တစ္ဆေရောင်

နောက်လိုက်လာတာပေါ့”

“အေးဗျာ ကျုပ်တို့ဦးကြီး ကျတ်တက်လျှိုလယ်ပွဲလည်း အရင်သူရင်းငှားတွေတုန်းကဆို နှစ်ရက်လောက်လုပ်ပြီးပြန်းပြန်ပြေးလာတာဗျာ့ ဦးမြင့်ဆောင်နဲ့ကြမှပဲအဆင်ပြေသွားတော့တယ်”

“ဒါတွေငါသိပါတယ်ကွာ အရင်ငါတောင် အဲ့ဒီလျှိုထဲ တစ်ယောက်တည်းမသွားရဲဘူး ဒါပေမဲ့ အခုတော့ဘယ်အချိန်သွားသွား မကြောက်တော့ဘူးကွ”

“ဟုတ်လားဗျာ့ ဒါနဲ့ ဦးလေးပြူရော ဖိုးခေါင်ကြီးကိုမြင်ဘူးလား”

“မြင်ဘူးတာပေါ့ကွာ ငါတို့အရိပ်တစ္ဆေတွေကိုလိုက်တုန်းက ဖိုးခေါင်ကြီးရောပါတာကို အဲ့ဒီတုန်းက မြင့်ဆောင်လေးဂွက ငါ့လက်ထဲမှာဆိုတော့ ဖိုးခေါင်ကြီးကို နေ့တိုင်းမြင်နေရတာပေါ့”

“ဟုတ်လားဗျာ့ အဲ့ဒီလိုမြင်နေရတော့ရော ဦးလေးပြူးမကြောက်ဘူးလား”

“အင်း စတွေ့တုန်းကတော့ လန့်တာပေါ့ကွာ ဒါပေမဲ့နောက်ပိုင်းကြတော့ ဘယ်လိုမှမဖြစ်တော့ဘူးကွ သူလိုကိုလို လူသားတစ်ယောက်လိုဖြစ်သွားတာပဲ”

“ဟုတ်လား ဒါဆို ကျုပ်လဲ အဲ့လိုသရဲနဲ့ခင်ချင်တယ်ဗျာ့”

“ခင်ပါတယ်ကွာ ဖိုးခေါင်ကြီးကလည်း မင်းကိုမြင်ဘူးနေတာပဲ မင်းကျတ်တက်လျှိုထဲရောက်ရင် သူကမင်းကိုမြင်နေရတာပဲ မင်းကသာသူ့ကိုမမြင်ရတာ”

“ဟုတ်လောက်တယ်ဗျာ့ ကျွန်တော်လည်းအရင်တုန်းက အဲဒီလျှိုထဲသွားရမှာကို သူရင်းငှာတွေမြင်တာနဲ့ကြောက်နေတာ အခုတော့သိပ်မကြောက်တော့သလိုပဲ”

“ဒါပေါ့ကွ တစ်ယောက်အကြောင်း တစ်ယောက်သိသွားတော့ ဘယ်ကြောက်တော့မတုန်း ဒါနဲ့ မင်းတို့ဦးကြီးဦးဘိုးခင်ရော ဖိုးခေါင်ကြီးအကြောင်းသိလား”

“သိတာပေါ့ဗျာ့ သူလည်း ဦးမြင့်ဆောင်ပြောပြလို့ အကုန်သိပြီးပြီ ဒါကြောင့်သူ ဦးမြင့်ဆောင်ကို သူ့အိမ်ကလွဲပြီး ဘယ်အိမ်ကိုမှသူရင်းငှားမလုပ်စေချင်တော့ဘူး သူရင်းငှားခကိုလည်း ဦးမြင့်ဆောင်တောင်းသလောက်ပေးမယ်ပြော နောက်နှစ်အတွက်ပါ ဆက်ငှားနေတာ”

“ဟုတ်လားကွ ဒီတော့ မြင့်ဆောင်ကြီးက ဘာပြန်ပြောတုန်း”

“သူကတော့ ဘာပြောရမှာတုန်းဗျာ နဂိုကတည်းက အေးအေးဆေးဆေးသမားဆိုတော့ ကျန်တာဘာမှမပြောဘူး အလုပ်အဆင်ပြေဖို့ပဲ အရေးကြီးတယ်တဲ့”

“အေးကွ အဲ့ဒါကြောင့် မြင့်ဆောင်ကြီးကို ရွာထဲကလူတွေက သဘောကြတာပေါ့ ဒီကောင်ကြီက အလုပ်အေးအေးဆေးဆေး လုပ်နေရရင်ပြီးတာပဲ ကျန်တာသိပ်စဉ်းစားတဲ့ကောင်မဟုတ်ဘူးကွ”

ကိုပြူး ထိုသို့ပြောလိုက်ပြီး လက်ထဲပျိုးဖတ်ကို နှီးဖြင့်စည်းကာ

“ကဲ မောင်စိုး ဒို့လည်း ကျန်တာလေးနောက်နေ့မှ ဆက်နှုတ်ရအောင်ကွာ အခုတော့ အချိန်လဲမရှိတော့ဘူး အိမ်ပြန်ရအောင်”

“အေးဗျာ ကျွန်တော်လည်း တစ်ညခင်းလုံး ရေထဲစိမ်ရတာအေးနေပြီ အပြန် ကိုလှမောင်ကြီးဆိုင်ဝင်ပြီး နဲနဲပါးပါးလောက်သောက်လိုက်ရင်ကောင်းမလားလို့”

မောင်စိုး ထိုသို့ပြောလိုက်တော့ ကိုပြူးက

“မလုပ်စမ်းပါနဲ့ကွာ အစရှိအနောင်နောင် တော်ကြာ ငတူးလိုဖြစ်သွားပါဦးမယ်”

ထိုအခါ မောင်စိုးက

“မလုပ်ပါဘူးဗျာ ကျွန်တော်လည်း စကားအဖြစ်သာပြောတာပါ တော်ကြာ ဦးကြီးသိသွားရင် မလွယ်ဘူးဗျာ့”

မောင်းစိုး ထိုသို့ပြောပြီး လယ်ကန်သင်းပေါ်တက်သွားသည် ကိုပြူးလည်း နောက်မှလိုက်ဝာက်လာပြီး

“မြင့်ဆောင် ငါတို့ပြန်တော့မယ်ကွာ မင်းရောမပြန်သေးဘူးလား”

ထိုအခါ ပျိုးထုံးများကို လယ်ထဲလိုက်ချနေသော ကိုမြင့်ဆောင်က

“အေး ငါလည်းပြန်တော့မယ်ကွ အတူပြန်ကြတာပေါ့”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်ပြီး စွပ်ဖားတွင် တပ်ထားသော နွားကြီးနှစ်ကောင်ကို ထမ်းပိုမှဖြုတ်ကာ ရှေ့နောက်ဆွဲလာပြီး မောင်စိုးကို တစ်ကောင်မောင်းခိုင်းကာ အိမ်သို့ပြန်လာခဲ့ကြတော့သည်။

