အားကြီးတော် တာဗ်။ “မပါပါဘူးကွာ၊ မင်းတို့ကို ငါပါတယ် လို့ ဘယ်သူပြောတုံး” ကျုပ်က ဒီကိစ္စတွေကို အခုထိ အုပ် ထားတာဆိုတော့ ပြောင်ငြင်းရတာ ပေါ့ဗျာ။ “တောင်ပိုင်းက ကိုသိန်းဇော် ပြော တာဗျ၊ သူလည်း တိတိကျကျ သိ တာတော့ မဟုတ်ဘူးဗျ၊ တာတေ ပါနိုင်တယ်လို့ပဲ ပြောတာပါဗျာ” “အလကားပါကွာ၊ သူထင်တာကို လျှောက်ပြောတာပါ။ ငါလည်း အဲ ဒီကိစ္စကို သူများပြောမှသိတာပါ” “နေပါဦး ကိုကြီးတာတေရဲ့၊ ဘိန်းစား ဘစိန်ကြီးကို မဖဲဝါ ဂုတ်ချိုးသတ်တုန်း ကလည်း ...
အလိုက်သိတတ်သော သူရိယကို သဘောကျကာ “ဦးဖိုးဝေ ခင်ဗျား တပည့်ကို ကျုပ်ကို ပေးလိုက်ပါလားဗျာ ကျုပ် အတော်ကို သဘောကျနေပြီဗျ ” “ဘာတွေ သဘောကျတာလဲ ဘိုးတော်ပေရ ခိုင်းကောင်းလို့လား ” “ဟာ မဟုတ်ပါဘူးဗျာ ခင်ဗျားပြောမှ သူရိယ ကျုပ်ကို တမျိုးမြင်နေပါဦးမယ် ” ဦးဖိုးဝေသည် ဘိုးတော်ပေအား စနောက်ပြီး စကားဆိုလိုက်ခြင်းဖြစ်၏ ။၊ သို့သော်လည်း ဘိုးတော်ပေသည်က သူရိယအား အားနာနေလေသည် ၊၊ ထို့နောက် သူတို့ တွင် ပါလာသော လွယ်အိတ်များကို ကိုယ်စီခေါင်းအုံး ...
ကောင်လည်းပါတယ်တဲ့” “ဟာ ဒီကောင် ကျောက်ခဲ ငါကအဟုတ်မှတ်လို့ ဝိုင်းထဲက သစ်ပင်တွေမှာ ကျိးကန်းနားတာဘာဖြစ်တုံးကွ၊ ဒါများအထူးအဆန်းလုပ်လို့ကွာ လာ လာ ဒီမှာပဲ မီးလှုံကြ” “ဟာ ကိုကြီးတာတေ ကလည်း ကျုပ်စကား တောင် မဆုံးသေးဘူးဗျ” “ဟေ ဒါဆိုလည်း ဆက်ပြောကွာ” “ကျီးကန်းက ငါးကောင် ခြောက်ကောင် ရှိသတဲ့ဗျ။ အားလုံးတောကျီးကန်းတွေကြီးပဲတဲ့။အကောင်တွေကလည်းတော်တော်ကြီးသတဲ့ဗျ။ဘလေးချစ်ခိုင်က ဝိုင်းထဲဆင်းအလာမှာ ကျီးကန်းတစ်ကောင်က “အာ အာ အာ” ဆိုပြီး အသံမာမာကြီးနဲ့ အော်လိုက်သတဲ့ဗျ။ ဘလေးချစ်က ဒီကျီးကန်းက အော်တာကြီးက တမျိုးပါလားဆိုပြီး သရက်ပင်ပေါ်မော့ကြည့် ...
