ငါမသေသေးဘူး

တော့သည်။ နောက်ဆုံးနှစ်ယောက်သား
သဘော တူကာယူဖို့ဆုံး ဖြတ်ချက်ချခဲ့ကြသည်။
ငွေအိတ်တွေလဲပါတာကိုတွေ့ရလေသည်။

“တင်မောင်….ဒီစိန်လက်စွပ်ကဖြုတ်မရဘူးဟ ကြပ်နေတာပဲ”

“နေနေ ငါဆွဲကြည့်မယ်….”

“အား….အား…..ဟူး တော်တော်မာလိုက်တာ အတည်ဝတ်ထားတာလားမသိဘူး ဟာသိပြီ”

တင်မောင်မှာမိမိဘောင်းဘီအိတ်ထဲက ခလုတ်နှိပ် ဓားကိုယူ
ထုတ်လိုက်လေသည်။

“ဟင် ဘာလုပ်မလို့တုန်း….”

“ခုတ်ယူမလို့လဲ…”

လှထူးမှာ စိတ်ထဲဘုရားဘုရားတက ကြောက်မိလေတော့သည်။
လောဘစောတွေတတ်နေသော တင်မောင်က ထိုမိန်းကလေး
လက်ကိုဓားဖြင့်ခုတ်လှီးကာ စိန်လက်စွပ်ကိုယူလိုက်လေသည်။
သို့ဖြင့် သူတို့နှစ်ယောက်လဲ ကားလမ်းပေါ်သို့တက်လာခဲ့သည်။

မိမိတို့ယူခဲ့သောပစ္စည်းတွေကို ကားပေါ်တင်ကာ
ဟိုင်းဝိုင်းလမ်းအတိုင်းမောင်းလာခဲ့ကြသည်။

ယခု သူတို့မှာ……
သာသာယာယာဖြင့်ကားကို မောင်းလာကာ ကိ်ုယ့်စိတ်ကူးကိုယ်စီ
ဖြင့်တွေးနေကြလေသည်။ထိုသို့ဖြစ်ရခြင်းမှာ သူတို့တွက်
ကံကောင်းမှုလား ကံကောင်းဆိုးမှုလား ဝေခွဲမရတော့ချေ။
ထိုသို့လုပ်ခြင်းမှာ အလွန်ပင်မှားလေသည်ဟု ယူဆလေသည်။

သို့ဖြင်တိုယိုတာကား ဟိုင်းဝေးလမ်း၌် တရိပ်ရိပ်သွားနေသည်။

“ဟေ့ရောင် ရှေ့မှာ လူတစ်ယောက် ကားတားနေတယ်”

“ဘယ်မှာလဲ……မတွေ့ဘူးကွ”

တင်မောင်မှာ မတွေ့သဖြင့် ဟိုကြည့်သည်ကြည့်ဖြစ်နေလေသည်။

“မင်း အမြင်မှာတာနေမှာပါကွာ…..”

“မဟုတ်ဘူး ငါသေချာမြင်လိုက်တာ ”

“မဟုတ်မလွဲရော ငါတို့ တွေ့ခဲ့တဲ့ ကားအက်စ်စီတက်ထဲက
ကောင်မလေးလားမသိ”

“ဟေ့ရောင် မနောက်နဲ့နော် ငါကြောက်တယ်”

“အေး….မင်းကြောက်နေလို့ မင်းစိတ်ကမင်း
ကိုပြန်ခြောက်နေတာလဲ ခုဏကမင်းမြင်တဲ့ဟာဆို
မင်းအမြင်မှားတယ်ဆို သေချာတယ်…မင်းစိတ်ကမင်းကိုပြန်ခြောက်နေတာ”

“ဟုတ်တယ် ငါအမြင်မှားတာပဲဖြစ်”

တကယ်တော့ လှထူးမြင်ခဲ့သည့် ကားတားနေတဲ့လူတစ်ယောက်
ဆိုတာအမှန်ပင်ရပ်နေခဲ့သည်။တင်မောင်က မမြင်တော့ ကား
မရပ်ပေးခဲ့ဘူးလေ…..။
ယခု ကံကြမ္မာဆိုးမှာ သူတို့ပေါ်သို့ကျရောက်လာဖို့
အစပြုလေပြီ ဟုယူဆရလေတော့သည်။
သိပ်မကြာခင်မှာပဲ လှထူးမှာ ကားတားနေတဲ့လူတစ်ယောက်ကို
ထပ်တွေ့လိုက်လေတော့သည်။

