ဗွေဆိုး

နက်ကြားလား၊ နွားနက်စွပ်လား၊
နွားနက်ထိပ်ကွက်လား၊ နွားပြေနီလား၊ နွားပြေညို
လား ဆိုတာတွေ ကြည့်ရတာပေါ့ဗျာ။ ဒါတွေကြည့်
ပြီးတော့မှ နွားဝယ်သူကို နွားလိုက်ကြည့်ပေးတဲ့ဘိုး
တော်ကြီးတွေက ရွတ်ကြဖတ်ကြတော့တာဗျို့။

‘ကျောကုန်းမှာဗွေ မြီးရင်ဗွေ ရလေတုံလတ် မွေးမြူ
အပ်’တို့၊ ‘စံပယ်ဖြူဖြူ ကြိမ်မကူနဲ့တို့၊ ‘ဇော်ရောင်ကွမ်း
သွေး သေအောင်ပြေး’တို့၊ ‘ထိပ်ထက်ကြာနေလည်
ပင်းဗွေ ထိုလေ နွားမြတ်မွေးမြူအပ်’တို့၊ နွားညိုသံ
ရောင် တုတ်မဆောင်နဲ့၊ ‘ဘယ်ထောင်ညာလဲဥစ္စာ
မြဲ’တို့၊ ‘ဘဲလဲညာထောင်ဥစ္စာပြောင်’တို့၊ ‘နွားနီကွမ်း
သွေးရိုက်နိုင်မှပြေး’တို့၊ ‘နွားဝါဖွဲနုသေအောင်ထု ဂ
ရုမထားတတ်’တို့၊ ဗွေဆင်မျက်ကြား အဝယ်မှား
အိမ်က မယားသေတ္တံ’တို့။ ‘အသားပွငြားတင်နိမ့်
ပါး ထိုနွားမမွေးအပ်’တို့၊ ‘နွားပုခက်အမွေးခက်ကု
လားလက်သာဝကွက်အပ်’တို့ပေါ့ဗျာ။

နွားကျမ်းတွေမှာ ပြထားတဲ့ စာလင်္ကာတွေကို ရွတ်
ဖတ်ပြတော့တာဗျို့။ သူတို့ စိတ်တိုင်းကျတဲ့ နွားမျိုး
ကတော့ ဘယ်ရနိုင်မှာတုံးဗျာ။ အနီးစပ်ဆုံး အပြစ်
အနာအဆာအနည်းဆုံး နွားကိုပဲ ရွေးပြီး ဝယ်ကြ
ရတာပါ။ ဒါပေမယ့် ဒါတွေကို အယုံအကြည်မရှိတဲ့
လူတွေလည်း ရှိတာပဲဗျ။ နွားတောင့်ရင် ခိုင်းကောင်း
မယ်ထင်ရင် ဘာဗွေမှ မကြည့်ဘဲ ဝယ်တဲ့သူတွေ
လည်း ရှိတာပေါ့ဗျာ။

အဲဒီ့အထဲမှာ ဘထွေးတင်စိန်တို့ လေးလေးချက်ကြီး
တို့ ဘထွေးအုန်းမောင်တို့ကတော့ ထိပ်ဆုံးကပဲဗျ။
ရှေးထုံးလည်း မပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့ ဆို
ပေမယ့် ရှေးထုံးစံတိုင်းကို လက်ခံတဲ့သူတွေ မဟုတ်
ကြဘူးဗျ။ XXX

XXXX

ကျုပ်မှတ်မိတယ်။ ကျုပ်တို့ရွာကို ဗွေဆိုးရောက်လာ
တာ တန်ဆောင်မုန်းလကြီးဗျ။ ကျုပ်ဘာဖြစ်လို့မှတ်
မိနေတာလည်းဆိုတော့ တန်ဆောင်းလပြည့်ညမှာ
ကျုပ်တို့တွေ မယ်ဇလီဖူးသုတ် စားကြတာဗျ။ ဆေး
ပေါင်းခတဲ့ညဆိုပြီး၊ ကျောက်ခဲနှင့် သံမဏိက တက်
ခူးကြတာ။ ကျုပ်က အပင်အောက်က လိုက်ကောက်
ပြီးတော့ ညသန်းခေါင်အချိန်မှာ မယ်ဇလီဖူးပြုတ်ကို
အမေက အရသာရှိအောင်သုတ်ပေးတာဗျ။

ကျုပ်တို့အညာမှာ မြေပဲဆံကလွှတ်ပေါလာတာဗျာ။
ပုဇွန်ခြောက်မှုန့်နဲ့ မြေပဲဆံထောင်းပြီး နိုင်းချင်းထည့်
တော့ အရသာရှိတော့တာပေါ့ဗျာ။ လပြည့်ပြီးနောက်
နှစ်ရက်မှာပဲ ဘထွေးတင်စိန်က ရွာဆော်ကိုထွန်းကို
ရွာထဲ လှည့်အော်ခိုင်းတာဗျ။

“ထနောင်းကုန်းရွာမှာ မှီတင်းနေထိုင်ကြတဲ့ ရွာသူ
ရွာသားအပေါင်းတို့ခင်ဗျာ၊ ဘထွေးတင်စိန်ရဲ့နွား
ခြံထဲမှာ နွားတစ်ကောင်ပိုနေပါသဖြင့် နွားပျောက်
နေသူများရှိပါက ဘထွေးတင်စိန်၏ နွားခြံတွင် မိ
မိနွား ဟုတ် မဟုတ် လာရောက်ကြည့်ရှုကြပါရန်
အကြောင်းကြားအပ်ပါသည် ခင်ဗျား”

“ဗျို့…ရွာဆော်ကြီး နွားက အထီးလား အမလားဗျ”

“ဟ…ဘယ်သိမှာတုံးကွ၊ ဘထွေးတင်စိန်အိမ်မှာ
သွားကြည့်ပေါ့ကွ အောင်တိုးရ”

“ဗျို့…ရွာဆော်ကြီး နွားက ချိုပါလားဗျ”

“ချိုမှ တစ်ထွာလောက် ရှိတယ်ဟေ့”

ရွာက ကာလာသားတွေက ရွာဆော်ကြီးကို ဝိုင်းစ
နေကြတာဗျ။ တစ်ရွာတည်းသားတွေဆိုတော့ လူ
ခင်တွေလေဗျာ။ ဒီလိုပဲ စနောက်နေကြတာပေါ့ဗျာ
ရွာဆော်ကြီးကတော့ တစ်ရွာလုံးကို ပတ်ပြီးအော်
တာဗျို့။ ဒါပေမယ့် ကျုပ်တို့ရွာမှာက နွားပျောက်
တဲ့သူမရှိကြပါဘူးဗျာ။ ဘထွေးတင်စိန်က အနီး
အနားက ရွာတွေကိုလည်း ဒီသတင်းလိုက်လွှင့်
သေးတယ်ဗျ။ ဒါပေမယ့် ဘယ်သူမှ နွားလာကြည့်
တာ မရှိပါဘူးဗျာ။ အဲ…တစ်ယောက်တော့ရှိတယ်
ဗျ။ ဘထွေးတင်စိန်အိမ်ကို လာကြည့်တာ။

နွားပျောက်လို့တော့ မဟုတ်ဘူးဗျ။ ဘထွေးအိမ်မှာ
ဘယ်က နွားမှန်းမသိတဲ့ နွားတစ်ကောင်ရောက်နေ
တယ် ကြားလို့ နွားလာကြည့်တာဗျ။ ဒီဘိုးတော်ကြီး
က ကျုပ်တို့ထနောင်းကုန်းမှာတော့ နွားတွေကိုနား
အလည်ဆုံး အကြည့်တတ်ဆုံးလို့ သတ်မှတ်ထား
တာဗျ။ သူ့နာမည်က ဦးစိုတဲ့။ ကျုပ်တို့တစ်ရွာလုံး
တော့ ဘိုးစိုလို့ ခေါ်ကြတာပေါ့ဗျာ။

“ဟေ့ တင်စိန်…မင်းအိမ်မှာ နွားတစ်ကောင်ရောက်
နေတယ်လို့ဆို”

ဟာ…ဘိုးစိုလာဗျို့။ ဟုတ်ပ ဘိုးစိုရယ်၊ ဘယ်က
နွားမှန်းလည်းမသိပါဘူးဗျာ။ ဘိုးစိုက ဘထွေးတင်
စိန်တို့ဝိုင်းကို နွားကြည့်သက်သက် လာတာတဲ့ဗျ။

“နို့ …ဘယ်လိုရောက်လာတာတုံး”

“အဲဒါကို မသိတာဘိုးရဲ့၊ ကျုပ်နွားတွေကို ကျောင်း
ပေးတာက ရွာအရှေ့ပိုင်းက အောင်စွာရဲ့သား သံ
ချောင်းလေ ဘိုးရဲ့။ သူမေးတော့လည်း မသိဘူးဘဲ
ပြောတာဘိုးရဲ့။ ခြံထဲကို နွားတွေသွင်းတုံးက နွား
တစ်ကောင်ပိုနေတာကို သံချောင်းကလည်း သတိ
မထားမိဘူးဗျ။ ကျုပ်ကလည်း သတိမထားမိဘူး”

“နွားဆိုတာက ကိုယ်ခြံပေါက်မဟုတ်ရင် ရမ်းမွေးလို့
မဖြစ်ဘူးတင်စိန်ရ၊ ဒါကြောင့် နွားကြည့်ပေးမလို့
ငါလာတာ”

“ဟာ ကြည့်ပါဘိုးရယ်၊ ကြည့်ပါ၊ ဘယ်သူ့နွားမှန်း
မသိတော့ ကျုပ်က နာမည်တောင် မပေးရသေး
ဘူးဗျ”

“နို့ …ဘယ်နွားတုံး တင်စိန်ရဲ့”

“သြော်…ဟိုဘက်က ကွမ်းသွေးလား၊ အင်းအရွယ်
ကောင်းလေးပဲ တင်စိန်ရ၊ ဒီကောင်တံပိုးတောင်
ကျင့်ပေးထားပြီးတဲ့ပုံပဲကွ”

