နောင်ချိုကသူ၏အိမ်သို့ခေါ်သွားလေသည်။ “ကဲ…အရီးသေးတင်….မငိုပါနဲ့တော့ဗျာ… ကျုပ်မောင်အုန်းတို့အဖွဲ့ကိုဟောသည်ရွာနီးချုပ်စပ်အကုန် လိုက်စုံစမ်းခိုင်းနေပါတယ်…ဟဲ့မိညိုတို့ညည်းတို့ကလည်း မိန်းမသားအချင်းချင်းပြောကြပါဦး” “ကျုပ်တို့လည်း ဖျောင်းဖျတာပဲသူကြီးရယ်… အရီးသေးတင်ကသူ့သမီးဇောနဲ့ဆိုတော့ကျုပ်တို့စကားက မတိုးဘူးဖြစ်နေတာတော့်” အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍ သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။ သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍… “ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။ ထိုစဥြ… “ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို” “အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ မောင်နောင်ချိုရေ…” “ထိုင်ပါဘွား” ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။ သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။ ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။ ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍… “ဟဲ့…သေးတင်…” “ရှင်…ရှင်…ဘွား” “နင့်သမီးက ခုမှပျောက်ဖူးတာလား” “ရှင်…အဲ့….အဲ့တာ……..” “ငါ ဟိုးတုန်းကတည်းကမပြောဘူးလား… နင့်သမီးက သိုက်ကလာတယ်ဆိုတာ.. အခုလည်း နင့်သမီးကိုသူ့သိုက်ထဲက ...
လုံးလုံး မပြတ်နိုင်ရန်ကော ဟု ရန်ထောင်တတ်သည်။ “ ဒီနေ့က စပြီး ဘာဟင်းလဲ လို့ မမေးကြနဲ့ သတ္တဝါ အပေါင်းတို့၊ ဟင်းချိုနဲ့ မျှစ်ကြော်ပဲဟေ့ ” ဟု ဒေါနှင့် မောနှင့် ကြေညာ တတ်သည်။ ပြီးတော့ လ ကုန်ခါနီးလေ စောစောထ ၍ ဘုရားကြာကြာ ရှိခိုးလေ ဖြစ်လာပြီး “ ခလုတ် ထိမှ အမိတလို့ ဆိုပေမဲ့ ကျုပ်ကတော့ ဘာကြီး ထိထိ ဘုရားပဲ တ စရာရှိတယ်၊ ကိုယ့်အမေက ...
ရယ်” “အဲခု အဲဒီဆရာသတင်း ကြားသေးလား” “ဒီရွာမှာ သူ့လူရှိတယ် ဆရာကြီးရဲ့ တောင်ပိုင်းကငခင် ဆိုတဲ့အကောင် မျက်စီစောင်းစောင်းရွဲ့ရွဲ့နဲ့တော့ ဒီအကောင်က ကျမကို လာပြောတယ်။မမြခင် ဒီလောက် နေမကောင်းဖြစ်တာ ဆရာကိုမြနွယ်ကိုရှာပြီး ပင့်ပေးရ မလားတဲ့တော့” “ဒီတော့ ကလေးမက ဘယ်လိုပြန်ပြောလိုက်တုံး” “အဲဒီဆရာနဲ့ကုမှ အသက်ရှင်မယ်ဆိုရင်တော့ ငါ့အသေခံမယ်ဟေ့ ငခင် ပြောလိုက်ဟေ့ နင့်ဆရာကို သူနဲ့လည်း ဆေးမကုဘူး သူလိုလူကိုလည်း ဒီတစ်သက် မယူဘူးလို့ပြောလိုက် ငါ့ရောဂါ မပျောက်ရင် သေပစေလို့ ကျမက ပြန်ပြောလိုက်မိတယ်ဆရာ” “ကလေးမရဲ့ ရောဂါဟာ ပယောဂစစ်စစ်ပဲ။လူပြုစားခံ ...
