ပေတူးအဘ

နေသည်ကို ပင် တုတ်တုတ်မျှ မလှုပ်သော ဦးသန်းလှိုင် မှ ယခု ကောက်ခါငင်ကာ ကြီး ကောင်းသွားသည်မှ ပုံမှန်တော့ မဟုတ်ဟု တွေးရင်း ပေတူးကို နှုတ်ဆက်ကာ အတွေးပေါင်းစုံ နှင့် အိမ်ပြန်လိုက်ပါလေတော့သည်။

    ◾အခန်း(၂)

     မောင်ဘိုးထင်သည် အိမ်ရှေ့တန်းလျားတွင် ငူငူငိုင်ငိုင် နှင့် ထိုင်နေသည်။ထိုစဉ် ဦးအုန်း သည် အိမ်ပေါ်မှ ဆင်းလာပြီး မောင်ဘိုးထင်အနား တွင် ထိုင်လိုက်ကာ ရေနွေး တခွက် ကို ငှဲ့ ရင်း စကားဆိုလေ၏။

    “ကောင်လေး မင်းဘာဖြစ်နေတာလဲကွ ပြောစမ်းပါဦး မင်းတွေးနေတာတွေ “

    “အဘ “

    “အေး ‌ကောင်လေး”

    “ပေတူး အဘ အိပ်ယာထဲ တရက်လောက် လဲသွားတယ်ဆိုတာ ကြားတယ် မဟုတ်လား “

    “ကြားတယ်လေ “

    “ကျုပ်စိတ်ထဲ သိပ်ပြီး သင်္ကာမကင်းဖြစ်နေတယ် ဗျာ “

    “ဟေ ဟုတ်လား ပြောစမ်းပါဦးကွ ဘယ်လို ဖြစ်လို့လဲ “

    “သူက တနေ့လုံး မှိန်းပြီး အိပ်နေတာလေ ဘယ်သူမှ လှုပ်နိုးနိုး နိုးမှမနိုးတာ ဒါပေမဲ့ ဆေးဆရာကြီးက အဘကို ခေါ်ဆိုတာနဲ့ ချက်ချင်းကြီး ငုတ်တုတ် ထထိုင်ပြီး တောထဲ သွား မလို့ ထမင်း စားမယ်တန်းပြောတာ အဲ့တာကို စိတ်ထဲ အလို မကျဘူး ဖြစ်နေတာ”

    “မင်း အထင် ပေတူး အဖေ ကိုသန်းလှိုင်က ဖုတ်ဝင်နေတယ်လို့ ပြောချင်တာလား “

    “ဟုတ်တယ် အဘ”

    “အဲ့တာ တခုတည်းတော့ ဖုတ်ဝင်နေတဲ့သူလို့ တပ်အပ်ပြောလို့မရဘူး ‌မင်းက သေချာ သက်သေ မပြနိုင်ရင်  ကာယကံ ရှင်ရဲ့ မိသားစုက လက်ခံနိုင်မှာ မဟုတ်ဘူး အထူးသဖြင့် မင်း သူငယ်ချင်း ပေတူးပေါ့ “

    “ကျုပ်လည်း တွေးမိပါတယ် အခုလောလောဆယ် ပေတူးကို အသိမပေးသေးဘူး အဘ ကျန်တဲ့သူတွေ နဲ့ တိုင်ပင် လိုက်ဦးမယ် ပြီးတော့မှ လုပ်စရာ ရှိတာ တွေကို သေချာ လုပ်ပါမယ် အဘ”

    “ကဲ ဒါဆိုရင် မင်းပညာလည်း။သိပ်မသေးတော့ပါဘူး ဖုတ်ကို ထုတ်တာလောက်‌တော့ မင်းလည်း ဖြစ်နေပါပြီ တကယ်ဖုတ် ဝင်တာ မှန်ရင်တော့ အမြန် ဆုံး ထုတ်တာ  အကောင်းဆုံးပဲ ကောင်လေးရေ “

    ထို့နောက် မောင်ဘိုးထင်သည် သူ၏ အိမ်တိုင်တွင် ချိတ်ထားသော သူ၏ လွယ်အိတ်ကို ‌ကိုင်ကာ ရွာထဲသို့ ထွက်ခွာသွားပါလေတော့သည် ။

    ◾အခန်း (၃)

    “ဟ ဘိုးထင် မင်းပြောတာ ဟုတ်ကော ဟုတ်လို့လားကွာ “

    “အေး  ဟုတ်ကော ဟုတ်ရဲ့လား ဘိုးထင်ရာ “

    “ကိုဖိုးထွေးတို့ သေချာစဉ်းစားကြည့်ပါ ဦး ‌ဗျာ တနေ့ လုံးမှိန်းနေတဲ့ သူက ကျုပ် အဘကို ခေါ်မယ်ဆိုတော့ မှ ချက်ချင်းကြီး လူကောင်းဖြစ်သွားတာ ရိုးရိုး ဟုတ်နိုင်ပါ့မလားး”

    “သူပျင်းလို့ အိပ်နေတာကော မဖြစ်နိုင်ဘူးလား ဘိုးထင် “

    “ဟ သာအေးရ ရွာက လူကြီးတွေ ဆေးဆရာတွေ တောင် လာနေတာကို သူက ပျင်းပြီး အိပ်နေနိုင်မလား စဉ်းစားစမ်းပါ ဦး”

    “အေး အဲ့ဒါလည်း ဟုတ်တာပဲ “

   ‌မောင်ဘိုးထင်တို့ သည် အရိပ် ရှိသော သစ်ပင် ရိပ်တွင် ထိုင်ရင်း ပေတူး၏ အဘ အကြောင်းကို ပြောနေစဉ် ပေတူးသည် ဝက်သား တတွဲကို ဆွဲ ပြီး လမ်းလျှောက်လာလေသည်။ထိုအခါ ဖိုးထွေးမှ ပေတူးကို လှမ်းအော် ခေါ်လိုက်လေသည်။

    “ဟေ့ ပေတူး လာခဲ့စမ်းပါဦးကွ”