“ဟုတ်ကဲ့ဘိုး”

ဘိုးစိုက နွားကို တပတ် ပါတ်ပြီး ကြည့်လိုက်တယ်
တဲ့ဗျ။ နွားကို ဘယ်ဘက်ကနေကြည့်လိုက်။ ညာ
ဘက်ကနေ ကြည့်လိုက်၊ အမြီးကြည့်လိုက်၊ ခွာ
ကြည့်လိုက်၊ ချိုတွေကိုင်ကြည့်လိုက်၊ ပါးစပ်ဖြဲ
ကြည့်လိုက်နဲ့ စိတ်တိုင်းကျကို ကြည့်တာတဲ့ဗျို့။
ပြီးတော့မှ ဗွေတွေကို စစ်တာတဲ့ဗျ။ အဲဒီမှာ
မျက်လုံးနှစ်လုံးကြားက ဗွေကို တွေ့တာတဲ့ဗျာ။

“ဟာ…တင်စိန် ဒီဗွေက ဗွေစင်မျက်ကြားပါလား
ကျွတ်…ကျွတ်…ကျွတ်”

ဘိုးစိုက ပြောရင်းနဲ့ စုပ်တသက်သက်လုပ်နေတာ
တဲ့ဗျို့။

“ဗွေစင်မျက်ကြားပါတော့ ဘာဖြစ်တုံးဘိုးရဲ့”

“ဟကောင်ရဲ့ ဗွေစင်မျက်ကြား အဝယ်မှား မယား
အိမ်နေစင်းစင်းသေတဲ့ ”

“ဗျာ…”

ဘထွေးလည်း အံ့သြပြီး ပါးစပ်အဟောင်းသားဖြစ်
သွားရောတဲ့ဗျာ

“ဒီနွားကိုမမွေးနဲ့ တင်စိန်၊ ဒီဗွေက ဗွေဆိုးကွ။ ပိုင်
ရှင်ပေါ်ရင်လည်း ပြန်ပေးလိုက်။ မပေါ်ရင်လည်း
ပြန်ရောင်းလိုက်ကွာ။ ဘယ်လောက်ရရ ရောင်း
သာ ရောင်းပစ်လိုက် ကြားလားတင်စိန်”

“ဟုတ်ကဲ့ဘိုး…”

ဘထွေးက ဘာပြောမှန်း မသိတော့ဘူးပေါ့ဗျာ။ တ
ကယ်တော့ ဘထွေးတင်စိန်က အဲဒီ့ရှေးဟောင်းအ
ယူအဆတွေကို သိပ်မယုံချင်ဘူးဗျ။ နောက်မှပဲအ
ခြေအနေအရ ကြည့်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာ
တဲ့ဗျ။ အဲဒီ့နေ့က စပြီး ဘထွေးရဲ့နွားလေးကို တစ်
ရွာလုံးက ဗွေဆိုးလို့ပဲခေါ်တော့တာဗျို့။

ဘာဖြစ်လို့တုံးဆိုတော့ ဘိုးစိုနွားလာကြည့်တဲ့အချိန်
မှာ ရွာထဲက ရွာသားလေးငါးယောက်လည်း လာ
ကြည့်ကြတာကိုး။ ဒီတော့ ကွမ်းသွေးလေးမှာ ဗွေ
ဆိုးပါတယ်ဆိုတဲ့ သတင်းက တစ်ရွာလုံးကို ပျံ့
သွားတော့တာပေါ့ဗျာ။

ဒါပေမယ့် ကျုပ်တို့တောသူတောင်သားတွေဆိုတာ
က အသိဥာဏ်ဗဟုသုတနည်းပါးကြတယ်ဗျ။ ရှေး
ရိုးအဆင်အလာတွေကိုလည်း လွှတ်ယုံကြတာလေ
ဗျာ။ ကွမ်းသွေးလေးမှာဗွေဆိုးပါတယ် ခိုက်တယ်ဆို
တဲ့ သတင်းက ကျုပ်တို့ ရွာထဲကို ပျံ့သွားကတည်း
က ကွမ်းသွေးလေးကို ကိုယ့်ဝိုင်းဝမှာတောင် လာ
အရပ်မခံကြဘူးဗျို့။ ကွမ်းသွေးလေးလာရင် ဝိုင်းပြီး
မောင်းထုတ်ကြတာပါပဲဗျာ။

နောက်တော့ဘာဖြစ်လဲဆိုရင် ဗွေဆိုးလို့ခေါ်ကြတဲ့
ဘထွေးတင်စိန်ရဲ့နွားလေးဟာ ရွာထဲမှာ ဝိုင်းပယ်
ခံထားရတဲ့ သတ္တဝါလေး ဖြစ်လာတော့တာပေါ့ဗျာ။
လမ်းမှာ ဗွေဆိုးလာတာတွေ့ရင် ခပ်ဝေးဝေးက
ကွေ့လျှောက်ကြတယ်။ ဗွေဆိုးကို ထိလား ကိုင်
လား လုပ်ဖို့တော့ ဝေးရောဗျာ။ လူတွေက သူတို့
ကို ခိုက်မှာ စိုးရိမ်နေကြတာဗျ။

တစ်ရက်တော့ ကျုပ်နဲ့ဘထွေးတင်စိန် ယာထဲသွား
ရင်း လမ်းမှာတွေ့ကြတယ်။ ဒီတော့ ကျုပ်က ဘ
ထွေးကို မေးကြည့်တယ်။

“ဘထွေး ဗွေဆိုးက ခိုင်းလို့ရောကောင်းလားဗျ”

“ကောင်းပါတယ် တာတေရ၊ မဆိုးပါဘူး၊ ငါ့တော့
ငါ့နွားတွေနဲ့ ရောပြီးခိုင်းနေတာပဲကွ”

“ရွာထဲက လူတွေကတော့ နွားခိုက်မှာဆိုးလို့ ဆိုပြီး
ဗွေဆိုးကို ထိတောင် ထိမကြည့်ကြဘူး ဘထွေးရ။
ကျုပ်ကတော့ ဒီကောင့်ကို လွှတ်ချစ်တာဗျ။ ဒီကောင်
နွားချောဗျ။ ပြီးတော့ သူ့မှာ အသိတစ်ခုရှိတယ်လို့
ကျုပ်ထင်တယ်ဗျ ဘထွေးရ”

“ဟား ဟား ဟား လက်စသတ်တော့ တာတေက
ဗွေဆိုးကို ချစ်တာကိုး။ ထနောင်းကုန်းတစ်ရွာလုံး
မှာ ဗွေဆိုးကို ချစ်တာဆိုလို့ မင်းနဲ့ငါပဲရှိတယ်ထင်
တယ်ကွ တာတေရ”

“ဟုတ်တယ် ဘထွေး ဟုတ်တယ်”

“အေးပေါ့ တာတေရာ မင်းတို့ ငါတို့က အညာသား
တွေပဲ နွားချစ်ရမှာပေါ့။ နွားဆိုတာ ငါတို့ရဲ့သစ္စာအ
ရှိဆုံး မိတ်ဆွေတွေပဲကွ”

အဲဒီနေ့က ဗွေဆိုးအကြောင်း ဘထွေးနဲ့ မှတ်မှတ်
ရရပြောဖြစ်ကြတယ်။ ဗွေဆိုးရောက်လာတာ တစ်
နှစ်ပြည့်တော့မယ်လို့တောင် ဘထွေးက ပြောသွား
တယ်ဗျ။XXXXX

XXXX

အဲဒီ့နေ့က ကျုပ်အိပ်နေတာ။ အဘနဲ့ အမေကတော့
နိုးနေကြပြီ။ အညာမှာဆောင်းငွေ့လေးရိုက်နေပြီဆို
တော့ မနက်စောစော လွှတ်အိပ်လို့ကောင်းတာဗျ။

“ကိုကြီးတာတေ၊ ကိုကြီးတာတေ”

“ဟဲ့ …ကျောက်ခဲနဲ့ သံမဏိပါလား။ စောစောစီးစီး
ဒီနှစ်ကောင်ပေါင်းပြီး ဘယ်ကရောက်လာတာတုံး”

“ကိုကြီးတာတေ”

“ဟဲ့…လာကြလေ၊ နင်တို့ကိုကြီးတာတေဖြင့် အိပ်
တုံးရှိသေးတာ။ အိပ်မက်ထဲမှာ မိန်းမရပြီး ကလေး
တွေ ဘာတွေတောင် ရလို့ထင်တယ်”

“ဟား ဟား ဟား၊ ဒါဆိုရင် အရီးတို့မြေးချီရပြီပေါ့
အရီးရ”

အမေနဲ့ ကျောက်ခဲနဲ့က အတိုင်အဖောက်ညီညီနဲ့
ပြောနေကြတာဗျ။ ကျုပ်လည်း လန့်နိုးသွားပြီး အိပ်
ယာထဲက ထွက်လာလိုက်တယ်

“ဟေ့ကောင်နှစ်ကောင်လာကြ၊ စောစောစီးစီးပါ
လားကြ”

ကျောက်ခဲနဲ့ သံမဏိက အိမ်ပေါ်တက်လာပြီး တန်း
လျားမှာ ဝင်ထိုက်လိုက်ကြတယ်။

“စောရတာပေါ့ကိုကြီးတာတေရ။ ရွာထဲမှာက အ
ကြောင်းကိစ္စပေါ်နေပြီလေ”

“ဟေ …ဘယ်သူ ဘာဖြစ်လို့တုံး”

“ဘထွေးတင်စိန်ရဲ့မိန်းမ အရီးစောကြည်ဆုံးသွား
လို့ဗျ”

“ဟေ” “ဟေ” “ဟေ”

ကျုပ်ရော၊ အဘရော၊ အမေရော အံ့သြပြီး အော်
လိုက်ကြတာဗျ။

“ဟဲ့ …စောကြည် မနေ့ကတင် ငါနဲ့ တွေ့ကြသေး
တာပဲ၊ အကောင်းကြီးပါ ကျောက်ခဲရဲ့”