(၂)

ထိုသို့ဖြစ် ကိုမြင့်ဆောင်တစ်ယောက် ညနေအလုပ်နားတော့ ရေမိုးချိုး ထမင်းစားသောက်ပြီး ဖိုးခေါင်ကြီးဆီသွားရန် ကိုပြူးနှင့်အတူ အိမ်မှထွက်လာခဲ့သည်။ ကိုပြူးသည်လည်း သူကြိုပြောထားပြီးဖြစ်တာကြောင့် ဦးဘိုးခင်အိမ်သို့ ရောင်‌ေနပြီဖြစ်သည်။ဒါကြောင့် သူတို့နှစ်ယောက် ဖိုးခေါင်ကြီးဆီသွားရန် ရွာလမ်းအတိုင်းလမ်းလျှောက်လာနေရင်း ဒေါ်ပျော့နှင့်တွေ၍ ဒေါ်ပျော့က

“ဟဲ့ မြင့်ဆောင် နင့်သရဲ ငါ့အကွက်ထဲမှာ နေနေတယ်ဆို”

ဒေါ်ပျော့ ပြုံးပြုံးရွှင်ရွှင်ဖြင်း မေးလိုက်တော့ ကိုမြင့်ဆောင်က

“ဟုတ်တယ်ဗျာ့ ဒေါ်ပျော့သရဲအပူးခံရတဲ့နေ့တုန်းက သူရောက်လာပြီး ဒေါ်ပျော့အကွက်ထဲကသရဲကို နှင်ထုတ်ပြီး သူအဲ့ဒီအပင်မှာနေနေတာ ဒါပေမဲ့ ခဏတဖြုတ်ပါ သူလည်းမကြာခင် သူ့နေရာသူပြန်တော့မှာပါ”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဒေါ်ပျော့က

“အမြဲတမ်းနေခိုင်းလိုမရဘူးလားဟဲ့ ငါသူ့အကြောင်းကို သံချောင်းပြောလို့ အကုန်သိပြီးပြီ အဲ့ဒီလို သရဲမျိုးသာ ဆိုလို့ကတော့ ငါနေ့တိုင်း အမဲသားချက်ကျွေးပါတယ်”

ဒေါ်ပျော့ ထိုသို့‌‌ေပြာလိုက်‌ေတာ့ ကိုမြင့်ဆောင်က

“ဒေါ်ပျော့ရယ် ဘယ်ဟာမှ အလွန်အကျွံမကောင်းပါဘူး နောက်ပြီးဖိုးခေါင်ကြီးကလည်း အဲ့ဒီလို သရဲမျိုးမဟုတ်ဘူးဗျာ့ သူ့ဟာသူအေးအေးဆေးဆေးနေတတ်တနောက်ပြီး လူတွေကိုကူညီတတ်တယ်ဆိုပေမဲ့ မဟုတ်တာတော့ လုပ်ခိုင်းလို့မရဘူး”

“အေးပါဟယ် ငါလည်း မဟုတ်တာလုပ်ခိုင်းဖို့ဟုတ်ပါဘူး ငါ့အကွက်ထဲက တစ္ဆေကြမ်းသရဲကြမ်းကို နှင်ထုတ်ပေးလို့ ကျေးဇူးတင်စကား ပြောချင်လို့ပါ”

“ဒါဆို ဒေါ်ပျော့ ကျုပ်တို့နဲ့လိုက်ခဲ့လေဗျာ အခုကျုပ်တို့ဖိုးခေါင်ကြီးဆီသွားမလို့ ဟိုရောက်မှ ဒေါ်ပျော့ကိုယ်တိုင်ကျေးဇူးတင်စကား ပြောလိုက်ပေါ့”

ကိုပြူး ထိုသို့‌ပြောလိုက်တော့ ဒေါ်ပျော့က

“မယ်ပျော့ မပြောရဲဘူးများထင်နေလား သရဲကြမ်းကိုတောင် အမဲသားသွားကျွေးထားတဲ့ကောင်မ ပေါ့ဆဆ‌ေတာ့မတွက်နဲ့”

ဒေါ်ပျော့ ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“မတွက်ပါဘူးဗျာ ဒေါ်ပျော့ပြောရဲမှန်းသိပါတယ် ဒါပေမဲ့ ဖိုးခေါင်ကြီးက အဲ့ဒီမှာ ရှိမှန်းမရှိမှန်း မသေချာသေးဘူးဗျာ့ တကယ်လို့ရှိခဲ့ရင် ဒေါ်ပျော့ ကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါမယ်”

“အေးပါဟယ် ဒါဆိုလဲငါသွားတော့မယ်”

ဒေါ်‌ပျော့ ထိုသို့ပြောပြီး သူတို့နှင့်စကားရပ်ပြောနေရာမှ ရွာနောက်ပိုင်းသို့ထွက်သွားသည်။ဒေါ်ပျော့၏ပုံစံကို ကြည့်ရသည်မှာလည်း ဖိုးခေါင်ကြီးကို တကယ်ပင်ကျေးဇူးတင်နေပုံရပြီး ဖြစ်နိုင်လျှင် သူအကွက်ထဲမှာပင် ထား‌ချင်နေပုံရသည်။ မည်သို့ဖြစ်စေ သရဲပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် တစ်ဦးစေတနာကို တစ်ဦးကနားလည်လျှင် အရာရာအစဉ်ပြေတတ်သည် မဟုတ်ပါလား ယခုလည်း ဖိုးခေါင်ကြီးတစ်ယောက် သူကူညီလိုက်သော အကူအညီ‌ကြောင့် ဒေါ်ပျော့၏ခင်မင်မှုကို ရရှိသွားပြီး ဒေါ်ပျော့သည်လည်း သူ၏အကွက်ထဲသို့ အချိန်မရွေးသွားလာရဲတော့မည်ဖြစ်သည်။
ထိုသိုဖြစ် ကိုမြင့်ဆောင်နှင့်ကိုပြုးလည်း ဒေါ်ပျော့နှင့် စကားရပ်ပြောနေရာမှ ဖိုးခေါင်ကြီးရှိနေမည်ထင်သည့် ဒေါ်ပျော့၏ ယာကွက်ထဲသို့ ဆက်လျှောက်လာခဲ့ကြသည်။ ဒီလိုနဲ့ ဒေါ်ပျော့၏ယာကွက်ထဲသို့ရောက်တော့ ဖိုးခေါင်ကြီး ရှိမနေတာကိုသိလိုက်ရပြီး ကိုမြင့်ဆောင်က

