နင်ကတော့နယ်လှည့်ရောင်းတဲ့ကုန်သည်ကြီးဖြစ်နေပြီပေါ့” “အဲ့သည်လိုပါပဲဒွေးလေးရယ်…” ထိုသို့ဖြင့် ဘွားမယ်စိန်တို့သည်လည်း ဦးဘထော်နှင့်မတွေ့တာကြာပြီဖြစ်တာကြောင့် စကားများဝိုင်းဖွဲ့ပြောနေကြတော့သည်။ အလတ်ကောင်ကလည်းအစ်ကိုဖြစ်သူကိုလာတွေ့ရှာသည်။ ညသို့ရောက်တော့ အိမ်၌ ဘွားမယ်စိန်…ဥိးဘထော်နှင့် ဒေါ်ဝင်းတို့သားအမိသာကျန်ရှိပေသည်။ လက်ဖက်သုပ်လေးစား..အကြမ်းရေးလေးသောက်ဖြင့် ရေနံဆီမီးခွက်လေးအလင်းဖြင့်စကားပြောနေခဲ့ကြ၏။ စကားပြောနေရင်းမှ ဦးဘထော်က “အမေ…” ဟုခေါ်လိုက်လေတော့…ဘွားမယ်စိန်က ပြောဟုသောဟန်ဖြင့်ကြည့်လိုက်လေသည်။ “ကျုပ်ငယ်ငယ်ကလေ အမှတ်ရမိတာလေးရှိနေလို့ပါ…” “ဘာအမှတ်ရတာလဲဘထော်ရဲ့” ဟု…ဘွားမယ်စိန်ကပြောတော့ ဦးဘထော်က ပြောရခက်နေဟန်ဖြင့်ခေါင်းကိုကုပ်ရင်း… “အဖေက အမေ့ကိုမမေးရဘူးလို့တော့မှာခဲ့တယ်ဗျ…” “ဟင်…အဖေကတော့်ကိုဘာပြောခဲ့တာလဲကိုဘထော်…” “နေပါဦးမိဝင်းရာ…ငါကအမေ့ကိုမေးသင့်မမေးသင့် စဥျးစားနတောဟ” “စဥ်းစားမနေပါနဲ့ကွယ်…ပြောစမ်းပါငါ့သားရဲ့… ဘာကိစ္စများလဲ…” “ဟိုလေဗျာ…အမေနဲ့အဖေညားခါစကဆို ရွာကစုန်းမတွေဆိုအမေ့ကိုသိပ်ကြောက်တာတဲ့… အမကေမထင်ရင်မထင်သလို သူတို့ကိုအပြစ်ပေးသေးတယ်တဲ့…” ဟုပြောတော့ ဘွားမယ်စိန်ကပြုံးသွားသည်။ ပြုံးနေရင်းမှသူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာရှိုက်လိုက်သေး၏။ ဆေးလိပ်ငွေ့များကိုမှုတ်ထုတ်လိုက်ရင်းမှ ...
ဆိုင်ထဲထိုင်နေတဲ့လူတွေက ဝိုင်းကြည့်ပြီးတော့ “ဧကန္တဒီကောင်လေးက ကိုဗိုက်ကြီးရဲ့လက်သီးကို မြည်းကြည့်ချင်လို့နဲ့တူပါတယ်ဗျာ” “ဟုတ်တယ်၊ ကိုဗိုက်ကြီးအကြောင်းသိသွားအောင်၊ တစ်လုံးနှစ်လုံးလောက် အမြည်းကျွေးလိုက်စမ်းပါ” ဆိုင်ထဲကလူတွေကလည်းမြှောက်ပေးတယ်ဗျ၊ ကိုဗိုက်ကြီးဆိုတဲ့လူက နာမည်အတိုင်း လူကောင်ထွားထွား ဗိုက်ပူပူရွှဲရွှဲကြီးဗျာ၊ ဒီလူကြီးက ကျုပ်ဆီကိုလျှောက်လာတယ်။ နောက်တော့ ကျုပ်လည်ဂုတ်ကိုလက်တစ်ဖက်နဲ့လှမ်းဆွဲပြီး “မင်းကိုအမြည်းကျွေးရသေးတာပေါ့ကွာ” သူ့လက်သီးကြီးမြှောက်ပြီး ကျုပ်မျက်နှာကိုတည်ထိုးဖို့လုပ်တာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒီအချိန်မှာ ကျုပ်ညာလက်က သူ့အလိုလိုလှုပ်ရှားလာပြီးတော့ ကိုဗိုက်ကြီးရဲ့ ပေါင်ခွကြားက ချက်ကောင်းကို ထိုးထည့်လိုက်တော့တာပဲဗျာ၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြနေပါရော၊ “ဟေ့အလတ်ကောင်၊ အဲဒါငါလုပ်တာကွ” နားထဲမှာ ဦးဘသာအသံကြားရတယ်။ “ဟင်၊ ဦးဘသာလုပ်လိုက်တာလား” ကိုဗိုက်ကြီးကတော့ ...
