။အဘယ်ကြောင့်ဆိုသော်သူကြီး၏တပည့် ငပြဲအား သရဲတစ်ကောင်မှဝင်ပူးနေသည်မဟုတ်ပါလား။
မြသန်းလည်း လူများသွားနေကြသော ငပြဲအိမ်သို့ သွားနေသည်။ ငပြဲ၏အိမ်သို့ရောက်သောအခါ ငပြဲမှာ မျက်ထောင့်နီကြီးနှင့် အံကြိတ်နေ၏။ရွာသူရွာသားများထဲမှ သိနားလည်သော လူကြိးတစ်ယောက်က မေးလိုက်၏။
” မင်းဘယ်သူလဲ ဘာကြောင့် ဒီလို လုပ်တာလဲ”
ငပြဲမှာ ဘာမှမပြောချေ။ထို့ကြောင့် ထပ်မေးလိုက်ရပြန်၏။
“အခု ပူးကပ်နေတာ ဘယ်သူလဲ ဘာကြောင့် သူ့ကိုအခုလို ဝင်ပူးနေရတာလဲ ”
” ငါ့နာမည် ကျွဲနီ ဒီကောင် ငါနေတဲ့နေရာကိုလာပြီး စော်ကားတယ် ငါသတ်မယ်သူ့ကို”
ငပြဲက ပြောနေရင်း လူအုပ်အားကြည့်လိုက်၏။သူသည် မြသန်းကိုတွေ့လိုက်သောအခါ ပြုံးလိုက်ပြီး
“သတ်မယ်သတ်မယ် ••ဟီး ••ဟီး သတ်မယ် ••ဟီးဟားဟားဟား”
ငပြဲအား ပူးကပ်နေသူက ပြောပြောဆိုဆို လည်ပင်းအား သူ့လက်ဖြင့် လိမ်ချိုးလိုက်၏။
“ဟာ••• အမလေး”
ကြည့်နေကြသော လူများမှ အာမေဍိတ်သံမျာထွက်ပေါ်လာလေသည်။ငပြဲတစ်ယောက် ဇက်ကြီးကျိုးလိမ်ကာ ငြိမ်သက်လဲကျနေပြီဖြစ်သည်။ ငပြဲအားပူးကပ်နေသူမှာလည်း ဘယ်ဆီရောက်သွားမှန်းမသိတော့ချေ။
မြသန်းတစ်ယောက် ထိုဖြစ်အင်အား ကြည့်ကာ ကျေနပ်ပြုံးတစ်ချက်ပြုံးလိုက်ကာ ပြန်ထွက်လာခဲ့တော့သည်။
%%%%%%%%
“ငကျွဲ မင်းသူငယ်ချင်း ငပြဲက ဘယ်လိုဖြစ်တာလဲကွ”
” ကျုပ်လည်းမသိတော့ဘူးသူကြီးရေ”
“အား••• အား•• ”
“သူကြီး ဘာ••• ဘာဖြစ်တာလဲဗျ”
“နာလိုက်တာ ငကျွဲရာ အသည်းကိုအပ်နဲ့စိုက်လိုက်သလိုဘဲကွာ နာလိုက်တာ ကျွတ်စ်••ကျွတ်စ်”
သူကြီး ဦးသာဒွန်းက နာကျင်လွန်းသဖြင့် သူ၏ဗိုက်အား ကိုင်ကာ ထိုင်နေလိုက်၏။
ဒီလိုနဲ့ ငပြဲရက်လည်ပြီးစီးပြီးနောက်နေ့တွင် ငကျွဲတစ်ယောက် သူကြီးဦးသာဒွန်းဆီသို့ရောက်လာ၏။ သူကြီး ဦးသာဒွန်းမှာ လူပျိုကြီးဖြစ်ပြီး မိဘများလည်းမရှိတော့သည့်အတွက် တစ်ယောက်တည်းဖြစ်နေသည်။
“သူကြီး•• သူကြီး”
ငကျွဲလည်း အော်ခေါ်ပြီး သူကြီးကပြန်မထူးသဖြင့် အိမ်ပေါ်တက်လာခဲ့လိုက်တယ်။
“ဟာ•• သူကြီး”
ကြမ်းပြင်တွင် လဲကျနေသော သူကြီးအားတွေ့လိုက်ရသည့်အတွက် ငကျွဲလည်း သူကြီးနားပြေးသွားလိုက်ပြီး စစ်ဆေးကြည့်ရာ သတိလစ်နေကြောင်းသိရသည့်အတွက် ဘေးအိမ်မှလူများအားအော်ခေါ်ကာ ဆေးဆရာပင့်ပြီး ကုသလိုက်လေ၏။
“အီးးး အဲ••• အင်းးး”
ညည်းညူသံနှင့်အတူ သူကြီးဦးသာဒွန်းတစ်ယောက် သတိရလာ၏။
“သူကြီး သူကြီး သတိရလာပြီနော် ဘယ်လိုဖြစ်ရတာလဲ သူကြီးရယ် ”
ငကျွဲက ပြောခြင်းဖြစ်သည်၊၊
” ငါလည်းဘာဖြစ်မှန်းမသိဘူး ငါနေ့တိုင်း ဗိုက်အောင့်နေတယ်။ အောင့်တာမှမခံမရပ်နိုင်ဘဲကွာ။ ဒီနေ့ အိမ်မှာ လမ်းလျောက်နေတုန်း ငါ့ဗိုက်ထဲ မှာ အဆမတန်နာကျင်မှုကိုခံစားနေရတယ်။ နာတာဆိုတာမှ အရမ်းဘဲကွာ ငါလည်းနောက်ဆုံး မခံနိုင်တော့တာနဲ့ ကြမ်းပြင်ပေါ်လဲကျသွားတယ်။သတိမမေ့ခင် မင်းငါ့ကိုအိမ်ရှေ့က အော်ခေါ်နေတဲ့ အသံတော့ငါကြားလိုက်တယ်။ငါ ကျန်တာတွေဘာမှမမှတ်မိတော့ဘူး။”