“ဟုတ်တယ်အရီး၊ ညအိပ်ယာဝင်တဲ့အထိ အ
ကောင်းပဲတဲ့၊ ဘာမှမဖြစ်ဘူးတဲ့၊ ခုမနက်ကျမှ
ခါတိုင်းလိုရေနွေးတွေ ဘာတွေမကျိုလို့ ဘထွေး
က နှိုးလိုက်တာတဲ့ ဒီတော့မှ အရီးစောကြည်အ
သက်မရှိတော့တာကို သိသွားတာတဲ့ဗျ။ ဘယ်
အချိန်မှာ ဘယ်လိုဆုံးသွားမှန်းကို မသိတာတဲ့
အရီးရေ”

“ဟောတော်…ဖြစ်မှဖြစ်ရလေဟယ် စောကြည့်က
အသက်ဘယ်လောက်ရှိသေးလို့တုံး၊ ရှိလှမှ ငါး
ဆယ်ကျော်ပေါ့ဟယ်။ ဘာမှလည်း ဖြစ်တယ်မ
ကြားမိပါဘူး၊ မနေ့ကတောင် ရွာလယ်လမ်းမှာ ငါ
နဲ့တွေ့လို့ ရပ်ပြီး စကားပြောနေသေးတာ။သြော်
လူ့လောကဆိုတာကလည်း နေ့မြင်ညပျောက်ဆို
တာ တယ်လည်းမှန်တဲ့ စကားပဲကို ကိုဥာဏ်ရေ”

အဘကတော့ ဘာမှပြန်မပြောဘူးဗျ။ ခေါင်းလေး
တဆတ်ဆတ်ညိတ်ပြီး ငြိမ်နေတယ်။ မျက်နှာ
တော့ မကောင်းဘူး။ ကျုပ်လည်း စိတ်ထဲမှာတော်
တော်ကို မကောင်းဖြစ်သွားတာဗျ။

ဘထွေးတင်စိန်ရော အရီးစောကြည်ရောက ကျုပ်
ကို ငယ်ငယ်ကတည်းက ချီပိုးလာကြတာဗျ။ ကျုပ်
ကြီးလာတော့လည်း ကျုပ်ကို လွှတ်ချစ်ကြတာ။
ဝက်သားဟင်းချက်ရင် ကျုပ်စားဖို့ ဆိုပြီး အရီး
စောကြည်က ဟင်းလာလာပို့တက်တယ်ဗျ။ ကျုပ်
ဝက်သား ကြိုက်တာကို အရီးက သိတာကိုဗျ။အခု
တော့ ကောက်ကာငင်ကာကြီးဗျာ။

“ကိုကြီးတာတေရေ အရီးဆုံးတော့ ရွာထဲမှာ ပွစိ
ပွစိ ပွစိဖြစ်ကုန်ကြပြီဗျ”

“ဟေ…ဘာဖြစ်လို့ ပွစိပွစိ ဖြစ်တာတုံး ကျောက်ခဲရဲ့”

“ဘိုးစိုပြောထားတဲ့ စကားရှိတယ်လေဗျာ။ ကိုကြီး
တာတေကလည်း မမှတ်မိတော့ဘူးလား”

“ဟေ …ဘာများတုံးကွ ကျောက်ခဲရ”

ကျုပ်ကလည်း မေ့နေရောဗျို့။ တွေးလို့ကို
မပေါ်ဘူးဗျ။

“ဗွေစင်မျက်ကြား အဝယ်မှား မယားအိမ်နေ စင်း
စင်းသေ ဆိုတာကိုလေ။ ဘိုးစိုက နွားမှာ ဗွေဆိုး
ပါလို့ ဘထွေးတင်စိန်ကို မမွေးဖို့ အတန်တန်ပြော
တာလေဗျာ”

“အေး…ဟုတ်သားပဲကွ၊ အဲဒီ့အကြောင်းကို ရွာ
ထဲမှာ ပြောနေကြတာလား ကျောက်ခဲရဲ့”

ဟာ…အင်မတန် စကားနည်းတဲ့ သံမဏိတောင်
ဝင်ပြောတာဗျို့။

“လူတွေပြောတိုင်း ဘထွေးတင်စိန်လုပ်မလားကွာ
ဗွေဆိုးကို ဘထွေးတင်စိန်က လွှတ်ချစ်တာကွ”

“ကဲ တာတေရေ မင်းတို့သွားပြီး လိုတာပြုတာလုပ်
ကြတော့။ ငါနဲ့ မင်းအမေလည်း နောက်ကနေ လိုက်
ခဲ့မယ်”

အဘပြောတာနဲ့ ကျုပ်လည်း မျက်နှာကလေး
ကပျာကယာသစ်ပြီး ဘထွေးတင်စိန်တို့ ဝိုင်း
ဘက်ကို ထွက်ခဲ့ရောဗျို့။

XXXXX

ကျုပ်ရယ်၊ ကျောက်ခဲရယ်၊ သံမဏိရယ် ဘထွေးတို့
ဝိုင်းကို ရောက်တော့ ဝိုင်းထဲမှာ လူတွေ ပြည့်လို့ဗျို့။
ထုံးစံအတိုင်းပဲပေါ့ဗျာ။ ဘုန်းကြီးကျောင်းသွားပြီး
ဘုန်းကြီးပင့်တဲ့လူကပင့်၊ သက်ပျောက်ဆွမ်းကပ်ဖို့
ချက်ရေးပြုတ်ရေး စီမံတဲ့အဖွဲ့က စီမံပေါ့ဗျာ။ ကျုပ်
တို့ကာလသားအဖွဲ့ကတော့ ခေါင်းစပ်ဖို့ ပျဉ်ပုတ်
ရှာရတော့တာပေါ့ဗျာ။

ပျဉ်ပုတ်ဆိုတာ ခေါင်းစပ်ဖို့ ပျဉ်ကို ခေါ်တာဗျ။ မြို့
မှာဆိုရင်တော့ ပျဉ်ပုတ်ရောင်းတဲ့ဆိုင် ရှိတာပေါ့
ဗျာ။ ရွာမှာတော့ သူ့အိမ်မှာပျဉ်ရှိတယ်။ ငါ့အိမ်မှာ
ပျဉ်ရှိတယ်ဆိုပြီး ထုတ်ပေးကြတာပါပဲဗျာ။

အဲဒီ့ပျဉ်တွေကို သွားသယ်ပြီး လက်သမားဆရာတွေ
က ရွေဘော်ထိုးပြီး ခေါင်းစပ်ကြတာပေါ့ဗျာ။ဘထွေး
မှာ သားတစ်ယောက်နဲ့သမီးတစ်ယောက်ရှိတယ်ဗျ။
နှစ်ယောက်လုံး ကျုပ်နဲ့ မတိမ်းမယိမ်းတွေလေ။ လူ
တွေက နွားခြံထဲက ဗွေဆိုးကိုပဲ ကွက်ကြည့်ကွက်
ကြည့်လုပ်ရင်း အပြစ်ပြောနေကြတာဗျို့။ ဗွေဆိုး
ခိုက်တာပေါ့ဗျာ။ အရီးသေရတာ ဗွေဆိုးခိုက်လို့
သေရတာလို့ကို အတတ်ပြောကြတော့တာဗျ။

“ဘိုးစိုအတန်တန်ပြောရက်နဲ့ကွာ ဘထွေးတင်စိန်
ပေါ့လို့ အရီးမစောကြည်ဆုံးရတာ”

လို့ ပြောတဲ့သူက ပြောသဗျ။

“ဗွေဆင်မျက်ကြားပါတဲ့ နွားများ လွှတ်ခိုက်တာကွ
ငါ့ဘိုးလည်း မဆုံးခင်က ပြောဖူးတယ်”

လို့ ပြောတဲ့သူက ပြောပေါ့ဗျာ။

“ဒါကတော့ သိသာလွန်းပါတယ်တော် အရီးက
အကောင်းကြီးကနေ သွားတာလေ။ ဒီနွားခိုက်
တာ သိပ်ကို သေချာတာပေါ့တော်”

လို့ ပြောတဲ့မိန်းမတွေက ပြောသဗျ။

“ဒီနွားကို ပြန်ရောင်းပစ်ဖို့ ဘထွေးကို ပြောရမှာပဲကွာ”

လို့ ပြောတဲ့သူက ပြောပြန်ရောဗျ။

“ဟ…ငထိုက်ရ ဒီနွားသတင်းက တစ်ရက်နှစ်ရက်
ဆိုရင် ဒီအနီးအနားက ရွာကကို ပျံ့သွားရောပေါ့
ကွ။ ဘယ်သူက ဝယ်မှာတုံးဟ”

“ဟာ…ကိုကြီးကံလှကလည်း နွားပေါ်တဲ့လူကတော့
ဝယ်မှာပေါ့ဗျ”

ဟောဗျာ ဗွေဆိုးကို ပေါ်ပြီးရောင်းဖို့ အထိတောင်
တွေးတဲ့လူက တွေးနေပါရောလားဗျာ။ ကျုပ်တို့ရွာ
က လူတွေကတော့ ဒီအတိုင်းပါပဲဗျာ။ လူစုံပြီဆိုရင်
ကိုယ်ထင်ရာကိုယ် ပြောကြတော့တာဗျ။ကျုပ်တော့
နဂိုတည်းက ဗွေဆိုးကို ချစ်တော့ တွေးပြီး သနား
နေတာဗျ။ ကျုပ်မှာ နွားဖိုးရှိရင် ဗွေဆိုးကို ဝယ်ယူ
လိုက်ပါတယ်ဗျာ။ ဗွေဆိုးဗွေကောင်းတွေတော့
ကျုပ်နားမလည်ဘူးဗျ။ ဒါပေမယ့် ကျုပ်စိတ်ထင်
ပြောရရင် သိပ်မကြာခင်မှာ ဗွေဆိုးက တကယ့်
နွားချော နွားလှကြီးတစ်ကောင်ဖြစ်လာတော့မှဗျ။