“ငပြူး ဖိုးခေါင်ကြီးမရှိဘူးကွ တဲပြန်သွားတယ်နဲ့တူတယ်”

ထိုအခါ ကိုပြူးက

“ဟုတ်လောက်မှာပေါ့ကွာ သူလည်းမင်းလိုပဲ အိမ်ပြန်လိုက် တဲပြန်လိုက်နေမှာပေါ့”

“ကဲဒါဆိုလဲ ဒို့အိမ်ပြန်ရအောင်ကွာ”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး လွယ်အိပ်ထဲ၌အသင့်ပါလာသော လက်နှိပ်ဓါတ်မီးကိုထုတ်၍ အနီးအနားပတ်ဝန်းကျင်ကို ဝေ့ဝိုက်ထိုးကြည့်လိုက်သည် ထိုအခါ ဒေါ်ပျော့၏ ယာကွက်အလည် မလုံမလဲးမိုးခိုတဲလေး၌ လူတစ်ယောက်အိပ်နေတာကိုမြင်လိုက်ရပြီး ကိုမြင့်ဆောင်က

“ငပြူး ဟိုမှာလူတစ်ယောက် အိပ်နေပါလားကွ ဘယ်သူမှန်းမသိဘူး လာသွားကြည့်ရအောင်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုပြူးက

“အေး ဟုတ်တယ်ဟ ငတူးများ အရက်မူးမူးနဲ့လာအိပ်နေရော့လား”

ကိုပြူးလည်း ထိုသို့ပြန်ပြောလိုက်ပြီး သူတို့နှစ်ယောက် မိုးခိုတဲလေးနားသို့လှမ်းလာခဲ့ကြသည် ထိုအခါ သူတို့ကိုကျောပေးလျှက် အိပ်နေသော ပိတ်ဖြူပတ်ထားသည့် ဦးပြီးခေါင်းတုံးနှင့်ဖိုးသူတော်တစ်ယောက်ကို မြင်လိုက်ရပြီး ကိုပြူးက

“မြင့်ဆောင် ဒါဒို့ထိမ်ပင်ရွာမှာတွေ့ခဲ့တဲ့ ဖိုးသူတော် တစ္ဆေ မဟုတ်လားကွ ဘယ်လိုလုပ် ဒီရောက်နေတာတုန်း”

ကိုပြူးထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“အေး ဟုတ်တယ်ကွ ဒါ ဒို့ထိမ်ပင်ရွာမှာ တွေ့ခဲ့တဲ့ဖိုးသူတော်ပဲ ကပ္ပိယကြီး ကြေးစည်သံကြောင့် ဒီဘက်ပြေးလာပုံရတယ်”

ထိုအခါ ကိုပြူးက

” ဖြစ်နိုင်တယ်ကွ ဒီဖိုးသူတော် ထိမ်ပင်ရွာမှာတီးလို့မရတော့လို့ ဒို့ရွာကိုရောက်လာတာနေမယ် ကပ္ပိယကြီးအကြောင်း မသိသေးဘူးနဲ့တူတယ်”

ကိုပြူး ထိုသို့ပြောလိုက်တော့ သူတို့ကို ကျောပေးအိပ်နေသော ဖိုးသူတော်တစ္ဆေက

“ငါအိပ်နေတာကို ဘယ်သူတွေဆူညံဆူညံ လာလုပ်နေတာတုန်းကွ”

ဖိုးသူတော်တစ္ဆေထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“ကျုပ်တို့ဘာဗျာ့ သူတော်တ‌ေစ္ဆ ဒီကိုဘယ်လို‌ ရောက်လာတာတုန်း”

“ငါ့ဟာငါ ဘယ်လိုရောက်လာရောက်လာ‌ေပါ့ကွ မင်းတို့နဲ့မဆိုင်ပါဘူး”

“ဒါဆိုလဲ ပြီးရောဗျာ ဒါနဲ့ သူတော်တစ္ဆေ ဒီနားရောက်လာတော့ ဒီသစ်ပင်မှာနေတဲ့ သရဲတ‌ေစ္ဆတစ်ကောင်ကို မတွေ့ဘူးလား”

“သရဲလဲမတွေ့ဘူး တစ္ဆေလဲမတွေ့ဘူး ဒီနားမှာငါတစ်ယောက်ပဲရှိတယ်”

“ဟုတ်လား ဒါဆို သူတော်တစ္ဆေဒီကို ဘာလာလုပ်တာတုန်း”

“ငါ့ဟာငါဘာလုပ်လုပ်ပေါ့ကွ မင်းတိုနဲ့မဆိုင်ဘူးပါဘူး”

“သူတော်တစ္ဆေ ကျုပ်တို့ရွာထဲကို ကြေးစည်တီးဖို့ရောက်လာတာမဟုတ်လား”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်မှ သူတော်တစ္ဆေ သူတို့ဘက်ကိုလှည့်လာပြီး ပြုံးစိစိဖြင့်

“ဟီး ဟုတ်တယ်ကွ ငါဒီရွာထဲကို ကြေးစည်တီးဖို့ရောက်လာတာ ဒါနဲ့ မင်းတို့ရော ဒီရွာကပဲလား”

“ဟုတ်တယ်လေဗျာ သူတော်တစ္ဆေ ကျုပ်တို့ကိုမမှတ်မိလူးလား”

“မှတ်မိပါတယ်ကွ ငါအသံကြားကတည်းက မင်းတို့မှန်းသိပါတယ် ဒါပေမဲ့ ငါ့ကိုမှတ်မိသွားမှာစိုးလို့ ပေအိပ်နေတာ”

“ဟုတ်လား ဒါဆို သူတော်တစ္ဆေက ကျုပ်တို့ရှိ‌ေနမှန်းသိရဲ့သားနဲ့ ဒီရွာကိုတမင်လာတာပေါ့”

“မဟုတ်ဘူးကွ ငါလာတာ ထိမ်ပင်ရွာရဲ့မြောက်ဘက်ကရွာကိုလာတာ ဒီရွာကိုဘယ်လိုရောက်လာမှန်းမသိဘူး ဒါနဲ့ မင်းတို့ရွာက ထိမ်ပင်ရွာရဲ့ အရှေ့ဘက်မှာ ရှိတာဆို”

“ဟုတ်တယ်လေဗျာ ဒါထိမ်ပင်ရွာရဲ့‌အရှေ့ဘက်ပဲ”

“ဟုတ်လား ဒါဆို ငါတစ်ခုခုတော့လွဲနေပြီကွ ငါလာတုန်းကတော့ ဒါထိမ်ပင်ရွာရဲ့မြောက်ဘက်ကရွာဆိုပြီးလာတာ အခု မင်းတို့ပြောမှာ ထိမ်ပင်ရွာရဲ့အရှေ့ဘက်ကို ရောက်နေမှန်းသိရ‌တယ်”