“သူကြီး အခြေအနေက အရမ်းထူးဆန်းတယ်ဗျ ကျုပ်တသက်နဲ့တစ်ကိုယ် ဒီလို အဖြစ်မျိုးမမြင်ဖူးဘူး ကျုပ်စမ်းသပ်ကြည့်တာတော့ ရောဂါဖြစ်နေတဲ့လက္ခဏာလည်းမတွေ့ဘူး သူကြီးခုလိုဖြစ်နေတာကြာပြီလား”
သူကြီးဦးသားဒွန်းအား ကုသပေးသော ဆေးဆရာ ဦးဖြူမှပြောခြင်းဖြစ်သည်။
“တစ်ပတ်လောက်တော့ရှိပြီ အရင်က နာတယ် ပြီးရင်ပျောက်သွားပြန်ရော ညဘက်တွေဆိုလည်း နာလာရင် တစ်ညလုံးအိပ်လို့မရတော့ဘူး”
“ခင်ဗျားဖြစ်တာကလည်းအဆန်းကြီးဗျ သူကြီးရ သက်သာသွားတော့လည်း ချက်ချင်းကြီး အခုကျုပ်တောင် ဘာကုသမှုမှ မလုပ်ရေသးဘူးဗျသက်သာသွားပြီ ကျုပ်တော့ ဒီကိစ္စကသာမန်မဟုတ်ဘူးထင်တယ်ဗျာ ”
” ဘယ်လိုမျိုးလဲ ကိုဖြူ”
သူကြီးဦးသာဒွန်းကသိချင်သဖြင့်မေးသည်။
” ကျုပ်လည်း အတိကျတော့ မသိပါဘူးဗျာ ခင်ဗျားလည်း အတိကျသိချင်ရင်တော့ အုန်းသာယာရွာမှာ ဘိုးသာမောင် ဆိုတဲ့ ဆရာကြီးရှိတယ် သူကအမှောင့်ပယောဂနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဖြေရှင်းနိုင်တယ်။ ခင်ဗျား ဖြစ်ပျက်နေပုံကို သူ့ဆီ သွားပြရင် အဆင်ပြေချင်ပြေနိုင်တယ်ဗျ။”
ဆေးဆရာဦးဖြူ၏ စကားကြောင့် သူကြီးဦးသာဒွန်းလည်း စဥ်းစားမိသွားသည်။ ငပြဲသေတာကလည်း သရဲဝင်ပူးပြီးသတ်တာဆိုတော့ ဒီကိစ္စကသာမာန်မဖြစ်နိုင်ဟု ထင်မှတ်မိသည်။ထို့ကြောင့် သူကြီးလည်း
“ကျုပ်နောက်နေ့ အုန်းသာယာရွာကိုသွားအုံးမယ်ဗျာ ငကျွဲ မင်းလည်း ငါ့ကိုလိုက်ပို့ပေးအုံး”
“ဟုတ်ကဲ့ပါသူကြီး”
သူကြီးဦးသာဒွန််းလည်း စကားပြောပြီး မှိန်းနေကာ နားနေလိုက်တော့တယ်။
%%%%%%%%%%
” အား•••• ကျွတ်စ်••• ကျွတ်စ် နာလိုက်တာ အမလေးလေး ငါ အသားတွေကို အပ်နဲ့စိုက်နေသလိုပါဘဲလား ဗိုက်ထဲကလည်းနာလိုက်တာ ကျွတ်စ်•••ကျွတ်စ် ငကျွဲ•• ဟေ့ကောင် မင်းဘယ်မှာလဲ”
“သူကြီးရေ အော်မနေတော့နဲ့ သွားဖို့အဆင်သင့်ဖြစ်ပြီဗျို့ သွားလို့ရပြီ”
ငကျွဲ ဆိုသူက နွားလှည်းမောင်းကာ ဝင်လာရင်း ပြောလိုက်သည်။
“အေးအေး အချိန်ကိုလည်း ကြည့်အုံး ဘယ်အချိန်ရှိနေပြီလဲလို့•• ခုဖြစ်နေတဲ့ ကိစ္စဆိုတာလည်း မင်းအသိဘဲ အားလားလား ••နာလိုက်တာ ကျွတ်စ်•••• ကျွတ်စ်”
သူကြီးဦးသာဒွန်းကပြောရင်း လှည်းပေါ်တက်လိုက်သည်။သူကြီး ဦးသာဒွန်း၏ မျက်နှာတွင် ကြောက်ရွံ့ခြင်း၊ နာကျင်ခြင်းများဖြစ်ပေါ်နေသည်ကိုဘေးမှကြည့်လျှင်ပင်သိနိုင်ပေသည်။
သူကြီး ဦးသာဒွန်းလှည်းပေါ်ရောက်သည်နှင့် ငကျွဲလည်း နွားလှည်းကိုစတင်မောင်းထွက်သွားတော့သည်။ သူတို့ဦးတည်နေသောနေရာကား အုန်းသာယာရွာလေးဆီသို့••••••။
