ဆန်အိတ်များပေါ်တွင် အိပ်ပျော်နေကြသည် ထိုအခါ ဖိုးထွေးသည် သာရအား မောင်ဘိုးထင်တို့ကို မျက်စာပြစ်ပြလိုက်ကာ “ကဲ ငါပြောတာ ယုံပြီ မဟုတ်လား ဒီကောင်တွေက အိပ်ဖို့ချောင်းနေတာပါဆို “ “ဒီကောင်တွေ ဒါတော့ လွန်သွားပြီး အသွားတုန်းက လည်းအိပ် အပြန်ကြတော့လည်းအိပ် နဲ့ လာကွားသွားနိုးရအောင် မထူးပါဘူး အဲ့ကောင်တွေကို ပဲ ထမင်းဟင်း ချက်ခိုင်းကွာ ငါတို့ နှစ်ေယာက်က နွားသွားကျောင်းမယ်ဆိုပြီး အိပ်ကြရအောင် “ အချိုးပြောင်းသွားသော သာရအား ဖိုးထွေး သေချာကြည့်လိုက်မိသည် ခုဏကမှ ...
တော့သည်။ နောက်ဆုံးနှစ်ယောက်သား သဘော တူကာယူဖို့ဆုံး ဖြတ်ချက်ချခဲ့ကြသည်။ ငွေအိတ်တွေလဲပါတာကိုတွေ့ရလေသည်။ “တင်မောင်….ဒီစိန်လက်စွပ်ကဖြုတ်မရဘူးဟ ကြပ်နေတာပဲ” “နေနေ ငါဆွဲကြည့်မယ်….” “အား….အား…..ဟူး တော်တော်မာလိုက်တာ အတည်ဝတ်ထားတာလားမသိဘူး ဟာသိပြီ” တင်မောင်မှာမိမိဘောင်းဘီအိတ်ထဲက ခလုတ်နှိပ် ဓားကိုယူ ထုတ်လိုက်လေသည်။ “ဟင် ဘာလုပ်မလို့တုန်း….” “ခုတ်ယူမလို့လဲ…” လှထူးမှာ စိတ်ထဲဘုရားဘုရားတက ကြောက်မိလေတော့သည်။ လောဘစောတွေတတ်နေသော တင်မောင်က ထိုမိန်းကလေး လက်ကိုဓားဖြင့်ခုတ်လှီးကာ စိန်လက်စွပ်ကိုယူလိုက်လေသည်။ သို့ဖြင့် သူတို့နှစ်ယောက်လဲ ကားလမ်းပေါ်သို့တက်လာခဲ့သည်။ မိမိတို့ယူခဲ့သောပစ္စည်းတွေကို ကားပေါ်တင်ကာ ဟိုင်းဝိုင်းလမ်းအတိုင်းမောင်းလာခဲ့ကြသည်။ ယခု သူတို့မှာ…… သာသာယာယာဖြင့်ကားကို မောင်းလာကာ ကိ်ုယ့်စိတ်ကူးကိုယ်စီ ...
လိုအပ်သည့်များ ပြင်ဆင်ခိုင်းလေသည်။ အမဲပစ်ရာတွင် သုံးသည့်လက်နက်များကို လည်းပြင်ရလေသည်။ ရွာထဲတွင် သာဒင်၊ ထွန်းအောင်၊ တင်ထွန်းတို့ သုံးယောက် အမဲပစ်သွားမည့်ဟု သိရသည့်နှင့် တောကောင်သား လာရောက်မှာသူများက စည်းကားနေတော့သည်။ “ဖြူရေ့.. ဒီတခါ အမဲပစ်ကတော့ ကြာမယ်ထင်တယ်ကွ..” “ဘာလို့လဲတော်..” “အမဲမှာတဲ့လူများတယ်ကွ…” “ရှင်လည်း.အမဲပစ်တာ စွန့်လွှတ်ပါတော့လားရှင်..” “ဘာလို့လဲ.. ဖြူ ရဲ့..” “ဒီ အကုသိုလ်အလုပ်တွေ မလုပ်စေချင်လို့ပါ..” “ဒါပေမဲ့.. ဖြူရယ်.. သစ်ခုတ်ဝါးခုတ် အလုပ်ကလည်း သိပ်အဆင်မပြေဘူး.. ဒီအလုပ်ကပဲ အဆင်ပြေတာ.. ဖြူလေးလည်း.. သိနေတာပဲ.. ပြီးတော့.. ကိုယ်တို့. ...
