ကျက်ရွာ

လိုအပ်သည့်များ ပြင်ဆင်ခိုင်းလေသည်။ အမဲပစ်ရာတွင် သုံးသည့်လက်နက်များကို လည်းပြင်ရလေသည်။

ရွာထဲတွင် သာဒင်၊ ထွန်းအောင်၊ တင်ထွန်းတို့ သုံးယောက် အမဲပစ်သွားမည့်ဟု သိရသည့်နှင့် တောကောင်သား လာရောက်မှာသူများက စည်းကားနေတော့သည်။

“ဖြူရေ့.. ဒီတခါ အမဲပစ်ကတော့ ကြာမယ်ထင်တယ်ကွ..”

“ဘာလို့လဲတော်..”

“အမဲမှာတဲ့လူများတယ်ကွ…”

“ရှင်လည်း.အမဲပစ်တာ စွန့်လွှတ်ပါတော့လားရှင်..”

“ဘာလို့လဲ.. ဖြူ ရဲ့..”

“ဒီ အကုသိုလ်အလုပ်တွေ မလုပ်စေချင်လို့ပါ..”

“ဒါပေမဲ့.. ဖြူရယ်.. သစ်ခုတ်ဝါးခုတ် အလုပ်ကလည်း သိပ်အဆင်မပြေဘူး.. ဒီအလုပ်ကပဲ အဆင်ပြေတာ.. ဖြူလေးလည်း.. သိနေတာပဲ.. ပြီးတော့.. ကိုယ်တို့. ဘဝထဲကို လူတယောက်က တိုးတော့မယ်..”

“ရှင်ပြောတာလည်း.. ဟုတ်တော့ဟုတ်နေတာပဲ…”

သို့နှင့် အမဲပစ်ထွက်မည့် ရက်သိုရောက်လာခဲ့တော့သည်။ တူးမီးသေနတ် နှစ်လက် ဓားမြှောင့်သုံးချောင်း၊ ကပ်ပါးနှစ်ခု နှင့် ဒူးလေးတလတ်ဖြစ်သည်။

ဒူးလေးကို ကိုင်ဆောင်သူက တင်ထွန်းဖြစ်သည်။ ဒူးလေး၏ မျှားတံက အဆိပ်လူးမျှား ဖြစ်သည်။ (အလျဉ်းသင့်သလို့ အဆိပ်လူမျှား ပြုလုပ်ပုံများကို ဖော်ပြပေးပါမည်) ဆန်အနည်းငယ်နှင့် ကြက်တင်ထားသည် သားကောင်အချို့ကို ရိက္ခအဖြစ် ယူခဲ့ကြလေသည်။

တောထဲဝင်ခါနီးတွင် ကွမ်းယာဖြင့် တောစောင့်နတ်၊ တောင်စောင့်နတ်များကို ပူဇော်ခွင့်တောင်းရလေသည်။ လမ်းတွင်လမ်းစည်းကမ်း၊ အိမ်တွင်အိမ်စည်းကမ်း မြို့တွင် မြို့စည်းကမ်းရှိသလို့ တောတွင်လည်း တောစည်းကမ်းရှိလေသည်။ လိုက်နာခြင်းမရှိပါက တောမှောတ်ခြင်း မျက်စီလည်ခြင်းများ ဖြစ်တက်ပေသည်။

လူသုံးယောက် အနောက်တောင်သို့ စတင်ဝင်ရောက်ခဲ့တော့သည်။ တောတောင်များ ဖုန်းသိုးတောများ ကိုဖြတ်လာသော်လည်း သားကောင်ကြီးကြီးမားမား ဟု၍ မတွေ့သေးပေ။

မုဆိုးဟင်းအိုးဟု ခေါ်သော ဂျီများကတော့ နေရာအနှံအပြားတွင် တွေ့နေရလေသည်။ သို့သော် မပစ်ကြပေ။ အဘယ်ကြောင့်နည်း.. ထိုသို့ကဲ့သို့ သားကောင်ငယ်များကို ပစ်လိုက်လျှင် သားကောင်ကြီးများ ပြေးသွားနိင်သောကြောင့် ဖြစ်သည်။

နေ့မွန်းတည့်ချိန်တွင် တောတွင်း တနေရာ၌ စမ်းချောင်းလေးကို တွေ့ရလေသည်။ စမ်းချောင်းလေး အတိုင်းဖြေးညင်းစွာ လိုက်သွားလျှင် တောကောင်ကြီးကြီးများ ကို တွေ့ရနိင်လေသည်။ ထို့ကြောင့်သုံးယောက်သား သတိကြီးစွာဖြင့် စမ်းချောင်းအတိုင်း သွားခဲ့ကြလေသည်။

