ပြန်သွားလေ၏။ ရွှေလုံးကြိုတင်မှာထားသည့် ပန်းရံဆရာနှင့်နေ့စား ၂ဦးတို့က အိမ်အောက်ခြေတွင် သံမံတလင်းခင်းလေ၏။ ပန်းရံဆရာနှင့် အဖွဲ့က ပုတ်ပြတ်လုပ်ပေးခဲ့ရာ ည ၇ နာရီတွင် ပြီးသွားလေ၏။ ပန်းရံဆရာက ခင်းထားသည့်သံမံတလင်းအား ရေနည်းနည်း ဖျန်းပေးရန်ပြောပြီး လုပ်အားခ ရှင်းယူက ပြန်သွားကြလေ၏။ ည ၉ နာရီလောက်တွင် ရွှေလုံးက ရေလောင်းပြီး အိမ်ပေါ်တက်လာခဲ့စဉ် ဇနီးမညိုမှာ တီဗီဇာတ်လမ်းတွဲ ကြည့်ရင်း တရှုံ့ရှုံ့ငိုနေလေရာ မည့်သည်ဇာတ်လမ်းတွဲ ဖြစ်နေ၍ မျက်ရည်မဆည်နိုင်ဖြစ်ရသည်ကို သိလို၍ တီဗီကြည့်နေသည့် မညိုဘေးသို့ ရွှေလုံး ဝင်ထိုင်လိုက်လေ၏။ ယောက္ခမကြီးတို့ လင်မယားက ...

လမ်းလျှောက်လာနေကြသည်။     “ဟေ့ မြင့်ဝင်း မင်းဓာတ်မီးကြီးကို မထိုးစမ်းပါနဲ့ကွာ ဒီလောက် လသာနေတာကိုကွာ ဓာတ်ခဲက ဝယ်ရခက်ပါဘိနဲ့ “     “အေးကွာ ဒီကောင် အသုံးနဲ့ အဖြုံးကို မကွဲဘူး “     ထိုလူတစုသည် ဇရပ်နားရောက်သောအခါ ဇရပ်ထဲတွင် ဝင်ထိုင်မည် ပြင်ပြီးနောက် ကြိုရောက်နှင့်နေကြသော ဦးဖိုးဝေနှင့် သူရိယကို မြင်သွားပြီး အာသွက်လျှာသွက်ရှိဟန်တူသော လူရွယ်တယောက်မှ စကားဆိုလေသည် ။     “ဗျို့ဦးကြီး ဘုရားပွဲသွားမလို့ ထင်ပါ့ ကျုပ်တို့နဲ့ တခါတည်း သွားရအောင်လား “ ...

သလို၊တိရစ္ဆာန်တွေကိုလည်း တိုက်ခိုက်တတ်တယ်လို့ သိသဗျ” ဟု ပြောလိုက်သည်တွင် လင်းမြင့်လှိုင်က သွားတက်ကလေးပေါ်ရုံ ပြုံးလျက်. . . “ထားပါတော့. . . နို့ဖြင့် ဘာကြောင့် အစွယ်ရာတွေ အများကြီး ရှိနေရတာလဲ” မေးလာတော့၏။ကျွန်တော် ဘာပြောရမည်မသိ ဖြစ်သွားတော့၏။ လင်းမြင့်လှိုင်မေးလာသည်မှာလည်း ချက်ကျကျ ဖြစ်သည်။ အစွယ်ရာ နှစ်ပေါက်ထက်ပိုနေသည်ကလွဲ၍ ထိုသားကောင်များသည် သွေးစုပ်ခံရမှုကြောင့် သေဆုံးခြင်းကတော့ မမှားယွင်းနိုင်ပါချေ။ ဘယ့်တွက်မူ သွေးစုပ်ဖုတ်ကောင်တို့သည် လည်တိုင် သို့မဟုတ် နှလုံးသား ရှိရာနေရာမှနေ၍ သွေးများစုပ်ယူတတ်သည်ဟု ကြားခဲ့ဖူသောကြောင့် ဖြစ်၏။ သို့တည်းမဟုတ် ...