“ဟုတ်လို့လားဗျာ့ သူတော်တစ္ဆေ ကျုပ်တို့နဲ့တွေ့လို လိမ်နေတာ‌မဟုတ်ဘူးလား”

“မဟုတ်ပါဘူးကွာ သူတော်တစ္ဆေ မလိမ်ပါဘူး တကယ်တော့ ငါ မျက်စိလည်နေတာဖြစ်မယ်ကွ”

“ဟုတ်ပါ့မလားဗျာ့ တစ္ဆေတစ်ကောင် မျက်စိလည်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ သူတော်တစ္ဆေက

“ဒီအတိုင်းဆိုရင်တော့ ဘယ်ဖြစ်နိုင်မှာတုန်းကွ ဒါပေမဲ့ ငါ မင်းတို့ကပ္ပိယကြီးရဲ့ ကြေးစည်သံကိုကြားပြီး ချာချာလည်မူးနောက်‌ပြီး ဘယ်ရောက်လို့‌ေရာက်မှန်းမသိတော့ဘူး အခုလည်း ငါ ဒါကိုမြောက်ဘက်အရပ်လို့ထင်နေတာကွ”

“ဟုတ်လား ဒါဆို သူတော်တစ္ဆေ အခုဘာလုပ်မှာတုန်း”

“ဘာလုပ်ရမှာတုန်းကွာ ဒါမင်းတို့ရွာဆိုမှာတော့ ငါပြန်ရုံပဲရှိတယ်ပေါ့”

သူတော်တစ္ဆေ ထိုသို့ပြောပြီး ထိမ်ပင်ရွာဘက်ကိုထွက်သွားသည် ထိုအခါ ကိုပြူးက

“သူတော်စ္ဆေ ထိမ်ပင်ရွာဘက်ကို ဘာသွားလုပ်မှာတုန်း”

“ဟေ ဒါ ထိမ်ပင်ရွာဘက်ကိုသွားတာလား ငါ‌ေမြာက်ဘက်ကို သွားတာပါကွ”

“မဟုတ်ဘူးဗျာ့ အဲ့ဒါအနောက်ဘက်”

“ဟုတ်လား ဒါဆိုလဲ တစ်ခြားဘက် ပြန်သွားရမှာပေါ့ကွာ”

သူတော်တစ္ဆေ ထိုသို့ပြောပြီး မြောက်ဘက်အရပ်သို့ခြေလှမ်းပြန်လှမ်းလိုက်ပြန်သည် ထိုအချိန် တောင်ဘက်အရပ်မှ လေပူတစ်ချက်တိုက်ခတ်လာ၍ သူတော်တစ္ဆေက

“ဒါ တစ္ဆေယောင်ပဲကွ ငါ့ကိုမမြင်အောင် ပုန်းနေမှဖြစ်မယ်”

သူတော်တစ္ဆေ ထိုသို့ပြောပြီး ဖိုးခေါင်ကြီး ခဏနေခဲ့သည့်သစ်ပင်ပေါ်သို့ ပြေးတက်သွားသည် သူတော်တစ္ဆေ သစ်ပင်ပေါ်သို့ တက်သွားပုံမှာ ထူးဆန်းလှသည် သစ်ပင် ပင်စည်လုံးကြီးအတိုင်း လမ်းလျှောက်ပြီး ခြေထောက်ဖြင့်နင်း၍ တက်သွားခြင်းဖြစ်ပြီး အောက်သို့လည်း ပြုတ်မကြ ကြည့်နေသော ကိုမြင့်ဆောင်ပင်လျှင် သူတော်တစ္ဆေ ပက်လက်လန်ကြမှာ စိုးရိမ်မိလိုက်‌ေသးသည်။

သို့‌သော် သူတော်တစ္ဆေကတော့ သစ်ပင်ပေါ်ရောက်သွားပြီး သစ်ရွက်ထူထူ သစ်ကိုင်းတစ်ကိုင်းပေါ်မှာ ငုတ်တုတ်ထိုင်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို သစ်ရွက်များဖြင့် ကွယ်ထားလိုက်သည်။

ဖိုးသူတော်တစ္ဆေ ထိုသို့ သစ်ပင်ပေါ်ရောက်သွားပြီး မရှေ့မနောက်မှာပင် တိုက်ခတ်လာသော လေပူတစ်ချက်နှင့်အတူ တစ်ကိုယ်လုံးဝတ်ရုံဖြူ ဝတ်ထားသော တစ္ဆေတစ်ကောင် မျောပါလာပြီး သူတို့နှင့်မလှမ်းမကမ်းသို့အရောက် ရပ်တန့်လိုက်သည်။

ထို့‌ေနာက် အနီးအနားပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီး သူတော်တစ္ဆေ တက်သွားသောသစ်ပင်ပေါ်ကို စူးစိုက်ကြည့်‌ေနသည် ထို့နောက် ခဏကြာတော့မှ လေပူတစ်ချက်နဲ့အတူ မြောက်ဘက်အရပ်သို့ လွင့်မျောသွားသည်။

ထိုအဖြူရောင်တစ္ဆေ လွင့်မျောသွားပြီး တော်တော်ကြာတော့မှ သစ်ပင်ပေါ်တက်ပုန်းနေသော ဖိုးသူတော်တစ္ဆေ ပြန်ဆင်းလာပြီး

“တယ်ဆိုးတဲ့ တစ္ဆေယောင်ပဲကွ ဒီနားရောက်လာပြန်ပြီ”

ဖိုးသူတော်တစ္ဆေ ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“နေပါဦးဗျာ့ တစ္ဆေယောင် ဒီနားရောက်လာတာနဲ့ပဲ သူတော်တစ္ဆေကဘာလို့ သစ်ပင်ပေါ်တက်ပုန်းနေရတာတုန်း”

“မပုန်းလို့ရမလားကွ ဒီကောင်က ငါ့ကိုမြင်တာနဲ့ ငါလုပ်သလိုလိုက်လုပ်တော့မှာ မင်းတို့မယုံရင်ကြည့်နေ ညကြရင် အဲ့ဒီတစ္ဆေယောင် ရွာထဲရောက်လာလိမ့်မယ် ဒါပေမဲ့ ဘာမှမပူနဲ့ မုဆိုးမအိမ်‌ေခွးကတက်အောက်ကမြေကိုသာ လက်ပြန်ယူပြီးသူ့ကိုထိအောင်ပေါက်လိုက် ဒါဆို အဲ့ဒီတစ္ဆေယောင်ရွာထဲက ထွက်ပြေးသွားလိမ့်မယ်”

“ဟုတ်လားဗျာ့ ဒါဆို သူတော်တစ္ဆေကိုတောင် ကျေးဇူးတင်ရမလို ဖြစ်နေပြီ”

