ပြေးဖာရ၊ မယားငယ်ကိုချော့မော့ရနဲ့ ရှင်းနေရတာ။ မယားကြီးကမယား ငယ်အိမ်ကိုဘယ်လိုသိသွားတယ်မသိဘူး။ အိမ်အထိသွားသောင်းကျန်းတော့တာ။ မယားငယ်လေးကို ဆံပင်ဆွဲရိုက်နှက်တယ်ဆိုတာ ဗီဒီယိုဇာတ်လမ်းမှာပဲတွေ့ဖူးတာကိုး။ သူကအဝတ်အစားတွေအကုန် ဆွဲဆုတ် ချွတ်ပစ်ပြီး လမ်းပေါ်ကို ဆံပင်ဆွဲခေါ်လာတာ။ တစ်လမ်းလုံးလူတွေအုတ်ကျတ်ကျတ်ဖြစ်ကုန်ကြတယ်။ မယားငယ်လေးလည်းတော်တော်အရှက်ကွဲသွားတာပဲ။ မယားငယ်ဖက်ကအမှုပြန်ဖွင့်မယ်အထိဖြစ်ခဲ့တယ်။ အောင်ကောင်းကျော်က ဟိုဖက်လည်း ချော့မော့၊ ဒီဖက်လည်းချော့မော့နဲ့ ဒီကောင်ဘဝပျက်နေတာ။မျက်နှာငယ်လေးနဲ့။ မကြာပါဘူး။ မယားငယ်လေးကသူနေတဲ့အထပ်မြင့်တိုက်ပေါ်ကနေခုန်ချပြီးသတ်သေသွားပါလေရော။ ဖေ့ဘုတ်မှာ လည်းပလူပျံ၊ အိမ်အထိလည်းအရှက်လာခွဲတဲ့ဒဏ်ကိုခံနိုင်ပုံမရဘူး။ မယားငယ်သတ်သေတယ်ကြားတော့ မယားကြီးက တုပ်တုပ်မလှုပ် ဘူး။ ဘယ် လောက်တောင်နာကျည်းလဲမသိဘူးဗျ။ ခက်တာကအောင်ကောင်းကျော်။ သူကမယားငယ်လေးကိုအတော်သံယောဇဉ်ကြီးရှာတာ။ မယားကြီးကိုကြောက်လို့သာမကွဲရဲတာ။မယားကြီးသာကွာပေးရင် မယားငယ်လေးကိုအတည်ယူတော့မှာကိုး။ တိုက်ပေါ်ကခုန်ချသေပြီး အောင်ကောင်းကျော်လည်း စိတ်ထိခိုက်သွားတယ်။ ...

သောက်လေ့ရှိသည်။ ကျွန်တော်တို့ မှာ ထိုဆိုင်တွင် ဘောလုံးပွဲ အကြောင်း ရောက်တတ် ရာရာ ပြောလေ့ရှိနေခဲ့ပြီး ထိုညကားကျွန်တော်တို့ စကားကောင်းနေသဖြင့် အမေ့အတွက် ဆေးဝယ်ရန် အမှီ ကိုခင် ဆိုင်ကို အမှီလာခဲ့ပင်။ ကိုလွင်မှာ ၎င်းစက်ဘီးက နောက်ဘီးလေလျော့နေသဖြင့် လေထိုးမည်ဟု ဆိုကာ ကွမ်းယာဆိုင်တွင် ကျန်နေခဲ့ခြင်းဖြစ် သည်။ မိုးဦးကျချိန်မို့ ခပ်ဆတ်ဆတ် ဆောင့်တိုက်ထားတဲ့ လေပြင်းနဲ့အတူ မကြာသေးမီက မိုးခပ်သည်းသည်း ရွာထားသဖြင့် မဟူရာ ကတ္တရာလမ်းထက်တွင်မှူ မိုး ရေများပင် မခြောက်သေးပါ။ ဆေးရုံကုန်းလမ်းမှာ လမ်းမီးတိုင်များ ရှိသော်လည်း ...

နက်ကြားလား၊ နွားနက်စွပ်လား၊ နွားနက်ထိပ်ကွက်လား၊ နွားပြေနီလား၊ နွားပြေညို လား ဆိုတာတွေ ကြည့်ရတာပေါ့ဗျာ။ ဒါတွေကြည့် ပြီးတော့မှ နွားဝယ်သူကို နွားလိုက်ကြည့်ပေးတဲ့ဘိုး တော်ကြီးတွေက ရွတ်ကြဖတ်ကြတော့တာဗျို့။ ‘ကျောကုန်းမှာဗွေ မြီးရင်ဗွေ ရလေတုံလတ် မွေးမြူ အပ်’တို့၊ ‘စံပယ်ဖြူဖြူ ကြိမ်မကူနဲ့တို့၊ ‘ဇော်ရောင်ကွမ်း သွေး သေအောင်ပြေး’တို့၊ ‘ထိပ်ထက်ကြာနေလည် ပင်းဗွေ ထိုလေ နွားမြတ်မွေးမြူအပ်’တို့၊ နွားညိုသံ ရောင် တုတ်မဆောင်နဲ့၊ ‘ဘယ်ထောင်ညာလဲဥစ္စာ မြဲ’တို့၊ ‘ဘဲလဲညာထောင်ဥစ္စာပြောင်’တို့၊ ‘နွားနီကွမ်း သွေးရိုက်နိုင်မှပြေး’တို့၊ ‘နွားဝါဖွဲနုသေအောင်ထု ဂ ရုမထားတတ်’တို့၊ ဗွေဆင်မျက်ကြား ...