    “ကို‌ဖိုးထွေးတို့ပါလား ဘာတွေလုပ်နေကြတာလဲ “

    “ဟဲ့ကောင်ရ ငါက မင်းကို မေးရမှာ အခုတလောမင်းက ငါတို့ ဆီလည်း မလာ ဘာတွေ လုပ်နေတာလဲ အခုလည်း ကြည့်စမ်း ပါဦး  ဝက်သားတွေ နည်းတာ မဟုတ်ဘူး မင်းတို့အိမ်မှာ သုံးယောက်တည်း ရှိတာ မဟုတ်ဘူးလား “

    “အဘက အခုတလော ထမင်း တော်တော် စားတယ်ဗျ ဟင်းဆိုလည်း ကောင်းမှ ဗျို့ အခုတောင် မနက် မိုးလင်းကတည်းက ထပြီး ရေအိုးစင်ရွာ ကိုဝက်သား သွားဝယ်ခိုင်းတာ “

    “ပေတူး မင်းအဘက အရင်က အသားတွေ သိပ်မစားဘူးဆို “

    “အေးဟုတ် တယ် ဘိုးထင်ရ အရင်က အမဲသားဆို စားကို မစားတာ အခု အမဲသား ဝယ်ခိုင်းတာ အမဲသား မရမှ ဝက်သားဝယ် လာခိုင်းတာ “

    “မင်း အဘ ရိုးကော ရိုးရဲ့ လား ပေတူး “

    သာရမှ ပေတူးကို သေချာကြည့်ပြီး မေးလိုက်သောအခါ ပေတူးသည်  သာရ အပါအဝင် မောင်ဘိုးထင်တို့ကို စူးရဲစွာကြည့်ပြီး

    “ဘာလဲ ခင်ဗျားတို့က တခြားသူတွေ လို ကျုပ်အဘကို ဖုတ်ဝင်နေတယ် လို့ပြော ချင်နေတာ မဟုတ်လား “

    “အဲ့လိုလည်း ပြောတာ မဟုတ်”

    “တော်စမ်းပါဗျာ ကျုပ်အဘက လူဗျာ သူလည်း နာလန်ထစဆို‌တော့ ထမင်းစားကောင်း မှာပေါ့ ဗျာ သွားပြီ “

    ပေတူးသည် မောင်ဘိုးထင်တို့ကို သေချာတောင် နှုတ်မဆက်ပဲ စိတ်ဆိုး မာန်ဆိုး နှင့် ဝက်သားတွဲကို ဆွဲကာ ထွက်ခွာ သွားလေတော့သည် ။ထိုအခါမှ ကျန်ခဲ့သော မောင်ဘိုးထင်တို့သည် တ‌ယောက်မျက်မှာ တယောက် ကြည့်လိုက်ပြီး သက်ပြင်းကိုယ်စီချကာ သာရမှ စကားဆိုလာသည် ။

    “ဘိုးထင်ပြောတာ မှန်လောက်တယ် ငါ့အဘက လည်း ဘိုးထင် အမေကို အဲ့ အကြောင်းပြောတော့ စိတ်ဆိုးတယ် တဲ့ ကွာ “

    “ငါ့အဘလည်း ပြောသေးတယ်တဲ့ကွ ပေတူးတို့ သားအမိက အဲ့အ‌ကြောင်း ပြောရင် တကယ့်ကို ခါးခါးသီးသီး  ဖြစ်နေတာ”

    သာရ နှင့် ဖိုးထွေးစကားကို မောင်ဘိုးထင် နားထောင်ပြီးသော အခါ တခုခုကို စဉ်း‌စားနေပြီးနောက်

    “ကဲ ကိုဖိုးထွေးတို့ ကျုပ်တို့ ပေတူး မသိအောင် ကူညီမှ ရလိမ့်မယ် “

    “ဘယ်လို ကူညီမှာ လဲ “,

    ” ကျုပ်တွေးထားတော့ရှိတယ် “

    “ပြောစမ်းပါဦးကွ”

    “ပေတူးအဘကို ဖုတ်ထုတ်ရင် ပေတူးအဘက သေသွားမှာဗျ အဲ့‌လိုဆို ဒီကောင် အတော်ကို ခံစားရမှာ “

    “အဲ့တာတော့ ဟုတ်တယ် ဒီကောင်က သူ့ အဘကို တော် အတော် ချစ်တဲ့ကောင်ကွ “

    “အဲ့တော့ ကျုပ်က ပေတူးအဘ ထဲ ဝင်နေတဲ့ ဖုတ် နေရာမှာ ကျုပ် အမိန့်ကို နာခံတဲ့ သရဲတကောင်လောက် ခဏ ဝင်ထည့်ထားမလားလို့ “

    “အဲ့တာတွေတော့ မင်းပဲ ကောင်းသလို လုပ်ပါ”

    “အဲ့တာ ဆို ပေတူးအဘ တောထဲ တော့ သွားသေး တယ်ပြောတယ် ကျုပ်တို့ မနက်ဖြန် ‌ပေတူး အဘဆီအရင်သွားကြတာပေါ့ “

    “အေး သွားကြတာပေါ့ကွာ”

    ဤသို့ ဖြင့် မောင်ဘိုးထင်တို့သည် ပေတူးအဘကို ဝင်နေသော ဖုတ်အား ထုတ်ဖို့ကို တိုင်ပင်နေကြပါလေတော့သည် ။

    ◾အခန်း(၄)

