ထဘီခြုံလင်းတကြီး

ထိုသို့ပြောလိုက်သည်နဲ့ပင်ယံထက်မှ လင်း

တကြီးတစ်ကောင်နဲ့ ကျီးကန်းသုံးကောင်တို့

မြေပေါ်သို့သက်ဆင်းလာ၏။မြေပြင်ပေါ်ရော

က်သော် အားလုံးလူသားမိန်းမ ဖြစ်သွားကြ

၏။

“ဟား…ဟား…ဟား….ဒီမှာသူငယ် ဒီနေ

ရာမှာဘယ်သူမှ ဘုရားတရားလုပ်ခွင့်မရှိ

ဘူး အသက်အပိုမပါရင်အမြန်ဆုံး မင်းရဲ့

ဆရာကိုခေါ်ပြီး ထွက်သွားလိုက်စမ်း…”

“ကျွန်ုပ်တို့ဒီနေရာကိုလာတာ ပြန်ထွက်

သွားဖို့မဟုတ်ဘူးအဖွားကြီး….ခင်ဗျားတို့

လိုပညာသည်တွေရဲ့မာန်စွယ်ကို ချိူးဖို့လာ

တာ….”

“ခစ်…ခစ်…ခစ်….”

မောင်ရေခဲ ပြောသောစကားသံကိုကြားပြီး

မိန်းမ ကြီးနဲ့အတူပါလာသော မိန်းမငယ်

သုံးယောက်က မောင်ရေခဲကို ပမာမခန့်

ပုံစံဖြင့်တခစ်ခစ်ရယ်လေ၏။

“ဟဲ့..ဟဲ့….လေကအလာသားပါလား

သူငယ်ရဲ့ ဧကန္တငါ့ရဲ့အစွမ်းအစတွေ

မသိသေးလို့ထင်တယ်…ကဲ မယ်မိုး၊မ

ယ်ဆိုး၊မယ်နန်း…ည ည်းတို့တွေဒီကောင်

ကိုပညာပြလိုက်စမ်း….”

ထိုသို့အမိန့်ရသည်နဲ့ မိန်းမ ကြီး၏ဘေးရှိ

မိန်းမ ငယ်သုံးယောက်သည် ထဘီကိုဆွဲ

ခြုံလိုက်သော် ကျီးကန်းသုံးကောင်ပြန်ဖြစ်

သွား၏။

“အာ့….အာ့….အာ့….”

“အာ့…အာ့….အာ့…”

လေပေါ်တွက်ပျံဝဲပြီး ကျီးအာသံပြု၏။

“အဲဒီလူသားနှစ်ယောက်ကို သတ်လိုက်စမ်း”

မိန်းမကြီးကအမိန့်ပေးလိုက်သော် ကျီးက

န်းသုံးကောင်သည် မောင်ရေခဲတို့ထံသို့

သုတ်ချီဆင်းလာ၏။

မောင်ရေခဲ လည်း ကျီးကန်းမတွေ ဆရာ

သခင်ကိုအနှောင့်ယှက် ပြုမည် စိုးသော

ကြောင့် ဂုဏ်တော်ကိုပွားများကာ သံကွန်

ချာအင်းကိုလေထဲတွင် အမြန်ဆွဲလိုက်၏။

ပြီးသော် အရှိန်နဲ့ဆင်းသက်လာသော

ကျီးကန်းမသုံးကောင်ဆီသို့ ပစ်လိုက်၏။

“ဝုန်း…ဖောင်း….ဖောင်း…ဖောင်း….”

အငိုက်မိသွားသော ကျီးကန်းမသုံးကောင်

ကားသံကွန်ချာအင်းနဲ့တွေ့ပြီး မြေပေါ်သို့

မရှုမလှ ပြုတ်ကျကုန်၏။

“အား….အေမ့…”

“ဆရာ…ကယ်ပါဦး….”

“အား…..”

မြေပေါ်တွင်လူးလှိမ့်ကာ ပါးစပ်မှလည်း

သွေးစတဲ့ပွက်ခနဲထွက်လာ၏။ထိုအဖြစ်ကို

မြင်သော အဖွားကြီးကား ဒေါသထောင်း

ထောင်းထလျက် ထဘီအမဲကြီးကို ဆွဲခြုံလို

က်၏။စုန်းမျိုးတို့ကား နတ်ကဝေမြောက်စုန်း

၊အိမ့်တလိမ့်စုန်း၊မောက်လုံးစုန်း၊မောက်ပြား

စုန်း၊ခြေစုန်း၊ခေါင်းစုန်း၊ကိုယ်စုန်း ဟူ၍ ရှိရာ

ယခုအဖွားကြီးကား အိမ့်တလိမ့်စုန်းအမျိုး

အစားဖြစ်သောကြောင့် မြောက်ဘက်မယ်

တော်၊ဥရုနတ်၊ဇော်ဂနီနတ်တို့ကို စေခိုင်း

နိုင်သည့် အစွမ်းထက်လှသောစုန်းမျိုး

ဖြစ်၏။

“ဖလပ်…ဖလပ်…ဖလပ်….”

လင်းတကြီးသည် သစ်ပင်ထက်သို့တက်ပြီး

မောင်ရေခဲ အားတိုက်ခိုက်၏။ပါးစပ်မှ

အနီရောင်စက်ကို မောင်ရေခဲထံ မှုတ်ထုတ်

၏။မောင်ရေခဲလည်း အကာအကွယ် အင်းဖြင့်

ကာထားသောကြောင့် တစ်စုံတစ်ရာ ထိခို

က်ခြင်းမရှိ။

“ဝုန်း….”

