ထပ်ခေါ်၍ မဖြစ်ပေ။သမီးနှင့် အငယ်ဆုံးမြေးမလေးကိုပင် မနည်းပြုစုစောင့်ရှောက်ရမည်ဖြစ်၍ သုတအားခေါ်ဖို့ရာ မည်သို့မှ မဖြစ်နိုင်ပေ။ထို့အတွက် မသိန်းမေသည် သုတအား     “သား တဲကိုပြန်တော့ မင်းညီမလေး နေကောင်းရင် တကယ်ပြန်လာမှာပါ “     “အမေက အကြာကြီးနေမှပဲ ပြန်လာမှာ ကျနော်သိတယ် “     “မဟုတ်ပါဘူး မင်းညီမလေးလည်း သက်သာနေတာ သိရဲ့သားနဲ့ “     “မသိဘူး ကျနော် အဖွားတို့အိမ်ကို လိုက်ပါရစေ “     ငိုယိုပြီး ပြောစကားကို နားမထောင်သည့် သုတအား လှည်းမောင်းနေသော ...

ဆရာကြီး အမြန်ဆုံး တားပေးပါလို့ ကျမ တောင်းဆိုပါတယ် “    “စိတ်ချပါ ကျုပ် တားပေးပါ့မယ် “     ဦးတင်မြင့်နှင့် ဒေါ်နီသည်လည်း ဦးဖိုးဝေနှင့် သူရိယတို့ နှစ်ယောက်အား နှုတ်ဆက်ကာ လှည်းလေးအား မောင်းထွက်သွားလေသည်။ထို့နောက် ဦးဖိုးဝေတို့သည်လည်း သူတို့သွားရမည့်နေရာသို့‌ ခြေဦးလှည့်လိုက်ကြပါလေတော့သည်။ ◾အခန်း (၃)      တောင်တန်းများ၏အောက်ခြေ၌ ရွာလေးတရွာတည်ရှိလေသည်။ထိုရွာလေးသည် လက်ရှိရောက်ရှိသော ခေတ်ထက် များစွာ နောက်ကျကျန်နေခဲ့ဟန် ရှိလေသည်။ရွာရှိ အိမ်များသည် သစ်၊ဝါး၊သက်ကယ်များဖြင့်သာ တည်ဆောက်ထားပြီး အိမ်ဝိုင်းများကို ခြံစည်းရိုးကာရံထားခြင်းမရှိပဲ သစ်ပင်များဖြင့်သာ နယ်နိမိတ်သတ်မှတ်ထားလေ၏။ထိုရွာလေး၏ ...

သည့်အကြည့်နှင့် ကြည့်နေရာ ပေတူးမှ စကားဆိုလိုက်လေသည်။     “ဟေ့လူတွေ အိမ်မသယ်ရမှာစိုးလို့ ကျုပ်ကို မြင်တာနဲ့ စိတ်မကောင်း ဖြစ်သွားတာလားဗျ ခင်ဗျားတို့ ဒီလောက် အလုပ် လုပ်တာ အိမ်သယ်ပါဗျာ ကျုပ် မပြောပါဘူး ဒါနဲ့ ဘာတွေကျွေးကြ လဲ ဝက်သားပဲ ကျွေးမှာ မဟုတ်လား “    “မဟုတ်ဘူး ငါးပိလိမ္မာ ပေတူး “    “ဟာ အမေကလည်းဗျာ လှုပြီးတော့ ကပ်စေးနည်းနေပြန်ပြီ ငါးပိလိမ္မာဆိုတာ မသာဆွမ်းသွပ်မှ ကျွေးတာ ဒီအမေနဲ့တော့ လည်း ...

နှလုံးရပ်မတတ်ဖြစ်သွားရလေသည်။ လျှပ်စီးလက်လိုက်သည့်အခိုက် မိန်းမပျို၏မျက်နှာကိုသဲသဲကွဲကွဲ မြင်လိုက်ရလေသည်။ “ခင် ခင် ခင်အေး” မှန်ပေသည်. ကိုမောင်ကြီးမြင်နေရသောမိန်းမပျိုမှာ ခင်အေးပင်ဖြစ်သည်။ ကိုမောင်ကြီးရဲ့ခြေလှမ်းတို့နောက်သို့ပင် ဆုတ်သွားရလောက်အောင် အံ့သြထိတ်လန့်သွားရလေသည်။ “နင့်ကိုလက်စားချေဖို့ငါစောင့်နေတာကြာပြီ၊ဒီနေ့နင်သေရမယ့်နေ့ပဲဟေ့။ “ငါ ငါ့ကိုမသတ်ပါနဲ့ ငါ့ကိုမသတ်ပါနဲ့ဟာ ငါ ငါ ငါတောင်းပန်ပါတယ်ခင်အေးရယ်: “နင့်အလှည့်ရောက်တော့ နင်ကြောက်နေပြီပေါ့လေ ဟုတ်လား။ ငါ့တုန်းကရော ငါတောင်းပန်ခဲ့တာတောင် နင်ငါ့ကိုသနားညှာတာခဲ့လို့လား ပြောစမ်း” “ငါမှားပါတယ် ခင်အေးရယ် ငါ့ကိုခွင့်လွှတ်ပါ ငါငါ့မှာသားသမီးတွေနဲ့ ငါမသေချင်သေးဘူး။ ငါ့ကိုခွင့်လွှတ်ပါ” “ဟားဟားဟားဟား ဘာတဲ့အခုမှလာပြီးခွင့်လွှတ်ရမယ် ဟုတ်လား။ မရဘူးနင်ဒီနေ့သေရမယ့်နေ့ပဲ ငါ့ရဲ့သွေးကြွေးကိုငါပြန်ဆပ်ဖို့ ငါရောက်လာပြီ ဟားဟားဟားဟား” ...