    ပေပင်ရွာ၏ အနောက်ဘက် တောင်ယာများရှိရာသို့ မောင်ဘိုးထင် နှင့် သာအေးတို့နှစ်ယောက်တည်း စကား တပြောပြော နှင့် လမ်းလျှောက်နေကြသည် ။ သူတို့ ဦးတည်နေသော နေရာမှာ ပေတူး၏ အဘ ဦးသန်းလှိုင် နှမ်းထယ်ရေးထိုးနေသော နေရာကို ဖြစ်သည်။သူတို့တွေ စကားတပြောပြော နှင့် လျှောက်လာရာ နွားနှစ်ကောင် ကို နေပူကြီးထဲ ချည်ထားကာ ရုံးပင် အရိပ် အောက်တွင် အိပ်နေသော ဦး သန်းလှိုင်ကို တွေ့လိုက်ရသည်။နွား‌တို့သည်ကာ နေပူ၍ မောဟိုက်နေလေသည်။ထိုအခါ မောဟိုက်နေသော နွားနှစ်ကောင် အနားသို့ သွားကာ ပေတူး နှင့် သာအေးသည် နွားတ‌ ကောင်ကို ဆွဲလိုက်ပြီး သစ်ပုဂံ ပင်အရိပ်‌အောက်တွင် ချည်ထားလိုက်ပြီး ရုံးပင် အောက်တွင် အိပ်နေသော ဦးသန်းလှိုင် ဆီသိူ့ သွားကာ

    “ဦးသန်းလှိုင် “

    “ဦးသန်းလှိုင် “

    မောင်ဘိုးထင်တို့ နာမည်ကို ခေါ်ကာ နှိုးပေမဲ့ မနိုးသော ကြောင့် ပုခုံးအား လှုပ်၍ နိုးသောအခါမှ မျက်လုံးကို ဆပ်ကနဲ ဖွင့် လိုက်ပြီး ငုတ်တုတ်ကြီးထိုင်ကာ မောင်ဘိုးထင်တို့ နှစ်ယောက် အား ငေးကြည့်နေပြီး လေးကန်ကန် အသံကြီး နှင့် စကားဆိုလာလေသည်။

    “ဟေ့ကောင်တွေ မင်းတို့က ဘာလုပ်နေတာလဲ “

    “ခင်ဗျားကို မေးရမှာ  ထယ်မထိုးပဲ နွားတွေကို နေပူကြီးထဲ ချည်ပြီး ဒီ မှာ ဘာလို့ အိပ်နေတာလဲ “

    “ဟေ့ကောင်လေးတွေ ငါ့တိုင်းငါ အိပ်ချင် အိပ်မယ် ထ ချင် ထ မယ် မင်းတို့ အပူမပါဘူး “

    ဦးသန်းလှိုင်သည် သူ ချည်ထားသည့် နေရာတွင် နွားနှစ်ကောင်အား မတွေ့ ရသောအခါ မျက်လုံး များ နီရဲလာပြီး

    “ငါ့ နွားတွေကို မင်းတို့ နှစ်ကောင် ပြောင်းချည်လိုက်တာ လား “

    ‘ဟုတ်တယ်လေ ဗျာ နွားတွေက လျှာထွက်ပြီး သွားရည်တွေကျနေပြီ ခေါင်းလောင်းတောင် ထိုးတော့မယ် နွားတွေကို နေပူထဲ ဘာလို့ ချည်ထားတာလဲ ခင်ဗျား တော်တော် ပြောင်းလဲ သွားပါလား အရင်ကဆို ဦးသန်းလှိုင်ရဲ့ နွားတွေက ဝဖီး လို့ အခု ကြည့်ဦး”

    “ဒီကောင်တွေ လျှာအတော် ရှည်ပါလား ငါ့နွား ငါထားချင်သလိုထားမယ် မင်းတို့ အပူပါလား   ဒီသောက်ကလေး နှစ်ယောက် နားရင်း အုပ်လိုက်ရကွာ”

    “ခင်ဗျားဘာပြောတယ် “

    “သာအေးသည် သူ၏ လွယ်အိတ်ထဲ လက်နှိက်ပြီး ဦးသန်းလှိုင်ကို လေးဂွ နှင့် ပစ်မလို့ ကြံနေသည်ကို မောင်ဘိုးထင်မှ တားလိုက်ပြီး ဦးသန်းလှိုင် နှင့် ဝေးရာကို ဆွဲခေါ်ကာ

    “စိတ်ထိန်း ဒီဟာ ဦးသန်းလှိုင် မဟုတ်ဘူး ဖုတ်ဝင်နေတာ သေချာတယ် အလုပ်လည်း မလုပ် နွားတွေကို နေပူထဲ ထားပြီး သူက အရိပ် အောက်မှာ အိပ်နေတယ် ပြီးတော့ လူကလည်း ကြည့်ဦး ပေတူးပြောပုံ အရ ထမင်းသာတအားစားနေတာ လူက လည်း ခြောက်ကပ်လာသလိုပဲ အဲ့တာကို ပေတူး အမေက ရောဂါဖြစ်နေတယ် ထင်ရင် ထင်နေမှာ “

    “အေး ဟုတ်တယ် ကွ ဦးသန်း လှိုင်က ရိုးရိုး တော့ မဖြစ်နိုင်ဘူး ငါ့အထင် နွားတွေကို တောထဲ ခေါ်ပြီး တမင် နေပူထဲ ချည်ထားတာ ဖြစ်နိုင်တယ် “

    “အေးကွာ ဒီလောက်သိသာ နေတာ ကို ပေတူး မသိတာ အတော်အံ့ဩတယ် “

    မောင်ဘိုးထင် နှင့် သာအေးသည် ဦးသန်းလှိုင် ယခုလို ဖုတ်ဝင်နေသည်ကို မသိရမလားဟု တွေးကာ အံ့ဩနေရင်း နောက်ထပ် သူတို့ ပြုလုပ်ရမည့် လုပ်ငန်း‌ေဆာင်တာ များကို တိုင်ပင် နေကြပါလေတော့သည်။

    ◾အခန်း(၅)

