တင်တတ်သည်ဆိုသော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ ထိုမသာ တစ်ခေါက် သယ်ပေးခြင်းဖြင့် ငွေကြေး တော်တော်များများ ရသည်ကိုမက်မောမိ၍ ဒုက္ခတွေ့ရသည်များကို အောက်တွင် ဇာတ်လမ်းသဖွယ်ရေးသားဖော်ပြလိုက်ရပါတော့၏ ။ ******************** မသာလိုင်းကား ဆေးနံ့တွေ မွန်ထူနေသောအခန်းလေးတစ်ခန်း တွင်လူများ ငြိမ်သတ်လျက် ။ အဖြူရောင်long coat ကိုဝတ်ထားသော လူတစ်ယောက် က ခေါင်းကို အသာယမ်းပြလိုက်သည်နှင့်တစ်ပြိုင်နက် နံဘေးက လူနာရှင်ဖြစ်ဟန်တူ သော လူများ မျက်စိမျက်နှာပျက်ကုန်ကြလေတော့သည်။ တချို့လည်း မျက်ရည်များဝဲတက် လာကြလေ၏ ။ ”စိတ်မကောင်းပါဘူးဗျာ” ဟုတ်ပေသည် ထိုအခန်းလေးသည် လူနာအတွက် ...

သတ်တာ••• မင်းကိုမကျေနပ်ဘူး••အီးးးးအား””” ဟုအော်ကာအသက်ပျောက်သွားလေသည်။ ဦးဘခက်မှမိမိကတရားခံမို့••• မှင်သက်သွားမိသည်။••••စပယ်ယာသာဦးက “”ဘယ်လိုဖြစ်တာလဲ••မောင်နီကကားအမိုးပေါ်မှာပါ ဘယ်လိုလုပ်ကားအောက်ရောက်နေတာလဲ””” ထိုစဉ်ခရီးသည်ထဲမှအသက်ကြီးကြီး အမျိုးသားတစ်ယောက် ထွက်လာကာ••• “”ဒီလူကျုပ်ပြောစကားနားမထောင်လို့ဘေးတွေ့တာ”” “”ပြောပါဦးအဘရယ်ဘယ်လိုဖြစ်တာလဲ”” “”ဒီလမ်းဘေးတောထဲမှာ အဘတို့ငယ်ငယ်တည်းကဘုရားပိက်တစ်ခုရှိတယ် နတ်ကြီးတယ်လို့ပြောကြတယ်တကယ်လည်းဟုတ်တယ် ဘုရားကိုအသစ်မွမ်းမံပူဇော်ချင်တဲ့သူတွေရှိပေမယ့် အစောင့်အရှောက်တွေကလက်မခံဘူးတူပါရဲ့ အမျိုးမျိုးနှောင့်ယှက်လို့••ဘယ်သူမှမပြုပြင်ရဲဘူး ဒီစပယ်ယာကောင်လေးက အပေါ့သွားဖို့လာတာ အဘကဒီနားမှာမသွားနဲ့တခြားသွားပြောတာ•• အဘကိုကလန်ကဆန်လုပ်ပြီး ဘုရားပျက်ဘက်လှည့်ပြီးအပေါ့သွားတယ်လေ••• အဲဒါသူ့ကိုအစောင့်အရှောက်တွေ ဒဏ်ခတ်တာဖြစ်မယ်••• လူအကောင်းတိုင်းကြီးတစ်ယောက်က ကားအောက်မှာဘယ်လိုမှသွားအိပ်နေမှာမဟုတ်ဘူး”” စပယ်ယာသာဦးက “”ဖြစ်နိုင်တယ်အဘသူက ဘုရားတရားဆိုတာအယုံအကြည်ရှိတာ မဟုတ်ဘူး••ခုတော့ကိုယ်ကျိုးနည်းပြီ”” “”ကဲဖြစ်လာပြီးမှမတတ်နိုင်ဘူး အလောင်းဆေးရုံပို့ကြတာပေါ့”” အလောင်းကိုအနီးဆုံးဆေးရုံပို့ပြီးပြန်လာတော့ ဦးဘခက်ရော••စပယ်ယာသာဦးပါကားဂိတ်တွင် အိပ်ကြလေသည်။••• သာဦးမှာ••ညရောက်သည်နှင့်ဗိုက်ထဲတရစ်ရစ် ထိုးအောင့်ကာနာလာလေသည်။••• တစ်နေကုန်ကားမောင်းနေရသော ဦးဘခက်ကိုနိုးရအားနာတာမို့ ...