တယ်ဆိုပဲဗျ၊ ပြီးတော့ ချစ်လှပါချည်ရဲ့ မခွဲနိုင်လို့ပါ၊ တစ်ရက်ကလေးတောင် ဝေးဝေးမနေနိုင်တော့ပါဘူးဆိုပြီး မိဘတွေကိုပူဆာလို့ နောက်ဆုံးတော့ ရွှေခေါနဲ့လက်ထပ်ပေးဖို့ စီစဉ်ရတာပဲတဲ့ဗျာ” “ရွှေခေါကတော့ လုပ်ပြီကွာ၊ ဒီလိုဖြစ်ပုံထောက်ရင်တော့ ဒီကောင့်ဆေးက ညစ်ညစ်ပတ်ပတ်အောက်လမ်းနည်းပဲဖြစ်ရမယ်ကွ” “အောက်လမ်းဖြစ်ဖြစ် အထက်လမ်းဖြစ်ဖြစ် အရေးကြီးတာက မိန်းမရဖို့ပဲမဟုတ်ဘူးလား၊ အခုနက ကိုရွှေခေါက အိမ်လာပြီးတော့တောင်ပြောသွားသေးတယ်ဗျာ၊ အလတ်ကောင် မင်းက စုန်းဆိုတဲ့ဦးဘသာကြီးနဲ့ပေါင်းပြီး အခုထိမစွံသေးဘူးလားတဲ့ဗျာ” “ဒီကောင်က ငါနဲ့မင်းနဲ့ကြားကို စကားနဲ့အဖျားခတ်သွားသေးတာပဲ” “အဖျားခတ်တာတွေဘာတွေထားဗျာ၊ သူပြောတာလဲ ဟုတ်တာပဲ၊ ဦးဘသာက ကျုပ်ကိုတူတစ်ယောက်လို သားတစ်ယောက်လိုခင်တယ်ဆိုပြီး အခုထက်ထိကျုပ်ကိုစွံအောင်ကျတော့ မလုပ်ပေးဘူး” “အောင်မာ၊ မင်းက ငါ့ကိုလာပြီးအကူအညီတောင်းနေရအောင် ...
။ ” ဟဲ့ ကြားကြလားလို့ ” မေးသံတိုးတိုး ငိုသံပါလာပြီ။ ” ဟဲ့ ကြား ကြားကြလားဆို ” မဖြစ်ချေဘူး ပြန်ဖြေမှပဲ ဆိုကာ ” ဟုတ် ကြားတယ်ဗျ ” ဒီလိုနဲ့ မေးလိုက် ဖြေလိုက် မေးလိုက်ဖြေလိုက်နဲ့ ဆယ်တစ်နာရီကျော်ရောက်လာတယ်။ခရီးကကြမ်းပင်ပန်းကြသမို့ အိပ်မယ်ပြင်တုန်း တံခါးခေါက်သံနဲ့အတူ ဆရာမတို့သုံးယောက်ရဲ့ အသံကြားရတယ်။ ” ဟဲ့ ဟဲ့ တံခါးဖွင့်ကြအုံး မြန်မြန်ဖွင့် မြန်နိုင်သလောက်မြန် ဖွင့် မြန်တံခါးဖွင့် ဖွင့်အမြန်…” ဆိုသလို စကားတွေလည်း အမြီးအမောက်မတည့်ကြတော့ဘူး။ ...