ငှက်ပျောဖက်တွေ အသေအချာ ခင်းပြီး ထမင်းပုံ၊ ဟင်းပုံပြီး အကျအနကို ကျွေးတာဗျ ။ ပြောင်းရှည်ဆိုတဲ့ကောင်က လူက အရပ်ရှည်ရှည်၊ ကလန်ကလားကြီးနဲ့ဗျ။ ထမင်းတောင်းကြီး ခါးစောင်းတင်ပြီး ကျွေးနေလိုက်တာများ တကယ့်အလှူအိမ်ကြီးကျနေတာဗျ။ ကျုပ်လည်း ပြောသာပြောတာပါဗျာ။ မီးလောင်ကုန်းက အကျွတ်အလွတ်ပွဲကို မရောက်တာကြာပါပြီ။ ဟိုတုန်းကသာ တစ်ခေါက်၊ နှစ်ခေါက် ရောက်တာ။ ဒီနောက်ပိုင်းတော့ မသွားဖြစ်ဘူးဗျ။ ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲက ပြီးရုံရှိသေးတော့ လူတွေလည်း ပန်းနေကြတာမို့လားဗျာ ဒီအချိန်မှာ ဘယ်မှကို သွားချင်ကြတာ မဟုတ်ဘူးဗျ။ “ကိုကြီးတာတေ၊ ဒီနှစ် မီးလောင်ကုန်းက အကျွတ်အလွတ်ပွဲကို ...

နေသည်ကို ပင် တုတ်တုတ်မျှ မလှုပ်သော ဦးသန်းလှိုင် မှ ယခု ကောက်ခါငင်ကာ ကြီး ကောင်းသွားသည်မှ ပုံမှန်တော့ မဟုတ်ဟု တွေးရင်း ပေတူးကို နှုတ်ဆက်ကာ အတွေးပေါင်းစုံ နှင့် အိမ်ပြန်လိုက်ပါလေတော့သည်။     ◾အခန်း(၂)      မောင်ဘိုးထင်သည် အိမ်ရှေ့တန်းလျားတွင် ငူငူငိုင်ငိုင် နှင့် ထိုင်နေသည်။ထိုစဉ် ဦးအုန်း သည် အိမ်ပေါ်မှ ဆင်းလာပြီး မောင်ဘိုးထင်အနား တွင် ထိုင်လိုက်ကာ ရေနွေး တခွက် ကို ငှဲ့ ရင်း စကားဆိုလေ၏။     ...

သစ်စုန်းလာလိုက်တာတဲ့ကွ” “သစ်စုန်း ဟုတ်လား ဘုရား” “အေးကွ၊ သစ်စုန်းတဲ့။ ဘုန်းကြီးလည်း မကြား ဘူးပါဘူးကွာ၊ ဒီဒကာကြီးပြောမှ ဒါမျိုးတွေ ရှိတာကို သိရတာ။ သူပြောတာ တစ်ခုက နည်းနည်းတော့ ထူးဆန်းတယ် တာတေရ။ သစ်စုန်းက သင်္ချိုင်းတွေမှာပေါက်တတ်တာတဲ့ကွ။ အဲဒီလို သစ်စုန်းပေါက်လာပြီဆိုရင် အစောင့် အရောက်လာရောတဲ့။ အဲဒီ ဒီသစ်စုန်းအစောင့် တွေကို ပြန်ပြီး အုပ်ချုပ်ရတာက သင်္ချိုင်းစောင့် မဖဲဝါကြီးတဲ့ဗျာ၊ အခု ဆရာမနိုင်ရွာက သုဿာန် ထဲမှာ သစ်စုန်းပေါက်နေတာတဲ့ဗျား။ အပင်က လူရင်စို့လောက်ရှိပြီတဲ့” “ဟင် ဒီဆရာက ...