အောင်မြင်လာတယ်ပေါ့ တနေ့ ကျုပ် ပယောဂ သွားကုပြီး ပြန်လာတဲ့အချိန်မှာပဲ ကျုပ်မြေးလေး ဆုံးပြီတဲ့ဗျာ ရွာက လူတွေပြောတာတော့ လေးဘက်ကုန်း ခွေးလို အူပြီး သွေးအန်ရင်း အသက်ထွက်သွားတယ်တဲ့ကွာ ကျုပ် ချက်ခြင်း သိလိုက်တယ် ဒါပညာသည်တွေရဲ့ လက်ချက်ဆိုတာကို ဒါပေမဲ့ ဘယ်သူလုပ်တာလဲ ကျုပ် မသိဘူး အဲ့တာနဲ့ အခုလို အမှောင် ပညာသည်တွေ အကုန်လုံးကို နှိမ်နှင်းပစ်မယ်ဆိုပြီး ရူးရူးမိုက် မိုက် ဆုံးဖြတ်ချက်ချလုပ်နေခဲ့ဝာာပဲ မောင်ရင်တို့ရယ် “ အထက်လမ်းဆရာဩသည် စကား အများကြီး ပြောရင်းမှ ...
လူပြတ်သည့်အချိန်တိုင်း အမျိုးသမီး တစ်ယောက် လက်တားကာ ကားငှားတတ်သလိုလမ်းကြုံလိုက်တတ်ပြီး နောက်သို့လှည့်ကြည့်ချိန်တွင် မည်သူမျှမရှိတော့သည့်အဖြစ်ကိုကြုံရသလို မျက်နှာ ပြောင်တလင်းဖြင့်တစ်မျိုး….ဆံပင်ဖားလျားရှေ့သို့ချခြင်းဖြင့်တစ်ဖုံ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ခြောက်လှန့်တတ်သည်ဟူ၍လည်း နံမည်ကျော်သောနေရာဖြစ်လေသည် ။ ကုန်းကျော်တံတားပေါ်တွင် အမျိုသမီးတစ်ဦးဖြတ်ပြေးသဖြင့် အချိန်မှီရှောင်လိုက်သောကြောင့် မီးသတ်ကားတစ်စီး ကုန်းကျော်တံတားပေါ်မှ နံရံကိုဝင်တိုက်ကာ ပြုတ်ကျဘူးသည့် သာဓကလည်းရှိခဲ့လေသည် ။ ထိုနေရာတွင် အများဆုံးကြုံရသူများမှာ အငှားယာဉ် လေးဘီးကားသမားများဖြစ်ကြသည် ။ အကာလ ညအချိန်တွင် ငယ်ငယ်ရွယ်ရွယ် ဖြူဖြူချောချော အမျိုးသမီးတစ်ဦးလက်တားသည်ကို အကြောင်းမသိသည့် အငှားယာဉ်မောင်း လေးဘီးဆရာတစ်ယောက်က ရပ်တန့်ပေးကာ ရှေ့ခေါင်းခန်းတွင် တင်ဆောင်ခဲ့သည် ။ ...
ကြည့်နေသည်။ “နောင်ကြီးတို့က မြေပြန့်ကနေ ဘယ်ကိုသွားမလို့လဲ” “ကျုပ်တို့က ကရင်နီ ငွေတောင်ပြည်ဘက်ကိုသွားမှာပါ” ထိုလူနှစ်ဦးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ “မသိပါဘူးဗျာ၊ ကျုပ်တို့က ခင်ဗျားတို့ကို ခိုးသားဓါးပြတွေထင်လို့” ငခမ်းတို့အံ့ဩသွားမိသည်။ “ဘယ်ကလာဗျာ၊ ကျုပ်တို့က မင်းမှုထမ်းတွေပါ” ငခမ်းက ပြောဆိုလိုက်တော့ သူတို့တစ်ဖွဲ့လုံးက ငခမ်းကိုအပြစ်တင်သည့်မျက်လုံးများဖြင့်ဝိုင်းကြည့်သည်။ ငခမ်းလည်း လွှတ်ခနဲထွက်သွားမိသည်မို့ ခေါင်းကိုငုံ့ပြီး အသာကလေးငြိမ်နေလိုက်သည်။ ထိုလူနှစ်ယောက်က သူတို့ကိုမင်းမှုထမ်းတွေမှန်းသိလိုက်သည့်အခါ အနည်းငယ်လန့်သွားသည်။ “မသိလို့ဒီအတိုင်းပြောဆိုမိတာကို ခွင့်လွှတ်ပေးပါ အရာရှိမင်းတို့” စည်သူက ပြုံးလိုက်ပြီး “ရပါတယ်ဗျာ၊ ကျုပ်တို့ကို မင်းမှုထမ်းတွေဆိုပြီး တလေးတစား ဆက်ဆံနေဖို့မလိုပါဘူး၊ ကျုပ်တို့က သာမန်အောက်ခြေနင်းပြား ...