အမြစ်ခေါင်းမှာ ဘီလူးမျက်နှာ ပေါ်လာပါတယ်။ ဒီလို ဖြစ်လာရင်တော့ အဲဒီစပါးလင်အပင်မှာ အမဲသားငါး ကျွေးပေးရပါတယ်။ ခြံပိုင်ရှင်က မှန်မှန်ကျွေးထားရင်တော့ သူ့ရဲ့ ခြံထဲကို ဘယ်သူမှ မကပ်ရဲအောင် ခြောက်လှန့်တတ်ပါတယ်။ ခြံထဲဝင်လာလို့မရအောင်လည်း ခြောက်လှန့်လွှတ်တတ်ပါတယ်။ ဒါပေမဲ့ အစာကျွေးဖို့ မေ့နေတာဖြစ်ဖြစ် မကျွေးမိတာပဲ ဖြစ်ဖြစ် အဲ့အခါကျရင်တော့ ခြံပိုင်ရှင်ကို အသက်သေတဲ့အထိ ရန်ရှာတတ်ပါတယ်။ ဦးသာလှကတော့ ဒီလိုမွေးဖို့ မစဥ္းစားပါဘူး။ သူက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရမှာ ဆိုတော့ အမြန်လမ်းကိုပဲ လိုက်ရမှာပါ။ ဒါကတော့ မကျွတ်မလွတ်တဲ့ ပရလောကသား တစ်ကောင်ကို ချုပ်ထားပြီး ...
စေတနာရှိသော်ငြား ယောကျာ်းဖြစ်သူကိုနှာခေါင်းရှုံ့ကြသည်။ မုဆိုးမအဖြစ်ရောက်လာသောမထွေးမှာအရပ်တကာလှည့်အဝတ်လျှော်သော်လည်း အဆင်ပြေတလှည့် မပြေတလှည့်။ ငွေအနည်းငယ်ရလာသည့်ရက်ဆိုလျှင် သားတွေက ” အမေ…အမေ ” နှင့်ပါးစပ်ဖျားကမချသော်လည်း ငွေမကပ်ချိန်ဆိုလျှင် မထွေးကိုရှိသည်ဟုပင်မထင်ချေ။ ထို့ကြောင့် ခဝါသည်လုပ်ရင်း သားနှစ်ယောက်ကြောင့် အိမ်မှာမပျော်ပိုက်တော့သောမထွေးကို ကျွန်မအိမ်၌ခေါ်ထားခဲ့ခြင်းဖြစ်သည်။ ဤသည်ကိုပင် မထွေးမှာ လစာရသည့်ရက်များဆိုလျှင် သူ၏သားတွေအတွက် လိုအပ်သည်များဝယ် ခြမ်းသွားတတ်ပြန်၏။ တစ်ညတန်သည် နှစ်ညတန် သည် အိမ်ပြန်သွားတတ်သည်။ ထိုရက်များဆို ကျွန်မလက်ကျိုးသောနေ့ပင်။ အပြင်ထွက်အလုပ်လုပ်နေရသောကျွန်မမှာ သမီးနှစ်ယောက်ဝေယျာဝစ္စကို မလှစ်ဟင်းစေရန်ဂရုပြုရသဖြင့် ယားလို့ကုတ်ချိန်ပင်မရှိလှချေ။ သမီးတွေကငယ်ရွယ်သေးသဖြင့်လည်း ဗျာပါများလှ၏။ မထွေးပြန်လာချိန်ဆိုလျှင် နောက်ပိုင်းအ်ိမ်ကိစ္စလှည့်ကြည့်စရာမလိုသဖြင့် စိတ်ဖြောင့်ဖြောင့်အလုပ်လုပ်နိုင် ခဲ့သည်။ ...