ဟုတ်တယ်အကို သူ့ကိုနိုင်မဲ့နည်းလမ်း ရှာမှရမယ် ” ” ကဲပါ အခု အကိုဗိုက်ဆာနေပြီ ဘာစားစရာရှိလဲ ခင်လွှမ်း ” ” အကို့အတွက် ဆန်ပြုတ် ပြုတ်ထားတာရှိတယ် သွားထည့်လိုက်ဦးမယ်နော် ” ဟုဆိုကာ အခန်းထဲမှ အပြင်ထွက်သွားလေသည်။ ထို့နောက် အငွေ့တထောင်းထောင်းထနေသော ဆန်ပြုတ်ပန်းကန်အားယူလာပြီး တေဇအား ” ခင်လွှမ်း ခွံ့ကျွေးမယ်အကို ဖြေးဖြေးစားနော် ပူတယ် ခင်လွှမ်းမှုတ်ပေးမယ် ဖူးးဖူးးဖူးး ဟ အကို ” ( စွ FAကြီးတွေ စော်မရှိ ဘဲမရှိနဲ့ စာဖတ်ပြီး ...
တရာ့ရှစ်ဆယ်ဆိုတာ ဘယ်မှာရနိုင်ပါ့မလဲ၊ ဆရာ့ကျေးဇူးကြောင့်ရတာပေါ့၊ အဲဒီတော့ ဆရာ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး ဆရာရယ်”လို့ အစချီလိုက်တယ်။ အဲဒီအခါ ကိုသိန်းကလဲ ဒီအကောင် ထူးထူးဆန်းဆန်းတွေတော့ ပြောတော့မှာပဲဆိုတာ သူ့စိတ်ထဲမှာ ရိပ်ခနဲ တွေးမိလိုက်တယ်။ ဒါ့ကြောင့် ဒီကောင်ပြောပေစေ ဆိုတဲ့သဘောနဲ့ ဘာမှ မပြောဘဲ အသာနားထောင် နေတယ်။ “ဆရာရယ် ဆရာလုပ်ပေးလို့ သူဌေးဦးထွန်းဟာ ဒီလောက် ချမ်းသာလာတာပဲ၊ ဒီသူဌေးဦးထွန်းဟာ ဘာနားလည်လို့လဲ၊ တနေ့လုံး အရက်သောက်၊ ဖဲချ၊ မိန်းမလိုက်နေတာပဲ”လို့ ဆက်ပြောတယ်။ ကိုသိန်းလဲ ဘာမှ မပြောဘူး။ နားထောင်နေတယ်။ ...
အခန်း (၂) နေသည် အနောက်ဘက်သို့ ဝင်သွားပြီဖြစ်သည်။ဘူတာရုံလေးထဲတွင်တော့ လူများအနည်းငယ် စဲသွားချေပြီ။ထိုအချိန် တွင်တော့ ရထားကြီးတစီး ဥဩစွဲသံနှင့်အတူ ဘူတာတွင်းသို့ ဝင်လာရာ လူများ ထိုရထားပေါ်တက်လိုက်ကြသည်။လူများဆိုရာ၌ ဆယ်ဦးမျှသာဖြစ်ပြီး ဈေးထုတ်များသည်သာ များပေ၏။ ပေတူးသည် ရထားလေးပေါ် တက်လိုက်ပြီး အတန်းလိုက်တန်း လျားသဏ္ဍာန်လုပ်ထားသော ခုံတန်းလေးတွင် ထိုင်လိုက်၏။ ထိုခုံသည် သစ်သားခုံများသာ ဖြစ်၏။ရထားကြီး၏ အမိုးတွင် မှိန်တုတ်တုတ်မီးချောင်းလေးများ ထွန်းထားသဖြင့် ရထားတွဲ ထဲတွင် အလင်းရောင်အနည်းငယ် ရနေသည်။ပေတူးထိုင်နေသော ရထားတွဲတွင်တော့ လူကြပ်လှသည် မဟုတ်သော်လည်း များတော့များသည်။အထုတ်အပိုးများသည်သာ ပိုများလေသည်။ပေတူးသည် ...
