စုန်းဖြူမ

သည်ကို
ခေါင်းတုံးကြီး၏လက်တံများအားရှောင်ရင်းမှ မြင်တွေ့လိုက်ရသည်။

အရိပ်အဖြစ်သာ တွေ့မြင်လိုက်ရပြီး
သူတို့နှင့်ဝါးနှစ်ပြန် အပေါ်တစ်ရပ်ခန့်အရောက်တွင် တုန့်ခနဲ ရပ်တန့်သွားသည်။

ကျောပြင်မှဆံသားနက်နက်တို့သည်
လျောခနဲရှည်ထွက်လာကြပြီးနောက်
ထွက်လမ်းအား ပိတ်ဆို့ထားလိုက်ပါတော့
သည်။

ဖျီ ဖျီ ဖျီ ရွှစ်!!

ဆံပင်နက်နက်တို့သည် အဆက်မပြတ်
ရှည်ထွက်နေကြပြီး ပိုက်ကွန်စိပ်များသဖွယ် ဖြန့်ကျက်နေပါသည်။

အလွှာမှာပါးလှပ်နေသော်လည်း ဖောက်ထွက်ရန်မူ မလွယ်ကူလောက်ပါ။

လေပေါ်တွင်ရပ်နေသော
အမျိုးသမီး၏နှာဖူး ဝါ ဂျိုစောင်းနေရာတွင်
ဂျိုလေးနှစ်ခုလည်း ထွက်ပေါ်လာပါသည်။

“ဟား ဟား ဟား ဟီး ဟီး”

ကြက်သီးထဖွယ် ရယ်မောလိုက်သံကြီးက
အ,မင်္ဂလာမြေပေါ်မှာပေါ်ထွက်လာသဖြင့်
ကြားရအပေါင်းတို့ ကျောထဲစိမ့်တက်သွား
လောက်ပါသည်။

ဒေါ်စောမူနှင့် မိဂျမ်းတို့ကမူ
ထိုအမျိုးသမီးကိုသိပ်အာရုံမထား။

သင်္ချိုင်းမြေမှလွတ်မြောက်ရန်သာ
အဓိကထားနေကြပါသည်။

ဒေါ်စောမူသည် ခေါင်းတုံးကြီးနှင့် မိဂျမ်း၏
ကြားတွင် ပြေးနေသူဖြစ်ရာ ထိုဆံပင်အတားအဆီးကြောင့် ခေါင်းတုံးကြီး၏
အခြားတစ်ဖက်ဆီ တိုးထွက်လိုက်သည်။

ဒေါ်စောမူ၏ခြေဖျားသည် မြေပြင်နှင့်မထိ
တထိလေးသာထိပြီး အလွန်မြန်ဆန်သည်။

အကယ်၍
ခေါင်းတုံးကြီးသာ လက်ရှည်ကြီးမဟုတ်လျှင် သူအမြန်လွတ်မြောက်မည်မှာအမှန်
ဖြစ်သည်။

ယခုတော့…

မိဂျမ်းကျန်နေခဲ့မှာလည်းမလိုလားသဖြင့်
ခေါင်းတုံးကြီးအားတိုက်ရန် ဆုံးဖြတ်လိုက်
ရပါတော့သည်။

ပြေးနေရသူက တိုက်ခိုက်ရန်ကြိုးစားရသောအခါ ကိုယ့်သေတွင်းကိုယ်တူးရသလိုပင်။

“ဟေး”

ဒေါ်စောမူသည် တစ်ချက်အော်ဟစ်ပြီး
တုတ်ကောက်ကိုအားယူကာ အပေါ်အမြင့်
ထိ ရောက်အောင်ခုန်တက်လိုက်သည်။

အပေါ်မည်မျှမြင့်တက်သွားသလည်းဟူမူ
လိုက်ရန်ပြုနေသည့် ခေါင်းတုံးကြီး၏
နှစ်ရပ်စာမျှ မြှင့်တက်သွားပါသည်။

ပြန်အကျတွင် ခေါငိးတုံးကြီး၏နောက်ကျော လည်ဂုတ်
ပေါ်ကွက်တိကျလာပြီး ခွထိုင်ထားလိုက်
သည်။

လက်ထဲကနှင်တံဖြင့် ဦးခေါင်းပြောင်ပြောင်ဆီ ထိုးချရန်ရွယ်လိုက်ချိန်
ရှည်လျှားသော သူ့လက်နှစ်ဖက်နှင့်
ဆွဲချသည်။

ကိုင်ပေါက်သည်။

ဝေါ ဖောင်း ရွှစ် ရွှစ်!!