။အဘယ်ကြောင့်ဆိုသော်သူကြီး၏တပည့် ငပြဲအား သရဲတစ်ကောင်မှဝင်ပူးနေသည်မဟုတ်ပါလား။ မြသန်းလည်း လူများသွားနေကြသော ငပြဲအိမ်သို့ သွားနေသည်။ ငပြဲ၏အိမ်သို့ရောက်သောအခါ ငပြဲမှာ မျက်ထောင့်နီကြီးနှင့် အံကြိတ်နေ၏။ရွာသူရွာသားများထဲမှ သိနားလည်သော လူကြိးတစ်ယောက်က မေးလိုက်၏။ ” မင်းဘယ်သူလဲ ဘာကြောင့် ဒီလို လုပ်တာလဲ” ငပြဲမှာ ဘာမှမပြောချေ။ထို့ကြောင့်  ထပ်မေးလိုက်ရပြန်၏။ “အခု ပူးကပ်နေတာ ဘယ်သူလဲ ဘာကြောင့် သူ့ကိုအခုလို ဝင်ပူးနေရတာလဲ ” ”  ငါ့နာမည် ကျွဲနီ ဒီကောင် ငါနေတဲ့နေရာကိုလာပြီး စော်ကားတယ် ငါသတ်မယ်သူ့ကို” ငပြဲက ပြောနေရင်း လူအုပ်အားကြည့်လိုက်၏။သူသည် မြသန်းကိုတွေ့လိုက်သောအခါ ...

မိမိကင်မရာမျက်နှာပြင်လေးအတွင်းရှိ အစောပိုင်းကရိုက်ကူးလာသော မိန်းကလေး၏ဓာတ်ပုံလေးအားကြည့်ရင်း ပြုံးနေမိ၏။ ထိုအချိန်၌ ” မောင်အောင် အိမ်ပေါ်မတက်ပဲ ကွပ်ပျစ်ပေါ်မှာ ဘာတွေကြည့်ပြီးပြုံးနေတာတုံး “ ” ဟို…အယ်…ဒီလိုပါဒေါ်လေး ဓါတ်ပုံပြိုင်ပွဲအတွက် ရိုက်ကူးထားတဲ့ ပုံလေးတွေကြည့်နေတာပါ “ ” ငါ့တူလေးက ဓါတ်ပုံတွေကြည့်ရင်း ပြုံးနေတယ်ဆိုတော့က … မဟုတ်မှလွဲရော မိန်းကလေးပုံတွေမဟုတ်လား “ ” ဟဲ…ဟဲ ..ဟုတ်တယ်ဒေါ်လေးရေ ဒေါ်လေးပြောတဲ့မိန်းကလေးပုံပဲဗျ….မိန်းကလေးမှ တခြားမိန်းကလေးမဟုတ်ဘူး ဒေါ်လေးတို့ရွာသူပဲဗျို့.. “ ” ဟေ ဟုတ်လား … အဒေါ့်ကိုပြပါအုံး  “ ဟုပြောကာ  ဒေါ်နန်းမူတစ်ယောက်လည်း ...

သူ၏ သောက်ဖော် သောက်ဖက် ဖြစ်သူ ချက်ဖောင်းမှာတော့ ပြေကြီးအား ပြုံးကာကြည့်ရင်း “မင်းအတော်သောက်နိုင်တာပဲ … ပြေကြီးရ … အေ့ ” “ဟက်ဟက် … ဒါလောက်ကတော့ အပျင်းပါ ချက်ဖောင်းရာ ….” ပြေကြီး ထိုသို့ပြောလိုက်တော့ ချက်ဖောင်းလည်း စောဒက တက်ကာ ပြေကြီး၏ အနာဟောင်းကို ဆွသည့် စကားတစ်ခွန်းက မထင်မှတ်ဘဲ ပြော ထွက်မိ‌ တော့သည်။ “ဒါတောင် … ဟိုးတစ်လောက … သူကြီးသား ထွန်းရွှေ နဲ့ ထန်းရည် ...

မည်သည့်စကားမှမပြောကြပဲ နုတ်ဆိတ်လို့သာ လမ်းလျှောက်နေကြသည် ၊ အတန်ကြာသောအခါ ချောင်းဟမ်သံတချက်ပေးပြီး ဦးအုန်းမှ စကားဆိုလာသည်     “အဟမ်း… ကောင်လေး လူဆိုတာ သေမျိုးကွ မင်းလည်း သေမယ် ငါလည်းသေမယ် နောက်‌ကကောင်တွေလည်း သေမဲ့ကောင်တွေ”     ဦးအုန်း၏ စကားကြောင့် နောက်မှ လမ်းလျှောက်နေသော ဖိုထွေးသည် ၊ ဦးအုန်း၏ နောက်ကျောကို ကြည့်ပြီးမဲ့ပြူံတချက်ပြုံးလိုက်သည် ၊ ဦးအုန်းသည် သူအားမကျေမနပ်ဖြစ်နေသော ဖိုးထွေးအား သူမမြင်ပါ ထို့ကြောင့် ဆက်ပြီး စကားဆို လေသည်     “ကောင်လေး မင်း ...

