ဖြူစင်သောအပြုံး

သည်။ လှည်းနှင့်ကောင်လေးက

“စားလို့ကောင်းလား” ဟု သူ့ကို ပြုံးပြီး မေးလိုက်သည်။

“သိပ်ကောင်းတယ်”

“ငါစားကြည့်ချင်လိုက်တာ”

“ဝယ်စားလေ တစ်ခုမှ နှစ်ရာတဲ့”

“ငါ့မှာ ပိုက်ဆံမရှိဘူးကွ”

စုတ်စုတ်ပြတ်ပြတ်ဝတ်ထားသော ကောင်လေးက

“မင်း စားချင်လို့လား”

“အေး”

“အဒေါ်ကြီး သူ့ကို တစ်ခု ပေးလိုက်ပါ … ရော့ဒီမှာ နှစ်ခုဖိုးယူလိုက်”

ကောင်လေးက ငါးရာတန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ ဆိုင်ရှင်က သူ့ကို တစ်ရာ ပြန်အမ်းသည်။

“စားလေကွာ”

အထုပ်ကိုင်ထားသော ကောင်လေးက လက်တစ်ဖက်ဖြင့် ကောက်ညှင်းထုပ်ကိုယူပြီး အားရပါးရ စားကြည့် သည်။

“ဟာ ကောင်းလိုက်တာ ငါတစ်ခါမှ မစားဖူးဘူး”

“ငါကတော့ ဗိုက်ဆာရင် ဒီမှာ လာဝယ်စားနေကျ”

သူကစားပြီးသွားသဖြင့် လက်သုတ်ရန် လိုက်ရှာသည်။ သူ့ကို မုန့်ဝယ်ကျွေးသော ကောင်လေးက

“ရော့ … ငါ့အင်္ကျီနဲ့ သုတ်လိုက်”

“မင်း အင်္ကျီ ညစ်ပတ်ကုန်မှာပေါ့”

“အစကတည်းက ညစ်ပတ်နေတာ မင်းသုတ်ချင်မှသုတ်။ ငါကတော့ စားပြီးရင် ဘောင်းဘီနဲ့ သုတ်လိုက်တာပဲ”

ကောင်လေးက သူပြောသည့်အတိုင်း သူ့ဘောင်းဘီနှင့်သူ သုတ်လိုက်သည်။ သူ့ဘဝတွင် ပထမဆုံး လုပ်ဖူးခြင်း ဖြစ်သည်။

သန့်ရှင်းစွာ ဝတ်ဆင်ထားသည့် ကောင်လေးက လှည်းထဲရှိအိတ်ထဲက တစ်ခုခုကို ဆွဲထုတ်လိုက်သည်။

“ရော့ … မင်းကို ငါဒီအင်္ကျီလေး လက်ဆောင်ပြန်ပေးမယ်”

“ဟာ … အဲဒီ အင်္ကျီလေးကို ငါလိုချင်နေတာ … မင်းအဖေမသိဘဲပေးရင် အရိုက်ခံရမှာပေါ့”

“ရော့ယူကွာ … သွားတော့ ဟိုမှာ ငါ့အဖေ ပြန်လာတော့မယ် … သွားတော့လေ”

ကောင်လေးက အင်္ကျီလေးကို ပိုက်ပြီး ထွက်သွားသည်။

တက္ကစီတစ်စီး ဝင်လာသည်။ ရှေ့ခန်းတွင် ထိုင်လာသူက

“သား ဒီမှာ … ဒီကားပေါ်တက်”

ကောင်လေးက ကားတံခါးကို ဆွဲဖွင့်ပြီး အထုပ်တွေကို ကားပေါ်တင်လိုက်သည်။ ထို့နောက် သူက တက်လိုက်သည်။

“အထုပ်တွေ အကုန်ပါရဲ့လားသား”

“အကုန်ပါတယ် ဖေဖေ”

သူတို့ကားထွက်သွားသည်။ စူပါမတ်ကက်ကြီးထောင့်မှ ကောင်လေးက လက်ပြနေသည်။

သူက ပြန်ပြီး ပြုံးပြလိုက်သည်။

ကလေးတွေ၏ အပြုံးတွေက ဖြူစင်လှသည်။

Credit;#တင်ညွန့်

၂၄.၉.၂၀၂၄