“အား”

ကိုင်ပေါက်ခံလိုက်ရသော ဒေါ်စောမူသည်
အခြားဘယ်နေရာဘက်မှ မရောက်ဘဲ
ဆံသားပိုက်ကွန်တွင် သွားငြိနေလေသည်။

ရုန်း၍လည်းမရ။

ပင့်ကူမျှင်တွင် ပိုးမွှားကပ်ငြိခံသကဲ့သို့
စေးကပ်နေလေသည်။

ဒေါ်စောမူသည် ဆံနွယ်ရှင်အမျိုးသမီးဆီ
လှမ်းကြည့်လိုက်တော့
ဆံသားနက်နက်များသည် ဦးရေပြားမှနေ၍
ရှည်ရှည်ထွက်နေကြသည်မှာ
သင်္ချိုင်းမြေတစ်ပါတ်ပြည့်ပြီလားမသိ။

အဆုံးထိမကြည့်နိုင်မီ
ခေါငိးတုံးနှင့်လူမှာ သူ့ထံပြေးဝင်လာပါပြီ။

နှင်တံမှာ လက်မှလွတ်မကျသေးသဖြင့်
လက်အားထိုလူဘက်လှည့်လိုက်ပြီး
ဆက်ခနဲခါလိုက်သည်။

“ရွှိ ”

ရှိ!!

နှင်တံသည် ဆံပင်တို့ဖြင့်ရသ်ပတ်ခြင်းကို
ခံနေရပြီး အသံမမြည်နိုင်ဘဲဖြစ်နေရသည်။

မိဂျမ်းသည် ဖွားစောဘက်ပြေးကူရန်
တွေးမိသော်လည်း အနားမှကောင်မလေး
ကြောင့် ရောက်မလာနိုင်ဖြစ်ရသည်။

နှင်တံအားအသုံးပြုရန် ဆွဲထုတ်လိုက်တော့
ကောင်မလေးဆီက အသံထွက်လာသည်။

“မမစော ညီမလေးလေ ”

ထိုစကားအားပြောရင်း ပြုံးရင်း မိဂျမ်းအနား တိုးကပ်လာနေပါသည်။
မိဂျမ်းသည် ခေါင်းရှုပ်သွားရသည်။

“ဟင်ဘယ်ကညီမလဲ ငါနင့်ကိုမသိဘူး”

“အို ကျမကမမညီမပါ လာပါဒီဘက်ကို”

လက်နှစ်ဖက်ဆန့်ပြရင်း တိုးကပ်လာနေ
ပုံက ပွေ့ဖက်တော့မည်ကဲ့သို့ပင်ဖြစ်သည်။

သူ့ဟန်ပန်အမူအယာတို့က သနားစဖွယ်
ဖြသ်နေသော်လည်း သူ့မျက်လုံးများကို
မိဂျမ်းမယုံကြည်ပါ။

“သွား မလာနဲ့ နင်ငါ့ညီမမဟုတ်ဘူး”

“ခစ် ခစ် ညီမပါမမရဲ့ ညီမ ညီမ”

“သွား မဟုတ်ဘူး”

ဖျုန်း ဖျုန်း!!

မိဂျမ်းသည် ဖွားစောဘက်အမြန်သွားကူ
နိုင်ရန် နှင်တံလေးအား အသုံးပြုမိပါတော့
သည်။

ရှူးးးဖောင်း!!

နှင်တံလေးသည် တစ်ချက်ခါယမ်းလိုက်သည်နှင့် သူ့ဆီတိုးကပ်လာနေသော
ကောင်မလေးဆီ အလင်းတစ်ခုပြေးဝင်သွားပါသည်။

ထိုကောင်မလေး၏ ရှောင်တိမ်းပုံမှာ
မြန်ဆန်လွန်းသဖြင့် အလင်းတန်းမှာလိုရာ
မရောက်ဘဲ ဆံသားတံတိုင်းဆီ ထိမှန်ပါ
တော့သည်။

ရွှီး ရွှီး!!