ကာင်္သချိုင်းကုန်းဘက်လှည့်၍ပုဆိုးမကာကလော်တုတ်လိုက်လေသည်။ ”’ငါ××###$$$$##××” သူအားရအောင်ဆဲလာကာအိမ်ပြန်ရောက်လာသည်။ ထိုညသန်းခေါင်အချိန်လောက်တွင်သူအိမ်မှာမွေးထားသောခွေးများရော ရွာထဲခွေးများပါအူလိုက်ကြသည်မှာထိတ်လန့်ဖွယ်ဖြစ်သည်။ နောက်ဆုံးသ့ူအိမ်ရှေ့တွင်ခွေးများတစုံတခုကိုတွေ့လို့ထိုးဟောင်နေသလိုဟောင်လိုက်အူလိုက်နှင့် ဆူညံနေတာကြောင့်သူဓတ်မီးယူ၍ခြံထဲဆင်းကြည့်လိုက်သည်။ ထိုအခါသူ့ခြံရှေ့တွင်လူရိပ်တရိပ်ကိုမြင်လိုက်၍သူအော်မေးလိုက်သည်။ ”ဟေ့ဘယ်ကောင်လဲကွ—–ငါ#$$$##$”” သူအော်၍လူရိပ်သည်ပျောက်သွာသောအခါသူကလော်တုတ်ကာပြန်အိပ်လိုက်သည်။ သူမှေးကနဲအိပ်ပျော်ကာစရှိသေးသည်။အိမ်မက်လိုလိုတကယ်လိုလိုနှင့် သူ့အိမ်ဝင်းထဲသို့ဗလကောင်းကောင်းဂင်တိုတိုကြောက်စရာကောင်းသောလူတယောက်ဝင်လာကာသူ့အား ”’ ဟေ့လူ—–ခင်ဗျားဘာလို့အခြောက်တိုက်ဆဲနေတာလဲ””’ ””ခင်ဗျားကကောဘယ်သူလဲကျူုပ်ခြံထဲဘာကိစ္စခွင့်မတောင်ပဲဝင်လာတာလဲ””’ ”” ””’ ငါကလဲမင်းလိုပဲလောင်းကစားသမားအရက်သမားလူမိုက်တယောက်ပေါ့ကွာ——-တနေ့မှာတခြားရွာကိုဖဲသွားရိုက်ရင်းရှုံးမဲမဲပြီးရန်းလို့——အဲရွာကလူမိုက်တွေဝိုင်းသတ်လို့သေသွားတာကွ””’ ””ဒါဆိုခင်ဗျားကသရဲပေါ့——ကျူပ်အိမ်မှာကလေးတွေရှိတယ်လန့်ကုန်မယ်ခင်ဗျားသွားတော့” ‘ ””’အေးသွားမှာပါငါမင်းကိုအကူအညီပေးမလို့ပါ——မင်းစီးပွားရေးလုပ်တာငါကူညီမယ်—–မင်းကငါ့ကိုမင်းဆီမှာခေါ်ထားပေး—-မင်းစီးပွားဖြစ်စေရမယ်ငါကတိပေးတယ်——-”” ‘သရဲစကားကြားတော့သူစိတ်ဝင်စားသွားသည်ခုတလောအဖမ်းအဆီးများ၍သူအလုပ်မဖြစ်ပါ——- ရဲနဲ့သူနဲ့စိမ်ပြေးတမ်းကစားနေသလိုဖြစ်နေသည်။ မကြေနပ်သူတွေကလဲရဲသွားအကြောင်းကြား၍သူသွားရောင်းမည့်ရွာနားရဲများခြေခြင်းလိမ်နေသည်။ ဒါနဲ့သရဲအားသူသွေးတိုးစမ်းလိုက်သည်။ ””ခင်ဗျားကဘယ်လိုကူညီမှာတုန်း””’ ””မင်းလက်ခံတယ်ဆိုရင်—-ငါကရဲကိုရှင်းမရှင်းသွားကြည့်ပေးမယ်လေ””’ ””ကောင်းပြီခင်ဗျားကိုဘာလုပ်ပေးရမလဲ”” ””လွယ်ပါတယ်မင်းဘဲအင်းရွာသွားရင်ဖြတ်သွားရတဲ့င်္သချိုင်းကုန်းထဲက—–အကြီးဆုံးအပင်ကြီးအောက်ကိုသွား အဲအပင်ရဲ့ညာဘက်ခြေ၁၀လှမ်းလောက်ရှောက်လိုက်ရင် မြေကြီးကိုနဲနဲစွကြည့်——– အဲဒီမှာငါ့လက်ဖျံရိုးတချောင်းနဲ့ခြေထောက်ရိုးတချောင်းတွေ့လိမ့်မယ်အဲဒါမင်းအိမ်ယူလာပြီး အပင်တပင်အောက်တွင်းတူးပြီးထားပေးပါ——””” ””’အေးလေခင်ဗျားပြောသလိုသွားကြည့်ပြီးလုပ်ပေးမယ်ဘာစီးပွားမှမဖြစ်ပဲ—–ကျုပ်အဖမ်းခံရလို့ကတော့——–အမှုန့်ကြိတ်ပြီးခွေးစာကြွေးပြစ်မယ်—–”” ””—-စိန်လိုက်လေခင်ဗျားအလုပ်ဖြစ်လဲကျုပ်ကိုအစာကြွေးအုံးနော်—”’ ထိုသို့သရဲနှငါ့ဦးမုန်တိုင်းအပေးအယူတည့်ကာသူလဲအိမ်မက်ကလန့်နိုးသွားလေသည်။ နောက်ရက်တွင်းဦးမုန်တိုင်းတယောက်သူ့ရွာနှင်ဘဲအင်းရွာကြားကင်္သချိုင်းကုန်းသို ပေါက်တူးတလက်နှင့်သူ့လက်စွဲတော်ဌက်ကြီးတောင်ဓါးအားယူ၍ထွက်လာသည်။ သရဲပြောသည့်အတိုင်းင်္သချိုင်းကုန်းထဲကအကြီးဆုံးအပင်ဆီသို့သွားကာ အပင်အောက်ရောက်တော့ညာဘက်သိုခြေ၁၀လှမ်းခန့်ရှောက်လိုက်သည်။ ...
အလိုလိုက် အကြိုက်ဆောင်ကာ ဖူးဖူးမှုတ်ထားခဲ့လေသည်။ “သမီးရေ ခင်နှောင်း” “ရှင် အမေ” “လာပါဦးကွယ် “ “ဟုတ်” မိခင်ဖြစ်သူ လှမ်းခေါ်သောကြောင့် အိမ်ခန်းထဲဝင်ကာ အလှပြင်နေသော ခင်နှောင်းတစ်ယောက် လုံချည်လေး ပြင်ဝတ်ရင်း မိခင်ရှိရာ လျှောက်လာခဲ့သည်။ သမီးဖြစ်သူ ရောက်လာသည်နှင့် ဒေါ်လှနု တစ်ယောက် သမီးဖြစ်သူကို စေ့စေ့ကြည့်ကာ “သမီး မျိုးဝင်း ဆိုတဲ့ ကောင်လေးနဲ့ ဖြစ်နေတယ် ဆိုတာ ဟုတ်လား “ “ဟာ အမေကလည်း ခုနက အဖေလည်း ဒါပဲ မေးတယ်။ ...
ဓားကို ပုခုံးပေါ်ထမ်းပြီး နောက်မှ လိုက်သွားသည် ။ ပေတူးသည် ဓားထမ်းပြီး လိုက်လာသော မောင်ဘိုးထင်ကို တချက် စောင်းငဲ့ကြည့်ကာ “ဘိုးထင် ထည့်စရာ ဘာပါလဲ “ “ဘာမှ မပါဘူး “ “ထင်သား ဟိုအနားက ဝါးတလုံး သွားခုတ်ချေ “ “မင်းဘာသာ သွားခုတ်ပါလား “ “သွားဆို သွားခုတ်စမ်းပါကွာ မင်းက လျှာကို ရှည်တယ် မင်းက ငှက်ပစ်တဲ့ နေရာမှာသာ ဆရာတဆူ ...