    မောင်ဘိုးထင် နှင့် သာအေး သူ၏အဘ နှင့် စကားများနေသည်ကို ချုံအကွယ် မှာနေ၍ ပေတူးတ‌‌ေယာက်ချောင်းကြည့်နေသည် ။ပေတူးသည်လည်း သူ၏ အဘ ပုံမှန်မဟုတ်တာ သိသည် သို့ပေမဲ့ သူ သူ၏အဘကို ဆုံးရှုံးရမှာ ကြောက်နေမိသည် ။ဖုတ်ဝင်တာ  မှန်က ဖုတ်ထုတ်လိုက်လျှင် သူ၏ အဘသည် သူတို့ နှင့် တသက်လုံး တူတူ ရှိနေနိုင်မည် မဟုတ်တော့ပါ ၊ ထိုသို့ ဖြစ်မှာထက် ယခုလို သူတို့နှင့် အတူရှိနေသည်က တော်သေးသည်ဟု တွေးကာ ဖြစ်ပျက်သမျှများကို လှစ်လျူရှုထားသည် ။ သူ၏ အဘသည် မနက်အစောကတည်းက ထယ်ထိုး မည်ဟုပြောကာ နွားများကို ဆွဲသွားပြီး နေပူကြီးထဲ ချည်ထားက သူသည်က အပင်ရိပ် မှာ အိပ်နေကြဖြစ်၏။ထို့ကြောင့် ပေတူး သည် နွားများ နေပူထဲ ရောက်သောအခါ ရွေ့ပေးရန် သူ၏ အဘနောက် အမြဲ တိတ် တဆိတ် လိုက်လာချင်းဖြစ်သည်  မောင်ဘိုးထင် နှင့် သာအေးသည် သူ့အရင်‌ရောက်နေပြီး  နွားများကို ရွေ့ထားပေးပြီး သူ၏ အဘဖြစ်သူ နှင့် စကားများကာ ထွက်သွားလေပြီဖြစ်သည် ။မောင်ဘိုးထင်တို့ သူအား စိုးရိမ်စိတ်ပူ၍ ပြောသည့်စကားများကို နားလည်သော် လည်း  အဘဖြစ်သူကို သူ တသက်လုံး ပြန်တွေ့မရတော့ဘူးဟု တွေးလိုက်မိတိုင်း ယခု လိုအနေအထားလေးကို သာ သူ နှင့် သူအမေသည် ကျေနပ် လက်ခံ ထားသည် ၊ ထို့နောက် မောင်ဘိုးထင် နှင့် သာအေးလည်း သူ၏ မြင်ကွင်းမှ မရှိတော့သောကြောင့် ရုံးပင်ရိပ် တွင် အိပ်နေသော ဦးသန်းလှိုင် အနားသွားကာ

    “အဘ အဘ “

    “ဟေ့ ဘယ်သူလဲ “

    “ကျုပ်ပေတူးပါ အဘ “

    “မင်း ဘာလာလုပ်တာ လဲ “

    “အိမ်မှာ အမဲသား။ချက် လို့ အဘကို လာပြောတာပါ နွားတွေကို ကျုပ် ဆွဲ ခဲ့ပါမယ် “

    ပေတူး၏ စကားကြားသောအခါ ဦးသန်းလှိုင်သည်း အိပ်နေရာမှ မျက်လုံး ချက်ခြင်းပွင့်ကာ မျက်နှာမှ ပြုံးလိုက်ပြီး လျှာကို သပ်၍ ရွာ ဘက်သို့ ထပြေးသွားပါလေတော့သည် ။

    ◾အခန်း(၆)

    ဖိုးထွေး နှင့် သာရ ထို့နောက် မောင်ဘိုးထင် နှင့် သာအေးတို့ မျက်နှာချင်းဆိုင်ပြီး စကားပြောနေကြသည်။သူတို့သည် သူတို့၏ အပေါင်းအသင်း ပေတူးတို့ သားအမိအား အတော်ကို စိုးရိမ်နေမိသည် ။

    “ဦးသန်းလှိုင်ကြီးက တနေ့တနေ့ ပိုပိုဆိုးလာတယ်နော် ဟိုနေ့က ဆို ငါ့အဘ ဆီ စပါးပေး အရီးလာယူသွားတာ နည်းတာ မဟုတ်ဘူး  ငါအဘက ဘာလုပ်ဖို့လဲ လယ် စိုက်ချိန်လည်း မနီးသေးပါဘူးဆိူတော့ ကိုသန်းလှိုင် နေမကောင်းတော့ စားချင်တာလေးတွေ ဝယ်ကျွေးဖို့ပါတဲ့ ကွ”

    “အေးဆို  ငါအမေ ဆီလည်း ငွေလာချေးသေးတယ်ကွ ဒီပုံတိုင်းဆို ပေတူးတို့ သားအမိ မလွယ်ဘူး”

    “ပေတူးကလည်းခက်တယ် ဖုတ်ဝင်နေတယ်လို့ကို ပြောမရဘူး”

    “ငါတို့ အစီအစဉ်အတိုင်း ဒီနေ့ သရဲ တကောင် သွားဖမ်းကြမယ် “

    “နေပါဦး မင်းက ဘယ်သရဲ သွားဖမ်းအုံးမှာလဲ “

    “ဟိုတခါ တို့ ဖမ်းလာတဲ့ သရဲ ပဲ ဖမ်းမယ်လေ ငါ့အဘလွှတ်လိုက်တဲ့ ညောင်ပင်က သရဲမကြီးလေ “

    “မင်း အဘက လွှတ်ပေးထားတာ မင်းကပြန်ဖမ်း ရင် ပြောနေပါဦးမယ်”

    “မပြောပါဘူးဗျာ မပြောဘူးဆိုတော့ လည်း သဘောပဲကွာ ဘယ်နေ့သွားကြမလဲ “

    “အချိန် တအားဆွဲလို့ မရဘူး‌ဆိုတော့ မနက်ဖြန် မနက်အစော ထွက်ကြတာပေါ့ဗျာ “

    “နေပါဦး မင်းအဘ ခြံထဲ မှာ မွေးထားတဲ့ သရဲတွေ ဘာလို့မခိုင်းတာလဲ “

    “ကျုပ် အဘ မွေးထားတဲ့ ကောင်တွေ ကအမဲသား ကျွေးမှ အလုပ် လုပ် တဲ့  ကောင်တွေဗျ”

    “အဲ့လိုလဲ ရှိသေးတယ်လား”

    “ရှိတာပေါ့ ဗျ ကဲ ကဲ မနက်ခင်း အစော သွားကြမယ် ဗျာ “

    ထို့နောက်မောင်ဘိုးထင်တို့သည် သစ်စိမ့်ရွာကို သွားသည်။ လမ်းခုလပ် ညောင်ပင်မှာ သူတို့အရင် ဖမ်းလာခဲ့ သော မောင်ဘိုးထင် ၏ အမေတစ္ဆေမကြီးအား နောက်တခါ ပြန်ဖမ်းဖို့ ကြံနေကြပါလေတော့သည် ။