XXXX

ထုံးစံအတိုင်းပေါ့ဗျာ၊ အရီးစောကြည်အသုဘ
သင်္ဂြိုဟ်ပြီး ရက်လည်သွားတော့ လူတွေလည်း
ကိုယ့်အိမ်ကိုယ်ပြန်ကြတော့တာပေါ့ဗျာ။ ရက်
လည်ပြီးနောက် တစ်ပတ်လောက်ကြာတော့
ကျုပ်က ဘထွေးတင်စိန်တို့ ဝိုင်းကို သွားပြီး နွား
ခြံထဲက ဗွေဆိုးကို ဝင်ကြည့်တယ်ဗျ။

ဒီနွားကို တစ်ရွာလုံးက ပေါ်ရောင်းဖို့ ပြောနေကြ
တော့ ကျုပ်လည်း သနားပြီးဝင်ကြည့်မိတာပေါ့ဗျာ။
ဒါပေမယ့် ကျုပ်သတိမထားလိုက်မိတာ တစ်ခုရှိ
သွားတယ်ဗျ။ ကျုပ်ကို လူတစ်ယောက်က မသိ
မသာ ကြည့်နေတာကို ကျုပ်မသိခဲ့ဘူး။ ဒီလိုပဲဗျ။

နောက်လေးငါးရက်ကြာတော့လည်း ကျုပ်ဗွေဆိုး
ဆီကို တစ်ခေါက်ရောက်တယ်။လူတွေ မမြင်အောင်
ဖွတ်ပြီး ယူခဲ့တဲ့ နှမ်းဖတ်ကလေးတွေ၊ ဗွေဆိုးကို
ကျုပ်ကျွေးလိုက်တယ်ဗျ။ ဒီတစ်ခါလည်း ကျုပ်ကို
တစ်ယောက်,ယောက် ကြည့်နေတာ ကျုပ်မသိဘူး
ဗျ။ ဒီလိုနဲ့ ကျုပ်ဗွေဆိုးဆီကို လေးငါးခြောက်ခေါက်
လောက် ရောက်ခဲ့တယ်။ တစ်ရက် ကျုပ်သွားတော့
ဘထွေးတင်စိန်က ကျုပ်ကို အိမ်ပေါ်ကနေ လှမ်း
ခေါ်တယ်ဗျ။

“တာတေ အိမ်ပေါ်ကို တက်ခဲ့ပါဦးကွ”

ကျုပ်လည်း ဘထွေးခေါ်လို့ အိမ်ပေါ်ကို တက်
သွားတယ်။

“လာ …တာတေ ဒီမှာထိုင်ကွ”

ဘထွေးက ချထားတဲ့ စားပွဲရဲ့ခေါင်းရင်းဘက်က
ကုလားထိုင်တစ်လုံးမှာ ထိုင်လို့ဗျ။ ကျုပ်က လွတ်
နေတဲ့ ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်လိုက်တယ်

“ငါတော့ အခက်ကြုံနေပြီ တာတေရေ”

“ဗျာ ဘာဖြစ်လို့တုံး ဘထွေးရဲ့”

“ဘာဖြစ်ရမတုံးကွာ ဗွေဆိုးကိစ္စပေါ့။ မင်းအရီးဆုံး
တာ ဗွေဆိုးကြောင့်လို့ တစ်ရွာလုံးက ဝိုင်းပြောနေ
ကြတာ မင်းသိမှာပေါ့ကွာ”

“သိတယ်ဘထွေး ကျုပ်သိပါတယ်”

“အေး…ခုဟာက မစောကြည်ရဲ့ဆွေမျိုးတွေရော
ငါ့ဆွေမျိုးတွေရောက၊ ဒီအကြောင်းကိုပဲပြောတဲ့
အပြင် ငါ့သားနဲ့ သမီးကပါ ပြောလာကြပြီကွ။ဘ
ထွေးက ဒီနွားလေးကို လွှတ်ချစ်တာ တာတေရ။
ဒါပေမယ့် ဒီလောက်ပြောလာတော့လည်း တခု
ခုလုပ်ရတော့မှာပေါ့ကွာ”

“ဘထွေးရယ် ဗွေဆိုးကို နွားပေါ်တဲ့လူတွေဆီတော့
မရောင်းလိုက်ပါနဲ့ဗျာ”

“ဟာ…မရောင်းပါဘူးကွ တာတေရ။ ဒီနွားအပေါ်
မှာ ဘထွေးလိုချစ်တဲ့သူကို ဘထွေးက ရောင်းမှာပါ”

“ဟင်…ဒီရွာမှာ ဗွေဆိုးကို ချစ်တဲ့သူရှိသေးသလား
ဘထွေးရဲ့”

“ဟာ…ရှိပါပြီလားကွာ။ အဲဒါ တခြားသူမဟုတ်ဘူး
ကွ။ မင်း… မင်းတာတေရဲ့”

“ဗျာ …ကျုပ်၊ ဟုတ်လား ဘထွေး”

“အေးလေကွာ မင်းဗွေဆိုးကို တိတ်တိတ်ကလေး
လာလာတွေ့တာကို ပထမဆုံးအခေါက်ကတည်း
က ဘထွေးအိမ်ပေါ်ကနေ ချောင်းကြည့်နေတာ၊
နှမ်းဖတ်ကလေးတွေ ယူလာပြီး ကျွေးတာလည်း
ဘထွေးတွေ့တယ်။ ဒီတော့ ဗွေဆိုးကို တခြားသူ
ဆီ မရောင်းပဲ မင်းကိုပဲရောင်းမယ်တာတေ”

“ဟာ …ဘထွေးကလည်း ကျုပ်မှာ ဘယ်လိုလုပ်
နွားဖိုးရှိမှာတုံးဗျ”

“ဟာ…ငါက ဘယ်လောက်နဲ့ရောင်းမယ်လို့ ပြော
ရသေးလို့တာတေရဲ့၊ မင်းဝယ်မယ်ဆိုရင် ဘထွေး
က နဖာကြိုးဖိုးနဲ့ပဲ ရောင်းမယ်ကွာ၊ ဆယ့်ငါးကျပ်
ပဲပေး”

“ဟား…ဟား..ဟား ဘထွေးက နောက်နေတာ၊
ကျုပ်က အဟုတ်ပြောနေတယ်မှတ်လို့ဗျာ”

“ဟကောင်တာတေ၊ ဘထွေးမင်းကို နောက်နေတာ
မဟုတ်ဘူး ၊ တကယ်ပြောနေတာ”

“ဘထွေးရယ်၊ ငွေးငါးရာတန်တဲ့ နွားကို ဘထွေး
က ဆယ့်ငါးကျပ်နဲ့ ရောင်မယ်ဆိုတာ၊ ဟုတ်ပါ့
မလားဗျ”

“ကဲ…မင်းမှာအခုပါရင် အခုပေးပြီး နွားတစ်ခါ
တည်း ဆွဲသွားတော့ကွာ”

“ဘ…ဘထွေးတကယ်ပြောတာလား ကျုပ်အိပ်
ကပ်ထဲမှာ ဆယ့်ငါးကျပ်မဟုတ်ဘူး နှစ်ဆယ်ပါ
တယ် ကျုပ်အခုထုတ်ပေးလိုက်မယ်နော်”

“ကဲ…ပေးပါကွာ၊ နွားတစ်ခါတည်း ဆွဲသွားတော့”

ကျုပ်အံ့သြသွားတယ်ဗျ၊ ဘထွေးနောက်နေတာ
မဟုတ်ဘူး။ တကယ်ပြောနေတာဗျ။

“ကဲ…ဘထွေးတကယ်ပြောတာဆိုရင် ရော့ဗျာ
နှစ်ဆယ်။ ကျုပ်နှစ်ဆယ်ပေးတယ်”

“အေး…ပေး၊ နွားဆွဲသွားတော့ ၊ ဘယ်သူမေးမေး
ဗွေဆိုးကို မင်းဝယ်လိုက်တာလို့ပြော၊ ဘယ်ရွေ့
ဘယ်မျှပေးရတယ်ဆိုတာ မပြောနဲ့ ကြားလား
တာတေ”

ကျုပ်ဗွေဆိုးကို နွားခြံထဲက ဝင်ဆွဲပြီး အိမ်ပြန်လာ
ခဲ့တယ်ဗျ။ အိမ်ရောက်တော့ အဘနဲ့အမေက ကျုပ်
ပြောတာကို အံ့သြပြီး ပါးစပ်အဟောင်းသားဖြစ်သွား
ကြတာပေါ့ဗျာ။ ပြီးတော့မှ အဘက ပြောတယ်ဗျ။

“တင်စိန်က မင်းကို အလကားပေးလိုက်တာပေါ့
ကွာ။ စတိအဖြစ်ငွေနှစ်ဆယ်ယူထားလိုက်တာပါ”

“ဒါတော့ ဟုတ်ပါပြီ၊ ဒီနွားမှာ ဗွေဆိုးပါနေတော့
ဘယ်လိုလုပ်မတုံးတော့၊ တော်တော်ကြာ ကျုပ်
တို့ကိုခိုက်နေရင် ဘယ်နှယ်လုပ်မတုံး”

“မပူနဲ့ငွေစိန်၊ ဒီရွာမှာ ကိုစိုနွားနားလည်သလို ငါ
လည်း နားလည်တာ နင်သိသားပဲ၊ ဒီနွားမှာ ဗွေ
ဆင်မျက်ကြားပါတယ်ဆိုကတည်းက ငါသွား
ကြည့်ပြီးပြီ။ ကိုစိုက အသက်ကြီးလာတော့ မျက်
စေ့လည်း မွဲလာလို့ မှားပြောတာ၊ ပါတဲ့ဗွေက
ဗွေဆင်မဟုတ်ဘူး၊ အဲဒါဗွေမှန်ပါ၊ လူကိုမခိုက်
ပါဘူး။ မစောကြည်ဆုံးတာက ရောဂါတစ်ခုခု
ကြောင့်ဆုံးတာ။ ဒီနွားနဲ့မဆိုင်ဘူး၊ နင်ဘာမှ
မစိုးရိမ်နဲ့ငွေစိန်၊ နင့်သားတာတေ နွားကောင်း
တစ်ကောင် အလကားရတာပေါ့ဟာ။ ကဲ…လူ
လေး ဒီနွားကို သေသေချာချာမွေးပေးတော့”