သူငယ်ချင်းဖြစ်သူ ကျော်မောင်ပင်ဖြစ်လေ၏။ “ဟကောင် ကျော်မောင်ရ လာလေ ဘယ့်နှယ့်ဝိုင်းဝကအော်နေတာလည်း” ကျော်မောင်လည်း ဝိုင်းအတွင်းသို့ဝင်လာကာ အိမ်မြောက်ဘက် ကုက္ကိုပင်ကြီးအောက်တွင်ရှိသော ကွပ်ပျစ်လေးပေါ်သို့ထိုင်လိုက်လေ၏။ ခေါင်းပေါ်မှ ဝါးခမောက်ကိုချွတ်ကာ ယပ်ခပ်နေလေသည်။ ဘိုးအောင်မြတ်လည်း အကြမ်းရည်နှင့်လက်ဖက်သုပ်ပန်းကန်များကိုယူကာ ကျော်မောင့်ရှေ့သို့ချပေးလိုက်လေသည်။ “ကဲ ကျော်မောင် အမောပြေ လက်ဖက်ကလေးစား အကြမ်းရည်လေးသောက်လိုက်အုံး ပြီးမှလာရင်းကိစ္စဆိုကွာ” ကျော်မောင် က လက်ဖက်သုပ်တစ်ဇွန်းစားပြီး ရေနွေးကို တဖူးဖူးမှုတ်သောက်နေလေသည်။ ထို့နောက်လာရင်းကိစ္စအားဆိုလေ၏ “ဒီလိုကွ အောင်မြတ်ရ. မင်းဟိုဘက်ရွာက ဒေါ်တင်စိန်ကိုသိတယ်မလား” ”ဒေါ်တင်စိန်ဆိုတာ ဟိုတလောက ပိုးထိလို့ဆုံးသွားတဲ့ အောင်မောင်းရဲ့မိန်းမလား” ”အေးကွ ဟုတ်တယ်” ”နို့ ...
လက်ရေးဝိုင်းဝိုင်းကိုတွေ့လိုက်ရတယ်။ “အိမ်သာထရံမချိုးရ” ကျုပ်လည်း ကိစ္စက ထွက်တော့မယ်ဆိုတော့ အကိုကြီးပြောတဲ့နည်းလမ်းကို သွားသတိရတယ်။ “အလတ်ကောင်ရ၊ ခနောင်းရှာမရရင် အိမ်သာထရံသာချိုးကွ” “ဟာ၊ ဖြစ်ပါ့မလားအကိုကြီးကလည်း၊ အဖေက ထရံမချိုးရလို့ရေးထားတယ်မဟုတ်လား” “မင်းတော်တော်တုံးတဲ့ကောင်ပဲကွ၊ ငါပြောမယ်၊ ထရံကို မြင်သာတဲ့နေရာကမချိုးနဲ့ကွာ၊ ထရံအောက်နားက တိုင်နဲ့အုပ်နေတဲ့နေရာတို့၊ ထရံအထက်နားက ခေါင်မိုးနဲ့ကပ်နေတဲ့နေရာတို့ကနေ ချိုးကွ၊ တခြားနေရာက ချိုးရင် အဖေမြင်လိမ့်မယ်” ကျုပ်လည်း အဲဒီစကားကို ပြန်သတိရလိုက်ပြီးတော့ ထရံနဲ့သစ်သားတိုင်နဲ့တွဲထားတဲ့ ထရံအောက်နားကို လက်နဲ့စမ်းလိုက်တယ်၊ အံမယ်၊ အကိုကြီးက တော်တော်ချိုးထားတဲ့ပုံပဲ၊ ထရံစတွေ သိပ်မရှိတော့ဘူးဗျ၊ ကျုပ်လည်း ဒါနဲ့ ထရံအပေါ်က ...