    ◾အခန်း(၇)

    ဖိုးထွေး ၊သာရ နှင့် သာအေး  ပြီးနောက် မောင်ဘိုးထင်တို့သည်  သစ်စိမ့်ရွာသို့သွားသော လမ်းတွင် မနက် ဝေလီဝေလင်းကတည်းမှ ထွက်လာခဲ့ရာ ခေါင်းလောင်းထိုးချိန် တွင်တော့ ထိုညောင်ပင်ကြီး ဆီသို့ ရောက်လာပြန်ပြီဖြစ်သည်။ ထို့‌နောက် မောင်ဘိုးထင်သည် ညောင်ပင်အားသေချာကြည့်ပြီး မာထန်သော  လေသံဖြင့် စကားဆိုလေသည်။

    “ဒီညောင်ပင် မှာ ရှိတဲ့ သရဲမ နင် ဒီ အပင်ကိုပဲ ပြန်ရောက်တာဆို ငါ့ရှေ့ ခု ချက်ချင်းပေါ်စမ်း ‘

    မောင်ဘိုးထင်၏ စကားဆုံးသော အခါ  ညောင်ပင်ကြီးသည် လေမတိုက်ပါပဲ ညောင်ကိုင်း ညောက်ခက်များမှ ပြင်းထန်စွာလှုပ်ရှားနေလေရာ  ဖိုးထွေးတို့သည်ပင် ထိတ်လန့်လာလေသည်။

    “ဘိုးထင် မင်းဟာက ဟုတ်ကော ဟုတ်လို့လား ငါတို့ ပြေးများ ပြေးရတော့မလား ‘

    “နေစမ်း ပါဦးဗျာ “

   “ညောင်ပင်တွေက တအားလှုပ်နေလို့လေ ‘

“ညောင်ပင် လှုပ်တာမှ လာကြောက်နေသေးတယ် “

    မကြာသောအချိန်တွင် ညောင်ပင် ထဲမှာ နနွင်းများ ဝါထိန်နေအောင်လိမ်းထားပြီး ဆံပင်ဖားလျားချထားကာ မျက်လုံးတို့မှ မဲ နက်နေသော သရဲမ တကောင် ထွက်လာလေသည် ၊ သရဲမသည် မောင်ဘိုးထင်တို့ ၏ မလှမ်းမကမ်းတွင် ရပ်ကာ မောင်ဘိုးထင်အား ငေးကြည့်နေလေသည်။ထို့နောက် မောင်ဘိုးထင်သည်

    “ကဲ သရဲမကြီး ငါနင့်ကို ခိုင်းစရာရှိတယ် နင့်ကို အမဲသားကျွေးမယ် ငါခိုင်းတဲ့ အတိုင်း လုပ်မှာလား “

  သရဲမသည် ခေါင်းကိုသာ ဖြည်းညင်းစွာ ညိတ်လေသည်။

    “ငါက အမဲသား အများကြီးတော့ မကျွေးနိုင်ဘူး ငါးဆယ်သား လောက်တော့ ကျွေးနိုင်တယ် ရလား “

  သရဲမသည်လည်း   ခေါင်းညိတ်လို့ လက်ခံနေပြန်၏။

    “ငါ နင့်ကို ခိုင်းမှာ ငါ့အဘ မသိဘူးနော် အဲ့တာ နင် ငါထားတဲ့ နေရာမှာ ပဲ နေရမယ် “

    မောင်ဘိုးထင် ဘာပြောပြော သရဲမကြီးသည် ခေါင်းကိုသာ ညိတ်ပြီး လက်ခံနေလေရာ မောင်ဘိုးထင်ကိုယ်တိုင် အံဩလာရသည်။သို့ပေမဲ့ သူတို့ အတွက် အခက်အခဲ မရှိသည် မို့ တော်သေးသည် ဟု စိတ် ထဲ မှ မှတ်ထားလိုက်ပြီး မေ့နေပြီဖြစ်သည့် သရဲမ ၏ နာမည်ကို နောက် တခါ ပြန်မေးလိုက်လေသည်

    “နင့် နာမည်ကို ငါမေ့နေလို့ ပြောစမ်း ပါဦး  “

    “မြ….ခင်….”

    “အော် ဟုတ်သား ကျုပ်အမေ နာမည်နဲ့ တူတာကို ကဲ ခင်ဗျား ကျုပ်တို့ နဲ့ မလှမ်း မကမ်းက နေ လိုက်လာခဲ့တော့ ‌ဗျာ ကြားလား”

    သရဲမကြီးသည် မောင်ဘိုးထင်ကို ကြည့်ကာ နောက်ထပ် ခေါင်းပဲညိတ်ပြီး လက်ခံလေသည်။ ထို့နောက် မောင်ဘိုးထင်တို့သည်လည်း သရဲမကြီးအား ခေါ်လာပြီး ပေပင်ရွာဆီသို့ ပြန်လည် ဦးတည်လိုက်ပါလေတော့သည် ။

    ◾အခန်း(၈)

    မနက်ခင်း ဝေလီ ဝေလင်းတွင် ဖုတ်ဝင်နေသော ဦးသန်းလှိုင်သည် နွားနှစ်ကောင် ကို ဆွဲပြီး တောသို့ ဝင်လာလေသည် ။ တောထဲ ရောက်သည် နှင့် ထုံးစံ အတိုင်း နွားများကို ကွင်းပြင်တွင် ချည်ကာ  သူသည် ရုံးပင် အောက်တွင် အိပ်နေသည် ၊ သူ မသိသည်က ရုံးပင် နှင့် မလှမ်းမကမ်း ရှိ သစ်ပင်တန်းများ အနားတွင် မောင်ဘိုးထင်တို့ ရောက်နေခြင်းကိုပင်၊ မောင်ဘိုးထင်သည်  သူတို့ ၏ မလှမ်း မကမ်း တွင် ရပ်နေသော ညောင်ပင်မှ သရဲမ ကြီးကို ခေါ်ကာ

