သရဲဖိုးတေနှင့်နွားကျောင်းသား

နေကြလေ၏။
တစ်နေ့သ၌ နွားကျောင်းသားသူငယ်ချင်းတို့သည် သရဲဖိုးတေနှင့် ရယ်မောစရာစကား ပြောဆိုနေကြစဉ် ဖိုးဝက“မွန်းတေရယ် – မင်းနဲ့စကား ပြောရတာ လူလည်းမမြင်ရ၊ ဘာလည်း မမြင်ရနဲ့ မင်းရုပ်ကို ငါတို့ တစ်ခါ လောက် ပြစမ်းပါကွယ်”ဟု ပြောသောအခါ သရဲဖိုးတေက “ဟာ-မကြည့် ချင်ပါနဲ့ သူငယ်ချင်းတို့ရယ်”ဟု အတန်တန် ငြင်းဆန်လေ၏။

နေ့စဉ်နေ့တိုင်း ကြည့်ချင်ကြကြောင်းကို ပြောဖန်များလတ်သော် သရဲ ဖိုးတေက “ကဲ-ဒါဖြင့် မင်းတို့ကို ငါ့တစ်ကိုယ်လုံးတော့ မပြလိုဘူး၊ လက် တစ်ဖက်ပဲကြည့်ကြပေတော့။ ကဲ- မျက်စိမှိတ်ထားကြ၊ ငါကကြည့်လို့ဆိုရင် ဟောဟိုက မန်ကျည်းပင်ကြီးကို ကြည့်လိုက်ကြ”ဟု ပြော၍ အသံပျောက် သွားလေ၏။ မကြာမီ “ကဲ- ကြည့်လိုက်ကြတော့”ဟု ပြောသံကြား၍ ကြည့်ကြလေရာ မန်ကျည်းပင်လုံးဘေးမှ ဆန့်တန်းလျက် ထန်းလုံးခန့်မျှ ရှိသော အမွေးရှည်ရှည်ကြီးနှင့် လက်ကြီးတစ်ဖက်မြင်ရလေလျှင် ပထမ၌ ကြောက်စိတ်မရှိသော်လည်း တဖြည်းဖြည်းကြောက်လာကြသဖြင့် “တော်
ပါတော့-တော်ပါတော့ဟေ့”ဟုပြောမှထိုလက်ကြီးကွယ်ပျောက်သွားလေ
၏။

ဤသို့ပင် (၃)လခန့်ကြာသောအခါ တစ်နေ့သောနေ့လယ်တွင် သရဲ ဖိုးတေအား အစာခေါ်၍ကျွေးသော်လည်း မလာရောက်ချေ။ အချိန် အတော်လွန်မှ အနီးသို့လာလျက် “မွန်းဝတို့၊ မွန်းထူးတို့၊ ရွှေဘိုးကြီးတို့ -ငါ
သတင်းတစ်ခု ရခဲ့တယ်ဟေ့။ ဟိုဘက်ကရွာတွေမှာ ဝမ်းရောဂါဖြစ်နေတာ တွေမင်းတို့ကြားကြရဲ့လား” ဟုမေးလေ၏။ ဖိုးဝက“အေး- ကြားတယ်၊ အဲဒါ ဘာဖြစ်သလဲ”ဟု မေးပြန်ရာ သရဲဖိုးတေက “သည်ရောဂါဟာ မကြာခင် မင်းတို့ရွာကို ကူးလာလိမ့်မယ်၊ တစ္ဆေ၊ သရဲ၊ သဘက်တွေက သည်ရွာလာ ပြီး ရောဂါနဲ့တိုက်ကြမလို့တဲ့။ ငါ့မှာတော့ မင်းတို့ကျေးဇူးလည်းရှိတယ်။ သည်ရွာကိုဝမ်းရောဂါမရောက်အောင်ဟာငါစောင့်ရှောက်မယ်၊

ဒါကြောင့်
ငါ့ကိုတုတ်တစ်ချောင်းကောင်းကောင်းသာရှာပေးကြကွာ။ သည်အကောင် တွေကို ငါတစ်ယောက်တည်းနဲ့ တိုက်လိုက်မယ်။ ဟောသည့်နေ့ကစပြီး (၇)ရက်စေ့တဲ့နေ့ နေဝင်ဖျိုးဖျမှာလာကြလိမ့်မယ်။ သည်အခါငါထွက်တိုက် ပြမယ်။ မင်းတို့ရွာဘက်ကို ဖုန်တထောင်းထောင်းထပြီးလာရင် ငါရှုံးတာပဲ၊ ငါရှုံးရင် မင်းတို့ သည်ရွာမှာ မနေကြနဲ့။ တစ်ရွာလုံး ပြောင်းကြပေတော့။ ဟို ရွာဘက်ကိုဖုန်တထောင်းထောင်းထသွားတာကိုမြင်ရရင် ငါနိုင်တာပဲ။ ငါက နိုင်ရင် ကိစ္စမရှိဘူး။ အဲဒါမှတ်ပြီး ဖုန့်ထတာကို ဂရုစိုက်၍ ကြည့်ကြ။ ကဲ- ဘယ်မလဲကွ ငါ့ဖို့အစာ၊ တုတ်ကောင်းကောင်းလည်း မမေ့ကြနဲ့”ဟု ပြော ကာ ထမင်းကျန်ဟင်းကျန်များကို စားသောက်လေ၏။