လို့ အဘက ခွင့်ပြုလိုက်တော့ ကျုပ်ဆိုတာ ဝမ်းသာ
လိုက်တာဗျာ။ ကျုပ်ဗွေဆိုးကို နွားတင်းကုတ်ထဲမှာ
သေသေချာချာ နေရာချထားလိုက်တယ်။ အစာ
လည်း ကျုပ်သေသေချာချာ ကျွေးတယ်။ အဘ
နွားကြီးတွေနဲ့ ရင်းနှီးအောင်လည်း ကျုပ်လုပ်ပေး
ရတာပေါ့ဗျာ။ တကယ်မွေးကြည့်တော့ ဗွေဆိုးက
တော်တော်လိမ္မာတဲ့ နွားဗျ။

သခင်ကိုလည်း တော်တော်ချစ်ပုံရတယ်။ တစ်လ
နှစ်လအတွင်းမှာ ကျုပ်နဲ့ဗွေဆိုးနဲ့က တော်တော်
သံယောဇဉ်ဖြစ်သွားကြတာပေါ့ဗျာ။ ယာထွန်တာ
လောက်တော့ ဗွေဆိုးက အပျော့ပဲဗျ။ ဆီဆုံ
တောင် ကောင်းကောင်းကြိတ်နိုင်တယ်။

ကျုပ်က လှည်းတော့ မကောက်သေးပါဘူးဗျ။ ဗွေ
ဆိုးက နည်းနည်းငယ်သေးတော့ သနားလို့ဗျာ။
ပထမတော့ ရွာထဲက လူတွေက ကျုပ်ကို ဝိုင်း
ပြောကြတာပေါ့ဗျာ။ဗွေဆိုးပါတဲ့ ခိုက်နွားကို အိမ်
မှာ မွေးရသလားပေါ့။ ရှေ့မှာတင် ဘထွေးမိန်းမ
အရီးစောကြည် အကောင်းသားကနေ သေသွား
တာကို မြင်ရဲ့သားနဲ့ မိုက်မဲရသလားပေါ့ဗျာ။ တ
ချို့ကလည်း တလွဲတွေးပြီး ပြောကြတာတယ်ဗျ။

“တာတေက ဆရာကြီးတွေနဲ့ လိုက်နေတဲ့ကောင်
ကွ။ သူ့မှာ ဆေးကောင်းဝါးကောင်းရှိတယ်။ နွား
ဗွေဆိုးတာလောက်တော့ တာတေက မမှုလို့ ဗွေ
ဆိုးကို ယူပြီး မွေးထားတာပေါ့ကွ”

ဆရာကြီးတွေက ကျုပ်ကိုချီးမြှင့်ထားတဲ့ အင်းတွေ
ဆေးတွေက စုန်းတွေ၊ ကဝေတွေ၊ အောက်လမ်း
တွေကို ရင်ဆိုင်ဖို့ပေးထားတာဗျ။ နွားအင်းတို့ နွား
ဆေးတို့တော့ ဘယ်ပါမှာတုံးဗျာ။ ဒါပေမယ့်တော
သူတောင်သားတွေဆိုတော့ ထင်ရာမြင်ရာကိုပြော
ကြတာပေါ့ဗျာ။ အချိန်တွေ ကြာလာတော့ ကျုပ်နဲ့
ဗွေဆိုးရဲ့သံယောဇဉ်တွေကလည်း ကြီးလာလေ
ပေါ့ဗျာ။ ဗွေဆိုးနဲ့အနေကြာလာလေ ဒီကောင့်ရဲ့
ထူးခြားတာတွေကို သိလာရလေပဲဗျ။

ဒီကောင်ဗွေဆိုးက သခင်ကိုလွှတ်ချစ်တက်သလို၊
ရိုသေကိုင်းရှိုင်းမှုကလည်း လူလောက်နီးနီးရှိတာ
ဗျ။ နွားစာကျင်းထဲမှာ အစာထည့်ကျွေးတိုင်း သူ့
ထက် အသက်ကြီးတဲ့ နွားကြီးတွေရဲ့အရင်နှိုက်
စားတာ ဘယ်တော့မှ မလုပ်ဘူးဗျ ။ နွားကြီးတွေ
အရင်စားပြီးတော့မှ သူဝင်စားတာ။ ကျုပ်ခဏ
ခဏ စမ်းကြည့်ဖူးတယ်။ ကျုပ်က သူ့ရဲ့သခင်
အသစ်လေဗျာ။ ဘထွေးက သူ့ရဲ့သခင် အ
ဟောင်းလေ။ ဒါပေမယ့် ဘထွေးကို လမ်းမှာ
တွေ့ရင် ခေါင်းဝှေ့ပြီး နှုတ်ဆက်တုံးဗျ။

ဘထွေးတင်စိန်ကလည်း ဗွေဆိုးကိုတွေ့တိုင်း ဖက်ပြီးနမ်းတုံးဗျ။ဗွေဆိုးကလည်း ဘထွေးကို
နမ်းတယ်။

“တာတေရေ မင်းနဲ့ထိုက်လို့မင်းရတာကွ၊ မင်းဆီ
ရောက်မှ ဒီကောင်က ဝဖီးပြီးပိုချောလာတယ်ကွာ”

လို့ ကျုပ်ကို ဘထွေးက အမြဲပြောတာဗျ။ ဗွေဆိုး
ရဲ့ထူးခြားချက်တွေထဲမှာ ချိုတွေလည်းပါတယ်ဗျ။
ချိုနှစ်ချောင်းက နှစ်ဘက်စလုံး လုံးပတ်ရောအရှည်
ရော ညီနေတာဗျ။ လူချွန်စရာမလိုပဲ သူ့သဘာဝအ
တိုင်းကို ချွန်မြနေတာဗျို့။တချို့လူကြီးတွေက ဗွေ
ဆိုးရဲ့ချိုတွေကို မြင်တိုင်း…

“ဒီကောင်တော်တော်အခွေ့ကောင်းမယ့်ကောင်ပဲ
တာတေ ဒီကောင့် ချိုတွေကို မင်းဖြတ်ထားသင့်
တယ်။ နွားဆိုတာ ပြောလို့ မရဘူး၊ အရိုင်းစိတ်ဝင်
သွားရင် လူကို ခွေ့ချင်ခွေ့တာကွ”

လို့ ကျုပ်ကို ပြောကြတယ်။ ကျုပ်တို့ဒေသတွေမှာ
နွားတွေ ချိုသိပ်ရှည်လာရင် ဖြတ်ပစ်တတ်ကြ
တယ်ဗျ။ကျုပ်ကတော့ ဗွေဆိုးကို ချိုတွေ ဖြတ်ပစ်
ဖို့ တစ်ခါမှကို စိတ်မကူးဖူးပါဘူးဗျာ။ သူ့အလုံးအ
ထည်သူ့ဒေါက်ကြီးနဲ့ သူ့ချိုကြီးတွေနဲ့ တော်တော်
လှတဲ့ ကောင်ကြီးဗျ။

XXXXX

ကန်ရေပြင်ဆိုတာ အမြဲငြိမ်သက်နေတယ်လို့ရှိတာ
မှ မဟုတ်တာ။ ဘဝဆိုတာလည်း ကန်ရေပြင်လိုပါ
ပဲဗျာ။ မိန်ရာသီ နွေတပေါင်း ရွက်ဟောင်းတွေကြွေ
ကျပြီး ရွက်သစ်တွေ ဝေစချိန်ပေါ့ဗျာ။ အညာနွေရဲ့
နေ့လည်ဘက်အချိန်တွေက ဟိန်းထအောင် ပူတာ
ဗျ။ ကျုပ်လည်း ဘယ်မှမသွားဘဲ ဝိုင်းထဲက မန်
ကျည်းပင်အောက်မှာပဲ အိပ်နေတော့တာဗျို့။

“တာတေရေ …တာတေ”

နိုးတဝက်ဖြစ်နေတဲ့ အချိန်ဆိုတော့ ကျုပ်ချက်ချင်း
ခေါင်းထောင်ကြည့်လိုက်တယ်။ ခေါင်းမှာဝါးဖတ်
ခမောက်ဆောင်းပြီး ကျောပေါ်မှာ ပုဆိုးဟောင်း
တစ်ထည်ခြုံထားတဲ့ ကိုသံပြာကြီးဗျ။ စကားပြော
ရင် အသံပြာပြာကြီးနဲ့ဗျ။ သူ့ကို သံပြာငညွှန့်လို့
ကျုပ်တို့ ရွာက ခေါ်ကြတယ်။ နောက်ထပ်တစ်
ယောက်ရှိသေးတယ်လေဗျာ။ သူ့က ဘိုးပုသား
ကိုညွန့် သူ့ကိုကျတော့ ဘိုးပုငညွန့်လို့ခေါ်ကြ
တယ်

“ဟာ…ကိုညွန့်ပါလား၊ လာလေဗျာ”

ကျုပ်က လှမ်းခေါ်လိုက်တော့ ကိုညွန့်က ဝိုင်းထဲ
ကို ဝင်လာတယ်ဗျ။

“ရမ်းဝင်လို့ မဖြစ်ဘူးလေဗျာကွာ ဆရာတာတေ
အိပ်နေသလားဆိုတာ သေသေချာချာကြည့်ရ
သေးတယ်လေ”

