ကားလမ်းပေါ်ကကြမ္မာအငြိုး

သတ်တာ•••
မင်းကိုမကျေနပ်ဘူး••အီးးးးအား”””
ဟုအော်ကာအသက်ပျောက်သွားလေသည်။
ဦးဘခက်မှမိမိကတရားခံမို့•••
မှင်သက်သွားမိသည်။••••စပယ်ယာသာဦးက
“”ဘယ်လိုဖြစ်တာလဲ••မောင်နီကကားအမိုးပေါ်မှာပါ
ဘယ်လိုလုပ်ကားအောက်ရောက်နေတာလဲ”””
ထိုစဉ်ခရီးသည်ထဲမှအသက်ကြီးကြီး
အမျိုးသားတစ်ယောက်
ထွက်လာကာ•••
“”ဒီလူကျုပ်ပြောစကားနားမထောင်လို့ဘေးတွေ့တာ””
“”ပြောပါဦးအဘရယ်ဘယ်လိုဖြစ်တာလဲ””
“”ဒီလမ်းဘေးတောထဲမှာ
အဘတို့ငယ်ငယ်တည်းကဘုရားပိက်တစ်ခုရှိတယ်
နတ်ကြီးတယ်လို့ပြောကြတယ်တကယ်လည်းဟုတ်တယ်
ဘုရားကိုအသစ်မွမ်းမံပူဇော်ချင်တဲ့သူတွေရှိပေမယ့်
အစောင့်အရှောက်တွေကလက်မခံဘူးတူပါရဲ့
အမျိုးမျိုးနှောင့်ယှက်လို့••ဘယ်သူမှမပြုပြင်ရဲဘူး
ဒီစပယ်ယာကောင်လေးက
အပေါ့သွားဖို့လာတာ
အဘကဒီနားမှာမသွားနဲ့တခြားသွားပြောတာ••
အဘကိုကလန်ကဆန်လုပ်ပြီး
ဘုရားပျက်ဘက်လှည့်ပြီးအပေါ့သွားတယ်လေ•••
အဲဒါသူ့ကိုအစောင့်အရှောက်တွေ
ဒဏ်ခတ်တာဖြစ်မယ်•••
လူအကောင်းတိုင်းကြီးတစ်ယောက်က
ကားအောက်မှာဘယ်လိုမှသွားအိပ်နေမှာမဟုတ်ဘူး””
စပယ်ယာသာဦးက
“”ဖြစ်နိုင်တယ်အဘသူက
ဘုရားတရားဆိုတာအယုံအကြည်ရှိတာ
မဟုတ်ဘူး••ခုတော့ကိုယ်ကျိုးနည်းပြီ””
“”ကဲဖြစ်လာပြီးမှမတတ်နိုင်ဘူး
အလောင်းဆေးရုံပို့ကြတာပေါ့””
အလောင်းကိုအနီးဆုံးဆေးရုံပို့ပြီးပြန်လာတော့
ဦးဘခက်ရော••စပယ်ယာသာဦးပါကားဂိတ်တွင်
အိပ်ကြလေသည်။•••
သာဦးမှာ••ညရောက်သည်နှင့်ဗိုက်ထဲတရစ်ရစ်
ထိုးအောင့်ကာနာလာလေသည်။•••
တစ်နေကုန်ကားမောင်းနေရသော
ဦးဘခက်ကိုနိုးရအားနာတာမို့
တစ်ယောက်ထဲအိမ်သာထွက်လာခဲ့သည်။•••
သာဦးမှာဓာတ်မီးအသေးစားလေးကိုက်လျက်
အိမ်သာတံခါးကိုဆွဲဖွင့်လိုက်ရာ
အိမ်သာထဲတွင်ငုတ်တုပ်ထိုင်နေသော
ကိုယ်တစ်ပိုင်းပြတ်နေသော
မောင်နီအားတွေ့လိုက်ရလေသည်။•••
“””အားးးးး””
သာဦးမှာအားဟုသာအော်နိုင်လျက်အိမ်သာရှေ့
မှာပင်မေ့လဲသွားလေသည်။