တို့ပြောတာကို ဂရုမစိုက်နဲ့၊ မင်းရူးနေတယ်လို့ထင်ရင် မင်းကအရူးပဲပေါ့ကွာ” ကျုပ်လည်း ခေါင်းကိုတဗြင်းဗြင်းကုပ်ပြီးတော့ “ကျုပ်ရူးမရူးတော့မသိဘူးဗျာ၊ ဒါပေမယ့် ထူးတော့ထူးနေတယ်၊ ပြောရရင် ကျုပ်က လူတစ်ကိုယ်နဲ့စိတ်နှစ်မျိုးဖြစ်နေသလိုပဲဗျာ၊ ကျုပ်ကိုယ်ထဲမှာ စိတ်နှစ်ခုရှိတာကို ကျုပ်သိတယ်” “ဟား၊ ဟား ဒါကထုံးစံပါပဲကွ၊ မင်းအချိန်ကျလာလို့ အရင်ဘဝဘ၀က ပြုခဲ့ဖူးတဲ့ပါရမီတွေ၊ ကောင်းမှုအထုံတွေရင့်ကျက်လာတဲ့အခါ ဒီဘဝမှာပဲ အရင်ဘဝကအသိတွေကို ပြန်ရတာပေါ့၊ ဒီအချိန်မှာ မင်းစိတ်က နှစ်ခုကွဲသွားတယ်၊ တစ်ခုကတော့အခုလက်ရှိဒီဘဝမှာ လုပ်ကိုင်ကျင်လည်နေတဲ့ မင်းရဲ့ပုံမှန်စိတ်ပေါ့၊ နောက်တစ်ခုကတော့ အရင်ဘဝကရှိခဲ့ဖူးတဲ့အသိတွေက အသစ်ဖြစ်လာတဲ့စိတ်၊ အဲဒီစိတ်ကတော့ ဖြူစင်တယ်၊ နုနယ်တယ်ကွ၊ ဥပမာပြောရမယ်ဆိုရင် ကလေးတစ်ယောက်ရဲ့စိတ်လိုပေါ့ကွာ၊ ပုံမှန်လူဆိုရင် ...

တော်တော်ကျယ်တာပဲ ဘထစ်ရ” “အေး အဲဒါ ဒီည ပြောင်းမှာတဲ့ကွ” “ဟေ ဒီည ပြောင်းမှာ၊ ဘယ်လိုတုံး ဘထစ်ရ၊ သင်္ချိုင်းပြောင်းတာက ဘာတွေ သယ်စရာ ရှိနေလို့တုံး” ကျုပ်စကားကို ကြားတော့ ဘထစ်က ကျုပ်ကို စိတ်မရှည်တဲ့ပုံနဲ့ ကြည့်တယ်ဗျ။ “ဟေ့ကောင် တာတေ၊ သင်္ချိုင်းပြောင်းတယ်ဆိုတာ အဲဒီသင်္ချိုင်းထဲက နာနာဘာဝတွေကို နေရာသစ်ကို အရင်ပြောင်းပေးရတာကွ၊ အဲဒါပြီးမှ နေရာသစ်မှာ စပြီး သင်္ဂြိုဟ်ရတာ” “သြော် ဒီလိုလား ။ အဲဒါ ဒီည ပြောင်းမှာလား” “အေး ဟုတ်တယ် ...

ပုဆိုးတိုတို ဝတ်ထားသော သာရအား ကျောပေး ထိုင်ပြီး စိတ်အလိုမကျဖြစ်ကာ ဆူပုတ်နေလေသည် ၊သာရသည် သူ၏ ခေါင်းကို တချက် နှစ်ချက် မျှ ကုတ်လိုက်ပြီး     “လှရင် ငါ ရှင်းပြပါရစေ”     “ဘာရှင်းပြမှာလဲ နင်နဲ့ပြဇတ် မင်းသမီးရဲ့ ဇတ်လမ်းကို ရပ်ကြော် ရွာကြော် အကုန်သိနေတာကို “     ‘အဲ့တာ ခက်တာပဲ ငါက နင်ကလွဲပြီး တခြားတယောက် မရှိပါဘူးဟာ “     “အဲ့တာဆို ဟိုပြဇတ်မင်းသမီးက နင့် ကို ...