ဆံသားလွင့်လွင့်တိူ့သည် လျှပ်စီးလက်သဖွယ် အလင်းအသွယ်သွယ်ဖြာလက်သွားပြီးနောက် ပို၍ပင်အုံကြွလာပါ
သည်။

မိဂျမ်း၏နှင်တံရိုက်ချက်အား
ခုန်၍ရှောင်လိုကိသောကောင်မလေးသည်
ဖွားစောအနီးသို့ ရောက်ရှိသွားပါသည်။

စိုးရိမ်စိတ်ကြောင့်
ထိုကောင်မလေးနောက် တရှိန်ထိုးပြေးလိုက်မိပါသည်။

“ကောင်မလေး ဒီဘက်မလာနဲ့ ပြေးပြေး”

ဖွားစောထံမှထို့သို့အော်ဟစ်သံပေါ်ထွက်
လာသဖြင့် ကြည့်မိလိုက်ရာ
ကပ်ငြိနေသောနေရာတွင် သွေးအလူးလူး
နှင့်ဖြစ်နေပါပြီ။

တုတ်ကောက်သည် ဘယ်ဆီရောက်သွား
သည်မသိရ။

နှင်တံလေးမှာလည်း ဆံပင်တို့ဖြင့်ရစ်ပတ်
ထိန်းချုပ်ချင်းကို ခံနေရပါသည်။

လှုတ်ရှားမရသူအား လက်သီးနှင့်အကြိမ်
ကြိမ်ပစ်ထိုးနေသူကြောင့်
နားထင်ပါးစပ်နှာခေါင်းတို့မှ သွေးများစီး
ကျလာကြပါသည်။

မိဂျမ်းသည် ကောင်မလေးအားဂရုစိုက်မ
နေချင်တော့ပါ။
ဖွားစောဆီ ကမူးရှူးထိုး ပြေးဝင်သွားမိပါသည်။

“ဖွားစော”

“မလာနဲ့ကောင်မလေးရေ
ပြေး… ပြေး….ပြေးတော့”

“မပြေးဘူး ဖွားစောကိုမထားခဲ့ဘူး”

“ဟားဟားဟား မင်းပြေးလေ ပြေးစမ်း
ယာစောဖြူ
ဘယ်လိုပြေးပြေး ဒီညတော့ငါ့လက်က
မလွတ်စေရဘူး ဟီးဟီး”

ဆံပင်တံတိုင်းကြီးအား ထိန်းထားသူအမျိုး
သမီးက ထိုသို့အော်ဟစ်ပြောဆိုလာပါသည်။

ထိုစကားကြောင့် ဒေါ်စောမူသည် ရင်ထိတ်
သွားရပါသည်။

“ယာစောဖြူ ယာစောဖြူ”

ထိုအမည်ကိုသူ ကောင်းကောင်းသိပါသည်။

ပညာသည်လောကတွင် ယာစောဖြူအကြောင်းကို မသိသူမရှိပါ။

အမှောင်တကာ့အမှောင်နယ်မှ ပညာသည်
များ၏ လွတ်မြောက်ရာဖြစ်သော
မီးနတ်ဘုရားမ၏ရင်သွေးလည်းဖြစ်သော
ယာစောဖြူ ။

စုန်းဖြူမ တို့၏ သခင်မ။

အဖြူရောင်နှင်တံလေးကို ပိုင်ဆိုင်သည့်
ဒဏ္ဍာရီလာ သတို့သမီးငယ်လေး။

ထို့အပြင်
အမှောင်လောကသားတို့ငမ်းငမ်းတက်
စားသောက်လိုသော နတ်ဆေးတစ်ပါးဆိုလည်းမမှားပေ။

ယခုတော့ ဒေါ်စောမူသိလိုက်ပါပြီ။

စုန်းမတစ်သိုက်သည် ရွာပျက်အောင်ကြံ
စည်ရင်း ယာစောဖြူကိုခြေရာခံမိကြခြင်း
ဖြစ်ရမည်။

ယာစောဖြူကို သူတို့ရသွားပါက
လှပသောလောကသည် အကျည်းတန်ပေ
တော့မည်။

ထိုသို့မဖြစ်စေရ။

“ဟေး ဟေး ဟေး”

ဒေါ်စောမူသည်
လက်မှလွတ်ထွက်သွားသော တုတ်ကောက်
အား လှမ်းခေါ်ယူလိုက်သည်။

ရွှီ….”””

ဖျော..ဖလော!

ဖုန်း!!.