%%%%%%%%%%%
” ဘိုးရေ••• ဘိူး”
“ဟေ့ တာတူး အိမ်ရှေ့မှာ အော်မနေနဲ့ဟ တက်လာခဲ့လေ”
” ဟီး•• ဟီးးးး လာပါပြီဗျ ဘိုးရဲ့”
“အံမယ်•• ရုပ်ကိုက•• ကိုယ်တော်ချောဘာကိစ္စရှိလို့လဲ”
“ဟာ ဘိုးကလည်းဗျာ ကျုပ်က ကိစ္စရှိမှလာရမှာလားဗျ ”
” အံမယ် ဟုတ်ပါပြီ တာတူးရဲ့ မင်းကလည်း ပျောက်ချက်သားကောင်းလှချေလား ခုမှပေါ်လာတယ်နော်”
“ခုမှပေါ်လာဆို စပါးတွေ သိမ်းနေရပြီလေ ဘိုးရယ် အဲ့ဒါကြောင့် ပျောက်နေတာဗျ ”
ထိုအချိန် အိမ်ရှေ့မှ လှည်းတစ်စီးဝင်လာတာတွေ့လိုက်ရ၏။
“တာတူး အိမ်ရှေ့မှာဧည့်သည်တွေထင်တယ် အိမ်ထဲကိုခေါ်လာလိုက်အုံး”
တာတူးလည်း အိမ်ရှေ့သွားကာ လှည်းပေါ်မှလူများနှင့်စကားပြောနေ၏။ ခနကြာမှ တာတူးနှင့် အတူ လူနှစ်ယောက် အိမ်ပေါ်သို့တက်လာ၏။အသက်အလတ်ပိုင်းလူတစ်ယောက်နှင့် သက်ကြီးပိုင်းလူတစ်ယောက်ဖြစ်ပြီး လူကြီးမှာ ဝေဒနာတစ်ခုခုကိုခံစားနေရဟန်ရှိသည်။
“တာတူးရေ ဧည့်ခံဖို့ ရေနွေးကြမ်းနဲ့ ထန်းလျက်လေးသွား ယူခဲ့ပါအုံး”
တာတူးလည်း ရေနွေးလင်ဗန်းနှင့် ထန်းလျက်များ ယူလာကာ ချပေးလိုက်၏။
ဘိုးသာမောင်လည်း
“ဒီက ဧည်သည်တို့က ဘယ်လိုအကြောင်းရင်းကြောင့်ရောက်လာတာလဲ”
ဟုမေးလိုက်၏။ထိုအခါ သက်လတ်ပိုင်းလူက
“ကျုပ်နာမည်က ငကျွဲပါ ပုတောရွာကပါ”
“အော် ဟိုဘက်ရွာကဘဲ”
” ဟုတ်ပါတယ် ဒါက ကျုပ်တို့ရွာသူကြီး ဦးသာဒွန်းပါ။သူက ထူးဆန်းတဲ့ ဝေဒနာခံစားနေရလို့ပါအဲ့ဒါ ပယောဂနဲ့များသက်ဆိုင်နေမလားလို့ပါ”
“အမလေးလေး နာလှချည့်ရဲ့ အားးး”
ငကျွဲဆိုသူစကားပြောနေရင်း ဦး သာဒွန်းကအော်လိုက်သည့်အတွက် အားလုံးလန့်သွားကြတယ်။ ဦးသာဒွန်းကတော့ နာကျင်သဖြင့် လူးလိမ့်နေ၏။
ဘိုးသာမောင်လည်း သူ၏လက်ဖြင့် ဦးသာဒွန်း၏ ခေါင်းအားကိုင်ကာ နှုတ်မှ တတွတ်တွတ်ရွတ်နေ၏။
“အား •••အမလေးးးး လုပ်ကြပါအုံး အီးးးး နာလိုက်တာ အားး ဗိုက်ပေါက်ထွက်တော့မလားဘဲ အား•• အီးးးးးး”
ဦးသာဒွန်းမှာ နာကျင်လွန်းလှသဖြင့် အော်ဟစ်နေသည်။
ဘိုးသာမောင်လည်း ဦးသာဒွန်း၌ပယောဂပါရှိနေကြောင်းသိရသည့်အတွက် ဦးသာဒွန်း၏ ခေါင်းအားကိုင်ထားရာမှ ဖယ်လိုက်၏။ ပြီးနောက်
“တာတူး ဘုရားကျောင်းဆောင်က ဘုရားသောက်တော်ရေယူလာခဲ့”
တာတူးလည်း ချက်ချင်းပင်ယူပေးလိုက်၏။ဘုရားသောက်တော်ရေ ရသည်နှင့် ဘိုးသာမောင်လည်း ရေအားလက်ညိုးနှင့်မွှေကာမန်းမှုတ်လိုက်ပြီး ဦးသာဒွန်းအားတိုက်လိုက်၏။
ထိုအခါ ဦးသာဒွန်းမှာနာကျင်ခြင်းသက်သာသွား၏။
” တာတူး သူ့ကို ဘုရားကျောင်းဆောင်ရှေ့ကိုတွဲခေါ်လာခဲ့ သူ့ကိုတစ်ယောက်ယောက်က အောက်လမ်းနဲ့တိုက်ထားတယ် သူ့ကိုငါတို့ ကယ်တင်ရမယ်”
တာတူးနဲ့ ငကျွဲလည်း ဦးသာဒွန်းအား တွဲကာ ဘုရားကျောင်းဆောင်ရှေ့သို့ခေါ်လာ၏။
“ဦးသာဒွန်း သက်သာရဲ့လား”