တနေရာအရောက်တွင် ဆက်ကျွဲကြီးများ ရေသောက်နေသည့်ကို မြင့်ရလေသည်။ ဆက်ကျွဲကြီးများက ကှနျုပျတို့ သုံးယောက်ကို သတိမထားမီကြပေ။ ကြှနျုပျတို့က လေအောက်က ဖြစ်နေသောကြောင့်လည်းကောင်း အဝေးမှကတည်းက ဆက်ကျွဲကြီးများကို မြင့်ရသောကြောင့် ဖြစ်သည်။

(ဤတွင် ဆတ်နှင်ပတ်သက်၍ ဆေးဖတ်ဝင်သည့် ကြှနျုပျသိသော အကြောင်းအရာအချို့ကို ဖော်ပြပါရစေ)
ဆတ်ဦီးချိုသည့် ဆေးဖတ်အလွန် ဝင်ပေသည်။ ဆီးနှင့် ပက်သက်သော ရောဂါများကို ပျောက်ကင်းနိုသည်။ ဆတ်ဦီးချိုကို ဆန်ဆေးရေနှင့် သွေ၍ သံပရာရည်အနည်းငယ် ဖြစ်စေ ခြောက်ရည်အနည်းငယ်နှင့် ဖြစ်စေ သောက်သုံးပါက ဆီးကျောက်တည်ခြင်းကိုပင် ပျောက်ကင်းနိင်သည်။ သောက်ရမည်ပမာဏက အနည်းငယ်သာဖြစ်သည်။

ဆီးအောင့်လျှင် ဆီးခါံး၌ ဆတ်ဦီးချိုကို သွေး၍လူးပေးလျှင် ပျောက်နိင်သည်။ ဆတ်သိုးကလည်း အသုံးဝင်လှသည်။ မိန်းမများ မီးမဖွားနိုင်လျှင် ဆတ်သိုးကို ဆံပင်ကြားထိုးပေးလျှင် ချက်ချင်းပင် မီးဖွားနိင်သည်။ သို့သော် မီးဖွာပြီးပြီးချင်း ဆတ်သိုးကို နုတ်ယူရမည့် မယူပါက အူများပင်ထွက်လာသည့်ဟု ဆိုသည်။ ဤသည့်ကား ကျွုန်ပ်သိသော အကြောင်းအရာအချိူ့ဖြစ်သည်။

ကြှနျုပျတို့ သုံးယောက်လည်း သဘောတူညီချက် တခုရယူကာ ဆတ်ကျွဲတကောင်တည်းကိုသာ ပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သုံးယောက် လူစုခွဲက ထိပ်ဆုံးက ဆတ်ကျွဲကြီးကို ချိန်ရွယ်ပြီး ပစ်လိုက်ကြသည်။ ဆတ်ကျွဲကြီးများက ပြေးထွက်သွားပြီး ဒဏ်ရာနှင့်အကောင်က ခပ်လှမ်းလှမ်း အရောက်တွင် လဲကျသွားတော့သည်။

ကြှုနျုပျတို့လညျး သိပ်မကျယ်လှသော စမ်းချောင်းလေးကို ဖြတ်ကူးကာ လဲကျနေသော ဆတ်ကြီးအား သေမသေ ခပ်လှမ်းလှမ်းမှ စမ်းသပ်ကြသည်။ သေသည့်ဟု သေချာသည့်နှင့် ဒခေါက်ကြောများကို ဓားဖြင့် လှီးဖြတ်လိုက်လေသည်။

သားကောင်တကောင် မီလျှင် ထိုသို့ ပြုလုပ်ရပေးသည်။ မဟုတ်လျှင် အပမီုပြီး ထပြီးလူကို အန္တရာယ်ပြုတက်ပေသည်။ ထိုနောက် သစ်ကိုင်းတခတ်ကို ဓားဖြင့်ခုတ်ကာ ဆတ်ကြီးအပေါ် တင်ခဲ့လေသည်။ ထို့သို့ပြုလုပ်မှာ သာလျှင် အခြားသားရဲများက စားမည်မဟုတ်တော့ပေ။ ပိုင်ရှင်ရှိသည့်ဟုသော အမှန်အသားပင် ဖြစ်သည်။ ထိုဟာများ သည့် တော၏စည်းကမ်းဖြစ်သည်။