သေနတ်တစ်လက်တည်း ယူလာခဲ့မိခြင်းပင်။ ထိုသေနတ်ကလည်း ကျွန်တော့်လက်တွင်းပင်။ သူကိုင်ဆောင်ထားသည့် သေနတ်က နံပါတ်(၁) တရုတ်ပြည်လုပ် ဘေးဆွဲ လေသေနတ်ကလေးပင်။ အမှန်ကလည်း သူနှင့်ကျွန်တော် နှစ်ဦးတည်း ခွဲထွက်လာကြသည်မှာ သားကောင်ကြီးများကို ပစ်ခတ်ဖို့ ထွက်လာခဲ့ကြခြင်းမျိုး မဟုတ်။ စားပင်တွင် စောင့်ကာ အသီးများတို့ကို လာရောက်စားသောက်ကြမည့် ရစ်၊ တောကြက်၊ အောက်ချင်း၊ အောင်လောင်း၊ ငှက်ငနွား၊ ငူစိမ်း၊ ငူကုလားနှင့် မျောက်၊ ကျေးငှက် သာရကာများတို့ကို ပစ်ခတ်ကြရင်း လိုရမယ်ရ သက်စောင့်အဖြစ် ယူဆောင်လာခဲ့သော နှစ်လုံးပြူးသေနတ်ကို ကျွန်တော်က ကိုင်ကာ အဖော်အဖြစ် ...

ဒီလိုနဲ့ တတိယအချီလောက်အရောက်မှာတော့ တိုက်တိုင်းအောင်က ရန်မျိုးအောင်ရဲ့ နားစကို ဆွဲလိမ်ပြီး ခွပ်ချလိုက်ရာ ဟိုကောင်ခဗျာ အော်ပြီးစည်းအပြင်ဘက်ကိုပြေးပါလေရော။ ကြက်ပွဲမှာက ထွက်ပြေးတဲ့ကြက်ကအရှုံးဆိုတော့ ကိုဖိုးခွေးတို့အနိုင်ရပြီးလောင်းကြေးငွေတွေလဲ မြိုးမြိုးမြက်မြက်ရလိုက်ကြတယ်။ “ ဒါကမင်းအတွက် ထန်းရည်ဖိုး” “ မယူပါဘူးဗျာ… ကျုပ်က ပျင်းနေတာမို့ လိုက်လာပေးတာပဲရှိတာ” “ ယူပါကွ… မင်းအတွက်မဟုတ်ရင်တောင် မင်းအမေအတွက် တစ်ခုခုဝယ်သွားလို့ရတာပေါ့” “ ဟုတ်သားပဲ တိုက်မောင်းရာ… ယူလိုက်ပါကွ” “ ဒါဆိုလဲပြီးရောဗျာ…” တိုက်မောင်းက နိုင်ကြွေငွေအချို့ကိုယူပြီး အိတ်ကပ်ထဲထည့်ထားလိုက်တယ်။ ဒီလိုနဲ့ ကိုချက်စူ ထန်းတောနားကိုရောက်တော့ လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတာကြောင့် ...

ပြင်းထန်သော ယမ်းအားပေါက်ကွဲသံကြောင့် ချောင်းစပ်သို့ရောက်နေပြီဖြစ်သော ဂျီ(ချေ)သည် ထိတ်လန့် ရပ်တန့်သွားကာ အမောဆို့ လဲပြိုကျသွားသလို ဟင်းကောင်သည်လည်း တောအုပ်တွင်းသို့ ပြန်လှည့်ပြေးဝင်သွားတော့သည်။ ထိုဟင်းကောင် ပြေးလွှားသွားပုံကိုကြည့်ခြင်းအားဖြင့် ခြေထောက်တွင် ဒဏ်ရာရသွားကြောင်း သိလိုက်သည်။ “မတတ်နိုင်ဘူး ကိုပိုက်ရေ။ ဒီနည်းပဲ လုပ်ရတော့တယ်” “ဒါ မှန်တာပေါ့ ဆရာလင်းရယ်။ သူများအစာကို ဟန့်တားရာ မရောက်ပါဘူး။ ဒုက္ခဆိုးနဲ့ ကြုံနေရရှာတဲ့ ဂျီ(ချေ)တောင်လေးရဲ့အသက် အန္တရာယ်ကို ကာကွယ်ပေးလိုက်တာပဲဗျာ” စောလူးက သို့နှယ်ပြောရင်း အမောဆို့ လဲကျသွားသည့်ဂျီ(ချေ)ကောင်ထံသို့ ချောင်းကို ဖြတ်ကူးသွားသည်။ ” ကျွန်တော်နှင့်လင်းမြင့်လှိုင်သည်လည်း သူ့နောက်မှ ...