တက်ရမယ်လို့ ရေးထားတာမှမဟုတ်တာ၊ ဒါဆို အဖေနေမကောင်းလည်း တခြားသူကို ကိုယ်စားပြုပြီး တက်ခိုင်းလို့ရတာပဲမဟုတ်လား၊ ဟိုရောက်တော့မှ အဖေအသည်းအသန်ဖြစ်နေတယ်လို့ ပြောပြရင် သူတို့နားလည်ပေးကြမှာပါ” ကျုပ်ပြောတော့ ကိုမြင့်ကလည်း ခေါင်းညိတ်တယ်ဗျ။ “ဟုတ်တယ်သူကြီး၊ သူကြီးနေမကောင်းရင် ကိုယ်စားလှယ်လွှတ်လိုက်တာ ပိုပြီးအဆင်ပြေမယ်” အဖေ့မျက်နှာက စူပုတ်သွားပြီးတော့ “ခက်တာက ကျုပ်ကလွဲရင် ဒီလိုအရေးကိစ္စကိုဘယ်သူကမှ မလုပ်တတ်တာပဲဗျ၊ ရွာကလူတွေကလည်း အဲဒါမျိုးဆိုရင်လွှတ်လို့မရဘူး၊ အရင်တစ်ခါ မြို့ကိုလွှတ်လိုက်တာ ပြဿနာဖြစ်ပြီးပြန်လာတာသာ ကြည့်တော့” ကိုမြင့်က အဖေ့ကိုကြည့်ရင်း “ဒါဆို သူကြီးအိမ်က တစ်ယောက်ယောက်လွှတ်ပါလားဗျာ” “မဖြစ်ပါဘူးကွာ၊ အကြီးကောင်က စာတွေပေတွေ ဝါသနာပါတဲ့ကောင်မဟုတ်ဘူး၊ သူက ...

ယောက်ပါရမယ်ဆိုတာ မှားတယ် အမှန်ကဇုန်းလို့ပြောတာဗျ  “! “ရှင်းပြအုံး စနေ ရ “ “ရွာတစ်ရွာတည်ရင် ဇုန်း ခွန်နှစ်ယောက်ပါရတယ်လို့ ဆိုလိုတာဗျ တစ်ချို့က ဇုန်န လို့ခေါ်တယ် အဲ့ ခွန်နှစ်ယောက်က  ကုန်းမြေ ပညာရှင်၊ လေပညာရှင် ၊ ရေ ပညာ ရှင် ၊မီးပညာရှင် ၊ကုန်သွယ်ရေးပညာ ရှင် ၊ နက္ခတာယာပညာရှင် တရားစီရင် နိုင်သော ပညာရှင်  ခွန်နှစ်ယောက်ကိုပြောတာ ဗျ” “အော်  မှတ်သားစရာဘဲ ကျေးဇူးဘဲ စနေရေ” “နောက်ပြီး စုန်းပညာက ...

ထွက်ရမဲ့ ပုံဗျ ဘကြီး ဇတ်လမ်းလေး ကျုပ်တို့ကို ပြောပြပါလား “     “အေး ငါပြောပြမယ် ဒီဇတ် လမ်းမှာ မင်းနောင်က မင်းသားကွ သူက သူရင်းငှား ဖိုးထွေးက သူဌေးသားလူကြမ်း သူက မင်းနောင် ရဲ့ ကောင်မလေးကို တဖက်သက်ကြိုက်ပြီး အမြဲ ဆွဲလားရမ်းလား လုပ်နေတာကွ  သာရက မင်းနောင်ရဲ့ သူငယ်ချင်း သူက မင်းနောင်ကို အမြဲတန်း ကူညီနေတဲ့ ကောင်ကွ လူကြမ်း ဖိုးထွေး ရဲ့ အဖေက မြကြီး မြကြီးကလည်း ...

တာတွေကို ကြားလိုက်ရသည်။ “ဟေ့ကောင် အနိစ္စ ရွာထဲကလူတွေက ငါ့အကြောင်းတော့ တော်တော်ပြောတယ်ကွသိလား ဘယ်သူဖြစ်ဖြစ် ဪ ဒုက္ခဒုက္ခ နဲ့နေတယ်” “အဲ့ဒါ မင်းအကြောင်းပြောနေတာ မဟုတ်ဘူးကွ သူတို့ဒုက္ခရောက်နေလို့ ညည်းနေကြတာ” “ဟုတ်လောက်ပါဘူးကွ ငါ့ကိုခင်လို့မင်လို့ ငါ့နာမည်ကို တမ်းတနေတာဖြစ်မှာပါ” “ဒုက္ခကိုခင်စရာလားကွ ဒုက္ခ‌ေရာင်တယ်ဆိုတာမင်းမသိဘူးလား” “သိတယ်လေကွာ ဒုက္ခဆိုတာငါပဲလေ ဒုက္ခရောက်တယ်ဆိုတာ ငါရောက်တာကိုပြောတာ” “ဟာကွာ မင်းကိုရှင်းပြရတာလဲ ဒုက္ခပဲ” “အမယ် မင်း‌ေရာပါငါ့နာမည်ကို တမ်းတလို့ပါလား ဒါကြောင့်ပြောတာပေါ့ကွာ ရွာထဲကလူတွေက ငါ့ကိုခင်မင်ကြပါတယ်ဆို” ဒုက္ခ ထိုသို့ပြောလိုက်ချိန် ကျောင်းပေါ်ကဆင်းလာသော ကပ္ပိယကြီး ဦးသင်္ခါရက ...