    “ကဲ နင်လုပ်ရမဲ့ တာဝန်ကာ ရုံးပင် အောက်မှာ အိပ်နေတဲ့ သူရဲ့ ကိုယ်ထဲ ဝင်နေတဲ ဖုတ်တကောင်ကို တိုက်ထုတ်ပြီး နင်က အဲ့ ဖုတ်ကောင်ထဲ ဝင်ဖို့ ပဲ “

    “ဘိုးထင် ဝင်ပြီးသွားမှ သူက ပိုဆိုးနေရင် ဘယ်လို လုပ်မလဲ မဝင်ပဲ နေခိုင်းရင် ကောင်းမလား “

    “အဲ့ဒီလို ဆိုကောင်းတာပေါ့ ဒါပေမဲ့ ခင်ဗျား သိတဲ့ အတိုင်းပဲ ပေတူးကို လည်း ကြည့်ရအုံးမယ်လေ ဗျာ သူ့အဘ သာ ဒီထဲမှာ သေနေတာ ကို တွေ့ ရင် အဲ့ဒီကောင် အတော်ခံစားနေရမှာဗျ”

    မောင်ဘ်ိုးထင်စကား ကြားသော အခါ ကျန်သူများ မည်သည့်စကားမှ မပြောပဲ အတန်ကြာအောင် ငြိမ်နေကြသည် ။ ထို့နောက် မောင်ဘိုးထင်သည် သရဲမအား ကြည့်ကာ

    “ခင်ဗျားက ယောကျာ်း တယောက်လို ပြုမူရမယ်နော် လူတယောက် ကိုယ်ခန္ဓာထဲ ရောက်တာနဲ့ လူ့ဘဝက မိန်းမဖြစ်ခဲ့တာကို သတိမရသွားနဲ့ ဦး ခင်ဗျား ဒီကိုယ်ထဲ နေချိန် သာမာန်သူ စားသလောက် ပဲ စားရမယ် ကြားလား ‌”

    မောင်ဘိုးထင်၏ စကားကို သရဲမ ခေါင်းညိတ်လိုက်ပြရာ မောင်ဘိုးထင်သည် သူ၏ ခေါင်းကိုကုတ်လိုက်ပြီး

    “နင်ကလည်း ငါဘာပြောပြော ခေါင်းပဲ ညိတ်နေတာပဲ ကဲ နင်သွားပြီး ဖုတ်ကောင်ကို ထုတ်ပြီး သူ့နေရာမှာ ဝင်နေပေတော့”

    သရဲမသည် မောင်ဘိုးထင်၏ စကားဆုံးသည် နှင့် ရုံးပင် အောက်သို့ ချက်ချင်း ရောက်သွားကာ ဦးသန်းလှိုင်၏ လည်ပင်းကို ညှစ်ပြီး ကိုယ်လှုပ်လိုက်ရာ အမဲ အရိပ်တခု ထွက်သွားသည် နှင့် သရဲမသည်လည်း အမဲ အရိပ်တခု အဖြစ်ပြောင်းလဲ သွားကာ ဦး သန်းလှိုင်၏ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သွားပါလေတော့သည် ။

    ◾အခန်း(၉)

    ပေတူးသည် သူ၏ အဘ နောက်သို့ နေမြင့် ချိန်တွင် လိုက်လာသည် ၊ ယခုသူတွေ့ လိုက်ရာသော မြင်ကွင်းကြောင့် အံဩနေရသည် ။ သူ၏အဘမှာ ထယ်ကို ကောင်းမွန်စွာ ထိုးနေသည် ထို့နောက် နေကို မော့ကြည့်ကာ ထယ်ကောက်ထားသည်ကို ဖြုတ်လိုက်ပြီး နွားနှစ်ကောင်ကို ဆွဲပြီး ပေတူး အနားသို့ ရောက်လာသည်။ထို့နောက် ပေတူးကို မြင်သောအခါ ပြုံးပြလိုက်ပြီး ချောင်းတချက်ကို ဟန့်ကာ

    ” အဟမ်း ကောင်လေး မင်း ဘာလို့ လိုက်လာတာလဲ “

    “အဘ အသံကြီးက ဘယ်လို ဖြစ်နေတာလဲ အသံက သေးနေသလို ပဲ “

    ပေတူးသည် ထိန်း၍ စကားဆိုလိုက်ရခြင်းဖြစ်သည် သူ၏ အဘ အသံသည်က မိန်းမ အသံနှင့် တူသည်ဟုပြောချင်ပေမဲ့ မပြောပါ ထိုအခါ ဦးသန်းလှိုင်သည် ချောင်းတချက်ကို ထပ်ဟန့် လိုက်ကာ

    “အေးကွာ အသံ ဝင်နေလို့ ထင်တယ် လာပြန်ကြ‌ရအောင်”

    “ဟုတ် ဟုတ်အဘ အဘ အတွက် အမေက အမဲသား ဟင်းချက်ထားတယ်  “

    ဦးသန်းလှိုင်သည် အမဲသားဟု ပြောသောအခါ ရုတ်တရက် ဝမ်းသာသွားပြီး စကားဆိုမယ် ကျန်ပေမဲ့ တခုခုကို တွေးတောဟန်ဖြစ် သတိပြုလိုက်ကာ

    “အေး နောက်နေ့တွင် မင်းအမေကို ပြောထား ငါ့အတွက် ဆိုပြီး ဟင်းကောင်းတွေ ချည်း ချက် မနေနဲ့ အရင် အတိုင်းပဲ ပုံမှန် ချက်လို့ ပြောကွာ “

     ပေတူးသည် သူမထင်ထားသော စကားအား သူ၏ အဘမှ ပြောလိုက်သော အခါ ပျော်ရွှင်သွားရ၏ ယခု သူ၏ ရှေ့မှ နွားဆွဲသွားသော အဘ အား‌သေ ချာကြည့်လိုက်သည် ။ လမ်းလျှောက်သည်မှ တမျိုး ဖြစ်နေဟည်ဟု ခံစားလိုက်ရသည် ထိုစဉ်