တုတ်ကောက်သည် အမှောင်ထဲမှပြေးထွက်
လာပြီး ခေါင်းတုံးကြီးအားဖုန်းခနဲမြည်အောင်ရိုက်ချသွားပြီး ဒေါ်စောမူရှေ့ရောက်
လာပါသည်။

တုတ်ကောက်ရိုက်ချက်ကြောင့် ခေါင်းတုံး
ကြီးသည် ဘေးဘက်ယိုင်ထွက်သွားပြီးမှ
တုတ်ကောက်နောက် ထပ်လိုက်လာပြန်သည်။

ဒေါ်စောမူဆီတုတ်ကောက်လည်းအရောက်
ခေါင်းတုံးကြီးလည်းအရောက်ပင်ဖြစ်သည်။

တုတ်ကောက်၏အမြီးမှဆုပ်ကိုင်လိုက်ပြီး
ဒေါ်စောမူဆီ ရိုက်ချလာသည်။
တုတ်ကောက်သည် လေထဲတွင် တန့်သွားပါသေးသည်။

အားစိုက်လို့ရိုက်သော်လည်း သခင်ဆီပြန်
မရိုက်သည့်တုတ်ကောင်ကြောင့် ကတုံးကြီး
မှာ ဒေါသထွက်လာဟန်တူပါသည်။

“ယားးးးဟူး”

မာန်သွင်းပြီး တုတ်ကောက်အား ဦးခေါင်း
ပေါ် မြှောက်တင်လိုက်သည်။

ထို့နောက်
အမြီးဖျားနှင့် အရင်းပိုင်းအားဆုပ်ကိုင်ကာ
ခေါင်းပြောင်ပြောင်နှင့် ဆောင့်ရိုက်ပစ်လိုက်ပါတော့သည်။

“”ဟားးအားးးးး”

မာန်သွင်းသံ အော်ဟစ်သံနှင့်အပြိုင်
ကလစ် ကလစ် ဖျောင်း ….

ရွှီ…..!!

တုတ်ကောက်သည် အလယ်မှအက်ကွဲလာ
ပြီး ထက်ပိုင်းကျိုးသွားပါတော့သည်။
ကျိုးကျိုးချင်းပင် အသံတစ်သံမြည်လာသေးသည်။

ဒေါ်စောမူသည် ဆံပင်များဖမ်းဆွဲထားရာ
နေရာမှ ပထမတွင် ရုန်းကန်နေပါသေးသည်။

တုတ်ကောက်ကျိုးသွားတာလည်းမြင်ရော
ရုန်ကန်မှုမရှိတော့ဘဲ ငြိမ်သက်သွားပါပြီ။
မျက်ဝန်းများကတော့ ထက်ပိုင်းကျိုးသွား
သည့် တုတ်ကောက်အား စူးစိုက်၍ကြည့်
နေကြသည်။

“ယားး”

ကတုံးကြီးသည် တုတ်ကောက်အဖျားပိုင်းဖြင့် ဒေါ်စောမူ၏ဝမ်းဗိုက်ဆီသို့
ထိုးစိုက်ချလိုက်ပါသည်။

“ဖွားစော…”

အဖြစ်အပျက်ကား
မြန်ဆန်လွန်းလှပါသည်။

မိဂျမ်းသည် ဖွားစောဘက်ပြေးကပ်နေရာ
နောက်မှကောင်မလေးက နှောက်ယှက်နေ
သဖြင့် အချိန်အနည်းငယ်နောက်ကျသွားခဲ့
ရပါသည်။

တုတ်ကောကိပြေးထွက်ကာ ကတုံးကြီးနှင့်
လူအားရိုက်ချသည်နှင့် တုတ်ကောက်အကျိုးသည် ဒေါ်စောမူဆီ ထိုးစိုက်လိုက်သည်က တစ်ခဏအတွင်းသာဖြစ်သည်။

မိဂျမ်းလည်းဖွားစောရှေ့ရောက်ရော
ဖွားသောလည်း ဝမ်းဗိုက်တွင်ဒဏ်ရာကြီး
ရနေခဲ့ပါပြီ။

“ဖွား ဖွားစော ဟီးဟီးဖွားစော”

မိဂျမ်းသည် လေပေါ်​မြှောက်တက်နေရာမှ
မြေပေါ်ပြုတ်ကျသွားပြီး ငိုကြွေးပါသည်။

လက်နှစ်ဖက်ဖြင့် ဖွားစော၏​ခြေထောက်အားဆုပ်ကိုင်ထားမိသည်။

“ကောင် ကောင်မလေး ဆောနယ်က
ရွှေပင် ရွှေပင်ရွာကို သွား သွား အား”

ဖွားစောသည် ထိုမျှသာပြောပြီး ငြိမ်သက်
သွားလေပြီ။

“ဖွားစော….”