ထိုလူမှာ…….ဂါဝန်အဖြူကိုဝတ်ထားလေသည်။မိန်းကလေးဖြစ်လေသည်။
သူမ ဘယ်ပခုံး၌ ပိုက်ဆံအိတ်လွယ်ထားတာကိုတွေ့ရလေသည်။
သူမ ပိုက်ဆံအိတ်မှာ အပန်းရောင်ဖြစ်ချေသည်။သူမမှာလမ်းဘေး၌
ဘေးတစောင်းရပ်နေ၍ ညာလက်ကိုမြှောက်ကာ ကားတား
နေလေသည်။
လှထူးမှာမြင်တော့ ချက်ချင်းလက်ညိုးလှမ်းထိုးကာတင်မောင်အား
ပြောလေသည်။ဒီတစ်ခါတော့ တင်မောင်လဲ ကားတားနေသည့်
သူမကိုမြင်ရတော့သည်။ထို့ကြောင့်အနားရောက်လာသောအခါ
ကားအရှိန်ကိုလျော့ကာ ဘရိတ်နင်းလိုက်လေ သည်။

“ညီမလေး….ဘယ်သွားမလို့လဲ”

“ကျွန်မ လမ်းကြုံလိုက်ချင်လို့ပါရှင့်”

“ရပါတယ်။ဒါပယ်မဲ့ အချိန်မတော် ညီမဒီမှာဘာလုပ်နေတာလဲ”

“အိုအဲ့တာ ရှင်တို့ကိစ္စမဟုတ်ပါဘူး ကျွန်မကိစ္စပါ
ကျွန်မကို(…..)မြို့သို့ပို့ပေးပါ”

“ဟုတ်ကဲ့ ရပါတယ်၊ မေးမိတဲ့အတွက် ဆောရီးပါ”

ထို့နောက် ကောင်မလေးမှာ ကားရှေ့ခန်း၌တက်ထိုင်လိုက်လေသည်။
ကြည့်ရတာကောင်မလေးက တော်တော်ဒေါသဖြစ်နေတဲ့ပုံစံဖြစ်နေသည်။
သို့ဖြင့် ကားသည် ဟိုင်းဝေးလမ်း၌ဆက်သွားနေလေသည်။
ခဏကြာတော့ နောက်ခန်း၌ထိုင်နေသော လှထူးမှာ ထိုသို့
စဉ်စားလေမိသည်။

“အချိန်မတော်ကြီး….ဒီမိန်းကလေး ကားလမ်းပေါ်မှာ
ဘာလုပ်နေခဲ့တာလဲ မဟုတ်မှလွဲ လူရော ဟုတ်ရဲ့လား”

လှထူးထိုသို့စဉ်စားနေစဉ်ပဲ သူ့နှာခေါင်းထဲသို့ အနံ့ဆိုးချက်ချင်းရလေ
တော့သည်။ အနံမှာ တော်တော်ဆိုး၏။လူသေပုပ်ဇော်နံကဲ့သို့
ဖြစ်နေသည်။

“ဟာ….နံလိုက်တာ ဝေါ့…. တင်မောင်မင်းဘာအနံမရဘူးလား”

“မရဘူးဟ….ငါကမွေးတဲ့ရနံ့လိုတော့ရနေတယ်…”

“မင်းကလဲ ဒီလောက်နံနေတာ မွေးတယ်တဲ့”

“မဟုတ်ဘူး ငါရနေတာက မွေးတဲ့အနံကွ”

“အနံကလဲဘယ်ကလာမှန်း မသိဘူး….ဝေါ့…”

“ညီမလေးကော ဘာနံမှမရဘူးလား”

မိန်းကလေးမှာ သူတို့မေးတာကိုဘာမှမဖြေ
ခပ်တည်တည်သာထိုင်နေ၍ ဂရုမစိုက်သလိုသာနေ နေသည်။
တင်မောင်လဲ ဘာမှထပ်မပြောတော့
ကားကိုသာဆက်မောင်းနေတော့သည်။
မကြာမီပင် မွေးတဲ့အနံရော နံတဲ့အနံရော ဘာမှမရတော့ချေ။
ချက်ချင်းဆိုသလိုပျောက်ကွယ်သွားလေသည်။