လူးလိမ့်ပြီး သွေးပွက်ပွက်အန်ကာ သေသည်။ ဘာဆေးမှ ကုချိန်မရှိ။ သွေးပွက်ပွက်အန်ကာ၊ လူးလှိမ့်ရင်း ဆန့်ငင် ဆန့်ငင် ဖြစ်ကာ၊ သေသွားသူကို ကြည့်ရင်းမှ ရှေးလူကြီးသူမများ၏ စကားကို ငတော ပိုသဘောပေါက်သည်။ အချို့မြွေက ဆေးမမီ။ အချို့မြွေက ကုသခွင့်မပေး။ အချို့ မြွေက ဆေးမီသည်။ အချို့မြွေက ကုသခွင့်ပေးသည်။ သည်အချက်ကို လက်တွေ့မျက်မြင် ငတော သင်ခန်းစာ ရခဲ့၏။ သင်ခန်းစာရခဲ့သောကြောင့် ငတော မြွေမဖမ်းဘဲ နေခဲ့သလား၊ နေမရပါ။ မြွေဖမ်းသမားဟူသည် ကြာကြာဝါးမှ ခါးမှန်းသိလာသူ မဟုတ်။ ခါးမှန်းသိပါလျက်နှင့် ...

။ အားလုံးပေါင်းမှ ဆယ်လုံးထဲရယ်။ အဲဒီ စကားဆယ်လုံးရဲ့ အဓိပ္ပာယ်ကို ဖွင့်ကြစို့ဟေ့ ဆိုရင် ဆယ်ညပြောလို့ အဓိပ္ပာယ်ပြည့်စုံမတဲ့လား။ ဆယ်လပြောလို့ကော ပြောစရာ ကုန်ပြီဘဝ ရောက်မတဲ့လား။ ဆယ်နှစ်ပြောလို့ကော ပြီးပြည့်စုံပြီလို့ သတ်မှတ်နိုင်ပါ့မလား။ ဘယ်ပြည့်စုံပါ့မလဲ ဆရာဝမ်းရယ်။ ပြည့်စုံတယ်လို့ ဘယ်သတ်မှတ်ရမလဲ။ အိမ်ထောင်တစ်ခုလုံးရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ ကိစ္စမှန်သမျှဟာ အိမ်ထောင်ဦးစီးမှာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော၊ တာဝန်ရှိနေတာပဲ။ နေ့စဉ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ဆိုတာ ပုံသေကားချပ် တရားသေနည်းနဲ့ ဇယားချထားလို့ ရတာလည်း မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ...

ကောင်က အခု မိန်းမကိစ္စမေးနေလို့…’ ပုလုံးစကားကြောင့် ဘိုကျော် ပြုံးသွားတယ်။ ‘ အေး…ငါလည်း ထူးဆန်းနေလို့ကွာ…’ ‘ ထူးဆန်းမနေနဲ့မောင်။ ဒီမိန်းကလေးရဲ့ အကြောင်း ငါသိသလောက်ကတော့ ကောင်းရာထက် ဆိုးရာများတယ်ဟ…’ ‘ ဟေ…ဘယ်လိုများတုန်း…’ ‘ ဘယ်လိုရမတုန်း။ ငါ ကြားမိတာမှာ ဒီကောင်မလေးက ဝမ်းတွင်းစုန်းဆိုပဲ။ အရီးသောင်းဆီကို ရောက်လာတာမှာ သူ့ရွာက မောင်းထုတ်လိုက်လို့တဲ့ကွာ…’ ‘ ဟာ…ဟုတ်ပါ့မလားကွာ…’ ‘ ဟုတ်တာမဟုတ်တာတော့ ငါမသိဘူးကွာ။ ဒါပေမယ့် ဒါက လူတိုင်းပြောနေတာကွ။ သူနာမည်ကတော့ အေးမူလို့ ငါသိထားတယ်…’ ‘ ...