“မလိုပါဘူးကွာ ငါလဲအဲ့ဒီတစ္ဆေယောင်ကို ကြည့်မရတာကြာပြီ ဒါပေမဲ့ သူကအ‌ပြေးမြန်တော့ ဘယ်လိုမှလုပ်လို့မရဘူး အခုလဲ သူ ဒီနားရောက်လာပြီဆိုတော့ ငါကြာကြာနေလို့မဖြစ်တော့ဘူး မြန်မြန်သွားမှဖြစ်မယ်”

သူတော်တစ္ဆေ ထိုသို့ပြောပြီး သုပ်ပြာသုပ်ပြာဖြင့် အရှေ့ဘက်အရပ်သို့ထွက်သွားတော့သည်။

ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း သူတော်တစ္ဆေထွက်သွားပြီးမကြာခင်မှာပဲ ရွာကိုပြန်လာခဲ့ကြတော့သည်။သူတို့နှစ်ယောက် ရွာနားကိုရောက်တော့ ဖိုးခေါင်ကြီးသည် ဒေါ်ပျော့၏အကွက်ထဲမှ သစ်ပစ်ကြီးသို့ ရောက်လာပြီး ရွာနားရောက်ကာနီးနေပြီဖြစ်သော ကိုမြင့်ဆောင်နှင့်ကိုပြူးကို လှမ်းကြည့်ကာ သူကိုမ‌ေတွ့၍ပြန်သွားကြမှန်းသိလိုက်ပြီး ထိုသစ်ပင်မှာမနေတော့ပဲ ကျတ်တက်လျှို သို့ပြန်လာခဲ့တော့သည်။

(၃)

ထိုအချိန် ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း ရွာထဲကိုပြန်ရောက်နေပြီဖြစ်ပြီး ကိုပြူးက

“မြင့်ဆောင် သူတော်တစ္ဆေပြောသွားတာဖြစ်နိုင်ပါ့မလားကွ ငါတော့ သိပ်မယုံဘူး”

“ဒါကတော့ ငါလည်းမပြောတတ်ဘူးကွ ဒါပေမဲ့ သူပြောသလို စောင့်ကြည့်နေတာ ပိုကောင်းမယ်ထင်တယ်”

“အေး ဒါဆိုလည်း စောင့်ကြည့်တာပေါ့ကွာ ဒါနဲ့ ဘယ်အိမ်ကစောင့်ကြည့်မတုန်း”

“ဒေါ်ပျော့ အိမ်ကပဲစောင့်ကြည့်တာပေါ့ကွာ သူကလည်းမုဆိုးမ နောက်ပြီး သူ့အိမ်ကလည်း ရွာအစွန်နဲ့သိပ်မဝေးတော့ တကယ်လို့ သူတော်တစ္ဆေပြောသလိုဖြစ်လာခဲ့ရင် သူ့အိမ်နားကို မကြာခင်ရောက်လာမှာပဲ”

“အေး ဒါဆိုလဲ သွားရအောင်ကွာ ဟိုရောက်မှဒေါ်ပျော့ကို အကျိုးအကြောင်းကြည့်ပြောတာပေါ့”

ကိုမြင့်ဆောင်နှင့်ကိုပြူး ထိုသို့တိုင်ပင်လိုက်ကြပြီး ဒေါ်ပျော့အိမ်သို့ ရောက်လာခဲ့ကြသည် ထို့နောက် ဒေါ်ပျော့ကို အကျိုးအကြောင်းပြောပြလိုက်‌ေတာ့ ဒေါ်ပျော့က

“အေးဟယ် အဲဒီလိုသာဆို နင်တို့နှစ်‌ယောက် ငါ့အိမ်မှာပဲ စောင့်နေကြပေါ့ နင်တို့ရှိ‌ေနတော့လည်း ငါတို့သားအမိိနှစ်‌ေယာက် အကြောက်အလန့်သက်သာတာပေါ့”

ဒေါ်ပျော့လည်းထိုသို့ပြောပြီး မကြာခင်သားအမိနှစ်ယောက် အိမ်ပေါ်သို့တက်သွားကြသည်။ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း ဒေါ်ပျော့၏အိမ်အောက်တန်းလျှာပေါ်တွင် ထိုင်စောင့်နေကြရင်း တဖြည်းဖြည်းညည့်နက်လာပြီဖြစ်သည်။ထိုအချိန် ရွာမြောက်ဘက်ပိုင်းမှ ကြေးစည်တီးသံကို ကြားလိုက်ရပြီး ကိုပြူးက

“ဟ မြင့်ဆောင် သူတော်တစ္ဆေပြောသလို တကယ်ဟုတ်နေပါလားကွ”

“အေးဟုတ်တယ်ကွ နေဦး ဒီကြေးစည်သံ ဘယ်ဘက်ကိုသွားမတုန်း သေချာနားထောင်ကြည့်စမ်း”

ကိုမြင့်ဆောင်ထို့သို့ပြောပြီး ကြေးစည်သံ ဘယ်ဘက်ကို ရောက်သွားမည်ဆိုတာ သေချာနားထောင်လိုက်သည် ထိုအခါ ကြေးစည်သံသည် သူ့တို့ထင်ထားသလိုပင် ဒေါ်ပျော့၏အိမ်ဘက်သို့ တဖြည်းဖြည်းရွေ့လာနေတာကို သိလိုက်ရပြီး ကိုမြင့်ဆောင်က

“ငါထင်ထားတဲ့အတိုင်းပဲကွ ဒီဘက်ကိုရောက်လာနေပြီ”

“အေးဟုတ်တယ် ဒါဆိုတို့ဘယ်လိုလုပ်ကြမလဲ”

“ဘာလုပ်ရမလဲကွာ သူတော်တစ္ဆေပြောသလို လုပ်ကြည့်တာပေါ့”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး ဒေါ်ပျော့၏အိမ်ခွေးကတက်‌အောက်မှ မြေကြီးကိုလက်ပြန်ယူလိုက်သည်
ထို့‌ေနာက် ဒေါ်ပျော့အိမ်ဝိုင်း လမ်းဘေးဘက်ခြံစည်းရိုးနားသို့သွားကပ်နေလိုက်ပြီး ကြေးစည်သံကြားရာဆီကို လှမ်းကြည့်နေလိုက်သည် ထိုအခါ ရွာလမ်းအတိုင်း ကြေးစည်တီးပြီး တရွေ့ရွေ့လာနေသော ဖိုးသူတော်တစ္ဆေကိုမြင်လိုက်ရပြီး

“ဟ ငပြူး ဒါသူတော်တစ္ဆေပဲကွ တစ္ဆေယောင်မဟုတ်ဘူး”

“ဟုတ်လားကွ ဒါနဲ့ သူတော်တစ္ဆေက တစ္ဆေယောင်ဝင်လာမှာဆိုပြီး ဘယ့်နဲ့အခုတော့ သူဖြစ်နေရတာတုန်း”