ခဏကြာတော့ တင်မောက်မှာကားမောင်းနေရင်း နဘေး၌ထိုင်နေ
သော မိန်းကလလေးကို တစ်ချက်မျက်စောင်းထိုးကြည့်လိုက်သည်။
ဒီတစ်ခါတင်မောင် ကြောက်လန့်သွားလေတော့သည်။သူတွေ့လိုက်ရသည်က မိန်းကလေးရဲ့မျက်နှာ၌ လောက်တွေတက်
နေတာကိုတွေ့ရလေသည်။မျက်နှာကလည်း ဖော့ရောင် နေသလို
ဖြစ်နေသည်။တင်မောင်ချက်ခြင်းလှန့်သွားကာ မိမိမျက်လုံးကို
လက်ဖြင့်ပွတ်သတ်ကာ ထပ်မှန်ကြည့်လိုက်တော့သူမပါးပေါ်၌ဘာလောက်မှမတွေ့ရတော့ချေ။သူမပါး၌်သနပ်းကွက်ကြား
ကွက်ကြားလေးတွေကပ်နေသည်ကိုသွားတွေ့ရလေသည်။
တင်မောင်လဲ မမြင်မှားတာပဲဆိုပြီး ကားကိုဆက်မောင်းချေတော့
သည်။
ဟိုင်းဝေးလမ်း၌ တင်မောင်တို့ကားတစ်စီးသာ တရိတ်ရိတ်သွားနေ
သည်။ပတ်ဝန်းကျင်က မှောင်မည်း ပြီးတိတ်ဆိတ်လှသည်။
တခြားကားများသွားလာခြင်းလဲမတွေ့ရချေ။

ထို့ချိန် ကားပေါ်၌ပါလာသော် မိန်းကလေးမှာ ရုပ်တရပ်
ထငိုလေတော့သည်။

“အီ….အ…..ဟင့်….ဟင့်”

“ညီမလေး ဘာမှဖြစ်တာလဲ”

“မပြောချင်တော့ပါဘူး၊စိတ်နာလွန်းလို့”

“ပြောပါ….ညီမပြောမှကိုတို့ကကူညီလို့ရမှာပေါ့”

“ဒီလိုပါ….အကိုရယ်….”

ညီမမှာသိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ညီမသူ့ကို
ဘဝထက်မက ချစ်ခဲ့ရတယ်။ဒါပယ်မဲ့ ကံကြံမ္မာက
ညီမကိုမျက်နှသာမပေးခဲ့ဘူးလေ။တစ်နေ့တော့………
ညီမတို့နှစ်ယောက်ချစ်နေပါရဲ့နဲ့ သူမင်္ဂလာဆောင်သွားတဲ့
သတင်းကိုကြားလိုက်ရတယ်။ညီမ အရမ်းကြေကွဲခဲ့ရတယ်
ဒါကြောင့် ထင်ရာဆိုင်းလိုက်တော့တာပေါ့။သွားချင်တဲ့မြို့ကိုလျှောက်သွားပြီး ဘီယာတွေ ဝိုင်တွေ လျှောက်
သောက်တော့တယ်။တညလုံး မူးရူးခဲ့တာပေါ့။
ဒီလိုနဲ့မူးမူးနဲ့ ထိုည ကားကိုမောင်းလာခဲ့တယ်…..တနေရာ၌…
ညီမ မှာရှိတဲ့အဖိုတန်းပစ္စည်းတွေလိုချင်တဲ့သူတွေနဲ့တွေ့ခဲ့တယ်…

မိန်းကလေးမှာထိုသို့သာပြော၍ ဆက်မပြောချေတော့ချေ။

“ပြီးတော့ ဘာဆက်ဖြစ်လဲ…..ညီမလေး”

“မပြောချင်တော့ပါဘူး……”

မိန်းကလေး…ထိုသို့သာပြော၍ မိမိမျက်နှာကိုလက်ဖြင့်အုပ်လိုက်လေသည်။
တင်မောင်မှာမိန်းကလေးကိုကြည့်လိုက်တော့ သူမ၏
လက်တကြွယ် ပြတ်နေသည်ကိုတွေ့ရလေသည်။

“ဟင်….ညီမ လက်ကဘာဖြစ်တာလဲ”

“ဒါလား….”

မိန်းကလေးမှာ မျက်နှာထားချက်ခြင်းတင်းကာပြောလိုက်တော့သည်။

“ဒါလား….ဟားဟား…..နင်လုပ်တာလဲ”ဆိုပြီး

ထိတ်လန့်စွာထအော်ကာ တင်မောင်၏လည်ပင်းကိုထညစ်လေ
တော့သည်။မိန်းကလေး၏မျက်နှာမှာ…ခေါင်းတခုလုံးသွေးတွေ
နဲ့ မျက်လုံးကနီရဲလို့……..

“နင်….နင်….ဟို…..ဟို….အက်စီတတ် က ကောင်မလေး”

“ဟုတ်တယ် နင်တို့တွေကိုမကျေနပ်ဘူးဟေ့….”

“မလုပ်နဲ့…..လှထူးငါ့ကိုကယ်ဦး”

“ငါလဲ ခန္ဓာကိုယ် လှုပ်မရဘူးဖြစ်နေတယ်….အား…..”