တော့နည်းနည်းတော့စိုးချင်သားဗျ “လွန်းနီနဲ့သာလှ…ဟောဟိုကရဲရိုပင်နဲ့တဲလေးကဒေါ်ဖွားဆင့်နေခဲ့တဲ့ အိမ်ပေါ့ကွာ” လှည်းမောင်းနေတဲ့ကျုပ်နဲ့ ဉီးကြီးမောင်ကိုလည်း ဉီးလေးငွေပုကပြောလိုက်တာဗျ ကျုပ်နဲ့ဉီးကြီးမောင် ကလည်းဉီးလေးငွေပု ပြောတဲ့နေရာကိုကြည့်လိုက်တော့ လူမနေတာကြာပြီထင်ရပြီထင်ရပြီးတော့လည်း ထရံများပေါက်ပြဲ နေတဲ့ အိမ်တစ်လုံးကိုလည်းတွေ့ရတယ်လေ “ဒါကဒေါ်ဖွားဆင့်နေခဲ့တဲ့ တဲအိမ်လေးလားဗျ” “အေးပေါ့ကွာ…သူ့မြေးနဲ့အတူနေခဲ့တာဒီအိမ်ပေါ့” “အော်…ခုလိုကျပြန်တော့လည်းသူတို့ဘဝလေးသနားစရာပါလား…” ကျုပ်တို့ကလည်း မောင်းခယ်မကိုဆက်ထွက်လာခဲ့တယ် လမ်းမှာကလည်းစကားပြောလိုက် ရီလိုက်မောလိုက်နဲ့လည်း မောင်းခယ်မကိုရောက်ခဲ့တာပေါ့ အရင်တစ်ခါမောင်းခယ်မကို ရောက်တာကလည်း မိုးကြိုးတို့ကိစ္စကြုံခဲ့ပီးမှရောက်လို့လားလည်းမသိ အိမ်ကိုတောင်သေချာမကြည့်မိဘူးလေ “လူးလောင်…လူးလောင်” ဉီးလေးငွေပုကလည်း ခြံတစ်ခြံရှေ့ရောက်တော့ အော်ခေါ်တယ်ဗျ “ဟေ..ဘယ်သူတွေလည်းကွဝင်လာခဲ့လေ…လက်တွန်းပေါက် ဖွင့်ထာတယ်ကွ” ကျုပ်ကလည်း လက်တွန်းပေါက်ဖွင့်ထားတယ်ဆိုတော့ကြောင်သွားတာပေါ့ “သာလှ….လက်တွန်းပေါက်ဆိုတာ..ခြံတံခါးကိုပြောတာကွ..မောင်းခယ်မကလူတွေကဒီအတိုင်းပဲသုံးကြတာ” “အော်မသိပါဘူးဗျာလက်တွန်းပေါက်ဆိုတော့ကျုပ်မှာဘာကိုပြောမှန်းမသိဖြစ်သွားတာ” “နောက်တော့သိသွားမှာပါကွာ….. ကဲကဲအထဲဝင်ကြရအောင်” ကျုပ်တို့ကလည်း အိမ်ထည်းဝင်လခဲ့ကြတာပေါ့ ...