တစ်ယောက်က ။ ။ “မွန်းတေရဲ့၊ မင်းလိုချင်တဲ့တုတ်ဆိုတာ ဘယ်အရွယ်
လဲကွဲ့”
သရဲဖိုးတေ ။ ။ “တုတ်အရှည် (၆) တောင်လောက်ပေါ့။ လုံးပတ်က တော့ လက်မောင်းလောက်ရှိရင် တော်ပါပြီ”
နွားကျောင်းသား သူငယ်ချင်းတို့လည်း သရဲဖိုးတေပြောသည့်အတိုင်း ရှားသားနှစ်ကောင်းကောင်းခြောက်တောင်ခန့် တုတ်တစ်ချောင်းကိုလုပ်၍ ပေးကြလေ၏။ (၇) ရက်စေ့သောနေ့ နေဝင်ရီတရောအချိန်၌ကား လူကို မမြင်ရ၊ လေလည်းမတိုက်ဘဲနှင့် လှည်းလမ်းတစ်လျှောက်၌ ဖုန်တထောင်း ထောင်း ထနေသည်ကို မြင်ရလေ၏။ ဖုန်တို့အကြားမှ ဟိုယမ်းသည်ယမ်း
နှင့် ရှားသားတုတ်ကြီးသည်လည်း ဖုန်ထဲတွင် ယမ်းလျက်နေသည်ကိုသာ မြင်ရလေ၏။ တစ်ခါတစ်ခါ ဖုန်တန်းကြီးသည် မိမိတို့၏ ရွာဘက်သို့ တထောင်းထောင်း ထလျက်လာလေ၏။ တစ်ခါတစ်ခါလည်း ဟိုဘက်ရွာ ဆီသို့တန်းလျက်ပြေးသွားသည်ကိုမြင်ရလေ၏။ နေလုံးပျောက်ပြီးမကြာမီ အချိန်ကလေးတွင်ကား ဖုန်ထောင်းထောင်းထလျက် ဟိုဘက်ရွာဆီသို့ အဆုံးစွန် ဖုန်ထသွားသည်ကို မြင်လိုက်ရလေ၏။ များမကြာမီ သရဲဖိုးတေ သည်ရွာဝ၌ရပ်နေကြောင်းကိုရှားသားတုတ်ကြီးကိုမြင်ရသဖြင့် သိရပေ၏။ ရွာသားများနှင့် နွားကျောင်းသားတို့သည်လည်း ဝမ်းသာအားရစွာ ဆန် ကွဲနှင့် ငါးခြောက်စသည်ကိုရောနှောကျိုချက်လျက်ဝလင်အောင်ကျွေးမွေး ကြလေ၏။ ထိုနေ့မှစ၍ထိုရွာကလေး၌ ရောဂါတစ်စုံတစ်ရာမျှ မဖြစ်ချေ။
ထို့နောက်တစ်လခန့်ကြာသောအခါသရဲဖိုးတေသည်နွားကျောင်းသား များရှိရာသို့လာပြီးလျှင် “သူငယ်ချင်းတို့ – ငါတော့ သည်ရွာမှာ မနေရတော့ ဘူး၊ ရွာစောင့်နတ်ကြီးက နှင်နေပြီ။ ဒါကြောင့် ငါမသွားခင် သုံးရက်လောက် ဝအောင်ကျွေးကြစမ်းပါကွာ”ဟုငိုသံပါနှင့်ပြောသဖြင့် ရွာသားများနှင့်တကွ နွားကျောင်းသားတို့သည်လည်း ဝမ်းနည်းစွာနှင့် သရဲဖိုးတေပြောဆိုတိုင်း ဝအောင် ကျွေးမွေးကြလေ၏။ သုံးရက်မြောက်သောနေ့၌ သရဲဖိုးတေကို မတွေ့ရတော့ချေ။
ဤသို့ဖြင့် နှစ်လရှည်ကြာ၍ နွားကျောင်းသားတို့သည် သားမယားနှင့် အိမ်ထောင်ကျကုန်လျက်တစ်ရပ်တစ်ရွာသို့ စီးပွားရှာထွက်သူကထွက်ကြ လေ၏။ ဖိုးထူးသည်ကား လှေတက်နှင့် အထက်ကုန်အောက်ကုန် စုန်ဆင်း ခဲ့ရာ တရုတ်မှော်ဆိပ်ကမ်း၏ အောက်နားမှ “မင်းတို့လှေ ခဏဆိုက်ပါဦး