အားနှိပ်နယ် ပေးပြီးမှအိပ်လိုက်သည်။ ကိုသာစံလည်းသောက်ထားသည့် ဆေးအရှိန်နှင့်ပင်ပန်းမှုဒဏ်ကြောင့် ချက်ချင်းပဲအိပ်ပျော်သွားတော့သည်။ “အိမ်ရှင်တို့ အိမ်ရှင်တို့ ” “ဟင်…ဘယ်သူပါလိမ့် အိမ်ရှေ့ကနေအော်ကြီးဟစ်ကျယ်နဲ့” ကိုသာစံလည်းအိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ “ဂျောက်” တံခါးဖွင့်လိုက်သည်နှင့်အိမ်ရှေ့၌ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးနှင့် ၅နှစ်ခန့်အရွယ်ရှိကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။ “ဘာကိစ္စများလဲမသိဘူး” ကိုသာစံကမေးလိုက်သည်။ “ကျွန်တော်တို့ကနေစရာလိုက်ရှာ နေကြတာပါ။ ဘယ်မှာမှနေလို့မရတဲ့အတွက် ဒီအိမ်ကသစ်ပင်တစ်ပင်ပင်မှာ နေစရာလေးပေးဖို့ တောင်းဆိုတာပါ။ ဒုက္ခရောက်နေလို့ ကူညီပါဗျာ” “ဟုတ်ပါတယ်ရှင် ကျွန်မတို့မိသားစုကိုသနားပါဦးရှင် နေစရာမရှိလို့ ဒုက္ခတွေအကြီးအကျယ် ဖြစ်နေရတာ ကူညီပါရှင်” ထိုလင်မယားပြောလိုက်သည့် စကားကြောင့် ကိုသာစံလည်း ထိုမိသားစုအားလူမဟုတ်မှန်းအတတ် သိလိုက်လေသည်။ “နေစရာပေးတာကတော့ရပါတယ် ...
လည်းမမွေးပါ။ဟင်းအိုးဖွင့်စားမည့်ခွေးလဲမရှိ။ဘဝင်မကျမိသည်ကအမှန်။တိုက်တိုက်ဆိုင်ဆိုင်အမေက အမဲသားစားချင်သည်ဟုကျွန်တော့်အားပြောသည်။ကျွန်တော်ကအမေ့အမဲသားစားချင်သူဟုပြောသဖြင့်ဝမ်းသာပါသည်။နေမကောင်းသောအမေအတွက်အားဖြစ်စေသည်မဟုတ်ပါလော။ သို့သော်ယခင်ကအမဲသားအစားသောအမေသည် ယခုလိုအမဲသားစားချင်သည်ဟုပြောခြင်းကိုအံ့သြမိသည်။ထိုနေ့ကစျေးမှအမဲသားဝယ်ကာအမေ့အတွက်ပြုတ်ကြော်ကလေးလုပ်ပေးထားသည်။စိတ်ထဲတွင်တော့ငါ့အမေဖုတ်များဝက်နေသလားဟု တွေးမိသည်။သို့သော် ကျွန်တော်၏ချစ်လှစွာသောအမေအား ဖုတ်ဝင်သည်ဟုမစွတ်စွဲရက်ပါ။ သမီးမှာ ညဖက်တွင်လူနာစောင့်ကျွန်တော်ရှိသဖြင့်အသားအရေသွေးသားရောင်ပြန်တောက်နေပါပြီ။ကျွန်တော်သည်မိတဆိုးသမီးလေးအားယခုလိုဂရုမစိုက်အားပဲလူမမာအားတစ်ယောက်တည်းပြုစုနေရသည်ကိုသနားလာသည်။ကိုယ်ချင်းလဲစာတတ်ပါပြီ။ညဖက်တွင်အနည်းဆုံးသုံးလေးငါးကြိမ်ခန့် အမေ့အားဝေယာဝိစ္စပြုလုပ်ပေးရသည်မဟုတ်ပါလော။အမေ့အားလူနာစောင့်ပြုနေရသောကာလအတွင်းကျွန်တော်အရက်မသောက်မိအောင်ဂရုစိုက်နေသည်။ကိုယ့်ဘဝကိုယ်အားငယ်စိတ်ပျက်မိတိုင်းတစ်ခုတည်းသောစိတ်ထွက်ပေါက်အဖြစ်ကျွန်တော်အရက်ဖြင့်ရေစုံမြောမိခဲ့ခြင်းသာ။ကျွန်တော်သည်အရက်အသောက်ထားသဖြင့်ကောင်းကောင်းအိပ်မပျော်ပါအတွေးထဲတွင် အမေသေဆုံးပြီးလူ့ဘဝကထွက်ခွာသွားမည်ကိုတကယ်ကြောက်လန့်နေသည်။မှေးခနဲအိပ်ပျော်မိဆဲဆဲတွင်အိမ်နောက်ဖေးမီးဖိုချောင်က အိုးခွက်လွတ်ကျသံကြားလိုက်ရသည်။ ကျွန်တော်သည်ခြေသံလုံလုံဖြင့်ဂရုတစိုက်လျှောက်လာပြီးမီးဖိုခန်းဖက်သို့ထွက်လာသည်။ ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့်ဆံပင်များပင်ထောင်ပြီးနားရွက်တွေပူထူသွားသည်။အမှောင်ထဲတွင်တစုံတစ်ယောက်ကအမဲသားအိုးကိုဖွင့်ကာစားနေလေသည်။ကျွန်တော်ဘာလုပ်ရမည်နည်း မီးဖွင့်လိုက်ရမလား ဒါမှဟုတ် ထွက်ပြေးရမလား ဟူသောအတွေးများကားရှုပ်ထွေးလျှက်။သမီးနိုးသွားမည်ကိုလည်းစိုးရိမ်သည်။အခန်းထဲသို့ခြေသံလုံလုံဖြင့်လျှောက်လာပြီးဟန်မပျက်အိပ်နေလိုက်သည်။ရင်ထဲတွင်နှလုံးခုန်သံတဒိန်းဒိန်းမြည်လျှက်။နာရီဝက်ခန့်ကြာပြီးနောက်အိမ်နောက်ဖေးကလည်းအသံတိတ်သွားသည်။ ကျွန်တော်သည်ချောင်းဆိုးဟန်ဆောင်လိုက်ပြီးမီးအခန်းမီးကိုဖွင့်လိုက်သည်။အမေ့ဆီသွားကြည့်သောအခါတွင်အမေက ဟန်မပျက်အိပ်ပျော်နေဟန်ရှိသည်။ပါးစပ်တွင်ဆီစက်များပေကျံလျှက်ရှိသည်။ကျွန်တော်သိလိုက်ပါသည်။လမ်းမလျှောက်နိုင်၍အိပ်ရာထဲတွင်လဲနေသောအမေသည်ညဖက်ထကာသူတစ်ခါမှစားလေ့မရှိသောအမဲသားဟင်းကိုစားသည်။ကျွန်တော်လည်းဘာဆက်လုပ်ရမှန်းမသိတော့ခြေ သမီးကိုပို၍စိုးရိမ်လာသည်။သမီးကအမေနှင့်အိမ်မှာနှစ်ယောက်တည်းနေရတာ။မတော်တဆတစ်ခုခုများဖြစ်ခဲ့သော်။သမီးကိုအမေ့အကြောင်းဖွင့်ပြောပြန်လျှင်လည်းကြောက်လန့်နေရှာမည်။ မနက်ပိုင်းတွင်သမီးအားဘုန်းကြီးငါးပါးပင့်ဖိတ်ပြီးဆွမ်းကပ်ချင်ကြောင်းကိုပြောပြသည်။သမီးကကြေကြေဖြူဖြူပင်ဝမ်းသာနေရှာသည်။အမေ့ကိုမူပြော၍မရပါ။သဘောတူမည်မဟုတ် ကိုယ့်အမေအားရက်ရက်စက်စက်ဖုတ်ဝင်သည်ဟုလည်းမစွတ်စွဲရက်ပါ။ ရင်ထဲတွင်ဝမ်းနည်းကြေကွဲနေသည်။အပေါင်းအသင်းဆွေမျိုးများနှင့်ရင်းနီးသောမိတ်ဆွေတချို့ကိုဖုန်းဖြင့်လှမ်းဖိတ်ပြီးရပ်ကွက်နာရေးကူညီမှုအသင်းအားအကျိုးအကြောင်းကိုပြောပြထားလိုက်သည်။ အိမ်သို့သံဃာတော်များကကြွလာသောအခါတွင် အမေမှာအိပ်ရာထဲမှလှုပ်လှုပ်ရှားရှားသွေးပျက်နေရှာသည်။ကျွန်တော်လည်းမသိကျိုးညွန်ပြုကာ အမေ့အားတရားနာရန်ပြောလိုက်သည်။အမေကပါးစပ်မှဝူးဝူးဝါးဝါးအော်ကာ ဒေါသထွက်လာသည်။တရားမနာဘူးဟုခေါင်းကိုခါရမ်းနေသဖြင့်ဆံပင်များစည်းနှောင်ထားရာမှပြုတ်ထွက်ကာပွယောင်းယာင်းသရဲမကြီးကဲ့သို့ဖြစ်နေသည်။ တရားနာလာသူများမှလည်းထူးဆန်းသောအပြုအမူများကိုအံ့သြထိတ်လန့်နေဟန်ကြည့်နေကြသည်။သမီးကဖွားဖြစ်သူအားကြောက်လာသဖြင့်ကျွန်တော့ဘေးတွေကပ်နေရှာသည်။ဘုန်းကြီးငါးပါးမှပရိတ်တရားနာပြီးနောက်အမေသည်ပို၍အသံကျယ်ကာအော်ဟစ်သည်။အမေအိပ်သောဖျာအောက်သို့ဖဲချပ်နှင့်ဖိနပ်စုတ်ကိုကျွန်တော်ကတိတ်တိတ်ကလေးထည့်ထားလိုက်သည်။ ဖုတ်သရဲသည်ဖိနပ်စုတ်နဲ့ဖဲချပ်အားကြောက်သည်ဟုကျွန်တော်ကြားဖူးသည်။အမေဘုန်းကြီးများရွတ်ဖတ်သောဘုရားစွာရွတ်သံအဆုံးတွင် အော်ဟစ်ရုန်းကန်နေရာမှတဖြေးဖြေးငြိမ်သက်သွားသည်။ချက်ချင်းပင်အမူအရာများပြောင်းလဲကုန်သည်။မျက်တွင်းများချိုင့်ဝင်ကာအသားများပိန်ကပ်မဲပြာနေသည်။အနံဆိုးများနံနေလေပြီ။ နာရေးကူညီမှူအသင်းမှအဖွဲ့ကအလောင်းအားချက်ချင်းဆိုသလိုပင်အသုဘချဖို့စီမံရသည်။သမီးကငိုကြောက်စိတ်ဖြင့်ငိုဖို့တောင်မေ့နေသည်။ကျွန်တော်လည်းနာရေးရှင်ဖြစ်သောသောကြောင့်မြန်မြန်အသုဘချနိုင်ရေးအတွက်သေစာရင်းလုပ်ရန်ဟိုရုံးပြေးဒီရုံးပြေးရအလုပ်ရှုပ်ကုန်သည်။ မသေခင်မည်မျှပင်ချစ်ပါသော်လည်း အနံဆိုးထွက်လာပြီဖြစ်သောအပုတ်ကောင်အလောင်းကောင်ကြီးအားမြတ်နိုးတွယ်တာစိတ်မရှိတော့ပါ။နံစော်သောအနံပသက်တွေကြောင့်မြန်မြန်အသုဘချရေးကိုသာအာရုံထားရသည်။အမေ့အလောင်းအားမီးသဂျ်ိုပြီးနောက်သံဝေဂတရားရမိသည်။သမီးတစ်ခုအဖေတစ်ခုဘဝဖြင့်သမီးလေးအားအမေ့ကိုယ်စား၊အဖွားကိုယ်စားစောင့်ရှောက်ရမည်ဆိုသောအသိစိတ်ဓာတ်များဝင်ရောက်လာကာ အရက်ကိုလည်းရာသက်ပန်ဖြတ်ပြစ်လိုက်သည်။ဘာသာရေးအလုပ်ကိုလည်းကျွန်တော်ယုံယုံကြည်ကြည်လုပ်ဖြစ်လာသည်။နာနာဘဝနှင့်မြင်အပ်မမြင်အပ်သောအရာတို့ကိုလည်း ကိုယ်တိုင်မျက်ဝါးထင်ထင်ကြုံဖူးမှကျွန်တော်ယုံကြည်လက်ခံသွားသည်။ ပြီးပါပြီ စာရေးသူအားလေးစားလျက် ...