အငွေ့တထောင်းထောင်းနှင့် ထမင်းဝိုင်းက ဟင်းခွက်တွေ စုံလှသည်။ တောဝက်သားကို အချဉ်ချက်ထားသည့် ဟင်းနံ့က မောင်ငြိမ်းပါးစပ်တွင်း၌ သွားရည်တွေ ပြည့်လာစေသည်။ ဆတ်သားခြောက် မီးဖုတ်ဆီဆမ်း တစ်ဇလုံကြီးကို ကြည့်ရင်း မောင်ငြိမ်း ပါးစပ်ပြင်လိုက်မိသည်။ ချေသားခြောက်ကိုတော့ ငရုတ်သီးစပ်စပ်နှင့် ကြော်ထားသည်။ မရမ်းသီးစိမ်း ငါးပိထောင်း၊ ဗူးရွက်ဟင်းချို၊ နောက် ဘာရယ်မသိ ကြက်သွန်နိုင်နိုင်နှင့် ထောင်းကြော်ထားသော အသားဟင်းတစ်ခွက်။ ငါးရံ့ခြောက်ကို ပြုတ်ပြီး ထောင်းကြော်ထားပုံရသည်။ မောင်ငြိမ်းနှင့် အဖော်တို့ ထမင်း စလွေးတော့သည်။ မစားဖူးသည့် တောဝက်သားဟင်းကို နှစ်ယောက်သား အငန်းမရ စားကြ၏။ နောက် ...

လိုက်ကြသည်။ “ဆရာကြီးတို့ ဒီကနေ ရွာကို နာရီဝက်သာသာလောက် လမ်းလျှောက်ဝင်ရမယ်ကွဲ့ …လှည်းကြုံတွေ့ရင်တော့ ခြေညောင်းသက်တာပါပေါ့ ” “ခရီးဆောင် ဝန်စည်စလယ် များများစားစား ပါတာမှ မဟုတ်ဘဲ ကျနော်တို့ ကားစီးလာတာ အညောင်းပြေ လမ်းလျှောက်လိုက်ရင် အကြောအချင်ပြေသွားမှာ” “ကဲ ဒါဖြင့်လည်း ဖြည်းဖြည်းလျှောက်သွားကြတာပေါ့ ” သို့ဖြင့် ရွာသို့ သွားသည့် လှည်းလမ်းအတိုင်း လျှောက်ခဲ့ကြသည်။ လမ်းက ဂဝံမြေအမျိုးအစား ဖြစ်သည်။ မကြာခင်မှာပင် ရွာထဲသို့ ရောက်လာခဲ့သည်။ ဆရာတပည့်နှစ်ယောက် ခြေတံရှည်အိမ်တစ်အိမ်အရောက် ရပ်လိုက်သည်။ “ကဲ …ဆရာကြီးတို့ သည်အိမ်မှာ ...

၊ ဒီမှာ ယောလေးက စကားစလာပါတယ်။ “ဟေ့ကောင်ရဲလေး၊ မင်းသရဲမကြောက်တတ်ဘူးမဟုတ်လား” “မကြောက်တတ်ပါဘူးဗျာ” ကျုပ်က လူတစ်မျိုးဗျ၊ သရဲကိုကြောက်တော့မကြောက်ဘူး၊ ဒါပေမယ့် သရဲကဗြုန်းစားကြီး ဝုန်းခနဲပေါ်လာမှာတို့ လန့်သွားမှာကိုပဲကြောက်တယ်၊ သရဲမှန်းသိရင်တော့ မကြောက်ပါဘူး၊ ဒါကြောင့်လည်း သုဿန်ကျောင်းကို သရဲလာခြောက်တော့ကျုပ်တစ်ယောက်တည်း သရဲကိုထရိုက်ခဲ့တာပေါ့၊ အဲဒီအချိန်က လူငယ်ဆိုတော့လည်း စိတ်ကကြွနေတာလည်းပါတယ်၊ သရဲဆို လုံးဝကိုမကြောက်ဘူး၊ စိန်ခေါ်ချင်တဲ့စိတ်ကလေးလဲရှိတာပေါ့ဗျာ။ “ဆေးရုံဆိုတာ ပရလောကသားတွေအများကြီးရှိတဲ့နေရာကွ၊ ပြီးတော့ ဒီဆေးရုံပေါ်မှာ သေသွားတဲ့လူတွေကလည်းမနည်းဘူးဆိုပဲ၊ သူများပြောတာကတော့ ဒီမြစ်ကြီးနားဆေးရုံက သရဲသိပ်ခြောက်တယ်ဆိုပဲကွာ၊ အဆိုးဆုံးကတော့ ရင်ခွဲရုံနားမှာပဲတဲ့ကွ” ကျုပ်ကပြုံးလိုက်ရင်း “ကိုယောလေး၊ ခင်ဗျားက ကျုပ်ကိုကြောက်တတ်တယ်ထင်ပြီး ...