ဟေ့။ ဟိုဟာ- ဘိုးထူးမဟုတ်လား”ဟုအမည်ကိုထုတ်ခေါ်သံကြားရသဖြင့် လှေခဏဆိုက်ပြီး လူကို ရှာဖွေသော်လည်း ဘာမျှ မတွေ့ရဖြစ်လေ၏။ ထို့ နောက်မှ “ဟေ့- မွန်းဘိုးထူးရဲ့-လှေပေါ်က ဆင်းပါဦးကွာ။ ငါ ဖိုးတေလေ မင်းတို့ဆီက ထွက်လာပြီး သည်မှာရောက်နေတယ်”ဟုပြောမှ သရဲဖိုးတေ မှန်း သိရလေ၏။
သရဲဖိုးတေက“သူငယ်ချင်းရယ် ငါမင်းတို့ဆီကထွက်လာကတည်းက ထမင်းဝအောင် တစ်ခါမှ မစားရဘူး။ ဒါကြောင့် ငါ့ကို ကျွေးခဲ့ပါဦးကွာ”ဟု ပြောသဖြင့် နောက်က မိတ်ဆွေရင်းဖြစ်ခြင်းကြောင့် ထမင်းဟင်းလျာကို ကျွေးရလေ၏။ သရဲဖိုးတေသည် စားသောက်ပြီးသောအခါ “ဟေ့ – မွန်းဖိုး ထူးရဲ့ဖိုးဝကြီးတို့၊ ရွှေဘိုးတို့၊ ကျော်ဒင်တို့မာကြရဲ့လားကွဲ့။ ငါတော့ မင်းတို့ဆီ လာချင်ပေမယ့်နယ်ပိုင်ရှင်ကမသွားရဘူးတဲ့။ မင်းလည်းပဲသည်မှာ သုံးလေး ရက်လောက် နေပါဦးကွာ။ မင်း လှေ ဘာတစ်ခုမှ မဖြစ်ရပါဘူး။ အဆုံးပြော မယ် ကျီးတစ်ကောင်တောင်မှမနားရပါဘူး”ဟုပြောသဖြင့် ဖိုးထူးသည် သုံး လေးရက်မျှ ဝံ့၍နေရလေ၏။
ကုန်ရောင်းဝယ်ပြီး၍ အဆန်တွင်လည်း သုံးလေးရက်ခန့် ထိုနေရာ၌ နားနေပြီးလျှင် သရဲဖိုးတေအား ကျွေးမွေးရပြန်လေ၏။ အထက်သို့ ဆန်ခါနီး တွင် သရဲဖိုးတေက “မွန်းရွှေထူးရယ် – ဟိုရောက်ရင် တို့သူငယ်ချင်းတွေကို ပြောလိုက်စမ်းပါကွာ၊ ငါ့အတွက် ရည်မှန်းလျက် ဆွမ်းကလေးများသွတ်၍ ငါ့ကို အမျှအတန်းပေးဝေပါ”ဟု မှာကြားလိုက်သဖြင့် မောင်ဖိုးထူးရွာသို့ ရောက်သောအခါ သူငယ်ချင်းတစ်စုတို့နှင့်တိုင်ပင်၍ ဆွမ်းသွတ်ပြီး သရဲ ဖိုးတေအား အမျှအတန်းပေးဝေကြလေ၏။ နောက် ထိုအရပ်သို့ လှေနှင့် ရောက်လာသောအခါသရဲဖိုးတေအားမတွေ့ရတော့ချေ။ (သရဲဘဝမှ ကျွတ် လွတ်၍ သွားဟန်တူပေသည်။) ဤအထက်ပါပုံကို အရှင်ဦးသေနာပတိ သည် အထက်မန္တလေးသို့ စာသင်ရန်သွားစဉ် ပခုက္ကူ၊ မြင်းခြံ စသောအရပ်
တို့ကို ခေတ္တလှည့်လည်သွားရာ မြင်းခြံနယ်ဖြစ်သော ရွာတစ်ရွာမှ အသက် (၇၃)နှစ်ခန့်ရှိသော အဘိုးကြီး ဦးသာလန်း၏ ပြောကြားချက်ဟု သိရှိရ ပေ၏။