မြစ်ထဲမျှောပစ်ခဲ့တာဗျ။ နောက်ဆုံးတော့ တပ်မင်းကြီးတွေက ပျဉ်ပုံကြီး ပုံထားတာကို တွေ့ကြတယ်။ “ကဲ ကဲ ရဲမက်တို့၊ ဒီပျဉ်ပုံကြီးကို ဖယ်ရှားကြပေတော့၊ ဒီနေရာ မှာပဲ တပ်ချကြရမယ်” လို့ အမိန့်ပေးတော့ အင်းဝရဲမက်တွေက ပျဉ်ပုံကြီးက ပျဉ်ချပ်တွေ ကို ထမ်းကြသယ်ကြနဲ့ လုပ်ကြတော့တာပေါ့ဗျာ။ ပျဉ်ပုံကြီးလည်း ဖယ်လိုက်ရော ပျဉ်ပုံအောက်မှာ လူတစ်ရပ်လောက်မြင့်တဲ့ ခံတက်ပင် တစ်ပင် သွားတွေ့တယ်ဗျ။ ဒီသတင်းကို ယာယီတဲနန်းမှာ စံမြန်းနေတဲ့ မင်းကြီးဆီကို သတင်း ပို့တော့ မင်းကြီးက ဝမ်းသာအားရ ဖြစ်တယ်တဲ့ဗျို့။ ဒါနဲ့ပဲ အဲဒီခံတက်ပင် ...
တိတ်ဆိတ်လွန်းလှပေ၏ အုဝုဝူး အူး တစ်ခါတရံရွာအတွင်းရှိခွေးများ၏အူသံများသာကြားရပေလိမ့်မည်။ သို့ရာတွင်ပကတိတိတ်ဆိတ်အိပ်မောကျနေသောရွာကလေးမှာသန်းခေါင်ကျော်အချိန်ခန့်၌တစ်ရွာလုံးကိုလှုပ်နှိုးလိုက်သည့်အလားဆူညံသံများလွှမ်းမိုးသွားတော့သည် ရှဲရှဲရှဲ ဖလပ်ဖလပ် ရွှီးရွှီးရွှီး ဝုတ်ဝုတ်အူး အုအူး ဝုန်း ဗျန်း သစ်ရွက်ခြောက်များကိုလေဝှေ့သည့်အသံမျိုးငှက်ပျောဖက်နှင့်အပင်တို့ရိုက်သလိုအသံမျိုးနှင့်ခွေးများ၏အူသံဟောင်သံတို့ကရွာလုံးအနှံ့ကွမ်းတယာညက်ခန့်မျှဆူညံနေပြီးနောက်မှသာပြန်လည်တိတ်ဆိတ်သွားတော့သည်။ တဖန်ရွာအတွင်းရှိသစ်ပင်ကြီးငယ်များလေမတိုးပါဘဲလျက်တဝုန်းဝုန်းလှုပ်ခတ်ဆူညံနေပြန်လေသည်။ ထိုကိစ္စသည်လည်းအတန်ကြာမှပင်ငြိမ်သက်ကာရွာကလေးမှာမူလအတိုင်းပြန်လည်တိတ်ဆိတ်သွားခဲ့ပေသည်။ အိပ်မပျော်သေးသူအချို့နှင့်လန့်နှိုးသူအချို့တို့ကအိမ်နီးနားချင်းတစ်အိမ်နှင်တစ်အိမ်ယင်းကိစ္စကိုအော်ဟစ်ပြောဆိုနေကြ၏။ ထိုအသံများဆက်လက်ထွက်ပေါ်လာမည်လောဟုလည်းစိုးရိမ်စိတ်နှင့်ရွာသားအချို့ကစောင့်စားနေကြသည်။ သို့ရာတွင်မည်သည့်အသံဗလံမျှထွက်ပေါ်လာခြင်းမရှိတော့ဘဲထမင်းတစ်အိုးကျက်ခန့်အကြာ၌လင်းကြက်တွန်ကျူးသံထွက်ပေါ်လာခဲ့သည်။ အောက်အီးအီးအွတ် အွတ်အွတ် များမကြာမီရွာဦးကျောင်းမှအုန်းမောက်ခေါက်သံမရှေးမနှောင်းထွက်ပေါ်လာပြန်သည်။ ထို့နောက်အရှေ့ဆီမှရောင်နီများသန်းလာချိန်တွင်ဆရာတော်ဘုရားသည်ရွာအတွင်းသို့ကြွလာခဲ့လျက်ရွာသူကြီးဦးထိန်ခြံဝင်းအတွင်းသို့ဝင်လိုက်သည်။ အိုးဆရာတော်ဘုရားကိုး၊ကြွပါဘုရား၊ဟဲ့မယ်ကျင်ဖျာခင်းပါဟယ်၊ခြေသုတ်ပုဆိုးချဟ၊အရုဏ်ဆွမ်းအတွက်ပြင်ကြဟာ မိသားစုအားလုံးမမျှော်လင့်သည်ကြောင့်ပျာပျာသလဲဖြစ်သွားကြရာဆရာတော်ဘုရားကဘုရားစင်ရှေ့၌နေရာတကျထိုင်မိစဉ်လက်ကာပြကာ နေနေဒကာ၊ဒကာမတို့ဘုန်းကြီးသွားနာနေတာကြောင့်စောစောကတင်ကပ္ပိယကြီးကျိုပေးထားတဲ့ယာဂုဘုဉ်းပေးလာခဲ့င်္ပြီး၊ခုလာတာကသူကြီးနဲ့ပြောစရာကိစ္စလေးရှိနေလို့လေဟုဆို၏။မှန်ပါ့၊မိန့်တော်မူပါဘုရား သူကြီးဦးထိန်နှင့်ဇနီး၊မိသားစုများအားလုံးဆရာတော်မိန့်ကြားလာမည့်စကားကိုငံ့လင့်နေကြသည်။ ခပ်စောစောကရွာအတွင်းထွက်ပေါ်လာသည့်အမျိုးအမည်မသိရသောအသံဗလံများနှင့်ဆရာတော်ဘုရားထူးထူးစန်းစန်းကြွလာမှုကဆက်စပ်နေလိမ့်မည်ဟုတွေးမိကြသောကြောင့်ဖြစ်သည်။ ဆရာတော်ဘုရားကသူကြီးငှဲ့၍ကပ်လာသောရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်ပြီးမှအောက်ပါအတိုင်းစကားစ၏။ အိမ်းတယ်လည်းခက်သကွယ်၊လောကကြီးမှာမသိမလိမ္မာသူ၊မိုက်မဲသူရှိတဲ့အရပ်ဒေသဟာတယ်ပြီးအန္တရာယ်ကြီးသကိုးကွယ့် မှန်ပါ့၊တပည့်တော်နားမရှင်းကြောင်းပါဘုရား ဒီလိုကွယ့်၊လွန်ခဲ့တဲ့တစ်နာရီကျော်ကျော်နှစ်နာရီနီးပါးမှာရွာအတွင်းထူးထူးစန်းစန်းဖြစ်ပေါ်သွားမှုဟာလူဆိုးလူသွမ်းတစ်ယောက်နဲ့ပတ်သက်ဆက်စပ်နေတယ်လို့ပြောတာကွယ့် သြဒီလိုလား၊တပည့်တော်နဲ့တကွရွာသားတွေလည်းတစ်ခါမှမကြုံဖူးတဲ့ထူးဆန်းမှုကြောင့်အံ့သြပြီးတယောက်နဲ့တစ်ယောက်ကျွက်စိကျွက်စိပြောနေကြတာဘုရား အေးအေးနားထောင်၊ပြောရမယ်ဆိုရင်ဒီအဖြစ်ရဲ့လက်သည်တရားခံဟာဒကာငြိမ်းသာနဲ့ဒကာအေးမယ်တို့ရဲ့သားလူဆိုးအံ့ထူးပေပေါ့ကွယ် ဟာ ဟင် အို အလို မိသားစုများအားလုံးဆရာတော်မိန့်ကြားမှုကြောင့်တအံတသြဖြစ်ကာအာမေဍိတ်သံများကိုယ်စီထွက်သွားကြသည်။ အတန်ကြာမှဆရာတော်ဘုရားကဆက်လက်မိန့်ပြန်လေ၏။ ညဦးကကျုပ်ဘုရားဝတ်ပြုတရားထိုင်ပြီးလို့ကျိန်းမယ်ကြံစဉ်မှာလူရိပ်နှစ်ခုတံခါးဝကပေါ်လာပြီးကျုပ်ကိုရှိခိုးကန်တော့ကြတယ် ...