သမီးကိုပြောပြ ပါလားဟင် ” ” အေးအေး နားထောင်နော် ” ကိုဘမောင်တစ်ယောက် မမြမေနှင့်အိမ်ထောင်ကျပြီးနောက် အထက်နှင့်အောက် စုန်ဆန်ဆင်းသည့် ပုဂ္ဂလိကသင်္ဘောတွင်သင်္ဘောသား အဖြစ်လိုက်ပါခဲ့လေသည်……… သင်္ဘောဆလင်မှာ အသက်၅၀ခန့် ရှိ၍ အရပ်အမောင်းကောင်း၍ ခန့်ညားသောဥပဓိရုပ်ရှိပြီး စိတ်သဘော ထားကောင်းမွန်လေသည်……… ” အဘ ဒီသင်္ဘောမှာဆလင်ဖြစ်တာ ကြာပြီလားဗျ” ” အနှစ် ၂၀ ရှိပြီကွဲ့ ” ”သင်္ဘောသားတွေပြောတာကြားတာ အဘက ဆေးဆရာတစ်ယောက်ဆို ဟုတ်လားအဘ ” ” အင်း ဟုတ်ပါတယ် ” ” အဘကပယောဂတွေလဲကုတယ်ဆို” ...

ကျတော့ မစန်းကြည်က ကိုမြင့် စိုးကို … “ကိုမြစိုးရေ …ဒီနေ့ ရှင့်သမီးတစ်လပြည့်တဲ့နေ့ပဲ၊ တော်က မွေးနေ့လုပ်ပေးမလို့လား …”လို့ပြောလိုက်တယ်။ ဘာမှမပြောဘဲ ကိုမြင့်စိုး . အိမ်ထဲဝင်သွားတယ်။ ခဏပဲကြာတယ်။ “ဝုန်း”ဆိုတဲ့ အသံကြီး ကြားလိုက်တာပဲတဲ့။ အဖြစ်အပျက်က ဒါပဲ။ ဆွဲကြိုးချသေရလောက်အောင် သောကရောက်စရာ စိတ်ဆင်းရဲစရာ တစ်ခုမှမတွေ့ရဘူး။ ရှိလည်း မရှိဘူး။ ဒါဆို ဘာလို့ ဆွဲကြိုးချသေရတာလည်း။ အကြောင်းပြချက်ကတော့ မရှိဘူး။ “အဖို့ပါလို့ပဲ”လို့ ပြောရမှာပဲ။မစန်းကြည် ကိုမိုးကောင်းဆိုတဲ့လူနှင့် နောက်အိမ်ထောင် ပြုလိုက်တယ်။ အဲဒီအချိန်မှာ ကိုမြစိုးဆုံးတာ နှစ်တော်တော်ကြာသွားပြီ။ ...

လှည်းမောင်းခဲ့ တာပေါ့ဗျာ။ ဆပ်သမြှောင်က ကျုပ်တို့ရွာ ထ နောင်းနဲ့တော့ နည်းနည်းလှမ်းသားတယ်ဗျ။ မီးလောင်ကုန်း၊ ငွေတွင်းကုန်းတို့ ကျော်ပြီးမှ ဆပ်သမြှောင်ကို ရောက်တာ။ ငွေတွင်းကုန်း နဲ့ ဆပ်သမြှောင်ကြားက တော်တော်ဝေးသေး တယ်။ ထန်းတောတွေကို ကျော်သွားရတာ။ ဘိုးစော်ကဲရဲ့ နွားကြီးတွေက တော်တော်လိမ္မာ တာဗျ။ အော်ဖြူရော ကျော်နီရော လှည်းဆွဲ လွှတ်ကောင်းတဲ့ ကောင်ကြီးတွေဗျ။ ဆပ်သမြှောင်ရောက်တော့ ဆရာတော်ကြီး ဦးတိက္ခရဲ့သာသနာ လင်္ကာရကျောင်းကို မောင်းပေးရတယ်ဗျ။ဘုန်းကြီး ဦးတိက္ခက ဘိုးစော်ကဲရဲ့အစ်ကိုဝမ်းကွဲ တော်တယ်လေ ဗျာ။ ဘိုးစော်ကဲက သူ့အစ်ကို ဘုန်းကြီးကို ...

ကုန်း၊ ဆပ်သမြှောင်၊ ရုံး တောနယ်အဆုံး လွှတ်နာမည်ကြီးတဲ့ လက် သည်မကြီးဗျ။ “ကဲ ဒါဆိုလည်း နည်းနည်းလောက် ညှစ်ကြည့် စမ်းအေ၊ ကျုပ်က အပေါ်ကတွန်းပြီး မွေးပေး မယ်၊ ငွေစိန် ညည်းက ရှေ့က စောင့်ပြီး ကလေးကောက်ပေါ့အေ” လို့ အမေ့ကိုပြောရင်း မျက်စိမှိတ်ပြသတဲ့ဗျ။ အရီးမယ်သုံ စိတ်ကျေနပ်အောင် လုပ်ပေး တဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ လက်သည်ကြီး က တခြားကလေးတွေ မွေးသလိုပဲ သေသေ ချာချာလုပ်ပေးတာတဲ့ဗျ။ ခဏနေတော့… “မွေးပြီ မွေးပြီ ” ...