” သက်သာပါတယ်ဆရာကြီး နာကျင်နေတာတွေတော့ပျောက်သွားတယ်ဗျ”
” ကျုပ်ဦးသာဒွန်းကို ကုသပေးပါမယ် ဦးသာဒွန်းလက်ခံနိုင်မလား”
“ဟာ ဘယ်လိုပြောလိုက်တာလဲ ဆရာကြီးရယ် ကျုပ်လက်ခံပါတယ် ကုပေးပါဗျာ”
“ကဲ ဒါဆို တာတူးရေ ဘိုးသူ့ကိုစကုတော့မယ် မင်းလည်း နည်းနည်းပါးပါးကူညီအုံး”
” ဟုတ်•• ဘိုး”
သူကြီး ဦးသာဒွန်းလည်း ဘုရားကျောင်းဆောင်ရှေ့၌ ခြေဆင်းကာထိုင်နေ၏။ဘိုးသာမောင်က သူကြီးအား စိတ်ကိုဖြေလျော့ထားရန်ပြောနေလေ၏။ပြီးနောက် ဘိုးသာမောင်လည်း ဟန်ပါပါဖြင့်
” ဘုရား တရား သံဃာ ရတနာသုံးပါး ငါ့နှုတ်ဖျား၊အာခေါင်၊အာရင်း သိကြားမင်းလည်းဖန်ဆင်းလာလျက် ရွှေသံလျက်နှင့်စက်ကုန်တောက်အောင် ငါ့အာတွင်းမှာ သိကြားလာ၍ ညီညာ ဆောင်သယ်ကြ ထထဆရာ စက်အာဏာလည်း တစ်ရာ့ရှစ်ကွက် ငါ့အာစက်ထိပ်တက် လျာစက် ထဆရာထ ကြွဆရာကြွ”
ဟူသောအာဏာစက်နိူးဂါထာအားရွတ်ဖတ်လိုက်ပြီး
“ကဲ ••ဟော့ဒီ သောကြာသားကို ပြုစားထားတဲ့ သူချက်ချင်းဝင်ရောက် လာစမ်း ဘုရားငါးဆူအမိန့် အထက်ဆရာကြီးများအမိန့်”
ဘိုးသာမောင်တစ်ယောက် ပြုလုပ်နေသမျှကို တာတူးနှင့် ငကျွဲက ကြည့်နေကြ၏။။သူကြီးဦးသာဒွန်းတစ်ယောက် တဆတ်ဆတ်တုန်လာ၏။ပြီးနောက်
“ဟီး•• ဟိး•• ဟားဟားဟား ငါ့ကိုဘယ်သူခေါ်တာလဲ အော် ဆရာကြီးကိုး ဟီး••• ဟီး”
ပြောပြာဆိုဆိုဘေးကိုဝေ့ဝိုက်ကြည့်လိုက်၏။
” မင်းဘယ်သူလဲ”
” ဆရာကြီးက ငါဘယ်သူလဲတောင်မသိဘူးလား ဟီးးးးဟီးးး”
“အော် မင်းကဒီလိုလား ရတယ်လေ ကြိုးပိုင်နဲ့လှံပိုင်ရေ ကျုပ်ကိုကူညီပါအုံးဗျာ ကြိုးပိုင်က လက်ကို နောက်ပြန်တုပ်ထား လှံပိုင်က အာခေါင်ကိုလှံနဲ့ထောက်”
ဘိုးသာမောင်ပြောလိုက်သည်နှင့် ဦးသာဒွန်း၏ လက်နှစ်ဖက်မှာ နောက်သို့ရောက်သွား၏။ပြီးနောက် ခေါင်းမော့နေကာ ပါးစပ်ကြီးဟနေ၏။
” ဝူး••• ဝူး •••ဝါး••• ဝါး”
ဦးသာဒွန်းနှုတ်မှ အသံများ ဗလုံးဗထွေးထွက်နေ၏။
“လှံပိုင်ခနနားအုံး ကြိုးပိုင်ကတော့တုပ်ထားချုပ်ထားပေးပါအုံး”
” မင်းဘယ်သူလဲ”
ဘိုးသာမောင်က ထပ်မေးလိုက်၏။
“ငါ ••ကျွဲနီ”
” ဟာ” သူကြီးဦးသာဒွန်းနှင့်ပါလာသော ငကျွဲဆိုသူမှာအံ့သြသွား၏။ ကျွဲနီဆိုသူမှာ သူ၏ သူငယ်ချင်း ငပြဲအား လည်လိမ်သတ်ခဲ့သည်မဟုတ်ပါလား။
“ဘယ်ကကျွဲနီလဲ ဘာကြောင့် ဒီလူကို ခံစားရအောင်ပြုလုပ်ထားရတာလဲ”
” ပုတောရွာ ထိန်ပင်က သရဲ•• ကျွဲနီပါ ငါ့ကိုသူများခိုင်းလို့လုပ်တာ”
“ဘယ်သူခိုင်းတာလဲ”
“ကဝေတစ်ယောက်ပါ သူ့အဆင့်နဲ့ကျုပ်တို့အဆင့်ဆိုတာ အရမ်းကွာခြားနေပါတယ် ဒါကြောင့်သူခိုင်းတာမှန်သမျှလုပ်နေရတာပါ”
“ဒါဆို မင်းလုပ်ထားသမျှအကုန်ပြန်နှုတ်သွား ကဝေကောင်ကိုငါဆုံးမလိုက်မယ်”
“ဟုတ်ကဲ့”
ဟုဆိုကာ သရဲကျွဲနီက ခန္ဓာကိုယ်အားလက်နှင့် သပ်ချနေ၏။
“ကုန်ပါပြီ”