“ငါလည်းမပြောတတ်ပါဘူးကွာ ဒါပေမဲ့ သူတော်တစ္ဆေကတော့ ဒို့ကို လိမ်ပြောမှာမဟုတ်ဘူးကွ ဘာဖြစ်လို့လဲဆိုတော့ ဒီရွာမှာ ကပ္ပိယကြီးရှိနေမှန်းသိလို့ သူလိမ်ရဲမှာမဟုတ်ဘူး”

“အေး ဒါလဲဟုတ်တာပဲကွ ဒါဆိုသူပြောတဲ့အတိုင်း လုပ်ကြည့်လိုက်ပေါ့ကွာ ဒါမှဘာဖြစ်လာမလဲဆိုတာ သိရမှာ”

ကိုပြူး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင် ခြံပေါက်ဝကို တရွေ့ရွေ့ တိုးသွားလိုက်ပြီး ခြံပေါက်ဝနားသို့ရောက်ခါနီးနေပြီဖြစ်သော သူတော်တစ္ဆေကို လက်ထဲမှမြေကြီးဖြင့် ပက်လိုက်သည်။ ထိုအခါ ကြေးစည်တီးပြီးလမ်းလျှောက်လာနေသော သူတော်တစ္ဆေသည် ရုတ်တရက် သူ့ကိုယ်လုံးမှအငွေ့တွေပျံလာကာ သူတော်တစ္ဆေမဟုတ်တော့ပဲ ကိုမြင့်ဆောင် မြင်လိုက်ရသည့် တစ္ဆေယောင်ဖြစ်‌ေနပြီး လေပူတစ်ချက်နှင့်အတူ ရွာထဲမှထွက်ပြေးသွားတော့သည်။ထိုအခါမှ ကိုမြင့်ဆောင်က

“ဟုတ်တယ်ကွငပြူး ဒါသူတော်တစ္ဆေမဟုတ်ဘူး တစ္ဆေယောင်ပဲ သူဖိုးသူတော်တစ္ဆေလို အယောင်ဆောင်ပြီး ရွာထဲဝင်လာတာ”

“ဟုတ်လား ဒါကြောင့် သူ့ကိုတစ္ဆေယောင်လို့ခေါ်တာနေမယ် ဖိုးသူတော်တစ္ဆေ သူ့ကိုမကျေနပ်တာလည်း ဒီလို သူ့အယောင်ဆောင်ပြီး ရွာတွေထဲလိုက်ဝင်နေလို့ဖြစ်မယ်ကွ”

“အေး ဖြစ်နိုင်တယ် ဒါပေမဲ့ သူ့ကိုနိုင်တဲ့နည်း တို့သိသွားပြီးဆို‌ေတာ့ ပူစရာမလိုတော့ပါဘူးကွာ”

ကိုမြင့်ဆောင်း ထိုသို့ပြောလိုက်ပြီး ကိုပြူးနဲ့အတူ ဒေါ်ပျော့အိမ်ဝိုင်းထဲမှ ပြန်ထွက်လာခဲ့တော့သည်။

(၄)

ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ ရွာထဲမှာ ညက အချိန်မတော်ကြီး ကြေးစည်သံကို ကြားလိုက်ရကြောင်းပြောနေကြသည် သို့သော် ကိုမြင့်ဆောင်နှင့်ကိုပြူးကတော့ ထိုအကြောင်းကို မသိသလိုပင်နေလိုက်ကြသည်။ဒါပေမဲ့ ဒေါ်ပျော့တို့သားအမိပြောလိုက်၍ သူတို့နှစ်ယောက် ညက ထိုတစ္ဆေကောင်ကိုနှင်ထုတ်လိုက်မှန်း တစ်ရွာလုံးသိသွားကြတော့သည်။ဒါပေမဲ့ သူတို့နှစ်ယောက်သည် ထိုသို့သောကိစ္စများကို လုပ်ကိုင်နေကြဖြစ်၍ အထူးတလည်တော့ ပြောဆိုမနေကြတော့ပေ

ယခုလည်း ကိုမြင့်ဆောင်နဲ့ကိုပြူးတို့နှစ်ယောက် ဦးဘိုခင်၏ လယ်ထဲ၌လုပ်စရာရှိသည်များကိုလုပ်ကိုင်နေကြသည်။ဦးဘိုးခင်သည် ကိုပြူးကို သူ၏လယ်များ စိုက်လို့မပြီးမချင်း ကိုမြင့်ဆောင်နှင့်အတူ လုပ်ကိုင်ကူရန် အခကြေးငွေပေး၍ခေါ်ထားခြင်းဖြစ်ပြီး ပျိုးနှုတ်ရန်နှင့် ပျိုးဖတ်ချပေးရန်ဖြစ်သည်။

ထို့ကြောင့် ကိုမြင့်ဆောင်နှင့်ကိုပြူးတို့နှစ်ယောက် အလုပ် အတူတူတွဲလုပ်နေရပြီး မောင်စိုးသည်လည်း ရံဖန်ရံခါ လုပ်ကိုင်ကူတတ်သည်။ ထိုသို့ဖြစ် ညနေပိုင်းရောက်တော့ ကိုမြင့်ဆောင်နှင့်ကိုပြူးတို့နှစ်ယောက် ဦးဘိုခင်အိမ်၌ အတူရှိနေစဉ် ဒေါ်ပျော့ရောက်လာပြီး

“အမယ်လေး မြင့်ဆောင်ရယ် နင်ပြောတော့ နင့်သရဲက လူတွေကို မနှောက်ယှက်ဘူး မခြောက်လှန့်ဘူးဆို
အခုတော့ငါ့မှာ ရွာကိုမနည်းရောက်အောင်ပြေးလာရတယ်”

“ဟုတ်လားဗျာ့ ဘာဖြစ်လို့တုန်း”

“ဘာဖြစ်ရမှာလဲဟဲ့ ငါ ညနေတုန်းက လယ်ထဲသွားကြည့်တာ နင့်သရဲက သစ်ပင်ပင်ပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ငါ့ကိုလှုပ်ပြတယ်ဟဲ့”

“ဘာလှုပ်ပြတာတုန်းဗျာ့”

ကိုပြူး ထိုသို့မေးလိုက်တော့ ဒေါ်ပျော့က

“ဘာလှုပ်ပြရမှာတုန်းဟဲ့ သူကိုင်ထားတဲ့သစ်ကိုင်းကြီးကိုလှုပ်ပြတာပေါ့ ငါ့မှာအဲ့ဒါကိုမြင်ပြီး ကြောက်လွန်းလို့ ရွာကိုပြန်ပြေးလာတာ ဘယ်လိုကဘယ်လိုရောက်လာမှန်းမသိဘူး”