ထိုနေရာအား အမှတ်အသား လုပျကာကြှနျုပျတို့လညျး နောက်ထပ်သားကောင်း ပစ်ရန် ဆက်လက်ထွက်ခွာခဲ့တော့သည်။ ဆက်လက်ထွက်ခွာပြီး သိပ်မကြာ သင်းကွဲဝတ်တောင်းတကောင်နှင့် ပတ်ပင်းတိုးလေသည်။ ကျင်းခတ်နေသော ဝတ်တောင်းကြီးတကောင် ဖြစ်သည်။ ဝတ်တောင်းကြီးသည့် အစွယ်ကြီးက ငေါ့လျက် ဂူးဂူးနှင့် နှာမှုတ်သံကြီးပေးကာ ကြှနျုပျတို့အား ကြည့်နေလေသည်။

ဝတ်တောင်းတကောင် ပို၍ဆိုးသည့်ကာ သင်းကွဲဝတ်တောင်းတကောင်ဖြစ်နေသည်။ ဝတ်တောင်းများသည့် အခြားသော သားရဲများနှင့်မတူ ကျားနှင့်ပတ်ပင်းတိုးလျှင်ပင် ရှောင်၍ရလျှင် ရှောင်သွားကြသည်။ ဝတ်တောင်းများက ထိုသို့မဟုတ်ပေ အသေအကြေ တိုတ်ခတ်တက်ကြသည်။

ကြှနျုပျတို့ သုံးယောက် အခြေအနေကို ကြည့်ရင် ကြှနျုပျက တူးမီးသေနတ်ကို မြှောက်ကာ ဝတ်တောင်းထိပ်တည့်တည့် ချိန်ကာပစ်လိုက်သည်။

ဝူးဝူးဝေါင်းဟုသော အသံများဖြင့် ကျင်းထဲကထွက်ကာ ကြှနျုပျတို့ဆီ ပြေးလာတော့သည်။ ကြှနျုပျလညျး ရှောင်ရင်းဘေးရှိ ချောက်ထဲ အမှတ်မထင်ကျသွားခဲ့ရသည်။

ရွာထဲသို့ ဆတ်ကြီးထမ်းလို့ လူနှစ်ဦးဝင်လာခဲ့သည်။ ထိုသူများက ထွန်းအောင်နှင့် တင်ထွန်းဖြစ်သည်။ သူတို့ရောက်လာကြောင်း သိသည့်နှင့် ရောက်လာသူက ဖြူလေး

“ကိုသာဒင်ရော ကိုသာဒင်…”

“သာဒင်.. ချောက်ထဲကျသွားတယ်.. ငါတို့လည်း ဆင်းရှာတာပဲ.. မတွေ့တော့ဘူး..”

“ဘယ်လို့ဖြစ်ကြတာလဲ….”

“တောဝတ်နဲ့ တိုက်ရင်း ဖြစ်ကုန်တာပဲ တောဝတ်ကတော့ သေသွားပြီး… နေ့လည့်မှ ရွာကလူတွေ ခေါ်ပြီး သာဒင်ကို ပြန်ပြီးသွားရှာကြမယ်…”

ထိုနောက် လူစုကာ သာဒင်အား အရှာထွက်ကြတော့သည်။
“အင်း.. အား..”

ညည်းညူ သံများနှင့် အတူကျွန်တော် သတိရလာခဲ့သည်။ ကြှနျုပျသတိရတော့ အိမ်တအိမ်အပေါ် ရောက်နေခဲ့သည်။ အကြောင်းအရာအများအား ပြန်စဉ်းစားသော်လည်း.. ခေါင်းများက မူးနောက်နေတော့သည်။

“လူလေး.. မင်းသတိရပြီး..”

“ကျွန်တော်.. ဘယ်ရောက်နေတာလဲ..”

“သစ်မြိုင်ရွာပါ.. ချောက်ထဲကနေ… လူလေးကို ခေါ်လာတာ..”

“ကျွန်တော်.. ဒီလို့ဖြစ်နေတာ.. ဘယ်လောက်ကြာပြီးလဲ…”

“၃ရက်ရှိနေပြီး….”

“ဗျာ.. ဒါဆိုကျွန်တော်ပြန်မှ ဖြစ်မယ်.. ကျွန်တော်မိန်းမ မျှော်နေတော့မယ်….”

“နားနေပါဦး.. လူလေးရယ်.. ဒဏ်ရာတွေ သက်သာလာတော့ အဘလိုက်ပို့ပေးပါမယ်..”

“ဟုတ်ကဲ့..”