    “ကောင်လေး မင်း အိမ်အရင် ပြန်ကွာ မင်းသူငယ် ချင်း      ဘိုးထင် ကို သွားခေါ် ငါတို့ နဲ့ ထမင်း တူတူ စားရအောင်လို့ “

    “ဗျာ အဘ ဘာဖြစ်လို့လဲ ထူးထူး ဆန်းဆန်း “

    “ဘာမှ မဟုတ်ပါဘူးကွာ မင်းသူငယ် ချင်းကို တောင် မင်းက မခေါ် ချင်ဘူးလားကွ”

    “ဟ မဟုတ်တာ အဘရ ကျုပ်သွားခေါ်ပါ့မယ် အဘ အိမ်မှာ စောင့်နေ ကျုပ် အဘချိုးဖို့ ရေခပ်ထားတယ် “

    “အေးအေး အဘ နွားတွေ ရေတိုက် ပြီး။ရေချိုးထားလိုက်မယ် မင်း နဲ့ ဘိုးထင် လာမှ ထမင်းစားမယ်ကွာ  “

    “ဟုတ်ဟုတ် အဘ အဲ့တာဆို ကျနော် အရင် မြန်မြန် သွားလိုက်ဦးမယ် “

    “အေးအေး “

    ပေတူးသည် သူ၏ အဘ၏ ထူးထူး ဆန်းဆန်း။ဟန် အမူအယာ များကြောင့် အံဩနေရပေမဲ့ ထမင်းစားမယ်ဟု သာပြောနေရမှ ယခု စကားတွေ အများကြီး ပြောလာ၍ ဝမ်းသာနေရသည် ထို့နောက် တခါမှ မခေါ်ခိုင်းဖူးသော ဘိုးထင်နှင့် ထမင်းတူတူ စားမယ်ဟု သော ထူးထူးဆန်းဆန်း အပြု အမူကို သေချာ မတွေးတော့ပဲ မောင်ဘိုးထင်၏ အိမ်ကို သာ သုတ်ချေ တင်လိုက်ပါလေတော့သည် ။

    ◾အခန်း(၁၀)

    ပေတူးသည် မောင်ဘိုးထင်၏ နေအိမ်သို့ သွားရင်း ရွာအဝင်တွင် လေးဂွ တလက် နှင့် ငှက် ပစ်နေသော သာအေး နှင့် မောင်ဘိုးထင်အားတွေ့ရာ

    “ဟေ့ကောင် ဘိုးထင် မင်းကိုတွေ့တာ နဲ့ အတော်ပဲ “

    “ဟေ့ ပေတူး မင်းက ပြုံးလို့ပျော် လို့ပါလားဟ”

    “ငါ့အဘ နေပြန်ကောင်းပြီ ထင်တယ်ကွ “

    “ဘာလို့ လဲ ဟ”

    “ငါအဘက အရင်က စကားသိပ်မပြောဘူး အလုပ်လည်း မလုပ်ဘူး တောထဲသွားပြီး အိပ် အိပ်နေတာ ဒီနေ့တော့ အလုပ် လုပ်လည်းလုပ်တယ် စကားတွေလည်း ပြောတယ်ကွ အစားလည်း သိပ်မငမ်းတော့ဘူး အခုတောင် မင်းကို ထမင်း တူတူ စားချင်လို့ ခေါ်ခိုင်းလို့ မင်းအိမ်သွားခေါ်မလို့”

    “ဟေ့ကောင် ပေတူး မင်းအဘက ဘိုးထင်ပဲ ခေါ်တာလား ငါ့ကို မပါဘူးလား”

    “မင်းကို တော့ မပါဘူးကွ ငတ်နေရင်လည်း အိမ်မှာ လိုက်စားပေါ့ကွာ ‘

    “မစားပါဘူးကွာ ငါအိမ်မှာ ဝက်သားချက်တယ် “

    “ချက်ရင် လည်း ပြန်တော့ ငါ ဘိုးထင်ကို အိမ်ခေါ်သွားတော့မယ် ငါ အဘက နောက်က နွားဆွဲ ပြီး လိုက်လာတယ် လာလာ ဘိုးထင် မင်းက တခါတည်း အိမ် လိုက်ခဲ့”

    ပေတူးသည် မောင်ဘိုးထင်၏ လက်ကို ဆွဲကာ သူ၏ နေအိမ်သို့ ပြေးလွှားသွားနေ သည် ထို့နောက် အိမ်သို့ ရောက်သောအခါ သူ၏ မိခင်ဖြစ်သူကို ဝမ်းပန်းတသာ ခေါ်ရင်း

    “အမေ အမေ “

    “ပေတူး နင်က အလန့်တကြား ဘာဖြစ် လို့လဲ “

    “ဘာမှ မဖြစ်ဘူး အမေ ရေ အဘ လေ အဘ “

    “နင်ကြည့်ရတာ အတော် အူမြူးနေပုံ ပဲ ပြောစမ်းပါ ဦး နင့်အဘ ဘာဖြစ်လို့ လဲ “

    “ဘာဖြစ်ရ မှာလဲ အမေရ အဘက အခု အကွက်ထဲမှာ ထယ်လည်း ထိုးတယ် ပြီးတော့ ကျုပ်ကို လည်း ပုံမှန်စကားပြောတယ်ဗျ”

“ဟယ် ဟုတ်လား ကိုသန်းလှိုင် ပြန်ကောင်းသွားပြီ ထင်တယ်‌ အရပ် ထဲက လူတွေက ပေါက်ကရ အတော်ပြောတာ “

    “ထားလိုက်ပါ အမေရာ ထမင်းပြင် ခဏနေ အဘ လာတော့မှာ ဒီမှာ ဘိုးထင် လည်းထမင်းစာမှာ”