ကနေဇာတ်လမ်းစလိုက်ကြစို့ဗျာ။ ဒေါ်မယ်အိုက ကျုပ်ထက်ငါးနှစ်ကြီးတယ်.. ကျုပ်အသက်၁၀နှစ်မှာ သူက၁၅နှစ်ရှိပြီဗျ။ ကျုပ်အဖေကသူတို့အိမ်မှာ သူရင်းငှါးလုပ်ရင်းကနေ ပိုးထိဆုံးသွားတော့ မိဘမဲ့တစ်ကောင်ကြွက်ကျုပ်ကို သူတို့ကခေါ်ထားတယ်လေ။ နေစရာ၊ စားစရာပေးတဲ့အပြင် မုန့်ဖိုးပါပေးသေးတာ။ ဒေါ်မယ်အိုရဲ့မိဘနှစ်ပါးကလည်း အတော်လေးသဘောကောင်းရှာပါတယ်။ အင်း ဒီလိုနဲ့ တဖြည်းဖြည်းအရွယ်ရောက်လာကြတော့ အစ်မမယ်အိုက အတော်ကလေးလှလာတယ်ဗျ။ ရွှေငွေလေးကလည်းရှိ ရုပ်ကလေးကလည်းရှိဆိုတော့ ရွာကကာလသားတိုင်းလိုလို အစ်မယ်အိုအိမ်ရှေ့ သီချင်းကလေးငြီးရင်း ချစ်တေးဆိုတာပေါ့ဗျာ။ ယောက်ျားလေးအဖွဲ့နှစ်ဖွဲ့ဆုံမိရင်လည်း ပြဿနာတက်တာတောက်လျှောက်ပဲ။ ဒါပေမဲ့ အစ်မမယ်အိုက မာနကြီးတယ်။ ရွှေလင်ဗန်းနဲ့အချင်းဆေးခဲ့တဲ့ ရွှေဘုံပေါ်ကမင်းသမီးဆိုတော့ တော်ရုံယောကျ်ားကို အစ်မမယ်အိုက စိတ်မဝင်စားဘူး။ ငယ်ငယ်တည်းက ဂုဏ်ဂုဏ်ခြင်းထပ်မှမြတ်တယ်ဆိုတဲ့ သူ့အဘွားရဲ့ ရိုက်သွင်းခံရတဲ့စကားတွေလည်းပါတာပေါ့။ ...
သုံးလေးရက်ကြာအောင် စိုက်ရတာပေါ့ဗျာ၊ ကျုပ်လည်း ကျုပ်တို့ဆွေမျိုးအိမ်တွေကိုဆင်းပြီးတော့ ကောက်စိုက်သမရှာပေးရတယ်။ ဒါပေမယ့် လယ်တွေအက အပြိုင်စိုက်နေကြတာဆိုတော့ ဟိုလူ့ကိုငှားမရ၊ ဒီလူ့ကိုငှားမရနဲ့ အတော်ကိုတိုင်ပတ်တာဗျ၊ ကျုပ်တို့ဆီမှာတော့ အဲဒီလိုအမျိုးအိမ်တွေကို တစ်ယောက်တစ်လှည့်လိုက်ဆင်းပေးကြတယ်၊ သူ့လယ်စိုက်တဲ့ရက်ဆို ကိုယ်ကဆင်းပေးရတယ်၊ ကိုယ့်လယ်စိုက်တဲ့ရက်ဆိုရင်လည်း သူတို့ဆီက လူက ပြန်ဆင်းပေးရတာပေါ့၊ အဲဒါကို လက်စားလိုက်တယ်လို့ ခေါ်တာပေါ့ဗျာ၊ တစ်ရွာလုံးက အမျိုးတွေချည်းပဲမို့ လူဆယ်ယောက်လောက်ရှာတာ သိပ်မကြာဘူးပေါ့ဗျာ။ လူတွေရတော့ ကျုပ်လည်း အိမ်ကိုပြန်လာခဲ့တယ်ဗျ၊ ဦးဘသာကတော့ အိမ်ရှေ့မှာ ရေနွေးထိုင်သောက်နေလို့ဗျ။ “ဦးဘသာရော ကောက်စိုက်သမတွေရပြီလား” ဦးဘသာက အေးအေးလူလူပဲဗျ၊ ခေါင်းကိုအသာညိတ်တယ်။ သူ့လို ရွာထဲအပေါင်းအသင်းသိပ်မရှိတဲ့လူက ...