“ကိုညွန့်က နောက်နေပြန်ပါပြီဗျာ။ ကျုပ်က ဆရာ
မဟုတ်ပါဘူးဗျာ။ ဆရာတွေနဲ့ လျှောက်လိုက်ပြီး
စပ်စုတဲ့ကောင်ပါ”

ကိုညွန့်က ကျုပ်ထိုင်နေတဲ့ ကွပ်ပျစ်မှာ ဝင်ထိုင်
လိုက်တယ်။ ကျုပ်ကလည်း ကိုညွန့်ကို နဂါးဆေး
ပေါ့လိပ်ကလေးတစ်လိပ် မီးညှိပြီး လှမ်းပေးလိုက်
တယ်။ ကိုညွန့်က နဂါးဆေးပေါ့လိပ်ကို သေသေ
ချာချာ ကြည့်ပြီး…

“တာတေကတော့ကွာ နဂါးဆရာကြီးပဲဟေ့”

“လုပ်ပြန်ပြီ ဘယ်ကနဂါးဆရာကြီးတုံးဗျာ”

“မင်းဟာလေ ဆေးလိပ်ဆိုလည်း နဂါးဆိုမှနဂါး၊
မိန်းကလေးဆိုလည်း လှယဉ်မှလှယဉ်။ တခြား
မိန်းကလေးတွေကို လှည့်တောင် မကြည့်ဘူး”

“ဒါကတော့ ကိုညွန့်ရာ ကျုပ်ရင်ထဲမှာ လှယဉ်က
အမြဲရှိနေတာလေဗျာ။ နို့နေပါဦး ဒီလောက်နေပူ
တဲ့ ချိန်ကြီးမှာ ပုဆိုးကြီး ခြုံပြီး ရောက်လာတာ
ကိစ္စများရှိလို့လား ကိုညွန့်ရဲ့”

ကျုပ်တို့အညာမှာက နေသိပ်ပူတော့ ဒီလိုနေ့ခင်း
လည်း အညာဖျင်လက်ရှည်ဝတ်ပြီး သွားကြလာကြ
တာဗျ။ ပြီးတော့ အပူသက်သာအောင်ဆိုပြီး ပုဆိုး
ကြမ်းတစ်ထည် ကျောကုန်းပေါ်အုပ်ပြီး သွားကြ
လာကြတာဗျ။

“ကိစ္စရှိတယ်ကွတာတေရ၊ မင်းမြောက်ပိုင်းက ထွေး
လေး မြမေကို သိတယ်မို့လား၊ သူ့သမီးခင်စီတို့၊ ခင်
ကြည်တို့ကိုရော သိတယ်မို့လား”

“ဟာ…သိတာပေါ့ကိုညွန့်ရဲ့၊ မခင်ကြည်က တစ်နှစ်
က အိမ်ထောင်ကျသွားတာလေ၊ မခင်စီပဲကျန်နေတာ”

“အေး…ဟုတ်ပြီ၊ ဟုတ်ပြီ။ အဲဒီ့ကျန်နေတဲ့ခင်စီက
ဟိုတနေ့က မြို့ကို စျေးဝယ်သွားတယ်”

“ဟုတ်ကဲ့ …”

သံပြာငညွန့်လို့ခေါ်တဲ့ ကိုညွန့်က နဂါးဆေးပေါ့လိပ်
ကို အားရပါးရဖွာနေသေးတာဗျ။ ပြီးတော့မှ ဆက်
ပြောတာ။

“အေး ..အဲဒီမှာ အသက်လေးဆယ်လောက်ရှိတဲ့လူ
တစ်ယောက်က ခင်စီ့ကို အတင်းလိုက်ပြီးမိတ်ဖွဲ့စ
ကားပြောတယ်တဲ့။ ခင်စီက အရောမဝင်ပေမယ့် ဒီ
လူက ခင်စီ ဘယ်ကားနဲ့ ဘယ်လိုပြန်တယ်။ ဘယ်
ရွာမှာနေတယ်ဆိုတာ လိုက်စုံစမ်းပြီး အခုအဲဒီ့လူက
ငါတို့ရွာကို ရောက်နေတယ်တဲ့ကွ”

“ဗျာ…ဘယ်သူနဲ့ သိလို့တုံးဗျ။ ဘယ်အိမ်မှာတည်း
တာတုံး”

“ဘယ်သူနဲ့မှမသိဘူးကွ၊ ရွာပြင်က ဇရပ်မှာပဲနေ
တယ်၊ ရွာပြင်ထွက်သွားတဲ့လူတွေကို ခင်စီ့အ
ကြောင်းမေးတယ်။ အခုတော့ ဒီလူက ဇရပ်ပေါ်
မှာ မြွေတွေ အများကြီးခေါ်ထားသတဲ့”

“ဗျာ… မြွေတွေ၊ ဟုတ်လားကိုညွန့်”

“အေး…ဟုတ်တယ်တာတေ၊ မြွေတွေက သူ့ကိုယ်
ပေါ်မှာလည်း တက်နေတာတဲ့ကွ၊ ပြီးတော့ ဒီလူက လူတွေကို ခေါ်ပြောသေးသတဲ့၊ ခင်စီ့မိဘတွေကို
ပြောပေးကြဖို့ ခင်စီနဲ့သူနဲ့ကို လက်ထပ်မပေးရင်
တစ်ရွာလုံးကို မြွေတွေနဲ့ တိုက်သတ်မယ်လို့ ပြော
ပေးဖို့ အချိန်သုံးရက်စောင့်လို့မှ သူဆန္ဒကို မလိုက်
လျောရင် တစ်ရွာလုံးကို မြွေအကောင်သုံးထောင်
နဲ့ တိုက်သတ်မယ်လို့ပြောတယ်တဲ့ တာတေရဲ့”

“ဘာဗျ…ကျုပ်တို့ရွာကို မြွေအကောင်သုံးထောင်နဲ့
တိုက်သတ်မယ် ဟုတ်လား၊ ဒီလူက အောက်လမ်း
ကဝေတစ်ယောက်ပဲဗျ ကိုညွန့်ရ”

“အေး …အရီးမြမေတို့သားအမိလည်း ကြောက်ပြီး
ငိုနေကြတယ်ကွ။ အရီးမှာ ယောက်ျားကလည်းဆုံး
သွားတာကြာပြီလေကွာ။ ဒီသမီးနှစ်ယောက်ကို မု
ဆိုးမဘဝနဲ့ ရုန်းကန်ပြီး မွေးခဲ့ရတာ”

“ခက်တာပဲဗျာ၊ ကဝေရဲ့အဆင့်ကလည်း ဘယ်အ
ဆင့်ရှိမှန်း ကျုပ်က သိတာမဟုတ်ဘူးဗျ။ ကျုပ်ဆ
ရာကြီးတွေနဲ့ အဆက်ပြတ်နေတာလည်း တော်
တော်ကြာပြီ။ ပြီးတော့ အချိန်ကလည်း မရတော့
ဘူးကိုညွန့်ရဲ့၊ ဒီတော့ ဒီကဝေကို ဒီညပဲ ကျုပ်ရင်
ဆိုင်ရမှာပဲဗျာ”

“ဟာ …မင်းတစ်ယောက်တည်း ဖြစ်ပါ့မလား
တာတေရ”

ကိုညွန့်က စိုးရိမ်တကြီးနဲ့ ကျုပ်ကို မေးတယ်

“ကိုညွန့် ဒီလောကမှာ နှစ်ခါသေတဲ့သူ မရှိပါဘူးဗျာ
ကျုပ်ရွာအတွက်တော့ အသက်စွန့်ရမှာ ကျုပ်ဝန်မ
လေးပါဘူး ကိုညွန့်ရာ”

“ဒီလိုလုပ်ကွာ၊ ရွာထဲက လူငယ်တွေစုပြီး ငါတို့ပါ
ဝိုင်းတိုက်မယ်။ ငါတို့ကတော့ အထက်လမ်းပညာ
လည်း မတက်ဘူး။ အောက်လမ်းပညာလည်း မ
တက်ဘူးလေကွာ။ ဒီတော့ ဓါးနဲ့ဝိုင်းခုတ်ပြီးသတ်
ရုံပေါ့ တာတေရာ”

“မလုပ်နဲ့ ကိုညွန့် ဒီလူတွေထဲမှာ ပညာတွေက မျိုးစုံ
ရှိတာဗျ။ ကိုညွန့်တို့ အနားကပ်လို့မရအောင်ကို လုပ်
နိုင်တယ် ။ နေပစေ ကိုညွန့်။ ရွာကိုသာစောင့်ရှောက်
ကြပါ။ ကျုပ်သွားပါမယ်”

ကိုညွန့်နဲ့ ကျုပ်နဲ့ စကားထိုင်ပြောနေလိုက်ကြတာ
နေစောင်းသွားတာတောင်မသိလိုက်ဘူးဗျ။ ကိုညွန့်
ပြန်သွားတော့ ကျုပ်လည်း အင်းတွေထုတ်ပြီးကြည့်
လိုက်တယ်ဗျ။ ဒီလူက မြွေတော်တော်နိုင်ပုံရတယ်
ဗျ။ ကျုပ်မှာရှိတဲ့ အင်းတွေထဲက ဂဠုန်စက်ကြီးအင်း
နဲ့၊ နာနာရုပ်ကြီးကို ယူလိုက်တယ်

ဘာဖြစ်လို့လဲဆိုတော့ ဒီလူဟာ မြွေအစစ်တွေ
ခေါ်နိုင် ခိုင်းနိုင်သလို သူကိုယ်တိုင်ဖန်တီးထား
တဲ့ တိုက်မြွေတွေလည်း ပါနိုင်တယ်ဗျ။ ထူးဆန်း
တာ ပြောရဦးမယ်ဗျို့။ ကျုပ်အိမ်ပေါ်မှာ အင်းတွေ
ရှာနေတဲ့အချိန်၊ နွားတင်းကုပ်ထဲက ဗွေဆိုးက နှာ
တွေ တဖူးဖူးမှုတ်ပြီး ခွာတွေ တဖြောင်းဖြောင်း
မြည်အောင် ယက်နေတယ်ဗျ။ ပြီးတော့ ဒီကောင်
ချိုတွေလည်း သွေးနေတယ်။