    “အေး အေး ငါပြင်လိုက်မယ် “

    ပေတူး နှင့် သူ၏ အမေ ပျော်ရွှင်နေသည်ကို ကြည့်ပြီး မောင်ဘိုးထင် ငေးမောနေသည် ။ ညောင်ပင်မှ သရဲ မသည် တော်သည်ဟု မောင်ဘိုးထင် တွေးက ပြုံးလိုက်မိသည် ၊ သူမြင်ချင်သည်မှာလည်း  ယခုလို မြင်ကွင်းမျိုး ဖြစ်သည် မဟုတ်ပါလား ၊ ဤသို့ နှင့် မကြာသော အချိန် တွင် ဦးသန်းလှိုင် နွားနှစ်ကောင်ကို ဆွဲလို့ အိမ်ဝိုင်းထဲ ဝင်လာသည် ထို့နောက်  ‌နွားနှစ်ကောင် ကို တင်းကုတ်ထဲတွင် ချည်ကာ ရေခပ်တိုက်လိုက်ပြီး အိမ်ပေါ်သို့တက်လာလေသည် ၊ဦးသန်းလှိုင်သည် အိမ်ပေါ်တွင် ထိုင်ရင်း ဟိုကြည့် ဒီကြည့် လုပ်နေစဉ် သူ၏ ဇနီးသည် ရောက်လာပြီး

    “ကိုသန်းလှိုင် ဘာတွေ ငေးနေတာလဲ ရေချိုးလေ ပြီး ရင် ထမင်းစား ကြရအောင် “

    “အင်း အင်း ညီမ “

    “ဘယ်လို ခေါ်လိုက်တယ် ကျမကို ညီမ ဟုတ်လား ကိုသန်းလှိုင်ကတော့လေ စကားမပြောတော့ မပြောဘူး ပြောပြန်တော့လည်း ညီမ တွေ ဘာတွေပါ ခေါ်လို့ “

    “ယောင်သွားလို့ပါဟာ ဘိုးထင် ရောက်ပြီလား “

    “ရောက်ပြီ ထမင်းစားပွဲမှာ ရှင့်ကို စောင့်နေတယ် အဲ့ဒီကလေးတွေ ထမင်း အတော် ဆာ နေပုံပဲ ကျမလစ်တာ နဲ့ ဟင်း တယောက် တဖက် ပါးစပ် ထဲ ရောက်ပြီးသားပဲတော်”

ကိုသန်းလှိုင်သည် သူ၏ ဇနီးသည် ပြောစကားကို နားထောင်ပြီး ပြုံးကာ

    “ညီမရေ ဟုတ်ပါဘူး ဘယ်သူ ဟို ငါ့မိန်းမ ရေလဲ ထမိန် ဟုတ်ပါဘူး ပုဆိုးလေး”

    “တော် ကိုသန်းလှိုင် ဟာသ တွေ လာလုပ်နေတယ် မြန်မြန် ချိုး ထမင်းစားရအောင် ကျမ မီးဖိုးချောင်ထဲက စောင့်နေမယ် “

     “အေး အေးပါ “

    သရဲမ သည် လူ၏ ကိုယ်ခန္ဓာ ထဲဝင်ရောက်သောအခါ လူဘဝကို ပြန်အမှတ်ရလာပြီး ပါးစပ်ထဲ မှ လွှတ်ခနဲ ပြောမိနေသည်။ထို့နောက် သူ၏ ပါးစပ်ကို သူတချက် ရိုက်လိုက်ကာ အိမ်ပေါ်မှဆင်းသွားပါလေတော့ သည် ။

    ◾အခန်း(၁၁)

    ပေတူးတို့အိမ်၏ ထမင်းဝိုင်းလေးသည် ဟင်းမျိုးစုံလှပေသည် ။ဦးသန်းလှိုင်အား ပေတူး နှင့် သူ၏ အမေသည် အတော်ကို ဂရုတစိုက် ရှိလှ ပေသည်

    “ကိုသန်းလှိုင် ဒီက အသားကောင်းလေး စား “

    “ရော့အဘ အဘ ကြိုက်တဲ့ ဘဲဥ”

    ကိုသန်းလှိုင် ကိုယ်ခန္ဓာထဲဝင် နေသော သရဲမ မြခင်သည် ထမင်းပန်းကန်ထဲ မှ ရှိသော ထမင်း နှင့် ဟင်းကို ကြည့်ပြီး အားရဝမ်းသာ ဖြစ်နေရှာ၏  ယခုလို ဟင်းကောင်းထမင်းကောင်းနှင့် ထမင်းမစားရသည်မှာ ကြာနေပြီဖြစ်သည် ၊ ဟင်းကျန် ထမင်း ကျန်လေးများအား ကောက်စားရသည် မကျွတ်မလွတ်ဘ၀နှင့် ဆာလောင် နေရသည် မှာလည်း အကြိမ်ကြိမ် ဖြစ်၏ ယခုတော့ လူ့ဘဝ မှ သားဖြစ်သူသည် သူ့အား ယောက်ျား တ‌ယောက်၏ ကိုယ်ထဲ နေစေသည့် အတွက် အတော်ကို အဆင်ပြေနေပြီး ကောင်းကောင်း မွန်မွန် နေမည်ဟုလည်း ဆုံးဖြတ်ထားသည် ။ဤသို့ ဖြင့် သူ၏ ရှေ့တွင် ရှိနေသော မောင်ဘိုးထင်ကို တလှည့် ပေတူးကို တလှည့် ပေတူး၏ အမေကို တလှည့် ကြည့်ရင်း မောင်ဘိုးထင်၏ ထမင်းပန်းကန် ထဲသို့ အမဲသားတုံးကို ထည့်ပေးလိုက်ကာ

    “သားလေး စားနော် ဝအောင်စား နောက်နေ့လည်း အမေ တို့ဆီ လာစား “

    ပေတူးတို့ သားအမိသည် သူတို့၏ ဖခင်ကြီး၏ ပြောစကား‌ေကြာင့် ထမင်းစားနေရမှ  ဘိုးထင်ကို တလှည့် ဦးသန်းလှိုင်ကို တလှည့် ကြည့်နေပါလေတော့သည် ။

    ◾အောက်လမ်းဘိုးထင် နှင့် ပေတူး အဘ သည်က ဤမျှသာ

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း