သရဲကျွဲနီအား ဘိုးသာမောင်ကပြန်လွှတ်လိုက်၏။ပြီးနောက်
ကေဝအားခေါ်လိုက်လေတော့သည်။
” ဝုန်း••• ဝုန်း”
“ဒီတစ်ခါ ဝင်လာတဲ့ကောင်က ကြမ်းလှချည်လား”
“ငါ့ကို ခေါ်တာမင်းလား”
“မင်းရှေ့မှာ ဘုရားရှိတယ် ဘုရားကိုရှိခိုးဦးတိုက်လိုက်စမ်း”
“ဟားဟားဟား မင်းခိုင်းတိုင်းလုပ်စရာလား ငါ့နာမည် ကဝေမြသန်း ဒီလူကြီးငါ့ညီမကိုအဓမ္မကျင့်သတ်တယ်
သူက ငါမသိဘူးထင်နေတာ ငါ့ညီမလက်မှာကပ်ကျန်ရှိနေတဲ့ အဖိုးတန် အဝတ်အစားအပိုင်းစတွေက ဟောဒီ လူကြီးတစ်ယောက်ဘဲဝတ်နိုင်တာကွအဲ့ဒါကြောင့် ငါအခုလိုလုပ်တာ ဘာဖြစ်လဲ သူ့တပည့်တစ်ယောက်ကိုတော့သတ်ပြီးပြီး ”
“ဟေ” ဒီတစ်ခါ အံ့သြသွားသည်မှာ ဘိုးသာမောင် ငကျွဲ့နဲ့ တာတူးတို့ပင်ဖြစ်သည်။
“သူ့ကိုငါသတ်ချင်ရင် အေးဆေးသတ်လို့ရတယ် ငါကသူ့ကိုနာနာကျင်ကျင်ဝေဒနာခံစားပြီးမှသေေစချင်တာ မင်းက အကုသိုလ်နဲ့လူကို ကယ်ချင်တယ်ပေါ့ သူ့ကိုကယ်ချင်ရင် ငါ့ကိုနိုင်အောင်တိုက် ဒီည ပုတောရွာသင်္ချိုင်းကိုလာခဲ့”
ကဝေမြသန်းက ပြောပြီးထွက်သွား၏။ဦးသာဒွန်းမှာသတိလစ်မေ့မြောနေသည့်အတွက် ဘိုးသာမောင်လည်းသတိပြန်လည်လာအောင်ပြုလိုက်၏။ဦးသာဒွန်းမှာ သတိပြန်ရလာပြီး မောနေသည့်အတွက် နားနေလိုက်သည်။
” ကဲ ••ဦးသာဒွန်း ခင်ဗျားတော့ဘာဖြစ်သွားလဲဆိုတာ သိမှာမဟုတ်ဘူး အဲ့ဒါကြောင့် ကျုပ်ပြောပြမယ်”
ဘိုးသာမောင်က ပြောပြလိုက်၏။
“အဖြစ်ပျက်ကတော့ အဲ့ဒါဘဲ ဦးသာဒွန်း မြသန်းဆိုတဲ့သူက ခင်ဗျားသူ့ညီမကို အဓမ္မပြုကျင့်ခဲ့တယ်လို့ပြောတယ် အဲ့ဒါဟုတ်လား”
” ဟာ•• ကျုပ်ဘယ်မိန်းကလေးကိုမှ အဲ့ဒီလိုမလုပ်ခဲ့ဘူးဗျ ”
“မြသန်းက အတိကျပြောသွားတာဘဲ ခင်ဗျားတပည့်တစ်ယောက်ကိုတော့ သူသတ်ပြီးပြီး အခုခင်ဗျားအလှည့်မဟုတ်ရင် ခုပါလာတဲ့ ငကျွဲဆိုတဲ့သူအလှည့်ဘဲ”
“ကျုပ်တကယ် သူ့ညီမလေးကိုဘာမှမလုပ်ခဲ့ပါဘူးဗျာ မြသန်းနဲ့သူ့ညီမမြနှင်းဆိုတာ ကျုပ်ရဲ့ တူ၊တူမတွေလို့ဘဲသဘောထားတာပါဗျာ”
တာတူးမှာ ဦးသာဒွန်းနှင့် ငကျွဲတို့အားကြည့်နေ၏။ငကျွဲမှာ မူမမှန်ဖြစ်နေသည်ကိုတွေ့သည့်အတွက် တာတူးလည်းဝင်ပြောလိုက်၏။
” ဦးသာဒွန်းနဲ့ ကိုငကျွဲတို့ အမှန်တိုင်းပြောရင်ကောင်းမယ်ဗျ ကိုမြသန်းကလည်း မဟုတ်ဘဲနဲ့ပြောမှာမဟုတ်ဘူး အမှန်တိုင်းပြောမှ ဘိုးကကူညီလို့ရမှာ မဟုတ်ရင် ကယ်လို့ရမှာမဟုတ်ဘူး”
ထိုအခါမှ ကိုငကျွဲဆိုသူက ကြောက်လန့်နေဟန်ဖြင့်
“မြသန်းညီမကို အဓမ္မပြုကျင့်ပြီးသတ်ခဲ့တာ ကျုပ်တို့သူကြီးမဟုတ်ပါဘူးဗျာ ကျုပ်နဲ့ ငပြဲပါ”
ဟုဝင်ပြောလာ၏။
“ဟေ ”
သူကြီးဦးသာဒွန်းမှာ အံ့သြသွား၏။
ငကျွဲကဆက်လက်၍
“ကျုပ်အကုန်ရှင်းပြပါမယ် ငပြဲက မြနှင်းကိုကြိုက်နေတာပါ မြနှင်းကပြန်မကြိုက်ဘူးလေ ငပြဲရည်းစားစကားပြောလိုက်တော့ သူကငြင်းလိုက်တယ် အဲ့ဒါအပြင် ကျောင်းဆရာ ထွန်းအောင်နဲ့ ချစ်သူဖြစ််သွားတော့ ငပြဲကမကျေနပ်ဘူး။