တစ်ညထဲ သုံးခါမက်တယ်တော့်” “ဟယ်…အဆန်းပါလား ညည်းအိမ်မက်က” “အဲ့တာကြောင့်ပြောတာပေါ့…ကျုပ် မက်တဲ့အိမ်မက်ကို ဆိုးရိမ်လို့ ဘွားဆီလာမေးတာ အရီးရဲ့” “ဘာတွေများမက်လို့တုန်းအေ့” ဘွားမယ်စိန်ကမေးလိုက်ခြင်းဖြစ်သည်။ ဒေါ်ဝင်းကတော့ ကွပ်ပျစ်နံဘေး၌ မတ်တပ်ရပ်လျှက်နားထောင်နေ၏။ “ဒီလိုဘွားရေ…ကျုပ်အိမ်မက်ထဲမှာလေ…ကျုပ်ယောကျာ်း ကိုကံပေါ်လယ်တောစပ်မှာ ဓားကြီးတန်းလန်းနဲ့သေနေတယ်လို့မက်တာတော့်…” ဟု…ပြောလေသည်။ “ဟယ်…ညည်းအိမ်မက်ကလည်းကြောက်စရာကြီးပဲ” “ဟုတ်တယ်အရီး…ကျုပ်အဲ့တာကိုတညထဲသုံးခါမက်လို့ ဘွားဆီကိုလာပြီး မေးတာပါတော်…..” သိန်းနုပြောသည်များကိုနားထောင်ရင်း ဘွားမယ်စိန်ငြိမ်သက်နေခဲ့သည်။ ခဏကြာမှ… “ဒီရက်ပိုင်း ညည်းယောကျာ်းကို အသွားအလာ ဂရုစိုက်ခိုင်းအေ့….အိမ်မက်ဆိုတာများကလည်းမှန်တတ်တယ်…ဒါမို့ သတိဝီရိနဲ့နေခိုင်းဦး…..” “ဟုတ်ဘွား…ဒါဆို ကျုပ်သူ့ကိုပြောထားပါ့မယ်… ဘုရား…ဘုရား…ကျုပ်ယောကျာ်းဘေးကင်းပါစေတော်….” သိန်းနုတစ်ယောက်သူ၏ယောကျာ်းကံပေါ်အတွက်စိတ်ပူနေလေသည်။ ထိုအချိန်၌ နန်းကြိုင်တစ်ယောက် အိမ်လည်ပြန်ရောက်လာလေသည်။ သူ၏မျက်နှာထက်ရှိသနပ်ခါးသည် မျက်ရည်ကြောင်းများနှင့် စိုစွတ်လျှက်ရှိ၏။ ...
နေကြလေ၏။ တစ်နေ့သ၌ နွားကျောင်းသားသူငယ်ချင်းတို့သည် သရဲဖိုးတေနှင့် ရယ်မောစရာစကား ပြောဆိုနေကြစဉ် ဖိုးဝက“မွန်းတေရယ် – မင်းနဲ့စကား ပြောရတာ လူလည်းမမြင်ရ၊ ဘာလည်း မမြင်ရနဲ့ မင်းရုပ်ကို ငါတို့ တစ်ခါ လောက် ပြစမ်းပါကွယ်”ဟု ပြောသောအခါ သရဲဖိုးတေက “ဟာ-မကြည့် ချင်ပါနဲ့ သူငယ်ချင်းတို့ရယ်”ဟု အတန်တန် ငြင်းဆန်လေ၏။ နေ့စဉ်နေ့တိုင်း ကြည့်ချင်ကြကြောင်းကို ပြောဖန်များလတ်သော် သရဲ ဖိုးတေက “ကဲ-ဒါဖြင့် မင်းတို့ကို ငါ့တစ်ကိုယ်လုံးတော့ မပြလိုဘူး၊ လက် တစ်ဖက်ပဲကြည့်ကြပေတော့။ ကဲ- မျက်စိမှိတ်ထားကြ၊ ငါကကြည့်လို့ဆိုရင် ဟောဟိုက ...