ညတွင်းချင်းကားဂိတ်မှလူများစုပေါင်းကာ
အတော်ပြုစုလိုက်မှသာဦးမှာသတိရလာလေသည်။
မနက်ရောက်တော့ဦးဘခက်နှင့်သာဦးမှာ
မောင်နီသေမှုနှင့်စစ်ဆေးခံရလေသည်။•••
ခရီးသည်များ၏ထွက်ဆိုမှု•••နှင့်
ဦးဘခက်မောင်းသောကားထောင်ကယ်က
မောင်နီတို့မိသားစုအားလျှော်ကြေး
ငွေထိုက်ထိုက်တန်တန်ပေးတာမို့
မောင်နီ၏မိသားစုမှာ
အမှုပိတ်လိုက်လေသည်။•••
သို့နှင့်ဦးဘခက်မှာ•••မတော်တဆမှုဖြင့်
လွတ်သွားလေသည်။၊
ဦးဘခက်မှာထောင်နှုတ်ခမ်းဝမှလွှတ်ပေမယ့်
မောင်နီ့လက်ကမလွတ်ပါ။
မောင်နီမှာအသေဆိုးနှင့်သေတာမို့
သူကားကြိတ်ခံရသောနေရာရောက်တိုင်း
ကားများအလိုလိုထိုးရပ်ကာ•••
ကားတားစီးလေသည်။အကြောင်းမသိသော
ကားသမားများမှာလူထင်၍ကားရပ်ပေးလျက်
အနားရောက်မှ••ကိုယ်တစ်ပိုင်းပြတ်နေသော
မောင်နီကိုမြင်မှမောင်းပြေးကြလေသည်။
တစ်နေ့ဦးဘခက်တို့ပြည်သွားတော့
မောင်နီသေသောနေရာနားရောက်လာလေသည်။
ဦးဘခက်ကခပ်လန့်လန့်ပင်။
ကားကိုအရှိန်တင်မောင်းရင်း•••
ကားစက်မရပ်တာမို့သက်ပြင်းချရုံရှိသေး
ခရီးသည်အမျိုးသမီးကြီးတစ်ယောက်က•••
“”ဟဲ့••ဟိုကောင်လေး•••
ကားပေါ်ကတက်မလိုက်ဘဲ•••
ကားဘေးမှာတွယ်နေတာအန္တရာယ်များလိုက်တာ””
အဒေါ်ကြီးပြောလိုက်တော့
သာဦးမှာကြည့်လိုက်ရာ•••
ကားနံဘေးတွင်တွယ်လိုက်လာသော
မောင်နီကိုတွေ့လိုက်ရလေသည်။•••
သာဦးမှာဦးဘခက်ကိုအကျိုးအကြောင်းပြော၍
ကားထံတွင်ပဌန်းဖွင့်လိုက်မှ
မောင်နီပျောက်သွားလေသည်။
မောင်နီရက်လည်ရောက်တော့•••
မောင်နီ့မိန်းမက
မောင်နီအတွက်ကုသိုလ်လုပ်ပေးဖို့အိမ်တွင်
အသားစိမ်းတွေတင်လာခဲ့သည်။
ထိုမှပိုဆိုးတော့သည်။
တစ်ညလုံးမောင်နီသောင်းကျန်းကာ•••
အိမ်ပေါ်တွင်အိပ်နေသော•••
လူများကိုဆွဲချတာမို့
တစ်ယောက်မှမအိပ်ရဲဘဲထပြေးကြတော့သည်။
ထိုညမှာပင်•••ကားဂိတ်တွင်အိပ်နေသော
ဦးဘခက်ကိုမောင်နီမှာမကျေမနပ်ဖြင့်နပန်းလုံးပြန်သည်။
သာဦးတို့အသံကြား၍ထကြည့်တော့
ဦးဘခက်တစ်ယောက်ထဲအပေါ်ရောက်လိုက်