အဲ့ဒါနဲ့ တစ်နေ့မှာ မြနှင်းကို ထွန်းအောင်ကချိန်းတယ်ဆိုပြီးညာပြီးချိန်းလိုက်တယ်။ ငပြဲကလည်း အဲ့ဒီနေ့က သူကြီးရဲ့ အင်္ကျီတစ်ထည်ကို ခိုးဝတ်သွားတယ်။
မြနှင်းကို အထင်ကြီးစေချင်တာပေါ့ တောစပ်ကိုမသွားခင် ငပြဲနဲ့ကျုပ်က အရက်တစ်လုံးသောက်သွားသေးတယ် ရဲဆေးပေါ့ဗျာ အဲ့ဒါနဲ့ ကျုပ်တို့တောစပ်ကိုရောက်တော့ မြနှင်းကို ငပြဲကရည်းစားစကားပြောတယ် မြနှင်းကလည်း ငြင်းတယ် အဲ့ဒီတော့ ငပြဲက ဆွဲလားရမ်းလား လုပ်တာပေါ့ မြနှင်းက စိတ်ဆိုးပြီး ပါးရိုက်လိုက်တယ် ငပြဲလည်းဒေါသထွက်သွားပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ်။
တစ်ချက်မှာ ငပြဲက ရိုက်လိုက်တော့ မြနှင်းက သတိလစ်သလိုလိုဖြစ်သွားတယ်။ပြီးတာနဲ့ ငပြဲနဲ့ကျုပ်လည်း မူးမူးနဲ့ မြနှင်းကို အဓမ္မပြုကျင့်လိုက်မိပါတယ်။ မြသန်းတွေ့ခဲ့တဲ့ အတ်စားအပိုင်းစတွေက ငပြဲဝတ်လာခဲ့တဲ့ သူကြီးရဲ့ အဝတ်အစားဆီကပါ။ အဲ့ဒါမို့ သူက သူ့ညီမကို သူကြီးအဓမ္မပြုကျင့်ခဲ့တယ်ထင်နေတာပါ”
ငကျွဲဆိုသူက ကြောက်လန့်စွာ မပြောရဲပြောရဲပြောနေ၏။
%%%%
!တောက် !
သူကြီး ဦးသာဒွန်းတစ်ယောက် တောက်ခေါက်ရင်း ငကျွဲအားလက်သီးနှင့်ထိုးလိုက်၏။ငကျွဲမှာ ဦးသာဒွန်း၏ လက်သီးနှင့်ထိုးခံရသည့်အတွက် နှုတ်ခမ်းကွဲကာသွေးများထွက်လာ၏။
” မင်း ဥပဒေကပေးတဲ့အပြစ်ဒဏ်ခံရမယ် ငကျွဲ”
“ဟုတ် ဟုတ်ကဲ့ပါ ကျုပ်ခံပါ့မယ်သူကြီး”
” ကဲ ခင်ဗျားတို့ကိစ္စကပြီးပေမဲ့ ကျုပ်ကိစ္စကမပြီးသေးဘူး မြသန်းက ကျုပ်ကို စိန်ခေါ်သွားတယ် အဲ့ဒါကြောင့် ဒီည ကျုပ် သူနဲ့ပညာပြိုင်ရလိမ့်မယ် သူ့ကိုနှိမ်နင်းနိုင်မှ ခင်ဗျားတို့ အသက်ချမ်းသာရလိမ့်မယ် ခင်ဗျားတို့ ဒီည ကျုပ်အိမ်မှာဘဲအိပ်ပါ ”
ဘိုးသာမောင်က ပြောပြီး
“ကဲ•• တာတူးရေ ဒီည •••မင်းလိုက်မယ်မလား”
“လိုက်မှာပေါ့ဗျာ ဘိုးကလဲ”
” အေးအေး ကောင်းတယ်”
%%%%%%%%%%
နေမင်းကြီးက အနောက်ဘက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားပြီဖြစ်သည်။ ဘိုးသာမောင်နဲ့တာတူးကတော့ ပုတောရွာသင်္ချိုင်းအားချီတက်လျက်ရှိသည်။
ဘိုးသာမောင်သည် လွယ်အိတ်တစ်လုံးကိုလွယ်ထား၏။ ထိုလွယ်အိတ်ထဲတွင် အောက်လမ်း ကဝေများအား တိုက်ခိုက်ရာတွင်အသုံးပြုသော အင်း၊ဆေးဝါးများပါရှိ၏။
” တာတူးရေ ရှေ့မှာတော့ သင်္ချိုင်းကို မြင်နေရပြီ”
ဘိုးသာမောင်က ထိုသို့ပြောသောအခါ တာတူးလည်း ခေါင်းညိတ်ပြလိုက်၏။ ပုတောရွာသင်္ချိုင်းထဲသို့ရောက်လာပြီဖြစ်သည်။
သင်္ချိုင်းထဲတွင် လူသုံးယောက်ရှိနေသည်။ ဘိုးသာမောင်၊တာတူး၊နှင့် မြသန်းတို့ပင်ဖြစ်ပေသည်။တာတူးသည် ဘိုးသာမောင်နှင့်အတူလိုက်မလာချေ။သူသည် အပင်တစ်ပင်၏နောက်ကွယ်မှ ချောင်းကြည့်နေ၏။