မိဂျမ်းရဲ့အော်ဟစ်လိုက်သံကြောင့်
ကတုံးကြီးပင် နောက်ဆုတ်သွားရပါသည်။

ဖောင်း!!

“အား အီး”

“ခစ် ခစ် ခစ်”

ကတုံးကြီးအား နောက်ကဝင်ကုပ်ဆွဲလိုက်
သည့်သူမှာ မိဂျမ်းနောက်ပြေးလိုက်နေသည့် ကောင်မလေးပက်ဖြစ်သည်။

“ဟား လာခဲ့စမ်း”

ကတုံးကြီးက ထိုကောင်မလေးအား
လိုက်ဖမ်းသောအခါ ကောင်မလေးသည်
ပြေးလွှားရှောင်တိမ်းရင်း စနောက်နေလေသည်။

“မိအောင်ဖမ်းလေ ဖေကြီး ဟင်း ဟင်းဟင်း”

“ဟူးဟူး ဟီးဟီးဟီး လာစမ်း မှင်စာမ”

လက်ရှည်ကြီးဖြင့် လိုက်လိုပ်အုပ်ဖမ်းနေပါ
သော်လည်း ဖမ်းမမိဘဲဖြစ်နေပါသည်။

သူလက်လှမ်းလိုက်တိုင်း ကောင်မလေးမှာ
အဝေးသို့ရောက်ရောက်သွားနေသည်။

ဒေါသထွက်လာတိုင်း
ကတုံးနှင့်လူသည် ပို၍ပို၍ကြီးလာနေပြီး
ကောင်မလေးမှာ သေး၍သေး၍
သွားနေပါသည်။

နောက်တွင်….
ကောင်မလေးသည် ကတုံးကြီးရှေ့မှ
ပျောက်ကွယ်သွားလေသည်။

ထိုအခါမှ ကတုံးကြီးမှာ မိဂျမ်းဆီ သတိရ
ပြီး ပြန်ပြေးလာပါသည်။
မိဂျမ်းဆီသူပြန်ရောက်လာတော့
လေပေါ်မြှောက်တက်နေပြန်ပါပြီ။

သူ့ကိုယ်လေးအား ဆံနွယ်စများဖြင့်
ရစ်ပတ်ထားပြီး ဆွဲမြှောက်ခံထားရခြင်း
ပင်ဖြစ်သည်။

ကတုံးနှင့်လူကြီးသည် ​လေဟာနယ်မှ
ရွာသူဆီ မော့ကြည့်ပြီး ပြောလိုက်သည်။
အသံမှာ ခြောက်ကပ်အက်ကွဲနေပါသည်။

“ခုနှစ်ရွာသူ ညိုညိုစိန် ဒီကောင်မလေးက
ငါ့အတွက်လဲပါတယ်နော်”

“ဟင်းဟင်း မင်းကြိုးစားလေမှော်နက်
သေချာသလောက်ကတော့
ယာသောဖြူက ငါတို့အတွက်ပဲ
ဟီးဟီးဟီး”

ခုနှစ်ရွာသူ ဟုအခေါ်ခံရသူ မှာဆံပင်ကွန်
တွေပြုလုပ်နေသူမိန်းမကြီးဖြစ်သည်။
မိဂျမ်းသည်နားကကြားမေရသော်လည်း
မည်သူကိုမှအရေးမစိုက်။

လေထဲတွင်ခေါင်းငိုက်စိုက်ကြီးကျလျှက်
ဖြစ်နေပါသည်။

ယခုမှ အဝေမတည့်ဖြစ်နေသော ရွာသူ
ကြောင့် မှော်နက်သရဲဖြစ်သော ကတုံးမှာ
မကျေနပ်ပါ။

ယခင်က တစ်ဖွဲ့ထဲဖြစ်ကြသဖြင့်
သူလည်းရသင့်သည်သာ။

မကျေမနပ်နှင့် တွေးပြီး ကောင်မလေးဆီ
ရစ်ပတ်ထားသော
ဆံပင်ရှည်အား လက်တစ်ဖက်ဖြင့် ဆွဲဖမ်း
ရစ်ယူထားလိုက်သည်။

ရွာသူ ညိုညိုစိန်က ပြန်ရုန်းသော်လည်း
မလွတ်။

ကတုံးနှင့်လူသည် ဒေါ်စောမူတုတ်ကောက်
နောက်တစ်ပိုင်းအား ကောက်ယူပြီး
မိဂျမ်းဆီ ထိုးစိုက်ချလိုက်သည်။

ဇွပ်!

“အင့်”

“ဟေး သူ့ကိုအရှင်ဖမ်းရမှာ”

နံကြားနေရာတွင် ပူခနဲတစ်ချက်ဖြစ်သွားမှ
မိဂျမ်းမှာ သတိပြန်ရလာပါသည်။
သူသည် သတိမေ့သွားခြင်းမဟုတ်။

စိတ်က မိမိအားကိုးအားထားပြုနေသူ
သေသွားပြီဟု သိလိုက်ရသဖြင့်
စိတ်က မိန်းမောသွားရခြင်းဖြစ်သည်။

ယခုအနာတရဖြစ်မှ သတိပြန်ဝင်လာပါသည်။

“အားး”

နံကြားတွင်စိုက်ဝင်နေသော တုတ်ကောက်
အချွန်စကို ဆွဲနှုတ်လိုက်သည်။
နာကျင်ခြင်းကို သူ မမှုချင်တော့ပါ။

အသိဝင်လာသည်မှအစပြု၍
တုတ်ကောက်ကို အားစိုက်ဆွဲနှုတ်သည့်အချိန်အထိ ခေါင်းမှဆံပင်တို့သည်
လက်လက်ထလာကြပါသည်။

သူ့အသွင်ပြင်ကို ဒေါ်ညိုညိုစိန်ဆိုသောမိန်း
မကြီးမြင်သောအခါ ကတုံးကြီးအား
အမိန့်လှမ်းပေးသံကို ကြားရသည်။

“မှော်နက် သူ့ကိုသတ်လိုက်တော့
သူ မပြေးစေနဲ့ ”

“ဝေး ဟေး ဟေး”

ဒေါ်ညိုညိုစိန်ထံမှစကားနှင့်အတူ
သင်္ချိုင်းအတွင်း ပြေးဝင်လာနေကြသော
အရိပ်နှစ်ရိပ်ကို စတင်မြင်ရသည်။

မိဂျမ်းသည်
တုတ်ချွတ်စအား ဆွဲနှုတ်လိုက်ပြီး
ကတုံးကြီးဆီ ပစ်ပေါက်လိုက်သည်။

ကတုံးကြီးကရှောင်ရှားလိုက်ချိန် နှင်တံ
လေးဖြင့် ဆံပင်အတားအဆီးများကို
ဖယ်ရှားလိုက်သည်။

တစ်ချက်လက်ယမ်းလိုက်တိုင်း
အဖြူရောင်အလင်းမှုန်များက ဆံပင်တံ
တိုင်းကြီးအား ထိုးခွဲပစ်ကြပါသည်။

ဖျော ဖျစ်ဖျစ် ဘုတ် ဘုတ်!!!

ဆံပင်ထွေးများသည် မြေပေါ်တစ်ဖြုတ်
ဖြုတ် ပြတ်ကျကြကုန်သည်။

မိဂျမ်းလည်း နောက်လှည့်ကြည့်မနေတော့ဘဲ သင်္ချိုင်းမြေအတွင်းမှ
ပြေးထွက်ခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~
ဦးစိုင်းထွန်းသည်
ရုတ်တရက်လူများပြေးထွက်သွားကြသဖြင့် ဆေးဆရာ၏မိသားစုများကို
ရှာဖွေနေမိသည်။

ဘာမှသာမမှတ်မိရင်ရှိမည်။

ဆေးဆရာသေသည်။

​မေမြှုပ်မှဖြစ်မည်ဆိုသည်ကိုတော့ အမှတ်
ရနေပါသည်။

ထူးခြားစွာပြောင်းလည်းနေသောအခြေအ
နေတို့ကိုလည်း မချင့်ချိန်တတ်ပါ။

သူ့အသိတွင် တစ်ခုခုက ပိတ်ကာထားပါသည်။

သူသိသည်က ဇနီးနှင့်သမီးထံ ပြန်ရမည်။
မြေကျင်းအတွင်းမှ
ဆေးဆရာအလောင်းဆီ တစ်ချက်ငုံ့ကြည့်
လိုက်သည်။

ဘေးဘီဝေ့ကြည့်သည်။

ဆေးဆရာမိသားစုများ မြင်ရလေမလားပေါ့။
ညနေပင်စောင်းလို့လာပါရောလား။

ထို့နောက်
ကျင်းနှုတ်ခမ်းတစ်နေရာတွင် တင်နေသည့်
ဂေါ်ပြားအား ဆွဲယူလိုက်သည်။

ရွှပ် ဘုတ် ရွှပ် ဘုတ်!!

မြေစာများအား ကော်ယူပြီး အလောင်းဆီ
ပစ်ထဲ့သည်။
နှစ်ကော်သုံးကော်လောက်တွင်….

ရှော!!

ဘုန်း!!

“အိ အစ် အစ် အူး”

နောက်ဘက်ဆီမှ လျှောတိုက်သံ တစ်သံနှင့်
အတူ လူမှာ ကျင်းဘေးတစ်နေရာဆီ
လဲပြိုကျသွားရပါသည်။

ကုန်းထရန်ကြိုးစားလိုက်ချိန်
ဦးခေါင်းဆီစွပ်ကျလာသော အဝတ်ကြီးတသ်ခုကြောင့် ရုန်းကန်ရင်း မူးမေ့သွားရပါ
တော့သတည်း။
~~~~~~~~~~~~~~~~~~~~~~~~~
တောင်စွယ်တွင်
နေကွယ်သွားပါပြီ။

နန့်ကိုင်ရွာလေး၏ တစ်ဖက်ခြမ်း
ယာတောတစ်ခုတွင် လူသုံးယောက်ထိုင်နေ
ကြပါသည်။

“ဟေ့ကောင်တွေ ပေါ်ဦးတို့ထွက်သွားတာ
ကြာလှတယ်နော်”

“ပြန်လာမှာပေါ့ကွာ မင်းကလဲ”

“ငါကစိတ်ပူလို့ပါကွာ”

“ရွာပျက်သွားတာ ငါတို့အကုန်လုံးပါကွ
ငါတို့ပူဖို့လဲထားပါအုန်း အခုလောက်ဆို
ငါ့အဘတို့ စိတ်ပူနေကြမှာပဲ
သူတို့ ဘေးမှကင်းကြရဲ့လားမသိဘူး”

“လူကြီးတွေက ပိုပီးအမြော်
အမြင်ရှိမှာပါကွာ မပူပါနဲ့ ခက်တာက
ပေါ်ဦးတိူ့ပြန်မလာကြသေးတာပဲ”

“ငါတော့ ဒီနှစ်ကောင်ကိုယုံတယ်”

“အေးအဲ့ဒါနောက်ထား
ငါတို့ သူတို့ကို ရွာပြင်အစပ်ကနေ
သွားကြိုကြမလား”

ကျန်နှစ်ယောက်က ကိုင်းတောများဘက်ကြည့်ပြီး တစ်ချက်စဥ်းစားကြသည်။
ပြီးမှ…

“အေး ညတောင်မှောင်လာပီ သွားကြိုမှ
ကောင်းလိမ့်မယ် ဒီနှစ်ကောင်မနိုင်မနင်း
ဖြစ်နေမှာ”

“နေအုန်းကွ စိုင်းစံအေး တုတ်မီးသွားယူ”

“ဟုတ်ကဲ့အကိုရွှေစောင်း”

စိုင်းစံအေးဆိုသည့်လူငယ်လေးသည် နောက်ဘက်ရှိတဲငယ်လေးအ
တွင်း ခါးကိုင်းပြီးဝင်သွားလေသည်။

ထိုလူများသည် နန့်ကိုင်ရွာသားများဖြစ်ပြီး
ရွာပျက်သည့်ညက ထွက်ပြေးလာကြသူများဖြစ်သည်။

မိသားစုများအား ရှာဖွေမနေအားသေးဘဲ
အဓိကအလုပ်ကိုသာ အရင်လုပ်နေကြသူများလည်းဖြစ်သည်။

ထိုလူငါးယောက်တွင် ပေါ်ဦးက
ရွာ၏ကာလသားခေါင်းဖြစ်ပြီး
ကျန်လေးယောက်တွင် နှစ်ယောက်ကအိမ်
ထောင်ကျပြီးသူများဖြစ်သည်။

ကျန်နှစ်ယောက်သာ လူပျိုဖြစ်သည်။
ယခုပေါ်ဦး နှင့်အတူ အိမ်ထောင်ကျပြီးသူ
မောင်စိုင်းဇော်ဇော်ကပါသွားပြီး
ကျန်သုံးယောက်မှာ ယာတဲတွင်စောင့်နေခဲ့
ကြခြင်းပင်ဖြစ်သည်။

ရွှေစောင်း တိန်မြင့်နှင့် စိုင်းစံအေး။