အောက်ရောက်လိုက်ဖြင့်•••
“”မင်းကိုငါသတ်တာမဟုတ်ဘူး
မတော်တဆဖြစ်တာ”””
ဟုအော်နေလေသည်။
သာဦးတို့လည်းဝင်ဆွဲမရနှင့်တစ်ချီတွင်
ဦးဘခက်မှာထ၍ပြေးလေတော့သည်။
ဦးဘခက်မှာညတွင်းချင်းကားကွင်း
နားမှဘုန်းကြီးကျောင်းဆီပြေးရတော့သည်။
“”အရှင်ဘုရားကယ်ပါဦးဘုရား””
ဘုန်းတော်ကြီးမှာဦးဘခက်၏အသံကြောင့်
ကျောင်းပေါ်မှဆင်းလာကာ•••
“”ဒကာဘာဖြစ်တာလဲ””
“”တပည့်တော်နောက်ကိုလိုက်နေတယ်ကယ်ပါဦးဘုရား””
ဘုန်းတော်ကြီးမှာကျောင်းအပြင်ဘက်သို့ကြည့်ကာ••
“”စိတ်မပူနဲ့ဒကာသူကျောင်းဝင်းထဲ
ဝင်လို့မရပါဘူး””
“”တပည့်တော်ကိုကယ်ပါဘုရား
ညတိုင်းသူလိုက်နှောင့်ယှက်နေလို့
အိပ်ကောင်းခြင်းအိပ်မရတာကြာပါပြီဘုရား””
ဘုန်းတော်ကြီးမှာဦးဘခက်စကားကြောင့်
ခေါင်းတဆတ်ဆတ်ငြိမ့်ကာ•••
ကျောင်းဝင်အပြင်ထွက်သွားလေသည်။
ဦးဘခက်လည်းဘုန်းကြီးနောက်မှကပ်လိုက်လာခဲ့သည်။
ဦးဘခက်မှဆရာတော်ဘုရားနောက်မှနေလျက်
ခန္ဓာကိုယ်တစ်ပိုင်းပြတ်နေသော
သရဲမောင်နီကိုကြည့်နေမိသည်။
သရဲမောင်နီကဆရာတော်ဘုရားရှေ့ရောက်တော့
ခေါင်းငုံ့နေလေသည်။•••
ဆရာတော်ဘုရားသည်လည်းမောင်နီကို
မြင်ဟန်တူသည်။•••
“”ဒကာမောင်နီဖြစ်ပြီးတာလည်းဖြစ်ပြီးပြီ
အငြိုးအာဃာတတွေကိုသံသရာထိ
မရှည်ချင်ပါနဲ့””
ဆရာတော်စကားဆုံးသည်နှင့်
ဦးဘခက်ကလည်း
“”ငါတောင်းပန်ပါတယ်မောင်နီရာ
မင်းကိုတမင်လုပ်တာမဟုတ်ရပါဘူး
မင်းကိုအလှူပြုပေးဆိုပြုပေးပါ့မယ်””
သရဲမောင်နီမှာသူ့အား
အလှူပြုပေးရန်တောင်းဆိုလျက်
ပျောက်ကွယ်သွားလေတော့သည်။
မောင်နီတို့မိသားစုမှာ
ဆွမ်းကြွေးတရားနာရန်
ကားကွင်းအနီးမှဆရာတော်ဘုရား
ကျောင်းမှာပင်••ဦးဘခက်မှမတည်လျက်
မောင်နီအတွက်ရည်စူး၍အလှူပြုပေးလေသည်။•••
ထိုအချိန်မှစ၍မောင်နီသေသော
နေရာတွင်ကားလည်းမထိုးရပ်တော့။
ခြောက်လှန့်တာမျိုးလည်းမရှိတော့ပေ။
မောင်နီတစ်ယောက်ကျွတ်သွားသည်
ဖြစ်ပေမည်။ ။
~~~~~~~~~~~~~
(ဖြစ်ရပ်မှန်အားအမည်လွဲပြောင်း၍ရေးပါသည်။)

ပြီးပါပြီ