” ေရာက်လာပြီလား”
ကဝေ မြသန်းက စကား.စလိုက်၏။
“စိန်ခေါ်တော့လည်းလာရတာပေါ့”
“ဟုတ်ပါပြီ ခင်ဗျားက ဟိုလူယုတ်မာကို ကယ်တင်ချင်တယ်ဆိုတော့ ကျုုပ်ကလည်း မညှာနိုင်တော့ဘူးပေါ့”
မြသန်းက ပြောပြောဆိုဆို အလစ်တွင် ကဝေစက်နှင့် ပစ်လိုက်၏။ သူကအလစ်တိုက်သလို ဘိုးသာမောင်ကလည်း လျင်သည်။ မြသန်းလက်လှုပ်သွားသည်နှင့် အသင့်ကိုင်ထားသော အင်းနှင့်ပစ်ပေါက်လိုက်၏။
“ဝုန်း •••ဝုန်း”
မြသန်း၏ ကဝေစက်နှင့် ဘိုးသာမောင်၏ အင်းထိမိရာမှပေါက်ကွဲမှုဖြစ်ပေါ်သွားခြင်းဖြစ်သည်။
“တောက်”
သူ၏အလစ်တိုက်ခိုက်မှုမအောင်မြင်သည့်အတွက် မြသန်းတစ်ယောက် ဒေါသထွက်သွားသည်။ ထို့ကြောင့်တောက်တစ်ချက်ခေါက်ကာ စက်များကို အဆက်မပြတ်ပစ် လွှတ်နေ၏။
သူ၏ စက်များမှာ အလွန်ပြင်းထန်လွန်းသဖြင့် “ဝှီး ဝှီး”ဟု အသံများထွက်နေ၏။
ဘိုးသာမောင်က လွယ်အိတ်ထဲမှ ပုဝါတစ်ခုကိုထုတ်ကာ စက်များကို လွှဲရိုက်ချပစ်နေ၏။မြသန်း၏ စက်မှာပြင်းထန်လွန်းသည့်အတွက် ဘေးမှအပင်များမှာ စက်များထိပြီးလောင်ကျွမ်း ပျက်စီးကုန်၏။
တာတူးမှာလည်းကြည့်နေရင်းမှ မိမိအား ကဝေစက်များထိမှန်မည်ကိုကြောက်ရွံ့နေသည်။
မြသန်းမှာ စက်များအားများအဆက်မပြတ်ပစ်နေသည့်အတွက် မောပန်းလာသည်။ သို့သော် ဇွဲမလျော့ဘဲ တိုက်နွားရွံ့ရုပ်အားထုတ်ကာ အသက်သွင်းလိုက်၏။
“ဝပ် ••ထရိန်း ••ထရိန်း ••ဖူးဖူး””
တိုက်နွားကြီးမှာ နှာမှုတ်ကာ ဘိုးသာမောင်ဆီသို့ပြေးလာနေ၏။ ဘိုးသာမောင်လည်း အင်းတစ်ချပ်ထုတ်ကာ ဂါထာရွတ်လိုက်၏။ အင်းချပ်မှာ ဘိုးသာမောင်၏ လက်ထဲတွင် တဖျပ်ဖျပ်ခုန်နေ၏။ ဘိုးသာမောင် လေထဲသို့ပစ်လိုက်သောအခါ အင်းစောင့် ဘီလူးကြီးနှစ်ကောင်ထွက်လာပြီး တိုက်နွားအားတိုက်ခိုက်ကြလေတော့သည်။
အင်းစောင့်ဘီလူးကြီးများက တိုက်နွား၏ဂျိုအားတစ်ဖက်စီမ.ကိုင်ကာ ကိုင်ပေါက်နေ၏။
ယခုတစ်ခါ ကဝေမြသန်းလည်း စက်များအကုန်လုံးစုပေါင်းပစ်ရန် အာရုံစူးစိုက်နေပြီး နှုတ်မှတတွတ်တွတ်ရွတ်နေ၏။
ယခုတစ်ကြိမ်တွင် ဘိုးသာမောင်သည် ကဝေမြသန်း စက်များမပစ်ခင် ပုဝါအားနှုတ်ခမ်းနားကပ်ကာ
“ဥုံ ဇော်ဂနီ စုန်းမ နင့်ခေါင်း စောက်ထိုး နင့်ခြေ မိုးမျှော် နင့်ဆံ ဖါးယား နင့်နား နှစ်ဘက် နင့် အသက်ထွက် ထွက်ဆရာထွက် “ဟုရွတ်လိုက်ပြီး ပုဝါအားပစ်လိုက်၏။
ထိုအခါ ပုဝါမှာ ပျံသွားပြီး မြသန်း၏ လည်ပင်းအားပတ်နေသည်ကို တာတူးတစ်ယောက်မြင်လိုက်ရ၏။ တာတူးမှာ သာမန်လူဖြစ်သည့်အတွက် ထိုသို့မြင်ရခြင်းဖြစ်သည်။
ဘိုးသာမောင်နှင့် ကေဝမြသန်းတို့၏ အမြင်တွင်မူ ထိုပုဝါမှာ နဂါးကြီးအသွင်ပြောင်းပြီး မြသန်းအား ရစ်ပတ်ထားခြင်းဖြစ်သည်။
“အစ် •••အစ် •••အီးး အားးး။