တင်မောင်မှာ လည်ပင်းညစ်တဲ့ဒဏ်ကိုခံရင် ကားကိုထိန်းမောင်း ရလေတော့သည်။
နောက်ဆုံး ကားစီယာတိုင်ကိုထိန်းမနိုင်တော့သဖြင့်
ချောက်ထဲ သို့ထိုးကျသွားလေတော့သည်……………။

နာရီဝက်ခန့်အကြာ……….
မီးခိုးငွေ့တွေထွက် စုတ်ပြတ်သတ်နေတဲ့ ကားပေါ်ကနေသတိရ
လာသူက…….တင်မောင်။
မူးနှောက်နေတဲ့မိမိ နထင် နှစ်ဖက်ကို လက်ဖြင့်ပွတ်သတ်ကာ

“အား…..ကျွတ်…..ကျွတ်…….
ငါဘာဖြစ်ခဲ့တာပါလိမ့်…..”.

“ဟာဟို…..သရဲမ….”

တင်မောင်ထိတ်လန့်ကာ မိမိနဘေး၌ပါလာသော မိန်းကလေးကို
လှမ်းရှာလိုက်သည်။သို့သော်မတွေ့ရတွေ့ရတော့ချေ။
နောက်ခန်းကိုကြည့်လိုက်တော့ ဒဏ်ရာတွေနဲ့သေနဲ့မိမိသူငယ်ချင်း
လှထူးကိုတွေ့လေတော့သည်။ သို့သော် တင်မောင်မှာလောဘစိတ်က
တတ်နေသေးချေသည်။ထို့ကြောင့် လှထူးကိုင်ထားသော ရွှေအိတ်
ကို လှမ်းယူကာ ကားပေါ်မှထွက်လာခဲ့သည်။

တင်မောင်…….မိမိနဖူး၌ရခဲ့သည့်ဒဏ်ရာကိုပွတ်သတ်ရင်း
လက်တစ်ဖက်က ရွှေအိတ်ကိုကိုင်ကာ ကားလမ်းပေါ်သို့
ချီတက်လာခဲ့လေသည်။
ထိုချိန်ကားလမ်းပေါ်၌ သူတို့ကားပေါ်သို့ပါလာသော
မိန်းကလေးနဲ့လှထူး ရပ်နေသည်ကို တွေ့လိုက်လေသည်။
တင်မောင်ချက်ချင်းလန့်ကာ……..

“နင့်တို့…….သ…..သ…..ရဲ…..”

သူတို့နှစ်ယောက်မှာ ဘာမှမပြောချေ တဖြည်းဖြည်း တင်မောင်
နားသို့သာ တိုးလာခဲ့လေသည်။

“နင်……တို့…..မလာကြနဲ့……သွား…..ကြောက်တယ်”

တင်မောင်မှာ အနောက်ဆုတ်ရင်း လမ်းမခလယ်၌ရောက်နေ
ခဲ့သည်ကိုသတိမထားမိချေ။

ထို့ချိန် ကားတစ်စီးက အရှိန်ပြင်းစွာလာကာ တင်မောင်ကို
ဝင်တိုက်လိုက်လေသည်။သို့သောတင်မောင်မှာ ဘာမှမဖြစ်ခဲ့ချေ။
ဥပမာပြောရမည်ဆိုရင် ကားတစ်စီးကမြူတွေကိုသာတိုက်လိုက်သလိုမျိုးပေါ့။

“ဟာ…..ငါဘာမှမဖြစ်ဘူး….”

“တင်မောင် မင်းရော ငါရောက ကားမှောက်သွားကတည်းက
သေသွားကြပြီလေ…..”

“မဟုတ်ဘူး ငါမသေသေးဘူး…..
ငါမသေသေးဘူးနော်…..ငါချမ်းသာရဦးမှာ….ဟုတ်တယ်
ဒီရွှေတွေနဲ့ငါလုပ်ချင်တာလုပ်ရဦးမယ် ငါမသေသေးဘူး
ငါသေလို့ဖြစ်ဘူး……”

တင်မောင်မှာမိမိ မသေကြောင်းကိုပဲ မျက်နှာစိမ်းနဲ့သာ
ပြောနေတော့သည်။တကယ်တော့ ကားမှောက်ကတည်းက
သူတို့နှစ်ရောက်လုံးသေသွားခဲ့ပြီးပြီ။
ထိုချိန်၌ပင် သေမင်းတမန်လိုလိုမည်းမည်းကြီးအရိပ်က…..
တင်မောင်ကိုဆွဲခေါ်သွားလေတော့သည်။
တင်မောင်မှာ မိမိမသေကြောင်းပဲပြောကာ ဆွဲခေါ်တဲ့နောက်သို့
တကောက်ကောက်ပါသွားလေတော့သည်။

စာရေးသူ=အောင်(ရှမ်းမြောက်)
စာရေးဆရာ/ဆရာမများ စုပေါင်းထုတ် လိပ်ပြာခေါ်သံ စာအုပ်မှ
ကျနေည်ပါဝင်ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်