“ဝပ်ထရိန်း…ဝပ်ထရိန်း”

ဗွေဆိုးတအားဒေါသဖြစ်နေပုံပဲဗျ။ ကျုပ်နွားတင်း
ကုပ်ထဲ ဆင်းပြီး ဗွေဆိုးကိုချော့တယ်။ မရဘူးဗျ။
ဒီကောင် ကျုပ်ကို တစ်ခုခုပြောနေတဲ့ပုံပဲဗျာ။ကျုပ်
ဖြင့် အံ့သြလို့ ဗွေဆိုးကို ဘာပြောရမှန်းတောင်
မသိတော့ပါဘူးဗျာ။

“ဗွေဆိုး မင်းမလိုက်နဲ့ကွ အန္တရာယ်ရှိတယ်။
အောက်လမ်းတို့ ကဝေတို့ ဆိုတာတွေကို မင်း
မြင်ဖူးတာ မဟုတ်ဘူး”

“ဝပ်ထရိန်း …ဝပ်ထရိန်း”

ဟာ…မရဘူးဗျို့၊ ကျုပ်ဘယ်လိုပြောပြော ဗွေဆိုးက
လက်ကို မခံတော့တာဗျ။ ဒါပေမဲ့ ကျုပ်သူ့ကို ကြိုး
ဖြုတ်ပေးလို့ မရဘူးဗျ။ ကျုပ်အိမ်မှာ မရှိတဲ့အချိန်
ဒီကောင် သောင်းကျန်းနေရင် အဘဒုက္ခရောက်မှာ။

“ကဲ …ဗွေဆိုးငါသွားမယ်၊ ငါနိုင်ရင် ပြန်ခဲ့မယ်။ ငါ
ရှုံးရင်တော့ မင်းနဲ့ငါအတူမနေရတော့ဘူးပေါ့ကွာ”

ကျုပ် ဗွေဆိုးကို နောက်ဆုံးနှုတ်ဆက်လိုက်တယ်။

XXXXX

ညမိုးချုပ်တာနဲ့ ရွာအပြင်ထွက်ဖို့ အရှေ့ဘက်တံခါး
ကို သွားခဲ့တယ်။ အရှေ့တံခါးကိုရောက်တော့ ကျုပ်
အံ့သြသွားတယ်ဗျို့။

“ဟာ…ကိုညွန့်တို့ပါလား၊ ဘာလာလုပ်နေ
ကြတာတုံးဗျ”

ကိုညွန့်နဲ့အတူ ရွာထဲက ကာလသားဆယ့်လေး
ငါးယောက်ကို တွေ့တယ်ဗျ။ အားလုံးဓါးရှည်တွေ
ကိုင်လို့ဗျာ။

“မင်းကို စိတ်မချလို့ကွ တာတေရ၊ ကဲ…တာတေ
ငါတို့ပါလိုက်မယ်”

ကိုညွန့်ကပြောတာဗျ။ ကျုပ်လည်း သူတို့ကို တား
လို့မရမှန်း သိပေမယ့် ပြောတော့ပြောပြရတာပေါ့ဗျာ

“ကျုပ်က ခင်ဗျားတို့အန္တရာယ်ဖြစ်မှာဆိုးလို့ ပြော
တာပါဗျာ။ အောက်လမ်းတို့ ကဝေတို့ဆိုတာ အင်
မတန်မှ ယုတ်မာကြတာဗျ။ ခင်ဗျားတို့ကို သူတို့
တတ်ထားတဲ့ ပညာတွေ သုံးပြီး ရန်ပြုကြမှာ စိုး
လို့ပါဗျာ”

“ဟ…တာတေရ ငါတို့မင်းတို့ဆိုတာ တစ်ရွာတည်း
သားတွေလေကွာ၊ မင်းက ငါတို့အန္တရာယ်ဖြစ်မှာကို
စိုးရိမ်သလို ငါတို့ကလည်း မင်းအန္တရာယ်ဖြစ်မှာကို
စိုးရိမ်တာပဲလေကွာ၊ ပြီးတော့ ဒီလူက ငါတို့တစ်ရွာ
လုံးကို ဒုက္ခပေးမယ်လို့ ခြိမ်းချောက်နေတဲ့လူလေ
ကွာ။ ငါတို့အားလုံးနဲ့ ရင်ဆိုင်တာပေါ့ကွာ။ ကဲ…
လာ ရွာပြင် ထွက်ပြီး ရင်ဆိုင်ကြမယ်ကွာ”

ပြောပြောဆိုဆို ကိုညွန့်က ရှေ့က ထွက်သွားရော
ဗျို့။ ကျုပ်လည်း ဘယ်လိုမှ တားလို့မရမှန်းသိတော့
သူတို့နဲ့ပဲ ရောပြီး ရွာပြင်ကို ထွက်ခဲ့ရတော့တာပေါ့
ဗျာ။ ရွာအရှေ့ဘက်က ဇရပ်နားကို ရောက်တော့
ကျုပ်တို့လာတာကို ကြိုမြင်နေတဲ့ ကဝေက ဇရပ်
အောက်ကို ဆင်းလာပြီးဆီးကြိုနေတယ်ဗျ။

ကောင်းကင်မှာ လခြမ်းလေးက သာနေတော့ တော်
တော်လေး လင်းနေတာပေါ့ဗျာ။

“ဟေ့ကောင်တွေ ရပ်လိုက်စမ်း၊ မင်းတို့ဘာကိစ္စနဲ့
ငါ့ဆီကို ခြောက်ပြီး လာတောင်းနေရအောင် ဒါ မင်း
မဲ့ တိုင်းပြည်မဟုတ်ဘူးဗျ။ ခင်ဗျား အခုချက်ခြင်း
ကျုပ်တို့ရွာက ထွက်သွားပါ”

ကိုညွန့်က သူ့ရဲ့အသံပြာပြာကြီးနဲ့ ပြောတာဗျ။

“ဟား ဟား ဟား မင်းတို့ကများ ငါ့ကို ရွာကမောင်း
ထုတ်ရအောင် မင်းတို့ကို မင်းတို့ ဘာကောင်တွေ
လို့များ ထင်လို့တုံး။ ငါလုပ်လိုက်ရင် အကုန်လုံး မ
သာတွေ ဖြစ်သွားမယ်။ ဒီမှာ မင်းတို့မှတ်ထား လူ
တစ်သိန်းမှာတစ်ယောက်မအောင်တဲ့ နဂါးမှော်
အောင်ထားတဲ့ နာဂသမန်းဆိုတာ ငါပဲကွ။ ရာဇ
ဝင်ထဲက သူရဲကောင်းနဲ့ငါနဲ့နာမည်တူပဲ။ မင်းတို့
ကောင်တွေ မြွေကိုက်ခံပြီး မသေချင်ရင် အခု
ချက်ချင်း ဒီနေရာကနေ ထွက်သွားကြ”

ကျုပ် ရှေ့ကို တိုးထွက်လိုက်တယ်

“ဒီမှာ နာဂသမန်းကြီး ခင်ဗျားရဲ့ပညာကို ကျုပ်တို့မြင်
ဖူးအောင် နည်းနည်းလောက်ပြစမ်းပါ၊ ခင်ဗျားပြော
တဲ့ နာဂသမန်း ဟုတ်မဟုတ် သိချင်လို့ပါဗျ”

“ဟား…ဟား…ဟား…မင်းကအကောင်ငယ်သ
လောက် တော်တော်စွာတာပါလား။ မင်းနာမည်
ဘယ်လိုခေါ်တုံး”

“ကျုပ်နာမည် တာတေပါ။ နာဂသမန်းကြီးရဲ့”

“အေးလေ…ကြည့်ချင်ရင်လည်း ပြရမှာပေါ့ကွာ။
ကြောက်လန့်ပြီး ထွက်တော့မပြေးနဲ့ တာတေရေ”

ပြောပြောဆိုဆိုနဲ့ နာဂသမန်းကြီးက ကောင်းကင်
ကို မော့ကြည့်ပြီး မန္တာန်တွေရွတ်တယ်ဗျ။

‘ဘုတ်’ ‘ဘုတ်’ ‘ဘုတ်’

“ဟာ…”

ကျုပ်တို့အားလုံးပြိုင်တူ အသံထွက်သွားတာဗျို့။
ဘယ်ကဘယ်လိုကျလာမှန်းမသိတဲ့ မြွေတွေဗျာ။
မြေကြီးပေါ်ကို တဘုတ်ဘုတ်နဲ့ ကျနေတာဗျို့။
ခဏလေးအတွင်းမှာ အကောင်တစ်ရာကျော်
လောက်ရှိမယ်ဗျ။ ဒါအချိန်ကောင်းပဲပေါ့ဗျာ။
နာဂသမန်းကြီးစိတ်လွတ်ပြီး မန္တာန်ရွတ်နေတဲ့
အချိန်ဗျ။ ကျုပ်ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်
တယ်။

“တာတေ ရှေ့သိပ်မတိုးနဲ့ မြွေတွေမှ အများကြီးကွ။
နဲတဲ့အကောင်ကြီးတွေ မဟုတ်ဘူး။ မြွေဟောက်
နဲ့ ငန်းမြွေတွေချည်းပဲ”

ကျုပ်လည်း ဂဠုန်စက်အင်းကြီးကို အသက်သွင်း
လိုက်တယ်။ အင်းက ကျုပ်လက်ထဲမှာ ဆတ်ကနဲ
ဆတ်ကနဲ ခုန်နေတယ်ဗျ။ ကျုပ်လည်း ကောင်း
ကင်ကို မော့ပြီး မန္တာန်ရွတ်နေတဲ့ နာဂသမန်းကြီး
ဆီကို အင်းပစ်သွင်းလိုက်တယ်။

“ကဲကွာ…အဲဒါ ဂဠုန်စက်အင်းပဲကွ”

“ဝုန်း…”