မြသန်းမှာ ကေဝစက်များကို မပစ်လွတ်နိုင်တော့ချေ။
“လူလေးမြသန်း မင်းပညာတွေကိုစွန့်ပါ ဒီပညာတွေက မင်းကို အဝီစီငရဲကိုခေါ်ဆောင်သွားလိမ့်မယ်”
“ကျုပ်••• ကျုပ်ညီမလေးကို ကတိပေးထားတယ် ကျုပ်သူတို့ကိုသတ်မှာ”
“လူလေးမှားနေပြီကွယ့် လူလေးရဲ့ညီမကို စော်ကားခဲ့တာ သူကြီး ဦးသာဒွန်းမဟုတ်ပါဘူး သူ့တပည့်နှစ်ယောက်ပါ”
ဘိုးသာမောင် စိတ်ရှည်စွာဖြင့် အကုန်ပြောပြလိုက်၏။ပြီးနောက်
“လူလေး ဒီပညာတွေကို ဘိုးကိုလှူပါ လူလေးညီမကို စော်ကားခဲ့တဲ့သူက သူ့အပြစ်အတိုင်း ဥပဒေက အပြစ်ပေးခံရပါလိမ့်မယ်”
မြသန်းလည်း ခေါင်းငုံ့နေ၏။ပြီးနောက် တရှုံရှုံငိုကာ
“ညီမလေး•• ကို••• ကိုကြီး တာဝန်မကျေခဲ့ဘူးကွာ ကိုကြီးတောင်းပန်ပါတယ်နော်”
မြသန်းတစ်ယောက် နောင်တကြီးစွာရကာ ဘိုးသာမောင်ထံ၌ ပညာများစွန့်ရန်လက်ခံလိုက်သည်။ဘိုးသာမောင်လည်း အင်းချပ်တစ်ချပ်အား ပြာချကာ ရေဖျော်ပြီး မြသန်းအားတိုက်လိုက်၏။
မြသန်းတစ်ယောက်သောက်လိုက်ပြီး အန်ချင်လာသဖြင့် အန်ချလိုက်သည်။သူအန်ချလိုက်သောအစာများကြားတွင် စိမ်းဖန့်ဖန့်အရောင် ဗူးလေးတစ်ဗူးပါရှိနေသည်။ဘိုးသာမောင်လည်း ထိုအရာအား မီးရှို့ဖျက်စီးလိုက်၏။
မြသန်းမှာ သာမာန်လူအတိုင်းပြန်ဖြစ်သွားပြီဖြစ်သည်။
မနက်မိုးသောက်သောအခါ သူကြီးဦးသာဒွန်းလည်း သူကြီးဦးသာဒွန်းလည်း ငကျွဲအား ပုလိပ်လက်ထဲကိုယ်တိုင်အပ်ထည့််လိုက်၏။
မြသန်းကိုလည်း မိမိနှင့်အတူ လာနေခိုင်းလိုက်ပြီး အတူတူေနထိုင်ကြသည်။ မြသန်းကလည်း သူကြီးဦးသာဒွန်းအပေါ် သူလုပ်ခဲ့သမျှအား တောင်းပန်ခဲ့သည်။ အရာအားလုံး ငြိမ်းချမ်းစွာပြီးဆုံးသွားသည်။
%%%%%%%%%%%%
“ဘိုး•• ဘိုးက တော်တော်စွမ်းတာဘဲနော်”
“ဟား ဟား ဘာလို့လဲ တာတူးရဲ့” “ဘိုး••• ဟို ••ဟိုလူကို အနိုင်တိုက်ခဲ့တာလေ”
“အော်•• တာတူးရယ် ဘိုးရဲ့ပညာက အသေးအအမွှားလေးဘဲရှိသေးတယ် ကမ္ဘာပေါ်မှာ ဘိုးထက်ပညာအများကြီးထက်တဲ့ သူတော်ကောင်းတွေရှိသေးတယ်ကွဲ့ နောင်အားမှ ဘိုး•• ပြောပြမယ်”
တာတူးလည်း ဘိုးသာမောင်၏ စကားကိုနားထောင်ကာ
“ဟုတ်ကဲ့•• ဘိုး”
“တာတူး ညကဘိုးနဲ့ကဝေနဲ့ပညာပြိုင်နေတုန်းက မင်းမကြောက်ဘူးလား”
“ကြောက်တော့ကြောက်တာပေါ့ဘိုး ရဲ့ ဒါပေမဲ့ ဘိုးပါနေတာဘဲကြောက်ပါဘူးဗျာ ဟီးးးး ဟိး•”
“အေး••• အေးကောင်းတယ် နောင်လည်း ဘိုးသွားရင် မင်းကိုဘဲခေါ်သွားမယ် လိုက်မယ်မလား”
“လိုက်မှာပေါ့ ဘိုးရဲ့ အခုတော့ အိမ်ကိုပြန်တော့မယ်ဗျို့ အိမ်မကပ်ဘဲလျောက်လည်နေလို့ အိမ်က တုတ်နဲ့ဆော်ခံထိအုံးမယ် သွားပြီဗျို့”
“ဟား•• ဟား •••ဟား••” သုတ်ချေတင်ပြေးသွားသော တာတူး၏ နောက်ကျောအားကြည့်ကာ ဘိုးသာမောင်တစ်ယောက် ရယ်မောကာကျန်ခဲ့လေတော့သည်။
★★ပြီးပါပြီ★★
#ဥာဏ်ထက်(ရောင်စဥ်)
Leave a Reply