“ဟုတ်လားဗျာ့ ‌ဒါနဲ့ ဒေါ်ပျော့တွေ့ခဲ့တဲ့သရဲက ဘယ်လိုပုံစံတုန်းဗျာ့”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဒေါ်ပျော့က

“ငါလည်း သေချာတော့ မမြင်လိုက်ရဘူး ဒါပေမဲ့ ဇိုးကနဲဇတ်ကနဲ မြင်လိုက်တတော့ ပုဆိုးကွက်ထောက်ကြီးနဲပဲဟဲ့ ငါလည်းအဲ့ဒါကြီးကိုမြင်ပြီး ရွာပြန်ပြေးလာလိုက်တာ
အခုလယ်ထဲသွားဖို့မပြောနဲ့ အဲဒီ့ဘက်တောင်လှည့်မကြည့်ရဲတော့ဘူး”

ဒေါ်ပျော့ ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်ရုတ်တရက် အံဩသွားပြီး ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည် ဤပုံအတိုင်းဆိုလျှင် ဒေါ်ပျော့ တွေ့ခဲ့ရသည်မှာ ဖိုးခေါင်ကြီးဖြစ်နိုင်ပြီး သူဘာကြောင့်ဒီလိုလုပ် ရသည်ကိုလည်း စဉ်းစားမရပဲဖြစ်နေသည်။ ဒါကြောင့်သူဒေါ်ပျော့ကို

“ဒီလိုဆိုလဲဗျာ ကျုပ်အခုညရောက်တာနဲ့ သူဘာလို့ဒီလိုလုပ်ရတာလဲဆိုတာ သွားမေးပေးမယ် တကယ်လို့ ဒေါ်ပျော့ပြောသလို သူတကယ်လုပ်ခဲ့ရင် အဲ့ဒီအပင်မှာမနေခိုင်းတော့ပဲ တဲကိုပြန်ခိုင်းလိုက်တော့မယ်ဗျာ”

“အေးပါဟယ် ဒါဆိုလဲ မြန်မြန်သွားမေးပေးစမ်းပါ ဖြစ်နိုင်ရင် တခါတည်းသာ နှင်ထုတ်လာခဲ့ကြတော့”

“‌အေးပါဗျာ ကျုပ်တို့သွားမေးပေးပါမယ့် ကဲဒေါ်ပျော့လည်း အိမ်ကိုသာ‌ေအး‌ေအး‌ေဆး‌ေဆးပြန်လိုက်တော့ ကျုပ်တို့လည်း ခဏနေရင်သွားမေးတော့မယ်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်မှ ဒေါ်ပျော့လည်း အိမ်ကိုပြန်သွားသည် ထိုအခါကြမှ ကိုပြူးက

“မြင့်ဆောင် ဒေါ်ပျော့ ပြောသလို ဖိုးခေါင်ကြီးအဲ့လိုလုပ်တာ ဖြစ်နိုင်ပါ့မလားကွ”

ကိုပြူး ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က

“ငါလည်း မပြောတတ်ပါဘူးကွာ ဒါပေမဲ့ သူပြောတဲ့ပုံစံကတော့ ဖိုးခေါင်ကြီးပုံစံပဲကွ ဘာပဲဖြစ်ဖြစ် သွားကြည့်လိုက်တာပဲကောင်းပါတယ်”

“အေးပေါ့ကွာ သွားတော့ကြည့်ရမှာပေါ့ ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ ဖိုးခေါင်ကြီး အဲ့လိုလုပ်လိမ့်မယ်လို့ မထင်မိဘူးကွ”

“အေး ငါလည်း ထင်တော့မထင်ဘူး ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဟိုရောက်ရင်အကုန်သိရမှာပဲ ကဲ အခုတော့ ရေမိုးချိုးလိုက်ပြီး ခဏနေရင် သွားကြည့်ရအောင်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်‌ေတာ့ ကိုပြူးဘာမှမ‌ေပြာ‌ေတာ့ပဲ နှစ်ယောက်သား ရေမိုးချိုးအဝတ်အစားလဲကာ ဖိုးခေါင်ကြီးနေထိုင်ရာ သစ်ပင်ဆီသို ထွက်လာခဲ့ကြတော့သည်။

(၅)

ထိုသို့ဖြစ် သူတို့နှစ်ယောက် ထိုသစ်ပင်နားသို့ရောက်တော့ လေးဂွကိုင်ထားသော ကိုမြင့်ဆောင်က အံ့ဩတကြီးဖြင့်

“ငပြူး ဟိုမှာကြည့်စမ်းကွ ဖိုးခေါင်ကြီးနှစ်ယောက်ဖြစ်နေပါလား”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုပြူက

“ဟေ ဘယ်မှာတုန်းကွ ဟုတ်လို့လား ပေးစမ်းငါကြည့်ကြည့်ရအောင်”

ကိုပြူး ထိုသို့ပြောပြီး ကိုမြင့်ဆောင် လက်ထဲမှလေးဂွကိုတောင်းယူလိုက်သည် ထိုအခါ သစ်ပင်အောက်တွင် တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်နေကြသော ဖိုးခေါင်ကြီး နှစ်‌ယောက်ကိုမြင်လိုက်ရပြီး ကိုပြူးက

“ဟာ ဟုတ်တယ်ဟ ဒါဘယ်လိုဖြစ်တာတုန်းမြင့်ဆောင် ”
ကိုပြူး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“ကဲ ငပြူး မင်းဒေါ်ပျော့အိမ်ခွေးကတက်အောက်က မြေကြီးကို လက်ပြန်ယူခဲ့ပေတော့ ဒါတစ္ဆေယောင်ပဲကွ သူဖိုးခေါင်ကြီးလိုအယောင်ဆောင်ပြီး ဒေါ်ပျော့ကို ခြောက်လှန့်လွတ်လိုက်တာဖြစ်မယ်”

ကိုမြင်ဆောင် ထိုသို့ပြောလိုက်တော့ ကိုပြူး သဘောပေါက်သွားပြီး လက်ထဲမှလေးဂွကို ကိုမြင့်ဆောင်ကိုပြန်ပေးကာ ရွာထဲသို့သုပ်ခြေတင်ပြန်ပြေးလာသည်။

ထိုအချိန် ဖိုးခေါင်ကြီး နှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင်စူးစိုက်ကြည့်နေရာမှ ရုတ်တရက်ပြေးဝင်ထိုးလုံးလိုက်ကြသည်။ထိုသို့ သူတို့နှစ်ကောင်ပြေးဝင်ထိုးလုံးလိုက်တော့ ကိုမြင့်ဆောင် ဖိုးခေါင်ကြီးဘယ်သူဆိုတာသိလိုက်ပြီဖြစ်သည်။