“ဖောင်း…ဖောင်း….ဖောင်း….”

လင်းတကြီး၏စက်နဲ့ မောင်ရေခဲ၏ အကာ

အကွယ်အင်းတို့တွေ့ထိပြီး တဖောင်းဖောင်း

ပေါက်ကွဲကုန်၏။ဘေးရှိသစ်ပင်ငယ် တို့က

အတုန်းအရုန်းလဲကကုန်သည်။

သူ့စက်ကိုမောင်ရေခဲက ခံနိုင်သောကြောင့်

သူ၏အစွမ်းအထက်ဆုံး အစိမ်းရင့်ရောင်

စက်နဲ့မောင်ရေခဲထံမှုတ်ထုတ်လိုက်၏။

မောင်ရေခဲ လည်းတန်ပြန်အင်းကို အမြန်

ဆွဲလိုက်၏။အင်းအသက်ဝင်သွားသော်

လင်းတကြီးထံသို့ ပစ်လိုက်၏။

“ဝုန်း….ဖောင်း…ဖောင်း…ဖောင်း….”

လင်းတကြီး၏အားပြင်းသောစက်နဲ့

တန်ပြန်အင်းတို့တွေ့သောအခါ အသံကျယ်

ကြီးဖြင့် တအုန်းအုန်းမြည်လေ၏။မောင်ရေ

ခဲမှာအနောက်သို့လှန်ကျသွားသကဲ့သို့

အပင်ပေါ်ရှိလင်းတကြီးမှာလည်း မြေပေါ်

သို့ပြုတ်ကျလာ၏။မြေပြင်ပေါ်သို့ရောက်သေ

ာ်လူသားမိန်းမကြီးပြန်ဖြစ်သွားပြီး တန်ပြန်

အင်း၏အစွမ်းကြောင့် သွေးပွက်ပွက်အန်

ကာသေဆုံးသွားတော့သည်။လင်းတကြီး၏

တပည့်ဖြစ်သော ကျီးကန်းမသုံးယောက်

လည်းမိမိတို့၏ ဆရာသခင်သေဆုံးသွား

သဖြင့် မိမိကိုမိမိပြန်၍အဆုံးစီရင်သွားကြ၏။

ထိုသူတို့ပတ်ပတ်လည်တွင် ငရဲမီးတောက်

ထွက်ပေါ်လာပြီးမီးလောင်ပြာကျသွားတော့

သည်။မောင်ရေခဲလည်း စက်အရှိန်ကြောင့်

အထိနာသွားပြီး သတိလစ်သွားတော့သည်။

“ငါ့တပည့်ကြီး….ထတော့…ထထ….ခရီး

ဆက်ချိန်ရောက်ပြီ…”

ဟူသောအဘဆရာ၏ အသုံကြားမှထကြ

ည့်သော် မိုးလင်းနေပြီဖြစ်၏။

“အဘ…ကျွန်တော်ဘာဖြစ်သွားတာလ
ည်း……ဟိုလင်းတကြီးနဲ့ကျီးကန်းမတွေ
ရော”

“ဟားဟားဟား… ငါ့တပည်ု့ကြီးရယ် ..

သူတို့တွေကသူတို့နဲ့ဆိုင်တဲ့နေရာကို

သွားရပြီကွ.. ငါ့တပည့်ကြီးက လင်းတမ

ကြီးရဲ့စက်အရှိန်ကြောင့် သတိလစ်သွားတာ…”

“အဘ…သူကဘာလို့အရမ်းစွမ်းနေရတာ
လဲ…”

“စွမ်းဆိုသူက အစွမ်းထက်တဲ့ပညာသ

ည်အမျိူးအစားထဲမှာပါတဲ့သူကိုးကွ

သူ့သက်တမ်းဘယ်လောက်ရှိပြီထက်လဲ”

“(၇၀)လောက်ရှိပြီထင်တယ်ဆရာ”

“မှားတယ် ငါ့တပည့်ရ…သူ့သက်တမ်း

နှစ်ရာကျော်သွားပြီကွ…လိုရာဖန်ဆင်းနိုင်

တဲ့အဆင့်တောင်ရောက်နေပြီ…ငါ့တပည့်

ကြီးသူ့ကိုနိုင်တာ တော်ရုံနဲ့မရဘူးကွ

အခြားအင်းနဲ့ကာရင် သူ့ကိုနိုင်မှာမဟုတ်

ဘူး…ဒါပေသိ ကာ့တပည့်ကြီးက ဖြတ်ထိုး

ဥာဏ်ကောင်းတော့ တန်ပြန်အင်းနဲ့ပစ်လို

က်လို့သူ့စက် သူပြန်ထိပြီး ဆုံးသွားတာကွ…..”

“ဟုတ်ဆရာ…”
မောင်ရေခဲ ကားဆရာပြောသမျှနားထောင်

ပြီးကိုယ်လပ်သန့်စင်ရန် ချောင်းငယ်အနား

သို့သွားလေ၏။ရင်ဘတ်တွင်ကား အောင့်

သက်သက်နာကျင်နေသေးသည်။

“ခရီးဆက်ကြမယ် ငါ့တပည့်ကြီးရေ…”

ဆရာ့ခေါ်သံကြောင့် ချောင်းငယ်မှတက်

လာပြီး နှစ်ယောက်သား ခရီးဆက်ကြတော့

သည်။

(တစ်စုံတစ်ရာ အမှားရှိခဲ့ပါက စာရေးသူ၏

လေ့လာမှုအားနည်းချက်ကြောင့်သာဖြစ်
သည်။စာဖတ်ပရိတ်သတ်များ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေ)

ပြီး

ခွန်း