“ဝုန်း”ဆိုတဲ့ အသံမြည်ပြီး မီးခိုးလုံးကြီး ထသွား
တယ်ဗျို့။

“ဟာ…”

ကိုညွန့်တို့တွေ ဟာကနဲ ဖြစ်သွားတယ်။ သူတို့လက်
ထဲက ဓါးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြ
တယ်ဗျ။ မီးခိုးတွေ ပျယ်သွားတော့ နာဂသမန်းကြီး
ခေါ်ထားတဲ့မြွေတွေ တစ်ကောင်မှ မရှိတော့ဘူးဗျ။
နာဂသမန်းလည်း ခေါင်းကြီးကို အောက်ဆိုက်ပြီး
ငြိမ်နေရောဗျို့။

“မင်းက ဘာတုံး မင်း ဒီအင်းကို ဘယ်ကရတာတုံး”

“ကျုပ်က အထက်ဆရာကြီးတွေရဲ့တပည့်ဗျ”

“မင်းကြောင့် ငါ့ရဲ့နဂါးမှော်ပျောက်သွားပြီ။ မင်းကို
ငါ အရှင်မထားဘူး အကောင်စုတ်ကလေး”

ပြောပြောဆိုဆိုနဲ့ နာဂသမန်းက သူ့လွယ်အိတ်ထဲ
က တခုခုကို နှိုက်ယူလိုက်တယ်။ ကျုပ်ကတော့
လက်ထဲက နာနာရုပ်အင်းကြီးကို ကျစ်ကျစ်ပါ
အောင် ဆုတ်ထားလိုက်တယ်။ နာဂသမန်းက သူ့
လက်ထဲမှာ ဆုပ်ထားတဲ့ ဘာမှန်းမသိတဲ့ ဟာကို
မန္တာန်တွေ ရွတ်ပြီး ပစ်ချလိုက်တယ်။

“ဝပ်ထရိန်း”

သြော် လက်စသတ်တော့ တိုက်နွားကိုး နွားနက်
ကြီးဗျ။ နွားက ခွာရှပ်တိုက် ချိုသွေးလိုက်လုပ်
နေတယ်ဗျို့။

“ဟား ဟား ဟား ဟား ကဲ တာတေ မင်းမှာ တိုက်
နွားပါရင် ထုတ်လေကွာ။ မပါရင်တော့ မင်းကိုယ်
တိုင် ခွေပေတော့။ ဟား ဟား ဟား”

“ဝပ်ထရိန်း ” “ဝပ်ထရိန်း”

ဟာ …ဒီတခါနွားတွန်တာ ကျုပ်တို့နောက်ကဗျ။
ကျုပ်တို့အားလုံး နောက်ကို လှည့်ကြည့်လိုက်တော့…

“ဟာ…ဗွေဆိုး၊ မင်း ဘာလို့လိုက်လာတာတုံး”

ကျုပ်စကားတောင် မဆုံးလိုက်ပါဘူးဗျာ။ ဗွေဆိုးက
တရှိန်ထိုး ပြေးဝင်သွားပြီး တိုက်နွားအနက်ကြီးကို
ခွေတော့တာပဲဗျာ။ ကျုပ်လည်း ဘာမှမတတ်နိုင်
ဘဲ ကြည့်ရုံပဲ ကြည့်နေရတော့တာပေါ့ဗျာ။

“ဖြောင်း ဖြောင်း ဒုန်း ဖြောင်း ဖြောင်း”

“ဖြောင်း”ဆိုတာက ချိုချင်းရိုက်တဲ့အသံဗျ။ ‘ဒုန်း’
ဆိုတာက ခေါင်းချင်းဆောင့်တာဗျို့။ ဖုန်လုံးကြီး
တွေ ဆိုတာဗျာ။ မီးခိုးလုံးကြီးတွေလိုကို ထောင်း
ထောင်းထနေတာဗျို့။

“ဟင်…ဘိုးဥာဏ်ပါ လိုက်လာတာလား”

ကိုညွန့်အသံကို ကြားလို့ ကျုပ်လှည့်ကြည့်လိုက်
တော့ ကျုပ် အဘဗျ။

“လူလေးရေ ဗွေဆိုးကို ဘယ်လိုမှ ထိန်းလို့မရလို့
အဘကြိုးဖြတ်ပေးလိုက်ရတာဟေ့”

လို့ အဘပြောတဲ့အသံကို ကျုပ် ကြားတချက်မကြား
တစ်ချက်ကြားလိုက်ရတယ်ဗျ။

“ဖြောင်း …ဒုန်း”

နောက်ဆုတ်လိုက် ပြေးဆောင့်လိုက် ခွေ့လိုက်နဲ့
အချိန် တော်တော်ကြာလာခဲ့ပြီဗျ။ ကျုပ်သေသေ
ချာချာ ကြည့်လိုက်တော့ ဗွေဆိုးတစ်ကိုယ်လုံးသွေး
တွေချင်းချင်း နီနေပြီဗျ။ ကျုပ်လည်း ဆက်မကြည့်
ရက်တော့လို့ မျက်စိမှိတ်ထားလိုက်ရတယ်။

“ဖြောင်း …ဖြောင်း”

ဗွေဆိုးကတော့ နည်းနည်းမှမနားဘဲ ဆက်တိုက်ကို
ခွေ့နေတာဗျို့။

“ဟာ…နိုင်ပြီဟေ့၊ ဗွေဆိုးနိုင်ပြီကွ”

ကိုညွန့်တို့အော်သံကြားလိုက်မှ ကျုပ်မျက်စိဖွင့်ကြည့်
လိုက်တယ်။

ဟာ …တိုက်နွားအနက်ကြီး ဗုန်းဗုန်းလဲနေပြီဗျို့။
ပြန်ကို မထနိုင်တော့ဘူး။ ဗွေဆိုးကတော့ လဲနေ
တဲ့ နွားကို မတ်တပ်ကြီးရပ်ပြီး စိုက်ကြည့်နေတယ်
ဗျ။ ကျုပ်လည်း ဒေါသတွေ ဘယ်လိုမှ မထိန်းနိုင်
တော့ဘဲ အသင့်နှိုးထားတဲ့လက်ထဲက အင်းနဲ့ နာ
ဂသမန်းဆိုတဲ့ကဝေကို ပြေးပြီးပစ်လိုက်တယ်။

“ဝုန်း”

ဆိုတဲ့အသံကြီး ထွက်သွားပြီး အခိုးတွေထွက်လာ
တယ်ဗျ။ အခိုးတွေ ပျက်သွားတော့ ဝမ်းလျားမှောက်
ကြီး လဲပြီး သေနေတဲ့ နာဂသမန်းကို တွေ့လိုက်
တယ်။

“ဟာ”

မှားသွားပြီဗျို့။

ဒီတော့မှ ကျုပ်ယူလာတာ နာနာရုပ်အင်း မဟုတ်
ဘဲ ကဝေသတ်ဖြတ်အင်းကြီးဖြစ်နေတာကို သတိ
ထားမိတော့တယ်ဗျာ။ ကျုပ်ဗွေဆိုးကို လှမ်းကြည့်
လိုက်တော့ ဗွေဆိုး ကျုပ်ဆီကို ဒယီးဒယိုင်နဲ့
လျှောက်လာနေတာကို တွေ့လိုက်ရတယ်။

“ဗွေဆိုး”

ကျုပ်လဲနေတဲ့ ဗွေဆိုးကို ဖက်ထားလိုက်တယ်။ ဗွေ
ဆိုးကိုယ်လုံးက ထွက်နေတဲ့သွေးတွေ ကျုပ်ကို ပေ
ကုန်တယ်။ ကျုပ်တစ်ကိုယ်လုံး သွေးတွေရဲလို့ဗျာ။
အသက်ကို မနည်းရှုနေတဲ့ ဗွေဆိုးက ကျုပ်ကို စိုက်
ကြည့်နေရင်း ငြိမ်သွားတယ်ဗျ။

“ဗွေဆိုး…”

ကျုပ် အားရပါးရငိုချလိုက်မိတယ်

“တာတေ …တာတေ”

ဆိုပြီး ကျုပ်ကိုခေါ်နေတဲ့အသံတွေကိုတောင် ကျုပ်
မကြားနိုင်တော့ပါဘူးဗျာ။ ကျုပ်နဲ့ မျက်ရည်တွေဟာ
အသက်ဝိညာဉ်မဲ့နေတဲ့ ဗွေဆိုးရဲ့အလောင်းပေါ်ကို
တပေါက်ပေါက်ကျနေတယ်။ ဒီလိုပဲ ထနောင်းကုန်း
က ကာလသားတွေရဲ့မျက်ရည်စက်တွေလည်း ဗွေ
ဆိုးရဲ့ကိုယ်လုံးပေါ်ကို တပေါက်ပေါက်ကျကုန်ကြ
တယ်ဗျာ။ ရွာထဲက လူတွေပါ ထွက်လာပြီး ဗွေဆိုး
ကို ကြည့်ပြီး ငိုကြတယ်။

သူတို့ကို ခွင့်လွှတ်ဖို့ ဗွေဆိုးကို တောင်းပန်နေကြ
တယ်။ ဘထွေးတင်စိန်ကတော့ ဗွေဆိုးကိုဖက်ပြီး
ငိုလိုက်တာဗျာ။ ကာလသားတွေ မနည်းကို ဆွဲ
ထုတ်သွားကြရတယ်ဗျ။

ဗွေဆိုးခွေ့လို့ သေသွားတဲ့ နွားနက်ကြီးကတော့
မူလပြန်ပြီး ရွံ့ခဲလေးဖြစ်သွားတာပေါ့ဗျာ။ သေ
သွားတဲ့ကဝေကိုလည်း မြေမြှုပ်လိုက်ကြတယ်။

ဗွေဆိုးကိုလည်း မြေမြှုပ်ပြီး သေသေချာချာ
သင်္ဂြိုဟ်ပေးလိုက်ကြတယ်ဗျ။

ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေ

”Like & Share