ဘာ့ကြောင့်လဲဆိုတော့ ဖိုးခေါင်ကြီးသည် သာမန်သရဲတစ္ဆေဖြစ်၍ လှုပ်ရှားမှု၌ တစ္ဆေယောင်လောက်မမြန် ပဲခပ်‌ေနှး‌ေနှးဖြစ်သည် သို့သော်သူသည် အားပိုကြီးပြီး တစ္ဆေယောင်ကို သဲကြီးမဲကြီးတိုက်ခိုက်သည် တစ္ဆေယောင်ကမူ ဖိုးခေါင်ကြီးကို ပြန်မတိုက်ခိုက်ပဲ လှည့်ပတ်ပြေးနေသည်။

ဒီလိုနဲ့ အချိန်အတော်ကြာလာတော့ ဖိုးခေါင်ကြီး မောဟိုက်လာပြီး တစ္ဆေယောင်ကတော့ဘာမဖြစ် ဒီအပုံအတိုင်းဆိုလျှင်‌ေတာ့ ဖိုးခေါင်ကြီး တစ္ဆေယောင်ကို နိုင်ဖို့မလွယ်ပဲ ကြာလာရင်သူပဲထွက်ပြေးရမည့်ပုံဖြစ်နေသည်။ ထိုအချိန် ဒေါ်ပျော့အိမ် ခွေးကတက်အောက်မှ‌ေမြကြီးကိုသွားယူ‌ေသာ ကိုပြူးတစ်ယောက်ပြန်‌ေရာက်လာပြီး

“ရော့ မြင့်ဆောင် မင်းယူခိုင်းလိုက်တဲ့မြေကြီး”

ထိုအခါ ကိုမြင့်ဆောင်က

“ငါယူလို့မရဘူးကွ မင်းကိုယ်တိုင် ပစ်ရမှာ ရော့ငါလေဂွကိုယူ နောက်ပြီး ပတ်ပြေးနေတဲ့အကောင်ကိုပစ်လိုက်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုပြူး သူ၏လက်တစ်ဖက်ဖြင့်လေးဂွယူကာ ဖိုးခေါင်ကြီးနှစ်ကောင်အနက် ပတ်ပြေးနေသောအကောင်ကို လက်ထဲမှဆုပ်ယူလာသောမြေကြီးဖြင့် ပစ်လိုက်သည်။

ထိုအခါ ဖိုးခေါင်ကြီး‌အယောင်ဆောင်ထားသာ တစ္ဆေယောင်သည် ရုတ်တရက် အခိုးအငွေ့များထွက်လာပြီး နဂိုပုံစံအတိုင်းပြန်ပြောင်းကာ အဝေးသို့ထွက်ပြေးသွားတော့သည်။

ဖိုးခေါင်ကြီးလည်း ထိုအခါမှ သူတို့နားရောက်လာပြီး

“တော်တော်မလွယ်တဲ့ တစ္ဆေယောင်ပဲကွ ဒီကောင်ငါ့ကို ဘယ်လိုလုပ်များမြင်သွားတာတုန်းမသိဘူး”

ဦးဖိုးခေါင်ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“ဦးဖိုးခေါင် ညတုန်းက ဒီသစ်ပင်ကို ပြန်လာသေးလားဗျာ့”

“အေး လာသေးတယ်ကွ ငါရောက်လာတော့ မင်းတို့နှစ်ယောက်ကပြန်သွားကြပြီး ရွာနားတောင်ရောက်ခါနီးနေပြီး ငါလည်းအဲ့ဒါနဲ့ ဒီမှာမနေတော့ပဲ ကျတ်တက်လျှိုကို ပြန်သွားလိုက်တာ”

“ဟုတ်လားဗျာ့ ဒါဆို ဦးဖိုးခေါင် ဒီကိုရောက်လာတဲ့အချိန် တစ္ဆေယောင် ဦးဖိုးခေါင်ကိုမြင်သွားတယ်နဲ့ တူတယ်ဗျာ့”

“ဟုတ်မှာပေါ့ကွာ ဒါကြောင့် ငါမရှိတဲ့အချိန် ငါ့အယောင်ဆောင်ပြီး ဒီသစ်ပင်မှာ လာနေတာနေမှာပေါ့”

“လာနေယုံတင်ဘယ်ကမလဲဗျာ့ ဦးဖိုးခေါင်အယောင်ဆောင်ပြီး ဒီအကွက်ပိုင်ရှင်ကိုတောင် ခြောက်လှန့်လွှတ်လိုက်သေးတယ် ဒါကြောင့်ကျုပ်တို့ဒီကိုရောက်လာတာပေါ့ ဒီရောက်မှ အဖြစ်မှန်ကိုသိပြီး ဦးဖိုးခေါင်ကို ကူညီလိုက်နိုင်တာ”

“အေးကွ ငါလည်းမင်းတို့ရောက်လာလို့သာပေါ့ ဒီအတိုင်းသာဆို တစ္ဆေယောင်ကို ယှဉ်နိုင်ဖို့မလွယ်ဘူး”

ဦးဖိုးခေါင် ထိုသို့ပြောလိုက်တော့ ကိုပြူးက

“ဒါဆို ဒီတစ္ဆေယောင်ကို ဒီအတိုင်းထားလို့မဖြစ်ဘူးကွ ကပ္ပိယကြီးကိုခေါ်ပြီး ရွာနားမကပ်ရဲအောင်နှင်ထုတ်ခိုင်းမှဖြစ်မယ်”

ကိုပြူး ထိုသို့ပြောပြီး သူ့လက်ထဲမှလေးဂွကို ကိုမြင့်ဆောင်ကိုပြန်ပေးလိုက်သည် ထိုအချိန်၌ ဖိုးခေါင်ကြီးသည် သရဲတစ္ဆေတစ်ကောင်ပုံစံမဟုတ်ပဲ သာမာန်ဦးဖိုးခေါင်ပုံစံအတိုင်း နေနေ၍ ကိုမြင့်ဆောင်နှင့်ကိုပြူးတို့နှစ်ယောက်လုံး‌ေတွ့မြင်နိုင်ခြင်းဖြစ်သည်။

ထိုသို့ဖြစ် အချိန်အတော်ကြာတော့ ကိုမြင့်ဆောင်နှင့်ကိုပြူးလည်း ဦးဖိုးခေါင်ကြီးကိုနှုတ်ဆက်ကာ ရွာသို့ပြန်လာခဲ့ကြသည်။ထို့နောက် ဒေါ်ပျော့၏အိမ်သို့သွားကာ အဖြစ်မှန်ကိုရှင်းပြလိုက်သည် ထိုအခါမှ ဒေါ်ပျော့လည်း အဖြစ်မှန်ကိုသိသွားပြီး စိတ်သက်သာရာ ရသွား‌ေလတော့သည်။

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow