လည်းမမွေးပါ။ဟင်းအိုးဖွင့်စားမည့်ခွေးလဲမရှိ။ဘဝင်မကျမိသည်ကအမှန်။တိုက်တိုက်ဆိုင်ဆိုင်အမေက အမဲသားစားချင်သည်ဟုကျွန်တော့်အားပြောသည်။ကျွန်တော်ကအမေ့အမဲသားစားချင်သူဟုပြောသဖြင့်ဝမ်းသာပါသည်။နေမကောင်းသောအမေအတွက်အားဖြစ်စေသည်မဟုတ်ပါလော။
သို့သော်ယခင်ကအမဲသားအစားသောအမေသည်
ယခုလိုအမဲသားစားချင်သည်ဟုပြောခြင်းကိုအံ့သြမိသည်။ထိုနေ့ကစျေးမှအမဲသားဝယ်ကာအမေ့အတွက်ပြုတ်ကြော်ကလေးလုပ်ပေးထားသည်။စိတ်ထဲတွင်တော့ငါ့အမေဖုတ်များဝက်နေသလားဟု တွေးမိသည်။သို့သော် ကျွန်တော်၏ချစ်လှစွာသောအမေအား ဖုတ်ဝင်သည်ဟုမစွတ်စွဲရက်ပါ။
သမီးမှာ ညဖက်တွင်လူနာစောင့်ကျွန်တော်ရှိသဖြင့်အသားအရေသွေးသားရောင်ပြန်တောက်နေပါပြီ။ကျွန်တော်သည်မိတဆိုးသမီးလေးအားယခုလိုဂရုမစိုက်အားပဲလူမမာအားတစ်ယောက်တည်းပြုစုနေရသည်ကိုသနားလာသည်။ကိုယ်ချင်းလဲစာတတ်ပါပြီ။ညဖက်တွင်အနည်းဆုံးသုံးလေးငါးကြိမ်ခန့် အမေ့အားဝေယာဝိစ္စပြုလုပ်ပေးရသည်မဟုတ်ပါလော။အမေ့အားလူနာစောင့်ပြုနေရသောကာလအတွင်းကျွန်တော်အရက်မသောက်မိအောင်ဂရုစိုက်နေသည်။ကိုယ့်ဘဝကိုယ်အားငယ်စိတ်ပျက်မိတိုင်းတစ်ခုတည်းသောစိတ်ထွက်ပေါက်အဖြစ်ကျွန်တော်အရက်ဖြင့်ရေစုံမြောမိခဲ့ခြင်းသာ။ကျွန်တော်သည်အရက်အသောက်ထားသဖြင့်ကောင်းကောင်းအိပ်မပျော်ပါအတွေးထဲတွင် အမေသေဆုံးပြီးလူ့ဘဝကထွက်ခွာသွားမည်ကိုတကယ်ကြောက်လန့်နေသည်။မှေးခနဲအိပ်ပျော်မိဆဲဆဲတွင်အိမ်နောက်ဖေးမီးဖိုချောင်က အိုးခွက်လွတ်ကျသံကြားလိုက်ရသည်။
ကျွန်တော်သည်ခြေသံလုံလုံဖြင့်ဂရုတစိုက်လျှောက်လာပြီးမီးဖိုခန်းဖက်သို့ထွက်လာသည်။
ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့်ဆံပင်များပင်ထောင်ပြီးနားရွက်တွေပူထူသွားသည်။အမှောင်ထဲတွင်တစုံတစ်ယောက်ကအမဲသားအိုးကိုဖွင့်ကာစားနေလေသည်။ကျွန်တော်ဘာလုပ်ရမည်နည်း မီးဖွင့်လိုက်ရမလား ဒါမှဟုတ် ထွက်ပြေးရမလား ဟူသောအတွေးများကားရှုပ်ထွေးလျှက်။သမီးနိုးသွားမည်ကိုလည်းစိုးရိမ်သည်။အခန်းထဲသို့ခြေသံလုံလုံဖြင့်လျှောက်လာပြီးဟန်မပျက်အိပ်နေလိုက်သည်။ရင်ထဲတွင်နှလုံးခုန်သံတဒိန်းဒိန်းမြည်လျှက်။နာရီဝက်ခန့်ကြာပြီးနောက်အိမ်နောက်ဖေးကလည်းအသံတိတ်သွားသည်။
ကျွန်တော်သည်ချောင်းဆိုးဟန်ဆောင်လိုက်ပြီးမီးအခန်းမီးကိုဖွင့်လိုက်သည်။အမေ့ဆီသွားကြည့်သောအခါတွင်အမေက ဟန်မပျက်အိပ်ပျော်နေဟန်ရှိသည်။ပါးစပ်တွင်ဆီစက်များပေကျံလျှက်ရှိသည်။ကျွန်တော်သိလိုက်ပါသည်။လမ်းမလျှောက်နိုင်၍အိပ်ရာထဲတွင်လဲနေသောအမေသည်ညဖက်ထကာသူတစ်ခါမှစားလေ့မရှိသောအမဲသားဟင်းကိုစားသည်။ကျွန်တော်လည်းဘာဆက်လုပ်ရမှန်းမသိတော့ခြေ သမီးကိုပို၍စိုးရိမ်လာသည်။သမီးကအမေနှင့်အိမ်မှာနှစ်ယောက်တည်းနေရတာ။မတော်တဆတစ်ခုခုများဖြစ်ခဲ့သော်။သမီးကိုအမေ့အကြောင်းဖွင့်ပြောပြန်လျှင်လည်းကြောက်လန့်နေရှာမည်။
မနက်ပိုင်းတွင်သမီးအားဘုန်းကြီးငါးပါးပင့်ဖိတ်ပြီးဆွမ်းကပ်ချင်ကြောင်းကိုပြောပြသည်။သမီးကကြေကြေဖြူဖြူပင်ဝမ်းသာနေရှာသည်။အမေ့ကိုမူပြော၍မရပါ။သဘောတူမည်မဟုတ် ကိုယ့်အမေအားရက်ရက်စက်စက်ဖုတ်ဝင်သည်ဟုလည်းမစွတ်စွဲရက်ပါ။
ရင်ထဲတွင်ဝမ်းနည်းကြေကွဲနေသည်။အပေါင်းအသင်းဆွေမျိုးများနှင့်ရင်းနီးသောမိတ်ဆွေတချို့ကိုဖုန်းဖြင့်လှမ်းဖိတ်ပြီးရပ်ကွက်နာရေးကူညီမှုအသင်းအားအကျိုးအကြောင်းကိုပြောပြထားလိုက်သည်။
အိမ်သို့သံဃာတော်များကကြွလာသောအခါတွင် အမေမှာအိပ်ရာထဲမှလှုပ်လှုပ်ရှားရှားသွေးပျက်နေရှာသည်။ကျွန်တော်လည်းမသိကျိုးညွန်ပြုကာ အမေ့အားတရားနာရန်ပြောလိုက်သည်။အမေကပါးစပ်မှဝူးဝူးဝါးဝါးအော်ကာ ဒေါသထွက်လာသည်။တရားမနာဘူးဟုခေါင်းကိုခါရမ်းနေသဖြင့်ဆံပင်များစည်းနှောင်ထားရာမှပြုတ်ထွက်ကာပွယောင်းယာင်းသရဲမကြီးကဲ့သို့ဖြစ်နေသည်။
တရားနာလာသူများမှလည်းထူးဆန်းသောအပြုအမူများကိုအံ့သြထိတ်လန့်နေဟန်ကြည့်နေကြသည်။သမီးကဖွားဖြစ်သူအားကြောက်လာသဖြင့်ကျွန်တော့ဘေးတွေကပ်နေရှာသည်။ဘုန်းကြီးငါးပါးမှပရိတ်တရားနာပြီးနောက်အမေသည်ပို၍အသံကျယ်ကာအော်ဟစ်သည်။အမေအိပ်သောဖျာအောက်သို့ဖဲချပ်နှင့်ဖိနပ်စုတ်ကိုကျွန်တော်ကတိတ်တိတ်ကလေးထည့်ထားလိုက်သည်။
ဖုတ်သရဲသည်ဖိနပ်စုတ်နဲ့ဖဲချပ်အားကြောက်သည်ဟုကျွန်တော်ကြားဖူးသည်။အမေဘုန်းကြီးများရွတ်ဖတ်သောဘုရားစွာရွတ်သံအဆုံးတွင် အော်ဟစ်ရုန်းကန်နေရာမှတဖြေးဖြေးငြိမ်သက်သွားသည်။ချက်ချင်းပင်အမူအရာများပြောင်းလဲကုန်သည်။မျက်တွင်းများချိုင့်ဝင်ကာအသားများပိန်ကပ်မဲပြာနေသည်။အနံဆိုးများနံနေလေပြီ။
နာရေးကူညီမှူအသင်းမှအဖွဲ့ကအလောင်းအားချက်ချင်းဆိုသလိုပင်အသုဘချဖို့စီမံရသည်။သမီးကငိုကြောက်စိတ်ဖြင့်ငိုဖို့တောင်မေ့နေသည်။ကျွန်တော်လည်းနာရေးရှင်ဖြစ်သောသောကြောင့်မြန်မြန်အသုဘချနိုင်ရေးအတွက်သေစာရင်းလုပ်ရန်ဟိုရုံးပြေးဒီရုံးပြေးရအလုပ်ရှုပ်ကုန်သည်။
မသေခင်မည်မျှပင်ချစ်ပါသော်လည်း အနံဆိုးထွက်လာပြီဖြစ်သောအပုတ်ကောင်အလောင်းကောင်ကြီးအားမြတ်နိုးတွယ်တာစိတ်မရှိတော့ပါ။နံစော်သောအနံပသက်တွေကြောင့်မြန်မြန်အသုဘချရေးကိုသာအာရုံထားရသည်။အမေ့အလောင်းအားမီးသဂျ်ိုပြီးနောက်သံဝေဂတရားရမိသည်။သမီးတစ်ခုအဖေတစ်ခုဘဝဖြင့်သမီးလေးအားအမေ့ကိုယ်စား၊အဖွားကိုယ်စားစောင့်ရှောက်ရမည်ဆိုသောအသိစိတ်ဓာတ်များဝင်ရောက်လာကာ အရက်ကိုလည်းရာသက်ပန်ဖြတ်ပြစ်လိုက်သည်။ဘာသာရေးအလုပ်ကိုလည်းကျွန်တော်ယုံယုံကြည်ကြည်လုပ်ဖြစ်လာသည်။နာနာဘဝနှင့်မြင်အပ်မမြင်အပ်သောအရာတို့ကိုလည်း ကိုယ်တိုင်မျက်ဝါးထင်ထင်ကြုံဖူးမှကျွန်တော်ယုံကြည်လက်ခံသွားသည်။
ပြီးပါပြီ
စာရေးသူအားလေးစားလျက်
Leave a Reply