တယ်၊ ဒါကြောင့် သူတော်စင်ကြီးက ကျွန်မတို့ညီအမတွေကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ကျုုပ်လည်း သူတို့ကိုမဝံ့မရဲနဲ့ကြည့်လိုက်မိတယ်ဗျ၊ မိန်းကလေးငါးယောက်ရဲ့ခေါင်းမှာ အိုးတွေကိုယ်စီရွက်ထားတယ်ဗျ၊ မြေအိုးတွေကလည်း ခုခေတ်အိုးတွေနဲ့မတူဘဲ အဝကျယ်ကျယ် ခပ်တုတ်တုတ်အိုးတွေပါ။ အိုးတွေကိုလှမ်းကြည့်တာနဲ့တင် အိုးအဝက အပူငွေ့တွေထွက်နေတာကို အတိုင်းသားမြင်ရပါတယ်ဗျာ၊ တစ်ခါတစ်ခါ အိုးထဲကနေ မီးတောက်တွေဟုန်းခနဲတောက်သွားပါသေးတယ်၊ အဲဒီအိုးတွေကို ခေါင်းဖုမပါဘာမပါနဲ့ ရွက်ထားကြတဲ့မိန်းကလေးတွေကိုကြည့်ရင်း သူတို့ဘယ်လောက်တောင်ပူလောင်လိုက်မလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ်။ “မင်းတို့ အဲဒီအိုးတွေကို ချလို့မရဘူးလား” “ချလို့မရပါဘူးရှင်၊ ဒီအိုးတွေက ကျွန်မတို့ရဲ့ခေါင်းပေါ်မှာ ကပ်နေသလိုမျိုးပါ” “အင်း၊ တော်တော်ဒုက္ခကြီးတာပဲ၊ ကဲ ကဲ မင်းတို့ရဲ့ခေါင်းပေါ်က မီးတောက်တွေအကုန်ငြိမ်းပြီးတော့ မင်းတို့တွေအကုန်လုံး ...

ပန်းတက်ဖို့ ငကြည် ခေါင်းဆောင်၊ ခွေးတွေကို သမင် မခြောက်မချင်း အသံမထွက်စေနဲ့။ ပိုက်စောင့်က နှစ်ယောက်နေခဲ့။ ငမှတ်က ပိုက်ဘယ်ဘက်က စောင့်၊ ညာဘက်က ငပိုင် စောင့်၊ သမင်မိရင် ဓားလှံနဲ့ လက်နောက်ထိုး၊ ပိုက်မတိုးမချင်း လူကို သမင် မမြင်စေနဲ့။ အဲ ငလုံးက ငမှူးကို တွဲခေါ်၊ ပိုက်ဝ သမင် ရောက်ရင် လူရော ခွေးပါ ဝိုင်းမိပစေ။ လူက သာခွေယိုင်နွမ်း လုပ်မနေနဲ့၊ စတော့” ငမှူးမှလွဲလျှင် အားလုံး သမင်လိုက် အတွေ့အကြုံ ...

ပြီပေါ့ဗျ။ ကျုပ် မျက်စိဖွင့်ကြည့်လိုက်ပြီး… “ဟာ ကိုဘပွားကြီး လာ ထိုင်လေဗျာ” “ငါ မင်းကို လိုက်ရှာတာ ကျောင်းဝင်း တစ်ဝင်းလုံးကို နှံ့နေတာကွ၊ မင်းအိမ် လည်း ရောက်ပြီးပြီ” ကျုပ် သူ့ကို ကြည့်လိုက်တော့ ပုဆိုး ဟောင်း အင်္ကျီဟောင်းနဲ့ဗျ။ခေါင်းပေါ် မှာ ဝါးဖတ်ဦးထုပ်ဆောင်းလို့။ ဒီလူအလှူ လာတာ မဟုတ်ဘူးထင်တယ်လို့ ကျုပ် တွေးလိုက်မိတယ်။ ကျုပ်လည်း အိပ်နေ ရာကနေ လူးလဲထလိုက်တယ်။ ကိုဘ ပွားကလည်း ကျုပ်အိပ်နေတဲ့ ကွပ်ပျစ် မှာ ဝင်ထိုင်သဗျ။ “ကိုဘပွား ...

*ဘုန်းကြီးတစ္ဆေ*📖📖📖 *****************      ” ဒုန်း..”      ” ဟဲ့…ပလုတ်တုတ်…”      ညဉ့်နက်သန်းခေါင် ကျောင်းခေါင် ထုပ်တန်းအပေါ်ဆီက တစ်စုံတစ်ရာ ပြုတ်ကျလာတဲ့အသံက ကျယ်လောင်စွာ။      ဒီအသံကြောင့် အရှင်ဓမ္မသီလ လန့်ပြီးတောင် အော်မိလိုက်ရဲ့။ အသံက သူကျိန်းစက်ရာ အိပ်ရာ ခြေရင်းဘက် မလှမ်းမကမ်းက ထွက်လာတာရယ်။      မှန်အိမ်ကို မီးစာတင်ပြီး အရှင်ဓမ္မသီလ အသံလာရာကို လှမ်းကြည့်လိုက်တယ်။ ခြေရင်းဘက်မှာ ဟာလာဟင်းလင်း၊ ဘာမှရှိမနေဘူး။      ” ကြောင်တွေဘာတွေ ခုန်ချတာပဲ ဖြစ်မှာပါ…” ...