့

တာကိုတော့ အံ့သြမိပါသည်

….ကဲ….ဖိုးချစ်ရေ….အချိန်ရှိတုန်း…တို့တွေပြန်ကြရ

အောင်….

….ဟုတ်ကဲ့ပါ….ဦးလေး….

ပစ္စည်းများကို သေချာထုပ်ပိုးပြီနောက် အင်းကြီးအား

ကျောခိုင်းနှုတ်ဆက်ရင်း အပြန်ခရီးစခဲ့ပါတော့သည်

ခက်ခဲပင်ပန်းစွာ ပစ္စည်းတွေနှင့် ခရီးဆက်ခဲ့ရပေမယ့်

အပြန်ခရီးက အသွားတုန်းကထက် ပိုမြန်ဆန်စွာနဲ့

ရွာပြန်ရောက်လာခဲ့ပါတယ် ရလာတဲ့ ပစ္စည်းအားလုံး

ကို တစ်ဝက်တိတိ တည်လက်စ ဘုရားဌာပနာထည့်

ပြီး ကျန်တစ်ဝက်ကိုတော့ ဘုန်းကြီးကျောင်းများ

လမ်းတံတားများ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုများ

မိဘမဲ့ဂေဟာများသို့ ရေစက်ချ လှူတန်းခဲ့ပြီး ပုဂံငယ်

ရွာသူရွာသားများအား အမျှကုသိုလ် ပေးဝေလိုက်

ပါတော့သည်
.

ပြီးပါပြီ
.

လေလွင့်လူ(တွံတေး)23.4.2022✍️✍️✍️

.
ပြန်လည်စုစည်းတင်ဆက်ပေးသည်

.ပြီးဆုံးအောင် ဖတ်ပေးခဲ့ကြတဲ့ စာဖတ်ပရိတ်သက်
တစ်ယောက်ခြင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်
ပါသည် ရေးတင်သမျှ ဖတ်လို့ရအောင် ကျွန်တော်
ရဲ့ အကောင့်လေးကို အပ်ပေးထားလို့ရပါတယ် 🙏🙏