သူမသိချင်တာတွေ သိရတော့မည်။ မေးချင်တာတွေ မေးမြန်းရတော့မည်။ ထိုဆန္ဒတွေ အကောင်အထည်ဖော်ရန် ရက်ပေါင်းများစွာ သူမကြိုးစားခဲ့ရသည် မဟုတ်ပါလား။ မျှော်လင့် မဟုတ်ပါလား။ “ထိုင်ပါ သမီး” မိန်းမအိုကြီးဆီမှအသံ။ ကြည်လင်အေးမြသော ဂရုဏာတရားတွေ ထုံမွှန်းနေသည်ဟု ခံစားရသည်။ ရင်ထဲမှာ စိတ်သက်သာရာသွားကာ စောစောပိုင်းက ခံစားနေရသည့် မွန်းကြပ်မှုများသည် လွင့်စင်သွားသည်။ ဦးနှောက်ထဲမှာ ပေါ့ပါးသွားသည့်အလျောက် အဘွားကြီး၏ ရှေ့တည့်တည့် သင်ဖြူးဖျာချောပေါ်တွင် အသာအရာပင် ဝင်ထိုင်လိုက်မိသည်။ အခန်းသည် ကျယ်ဝန်းလှသော်လည်း အမှောင်ဘက်ဆီသို့ အင်အားများနေကာ အရာဝတ္ထုများသည် မှုန်ဝါးဝါးအလင်းရောင် အောက်ဘက်တွင် ငြိမ်သက်တိတ်ဆိတ်ပိပြားလျက်ရှိသည်။ ငြိမ်သက်လျက်ရှိနေခြင်းသည် ...
ရဲ့လူငှားတွေစပါးတစ်တင်းလောက်ကိုအရက်နဲ့လဲသောက်ပြီးဦးမောင်မြဆန်စက်က ၆တင်းစာကိုငါးတင်းပဲကျိတ်ပေးတာလို့ဒေါ်တင်ကိုပြောတော့ ဒေါ်တင်ကိုယ်တိုင်လာပြီးဦးမောင်မြကို ငမဲငဆ ပြောတော့နှစ်ဖက်သားအခြေတင်တွေဖြစ်ကျတယ်ရွာသူကြီးရှင်းပေးလိုက်ပေးပေမဲ့ ဒေါ်တင်ကစိတ်မှတ်ကြီးလိုက်တယ်ဗျ နောက်နေ့မနက်ရောက်တော့ ဦးမောင်မြရဲ့ဆန်စက်တံခါး၀မှာ သုံးပေလောက်ရှိတဲ့ ဆံပင်ဖျားလျားနဲ့ ကိုယ်တစ်ပိုင်းပြတ်အရုပ်မကြီးရောက်နေတယ်ဗျ ဦးမောင်မြကအဲ့ဒီအရုပ်ကြီးကိုဝေးဝေးကိုလွတ်ပစ်လိုက်ပေမဲ့မနက်လေးနာရီဆိုအဲ့ဒီတံခါးကိုပဲပြန်ရောက်နေတယ်ဗျ အဲ့ဒီအရုပ်ကြီးစရောက်တဲ့နေ့ထဲက အကုသိုလ်စ၀င်တော့တာပဲဗျ ဦးမောင်မြရဲ့အလုပ်သမားတွေခိုက်ရန်ဖြစ်ပြီး ဓားထိုးမှု့ဖြစ်လို့သေတဲ့လူကသေ ထောင်ကျတဲ့လူကကျ မှုခင်းဖြစ်ပြီး တစ်ခါမီးထလောင်လို့စပါးတွေလဲရှုံးဆုံး ဆန်တွေလဲရှုံးဆုံးလို့စပါးပိုင်ရှင်တွေကိုလဲပိုက်ဆံရောပေးလိုက်ရတော့စီးပွားချလာတယ် ဇနီးသည်ကလဲရုတ်တရက်ဆုံးဖြစ်လာတယ်ဗျရွာကလူတွေကလဲသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိကျတယ် တစ်ယောက်တစ်မျိုးအမျိုးမျိုးပြောနေကျတယ် အဲ့ဒါနဲ့အဲ့ဒီအရုပ်မကြီးကိုယူပြီးအသုဘချတော့မသာနဲ့အတူမြေကြွင်းထဲထည့်မြုတ်ခိုင်းလိုက်တယ်မနက်လေးနာရီဒေါင်ဆိုတာနဲ့အရုပ်မကြီးကတံခါးကိုပြန်ရောက်နေတယ် ဒါနဲ့ မီးနဲ့ရှို့လဲမီးမလောင်ဖူး တူနဲ့ထုလဲနည်းနည်းမှတောင်မပဲ့ဘူးဗျ ဒါနဲ့ပဲ့ဒေါင်ငှားပြီးဧရာ၀တီမြစ်ထဲကိုဝေးဝေးလောက်သွားပြီးပစ်ချလိုက်လဲ မနက်ဆိုပြန်ရောက်နေတယ်ဗျ ဆရာတွေကိုအမျိုးမျိုးပင့်ပြီးဖျက်စီးခိုင်းလဲဆရာတွေ သေကျ ပြေးကျရူးကျနဲ့အမျိုးစုံကို ဖြစ်တော့တာပဲ ဒါနဲ့ကျုပ်ကိုခေါ်မေးတယ် ကျုပ်လဲဒီလိုတစ်ခါမှမကြုံဖူးတော့ကျုပ်ရဲ့ဆရာကြီးကိုပင့်လိုက်တယ်ဗျ ဆရာကြီးဦးရန်သိန်းကြွလာတယ်ဗျ အရုပ်ကြီးကို အရှေ့ကျပြီးကန်တော့ပွဲပေးပြီးဆရာကြီးကပုတီး၁၀၈ပတ်စိပ်တယ်ဗျပြီးတော့ဦးမောင်မြကိုအခုလိုပြောတယ်ဗျ မောင်ရင်အခုအရုပ်မကြီးကအစိမ်းတိုက်ပညာရပ်နဲ့စီမံထားတာကွဲ့မောင်ရင်တစ်အိမ်သားလုံးကိုအပြတ်ရှင်းဖို့ရောက်လာတဲ့အရုပ်မကြီးမနက်ဖြန်လပြည့်နေ့ကျရင်ပညာသယ်ဘက်က အစိမ်းသရဲမကိုလွတ်လိုက်ပြီးအသေသတ်ခိုင်းတော့မယ်ကွဲ့ ဒါကြောင့် ...
ထိုသို့ပြောလိုက်သည်နဲ့ပင်ယံထက်မှ လင်း တကြီးတစ်ကောင်နဲ့ ကျီးကန်းသုံးကောင်တို့ မြေပေါ်သို့သက်ဆင်းလာ၏။မြေပြင်ပေါ်ရော က်သော် အားလုံးလူသားမိန်းမ ဖြစ်သွားကြ ၏။ “ဟား…ဟား…ဟား….ဒီမှာသူငယ် ဒီနေ ရာမှာဘယ်သူမှ ဘုရားတရားလုပ်ခွင့်မရှိ ဘူး အသက်အပိုမပါရင်အမြန်ဆုံး မင်းရဲ့ ဆရာကိုခေါ်ပြီး ထွက်သွားလိုက်စမ်း…” “ကျွန်ုပ်တို့ဒီနေရာကိုလာတာ ပြန်ထွက် သွားဖို့မဟုတ်ဘူးအဖွားကြီး….ခင်ဗျားတို့ လိုပညာသည်တွေရဲ့မာန်စွယ်ကို ချိူးဖို့လာ တာ….” “ခစ်…ခစ်…ခစ်….” မောင်ရေခဲ ပြောသောစကားသံကိုကြားပြီး မိန်းမ ကြီးနဲ့အတူပါလာသော မိန်းမငယ် သုံးယောက်က မောင်ရေခဲကို ပမာမခန့် ပုံစံဖြင့်တခစ်ခစ်ရယ်လေ၏။ “ဟဲ့..ဟဲ့….လေကအလာသားပါလား သူငယ်ရဲ့ ဧကန္တငါ့ရဲ့အစွမ်းအစတွေ မသိသေးလို့ထင်တယ်…ကဲ မယ်မိုး၊မ ယ်ဆိုး၊မယ်နန်း…ည ...