ကျုပ်တောင် မသိလိုက်ဘူးဗျ။ “တာတေ နေရာတကာ ရှေ့ကရောက်တဲ့ ကိုတာတေရေ ဒီတစ်ခါတော့ နောက်ဆုံးကပါလားတော်” “အမေ ဘယ်က ပြန်လာတာတုံးဗျ” “ဟဲ့ ဘယ်က ပြန်လာရမှာတုံး တစ်ရွာလုံး အုံးအုံး ကျွတ်ကျွတ် ဖြစ်နေတဲ့ ခြေရာတွေကို သွားကြည့်တာပေါ့ဟဲ့” “ခြေရာကြီးတွေ အကြီး,ကြီးဆိုတာ ဟုတ်လား အမေ” “ဟုတ်ပါတော် တစ်တောင်လောက်ရှိတဲ့ ခြေရာကြီးတွေဟဲ့ တာတေရဲ့” ကျုပ် ထမင်းဆက်စားလို့တောင် မရတော့ဘူးဗျ။ ခပ်မြန်မြန်ပဲ ထမင်းကြမ်းစားပြီး ကျုပ်နဲ့ ကျောက်ခဲ ရွာပြင် ထွက်လာခဲ့တယ်။ ရွာမြောက်ဘက်က ဘွားမယ်လှယာထဲ ရောက်တော့ ...
သုတ်ထားသလို ဖြူနေတဲ့လူတစ်ယောက် ကျွန်တော်နဲ့လာပြီးတွေ့တယ်။ သူက သူ့နာမည်ကို တစ္ဆေဖြူလို့ပြောတယ်။ အဲဒီ တစ္ဆေဖြူက … “ဒီမှာ ဆရာ၊ ခင်ဗျားတပည့်တွေ ခင်ဗျားကို သစ္စာဖောက်ပြီး တခြားမှာ ဂိုဏ်းသွားတက်ကြပြီ။ အဲဒီအထဲမှာ ခင်ဗျားကို ထမင်းချက်ကျွေးတဲ့ ချန္ဒရားလည်း ပါသွားတယ်လို့ သူကသတင်းပေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ခြံကိုဖုန်းဆက်ကြည့်တော့ ခြံက အဲဒီလူတွေမရှိဘူးဆိုတာ ကျွန်တော်ခန့်ထားတဲ့ လက်ထောက်ဆရာ ဦးအောင်ကပြောတယ်။ အဲဒီလူတွေလည်း ပြန်လာရော ဆရာဦးအောင်က တန်းစီပြီး ကြိမ်လုံးနဲ့ ရိုက်တော့တာပဲ။ ဆရာရဲ့ခွင့်ပြုချက်မရဘဲ ဟိုသွားဒီသွား သွားရမလားပုဒ်မနဲ့ ရိုက်တာပေါ့ဗျာ။” ...
သည်ကို ခေါင်းတုံးကြီး၏လက်တံများအားရှောင်ရင်းမှ မြင်တွေ့လိုက်ရသည်။ အရိပ်အဖြစ်သာ တွေ့မြင်လိုက်ရပြီး သူတို့နှင့်ဝါးနှစ်ပြန် အပေါ်တစ်ရပ်ခန့်အရောက်တွင် တုန့်ခနဲ ရပ်တန့်သွားသည်။ ကျောပြင်မှဆံသားနက်နက်တို့သည် လျောခနဲရှည်ထွက်လာကြပြီးနောက် ထွက်လမ်းအား ပိတ်ဆို့ထားလိုက်ပါတော့ သည်။ ဖျီ ဖျီ ဖျီ ရွှစ်!! ဆံပင်နက်နက်တို့သည် အဆက်မပြတ် ရှည်ထွက်နေကြပြီး ပိုက်ကွန်စိပ်များသဖွယ် ဖြန့်ကျက်နေပါသည်။ အလွှာမှာပါးလှပ်နေသော်လည်း ဖောက်ထွက်ရန်မူ မလွယ်ကူလောက်ပါ။ လေပေါ်တွင်ရပ်နေသော အမျိုးသမီး၏နှာဖူး ဝါ ဂျိုစောင်းနေရာတွင် ဂျိုလေးနှစ်ခုလည်း ထွက်ပေါ်လာပါသည်။ “ဟား ဟား ဟား ဟီး ဟီး” ကြက်သီးထဖွယ် ရယ်မောလိုက်သံကြီးက အ,မင်္ဂလာမြေပေါ်မှာပေါ်ထွက်လာသဖြင့် ...