ကွှနြုပလြညြးပှနလြညအြိပပြွောသှားခဲ့တော့သညြ။ ထို့သို့နေလာရင် တပတ်ကြာတော့ ကြှနျုပျအတျောအတနျပငျ သက်သာနေပြီး ဖြစ်သည်။ ထို့ကြောင့်ပြန်ရန် ပြောတော့သည်။

“အင်း.. လူလေး..ပြန်ချင်တော့လည်း.. ပို့ပေးရတာပေါ့… နောက်တခါတော့.. ဒီရွာကိုမလာတော့နဲ့..”

“ဘာဖြစ်လို့လဲ.. အဘ..”

“နောက်တော့ သိလာပါလိမ့်မယ်.. ကဲအချိန်မလင့်ခင်သွားကြရအောင်…”

အဘိုးအိုကရှေ့က ကြှနျုပျက အနောက်က လိုက်ပါလာခဲ့သည်။ ရွာလမ်းတွင် လူများက ကင်းရှင်းလျက် ရှိသည်။ အိမ်များထဲကနေ ကြည့်နေကြသည်။ ပြုံးခြင်းရီခြင်း မရှိပေ။ ရွာကထွက်တော့ လယ်ကွင်းများကို ဖြတ်ရသည်။ လယ်ကွင်းများက မည့်သည်အပင်မှ စိုက်ပျိုးခြင်းမရှိပေ။

ခပ်လှမ်းလှမ်းတောင်ပေါ်တွင် တောင်ယာစိုက်ခင်းများကို တွေ့ရလေသည်။ အရှေ့ကသွားနေသော အဘိုးအိုကို မှီရန်အပြေးနီးပါးလိုက်နေရသည်။ သူကတော့ ပုံမုန်အတိုင်းပင် သွားနေသည်။ ထိုနောက်တောတန်းလေးကို ကျော်ပြီးနောက် အဘိုးအိုက..

“ကဲလူလေး ဒီအတိုင်းတန်းတန်းသွားရင် မင်းနေတဲ့ရွာကို ရောက်လိမ့်မယ်…”

“ဟုတ်ကဲ့.. ပြန်လာခွင့်ရှိရင် ပြန်လာချင်ပါသေးတယ်…”

“ပြန်မလာချင်ပါနဲ့.. နောက်တခါရောက်ရင်တောင် အခြေအနေတွေက မတူလောက်တော့ဘူး.. ကဲကဲသွားတော့..”

ကြှနျုပျလညျး အိမ်နှင့် မိန်းမကိုလွမ်းစိတ်ကြောင့် အနောက်ပင်လှည့်မကြည့် သုတ်ခြေတင် ပြန်လာခဲ့တော့သည်။ သို့သော်လည်း လမ်းတွင် အမှတ်အသား အချို့ပြုလုပ်ခဲ့သေးသည်။ ရွာထဲဝင်သည့်နှင့် လူများက ကြှနျုပျကို အံသြမူပုံစံများဖြင့် ကြည့်နေကြလေသည်။

“သာဒင်… မင်းဘာမှမဖြစ်ဘူးနော်…”

“ငါဘာမှမဖြစ်ဘူးကွ.. ထွန်းအောင်ကရော…”

“သူအိမ်မှာပဲ.. ငါတို့မင်းကို ၃ရက်လောက်ရှာသေးတယ်.. မင်းကိုမတွေ့ရဘူး.. မင်းဘယ်ရောက်နေတာလဲ..”

“ငါ.. သစ်မြိုင်ဆိုတဲ့ ရွာကိုရောက်နေတာ တပတ်တောင်ကြာသွားတယ်..”

“ဘာတပတ်ဟုတ်လား… မင်းပျောက်သွားတာ.. ဒီနေ့တလပြည့်တာကွ.. မင်းမိန်းမတောင် ဒီနေ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်နေပြီး……”

“ဟုတ်လားကွ.. ငါသွားပြီးကွာ…”

ထိုနောက်မှာတော့ ကြှနျုပျ ရွာပြန်ရောက်လာသော သတင်းကပြန့်နှံသွားတော့သည်။ အိမ်သို့လည်း သတင်းမေးသူများနှင့် စည်းကားနေတော့သည်။

ကျုပ်လည်းဒဏ်ရာများ သက်သာသွားသောအခါ အမှတ်အသားတိုင်း ပြန်သွားသော်လည်း.. လမ်းများပင် မတွေ့ရတော့ပေ။ ထိုရွာအားလည်း.. လိုက်လံရှာဖွေသော်လည်း မတွေ့ရပေ။ လိုက်လံစုံစမ်း သော်လည်း သစ်မြိုင်ရွာ နာမည်ပင်မကြားဖူးကြပေ။

[ ပြီးပါပြီး]