ထိုသုံးယောက်တွင် စိုင်းစံအေးကလူပျိုလည်းဖြစ် အငယ်ဆုံးလည်းဖြစ်တော့
ပိုအနိုင်ခံရပါသည်။

“အမြန်လာပါကွ ငစိုင်းရ”

“လာပီလာပီ တုတ်မီးကနှစ်ခုပဲရှိတယ်”

“ရတယ် ငါတို့နှစ်ယောက် တုတ်မီးကိုင်
မယ် မင်းအလယ်ကနေ”

“ရပါတယ် ကိုင်ကြပါအစ်ကိုတို့ပဲ”

“ဒါဆို
သွားကြမယ်ဟေ့ ဒီကောင်တွေကြာနေပီ”

လူသုံးယောက်သည် စကားသံပင်မထွက်ရဲ
ကြဘဲ ခပ်သုတ်သုတ်လျှောက်နေမိကြပါသည်။

နန့်ကိုင်ရွာဝင်ရန် ချောင်းကူးရန်သာ
လိုတော့သည့်နေရာသို့ ရောက်လာကြပါ
ပြီ။

“ဟေ့ ချောင်းဟိုဘက်ကို ကူးကြမလား”

“အေး ချောင်းဟိူဘက်မှာ ဟိုကောင်တွေကို
စောင့်ကြတာပေါ့”

“ဒါဆိုကူးကွာ”

“နေအုန်း ဘယ်ဘက်ကရေတိမ်ပိုင်းလဲမသိတော့ဘူး”

ရွှေစောင်းက ရေတိမ်ပိုင်းနေရာ ရှာဖွေနေ
ပါသည်။

“မသိတော့ရင်လဲကူးပီဝေ့ ရေစိုလဲမတတ်နိုင်တော့ဘူး”

ထိုသို့ပြောပြီး တိန်မြင့်က ချောင်းအားစကူး
ပါသည်။

စိုင်းစံအေးကလည်း မမြင်မစမ်းဖြင့်
သူ့နောက်မှလိုက်ကူးလေသည်။

မကြာပါ ရွှေစောင်းလည်း ချောင်းအတွင်း
ဆင်းချလာပါသည်။

ရေထဲဆင်းကူးနေကြသည်ကြောင့်
ကိုင်ထားသောဓာတ်မီးဖြင့် မည်သူ့ကိုမှ
ထိုးမပွကွ။

မိမိလမ်းသာမိမိထိုးနေကြလေသည်။

“အား ခါးအထိတောင်နစ်တယ်ကော
အေးလိုက်တာရေက”

“ဒီဘက်ကိုတိုးလာခဲ့ ဒီဘက်”

တစ်ယောက်က မီးဖြင့် ရေတိမ်ပိုင်းဆီ
ထိုးပြသည်။

ပလုံ!!!

“ဟာ စိုင်းစံအေးကော”

“ကျုပ်က ဒီမှာလေ”

အသံကြားရာဘက်မီးထိုးကြည့်လိုက်တော့
စိုင်းစံအေးက ရှိနေသည်။

“ဟာ ဒါဆို ရွှေစောင်းကော”

“မသိဘူးလေ သူဟိုနားကနေကူးနေတာပဲ
အစောနကတော့”

“ဟာကွာ ခက်တော့တာပဲ”

တစ်ဖျစ်တောက်တောက်ပြောနေသော
တိန်မြင့်၏ ခြေထောက်အား
တစ်စုံတရာက ရစ်ပတ်လာသည်ဟုခံစား
လိုက်ရသည်။

“အမလေး ရေအောက်ကဘာကြီးတုန်း
ရွှေစောင်း မင်း မနောက်နဲ့နော်ငါ……မသားကြီး”

သူ့သူငယ်ချင်းရွှေစောင်းစနောက်နေသည်
အထင်ဖြင့် လှမ်းဆဲလိုက်ပါသည်။

ခြေထောက်အား ရေထဲတွင်မ,ကာ
ဓာတ်မီးမကိုင်သောလက်နှင့် ဆွဲယူလိုက်
ရာ….ပေါ်လာသောအရာကြီးကြောင့်
အသဲပြုတ်မတတ် ကြောက်လန့်သွားရပါတော့သည်။

ပြီးပါပြီ

စာရေးသူ ဧကရီ မနောမြေ အားလေးစားလျက်