အလွယ်ကူဆုံး အစားအသောက်ဖြေရှင်းနည်းပင်ဖြစ်၏။ သူ့အိပ်ခန်းထဲမှာပင် တီဗွီကိုထည့်ထားရာ အိပ်ရာပေါ်မှပင် တီဗွီကြည့်ရင်း အပန်းဖြေလိုက်သည်။ အလုပ်နှင့်ကိုယ်ပိုင်ဘ၀ မျှတအောင်နေမည်ဆိုသည့် သူ့ဆုံးဖြတ်ချက်အတိုင်း အလုပ်ချိန်ပြီးလျင် တတ်နိုင်သမျှ အလုပ်ကိစ္စများကိုမေ့ထားနိုင်အောင်လေ့ကျင့်ထားသူလည်းဖြစ်၏။ ထို့ကြောင့်နေ့လည်က လူသတ်မှုနှင့်ပတ်သက်သမျှ မှတ်သားထားသည်တို့ကို ယောင်လို့ပင်မကြည့်ချေ။ ဖုန်းကိုလည်း အသံပိတ်ထားလိုက်ပြီး အိပ်စက်ရာ ပြင်ဆင်လိုက်တော့သည်။မနက်ဖန်ကတော့ သူ့ဂျူတီနေ့မို့ နှိုးစက်ကိုအသင့်ပြင်ဆင်ပြီးလျင် အိပ်ရာဘေးရှိစားပွဲပေါ်မှ မီးကိုပါ မှိတ်လိုက်ကာ အေးတေးတေးရာသီနှင့်အလိုက် စောင်ထူထူအပုံလေးထဲ နွေးနွေးလေးကွေးလိုက်တော့သည်။ ++++Sandar Wai, Alexander++++++ ‘ချွတ်၊ ချွတ်၊ချွတ်’ သူ့နားထဲ အသံတစ်ခုကကပ်ရက်ပေါ်လာသလိုမျိုး အနှောင့်အယှက်ပေးနေသဖြင့် ကောင်းမြတ်ထက်မဖွင့်ချင်ဖွင့်ချင် မျက်လုံးများနှင့် အားယူကာနိုးလာသည်။ ...

ပြောတာကို ကျုပ်လည်း စိတ်ဝင် စားတာဗ်။ “ဒီလောကကြီးကလည်း ဆန်းတော့ အဆန်း သားဟဲ့ ငွေစိန်ရဲ့၊ ရွှေအိုးရဲ့အဖေ ဘိုးငွေရကြီး ရဲ့အဖြစ်ကလည်း အံ့သြစရာဟဲ့ ” “နေပါဦး အစ်မရွှေမြရဲ့၊ အစ်မနဲ့ ကိုရွှေအိုးနဲ့ ဘယ်သူက ကြီးတုံး” “ဟဲ့ ပြားကြည်ရဲ့၊ ရွှေအိုးနဲ့ ငါနဲ့က မီးဝင်မီး ထွက်တဲ့၊ သူက ငါ့ထက် ခုနှစ်ရက် ကြီးတူ ပေါ့အေ” “ဘိုးငွေရကြီးက ဒီအကြောင်း ဘယ်သူ့မှ ပြောတာ မဟုတ်ဘူးဟဲ့၊ သူမဆုံးခင် တစ်နှစ် လောက်ကမှ ငါ့ကို ...

သည်။ လှည်းနှင့်ကောင်လေးက “စားလို့ကောင်းလား” ဟု သူ့ကို ပြုံးပြီး မေးလိုက်သည်။ “သိပ်ကောင်းတယ်” “ငါစားကြည့်ချင်လိုက်တာ” “ဝယ်စားလေ တစ်ခုမှ နှစ်ရာတဲ့” “ငါ့မှာ ပိုက်ဆံမရှိဘူးကွ” စုတ်စုတ်ပြတ်ပြတ်ဝတ်ထားသော ကောင်လေးက “မင်း စားချင်လို့လား” “အေး” “အဒေါ်ကြီး သူ့ကို တစ်ခု ပေးလိုက်ပါ … ရော့ဒီမှာ နှစ်ခုဖိုးယူလိုက်” ကောင်လေးက ငါးရာတန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ ဆိုင်ရှင်က သူ့ကို တစ်ရာ ပြန်အမ်းသည်။ “စားလေကွာ” အထုပ်ကိုင်ထားသော ကောင်လေးက လက်တစ်ဖက်ဖြင့် ကောက်ညှင်းထုပ်ကိုယူပြီး အားရပါးရ စားကြည့် ...

မီးလောင်ထားလို့ ပေါက်ပြဲနေတဲ့အစုတ်တွေ။ ဦးညိုတစ်ယောက် လွယ်အိတ်ကိုကောက်လွယ်ပြီး အိမ်ပေါ်ကနေဆင်းပြေးဖို့အလုပ် ဧည့်ခန်းမှာ သစ်ရွက်ခြောက်တွေနဲ့ ဗွက်ပုတ်ရေတွေကို စားပွဲအစုတ်ပေါ်တင်ထားတာမြင်တော့ ညက အဖြစ်တွေခေါင်းထဲရောက်လာပြီး ပါးစပ်လက်နှိုက်ကာ ထိုးအန်ပါလေရော။ အန်လို့ဝမှ ဘေးဘီကိုကြည့်လိုက်ရာ သက်ရှိဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမတွေ့တဲ့အပြင် မီးလောင်ထားလို့ ငုတ်စိတွေဖြစ်နေတဲ့ လူနေအိမ်တွေက နေရာအနှံ့။ ဦးညိုလဲ ကြောက်လန့်တစ်ကြား ခြေဦးတည့်ရာပြေးတဲ့အချိန် ကျောအနောက်ဘက်ကနေ ဟက်ဟက်ပက်ပက်ရယ်သံတွေထွက်ပေါ်လာခဲ့တယ်။ အချိန်ဘယ်လောက်ကြာအောင်ပြေးနေလဲမသိဘူး… ခေါင်းထဲရိပ်ခနဲ ရိပ်ခနဲဖြစ်လာပြီး အရာအားလုံးအမှောင်ကျသွားခဲ့တယ်။ +++++++++ “ အဖေ … အဖေ သတိရလာပြီလား” ဘေးကနေ ခေါ်နေတဲ့ အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ… ...

အတူတူ ဟင်းရွက်သွားခူးခဲ့သည့်အချိန်တို့အားပြန်လည် အမှတ်ရလို့လေ၏။လွန်ပြီဖြစ်သော ခင်ပွန်းသည် လယ်ထွန်သည့်အခါ ‌သားဖြစ်သူပေတူးမှာ ထယ်နောက်မှနေ၍ ပုဇွန်နှင့် ငါးတို့ လိုက်ကောက်လေ့ရှိသည်။သူမသည်က ထမင်းတောင်းကို သစ်ပင်ရိပ်တွင်ချလိုက်ပြီး အိမ်အတွက် ဟင်းရွက်များ ရှာခူးနေ၏။တယောက်တည်းပျင်းသောကြောင့် သားတော်မောင်အား ခေါ်သောအခါ    “အမေကလည်း ဟင်းရွက်တွေပဲ ခူးမနေနဲ့ ဒီမှာ တွေ့လား ငါးရံ့နဲ့ ပုဇွန်လုံးတွေ “    “ဟဲ့ ကောင်လေး ပုဇွန်လုံးတွေကို ခါးပိုက်ထဲ မထည့်နဲ့လေ အကုန် ညှပ်ခံရတော့မှာပဲ “     “အမေ လုပ်ပါဦး ညှပ်ပြီ ညှပ်ပြီဗျာ ...

ထို့ကြောင့် ဆက်ပြီး မမေးတော့ ပေ ၊ အင်းဝိဇ္ဇာသည် ဆက်ပြီး စကားဆိုလာလေသည်     “ကောင်လေး မင်း ငါကို ကူညီရလိမ့်မယ် ငါ့တို့ လူတ‌‌ေယာက်ကို ရှာပြီး နှိမ်နင်းရ လိမ့်မယ် သူ့နာမည်က သစ်ခေါင်းပေါက် ဖိုးဝေ တဲ့ကွ”     “နာမည်က ဆန်းလှပါလားဗျ  သစ်ခေါင်းပေါက် ဖိုးဝေ “     “ဟုတ်တယ် ဒီကောင်လေးက ပါရမီပါတယ်ပြောရမယ် စုန်းကဝေတွေကို လိုက်ပြီး နှောက်ယှက်နေတာ ဇော်ဂနီ အဆင့် စုန်းတွေတောင် ဒီ သစ်ခေါင်းပေါက် ...